အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁)
ဒေါသထွက်ထွက်နှင့် ဈေးဝယ်စင်တာတစ်ခုလုံးကို ဝယ်လိုက်သည်
စကားပြောနေရင်း ပိန်ပိန်ပါးပါး လူငယ်သည် ကုဒ်ကိုဖတ်ကာ ငါးဖန်တိတိကို တုံ့ဆိုင်းခြင်းမရှိဘဲ ပေးချေလိုက် ပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
သို့သော် ထိုအချိန်တွင် လျန်ထျန်းက သူ့ကို လှမ်းခေါ်လိုက်လေသည်။
"အစ်ကို...၊ ခင်ဗျားပုံစံက တော်တော်လေး ရိုးသားမယ့်ပုံပဲ...။ ကျုပ်တို့ ဟိုတယ်မှာ လာအလုပ်လုပ်ပါလား...။ အလုပ်လုပ်တာ သေသပ်ရင် တစ်လကို လစာ တစ်ကျောင်ရမယ့်အပြင် စားစရိတ် နေစရိတ်ပါ ငြိမ်းတယ်...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ပိန်ပိန်ပါးပါး လူငယ်သည် အစပိုင်းတွင် မှင်တက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ပါ...၊ ဟုတ်ကဲ့ပါ...။ အခုလို အလုပ်အကိုင် အခွင့်အလမ်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင် ပါတယ်...။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်ခင်ဗျာ...။"
ထို့နောက် ဝမ်ချွမ်ကျန်း၏ စီစဉ်ပေးမှုဖြင့် မန်နေဂျာတစ်ဦးက ထိုပိန်ပိန်ပါးပါး လူငယ်ကို အလုပ်စတင်ရန် ခေါ်ဆောင်သွားခဲ့လေသည်။
လျန်ထျန်းက လုံးဝ သူစိမ်းတစ်ယောက်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးလိုက်သည်ကို မြင်သောအခါ ဖန်ကျီရှန် သည် ချက်ချင်းပင် အရှက်မရှိသော ဟန်ပန်ကို ဖမ်းလိုက်လေသည်။
"အစ်ကိုလျန်...၊ ကျွန်တော်လည်း အလုပ်လုပ်နိုင်ပါတယ်...။ ကျွန်တော့်အကြွေးတွေ ကြေသွားအောင် ဟိုတယ် မှာပဲ အလုပ်လုပ်ပေးရမလား...။"
"စဉ်းစားကြည့်လေ...၊ သူစိမ်းတစ်ယောက်ကိုတောင် စားစရိတ် နေစရိတ်ငြိမ်းပြီး လစာ တစ်ကျောင် ပေးနိုင် သေးတာပဲ...။ ကျွန်တော်တို့ ဆက်ဆံရေးနဲ့ဆိုရင် တစ်လကို နှစ်ကျောင်လောက် ပေးမယ်ဆိုရင်တောင် မများ လောက်ပါဘူး...။"
ဖန်ကျီရှန်၏ အရှက်မရှိသော်လည်း မျှော်လင့်နေသော မျက်နှာထားကို ကြည့်ကာ လျန်ထျန်းက အေးစက်စွာ နှာမှုတ်လိုက်လေသည်။
"မင်းကို လစာ တစ်လီတောင် မပေးနိုင်ဘူး...။"
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့...။ ကျန်နေတဲ့ သုံးကျောင်နဲ့ သုံးဖန်ကို မြန်မြန် ပေးစမ်း...။ မဟုတ်ရင် မင်းကို ဖမ်းဖို့ ရဲကို တကယ်ခေါ်လိုက်မှာ...။"
ထိုစကားကို ကြားသောအခါ ဖန်ကျီရှန်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး နောက်ဆုံးတွင် ဒူးထောက်ချ လိုက်ကာ လျန်ထျန်း၏ ခြေထောက်ကို ဖက်၍ ငိုယိုလေတော့သည်။
"မင်း အစ်ကိုကို ဒီလိုလုပ်လို့ မရဘူးလေ...၊ ငယ်ငယ်တုန်းကဆို ငါ့ရဲ့ စက်ဘီးကိုတောင် မင်းကို ပေးစီးခဲ့ဖူးသေး တာကို...။"
လျန်ထျန်းက သူ၏စကားကို ထပ်မံ ဖြတ်ပြောလိုက်လေသည်။
"ငယ်ငယ်တုန်းက မင်း ရေမြောင်းပုပ်ထဲ ကျတုန်းကလည်း ငါ ကယ်ခဲ့ဖူးသေးတယ်...။"
"စကားတွေ ရှည်မနေနဲ့...၊ မြန်မြန် ပိုက်ဆံရှင်း...။"
သို့သော် ဖန်ကျီရှန်၌ တကယ်ကို ပိုက်ဆံ မရှိသောကြောင့် လျန်ထျန်းသည် သူ့ကို ရဲတိုင်ကာ အဖမ်းခံခိုင်းလိုက် လေသည်။
ယေဘုယျအားဖြင့် စားသောက်ပြီးနောက် ငွေမရှင်းဘဲ ထွက်ပြေးခြင်းမှာ ဥပဒေကို ချိုးဖောက်ရာ ရောက်သော် လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်များသာ ကျခံရလေ့ရှိသည်။ သို့သော် တစ်စုံတစ်ဦးသည် ငွေမပေးနိုင် မှန်း သိလျက်နှင့် တမင်တကာ ဈေးကြီးသော အစားအသောက်များကို စားသုံးမည်ဆိုပါက ၎င်းသည် ကြီးလေး သော ပြစ်မှုအဖြစ် သတ်မှတ်ခံရပြီး လိမ်လည်မှု မြောက်နိုင်ပေသည်။
နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ဖန်ကျီရှန်သည် တရားမဝင် ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ဖြင့် ပေးချေနိုင်စွမ်း မရှိ မှန်း သိလျက်နှင့် သုံးကျောင်နှင့် သုံးဖန် တန်ဖိုးရှိသည့် အဆင့်မြင့် စားသုံးမှုကို ပြုလုပ်ခဲ့ကြောင်း ဆုံးဖြတ်လိုက် လေသည်။ သူ၏ လုပ်ရပ်များသည် လိမ်လည်မှု၏ အင်္ဂါရပ်များနှင့် ကိုက်ညီပြီး လိမ်လည်မှု ကျူးလွန်ကြောင်း ထင်ရှားနေပေသည်။ ထို့အပြင် သူ၏ ယခင် ရာဇဝတ်မှု မှတ်တမ်းများအရ သူ့ကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်ပြီး ထောင်ထဲတွင် ပညာပေးမှုများ ခံယူရန် နောက်ထပ် နှစ်အနည်းငယ် ထပ်မံ နေထိုင်ရဦးမည် ဖြစ်သည်။
မိမိ၏ ငယ်သူငယ်ချင်းကို ကိုယ်တိုင်ကိုယ်ကျ ထောင်ထဲသို့ ပို့လိုက်ရသဖြင့် လျန်ထျန်းသည် ဝမ်းနည်းမှု အပါ အဝင် ခံစားချက်များ ရောထွေးနေခဲ့သည်။ သို့သော် သူ နောင်တမရခဲ့ပေ။ အကြောင်းမှာ ထိုကဲ့သို့သော လူမျိုး ကို ထောင်ထဲသို့ ပို့ခြင်းကသာ ပိုမိုများပြားသော လူများအတွက် တာဝန်ယူရာ ရောက်သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူ့ကြောင့် နောက်ထပ် လူမည်မျှ လိမ်လည်လှည့်စားခံရမည်ကို မည်သူမျှ မသိနိုင်ပေ။
ရဲစခန်းတွင် စစ်ကြောမေးမြန်းခံရချိန်၌ ဖန်ကျီရှန်သည် အားလုံးကို ဝန်ခံခဲ့လေသည်။ အကယ်၍ ဤတစ်ကြိမ် သာ သူ အဖမ်းမခံရပါက သက်ကြီးရွယ်အိုများကို အဓိက ပစ်မှတ်ထားကာ နောက်ထပ် လိမ်လည်မှုတစ်ခု ပြု လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့်အကြိမ်ကလည်း ဤကိစ္စများကြောင့်ပင် အဖမ်းခံခဲ့ရခြင်းပင် ဖြစ်လေသည်။ သူသည် ရေတွက်၍ မရနိုင်သော သက်ကြီးရွယ်အိုများစွာ၏ တစ်သက်တာ စုဆောင်းငွေများနှင့် ပင်စင်လစာများကို လိမ်လည်ယူငင်ခဲ့လေသည်။
မည်သည့်နေရာမှ ရလာမှန်းမသိသော ထုတ်ကုန်များကြောင့်ပင် သက်ကြီးရွယ်အို အများအပြား ဖျားနာခဲ့ရပြီး အချို့ဆိုလျှင် မသန်မစွမ်း ဖြစ်သွားသည်အထိ ဆိုးရွားခဲ့ချေသည်။ သူသည် ကြွားလုံးထုတ်ကာ လူဂုဏ်တန် တစ်ဦးကဲ့သို့ ပြုမူနေထိုင်ပြီး အောင်မြင်နေသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ အခြားသူများကို လိုက်လံ လိမ်လည် နေခြင်းသာ ဖြစ်သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော လိမ်လည်သူများ မရေမတွက်နိုင်အောင် ရှိနေပြီး ယင်းတို့ကို အမှန်တကယ် အမြစ်ပြတ် ချေမှုန်းပစ်ရန် လိုအပ်လှပေသည်။
လျန်ထျန်းသည် ဤတာဝန်ကို ညွှန်ကြားရေးမှူးတန်ထံ လွှဲအပ်လိုက်သည်။ ညွှန်ကြားရေးမှူးတန်မှာလည်း ရာထူး တိုးရန် ပြင်ဆင်နေချိန်ဖြစ်ပြီး ရလဒ်ကောင်းများ ပြသရန် လိုအပ်နေသဖြင့် ဤကိစ္စမှနေ၍ စတင် ဆောင်ရွက် လေတော့သည်။
...
ထိုအချိန်မှစ၍ အချိန်အတန်ကြာသည်အထိ လျန်ထျန်းသည် နေ့စဉ် အစားအသောက် လိုက်ပို့သည့် သူ၏ ကျေနပ်စရာကောင်းသော ဘဝသို့ ပြန်လည်ရောက်ရှိသွားပြီး ထူးဆန်းသော ကိစ္စများနှင့် ထပ်မံ မကြုံတွေ့ရ တော့ပေ။ ဤနေ့သို့ ရောက်သောအခါ သူသည် အမှာစာတစ်ခုကို လက်ခံရရှိလိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်မိ လေသည်။
"အစားအသောက်ပို့တဲ့ ပလက်ဖောင်းကနေ ဇိမ်ခံပစ္စည်းတွေကို ဝယ်တဲ့လူတွေ တကယ်ရှိနေတာပဲ...။ ဒါဆိုရင် အဲ့ဒီတုန်းက ငါ လုပ်ခဲ့တာ စိတ်လိုက်မာပါ လုပ်ခဲ့တာ မဟုတ်ဘူးပေါ့...၊ တော်တော်လေး ကောင်းပါတယ်...၊ ကော်မရှင်ခကလည်း မနည်းဘူးပဲ...။"
လျန်ထျန်း တစ်ယောက်တည်း ရယ်မောကာ စကားပြောနေရခြင်းမှာ လွန်ခဲ့သော အချိန်အတန်ကြာက သူသည် ဈေးဝယ်စင်တာတစ်ခုသို့ အစားအသောက် သွားပို့ရာတွင် ဝင်ခွင့်မရဘဲ တားဆီးခံခဲ့ရသောကြောင့် ဖြစ်သည်။ ထိုဈေးဝယ်စင်တာသည် အယ်လ်မြို့တော်ရှိ အကြီးဆုံး ဇိမ်ခံပစ္စည်း ဈေးကွက်ဖြစ်ပြီး အမြဲတမ်း 'အဆင့်မြင့်' နေရာတစ်ခုအဖြစ် လူသိများလေသည်။ ယခင်က လျန်ထျန်းသည် ဤနေရာသို့ အစားအသောက်များ အကြိမ် အနည်းငယ် လာပို့ဖူးပြီး ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ဝင်ခွင့်ရခဲ့ပေသည်။
သို့သော် ထိုနေ့တွင်မူ ဈေးဝယ်စင်တာ၏ ဝင်ပေါက်တိုင်း၌ လုံခြုံရေးဝန်ထမ်းများ စောင့်ကြပ်နေပြီး အစား အသောက်ပို့သူ အားလုံးကို ဝင်ခွင့်မပြုဘဲ တားဆီးထားခဲ့သည်။ အစားအသောက်ပို့သူများက သူတို့ကို ငြင်းခုံ ကြသော်လည်း လုံခြုံရေးဝန်ထမ်းများမှာမူ မတတ်သာသည့်ဟန်ဖြင့် ပြန်လည် ဖြေရှင်းရုံသာ တတ်နိုင်ခဲ့သည်။
"ဒါက ဈေးဝယ်စင်တာရဲ့ စည်းမျဉ်းသစ်ပါ...၊ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး...။"
"အထက်က စီမံခန့်ခွဲသူတွေ ပြောတာက အစားအသောက်ပို့တဲ့သူ တစ်ယောက်ကို ဖမ်းမိရင် ကျွန်တော်တို့ အားလုံး တစ်နေ့စာ လစာ အဖြတ်ခံရမယ်တဲ့...၊ နှစ်ယောက် မိရင် လဝက်စာ လစာ အဖြတ်ခံရမယ်တဲ့...။"
ထိုထူးဆန်းသော စည်းမျဉ်းကို ကြားသောအခါ အစားအသောက်ပို့သူများမှာ ဒေါသထွက်သွားကြပြီး လုံခြုံရေး ဝန်ထမ်းများမှာလည်း ဘာမှ မလုပ်တတ်တော့ပေ။ သူတို့အားလုံးသည် ဝမ်းစာရေးအတွက် အပြင်ထွက် အလုပ် လုပ်နေကြရသူများဖြစ်ပြီး မည်သူကမျှ တစ်ပါးသူကို အခက်အခဲ မဖြစ်စေချင်ကြပေ။
လျန်ထျန်းသည် ဒေါသထွက်ထွက်နှင့် ယွမ်ရာဂဏန်း အနည်းငယ် အသုံးပြုကာ ဈေးဝယ်စင်တာ တစ်ခုလုံးကို ဝယ်ယူပစ်လိုက်ပြီး အစားအသောက်ပို့သူများကို ဝင်ခွင့်မပြုရန် စည်းမျဉ်းထုတ်ခဲ့သည့် အမှုဆောင်အရာရှိကို အလုပ်ထုတ်ပစ်လိုက်လေသည်။ ထိုမျှမက လျန်ထျန်းသည် အရှိန်လွန်သွားကာ ဈေးဝယ်စင်တာအတွင်းရှိ အမှတ်တံဆိပ်စုံလင်သော အကြီးဆုံး ဇိမ်ခံပစ္စည်းစတိုးဆိုင်ကြီးကိုပါ ဝယ်ယူမိခဲ့လိုက်လေသည်။
ထို့နောက် ထိုစတိုးဆိုင်ကို အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းပေါ်သို့ တင်ကာ ဇိမ်ခံပစ္စည်းများ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို စတင်လိုက်သည်။ ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များသည် မိမိကိုယ်ကိုယ် အဆင့်မြင့်သည်ဟု အမြဲတမ်း ယူဆထားကြသဖြင့် အစားအသောက်ပို့ဆောင်ရေးကဲ့သို့သော အဆင့်နိမ့် လမ်းကြောင်းများကို အဘယ်ကြောင့် အရေးစိုက်ကြမည်နည်း။
သို့သော် လျန်ထျန်း ဝယ်ယူခဲ့သော စတိုးဆိုင်မှာမူ ကွဲပြားခြားနားလေသည်။ ဤဆိုင်ကို အမှတ်တံဆိပ်စုံလင် သော ဇိမ်ခံပစ္စည်းစတိုးဆိုင်ဟု ခေါ်ဆိုနိုင်ခြင်းမှာ ၎င်းသည် အမှတ်တံဆိပ်တစ်ခုတည်းအတွက် ရောင်းချသည့် ကောင်တာ မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းအစား သူတို့သည် ရှားပါးပြီး တန်ဖိုးကြီးမားသော ဇိမ်ခံပစ္စည်း အမျိုးမျိုးကို ဝယ်ယူစုဆောင်းကာ ပြန်လည်ရောင်းချခြင်းဖြစ်ပြီး အမှတ်တံဆိပ်များ၏ ကန့်သတ်ချက်များကို ရှောင်လွှဲနိုင်လေသည်။ လွယ်လွယ်ပြောရလျှင် တစ်ပတ်ရစ် ဇိမ်ခံပစ္စည်းများကို ဆိုလိုခြင်း ဖြစ်သည်။
တစ်ပတ်ရစ် ဇိမ်ခံပစ္စည်းများကို အထင်မသေးလိုက်ပါနှင့်။ စုဆောင်းသိမ်းဆည်းထားနိုင်သော ဇိမ်ခံပစ္စည်း အများအပြား၊ အထူးသဖြင့် မော်ဒယ်ဟောင်းများသည် တစ်ခါတစ်ရံတွင် အသစ်များထက်ပင် တစ်ပတ်ရစ် များက ပို၍ ဈေးကြီးတတ်လေသည်။ အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသည့် ပစ္စည်းများစွာကဲ့သို့ပင် အချိန် ကြာလာသည်နှင့်အမျှ ၎င်းတို့မှာ ပို၍ တန်ဖိုးတက်လာတတ်ပေသည်။
မည်သို့ပင်ဖြစ်စေ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အချိန်ကြာလာသည် နှင့်အမျှ အချို့မှာ ပျက်စီးဆုံးရှုံးသွားပြီး ကျန်ရှိသည့် အရေအတွက် နည်းပါးလာလေလေ၊ ဈေးနှုန်းကလည်း သဘာဝကျကျ မြင့်တက်လာလေလေ ဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း အရာဝတ္ထုများမှာ ၎င်းတို့၏ ရှားပါးမှုကြောင့် တန်ဖိုးကြီးလာခြင်း ဖြစ်သည်။
လျန်ထျန်း ဝယ်ယူခဲ့သော တစ်ပတ်ရစ် ဇိမ်ခံပစ္စည်းစတိုးဆိုင်သည် ဈေးဝယ်စင်တာအတွင်း အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းအရေအတွက် အများဆုံးရှိသော ဆိုင်ဖြစ်ပြီး အကြီးဆုံးနှင့် အကျော်ကြားဆုံးလည်း ဖြစ်သည်။ သူသည် ဤဆိုင်ကို အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုအဖြစ် စတင်ခဲ့ခြင်းမှာ ငွေရှာရန် မဟုတ်ဘဲ သူ၏ ဒေါသများကို ဖြေဖျောက်ရန်သာ ဖြစ်တော့သည်။
"မင်းတို့က ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်ဖြစ်တော့ကော ဘာဖြစ်လဲ...၊ နောက်ဆုံးတော့လည်း ကုန်ပစ္စည်းတစ်ခုပဲ မဟုတ်ဘူးလား...။"
"မင်းတို့က ပိုပြီး အထင်သေးလေလေ...၊ မင်းတို့ ခေါင်းပေါ်ကနေ ကျော်ပြီး ပိုနင်းပြလေလေပဲ...။"
"အစားအသောက်ပို့တာ ဘာဖြစ်လဲ...၊ အစားအသောက်ပို့တဲ့ ပလက်ဖောင်းကနေ ဇိမ်ခံပစ္စည်းတွေကို စမ်းပြီး ရောင်းကြည့်မယ်...။ မင်းတို့ရဲ့ အထက်စီးဆန်တဲ့ ဂုဏ်သိက္ခာတွေ တကယ်ပဲ ပြုတ်ကျသွားမလားဆိုတာ ကြည့်ရ သေးတာပေါ့...။"
ထိုအဖြစ်အပျက်လေးကြောင့်ပင် လျန်ထျန်းသည် အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းများမှတစ်ဆင့် ဇိမ်ခံပစ္စည်းများကို ရောင်းချသည့် လမ်းကြောင်းသစ်ကို စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ပြန်လည်စဉ်းစားကြည့်ရာ မိမိကိုယ်ကို တကယ်ပင် စိတ်လိုက်မာပါ လုပ်ခဲ့မိကြောင်း သူ သဘောပေါက် သွားခဲ့ သည်။ အစားအသောက်ပို့ဆောင်ရေးမှတစ်ဆင့် ဇိမ်ခံပစ္စည်းများကို တကယ် ဝယ်ယူမည့်သူ ရှိပါမည်လား။ သို့သော် သူ၏ ကိုယ်ပိုင်စတိုးဆိုင်မှ အမှာစာတစ်ခုကို လက်ခံရရှိချိန်တွင်မူ သူ ပြုံးလိုက်မိလေသည်။
မျှော်လင့်မထားဘဲ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုမှတစ်ဆင့် ဇိမ်ခံပစ္စည်းများကို တကယ်မှာယူသူ ရှိလာခဲ့ပြီး တိုက်ဆိုင်စွာပင် ထိုအမှာစာကို သူ လက်ခံရရှိခဲ့သည်။ အစားအသောက်ပို့ဆောင်ရေးမှတစ်ဆင့် ဇိမ်ခံ ပစ္စည်းများကို ပထမဆုံးမှာယူသည့် ဖောက်သည်အား သိချင်စိတ် ပြင်းပြလာသဖြင့် လျန်ထျန်းသည် ဈေးဝယ် စင်တာဆီသို့ စကူတာလေးကို မောင်းနှင့်၍ ထွက်လာခဲ့လေသည်။ မကြာမီပင် ဈေးဝယ်စင်တာအနီးသို့ သူ ရောက်ရှိလာခဲ့၏။
ဤဈေးဝယ်စင်တာမှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားနေလေပြီ။ အထင်ရှားဆုံးအချက်မှာ အစားအသောက် ပို့သူများ၏ လျှပ်စစ်စကူတာများအတွက် သီးသန့် ကားပါကင်နေရာကို ပင်မဝင်ပေါက်အနီးတွင် သတ်မှတ်ပေး ထားခြင်းပင် ဖြစ်ပေသည်။
အစားအသောက်ပို့သူများ၏ လျှပ်စစ်စကူတာများအတွက် ဤသီးသန့် ကားပါကင်နေရာ ရှိလာခြင်းကြောင့် ပို့ဆောင်သူများသည် ဈေးဝယ်စင်တာအတွင်းသို့ ပိုမို လွယ်ကူလျင်မြန်စွာ အဝင်အထွက် ပြုလုပ်လာနိုင်ပြီး လျှပ်စစ်စကူတာများ စည်းကမ်းမဲ့ ရပ်နားခြင်း ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။ ပင်မဝင်ပေါက်တွင် အစား အသောက်ပို့သူများ အဆက်မပြတ် ဝင်ထွက်သွားလာနေသည်ကို တွေ့ရသဖြင့် ထိုနေရာတစ်ဝိုက်မှာ အလွန် စည်ကားနေလေတော့သည်။
စဉ်းစားကြည့်ပါက ဤမျှကြီးမားသော ဈေးဝယ်စင်တာကြီးထဲတွင် အလုပ်လုပ်နေသူ မည်မျှရှိသနည်း။ ၎င်းတို့ ထဲမှ မည်မျှက အစားအသောက် မမှာဘဲ နေမည်နည်း။ ဈေးဝယ်စင်တာတွင် ဈေးလာဝယ်သူများပင် အစား အသောက် မှာယူချင်ကြမည် မဟုတ်ပါလား။ ယခင်က အစားအသောက်ပို့သူများကို ဝင်ခွင့်မပြုသည့် စည်းမျဉ်း မှာ ပြဿနာရှာနေခြင်းသာ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း ဝင်ရောက်စွက်ဖက်ခဲ့မှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့လေသည်။
ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်ပြီးနောက် လျန်ထျန်းသည် သူ၏ စတိုးဆိုင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ သူ ဝင်သွားသည်နှင့် ကောင်တာနောက်ရှိ မိန်းကလေးတစ်ဦးက သူ့ကို နွေးထွေးစွာ နှုတ်ဆက် လိုက်လေသည်။
"သူဌေး...၊ ရောက်လာပြီလား...။"
ဤဆိုင်သည် လျန်ထျန်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော ဆိုင်ဖြစ်သောကြောင့် ဤနေရာရှိ ဝန်ထမ်း များသည် လျန်ထျန်းကို သိကြလေသည်။ လျန်ထျန်းက ခေါင်းညိတ်ပြကာ ပြုံး၍ ပြောလိုက်သည်။
"ရှောင်ယွဲ့...၊ စိတ်လှုပ်ရှားမနေပါနဲ့...။ ငါ ဒီနေ့ အလုပ်လာစစ်တာ မဟုတ်ပါဘူး...၊ မင်းက အလုပ်ကြိုးစားတယ် တာဝန်ယူမှုရှိပြီး ယုံကြည်ရလို့ မင်းကို ဆက်ထားခဲ့တာပါ...။"
"အလုပ်ခန့်ထားတဲ့သူကို ယုံကြည်ရမယ်၊ မယုံကြည်ရတဲ့သူကို အလုပ်မခန့်ရဘူးဆိုတာ ငါ အမြဲတမ်း ယုံကြည် တယ်...။ ဒါကြောင့် မင်း အရင်ကလိုမျိုး ထိတ်ထိတ်ပျာပျာနဲ့ သတိထားနေစရာ မလိုသလို အနိုင်ကျင့်ခံရမှာ ကိုလည်း ကြောက်နေစရာ မလိုပါဘူး...။"
လျန်ထျန်း ဤစတိုးဆိုင်ကို ဝယ်ယူစဉ်က အလွန်ပါးနပ်သော ဝါရင့်ဝန်ထမ်း အများအပြား ရှိခဲ့သည်။ သို့သော် သူတို့က လျန်ထျန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် လျန်ထျန်းမှာ အစားအသောက်ပို့သူ၏ ဝတ်စုံကို ဝတ်ဆင် ထားသောကြောင့် သူ့အား အထင်သေးခဲ့ကြသဖြင့် လျန်ထျန်းက သူတို့အားလုံးကို အလုပ်ထုတ်ပစ်ခဲ့လေသည်။
နောက်ပိုင်းတွင် လျန်ထျန်းက ဆိုင်ကိုဝယ်ယူလိုက်ပြီး ချမ်းသာသောသူဌေးတစ်ဦးဖြစ်မှန်း သိသွားကြသောအခါ ချက်ချင်းပင် လျန်ထျန်းအပေါ် သွေးဆောင်ဖြားယောင်းကာ လူမှုအဆင့်အတန်း မြင့်မားလာစေရန် အသုံးချ ချင်ခဲ့ကြသည်။
ရိုးသားပြီး အလုပ်ကြိုးစားသော တစ်ဦးတည်းသောသူမှာ ရှောင်ယွဲ့ဖြစ်ပြီး ဆိုင်ရှိ လက်တွေ့အလုပ်အများစုကို သူမတစ်ယောက်တည်း လုပ်ကိုင်ခဲ့ရကာ အခြား 'ဝါရင့်' ဝန်ထမ်းများကမူ သူမကို အမြဲ အနိုင်ကျင့်ခဲ့ကြသည်။ ထို့ကြောင့် လျန်ထျန်းသည် ရုပ်ရည်လေးသာရှိသည့် ထို 'ဝါရင့်' ဝန်ထမ်းအားလုံးကို အလုပ်ထုတ်ပစ်ခဲ့ပြီး လက်ရှိ တွင် ရှောင်ယွဲ့ကိုသာ ဆိုင်အား တစ်ယောက်တည်း စီမံခန့်ခွဲခိုင်းထားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဇိမ်ခံပစ္စည်းဆိုင်များမှာ ဖောက်သည် အရေအတွက် များပြားရန်ထက် အရည်အသွေး မြင့်မားသော ဖောက်သည်များသာ လိုအပ်လေသည်။ ရှောင်ယွဲ့အနေဖြင့် လတ်တလောတွင် တစ်ယောက်တည်း စီမံခန့်ခွဲနိုင်ပြီး နောက်ပိုင်းမှသာ သူမအတွက် ဝန်ထမ်းများ တဖြည်းဖြည်း ထပ်မံ စီစဉ်ပေးနိုင်သည်။
ရှောင်ယွဲ့သည် အလုပ်ကြိုးစားသော မိန်းကလေးဖြစ်ပြီး မည်သူကမျှ သူမကို လာရောက် အနိုင်မကျင့်နိုင်တော့ သဖြင့် ယခုလို ဆိုင်ကို တစ်ယောက်တည်း စီမံခန့်ခွဲရသည်ကိုပင် ပျော်ရွှင်နေလေသည်။ တစ်ခါတစ်ရံတွင် ကုန်ပစ္စည်း စာရင်းကောက်ရသည်မှာ ပင်ပန်းသော်လည်း လျန်ထျန်းက သူမကို လစာတိုးပေးထားသည်။ လစာ များများရမည်ဆိုပါက မည်သူမဆို အလုပ်ပိုလုပ်ချင်ကြမည်ဟု သူ ယုံကြည်ထားလေသည်။
လျန်ထျန်း၏ စကားကို ကြားသောအခါ ရှောင်ယွဲ့သည် ချိုသာစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလေသည်။
"ကျေးဇူးတင်ပါတယ် သူဌေး...။ ကျွန်မ ဆိုင်တွေအများကြီးမှာ အလုပ်လုပ်ဖူးပေမဲ့ သူဌေးကတော့ ကျွန်မ တွေ့ဖူးသမျှထဲမှာ တကယ်ကို အကောင်းဆုံးလူပါပဲ...။"
ရှောင်ယွဲ့၏ ရိုးသားလှိုက်လှဲသော ချီးကျူးစကားကို လျန်ထျန်းက ပြုံးရုံသာ ပြုံးကာ လက်ဝှေ့ယမ်း၍ တုံ့ပြန် လိုက်လေသည်။
"ဒါတွေ ပြောမနေပါနဲ့တော့...။ ငါ ဒီနေရာကို အရေးကြီးတဲ့ ကိစ္စရှိလို့ လာခဲ့တာ...၊ မင်းဆီကို အစားအသောက် ပို့တဲ့ အမှာစာ အသိပေးချက် ရောက်လာလောက်ပြီ...၊ ပစ္စည်းတွေ ပြင်ဆင်ပြီးပြီလား...။"
ထိုစကားကို ကြားသောအခါ ရှောင်ယွဲ့၏ လှပသော မျက်လုံးများမှာ အံ့သြမှုကြောင့် အနည်းငယ် ပြူးကျယ် သွားခဲ့လေသည်။
"ခုနက အစားအသောက် အမှာစာကို သူဌေးက လက်ခံလိုက်တာလား...။"
လျန်ထျန်းက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။
"အင်းလေ...၊ တိုက်ဆိုင်တယ် မဟုတ်ဘူးလား...။ ကိုယ့်ဆိုင်က အမှာစာကို ကိုယ်တိုင် ပြန်ပို့ရမှာ...။"
ရှောင်ယွဲ့၏ မျက်ခုံးနှင့် မျက်လုံးများမှာ ပြုံးရွှင်မှုကြောင့် ကွေးညွတ်သွားလေသည်။
"တော်တော်လေး တိုက်ဆိုင်တာပဲ...။ ဒါပေမဲ့ ကျွန်မ အမြဲတမ်း သိချင်နေခဲ့တာ...၊ သူဌေးက ဒီဈေးဝယ်စင်တာ တစ်ခုလုံးနဲ့ ဒီဆိုင်ကို ဝယ်နိုင်လောက်အောင် တအားချမ်းသာနေပြီကို ဘာလို့ အစားအသောက် လိုက်ပို့နေရ သေးတာလဲ...။"
ရှောင်ယွဲ့၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် လျန်ထျန်းက ခေါင်းကို ကုတ်လိုက်လေသည်။
"အာ...၊ အင်း...၊ အစားအသောက်ပို့တဲ့ အလုပ်နဲ့ပဲ ဘဝကို စတင်ခဲ့ရလို့ ကိုယ်လုပ်တဲ့အလုပ်အပေါ် သံယောဇဉ် ကြီးနေလို့နေမှာပေါ့...။"