← Chapters

အခန်း ၈၈၂

Vol. 84 Ch. 882

အခန်း ၈၈၂

Vol. 84 Ch. 882

အခန်း (၈၈၂) ကျန့်မိသားစု နေအိမ်

​ဤသည်က ထန်ထျန်း တည်းခိုခန်း၏ ခြံဝင်းလေးထဲမှ ပထမဆုံးအကြိမ်အဖြစ် အပြင်သို့ ထွက်လာခြင်း ဖြစ်သည်။

​ကျင်းရှန် မြို့က မိုင်ပေါင်းသန်းချီသော နယ်ပယ်အတွင်း၌ အကြီးမားဆုံးနှင့် အစည်ကားဆုံးသော မြို့ကြီးတစ်မြို့ ဖြစ်သည်။

​သို့သော်လည်း ၎င်း၏ စည်ကားမှု အခြေအနေက ယခင်က သူမြင်ဖူးခဲ့သည့် အလယ်အလတ် မြို့တစ်မြို့ကိုပင် မမီချေ။

​လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ သိပ်မရှိလှသလို ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများလည်း များများစားစား မရှိပေ။ ဖြတ်သန်းသွားလာနေသူ အများစုမှာလည်း ခြေလှမ်းများ သုတ်သီးသုတ်ပျာ ဖြစ်နေကြပြီး လူစိမ်း များအပေါ်တွင် မွေးရာပါ သတိထားတတ်သည့် အမူအရာမျိုး ရှိကြသည်။

​သို့သော်လည်း ရှောင်ယင်ကမူ အလွန်ပင် ပျော်ရွှင်မြူးတူးနေပြီး ထန်ထျန်းကို ဆွဲကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မရပ်မနား လိုက်လံ မိတ်ဆက်ပေးနေခဲ့သည်။

​သူမ၏ အမြင်တွင်မူ ဤအခြေအနေက အစည်ကားဆုံးနှင့် အသက်ဝင်ဆုံးသော မြို့ပြမြင်ကွင်း ဖြစ်နေပုံရသည်။

​ပင်မလမ်းမကြီး အနည်းငယ်ကို ဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးက မြို့၏ အလယ်ဗဟို နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

​ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေကလည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဘဲ ပို၍ပင် ခြောက်ကပ်နေသေးသည်။ သို့သော်လည်း ကျင့်ကြံသူများ၏ အရေအတွက်ကမူ မျက်စိဖြင့် ကြည့်ရုံနှင့်တင် သိသိသာသာ များပြားလာခဲ့သည်။

​ခဏအကြာတွင် မီးထွန်းလင်းတောက်ပနေသည့် အဆောက်အအုံ အစုအဝေးကြီးတစ်ခုက ထန်ထျန်း၏ မြင်ကွင်းထဲသို့ ပေါ်လာခဲ့သည်။

​ဤအမှောင် ကာလတွင် အလင်းရောင် ဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှသော ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သည်။

​အဆောက်အအုံ အစုအဝေးကြီးတစ်ခုလုံးကို လင်းထိန်နေအောင် လုပ်နိုင်ခြင်းက ဤအိမ်ကြီးအတွင်း နေထိုင်သူများမှာ သာမန်လူများ မဟုတ်ကြောင်း သက်သေပြနေခြင်းပင်။

​"ဒါက ကျင်းရှန် မြို့ ကျန့်မိသားစုရဲ့ နေအိမ်ပဲ"

​"သူတို့က ကျင်းရှန် မြို့ထဲမှာ မြင့်မြတ်နန်းတော်ကလွဲရင် အားအကောင်းဆုံး အဖွဲ့အစည်းပဲလေ"

​"ဘယ်လိုလဲ... အံ့သြသွားတယ်မလား"

​"အစ်ကို မသိဘူးမလား၊ ကျွန်မ ကျန့်မိသားစု နေအိမ်ကို ပထမဆုံး မြင်ဖူးတုန်းကဆိုရင် အံ့သြလွန်းလို့ မေးစေ့တောင် ပြုတ်ကျမတတ် ဖြစ်သွားတာ၊ တကယ်ကို အရမ်း ကြီးကျယ်တာ"

​"အစ်ကို အရင်က ပြောဖူးတဲ့ နေ ... အဲ့ဒီအလင်းရောင်ကလည်း ကျန့်မိသားစုရဲ့ မီးရောင်တွေကို မမီလောက်ဘူးမလား"

​ရှောင်ယင်က အံ့သြချီးမွမ်းခြင်းများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

​ထန်ထျန်းက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

​သူမကို မေးစေ့ပြုတ်ကျမတတ် ဖြစ်စေခဲ့သည့် ဤကျန့်မိသားစု နေအိမ်ဆိုသည်မှာ ယခင်ခေတ်က ပိုင်ဆိုင်မှု အသင့်အတင့် ရှိသော မိသားစုတစ်ခုဆိုလျှင်ပင် အလွယ်တကူ လုပ်နိုင်သည့် အရာမျိုး ဖြစ်သည်။

​နေနှင့် နှိုင်းယှဉ်ရလျှင်မူ...

​ရှောင်ယင်က နေအကြောင်းကို နားလည်မှု မရှိသေးခြင်းကြောင့်သာ ဤအရာနှစ်ခုကို အတူတူ ထားပြီး နှိုင်းယှဉ်နေခြင်း ဖြစ်သည်။

​ထန်ထျန်းထံမှ သူမ မျှော်လင့်ထားသလို တုံ့ပြန်မှုမျိုး မရှိသည်ကို မြင်သောအခါ ရှောင်ယင်က နှုတ်ခမ်းစူလိုက်ပြီး ပြော၏။ "ကဲပါ... အစ်ကိုက အမြင်ကျယ်ပြီးသားဆိုတာ သိပါတယ်"

​"မြန်မြန် သွားရအောင်၊ သခင်မလေးက ဟိုမှာ ကျွန်မတို့ကို စောင့်နေတာ"

​ပြောပြီးသည်နှင့် သူမက ထန်ထျန်းကို ဆွဲပြီး ကျန့်မိသားစု နေအိမ်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

​ကျန့်မိသားစု၏ တံခါးကြီးရှေ့ရှိ ကွင်းပြင်ကျယ်ပေါ်တွင် လှပဆန်းပြားသော မြင်းရထားလုံး အများအပြား ရပ်တန့်ထားကြသည်။

​၎င်းတို့၏ တန်ဖိုးကြီးမားမှုကို မြင်းရထားလုံးပေါ်တွင် မီးအိမ် မည်မျှအထိ ထွန်းညှိထားသလဲ ဆိုသည်ကို ကြည့်ရုံနှင့်တင် အလွယ်တကူ သိနိုင်သည်။

​မီးရောင်များ ပိုမို တောက်ပလေလေ၊ ထိုမြင်းရထားလုံး ပိုင်ရှင်၏ အဆင့်အတန်းက ပိုမို မြင့်မားလေလေ ဖြစ်သည်။

​ထန်ထျန်းနှင့် ရှောင်ယင်တို့ လျှောက်လှမ်းလာသည့်အချိန်တွင် ကျူးကျစ်ယန်က တံခါးဝနှင့် မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေပြီး သူမ၏ ဘေးပတ်ပတ်လည်တွင်မူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြသော လူငယ် ပါရမီရှင်များက ဝိုင်းအုံနေကြသည်။

​မှန်ပေသည်၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ထူးချွန်ထက်မြက်သော အမျိုးသမီးများ၏ ဘေးတွင် လူငယ်များက အမြဲ ဝိုင်းရံနေတတ်ကြစမြဲပင်။

​သို့သော်လည်း ကျူးကျစ်ယန်ကမူ အခြေအနေကို တော်တော်လေး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပုံရပြီး သူတို့နှင့် ပွင့်ပွင့်လင်းလင်းပင် စကားလက်ဆုံ ကျနေသည်။ သူတို့၏ မျက်နှာကိုလည်း မပျက်စေဘဲ တစ်ချိန်တည်းမှာပင် သင့်တော်သော အကွာအဝေးတစ်ခုကိုလည်း ထိန်းသိမ်းထားသည်။

​ကြည့်ရသည်မှာ ဤကဲ့သို့သော မြင်ကွင်းမျိုးက သူမအတွက် စိမ်းသက်မနေပုံရပေ။

​ရှောင်ယင်နှင့် ထန်ထျန်းတို့ နှစ်ဦး လျှောက်လာသည်ကို မြင်သောအခါ ကျူးကျစ်ယန်က အခြားသူများကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက် လူအုပ်ထဲမှ ထွက်ကာ ထန်ထျန်းထံသို့ လျှောက်လှမ်းလာခဲ့သည်။

​မည်သည့် ကောင်လေးမျှ သူမနောက်သို့ လိုက်မလာခဲ့ကြချေ၊ ဤသည်ကပင် ကျူးကျစ်ယန်၏ လူမှုဆက်ဆံရေး နယ်ပယ်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်စွမ်းကို ပို၍ ပေါ်လွင်စေသည်။

​သို့သော်လည်း လူအများ၏ အကြည့်များကမူ ကျူးကျစ်ယန်၏ ပုံရိပ်နှင့်အတူ ရှောင်ယင်နှင့် ထန်ထျန်းတို့၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ကြသည်။

​"သခင်လေး ထန်"

​ထန်ထျန်း၏ ရှေ့သို့ ရောက်သောအခါ ကျူးကျစ်ယန်၏ မျက်ဝန်းထဲတွင် ထင်ရှားသော ဝမ်းသာအားရမှုများ ပြည့်နှက်သွားပြီး ဦးညွှတ်လျက် ပြော၏။ "သခင်လေး နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ"

​"ဒီနေ့ ဧည့်ခံပွဲကို လူတွေ အများကြီး လာကြတယ်၊ အဖက်ဖက်က သူရဲကောင်း တွေလည်း အကုန် ရောက်နေကြတာ"

​"ဒါ့အပြင် နေရာစုံက လာတဲ့ အရသာရှိတဲ့ အစားအသောက်တွေလည်း အများကြီး ရှိလိမ့်မယ်"

​"သခင်လေး သေချာပေါက် ပျင်းရိ ငြီးငွေ့နေမှာ မဟုတ်ပါဘူး"

​ထန်ထျန်းနှင့် ရက်ပေါင်းများစွာ အတူနေထိုင်ခဲ့သဖြင့် ကျူးကျစ်ယန်က ထန်ထျန်း၏ ဝါသနာအချို့ကို ကောင်းကောင်း သိရှိနေခြင်း ဖြစ်သည်။

​"ပျင်းဖို့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထွက်တော့ ထွက်လာခဲ့ပြီပဲ"

​ထန်ထျန်းက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ "စိတ်အပန်းဖြေတာပေါ့"

​"ဒါပေမဲ့ အစားအသောက် ကောင်းကောင်းရှိရင်တော့ ပိုကောင်းတာပေါ့"

​သုံးလကျော်သွားခဲ့ပြီ ဖြစ်ရာ တည်းခိုခန်းက ဟင်းလျာများကို စားရသည်မှာ တကယ်ပဲ အရသာ ပျောက်ဆုံးနေခဲ့ပြီ မဟုတ်ပါလား။

​"ရပါတယ်"

​ကျူးကျစ်ယန်က ပြုံးလျက် "ဒီကာလအတွင်းမှာ ကျွန်မ ကျန့်မိသားစုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ခဲ့တယ်"

​"ခဏနေရင် သခင်လေးအတွက် သေချာပေါက် အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်"

​ထန်ထျန်းက စကားပြန်ပြောရန် ပြင်လိုက်စဉ်တွင် သူ့ကိုယ်ပေါ်သို့ ကျရောက်လာသော အကြည့် အနည်းငယ်ကို ခံစားလိုက်ရသည်။

​မစဉ်းစားဘဲနှင့်ပင် ထိုအကြည့်များမှာ ထိုသခင်လေးများအုပ်စုထံမှ ဖြစ်ကြောင်း သိနိုင်သည်။

​သူတို့အတွက်မူ ထန်ထျန်းက သူစိမ်း အမျိုးသားတစ်ဦး ဖြစ်ပြီး ရုပ်ရည်ကလည်း အလွန်ပင် ကြည့်ကောင်းလွန်းလှသည်။

​သူတို့နှင့် အမြဲတမ်း အကွာအဝေးတစ်ခု ထားရှိခဲ့သော ကျူးကျစ်ယန်က ဤအမျိုးသားနှင့်မူ ပွင့်ပွင့်လင်းလင်း စကားပြောဆိုနေပြီး အမူအရာများကလည်း ပိုမို ရင်းနှီးကျွမ်းဝင်မှု ရှိနေပုံရရာ ဤသည်က သူတို့၏ အာရုံစိုက်မှုကို မည်သို့လျှင် မဆွဲဆောင်ဘဲ နေပါမည်နည်း။

​ခန့်မှန်းရလျှင် ယခုအချိန်တွင် သူတို့က ထန်ထျန်း၏ စစ်မှန်သော သရုပ်မှန် ကို စတင် ခန့်မှန်းနေကြလောက်ပြီ ဖြစ်သည်။

​ဤသည်ကို မြင်သောအခါ ထန်ထျန်းက ခေါင်းခါလျက် "ရပါတယ်၊ မင်း အလုပ် မင်း ဆက်လုပ်ပါ၊ ငါ့ကို ဂရုစိုက်နေဖို့ မလိုဘူး။"

​"ငါ သင့်တော်တဲ့ နေရာတစ်ခုမှာပဲ နေလိုက်မယ်"

​"တကယ်လို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ငါ့ကိုလည်း ရှောင်ယင်လိုပဲ မင်း မိသားစုကနေ ခေါ်လာတဲ့လူလို့ ပြောလိုက်ရုံပဲ"

​ပါးနပ်လှသော ကျူးကျစ်ယန်က ပြဿနာ၏ အဓိကအချက်ကို ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။

​သူမက သူမနောက်က သခင်လေးများကို တစ်ချက် ကြည့်လိုက်ပြီး အားနာဟန်ဖြင့် ပြော၏။ "ကျွန်မ သေချာ မစဉ်းစားမိတာပါ"

​"တကယ်လို့ သခင်လေးက ပြဿနာတက်မှာကို စိုးရိမ်တယ်ဆိုရင် ကျွန်မ ကျန့်မိသားစုကို ပြောပြီး သခင်လေးအတွက် သီးသန့် အေးချမ်းတဲ့ နေရာတစ်ခု စီစဉ်ခိုင်းလို့ ရပါတယ်"

​ထန်ထျန်းက ပြုံးလျက် "အချိန်အနည်းငယ်အတွင်းမှာတင် မင်းက ကျင်းရှန် မြို့ရဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်းနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တာပဲ"

​"မင်းကို တကယ်ပဲ နည်းနည်း လျှော့တွက်မိသွားတယ်"

​"ဒါပေမဲ့ ဒီလောက်အထိ အလုပ်ရှုပ်ခံဖို့ မလိုပါဘူး၊ ငါပြောတဲ့အတိုင်းပဲ လုပ်ပါ"

​အကယ်၍ ကျူးကျစ်ယန်က သူ့အတွက် သီးသန့် အထူးအခွင့်အရေးမျိုး လုပ်ပေးလိုက်မည်ဆိုပါက ယနေ့တွင် ဘာမှမဖြစ်နိုင်သော်လည်း အနာဂတ်တွင်မူ ပြဿနာများ ပိုမို များပြားလာနိုင်ပေသည်။

သူက ထိုကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စများကို မဖြေရှင်းချင်ပေ။

​ထန်ထျန်းက အတင်းအကျပ် ငြင်းဆန်နေသည်ကို မြင်သောအခါ ကျူးကျစ်ယန်လည်း ဘာမှ ထပ်မပြောတော့ပေ။

​ထို့နောက် သူမသည်လည်း သူမ၏ မူလ အမူအရာအတိုင်း ပြန်လည် ပြောင်းလဲလိုက်သဖြင့် ထန်ထျန်း၏ ကိုယ်ပေါ်သို့ ကျရောက်နေသော အကြည့်များကလည်း အနည်းငယ် လျော့နည်းသွားခဲ့သည်။

​"ဒါဆို ကျွန်မတို့ အရင် ဝင်ကြရအောင်၊ ဧည့်ခံပွဲက မကြာခင် စတော့မှာ"

ကျူးကျစ်ယန်က ပြောသည်။

​ထန်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး သူမကို ရှေ့က သွားရန် အချက်ပြလိုက်သည်။

​သူနှင့် ရှောင်ယင်တို့ နှစ်ဦးကမူ ကျူးကျစ်ယန်၏ နောက်မှ လိုက်ပါလျက် ကျန့်မိသားစု နေအိမ်၏ တံခါးကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

​သူတို့၏ ကျောပြင် ပုံရိပ်များ နေအိမ်အတွင်းသို့ ပျောက်ကွယ်သွားသည့်အခါ ယခင်က ကျူးကျစ်ယန်၏ ဘေးတွင် ဝိုင်းအုံနေခဲ့ကြသော သခင်လေးများ အုပ်စုက ချက်ချင်းပင် တီးတိုး ဝေဖန်ပြောဆိုလာကြတော့သည်။

​"နတ်သမီးကျူးကျစ်ယန် က ကျင်းရှန် မြို့ကို တခြားလူတွေ ခေါ်လာသေးတယ်လို့ မကြားမိပါဘူး"

​"ဟုတ်တယ်၊ ကောင်မလေး ရှောင်ယင် ကိုတော့ ငါ မြင်ဖူးတယ်၊ အဲ့ဒီအမျိုးသားကိုတော့ တကယ့်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

​"ဟူး... ငါ ကြားဖူးတာတော့ ကျူးကျစ်ယန် နေထိုင်တဲ့ တည်းခိုခန်းထဲမှာ တခြားလူတစ်ယောက်လည်း ရှိနေသေးတယ်တဲ့၊ ဒါပေမဲ့ တစ်ခါမှ အပြင်မထွက်ဖူးဘူးဆိုတော့ သူပဲ ဖြစ်ရမယ်"

​"ဆွေမျိုးလား အစေခံလား ဒါမှမဟုတ်..."

​"ကြည့်ရတာ မသိသာဘူး၊ ကျူးကျစ်ယန်က သူ့အပေါ် ထားတဲ့ သဘောထားက နည်းနည်း ထူးဆန်းတယ်၊ စစချင်းတုန်းက အရမ်း စိတ်လှုပ်ရှားနေပြီး အထက်လူကြီးတစ်ယောက်ကို တွေ့ရသလိုမျိုး အမူအရာတောင် ဖြစ်သွားသေးတယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ပုံမှန် ပြန်ဖြစ်သွားတာဆိုတော့ တကယ်ပဲ သေချာ မသိနိုင်ဘူး"

​အခြားသူများကလည်း ခေါင်းညိတ်ကြသည်၊ ခုနက သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို အားလုံးက မျက်စိဖြင့် မြင်ခဲ့ကြသည် မဟုတ်ပါလား။

​သို့သော်လည်း သူတို့က သုံးသပ်နေကြစဉ်မှာပင် မထင်မဲ့မြင် ပြုသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

​"အမှိုက်ကောင်တွေ"

​"တစ်နေ့တစ်နေ့ ကပ်ဖား ဖို့ပဲ သိကြတယ်၊ သူများတွေက အသားတောင် စားနေပြီ၊ မင်းတို့က ဟင်းရည်တောင် မသောက်ရသေးဘူး"

​"အနံ့ပဲ နမ်းဖို့ တန်တယ်"

​ဤစကားများက တကယ့်ကို အရှက်ခွဲ စော်ကားမှု အပြည့်ပင် ဖြစ်သည်။

​ထိုသခင်လေးအုပ်စုက ချက်ချင်းပင် ဒေါသထွက်ရန် ပြင်လိုက်ကြသော်လည်း ရောက် လာသူ၏ ပုံရိပ်ကို မြင်လိုက်ရသည့်အခါတွင်မူ ဒေါသများကို အလျင်အမြန်ပင် ပြန်လည် အောင့်အီး ထိန်းချုပ်လိုက်ကြရတော့သည်။

​"ကျူမိသားစုရဲ့ သခင်လေး ... ကျူကျင်းချန်"

All Chapters