← Chapters

အခန်း (၁၁၄၁-၁၁၄၂)

Vol. 98 Ch. 1141-1142

အခန်း (၁၁၄၁-၁၁၄၂)

Vol. 98 Ch. 1141-1142

အခန်း ၁၁၄၁

အဝေးမှ ဘီလူးကြီးများသည် သူတို့၏လုပ်ရပ်ကို မြင်သောအခါ နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားကြသည်။

“အားလုံး ဘာလုပ်နေကြတာလဲ။”

“မီစီက အဖော်ရှာနေတာလား။ ဘယ်သူက သူ့လက်ကအနံ့ကို ယဉ်ပါးနေလဲဆိုတာ ကြည့်နေတာလား။”

“သူတို့ တုံ့ပြန်မှုတွေကို ကြည့်ရတာ အားလုံးက တော်တော်လေး ယဉ်ပါးနေကြပုံပဲ။”

ထိုအချိန်တွင် သတင်းက နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။ မီစီသည် မဟာမိတ်ခေါင်းဆောင်ရှောင်းထံမှ အစားအစာများအား အရသာရှိအောင် ပြုလုပ်သည့် လျှို့ဝှက်ချက်ကို ရရှိထားကြောင်း သိလိုက်ရသဖြင့် အားလုံးက အနံ့ခံရန် ပြေးလာကြခြင်းဖြစ်သည်။

“ဝေ့ မင်းတို့အားလုံး... ကိုယ့်နေရာကိုယ် မြန်မြန်ပြန်ကြစမ်း။”

လူအုပ်ကြီးထဲမှ ဘီလူးကြီးအားလုံးနီးပါး ပြေးထွက်လာသည်ကို မြင်သောအခါ ကျားကျန့်က အော်ဟစ်လိုက်လေသည်။ ဘီလူးကြီးများသည် ချက်ချင်းပင် နောက်ပြန်လှည့်ပြေးသွားကြပြီး သူတို့၏ ခံစစ်နေရာများသို့ ပြန်သွားကြရတော့သည်။

“ခေါင်းဆောင်က အရမ်း သတိကြီးလွန်းတယ်။ မသေမျိုးမျိုးနွယ်တွေက လှုပ်ရှားရဲမယ့်ပုံမပေါ်ပါဘူး။”

“ဟုတ်တယ်။ ငါတို့နောက်မှာ စစ်ကားတပ်ဖွဲ့ကြီးရှိနေတာပဲကို။ သူတို့ လှုပ်ရှားရဲရင်တောင် ငါတို့ဆီ ရောက်လာမှာမဟုတ်ဘူး။”

“အေးလေ။ ငါ့မှာ မီစီလက်က အနံ့ကိုတောင် ဝအောင် မရှူကြည့်ရသေးဘူး။”

ထိုစဉ် ကျန်းယွင်ထျန်းတစ်ယောက် ရှောင်းယီ၏ ဘေးသို့ လျှောက်လာကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ငါ မဟာမိတ်အဖွဲ့ထဲက တိုက်လေယာဉ် ထက်ဝက်ကျော်ကို ဖြန့်ကြက်ထားပြီးပြီ။ အားလုံးမှာလည်း ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။”

“အင်း အဲ့ဒီ ငါးမန်းသွား အရိုးနဂါး ထပ်လာရဲသေးလားဆိုတာ စောင့်ကြည့်ကြတာပေါ့။”

ကျန်းယွင်ထျန်းက အဝေးရှိ မသေမျိုးမျိုးနွယ်စုတွေကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်သည်။

“သူ နောက်တစ်ခါ ထပ်လာရင် ဒီလောက် ရိုးရှင်းမှာ မဟုတ်တော့ဘူး။ မင်းသာ သူတို့နေရာမှာဆိုရင် ငါတို့ရဲ့ ဒုံးကျည်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။”

ကျန်းယွင်ထျန်းက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“လမ်းကြောင်း နှစ်ခုရှိတယ်။ တစ်ခုက ငါတို့ကို ဒုံးကျည်ပစ်ခွင့်မရအောင် တားဆီးဖို့နဲ့ နောက်တစ်ခုက ဒုံးကျည်တွေကို ဘယ်လိုရှောင်မလဲဆိုတာပဲ။”

“ငါတို့ကို ဒုံးကျည်ပစ်ခွင့်မရအောင် တားဖို့ဆိုရင် သူတို့က ငါတို့ရဲ့ တိုက်လေယာဉ်တွေကို တိုက်ခိုက်တာ ဒါမှမဟုတ် နှောင့်ယှက်တာမျိုး လုပ်ရလိမ့်မယ်။ ဒါက ရန်သူ့ဘက်မှာ လေကြောင်းတပ်ဖွဲ့ ဒါမှမဟုတ် မြေပြင်မှ လေကြောင်းနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိဖို့ လိုအပ်တယ်။”

“ဒုံးကျည်ကို ရှောင်ဖို့အတွက်ဆိုရင်တော့... လျင်မြန်တဲ့ မသေမျိုးမျိုးနွယ်ဝင်တွေကို သုံးပြီး အရိုးနဂါးအတွက် အကာအကွယ်လုပ်ပေးမယ်။ ပြီးရင် ငါတို့ ဒုံးကျည်ပြန်ဖြည့်နေတဲ့ အချိန်ပိုင်းလေးကို အခွင့်ကောင်းယူပြီး ခံစစ်ကို ဖောက်ထွက်တာမျိုး လုပ်နိုင်တယ်။”

ကျန်းယွင်ထျန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ရှောင်းယီက လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

“ငါတို့ရဲ့ ဒုံးပျံတပ်ဖွဲ့ကို ချက်ချင်း စုရုံးလိုက်။”

“ဟုတ်ကဲ့။”

ပျံသန်းနိုင်သော မသေမျိုးသတ္တဝါများနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ ကျန်းယွင်ထျန်း၏ ခွဲခြမ်းစိတ်ဖြာချက်အရ သူတို့၏ လေကြောင်းခံစစ်က လုံလောက်မှု မရှိသေးကြောင်း ရှောင်းယီ ချက်ချင်း ခံစားလိုက်ရသည်။ လက်ရှိ တိုက်လေယာဉ်များသည် လေကြောင်းတိုက်ပွဲအတွက် စွမ်းဆောင်ရည် အပြည့်အဝ မရှိသေးပေ။

ထို့ကြောင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံတပ်ဖွဲ့ကို စုရုံးရန် အလွန်လိုအပ်လာခဲ့သည်။ သူတို့၏ တိုက်ခိုက်နိုင်သည့် အမြင့်မှာ ကန့်သတ်ချက်ရှိသော်လည်း ရန်သူ့လေကြောင်းတပ်ဖွဲ့ကို အတိုင်းအတာတစ်ခုအထိတော့ ခုခံထားနိုင်ဆဲပင်။

ခဏကြာအောင် စဉ်းစားပြီးနောက် ရှောင်းယီသည် လေကြောင်းခံတပ်ကိုပါ ထုတ်သုံးလိုက်သည်။ လေကြောင်းခံတပ်သည် အရှိန်သိပ်မမြန်သော်လည်း ခံတပ်ပေါ်ရှိ စစ်သားများသာ လက်နက်ကောင်းကောင်း တပ်ဆင်ထားပါက ရန်သူ့လေကြောင်းအင်အားစုများကို ရင်ဆိုင်ရာ၌ အလွန်ထိရောက်လိမ့်မည်ဖြစ်သည်။

ထိုအချိန်၌ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ အန်းရန်ထံမှ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

“ကျွန်းပိုင်ရှင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တစ်ခုရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ရှေးဦး ဧရာမသားရဲကြီးတစ်ကောင်က အကြီးအကျယ် ဖျက်ဆီးသွားပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်လည်း ပျက်စီးသွားပြီ။”

ထိုသတင်းကို မြင်သောအခါ ရှောင်းယီတစ်ယောက် အံ့အားသင့်သွားပြီး ချက်ချင်း မေးလိုက်သည်။

“သူတို့က တော်ပီဒိုတွေကို အဆင်သင့် မပြင်ထားဘူးလား။”

“ပြင်ထားတယ်။ ဒါပေမဲ့ သူတို့တွေ့တဲ့ ရှေးဦး သားရဲကြီးက အရမ်းကို လျင်မြန်ပြီး တော်ပီဒိုအတော်များများကို ရှောင်တိမ်းသွားနိုင်ခဲ့တယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“အဲ့လောက်တောင် လျင်မြန်တာလား။”

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိသည်။

ယခင်ကဆိုလျှင် ရေနွေးငွေ့သုံး တော်ပီဒိုများဖြင့် ရှေးဦး သားရဲကြီးများကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့စည်းမျဉ်းများက ထိုသားရဲကြီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိုက်သည်မှာ သိသာလှပေသည်။

“သူတို့က ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကို အသေသတ်ဖို့ ကြိုးစားနေတာပဲ။”

ရှောင်းယီ ရေရွတ်လိုက်မိသည်။

“ဒါနဲ့ အဲ့ဒီ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့က အဲ့ဒီသားရဲကြီးကို နှိမ်နင်းနိုင်ခဲ့လား။”

“သူတို့ နှိမ်နင်းနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အကျအဆုံးတော့ အရမ်းများသွားတယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“သူတို့ ဖြေရှင်းနိုင်ခဲ့ရင်ပဲ တော်ပါပြီ။ ငါတို့ မဟာမိတ်အဖွဲ့ကရော ဘယ်လိုလဲ။”

ရှောင်းယီက မေးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ရှေးဦး သားရဲကြီးတစ်ကောင် ရောက်လာသေးတယ် မဟုတ်လား။”

“ဟုတ်ကဲ့။ အဲ့ဒီကောင် ပေါ်လာတာနဲ့ ငါတို့ရဲ့ ရေငုပ်သင်္ဘောက တွေ့သွားပြီး ချက်ချင်း ရှင်းပစ်လိုက်နိုင်ပါတယ်။”

အန်းရန်က တုံ့ပြန်လိုက်သည်။

“ကောင်းပြီ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီးနောက် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ကုန်းမြေပေါ်တွင် လေဟာနယ်တံခါးများရှိသည့် အသက်ရှင်ကျန်ရစ်သူ အဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာရှိ အမျိုးမျိုးသော မျိုးနွယ်ခြားများနှင့် ပူးပေါင်းပြီး ရှေ့သို့ ဆက်လက်ချီတက်နေကြသည်။ မသေမျိုးမျိုးနွယ်ဘက်က ခုခံမှုအချို့ ပြုလုပ်နေသော်လည်း ၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်နေသလို သူတို့ ခံစားနေကြရသည်။

တစ်ရက်အတွင်းမှာပင် သူတို့သည် ကီလိုမီတာ သုံးရာကျော်အထိ ရှေ့တိုးနိုင်ခဲ့ကြသော်လည်း ရှောင်းယီတို့အဖွဲ့နှင့်တော့ အလှမ်းဝေးနေပါသေးသည်။

တိလင်းထျန်းရှားသည် သူ၏ရှေ့တွင်ရှိနေသော မသေမျိုးတပ်သားများကို ကြည့်ပြီး ပြောလိုက်သည်။

“တော်သေးတာပေါ့။ မဟာမိတ်ခေါင်းဆောင်ရှောင်းက ရှေ့တန်းကို ထိန်းထားပေးနေလို့။ မဟုတ်ရင် ဒီနေ့ ငါတို့ ကီလိုမီတာ တစ်ရာတောင် ရှေ့တိုးနိုင်ရင် ကံကောင်းပဲ။”

ချင်ချင်းလုံက ခေါင်းညိတ်လိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အင်အားက တကယ့်ကို ခန့်မှန်းလို့မရနိုင်အောင်ပဲ။”

“ဟုတ်တယ်။ ဒီလောက်များတဲ့ မဟာမိတ်အဖွဲ့တွေကို ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနေရတာတောင်မှ သူ့ဆီမှာ ပိုလျှံနေသေးတာ တကယ့်ကို အံ့ဩစရာပဲ။”

တီလင်းထျန်းရှားတစ်ယောက် ရေရွတ်လိုက်မိသည်။ တ်လင်းဂိုဏ်း၏ ကျွန်းဧရိယာမှာလည်း တော်တော်လေး ကျယ်ဝန်းသော်လည်း ကျွန်းမှထွက်ရှိသော သတ္တုများမှာ မလုံလောက်သေးပေ။

ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူများကို ဤမျှကာလပတ်လုံး ခဲယမ်းများ ထောက်ပံ့ပေးနိုင်နေခြင်းမှာ သူ၏ အခြေခံအုတ်မြစ် မည်မျှ ခိုင်မာသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။

ရှောင်းယီသည် ဒေသခ များနှင့် စီးပွားရေးလုပ်နေသည်ကို တိလင်းထျန်းရှား သိထားသည်။ သူကိုယ်တိုင်လည်း ဒေသခံ နိုင်ငံအချို့နှင့် ကုန်သွယ်မှု ဆက်ဆံရေး တည်ဆောက်ထားသော်လည်း ရရှိလာသည့် သတ္တုပမာဏမှာ အလွန်နည်းပါးလှသည်။ မိမိမဟာမိတ်အဖွဲ့ကိုပင် မနည်းထောက်ပံ့နေရသဖြင့် ပြင်ပသို့ ရောင်းချရန်အတွက် ပိုလျှံခြင်း လုံးဝမရှိပေ။

“သန်မာတဲ့သူက ဆက်ပြီး သန်မာနေဦးမှာပဲ။”

တိလင်းထျန်းရှားက အားမလိုအားမရဖြင့် သက်ပြင်းချလိုက်မိသည်။

လက်ရှိအခြေအနေအရ ရှောင်းယီကိုယ်တိုင် အမှားကြီးကြီးမားမား လုပ်မိခြင်းမျိုး မရှိခဲ့လျှင် သူသည် အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဆက်လက်ဦးဆောင်သွားဦးမည်ဖြစ်သည်။

အမှန်စင်စစ် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ သတ္တုထောက်ပံ့မှုမှာလည်း အလွန်အမင်း ပေါများနေခြင်းမျိုး မဟုတ်ဘဲ တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် ရေငုပ်သင်္ဘောများကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။ လောလောဆယ်တွင် စူပါအစိတ်အပိုင်းဖြုတ်စက်ကို အသုံးပြု၍ သတ္တုများကို ပြန်လည်အသုံးပြုခြင်းဖြင့် ဟန်ချက်ကို မနည်းထိန်းထားရခြင်းဖြစ်သည်။

လေပြာအင်ပါယာနှင့် ကုန်သွယ်မှုမှတစ်ဆင့် သတ္တုများစွာ ရရှိနေသော်လည်း မသေမျိုးမျိုးနွယ်ဝင် အရေအတွက်မှာ များပြားလွန်းလှသဖြင့် နေ့စဉ် သုံးစွဲနေရသော ကျည်ဆန်ပမာဏမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှပေသည်။

ယခုတလောမှသာ ခဲယမ်းသုံးစွဲမှု အနည်းငယ် လျော့ကျသွားခြင်း ဖြစ်သည်။ ၎င်းမှာလည်း ယီရန်ပင်း မဟာမိတ်အဖွဲ့က ရှေ့တန်းတွင် အကြီးအကျယ် တိုက်ခိုက်ပေးနေသောကြောင့် အခြားအဖွဲ့များ၏ သုံးစွဲမှု သက်သာသွားခြင်း ဖြစ်သည်။

ယ‌နေ့တစ်နေ့လုံး အေးအေးချမ်းချမ်း ရှိနေခဲ့လေသည်။ အသက်ရှင်ကျန်ရစ်သူများနှင့် မျိုးနွယ်ခြားများဘက်မှ စတင်လှုပ်ရှားမှု မရှိသရွေ့ သူတို့သည် ငါးကီလိုမီတာ အကွာအဝေးတွင် ငြိမ်သက်စွာ ရှိနေကြမည်ဖြစ်သည်။

“ဒီမသေမျိုးမျိုးနွယ်တွေက အချိန်ကောင်းကို စောင့်နေကြတာပဲ။ ငါ့ရဲ့ခန့်မှန်းချက်အရ သူတို့ဆီကို စစ်ကူအသစ်တွေ ရောက်လာလိမ့်မယ်။”

အဝေးမှ တိတ်ဆိတ်နေသော မသေမျိုး တပ်မတော်ကို ကြည့်ရင်း ရှောင်းယီက လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် လေကြောင်းတပ်ဖွဲ့တွေပဲ ဖြစ်ရမယ်။”

ကျန်းယွင်ထျန်းက ခန့်မှန်းရလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ရင်း စိတ်ထဲမှ တွက်ချက်နေမိသည်။ ဤနေရာသည် ဟင်းလင်းပြင်အက်ကွဲကြောင်းနှင့် ကီလိုမီတာ သုံးထောင်ခန့် ဝေးသည်။ သူ ယခင်က မြင်ဖူးသမျှ မသေမျိုး လေကြောင်းသတ္တဝါများ၏ အမြန်ဆုံး ပျံသန်းနှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ တစ်ရာခန့် ဖြစ်သည်။ ထို့ကြောင့် အက်ကွဲကြောင်းမှ ဤနေရာသို့ ပျံသန်းလာရန် အနည်းဆုံး နာရီပေါင်း သုံးဆယ် ကြာပေလိမ့်မည်။

သို့သော် ငါးမန်းသွား အရိုးနဂါး၏ အရှိန်အဟုန်မှာ ရှောင်းယီ ယခင်က မြင်ဖူးသမျှ ကုန်းကြောင်းတပ်များ၏ အရှိန်ကို အလုံးစုံ ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် မသေမျိုးမျိုးနွယ်၏ လေကြောင်းတပ်ဖွဲ့များသည်လည်း အရိုးနဂါးကဲ့သို့ အရှိန်မျိုး ရှိနေပါက သူတို့၏ အမြန်နှုန်းကို ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။

ရှောင်းယီက ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ဘဲ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ အချိန်ကို ကြည့်လိုက်ရာ ညစာစားချိန် ရောက်နေပြီဖြစ်သည်။

“အစ်ကိုကျန်း ထမင်းစားပြန်ကြစို့။”

ရှောင်းယီက ပြောလိုက်လေသည်။

အခန်း ၁၁၄၂

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ပြန်လည်မထွက်ခွာမီ ကျန်းယွင်ထျန်းသည် ရှေ့တန်းခံစစ်နှင့် လေကြောင်းကင်းထောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပေးခဲ့ပြီးနောက် ရှောင်းယီနှင့်အတူ မြို့ပြန်ကျောက်ကို အသုံးပြု၍ ပြန်လာခဲ့ကြသည်။

သူတို့နှစ်ဦး ဗီလာသို့ ပြန်ရောက်သောအခါ ညစာမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူတို့နှစ်ဦးသာ လိုတော့သည်။

“စားကြစို့။”

ရှောင်းယီက ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ ထိုအခါ လူတိုင်းက သူတို့၏ တူများကို ကောက်ကိုင်လိုက်ကြသည်။ ထိုစဉ် အန်းယွဲ့က မေးလိုက်သည်။

“ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီသည် လွန်ခဲ့သည့် နှစ်ရက်လုံး ရှေ့တန်းတွင်သာ နေထိုင်ခဲ့ပြီး အစားအသောက်အများစုကိုပင် ထိုနေရာ၌ပင် စားသောက်ခဲ့သည်။ သူ ရံဖန်ရံခါ ပြန်လာသည့်အခါမျိုးတွင်လည်း ခဏတဖြုတ်သာ ဖြစ်သည်။

ထို့ကြောင့် ရှေ့တန်းမှ စစ်ရေးအခြေအနေကို အားလုံးက သဲသဲကွဲကွဲ မသိကြပေ။

အန်းယွဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ အားလုံးက နားစွင့်လိုက်ကြသည်။

“အဆင်ပြေပါတယ်။ မသေမျိုးမျိုးနွယ်စုက အင်အားကြီးတဲ့ အရိုးနဂါးတစ်ကောင်ကို ဆင့်ခေါ်ခဲ့ပေမဲ့ ကျုပ်တို့ တိုက်ထုတ်နိုင်ခဲ့တယ်။ ဒီနေ့ တစ်နေ့လုံးတော့ သူတို့ ငြိမ်နေတယ်။ တစ်ခုခုကို အကြီးအကျယ် ကြံစည်နေတာ ဖြစ်နိုင်တယ်။”

ရှောင်းယီက ထမင်းလုတ်ကို ပါးစပ်ထဲ အပြည့်ထည့်ရင်း ဗလုံးဗထွေးဖြင့် ပြန်ဖြေလိုက်သည်။

“တိုက်ထုတ်လိုက်တာလား။ မသတ်လိုက်ရဘူးလား။”

အန်းယွဲ့က အဓိကစကားလုံးကို တိတိကျကျ ဖမ်းဆုပ်မိသွားခဲ့သည်။ ထိုအခါ ကျန်းယွင်ထျန်းက ဆက်ရှင်းပြလိုက်သည်။

“တကယ်ပဲ မောင်းထုတ်လိုက်နိုင်ရုံပဲ ရှိသေးတယ်။ အဲဒီအရိုးနဂါးက ကျုပ်တို့ရဲ့ အပေါ့စားတိုက်ခိုက်ရေးယာဉ်တွေရဲ့ တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်ဘူး။ ကံကောင်းလို့ ကျွန်းပိုင်ရှင်က လေကြောင်း ဒုံးကျည်တွေကို ရယူနိုင်ခဲ့လို့သာပေါ့။ မဟုတ်ရင် ကျုပ်တို့ အစောကြီးကတည်းက ဆုတ်ခွာခဲ့ရလောက်ပြီ။”

ကျန်းယွင်ထျန်း၏ ရှင်းပြသည့်စကားကို ကြားလိုက်ရသောအခါ လူတိုင်း ထမင်းစားနေခြင်းကို ရပ်တန့်လိုက်ကြသည်။

“စစ်ကားတွေရဲ့ တိုက်ခိုက်မှုကို ဂရုမစိုက်ဘူး ဟုတ်လား။ သူ့အရိုးတွေကို စိန်နဲ့ လုပ်ထားလို့လား။”

ဒူခန်းက ပါးစပ်ထဲမှ အစားအသောက်များကို မျိုချလိုက်ရင်း မမေးဘဲ မနေနိုင်ဖြစ်သွားခဲ့လေသည်။ ရှောင်းယီက ပုခုံးတွန့်ပြလိုက်သည်။

“ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် တခြားအရိုးစုတွေ အမှုန့်ဖြစ်သွားတဲ့အချိန်မှာ သူက ငါတို့ စစ်ကားတွေရဲ့ ပစ်ခတ်မှု ဧရိယာထဲကနေ ဘာဒဏ်ရာမှမရဘဲ ထွက်သွားနိုင်ခဲ့တယ်။”

“ဒါက အရမ်း အစွမ်းထက်တာပဲ။”

အန်းရန်က အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။ အန်းယွဲ့ကလည်း မျက်မှောင်ကြုတ်လိုက်၏။

“ကျွန်းပိုင်ရှင်ပေးတဲ့ ဒုံးကျည်တွေကို သုံးတာတောင် အဲ့ဒီအရိုးနဂါးကို မသတ်နိုင်ခဲ့ဘူးလား။”

သူက မေးလိုက်ပြန်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“အဲ့ဒီအရိုးနဂါးက ပထမဒုံးကျည်ကို ခံနိုင်ရည်ရှိခဲ့တယ်။ သူ့အရိုးတွေကို ကြည့်ရတာ အက်ကြောင်းလောက်ပဲ ထင်သွားပုံပဲ။ ဒုတိယဒုံးကျည်က သူ့ကို လွင့်ထွက်ပြီး မှောက်သွားစေခဲ့ရုံပဲ လုပ်နိုင်ခဲ့တယ်။ ပြီးတော့ သူက ဟန်ချက်ပြန်ထိန်းပြီး ထွက်ပြေးသွားတာပဲ။”

“သူက ထွက်ပြေးသွားတာလား။ ဆိုလိုတာက အဲ့ဒီအရိုးနဂါးက အသိဉာဏ်ရှိပြီး အန္တရာယ်ကို ရှောင်ရှားတတ်တယ်ပေါ့ ဟုတ်လား။”

ယွမ်နွန်က စိတ်ဝင်တစား မေးလိုက်သည်။

“ဟုတ်တယ်။ ကျုပ် မဟုတ်ရင် သူ့ကို ဘယ်လွှတ်ပေးပါ့မလဲ။”

ကျန်းယွင်ထျန်းက အားမလိုအားမရ ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ရဲ့ လေသူရဲတွေက ဒုံးကျည်တွေနဲ့ သိပ်မရင်းနှီးသေးလို့ အချိန်ကိုက် မပစ်နိုင်ခဲ့တာလည်း ပါပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းရွှဲ့က ဝင်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ကျွန်မကိုလည်း သွားခွင့်ပြုပါ။ ဒါဆိုရင် အနည်းဆုံး တိုက်လေယာဉ်မောင်းသူ နှစ်ယောက်က အတွေ့အကြုံရှိတဲ့သူတွေ ဖြစ်သွားတာပေါ့။ အခုချိန်မှာ လူပုမျိုးနွယ်စုဘက်မှာ ဖိအားသိပ်မရှိတော့ဘူး။ မသေမျိုးမျိုးနွယ်စုက သူတို့ရဲ့ အဓိကပစ်မှတ်ကို ဧရာမဘီလူးမျိုးနွယ်စုဆီ ပြောင်းလိုက်ပုံရတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“မင်းသွားလို့ရတယ်။ မသေမျိုးမျိုးနွယ်စုက အကြီးအကျယ် ပြင်ဆင်နေတာဆိုတော့ အခုချိန်မှာ မင်းရဲ့အကူအညီကိုလည်း လိုအပ်နေတယ်။”

“ဟုတ်ကဲ့ပါ။”

ကျန်းရွှဲ့က တုံ့ပြန်လိုက်သည်။

“ဟုတ်ပြီ။ အားလုံးရဲ့ အဆင့် တိုးတက်မှုတွေ ဘယ်လိုရှိလဲ။”

ရှောင်းယီက သူတို့လူစုကို ကြည့်ပြီး မေးလိုက်သည်။

“ကျုပ်ကတော့ ပန်းတိုင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့သလို ခံစားနေရပေမဲ့ အဲ့ဒီကို မရောက်နိုင်ဘူး ဖြစ်နေတယ်။”

ဒူခန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ကျန်းယွင်ထျန်းကလည်း ခေါင်းညိတ်လိုက်သည်။

“ငါလည်း ထပ်တူပဲ။ မဟာမိတ်အဖွဲ့ထဲက ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ကြည့်တာတောင်မှ မထိုးဖောက်နိုင်သေးဘူး။”

ရှောင်းယီ အနည်ငယ် စဉ်းစားကြည့်လိုက်သည်။

“ဒါက မင်းတို့က မဟာမိတ်အဖွဲ့ထဲက လူတွေကို သိနေလို့ ဖြစ်လိမ့်မယ်။ သူတို့က တကယ် အသက်အသေခံပြီး တိုက်မှာမဟုတ်ဘူးဆိုတာ မင်းတို့ ခန့်မှန်းလို့ရနေတော့ မင်းတို့အပေါ် ကျရောက်တဲ့ ဖိအားက မလုံလောက်သေးတာပဲ။”

ကျန်းယွင်ထျန်းနှင့် ဒူခန်းတို့ နှစ်ဦးစလုံး ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။

“ဒါဆိုရင် မင်းတို့နှစ်ယောက်လုံး ရှေ့တန်းကို တိုက်ရိုက်သွားပြီး မသေမျိုးမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်သင့်တယ်။ သူတို့ရဲ့ အင်အားက နည်းနည်းလေး နိမ့်ချင်နိမ့်နေဦးမှာဆိုပေမဲ့ မင်းတို့ အဆင့်တက်နိုင်ဖို့အတွက် လုံလောက်တဲ့ ဖိအားကိုတော့ သူတို့ ပေးနိုင်မှာ သေချာတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အာ...ကျုပ် မသွားလို့ မရဘူးလား။”

ဒူခန်းက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

“ကျုပ်က SSS အဆင့်ကို တက်ဖို့ အဲ့လောက်ကြီးလည်း မလောပါဘူး။ တခြား အသက်ရှင်ကျန်ရစ်သူတွေရဲ့ အဆင့်ကလည်း နိမ့်ပါသေးတယ်။ ကျုပ် အရမ်းအလောတကြီး လုပ်ဖို့ မလိုဘူးမလား။”

တကယ်တော့ သူက ငါးဆားနည်တစ်ကောင်ကဲ့သို့ အေးအေးလူလူဖြင့် ပက်လက်လှန် နားနေချင်ရုံသာ ဖြစ်သည်။

“မင်း ဘယ်လိုထင်လဲ။”

ရှောင်းယီက သူ့ကိုကြည့်ပြီး ပြန်မေးလိုက်သည်။

“ဟုတ်ကဲ့ပါဗျာ...။”

ဒူခန်းက ရှောင်းယီ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။

“တခြားလူတွေကော ဘယ်လိုလဲ။”

ရှောင်းယီက ဆက်မေးလိုက်သည်။

လူတိုင်းက သူတို့၏ အဆင့်များကို အစီရင်ခံလိုက်ကြပြီး လောလောဆယ်တွင် SS အဆင့်တွင် ရှိနေသော ကျန်းယွင်ထျန်းနှင့်ဒူခန်းတို့အပြင် နောက်ဆုံးတွင် အန်းရန်သည်လည်း SS အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

အန်းရန်သည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ရှောင်းယီ၏ အဆင့်မြှင့်တင်ရေးကတ် အကူအညီဖြင့် S အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ SS အဆင့်သို့ ရောက်ရှိရန် အချိန်အတော်ကြာ ယူခဲ့ရခြင်းဖြစ်သည်။

ထိုအရာကို ကြည့်ခြင်းအားဖြင့် အန်းရန်၏ ပါရမီမှာ ထူးထူးခြားခြား ကောင်းမွန်လှသည်မဟုတ်သော်လည်း ရှောင်းယီရှိနေသရွေ့ ပါရမီမရှိခြင်းမှာ ပြဿနာမဟုတ်ပေ။

ကျန်ရှိနေသော အဖွဲ့ဝင်များမှာမူ အားလုံး S အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ အချို့မှာ ယခုမှ ရောက်ရှိထားကြခြင်းဖြစ်ပြီး အချို့မှာမူ ရောက်နေသည်မှာ အတန်ကြာပြီဖြစ်သည်။

“အင်း...မဆိုးဘူး။ အားလုံးပဲ ဆက်ပြီး ကြိုးစားကြပါ။ S အဆင့် ရောက်ပြီးသွားရင် နောက်ပိုင်းမှာ တိုးတက်ဖို့က သိပ်မလွယ်တော့ဘူး။ ပိုပြီးမြန်မြန် တိုးတက်ချင်ရင် တိုက်ခိုက်ရေး အတွေ့အကြုံတွေ လိုအပ်လိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။ အားလုံးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

“အစ်ကိုကျန်း မင်း။ညစာစားပြီးရင် ရှေ့တန်းကို ချက်ချင်းပြန်မသွားနဲ့ဦး။ အရင်သွားနားလိုက်ပါ။”

ရှောင်းယီက ပြောလိုကါသည်။

“ငါ့တော့်ရဲ့ အကြောင်းကြားစာကို စောင့်နေ။”

“ဟုတ်ကဲ့။”

ညစာစားပြီးနောက် ရှောင်းယီ ဧည့်ခန်းတွင် ခဏထိုင်နေခဲ့သည်။ အန်းယွဲ့နှင့် ယွမ်နွန်တို့မှာလည်း ချက်ချင်းပြန်မနားကြသေးဘဲ အနားတွင်ထိုင်ကာ စကားစမြည် ပြောဖြစ်ကြသည်။

“အခု မသေမျိုးမျိုးနွယ်စုဆီက ဖိအားတွေ လျော့သွားတော့ အပန်းဖြေစခန်းရဲ့ လုပ်ငန်းတွေလည်း သိသိသာသာ ပြန်ကောင်းလာတယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“အင်း...ဒီမတိုင်ခင်က ဖိအားတွေက အရမ်းများခဲ့တာဆိုတော့ လူတွေလည်း အနားယူဖို့ လိုအပ်တယ်လေ။ အပန်းဖြေစခန်းရဲ့ စိတ်အပန်းပြေစေတဲ့ အစွမ်းက တကယ်ကို ထိရောက်တယ်။ တစ်ခေါက်သွားလိုက်ရုံနဲ့ လူတိုင်းရဲ့ စိတ်ဓာတ်ကို အကောင်းဆုံး အခြေအနေအထိ ပြန်ရောက်သွားစေနိုင်တယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ လန်ယုံရဲ့ စီးပွားရေး အခြေအနေကော ဘယ်လိုလဲ။”

“အရမ်းကောင်းပါတယ်။ ဒေသခံအင်အားစုတွေကလည်း မသေမျိုးမျိုးနွယ်စုကို တိုက်ခိုက်ရာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြတော့ လက်နက်အရောင်းအဝယ်က သိပ်သွက်နေတာပဲ။ သတ္တုရရှိမှုကလည်း အဆင်ပြေပေမဲ့ လိုအပ်တာထက်တော့ နည်းနည်း လိုနေသေးသလို ခံစားရတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ကျွန်းပေါ်က အရင်းအမြစ်တွေကို ကျုပ်တို့ကိုယ်တိုင်ပဲ ကြွယ်ဝအောင် ထပ်လုပ်ရမယ် ထင်တယ်။”

ရှောင်းယီက သက်ပြင်းချရင်း ဆိုလိုက်သည်။

“ဒါပေမဲ့ ငါတို့ မဟာမိတ်ကျွန်းပေါ်က အရင်းအမြစ်အားလုံးကို ရှာဖွေပြီးသား ဖြစ်နေပြီလေ။ ကျွန်းရဲ့ ဧရိယာကို ထပ်မချဲ့ဘူးဆိုရင်ပေါ့။”

အန်းယွဲ့က ပြန်ပြောလိုက်သည်။

“အင်း...အချိန်မရောက်သေးလို့ပါ။ အချိန်တန်ရင် ကျုပ်တို့ကျွန်းက အရမ်းကြီးမားလာလိမ့်မယ်။ အဲ့ဒီအခါကျရင် ကျွန်းစီမံခန့်ခွဲမှုကိစ္စတွေကို ထည့်သွင်းစဉ်းစားရတော့မှာမို့လို့ ခင်ဗျား ကြိုတင်ပြီး စဉ်းစားထားလို့ရတယ်။ အဲဒီအချိန်ကလည်း မကြာခင် ရောက်လာတော့မယ်။”

“ဟုတ်ကဲ့ပါ။”

အန်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

ရှောင်းယီပြောသော ‘အချိန်’ ဆိုသည်မှာ ဆုလာဘ်နှစ်ဆတိုးသည့် အခြေအနေကို ဆိုလိုခြင်းဖြစ်ကြောင်း အန်းယွဲ့နှင့် ယွမ်နွန်တို့ နှစ်ဦးစလုံး နားလည်ကြသည်။

ရှောင်းယီက ထိုနှစ်ဆတိုးသည့် အခြေအနေကို စတင်လိုက်သည်နှင့် လေပြာအင်ပါယာနှင့် ကောင်းကင်မိုးကြိုးမင်းဆက်တို့၌ စုဆောင်းထားသော အုတ်မြစ်ကျောက်များ ချက်ချင်း ရောက်ရှိလာမည်ဖြစ်သည်။ ထိုနှစ်ဆတိုးလာမည့် ဆုလာဘ်နှင့်ပေါင်းလိုက်လျှင် မဟာမိတ်ကျွန်း၏ အရွယ်အစားမှာ မည်မျှအထိ ကြီးမားသွားမည်ကို အန်းယွဲ့ပင် စိတ်ကူးမယဉ်ရဲတော့ပေ။

“လောင်ယွမ် ဒီက ဧရာမသီးနှံတွေရော ပျိုးထောင်ရတာ လွယ်ကူရဲ့လား။”

ရှောင်းယီက ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။

“ငါတို့ဆီမှာ SSS အဆင့်ရေတွေ အများကြီးရှိတာပဲ။ လုံးဝ စိတ်ပူစရာ မလိုပါဘူး။”

“ဆိုလိုတာက ကျုပ်တို့ဆီမှာ SSS အဆင့် ရေသာ မရှိရင် ဒီဧရာမသီးနှံကြီးတွေကို စိုက်ပျိုးနိုင်မှာ မဟုတ်ဘူးပေါ့ ဟုတ်လား။”

ရှောင်းယီက စပ်စုလိုက်၏။ ယွမ်နွန်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ သာမန်ရေက ဒီဧရာမသီးနှံကြီးတွေ ကြီးထွားဖို့ လိုအပ်တဲ့ စွမ်းအင်ကို တကယ်ပဲ မထောက်ပံ့ပေးနိုင်ဘူး။”

All Chapters