အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃)
ရှင် တော်တော်ဆိုးတာပဲ ဒါပေမဲ့ ရှင့်ကို ကျွန်မ သဘောကျသွားပြီ
မူလက အပေါဆုံးစာရင်းဝင် တတိယမြောက် အိတ်မှာ လက်ခံနိုင်ဖွယ် ရှိသော်လည်း လျန်ထျန်းက ရှောင်ယွဲ့ကို ပို၍ ဈေးကြီးသော အိတ်များအား ထုတ်မပြစေခဲ့ပေ။
ထိုစကားကို ကြားသောအခါ လူမည်းက ခေါင်းကို ပြတ်သားစွာ ခါရမ်းလိုက်ပြီး ထပ်တလဲလဲ ပြောလိုက်လေ သည်။
"ဟင့်အင်း…၊ ဟင့်အင်း…။ ငါ အပေါဆုံးကိုပဲ လိုချင်တာ အဲ့ဒါကို မဟုတ်ဘူး...။"
လျန်ထျန်းက ပခုံးတွန့်လိုက်ကာ သူ၏ လက်ထဲရှိ အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူက တခြားအိတ်ကို အရမ်းအရုပ်ဆိုးတယ် ထင်လို့ ဒီအိတ်လေးကို ရွေးလိုက်တာလေ သူမက မင်းရဲ့ ချစ်သူ ဆိုတော့ သူမရဲ့ ရွေးချယ်မှုကို မင်း လေးစားသင့်တယ်လို့ ငါထင်တယ်...။"
လူမည်းက ဆက်လက် ခေါင်းခါရမ်းနေပြီး အလွန် ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။
"သူ ရွေးတာ မှားနေတယ် ငါ ဒီအိတ်အတွက် ပိုက်ဆံမပေးနိုင်ဘူး…။ သူမနဲ့က အပေါဆုံးအိတ်နဲ့ပဲ တန်တာမို့ အဲ့ဒီအတွက်ပဲ ငါ ပိုက်ဆံပေးမယ်...။"
"မင်းကို ငါ ပြောပြမယ် ငါ့မှာ လစဉ် ပညာသင်ဆုငွေတွေ အများကြီး ရတယ် ဒါပေမဲ့ မိန်းမတစ်ယောက်တည်း အပေါ်မှာ အကုန်မသုံးချင်ဘူး...။"
"ငါ့အတွက် ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် နောက်နောင် တခြားမိန်းမတွေကို အိတ်လာ ဝယ် ပေးတဲ့ အခါကျရင်လည်း မင်းရဲ့ဆိုင်ကိုပဲ ငါ ဆက်ရွေးချယ်မယ် နားလည်လား...။"
အကယ်၍ အခြား ဆိုင်ရှင်များသာ ထိုစကားများကို ကြားပါက နောင်အနာဂတ် စီးပွားရေးအတွက် လူမည်း၏ စည်းကမ်းချက်များကို လက်ခံသွားနိုင်ပေသည်။
ကံမကောင်းစွာဖြင့် ထိုစကားများကို ကြားခဲ့သူမှာ လျန်ထျန်း ဖြစ်နေလေသည် သူသည် ဒေါသမီးများ တောက် လောင်နေပြီဖြစ်ကာ ဤတစ်ကြိမ်တွင်မူ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
"ငါ့ကို မေးမယ်ဆိုရင်တော့ မင်းကို ရွေးချယ်ခဲ့တဲ့ သူမရဲ့ ရွေးချယ်မှုက မှားယွင်းနေတာပဲ...။"
"စောစောက ဖုန်းထဲမှာ မင်းပြောခဲ့တာတွေ အကုန်လုံးကို ငါ ကြားတယ် မင်းက နိုင်ငံခြားမှာ အဆင်မပြေလို့ လာနေတဲ့ အမှိုက်ကောင်သက်သက်ပဲ...။"
"ငါတို့ နိုင်ငံကို လာတယ်၊ ငါတို့ နိုင်ငံက ပိုက်ဆံတွေကို သုံးတယ်၊ ငါတို့ နိုင်ငံက မိန်းကလေးတွေနဲ့ တွဲတယ် ပြီးတော့ ငါတို့ကိုတောင် အထင်သေးဖို့ ကြိုးစားနေသေးတယ်...။"
သို့သော် လျန်ထျန်းက ဤနေရာသို့ ရောက်သည်နှင့် လူမည်းသည် နိုင်ငံခြားဖြစ်ဆိုလျှင် အသေအလဲ စွဲလမ်း နေသော သူ၏ဘေးမှ မိန်းကလေးထံသို့ ချက်ချင်း လှည့်ကာ မပီတပီ တရုတ်စကားဖြင့် ပြောလိုက်လေသည်။
"အချစ်လေး ဒါက အိတ်တုကြီး သွားကြစို့...။"
ထိုသို့ပြောပြီးနောက် သူသည် လက်ဖျောက်တီးလိုက်ကာ လှည့်ထွက်သွားရန် ပြင်လိုက်ပြီး မသိချင်ယောင် ဆောင်နေတော့သည်။
သို့သော် နိုင်ငံခြားဖြစ်ဆိုလျှင် အသေအလဲ စွဲလမ်းနေသော မိန်းကလေးမှာ အိတ်မဝယ်လိုက်ရသဖြင့် သူမ၏ ဒေါသများကို လျန်ထျန်းအပေါ် ပုံချကာ အော်ဟစ်လိုက်တော့သည်။
"ဟေး နေဦး၊ ဒီလောက်ကြီးတဲ့ဆိုင်က ဘယ်လိုလုပ်ပြီး အိတ်တုတွေ ရောင်းနေရတာလဲ…။ ပြီးတော့ ရှင်က နိုင်ငံခြားသားတွေကိုတောင် လိမ်နေသေးတယ် ရှင်က ငါတို့ နိုင်ငံကို အရှက်ခွဲနေတာပဲ...။"
ပေါက်ကွဲသွားလေပြီ။
နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးထံမှ ဤစကားက လျန်ထျန်း၏ ခံစားချက်များကို လုံးဝ ပေါက်ကွဲသွားစေခဲ့လေသည်။
"ငါတော့ တကယ်ကို သည်းမခံနိုင်တော့ဘူး...။"
လျန်ထျန်းက ဤစကားကို တိုးတိုးလေး အရင်ရေရွတ်လိုက်ပြီးနောက် တစ်စုံတစ်ရာ ပြောရန် လှည့်လာသော လူမည်းကို တားဆီးရန် ချက်ချင်း လက်လှမ်းလိုက်လေသည်။
"ပါးစပ်ပိတ်ထား…၊ ငါ ပြီးအောင် ပြောပါရစေဦး...။"
ချက်ချင်းပင် လျန်ထျန်းက နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးအား စကားတစ်လုံးချင်းစီဖြင့် လေးနက်စွာ ပြောဆိုလိုက်လေသည်။
"ပထမဆုံး အနေနဲ့ မင်း ဒီဆိုင်ထဲကို ဝင်လာကတည်းက ငါ့ဝန်ထမ်းတွေကို လေးစားမှု မပြခဲ့ဘူး...။"
"အထူးသဖြင့် မင်းရဲ့ လူမည်းချစ်သူပေါ့…။ ငါ့ဝန်ထမ်းက အီးဂဲလ်စကား မပြောတတ်ဘူးဆိုတာကို သူ သိသွား တဲ့အခါ ဘယ်လောက်တောင် ရိုင်းစိုင်းသွားလဲဆိုတာ မင်း သိရဲ့လား...။"
"ငါတို့ဆိုင်က တရုတ်နိုင်ငံမှာ ဖွင့်ထားတာဖြစ်ပြီး တရုတ်လူမျိုးတွေကို ဝန်ဆောင်မှုပေးဖို့ ဖွင့်ထားတာလေ ငါတို့က ဘာလို့ အီးဂဲလ်စကား ပြောရမှာလဲ...။"
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဆက်ပြောလေသည်။
"ဒုတိယ အချက်အနေနဲ့ သူက တရုတ်စကား ပြောတတ်ရက်နဲ့ ဘာလို့ အီးဂဲလ်စကားကိုပဲ အတင်းပြောနေရ တာလဲဆိုတာ မင်း သိလား…။ ပြီးတော့ အရောင်းဝန်ထမ်းကိုလည်း အီးဂဲလ်လို ပြောဖို့ အတင်းတောင်းဆိုတယ် မဟုတ်ရင် သူ ဘာမှမဝယ်ဘူးတဲ့လေ…။ ဘာလို့လဲ...။"
"ဘာဖြစ်လို့လဲဆိုတော့…၊ သူက မင်းကို အပေါဆုံးအိတ်ပဲ ဝယ်ပေးချင်တယ် ဆိုတဲ့အကြောင်းကို ငါ့ကို အီးဂဲလ် လို ပြောခဲ့ပြီး အပေါဆုံးအိတ်ကိုပဲ မင်းကို အကြံပြုပေးဖို့ ငါ့ကို တောင်းဆိုခဲ့လို့ပဲ...။"
"ပြီးတော့ သူက လှည့်ပြီး မင်းကို အဖိုးတန်ဆုံး အိတ်ကြီး ဝယ်ပေးထားတယ်လို့ တရုတ်လို ပြောတယ် သူ အချိန်တိုင်း လိမ်နေခဲ့တာ မင်း သိရဲ့လား...။"
"မင်းကို နားမလည်စေချင်လို့ သူက အီးဂဲလ်လို အတင်းပြောနေတာကို မင်းက သူ မင်းအပေါ် အရမ်းကောင်း တယ်လို့ မိုက်မဲစွာ ထင်နေတုန်းပဲလား...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးမှာ လုံးဝ မှင်တက် သွားခဲ့လေသည် သူမသည် စကားတစ်ခွန်းမျှ မဟသော်လည်း သူမ၏ မျက်လုံးများတွင် မယုံကြည်မှု အရိပ် အယောင်များ ရှိနေဆဲဖြစ်သည်။
လျန်ထျန်းက သူမကို လျစ်လျူရှုကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလေသည်။
"အဲ့ဒီနောက်မှာပဲ သူ ဖုန်းပြောနေခဲ့တယ်…။ မင်းက အပေါဆုံးအိတ်ကို မကြိုက်တဲ့အတွက် ဈေးနည်းနည်းပိုကြီး တဲ့ တခြားအိတ်နှစ်လုံးကိုပဲ ရွေးချယ်ဖို့ ငါ ပြသနိုင်ခဲ့တယ်...။"
"နောက်ဆုံးတော့ မင်း ရွေးလိုက်တဲ့ အိတ်က ငါတို့ဆိုင်မှာ အပေါဆုံးစာရင်းဝင် တတိယမြောက် အိတ်ဖြစ်ပြီး အပေါဆုံးအိတ်ထက် တစ်လီပဲ ပိုဈေးကြီးတာပါ...။"
"ဒါပေမဲ့ အဲ့ဒါတောင်မှ သူက မင်းကို ဝယ်မပေးဘဲ မင်းက အပေါဆုံးအိတ်ရဲ့ ဈေးနဲ့ပဲ တန်တယ်လို့ ပြောခဲ့တာ ပဲ...။"
လျန်ထျန်း စကားမဆုံးမီမှာပင် သူ၏ အကြံအစည်များ ပေါ်သွားသည်ကို မြင်သော လူမည်းက ဒေါသတကြီး လက်ခါပြလိုက်ပြီး အီးဂဲလ်လို ကျိန်ဆဲစကား အချို့ကို ရေရွတ်ကာ ပီတမပီ တရုတ်စကားဖြင့် ပြောလိုက်လေ သည်။
"ဒီနေရာမှာ လေပေါနေဖို့ အချိန်မရှိဘူး သွားပြီ...။"
သူသည် နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးကို စွန့်ပစ်ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားလေ တော့သည်။
ဆန့်ကျင်ဘက် အနေဖြင့် ဤအကြောင်းအရာများကို ကြားပြီးနောက်တွင်ပင် နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေ သော မိန်းကလေးမှာ သူမ၏ လူမည်းချစ်သူ ထွက်သွားမည့်အရေးကို တားဆီးရန် ကြိုးစားနေဆဲဖြစ်ရာ သနား စရာ ကောင်းလှပေသည်။
"ဟေး…၊ ဟေး…၊ အချစ်လေး…၊ အချစ်လေး...။"
အနီးတွင် ရပ်နေသော ရှောင်ယွဲ့က သူမကို နောက်သို့ ဆွဲယူလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေသည်။
"ကျွန်မ သူဌေး စကားပြောလို့ ပြီးပါစေဦး….။ တကယ်တော့ ကျွန်မ အီးဂဲလ်လို နားမလည်တာ မဟုတ်ပါ ဘူး...။"
"သူက ရှင် နားမလည်စေချင်ဘူးလို့ ချက်ချင်းပဲ ပြောလိုက်တော့ ကျွန်မ တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရပြီး နားမလည်ချင်ယောင် ဆောင်နေခဲ့တာပါ...။"
"ကျွန်မ ဒီနေရာမှာ အလုပ်လုပ်နေတာဆိုတော့ ရှင့်လို မိန်းကလေးတွေနဲ့ အိတ်လာဝယ်တဲ့ နိုင်ငံခြား ကျောင်း သားတွေကို အများကြီး တွေ့ဖူးပါတယ်...။"
"ကျွန်မက အဲ့ဒီ နိုင်ငံခြားသားတွေ ရှင့်ကို လိမ်ညာဖို့ တကယ်ပဲ မကူညီချင်လို့ပါ...။"
စကားပြောနေစဉ် ရှောင်ယွဲ့က လျန်ထျန်းကို အပြစ်ရှိသလို ကြည့်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ အရောင်းဝန်ထမ်းတစ်ဦးအနေဖြင့် သူမ၏ လုပ်ရပ်က ဆိုင်အတွက် စီးပွားရေးအချို့ကို ဆုံးရှုံးစေသည်မှာ သေချာလှပေသည်။
သို့သော် လျန်ထျန်းက သူမ၏ အပြစ်ရှိစိတ်ကို မြင်သောအခါ ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"ရှောင်ယွဲ့ မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး…။ ဆန့်ကျင်ဘက် အနေနဲ့ မင်းက အမြဲတမ်း အလုပ်ကို ကောင်း ကောင်း လုပ်ခဲ့တာပါ…။ ငါသာ မင်းနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပါ...။"
ဤသို့ ပြောပြီးနောက် လျန်ထျန်းက နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးအား တစ်ဖန် ပြန်ပြော လိုက်လေသည်။
"အရင်က ငါပြောခဲ့တာတွေက ငါ့ကို ပိုပြီး ဒေါသမထွက်စေခဲ့ဘူး…။ ငါ့ကို ပိုပြီး ဒေါသထွက်စေတာက ဘာလဲဆို တာ မင်း သိလား...။"
"စောစောက သူ ဖုန်းပြောနေတုန်းက သူ့ရဲ့ နိုင်ငံခြားသား သူငယ်ချင်းကို ဟိုမှာ အဆင်မပြေရင် တရုတ်ပြည်ကို လာဖို့ ပြောနေခဲ့တာ...။"
"တရုတ်ပြည်မှာ တရုတ်-နိုင်ငံခြား ကျောင်းသား အဖော်အစီအစဉ် ဆိုတာကို စတင်ထားပြီး တရုတ်မိန်းကလေး တွေကို သူတို့ကို ပြုစုစောင့်ရှောက်ဖို့နဲ့ မင်းဆွေမင်းမျိုးတွေလို ဆက်ဆံဖို့ စီစဉ်ပေးထားတယ်လို့လည်း ပြောနေ သေးတယ်...။"
"သူ ဆက်ပြောတာက သူ့မှာ မတူညီတဲ့ မိန်းကလေး အဖော် ရှစ်ယောက် ရှိပြီး သူတို့ကို မစွန့်ပစ်ခင် တစ်ယောက် ချင်းစီနဲ့ ပျော်ပါးခဲ့တယ်တဲ့…။ သူက အရမ်းကို ပျော်နေတာပဲ...။"
"သူ့ရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေ လာတဲ့အခါ တခြား မိန်းကလေးအချို့ကို သွားဖို့ စီစဉ်ပေးပြီး သူ့သူငယ်ချင်း တွေကိုပါ ကောင်းကောင်း ပျော်ပါးစေဖို့ သူ စီစဉ်ထားတယ်တဲ့...။"
"ဒါကြောင့် သူက ငါတို့ နိုင်ငံကို လုံးဝ လေးစားမှု မရှိသလို မင်းတို့ မိန်းကလေးတွေကိုလည်း ပိုပြီးတော့တောင် လေးစားမှု မရှိဘူးလို့ ငါ တကယ် ခံစားရတယ်...။"
"ပြီးတော့ မင်းက ခုလို ဖြစ်နေတာတောင် တရုတ်ပြည်ထက် နိုင်ငံခြားက လမင်းက ပိုသာတယ်လို့ ထင်နေတုန်း ပဲလား ဒါက တကယ်ပဲ အဓိပ္ပာယ် ရှိရဲ့လား...။"
နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးမှာ ဤအရာအားလုံးကို မှင်တက်စွာ နားထောင်နေခဲ့လေသည်။ ခေတ္တမျှ ကြာပြီးနောက် ဘာဖြစ်သွားသည်ကို သဘောပေါက်သွားသောအခါ သူမသည် ရုတ်တရက် စိတ်လွတ် သွားပြီး အခြားစကားတစ်ခွန်းကို ပြောလိုက်လေသည်။
"ဒါပေမဲ့ သူတို့က နိုင်ငံခြားသား သူငယ်ချင်းတွေလေ…၊ ပြီးတော့ ငါတို့ကလည်း ယဉ်ကျေးတဲ့ နိုင်ငံတစ်နိုင်ငံပဲ အဲ့ဒီလောက်ထိ ရန်လိုနေဖို့ လိုအပ်လို့လား...။"
"ငါတို့ ကျောင်းက အမြဲပြောတယ် ငါတို့ကိုယ်တိုင်အပေါ် တင်းကျပ်ပြီး တခြားသူတွေအပေါ် သက်ညှာရမယ်တဲ့ ပြည်တွင်းက ကျောင်းသားတွေက အဆောင်တွေမှာ နေရပြီး နိုင်ငံတကာ ကျောင်းသားတွေက ဇိမ်ခံအခန်းတွေ မှာ နေရတာလေ...။"
"သူတို့တောင် ဘာမှ မပြောကြတာ မင်းက ဘာလို့ သူတို့ဆီကနေ သင်ခန်းစာ မယူဘဲ နိုင်ငံခြားသား သူငယ် ချင်းတွေ အပေါ် ပိုပြီး သည်းမခံနိုင်ရတာလဲ...။"
ဤစကားများက လျန်ထျန်းကို ရယ်မောသွားစေသော်လည်း သူ၏ ရယ်မောသံတွင်မူ ဒေါသများ ပိုမို ပြည့်နှက် နေလေသည်။
"ဒါဆို မင်း စောစောက ပြောတာက မင်းရဲ့ အီးဂဲလ်စာ မကောင်းဘူး ဆိုတာပေါ့…၊ ကောင်းပြီလေ တရုတ်လူမျိုး တစ်ယောက်အနေနဲ့ မင်းက တရုတ်စာတော့ ကောင်းရမှာပေါ့ ဟုတ်တယ်မလား...။"
"မကောင်းတာကို ကောင်းတာနဲ့ တုံ့ပြန်ရင် ကောင်းတာကို ဘာနဲ့ တုံ့ပြန်မလဲ ဆိုတဲ့ စကားကို မင်း ကြားဖူး လား...။"
နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးက ခေါင်းခါလိုက်ပြီး သူမ၏ မျက်လုံးများတွင်မူ ရှင်းလင်းသော မိုက်မဲမှုများ တောက်ပနေလေသည်။
"မ…၊ မကြားဖူးဘူး...။"
လျန်ထျန်းက လေးနက်စွာ ပြောလိုက်လေသည်။
"ဒါဆို ငါ မင်းကို ဘာသာပြန်ပြမယ်…။ တကယ်လို့ မင်းက တခြားသူတွေဆီက လေးစားမှု မရဘဲ ဖားယားတဲ့ သူလို ဆက်လုပ်နေရင် မင်း ဘယ်တော့မှ လေးစားမှု ရမှာ မဟုတ်ဘူး...။"
"နိုင်ငံခြားသား သူငယ်ချင်းဆိုတာ ဘာလဲ…။ နိုင်ငံခြားသား သူငယ်ချင်းဆိုတာ မတူညီတဲ့ နိုင်ငံတွေက လူနှစ် ယောက်ပဲ…။ ငါက မင်းကို သူငယ်ချင်းလို ဆက်ဆံရင် မင်းကလည်း ငါ့ကို သူငယ်ချင်းလို ဆက်ဆံရမှာပေါ့...။"
"ငါက မင်းကို သူငယ်ချင်းလို ဆက်ဆံနေချိန်မှာ မင်းက ငါ့ကို အရူးလို ဆက်ဆံဖို့ မဟုတ်ဘူးလေ…။ သူက မင်း ကို အရူးလိုတောင် ဆက်ဆံတာ မဟုတ်ဘူး…။ မင်းက သူ အသုံးချပြီးရင် စွန့်ပစ်ချင်တဲ့ အမှိုက်သက်သက်ပဲ...။"
"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းမှာ အခု ကြီးမားတဲ့ အထင်အမြင်လွဲမှားမှု ရှိနေတယ်..။ နိုင်ငံခြားက တင်သွင်း တဲ့ ပစ္စည်းတွေက ကောင်းတယ်၊ ပြီးတော့ နိုင်ငံခြားသားတွေ အားလုံးက ထူးချွန်တယ် ဆိုတာမျိုးပေါ့...။"
"နိုင်ငံခြားသား အများစုက သူတို့ နိုင်ငံတွေမှာ အဆင်မပြေဖြစ်ပြီးမှ ငါတို့ နိုင်ငံကို လာလိမ်ဖို့နဲ့ ကံစမ်းဖို့ လာကြ တာ ဆိုတာကို လူတွေ သိပ်မသိကြဘူး...။"
"ဒါပေမဲ့ မင်းတို့လို လူတွေက သူတို့ကို အဖိုးတန် ပစ္စည်းတွေလို ဆက်ဆံနေကြတယ်…။ မင်းလည်း အဲ့ဒီလိုပဲ ပြီးတော့ မင်းရဲ့ ကျောင်းကလည်း အဲ့ဒီလိုပဲ။ အဲ့ဒါက တရုတ်လူမျိုးတွေဖြစ်တဲ့ ငါတို့ကို တကယ်ပဲ အရှက်ရစေ တာပဲ...။"
ထိုအရာအားလုံးကို ပြောပြီးနောက် လျန်ထျန်းမှာ အနည်းငယ် အမောဆို့သွားလေသည် သူသည် တည်ငြိမ်သွား စေရန် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ပြောစရာစကား မရှိတော့သော နိုင်ငံခြားကို
ကိုးကွယ်သည့် မိန်းကလေးအား နောက်ဆုံးအနေဖြင့် ပြောလိုက်လေသည်။
"တရုတ်လူမျိုး တစ်ယောက်အနေနဲ့ နိုင်ငံခြားက အရာရာတိုင်းက ပိုကောင်းတယ်လို့ ထင်ပြီး သူတို့ကို မျက်ကန်း ယုံကြည် ဖားယားနေမယ့် အစား မင်း ဂုဏ်ယူဝင့်ကြွားသင့်တယ်...။"
"တကယ်တော့ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးနဲ့ အိမ်ထောင်ရေး များစွာဟာလည်း လေးစားမှုနဲ့ ကောင်းချီး ပေးမှုတွေကို ရရှိနိုင်ပါတယ်…။ ဒါပေမဲ့ အပြန်အလှန် လေးစားမှုဆိုတဲ့ အခြေခံပေါ်မှာပဲ ရနိုင်တာပါ...။"
"မျက်နှာပန်းလှဖို့ ဒါမှမဟုတ် ထူးခြားနေဖို့အတွက် နိုင်ငံခြားက အမှိုက်တွေမှာ မင်းရဲ့ ပိုက်ဆံတွေကို အလဟဿ မဖြုန်းတီးပါနဲ့…၊ ငါတို့ နိုင်ငံက အခုဆို ခိုင်မာတောင့်တင်းနေပြီ ဖြစ်သလို ငါတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ် ကိုယ် လေးစားမှု ရှိသင့်တယ်...။"
"ဒီအရာတွေက မင်းအတွက် ငါ့ရဲ့ အကြံဉာဏ်တွေပါပဲ…၊ တကယ်လို့ မင်း နားမလည်သေးဘူး ဆိုရင်တော့ ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး...။"
"အခု မင်းရဲ့ လူမည်းချစ်သူ နောက်ကို လိုက်သွားရင် သူ့ကို ပြန်ရနိုင်ပါသေးတယ်…၊ သွားလိုက်ပါ…၊ သွားလိုက် ပါ...။"
နောက်ဆုံးတွင် လျန်ထျန်း၏ အသံမှာ ထိုနိုင်ငံခြားကို ကိုးကွယ်သည့် မိန်းကလေးအား ဆိုင်ထဲမှ နှင်ထုတ်နေ သည့်အလား ပင်ဖြစ်ချေသည်။
နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးမှာ မလှုပ်မယှက် ရပ်နေလေသည် သူမ သဘောပေါက်သွား ခြင်းလား သို့မဟုတ် လျန်ထျန်း၏ စကားများကြောင့် မှင်တက်သွားခြင်းလား ဆိုသည်မှာမူ မသေချာပေ။
ခေတ္တမျှ ကြာပြီးနောက် သူမသည် ရုတ်တရက် တောက်ပသော မျက်လုံးများဖြင့် လျန်ထျန်းကို ကြည့်လိုက်ပြီး နောက် ဘေးရှိ ရှောင်ယွဲ့ထံသို့ လှည့်ကာ မေးလိုက်လေသည်။
"သူက ဒီဆိုင်ရဲ့ ပိုင်ရှင်လို့ မင်း ပြောနေတာ မင်း ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား...။"
ရှောင်ယွဲ့မှာ သူမ ဘာကြောင့် ထိုသို့ ရုတ်တရက် မေးရသနည်းကို နားမလည်သော်လည်း သူမသည် မစဉ်းစားဘဲ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ဆဲဖြစ်သည်။
"ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ပါဘူး…။ သူက တကယ်ပဲ ငါတို့ဆိုင်ရဲ့ ပိုင်ရှင်ပါ၊ ဒါတင်မကဘူး လွန်ခဲ့တဲ့ အချိန်ခဏကပဲ သူ ဒီဈေးဝယ်စင်တာ တစ်ခုလုံးကို ဝယ်လိုက်တာပါ...။"
ထိုစကားကို ကြားသောအခါ နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးက လျန်ထျန်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ပို၍ပင် တောက်ပနေလေသည်။
သူမ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ လျန်ထျန်းမှာ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစား လိုက်ရပြီး အလိုအလျောက် ခြေတစ်ဝက်ခန့် နောက်ဆုတ်ကာ ပြောလိုက်လေသည်။
"ဘာလို့ ငါ့ကို အဲ့ဒီလို လာကြည့်နေရတာလဲ...။"
နောက်တစ်စက္ကန့်တွင် နိုင်ငံခြားဖြစ်ဆိုလျှင် ဖားယားတတ်သော မိန်းကလေးက သူနှင့် ခြေတစ်လှမ်း ပိုနီးကပ် လာပြီး သူမ၏ မိတ်ကပ် အထူကြီး လိမ်းထားသော မျက်နှာပေါ်တွင် အိပ်မက်ဆိုးတစ်ခုကဲ့သို့ အပြုံးတစ်ခု ပေါ်လာလေသည်။
"ရှင် ကျွန်မကို သဘောကျနေတယ် မဟုတ်လား…။ ရှင် ကျွန်မကို သေချာပေါက် သဘောကျနေတာပဲ ဖြစ်ရ မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ချက်ချင်း မှင်တက်သွားလေသည်။
"အာ...၊ ဟမ်...။"
နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးက သူ့ကို လျစ်လျူရှုကာ ထူးဆန်းစွာ ယုံကြည်မှုရှိသော အပြုံး ဖြင့် ဆက်ပြောလေသည်။
"ရှင် ကျွန်မကို သဘောကျနေတာ ဖြစ်ရမယ်…၊ မဟုတ်ရင် စောစောက ဘာလို့ ကျွန်မကို စကားတွေ အများကြီး လာပြောနေရမှာလဲ...။"
"ကျွန်မရဲ့ အီးဂဲလ် ချစ်သူနဲ့ လမ်းခွဲဖို့ ရှင် ဒီလောက်ထိ ဒုက္ခခံပြီး လုပ်ခဲ့တာ၊ ရှင် တစ်ခုခုကို လိုချင်နေလို့ပဲ မဟုတ် လား ရှင် တော်တော်ဆိုးတာပဲ…။ ဒါပေမဲ့ ရှင့်ကို ကျွန်မ သဘောကျသွားပြီ…၊ ဟီးဟီး...။"