← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄)

အလျှော့ပေးမလား၊ ပြန်လည်ခုခံမလား

"ရှင်က ဒီဆိုင်နဲ့ ဒီဈေးဝယ်စင်တာကို ပိုင်တာဆိုတော့ ရှင့်ကို ကျွန်မ ခွင့်လွှတ်လိုက်မယ်…။ ကျွန်မ ရှင့်ချစ်သူ လုပ်ဖို့လည်း သဘောတူတယ်…၊ ရှင် လုပ်ရမှာက ကျွန်မကို အိတ်နည်းနည်းလောက် ထပ်ပေးဖို့ပဲ...။"

နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော ထိုမိန်းကလေး၏ စကားများမှာ ပို၍ပို၍ အဓိပ္ပာယ်မဲ့လာလေရာ လျန်ထျန်း မှာ လုံးဝ မယုံနိုင်လောက်အောင်ပင် စကားများ ဆွံ့အသွားရလေသည်။

"မင်းကို ငါက သဘောကျတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ…။ မင်း ဘာဖြစ်နေတာလဲ…၊ ငါက မင်းအပေါ် ဘာခံစားချက်မှ မရှိဘူး...။"

လျန်ထျန်း၏ ငြင်းဆန်မှုကို ရင်ဆိုင်ရသောအခါ နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးက ခေါင်းခါပြ လိုက်လေသည်။

"မဖြစ်နိုင်ဘူး…၊ လုံးဝ မဖြစ်နိုင်ဘူး…။ ရှင် ကျွန်မကို သဘောမကျဘူးဆိုရင် ဘာလို့ ကျွန်မရဲ့ အီးဂဲလ် ချစ်သူနဲ့ လမ်းခွဲအောင် လုပ်ခဲ့တာလဲ...။"

"ရှင် ကျွန်မကို သဘောကျတယ်လို့သာ ဝန်ခံလိုက်ပါ…။ ကျွန်မလို လှတဲ့ မိန်းကလေးတစ်ယောက်က ရှင့်ချစ်သူ ဖြစ်ဖို့ သဘောတူတယ်ဆိုတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲလေ...။"

လျန်ထျန်းမှာ စိတ်ပျက်လွန်း၍ မျက်နှာပုပ်သွားကာ ပြတ်သားစွာ ပြောလိုက်လေသည်။

"ငါ ပြောပြီးပြီလေ…၊ ငါ မင်းအပေါ် လုံးဝ ဘာခံစားချက်မှ မရှိဘူးလို့...။"

"အရင်က မင်းကို စကားတွေ အများကြီး ပြောခဲ့ရတဲ့ အကြောင်းရင်းက အဲ့ဒီ နိုင်ငံခြားအမှိုက်ကောင်ကို သည်းမခံနိုင်လို့ သက်သက်ပဲ…၊ မင်းကို သဘောကျခြင်း မကျခြင်းနဲ့ လုံးဝ မသက်ဆိုင်ဘူး...။"

"မဟုတ်ဘူး…။ ငါ မင်းကို သဘောကျတယ်ဆိုတာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားလို့ ပြောရမယ်…။ ငါ့မှာ ချစ်သူ ရှိတယ်…၊ ပြီးတော့ သူမက မင်းထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုကောင်းတယ်...။"

နိုင်ငံခြားဖြစ်ဆိုလျှင် စွဲလမ်းနေသော မိန်းကလေးမှာ အရူးဟန်ဆောင်ကာ နားမလည်ချင်ယောင် ဆောင်နေဆဲ ဖြစ်လေသည်။

"ဝိုး…၊ ဒါဆို ရှင်က ကျွန်မကို ရှင့်ရဲ့ တိတ်တိတ်ပုန်း အငယ်အနှောင်း လုပ်စေချင်တာလား…။ ဒါလည်း ရပါတယ် ရှင် ကျွန်မကို အိတ်တစ်လုံး ပေးသရွေ့ပေါ့...။"

ဤအချိန်တွင်မူ လျန်ထျန်း အသေအချာ သဘောပေါက်သွားလေပြီ။

ဤမိန်းကလေးသည် လောဘကြောင့် လုံးဝ မျက်ကန်းဖြစ်နေလေပြီ…။ အစောက လူမည်းပဲဖြစ်ဖြစ်၊ ယခု သူ့ အပေါ် ရုတ်တရက် ပြောင်းလဲသွားသော သဘောထားပဲဖြစ်ဖြစ်၊ အားလုံးက လောဘကြောင့်သာ ဖြစ်ပေသည်။

အရာအားလုံးမှာ ဇိမ်ခံလက်ကိုင်အိတ် တစ်လုံးအတွက်သာ ဖြစ်သည်။ သူမ၏ တန်ဖိုးထားမှု အားလုံးသည် ဤ အိတ်တစ်လုံးနှင့်သာ ချိတ်ဆက်နေသည့်အလား ပင်ဖြစ်ရာ အလွန် သနားစရာ ကောင်းလှပေသည်။

လျန်ထျန်းသည် သူမနှင့် အချိန်မဖြုန်းလိုတော့သဖြင့် ဈေးဝယ်စင်တာမှ လုံခြုံရေးများကို ခေါ်ကာ သူမအား ဈေးဝယ်စင်တာထဲမှ နှင်ထုတ်ခိုင်းလိုက်လေတော့သည်။

ထိုအချိန်တွင် ပို့ဆောင်ရမည့် ပါဆယ်ထုပ်မှာ ပလတ်စတစ်ဖြင့် လုံးဝ ထုပ်ပိုးပြီးစီးသွားခဲ့လေပြီ။ လျန်ထျန်းက အချိန်ကိုစစ်ဆေးလိုက်ပြီး ပို့ဆောင်ရန် အမြန် ယူဆောင်သွားလိုက်လေတော့သည်။

ပထမဆုံး ဇိမ်ခံလက်ကိုင်အိတ် ပို့ဆောင်မှုမှာ အောင်မြင်စွာ ပြီးစီးသွားခဲ့သည် ဖောက်သည်မှာ မြို့ပြအိမ်ရာ တစ်ခုတွင် နေထိုင်သော အလွန် ကျက်သရေရှိသည့် လူငယ်အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

ပါဆယ်ထုပ်ကို ဖွင့်ကာ ပစ္စည်းများကို နေရာတကျ စစ်ဆေးပြီး အားလုံးမှန်ကန်ကြောင်း အတည်ပြုပြီးနောက် ထိုအမျိုးသမီးငယ်က လျန်ထျန်းကို အခက်တွေ့အောင် မလုပ်ဘဲ အပြစ်မရှာဘဲ ကြယ်ငါးပွင့် မှတ်ချက်ပင် ပေးခဲ့ သေးသည်။

အိမ်အပြန်လမ်းတွင် လျန်ထျန်းမှာ သူ၏ အတွေးများနှင့်သူ ငြိမ်သက်နေမိလေသည်။

*ဇိမ်ခံပစ္စည်းတွေ ပို့ဆောင်ရတာက တကယ်ကို ကောင်းတဲ့ လုပ်ငန်းတစ်ခုလိုပဲ..၊ ပြီးတော့ အနာဂတ်မှာ ဒီစီးပွား ရေးကို ငါတို့ ချဲ့ထွင်နိုင်ကောင်း ချဲ့ထွင်နိုင်မယ်...။*

*ဒါပေမဲ့ ဒီနိုင်ငံခြား အမှတ်တံဆိပ်တွေကို ခြေလှမ်းတစ်ခုအနေနဲ့ အသုံးပြုဖို့ စဉ်းစားသင့်ပြီး၊ အနာဂတ်မှာ ပြည်တွင်းဖြစ် အမှတ်တံဆိပ်တွေ ပိုမို ဖွံ့ဖြိုးတိုးတက်လာဖို့ အာရုံစိုက်သင့်တယ်...။*

*မဟုတ်ရင် နိုင်ငံခြားသားတွေကို ဖားယားပြီး ကိုယ့်နိုင်ငံကို သစ္စာဖောက်ကာ နိုင်ငံခြားသားတွေကို ချီးကျူးရင်း ကိုယ့်လူတွေကို အထင်သေးတဲ့သူတွေ အမြဲတမ်း ရှိနေလိမ့်မယ်…။ သူတို့က ဒူးထောက်ရတာ ကြာလွန်းလို့ မတ်တပ်မရပ်နိုင်တော့တာလား...။*

*ငါတို့က လွန်ခဲ့တဲ့ အချိန်ကတည်းက မတ်တပ်ရပ်ခဲ့သင့်တာ၊ ငါတို့က ဒူးတောင် မထောက်နိုင်တော့တဲ့အထိ အကြာကြီး မတ်တပ်ရပ်နေသင့်တယ်...။*

အတိတ်က လျန်ထျန်းတွင် ဤအရာများကို စဉ်းစားရန် စွမ်းရည် သို့မဟုတ် ခွန်အား မရှိခဲ့သော်လည်း ယခု သူ့တွင် စွမ်းရည်ရှိလာပြီ ဖြစ်ရာ မြင့်မားသော ရည်မှန်းချက်များနှင့် ဦးတည်ချက်များစွာလည်း ရှိလာခဲ့လေပြီ။

သို့သော် ဤမြင့်မားသော ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို အောင်မြင်ရန်အတွက် ခရီးရှည်ကြီးတစ်ခု တွင် ပထမဆုံး ခြေလှမ်းကို လှမ်းရန် လိုအပ်သေးသည် လက်တွေ့ကျကျနှင့် လုံ့လဝီရိယရှိရှိ...၊ အစားအသောက် များကို သွားပို့ရမည်ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ လျန်ထျန်းသည် ထူးဆန်းသော ကိစ္စရပ်များနှင့် မကြုံတွေ့ခဲ့ရသော်လည်း အချိန် အတန်ကြာ ကိန်းအောင်းနေခဲ့သော ပြဿနာတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့လေတော့သည်။

ထိုနေ့တွင် အချိန်အတော်ကြာ အဆက်အသွယ် မလုပ်ဖြစ်ခဲ့သော ဟယ်ရှန့်က ရုတ်တရက် မက်ဆေ့ချ်တစ်ခု ပို့လာခဲ့လေသည်။ မက်ဆေ့ချ်ထဲတွင် ရေးထားသည်မှာ…၊

[အက်စ်မြို့တော်က ရှီမိသားစုဟာ နောက်တစ်လနေရင် သူတို့ကျင်းပမယ့် စက်မှုလုပ်ငန်းဆိုင်ရာ ညီလာခံ တစ်ခုကို တက်ရောက်ဖို့ ကျွန်မတို့ကို ဖိတ်ကြားထားတယ်...။]

[တကယ်လို့ ကျွန်မတို့ မသွားဘူးဆိုရင် ရှီမိသားစုက အယ်လ်မြို့တော်နဲ့ အိတ်ချ်မြို့တော်မှာ ကျွန်မတို့ကို ဖြုတ်ချ ဖို့ သူတို့ရဲ့ အရင်းအမြစ်တွေ အားလုံးကို အသုံးပြုလိမ့်မယ်လို့တောင် သူတို့က ပြောထားသေးတယ်...။]

[ဒီတစ်ကြိမ် သူတို့ နောက်နေပုံမရဘူး…၊ ငါတို့ ဘာလုပ်ကြမလဲ...။]

မက်ဆေ့ချ်ကို ဖတ်ပြီးနောက် လျန်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ သူ၏ အတွေးများ ရှုပ်ထွေး သွားခဲ့လေသည်။

ရှီမိသားစုနှင့် နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။

ထိုအချိန်က အယ်လ်မြို့တော်ရှိ ဈေးကွက်ကို သိမ်းပိုက်ရန် ယွမ် (၁၀,၀၀၀) ဖြင့် ရောက်လာခဲ့သူမှာ ရှီမိသားစု၏ စတုတ္ထမြောက် သခင်လေး ရှီစီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ အရင်က ဖော်ပြခဲ့သည့်အတိုင်း ဟယ်ရှန့် လုပ်ကိုင်နေသော လုပ်ငန်းသည် ပေါ်ထွန်းစ စက်မှု လုပ်ငန်းတစ်ခု ဖြစ်နေဆဲဖြစ်သော်လည်း ၎င်းတွင် ကြီးမားသော အလားအလာရှိပြီး အနာဂတ်တွင် ကြီးမား သောအောင်မြင်မှုတစ်ခုကို ရရှိနိုင်ပေသည်။

မည်သူမဆို ဤစက်မှုလုပ်ငန်းတွင် စောစီးစွာ ခြေကုပ်ယူနိုင်ပြီး ဦးဆောင်နေရာတစ်ခုကို ရယူနိုင်ပါက ယူနီကွန်း ကုမ္ပဏီတစ်ခု ဖြစ်လာရန် အလွန်ပင် ဖြစ်နိုင်ချေရှိလေသည်။

ဤအကြောင်းကို သေချာ မသိသေးပါက လွန်ခဲ့သော နှစ်ပေါင်းများစွာက အငှားယာဉ်ခေါ်ဆိုသည့် အက်ပ်များ၊ အစားအသောက် ပို့ဆောင်ရေး အက်ပ်များနှင့် လူထုစုပေါင်း ဝယ်ယူမှုများကို ရည်ညွှန်းနိုင်သည်။

သူတို့အားလုံးသည် အလားအလာရှိသော စက်မှုလုပ်ငန်းသစ်တစ်ခုကို မြင်တွေ့ခဲ့ကြပြီး ပြင်းထန်သော စျေးနှုန်း စစ်ပွဲကို စတင်ခဲ့ကြကာ တစ်ဦးချင်းစီက ဈေးကွက်ကို ပိုမိုမြန်ဆန်စွာ သိမ်းပိုက်လိုခဲ့ကြသည်။

အထူးသဖြင့် အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းတွင် အယ်လာမာ အမည်ရှိ ဤယူနီကွန်း ကုမ္ပဏီသည် သွေးထွက်သံယို တိုက်ပွဲတစ်ခုမှ တကယ်ကို ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော 'အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းရှိ အုပ်စုတစ်ရာ တိုက်ပွဲ' အကြောင်းကို ယနေ့တိုင် စီးပွားရေးလောကတွင် ပြောဆိုနေကြဆဲဖြစ်သည်။

နောက်ဆုံးတွင် ဤအရာက အယ်လာမာ ကုမ္ပဏီ၏ လွှမ်းမိုးနိုင်သော အနေအထားကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏ ဈေးကွက်တန်ဖိုးမှာ တစ်ချိန်က အံ့မခန်းစရာကောင်းလောက်အောင် ထရီလီယံနှစ်ခုအထိ ရောက်ရှိခဲ့လေသည်။ သေချာသည်ကတော့ ဤကိန်းဂဏန်းသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးကျဆင်းမှု မတိုင်မီက ဖြစ်သည်။

ယခု ဈေးကွက်တန်ဖိုးသည် သင့်လျော်သော အဆင့်တစ်ခုသို့ ပြန်လည်ရောက်ရှိလာလျှင်ပင် ၎င်းသည် တစ်ထရီ လီယံ ဝန်းကျင်တွင် ရှိနေမည်ဖြစ်သည်။ လက်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး ကျဆင်းခြင်း ဖြစ်ပေါ်နေသော ယနေ့ခေတ် ကမ္ဘာကြီးတွင်ပင် ၎င်းသည် ယွမ်တစ်သန်းအထိ မြင့်မားနိုင်ပေသည်။

လျန်ထျန်းတွင် အယ်လာမာ ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် ရည်မှန်းချက်တစ်ခု ရှိသည်။ အစားအသောက် ပို့ဆောင်ခြင်းအပေါ် သီးသန့် အားကိုးခြင်းဖြင့် ဤရည်မှန်းချက်ကို အောင်မြင်ရန် (၇) နှစ်၊ (၈) နှစ် သို့မဟုတ် (၁၀) နှစ်အထိပင် အချိန်ယူရနိုင်သည်။

စီးပွားရေးလုပ်ငန်း အချို့တွင် ရင်းနှီးမြှုပ်နှံပြီးနောက် စီးပွားရေးသည် ငွေကြေးတိုးပွားရန် အမြန်ဆုံးနည်းလမ်း ဖြစ်ကြောင်း လျန်ထျန်း သဘောပေါက်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် ကုမ္ပဏီများစွာ၌ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

အထူးသဖြင့် ဟယ်ရှန့်၏ ကုမ္ပဏီသည် လျန်ထျန်း မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသည့် ကုမ္ပဏီဖြစ်ရာ ဟယ်ရှန့်၏ ကုမ္ပဏီ ပြဿနာ ကြုံတွေ့ရသောအခါ လျန်ထျန်းကိုယ်တိုင် ပြဿနာ ကြုံတွေ့ရသည်နှင့် လုံးဝ အတူတူပင် ဖြစ်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းသည် လက်ရှိလုပ်ဆောင်နေသော အရာအားလုံးကို ဘေးဖယ်ထားကာ ဟယ်ရှန့်၏ ကုမ္ပဏီသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။

အချိန်အတော်ကြာ ကွဲကွာနေပြီးနောက် သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ကြပြီး အသေးအဖွဲ စကားများ ပြောဆိုရန် သို့မဟုတ် အတိတ်က အဖြစ်အပျက်များအတွက် ရှက်ရွံ့နေရန် အချိန်မရှိဘဲ အဓိကအချက်ကို ချက်ချင်းပြောဆို ကာ ဖြေရှင်းနည်းများကို ဆွေးနွေးခဲ့ကြလေသည်။

ဟယ်ရှန့်၏ လှပသော မျက်နှာလေးပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေခဲ့လေသည်။

"ပြီးခဲ့တဲ့ အကြိမ်က ရှီစီက အယ်လ်မြို့တော်ကို ယွမ် (၁၀,၀၀၀) ယူလာခဲ့တယ်…။ ငါတို့က သူ့ကို တွန်းလှန်နိုင်ခဲ့ ပေမဲ့ စုစုပေါင်း ပိုင်ဆိုင်မှု ယွမ် (၃၀၀,၀၀၀) ကျော်ရှိတဲ့ ရှီမိသားစုအတွက်တော့ အဲ့ဒါက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု မဟုတ်ခဲ့ဘူး...။"

လျန်ထျန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။

"ရှီမိသားစုရဲ့ ထိန်လုံအုပ်စုက အသွင်ကူးပြောင်းမှုကတစ်ဆင့် ဒီစက်မှုလုပ်ငန်းထဲကို ဝင်ရောက်လာတာလေ…၊ အသွင်မကူးပြောင်းခင်ကတည်းက သူတို့က အရမ်းချမ်းသာပြီး တစ်နိုင်ငံလုံးမှာ နာမည်ကြီးနေပြီ...။"

"ငါတို့က အယ်လ်မြို့တော်နဲ့ အိတ်ချ်မြို့တော်မှာ ခြေကုပ်ယူထားပြီးပြီ ဆိုပေမဲ့ သူတို့နဲ့ ယှဉ်ရင် သေးငယ်နေတုန်း ပဲ...။"

"သူတို့က တခြားနေရာက ခြိမ်းခြောက်မှု အများစုကို ဖြေရှင်းပြီးလောက်ပြီ…၊ အခု ငါတို့ကို ဖြေရှင်းဖို့ အားလပ် သွားပြီ ထင်တယ်…၊ အဲ့ဒါက တကယ်ကို ပြဿနာပဲ...။"

ဟယ်ရှန့်က စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်လေသည်။

"ဟုတ်တယ် ထိန်လုံအုပ်စုက အခုဆိုရင် မြို့ကြီး ဆယ်မြို့ကျော်က ဈေးကွက်ကို သိမ်းပိုက်ထားပြီး စီအဆင့် ရန်ပုံငွေ ယွမ် (၅၀,၀၀၀) ကိုလည်း ရရှိထားတယ်...။"

"သူတို့ ငါတို့ကို ဝါးမြိုလိုက်တာနဲ့ စက်မှုလုပ်ငန်းရဲ့ ခေါင်းဆောင်အဖြစ် အခိုင်အမာ ရပ်တည်သွားလိမ့်မယ်…။ စက်မှုလုပ်ငန်းက ကြီးမားတဲ့ အောင်မြင်မှုကို ခံစားရတဲ့အခါ သူတို့က အမြင့်တစ်ခုကို တက်လှမ်းသွားလိမ့် မယ်...။"

"သူတို့ လက်ဝါးကြီးအုပ်လိုက်တာနဲ့ အရင်က ပေးခဲ့တဲ့ ထောက်ပံ့ကြေးတွေ အားလုံးကို ပြန်လည်ရယူဖို့ စျေးနှုန်း တွေကို သိသိသာသာ မြှင့်တင်လိမ့်မယ်လို့တောင် ငါ ခန့်မှန်းထားတယ်...။"

"ရေတို အမြတ်အစွန်းရှိတဲ့ ထင်ယောင်ထင်မှားဖြစ်မှုကို ဖန်တီးပြီးနောက် တခြား ရင်းနှီးမြှုပ်နှံသူ အကြီးစားတွေ ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ပြီးတော့ တိုက်ရိုက်ရောင်းချပြီး ငွေကြေး အမြောက်အမြား ရှာကြလိမ့်မယ်...။"

လျန်ထျန်းသည် စာရွက်စာတမ်းကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မည်းမှောင် လာခဲ့လေသည်။

"တကယ်လို့ အဲ့ဒီလို လုပ်မယ်ဆိုရင် ဒီစက်မှုလုပ်ငန်းက ပြီးဆုံးသွားပြီ သူတို့က ပိုက်ဆံတွေကို ယူပြီး အထုပ် အပိုးတွေ ပြင်ပြီးတော့ ကြီးမားတဲ့ ပြဿနာကြီးတွေကို နောက်ချန်ထားရစ်ခဲ့လိမ့်မယ်...။"

"နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ ပြန်အမ်းငွေ မရသေးတဲ့ စပေါ်ငွေတွေ ရှိနေသေးတဲ့ မိုမို စက်ဘီး ကိစ္စလိုပဲ အများပြည်သူက ဒီရှုပ်ထွေးမှုတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ခံစားရလိမ့်မယ်...။"

"ဒါက စီးပွားရေးလုပ်ငန်း တစ်ခုကို တည်ဆောက်နေတာ မဟုတ်ဘူး…။ အဲ့ဒါက လူအများကြီးကို ကျော့ကွင်းထဲ သွင်းဖို့ ထောင်ချောက်တစ်ခု တူးပြီး သူတို့ကို ခေါင်းပုံဖြတ်ဖို့ လုပ်နေတာပဲ...။"

ဟယ်ရှန့်က သက်ပြင်းချလိုက်လေသည်။

"ဒီခေတ်မှာ အရင်းအနှီး အများစုက အဲ့ဒီလိုချည်းပါပဲ…။ သူတို့က အနာဂတ်အကြောင်း မစဉ်းစားကြဘူး…၊ ချက်ချင်းရမယ့် အမြတ်အစွန်းတွေကိုပဲ ဂရုစိုက်ကြတယ်...။"

"ဒါပေမဲ့ အခုက ဒီကိစ္စတွေကို စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူး…။ ရွေးချယ်မှု တစ်ခုလုပ်ရမယ့် အချိန်ပဲ၊ ငါတို့ အလျှော့ပေးမလား ဒါမှမဟုတ် ပြန်လည်ခုခံမလား...။"

"ဒီတစ်ကြိမ် ရှီမိသားစုက တိုက်ရိုက် မတိုက်ခိုက်တာက တစ်ကြိမ် ဆုံးရှုံးမှု ကြုံတွေ့ပြီးနောက် အဲ့ဒီလို ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို ထပ်မသုံးချင်တော့ဘူး ဆိုတာကို ပြသနေတယ်...။"

"ဒါ့အပြင် ယခုဆိုရင် မြို့နှစ်မြို့စလုံးမှာ ငါတို့ ခြေကုပ်ယူနိုင်ပြီဆိုတော့ အဲ့ဒီ ခေတ်နောက်ကျတဲ့ နည်းလမ်းတွေ ကို သုံးပြီး နောက်ဆုံးမှာ သူတို့ အနိုင်ရသွားခဲ့ရင်တောင် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရမယ်ဆိုတာကို သူတို့ နားလည်တယ်...။"

"သူတို့က ငါတို့ကို ဖိတ်ကြားစာ ပို့လာတယ်ဆိုတာ ငါတို့ရဲ့ နယ်မြေကို သိမ်းပိုက်ဖို့ သတ်မှတ်ထားတဲ့ အလျှော့ ပေးမှု အချို့ကို လုပ်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သဘောပဲ...။"

"ဒါကြောင့် ငါတို့သာ အလျှော့ပေးဖို့ ရွေးချယ်ခဲ့ရင် အကျိုးအမြတ် အချို့ကို ရရှိနိုင်ပြီး အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်သွားနိုင်တယ်...။"

"ဒါပေမဲ့ ငါတို့က ပြန်လည်ခုခံဖို့ ရွေးချယ်ခဲ့ရင်...၊ သူတို့က တခြား ဘယ်လိုနည်းလမ်းတွေ အသုံးပြုလာမလဲဆို တာ ဘယ်သူသိမှာလဲ...။"

ဤစကားကို ကြားသောအခါ လျန်ထျန်းက ဟယ်ရှန့်ကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်လေသည်။

"မင်းက အလျှော့ပေးဖို့ ဆန္ဒရှိလို့လား...။"

"အလျှော့ပေးတယ် ဆိုတာက တကယ်တော့ ကောင်းတဲ့အရာပါ…၊ မင်း ဒီကုမ္ပဏီကို စတင်တုန်းက ယွမ် (၁၀) တောင် မပြည့်တဲ့ ငွေကိုပဲ သုံးခဲ့တာလေ...။"

"အခုဆိုရင်တောင် မင်းပိုင်ဆိုင်တဲ့ ကုမ္ပဏီရှယ်ယာတွေက ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အပြီးမှာ (၁၀) ရာခိုင်နှုန်းအောက် အထိ လျော့ကျသွားခဲ့ပြီ...။"

"ဒါပေမဲ့ ကုမ္ပဏီရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးအရ ရှီမိသားစုက အဲ့ဒါကို ဝယ်ဖို့ ပိုက်ဆံပိုသုံးဖို့ သေချာပေါက် ဆန္ဒ ရှိမှာဖြစ်လို့ မင်းအနေနဲ့ အနည်းဆုံး အဆပေါင်း ရာနဲ့ချီတဲ့ အမြတ်ငွေ ရရှိဖို့ မျှော်လင့်နိုင်တယ်...။"

"အဲ့ဒီလောက် ငွေပမာဏနဲ့ဆိုရင် ဟယ်မိသားစုမှာ မင်းရဲ့ အဆင့်အတန်းက တခြားသူတွေ အားလုံးထက် သာလွန် သွားလိမ့်မယ်…။ မင်းကို အယ်လ်မြို့တော်ရဲ့ အချမ်းသာဆုံး အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်တောင် ပေးခံ ရနိုင်ပြီး အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေကို ခံစားရနိုင်တယ်...။"

သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ဟယ်ရှန့်က အနည်းငယ် ဒေါသတကြီးဖြင့် သူ၏ စကားကို ဖြတ်ပြော လိုက်လေသည်။

"ရှင် ဘာတွေ ပြောနေတာလဲ…၊ ရှင်က ကျွန်မကို အဲ့ဒီလို လူစားမျိုးလို့ တကယ်ပဲ ထင်နေတာလား...။"

"ကျွန်မက ဂုဏ်သတင်းနဲ့ ပိုက်ဆံကို ဂရုစိုက်တဲ့ လူစားမျိုးသာ တကယ်ဖြစ်ခဲ့ရင် ရှီစီ ကျွန်မဆီ စချဉ်းကပ် လာတုန်းက သူ့ကို လက်ထပ်ဖို့ သဘောတူခဲ့မှာပေါ့...။"

"ဒါပေမဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး…။ ကျွန်မက ဇွဲရှိရှိ ရပ်တည်ဖို့ ရွေးချယ်ခဲ့တယ်၊ ပြီးတော့ ရှင့်ကို ရွေးချယ်ခဲ့တယ် ဒါပေမဲ့ အခု ရှင်က ကျွန်မ အကြောင်းကို အခုလိုစကားမျိုးတွေ ပြောနေတယ်...။"

စကားပြောရင်း ဟယ်ရှန့်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာကာ သူမ၏ အသံမှာလည်း ခံစားချက်များ ကြောင့် ဆို့နင့်နေခဲ့လေသည်။

အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ လျန်ထျန်းက ချက်ချင်း လက်ခါပြကာ ပြုံးလိုက်လေသည်။

"ငါ အဲ့ဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး…။ ကျေးဇူးပြုပြီး…၊ ကျေးဇူးပြုပြီး…၊ မငိုပါနဲ့…။ ကောင်းပြီ မင်းရဲ့ ခံစားချက်တွေကို ငါ နားလည်ပါပြီ…။ ရှီမိသားစုကို ငါတို့ အဆုံးအထိ အတူတူ တိုက်ခိုက်ကြတာပေါ့...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ ဟယ်ရှန့်က သူမ၏ မျက်တောင်ဖျားမှ မျက်ရည်များကို သုတ်ဖယ်လိုက် ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

သို့သော် လျန်ထျန်းမှာ ဘာဖြစ်သွားသည်ကို သဘောပေါက်သွားကာ ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"နေဦး…၊ တစ်ခုခုတော့ မှားနေပြီ...။"

"ငါ့ကို အရင် စမ်းသပ်ခဲ့တာက မင်းလေ…၊ အလျှော့ပေးတာနဲ့ ပြန်လည်ခုခံတာကြား ရွေးချယ်ဖို့ ပြောခဲ့တယ်။ ပြီးတော့ အလျှော့ပေးခြင်းရဲ့ အားသာချက်တွေနဲ့ ပြန်လည်ခုခံခြင်းရဲ့ အားနည်းချက်တွေ အများကြီးကို စာရင်း လုပ်ပြခဲ့သေးတယ်...။"

"နောက်တော့ ငါက မင်းကို ပြန်စမ်းသပ်ချင်ရုံလေးပါ…။ မင်းက ငါ့ကို စိတ်ခံစားချက် ကတ်ပြားနဲ့ လာကစားဖို့ ကြိုးစားနေတာပဲ…၊ မင်း လိမ်နေတာလား...။"

ထိုအခါ ဟယ်ရှန့်က ကောက်ကျစ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး နောက်ပြောင်ကာ လျှာထုတ်ပြလိုက် လေသည်။

"ကျွန်မကို အချိန်အကြာကြီး လျစ်လျူရှုထားတဲ့ ရှင့်အမှားပဲ…။ ဒီအရာကို သေးငယ်တဲ့ ပြစ်ဒဏ်တစ်ခုလို့ မှတ် ထားလိုက်ပါ...။"

ဟယ်ရှန့် ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ လျန်ထျန်းမှာ မျက်နှာပူသွားပြီး လှည့်ကာ သူ၏ နဖူးကို ပွတ်သပ် လိုက်လေသည်။

"မင်း ဒါတွေ အားလုံးကို ဘယ်ကနေ သင်လာတာလဲ တကယ်ပဲ...။"

သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ဟယ်ရှန့်၏ စကားများက သူ၏ ကျန်ရှိသော စကားလုံးများကို မျိုချသွားစေခဲ့လေသည်။

"အိတ်ချ်မြို့တော်ကနေ ရှင် ပြန်ခေါ်လာပြီး ကျွန်မရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တဲ့ အဲ့ဒီ မိန်းကလေး လျူရိုယွီကို ရှင် မေ့သွားပြီလား...။"

All Chapters