← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆)

ဧကရာဇ်တစ်ပါးတည်း၏အောက်၊ လူအများ၏အထက်တွင်ရှိသော နေရာ

ဩဇာတိက္ကမ ကြီးမားလှသော ရှီကျန့်ကို ရင်ဆိုင်ရင်း လျန်ထျန်းက ပြုံးလိုက်လေသည်။

"အရင်က ကျုပ်ကို စားခွင့်ပေးတာလည်း ခင်ဗျားပဲ…၊ အခု မစားခွင့်မပေးတာလည်း ခင်ဗျားပဲ...။ ရှီမိသားစုက ဘယ်လောက်တောင် ကောက်ကျစ်စဉ်းလဲဆိုတာ ရှင်းနေတာပဲ...။"

"ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ ဆက်ဆွေးနွေးစရာ ဘာမှမရှိတော့ဘူးလို့ ကျုပ်ထင်တယ်... ။ အခုကစပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့...၊ တစ်ယောက်နဲ့တစ်ယောက် အရှုပ်အရှင်း ကင်းကင်းနေ ကြတာပေါ့...။"

ပြောပြောဆိုဆိုနှင့်ပင် လျန်ထျန်းသည် မတ်တတ်ရပ်ကာ ဟယ်ရှန့်ကို ဆွဲခေါ်၍ ထွက်သွားရန် ပြင်လိုက်လေ သည်။

သို့သော် ၎င်းတို့ ထိုင်ခုံမှ မထွက်ခွာနိုင်မီပင် တံခါးဝ၌ ရပ်နေသော ဧည့်ကြိုဝန်ထမ်းနှစ်ဦးက ရှေ့သို့တိုးလာကာ သူတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

လျန်ထျန်းက သူ၏အနောက်တွင် ရပ်နေသူကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် အဓိကထိုင်ခုံ တွင် ထိုင်နေသူကို တည်ကြည်သော မျက်နှာထားဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။

"မစ္စတာရှီ...၊ ဒါက ဘာသဘောလဲ...။ ခင်ဗျားက ကျုပ်တို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကြံစည်နေတာလား...။ ဒါက ဥပဒေနဲ့ မလွတ်ကင်းဘူးနော်...။"

ထိုအချိန်တွင် ရှီကျန့်သည် သူ၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်လိုက်ပြီး ပါးစပ်ထဲမှ ဆေးပြင်းလိပ်ကို ထုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ငါတို့ ရှီမိသားစုက ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး...။ ဘာပဲဖြစ်ဖြစ် ငါတို့ အားလုံးက ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေပဲလေ...။"

"ဒါပေမဲ့ လူငယ်လေးတစ်ယောက်လို ဖြစ်နေတဲ့ မစ္စတာလျန်က ဒီလောက် ဒေါသကြီးလိမ့်မယ်လို့ ငါ မထင် ထားခဲ့ဘူး...။ ဒီဆိုတော့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ဟယ်ရှန့်ကို ခေါ်ကာ ထိုင်ခုံများဆီသို့ ပြန်သွားခဲ့ပြီး ထိုင်လိုက်သည် နှင့် တစ်ပြိုင်နက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ဘာလို့ အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး…၊ အားကြီးတဲ့သူကို ကြောက်တဲ့ အနိုင်ကျင့်သူတစ်ယောက်လို ဟန်ဆောင်နေရတာလဲ...။"

လျန်ထျန်းသည် ဤစကားများကို သူ့ဘာသာ ပြောနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုခဲ့သော်လည်း အသံ ကိုမူ အခန်းတွင်းရှိ လူတိုင်း ကြားနိုင်ရုံမျှ အတိအကျ ထိန်းချုပ်ထားခဲ့လေသည်။

ရှီမိသားစုဝင် အများစုမှာ မျက်နှာများ ဖြူရော်သွားကြသော်လည်း အပြောခံရသူ ရှီကျန့်မှာမူ မည်သည့်အမူ အရာမျှ မပြဘဲ ဘာမှမကြားလိုက်ရသကဲ့သို့ ဟန်ဆောင်နေခဲ့လေသည်။

သူတို့ ထပ်မံထိုင်လိုက်ကြပြီးနောက် ညှိနှိုင်းမှုအသစ်ကို တရားဝင် စတင်လိုက်လေသည်။

ရှီကျန့်သည် လက်ဖျစ်တီးလိုက်ရာ ရင်စေ့ကွဲ အင်္ကျီရှည် ဝတ်ဆင်ထားသော အတွင်းရေးမှူးမလေး တစ်ဦးက သူ၏အနောက်မှ လှုပ်လီလှုပ်လဲ့ ထွက်လာကာ လျန်ထျန်းနှင့် ဟယ်ရှန့်တို့ရှေ့တွင် စာရွက်စာတမ်းတစ်ခုကို ချပေးလိုက်လေသည်။

"အထွေထွေမန်နေဂျာလျန်...၊ အထွေထွေမန်နေဂျာဟယ်...။ ဟယ်ရှန့်ကုမ္ပဏီအကြောင်းကို ငါ သိပါတယ်...။ မင်းတို့နှစ်ယောက်က အစုရှယ်ယာရှင်တွေပဲလေ...။"

"ကုမ္ပဏီရဲ့ လက်ရှိ စီးပွားရေးနယ်ပယ်က အယ်လ်မြို့တော်နဲ့ အိတ်ချ်မြို့တော်တို့မှာ အဓိကလုပ်ကိုင်နေပြီး ဈေးကွက် တန်ဖိုးက ခန့်မှန်းခြေအားဖြင့် ယွမ် တစ်သောင်းရှစ်ထောင်နဲ့ နှစ်သောင်းနှစ်ထောင်ကြားမှာ ရှိတယ်...။"

"ဒီနည်းနဲ့ဆိုရင် မင်းတို့ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးကို ဝယ်ယူဖို့ ယွမ် နှစ်သောင်းငါးထောင် ပေးချင်ပါတယ်...။ ပြီးတော့ ငါ့ရဲ့ ထိန်လုံအုပ်စု ရှယ်ယာ (၁) ရာခိုင်နှုန်းကိုလည်း ပေးမယ်...။"

"အခု မင်းတို့မှာ ပိုက်ဆံရော ရှယ်ယာပါ ရှိနေပြီဆိုတော့ ရှီမိသားစုနဲ့ တစ်သားတည်း မိသားစုဝင်တွေလို့ သတ်မှတ်လို့ ရသွားပြီပေါ့...။"

"မင်းတို့ သိတဲ့အတိုင်း အပြင်က လူအများကြီးက ဒီလို အခွင့်အရေးမျိုး ရချင်ကြပေမဲ့ သူတို့ မရကြဘူး...။"

"ရှီမိသားစုရဲ့ ဝင်ပေါက်က အရမ်းမြင့်တယ်...။"

ထိုသို့ပြောပြီးနောက် ရှီကျန့်သည် ဆေးပြင်းလိပ်ကို ပါးစပ်ထဲသို့ ပြန်ထည့်ကာ ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ဖန်တီးလျက် တစ်ဖက်လူ၏ အဖြေကို စောင့်ဆိုင်းနေလေသည်။

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ခေတ္တမျှ စဉ်းစားခန်းဝင်သွားပြီးနောက် ရုတ်တရက် သဘောပေါက် သွားခဲ့လေသည်။

"ဒါကြောင့် ကျုပ်တို့ စဝင်လာတုန်းက အဲ့ဒီလူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆီးကြိုနေကြတာကိုး...။ ဂန္ဓမာပန်းတွေလို ပြုံးဖြီးနေကြတာ...။"

"အဲ့ဒါက ခင်ဗျားက ဒီသတင်းကို ကြိုတင် ပေါက်ကြားစေခဲ့လို့ သူတို့က ကျုပ်တို့ ခင်ဗျားဆီ အညံ့ခံလိုက်ပြီလို့ အထင်မှားသွားကြတာပဲ...။"

ရှီကျန့်က မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး လက်ကာပြလိုက်သည်။

"ဟေ့...၊ အညံ့ခံတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ...။ ဒါကို ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ရှိစေခြင်းလို့ ခေါ်ရမှာပေါ့...။"

"ဒါ့အပြင် ငါက မင်းတို့ကို 'မိသားစုတစ်စုတည်းရဲ့အောက်၊ လူအများရဲ့အထက်' ဆိုတဲ့ နေရာမျိုး ပေးထားတာ ပဲ...။ ဒါက ငါ့ရဲ့ ရိုးသားမှုကို ပြသနေတာ မဟုတ်ဘူးလား...။"

"ငါ့ရဲ့ ထိန်လုံအုပ်စု ရှယ်ယာ (၁) ရာခိုင်နှုန်းက အခုအချိန်မှာ ယွမ် သုံးထောင်လောက်ပဲ တန်ဖိုးရှိချင် ရှိလိမ့်မယ်... ။ ဒါပေမဲ့ ငါတို့ရဲ့ လုပ်ငန်းက ပိုမို ကြီးမားအားကောင်းလာတာနဲ့ တစ်ပြိုင်နက် ထိပ်တန်း အရင်းအနှီးကုမ္ပဏီကြီး တွေကို ဈေးကောင်းကောင်းနဲ့ ရောင်းချပစ်မှာ...။"

"မင်းတို့ရဲ့ မူလရင်းနှီးမြှုပ်နှံမှုကနေ ငါးဆ ဒါမှမဟုတ် ခြောက်ဆ၊ ဆယ်ဆလောက်တောင် အလွယ်တကူ အမြတ် ရနိုင်တယ်...။ အဲ့ဒီအချိန်ကျရင် မင်းတို့ရမယ့် အမြတ်အစွန်းက ပိုလို့တောင် ကြီးမားလာဦးမှာ...။"

"အခု ချက်ချင်း ငါပေးနိုင်တဲ့ ယွမ် နှစ်သောင်းငါးထောင်နဲ့ဆိုရင် မင်းတို့မှာ ယွမ် ငါးသောင်းကျော် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ ရုတ်တရက် ရရှိသွားမှာပဲ...။"

"စဉ်းစားကြည့်စမ်းပါ...၊ ယွမ် ငါးသောင်းကျော်ဆိုတာ မင်းတို့လက်ထဲက တကယ့်ပိုက်ဆံအစစ်တွေနော်...။ မင်းတို့လို မြို့ငယ်လေးမှာဆိုရင် ဒါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်လာဖို့ လုံလောက်နေပြီ...။"

ဤစကားများက အပေါ်ယံကြည့်လျှင် ပြဿနာမရှိဟု ထင်ရပေသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် ယွမ် ငါးသောင်းဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျ ဆင်းမီက ယွမ် ဘီလီယံငါးဆယ်နှင့် ညီမျှနေသည် မဟုတ်ပါလား။

ထို့အပြင် လက်ရှိအခြေအနေတွင် ရှီကျန့် ပေးထားသော ကြီးမားသည့် ကတိကဝတ်များကို ခေတ္တ ဖယ်ထား လျှင်ပင် ယွမ် နှစ်သောင်းငါးထောင် ရှယ်ယာရင်းနှီးမြှုပ်နှံမှုက ၎င်းတို့အား ထိန်လုံအုပ်စု၏ အစုရှယ်ယာ (၁) ရာခိုင်နှုန်းကိုလည်း ရရှိစေမည်ဖြစ်သည်။

ထိန်လုံအုပ်စုတွင် ရှယ်ယာပိုင်ဆိုင်ထားခြင်းက အပြင်ဘက်ရှိ ငွေဖြင့် ဝယ်ယူခံရသူများ သို့မဟုတ် ရှီမိသားစုနှင့် ပူးပေါင်းထားသူများနှင့် သူ့ကို အမှန်တကယ်ပင် ကွဲပြားခြားနားသွားစေသည်။

အကယ်၍သာ အခြားသူတစ်ဦးဦးသာ ဆိုပါက ဤအခြေအနေများကို သဘောတူကာ လျှာထွက်ပြီး တံတွေးများ ပင် ကျနေလောက်ပြီ ဖြစ်သည်။

အကျိုးအမြတ်ကို ရှာဖွေခြင်းမှာ လူအများစုအတွက် လူ့သဘာဝပင် ဖြစ်ပြီး အထူးသဖြင့် ချက်ချင်း မျက်မြင် တွေ့နိုင်သော အရာမျိုး ဖြစ်နေသောကြောင့်ပင်။ ငွေရှာခြင်းသည် ရှက်စရာကိစ္စ တစ်ခုမဟုတ်ပေ။

သို့သော် ရှီကျန့်က ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် စောင့်ဆိုင်းနေချိန်တွင် လျန်ထျန်းသည် များစွာ တုံ့ဆိုင်း မနေဘဲ ပြတ်ပြတ်သားသား ခေါင်းယမ်းလိုက်လေသည်။

"ကျုပ်ဘဝမှာ အယုံကြည်ရဆုံးအရာက ကျုပ်ကို လေဖမ်းဒိုင်ခံ ကတိတွေ ပေးတဲ့သူတွေကိုပဲ...။"

"သူတို့က ကျုပ်ကို အမြဲတမ်း ကြီးမားလှိုင်းဝိုင်းနေတဲ့ ကိတ်မုန့်ကြီးကို ပြတတ်ကြပေမဲ့ အဲ့ဒီကိတ်မုန့်ကို ဆွဲထား တဲ့ သေးငယ်တိုတောင်းတဲ့ စုတ်တံလေးကိုတော့ ဖွက်ထားတတ်ကြတယ်...။"

"'မိသားစုတစ်စုတည်းရဲ့အောက်၊ လူအများရဲ့အထက်' ဆိုတဲ့ အဆင့်အတန်းက ဘာလဲ...။ ကျုပ်တို့သာ တစ်ခုခု ဖြစ်လာမယ်ဆိုရင် လူတိုင်းရဲ့အထက်မှာပဲ ရှိရမယ်...။ ဘယ်သူ့အောက်မှာမှ ရှိမှာ မဟုတ်ဘူး...။"

"ဒီလုပ်ငန်းက အနာဂတ်မှာ သန်းနဲ့ချီ တန်ဖိုးရှိမယ့် ဈေးကွက်တစ်ခု ရှိတယ်...။ ခင်ဗျားက ယွမ် နှစ်သောင်းကျော် လေးနဲ့ မသေချာမရေရာတဲ့ ရှယ်ယာနည်းနည်းလေး ပေးပြီး ကျုပ်ကို ဖယ်ရှားပစ်လို့ရမယ် ထင်နေတာလား...။ ကျုပ်က ဘာလို့ လက်ခံရမှာလဲ...။"

လျန်ထျန်း စကားပြောနေစဉ် ရှီကျန့်၏ အမူအရာမှာ တဖြည်းဖြည်း တင်းမာလာပြီး အပြုံးများ ပျောက်ကွယ် သွားကာ မျက်နှာတစ်ပြင်လုံး လုံးဝ မှောင်မိုက်သွားလေတော့သည်။

နောက်တစ်စက္ကန့်တွင် သူသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး ၎င်းတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ် လိုက်လေသည်။ သူသည် မတ်မတ်ထိုင်ကာ နောက်သို့မှီလိုက်ပြီး 'ဒိုင်း' ခနဲ မြည်သံနှင့်အတူ သူ၏ ခြေထောက် များကို စားပွဲပေါ်သို့ တင်လိုက်ကာ ကြမ်းတမ်းစွာ ပြောလိုက်လေသည်။

"မင်းတို့ရဲ့ လက်မောင်းလေးတွေနဲ့ ငါ့ကို မလွန်ဆန်နိုင်ပါဘူးကွာ...။"

ဤဥပမာက အတော်လေး သင့်လျော်လှပေသည်။ အကြောင်းမူကား လျန်ထျန်းနှင့် ဟယ်ရှန့်တို့၏ ကုမ္ပဏီမှာ ထိန်လုံအုပ်စုနှင့် ယှဉ်လျှင် လက်မောင်းနှင့် ပေါင်တံ ကွာခြားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ၎င်းမှာ ပိန်ပါးသူတစ်ဦး၏ လက်မောင်းနှင့် ဝဖြိုးသူတစ်ဦး၏ ပေါင်တံတို့ ကွာခြားသကဲ့သို့ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိန်လုံအုပ်စုတွင် လက်ရှိ၌ ပိုင်ဆိုင်မှု ယွမ် သုံးသိန်းကျော် ရှိသည့်အပြင် မကြာသေးမီက စီအဆင့် ရန်ပုံငွေ ရရှိထားကာ လည်ပတ်ငွေ ယွမ် ငါးသောင်း ရှိနေလေသည်။

ထိုသို့သော အဖွဲ့အစည်းမျိုးမှာ ထိပ်တန်း ကော်ပိုရေးရှင်းကြီးများနှင့် မယှဉ်နိုင်သေးသော်လည်း နိုင်ငံအတွင်း ထိပ်တန်း စာရင်းဝင် (၅၀၀) တွင်မူ ပါဝင်နိုင်သေးသည်။

အခြားတစ်ဖက်တွင် လျန်ထျန်းနှင့် ဟယ်ရှန့်တို့ဘက်မှ ကြည့်လျှင် ဟယ်ရှန့်ကုမ္ပဏီ၏ လက်ရှိ ဈေးကွက်တန်ဖိုး မှာ ရှီကျန့် ပြောခဲ့သကဲ့သို့ ယွမ် နှစ်သောင်းဝန်းကျင်ခန့်သာ ရှိလေသည်။

ကုမ္ပဏီနှစ်ခု၏ ဈေးကွက်တန်ဖိုးမှာ ဆယ်ဆထက်မက ကွာဟနေပြီး အရွယ်အစားချင်းပင် မတူညီဘဲ ကွာဟ ချက်မှာ အလွန် ကြီးမားလှပေသည်။

သို့သော် စီးပွားရေးလောကတွင် ဈေးကွက်တန်ဖိုးဆိုသည်မှာ အမြဲတမ်း အပေါ်ယံ ညွှန်ကိန်းတစ်ခုမျှသာ ဖြစ် လေသည်။

ဈေးကွက်တန်ဖိုး ကြီးမားသော အချို့ကုမ္ပဏီများမှာ တရုတ်နိုင်ငံရှိ ရေနံကုမ္ပဏီနှစ်ခုကဲ့သို့ နှစ်အလိုက် အရှုံး ပေါ်ကာ လည်ပတ်နေရဆဲ ဖြစ်သည်။

၎င်းတို့မှာ တရုတ်နိုင်ငံ၏ ထိပ်တန်း (၅၀၀) စာရင်းဝင်မျှသာ မဟုတ်ဘဲ ကမ္ဘာ့ထိပ်တန်း (၅၀၀) ၊ ထိပ်တန်း (၅၀) သို့မဟုတ် ထိပ်တန်း (၅) စာရင်းဝင်များပင် ဖြစ်ကြသည်။

သို့သော် ဘာအသုံးကျမည်နည်း။ ရေနံဈေးနှုန်းများ နေ့စဉ် မြင့်တက်နေသော်လည်း လူများကမူ အရှုံးပေါ်နေ ကြောင်း ညည်းတွားနေကြဆဲ ဖြစ်သည်။

ဈေးကွက်တန်ဖိုး အနည်းငယ်သာရှိသော အချို့ကုမ္ပဏီများမှာ ကြီးမားသော အမြတ်အစွန်းများကို ရရှိနိုင်ကြပြီး ဤသည်မှာ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု ပုံစံများ ကွာခြားခြင်းကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ရှီကျန့် ပြသလာသော "ပေါင်တံ" ကို ရင်ဆိုင်ရသောအခါ လျန်ထျန်းမှာ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ ဆိုလိုက်လေသည်။

"အချို့ခြေထောက်တွေက အတော်လေး ကြီးမားပြီး တုတ်ခိုင်ပေမဲ့ အဲ့ဒါတွေအားလုံးက ဟော်မုန်းဆေးတွေ ထိုး ထားလို့ ဖြစ်လာတာ...။ ပြီးတော့ နောက်ဆုံးရည်ရွယ်ချက်က ခြေထောက်တွေကို အခြားသူတွေဆီ ဖြတ်ရောင်း လို့ရအောင် အလုံအလောက် ကြီးလာအောင် ဝလာအောင် လုပ်ဖို့ပဲ...။"

"ဒီဟော်မုန်းတွေ ပါဝင်တဲ့ ထုတ်ကုန်တွေကနေ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကတော့ ရောင်းချတဲ့သူတွေကလွဲပြီး တခြားလူတိုင်းက အန္တရာယ်နဲ့ ရင်ဆိုင်ရတာပါပဲ...။"

"နောက်ဆုံးမှာ သာမန် ပြည်သူလူထုတွေပဲ သေချာပေါက် ဒုက္ခရောက်ကြမှာပဲ...။ ငွေဆိုတာ လူတွေဆီက လာတာလေ...၊ အစမှာ ကြက်သွန်မြိတ်တွေကို မြေဩဇာ ကျွေးထားမယ်ဆိုရင် အနာဂတ်မှာ ခဏခဏ ရိတ်သိမ်းခံရမှာပဲ...။"

"ကျုပ်တို့ရဲ့ လက်မောင်းတွေက ဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေမယ့် ဒါမှမဟုတ် ဖျက်ဆီးမယ့် အရာတွေ ကို မလုပ်ချင်ဘူး...။ ကျုပ်တို့က ကျုပ်တို့ရဲ့ လက်တွေကို သုံးပြီး ဒီဈေးကွက်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး တည်ငြိမ်အောင်ပဲ လုပ်ချင်တာ...။"

ဆိုရိုးစကားရှိသည့်အတိုင်း လမ်းစဉ်မတူသူများမှာ အတူတကွ တိုင်ပင်ကြံစည်၍ မရနိုင်ပေ။

လျန်ထျန်း၏ စကားများကို ကြားပြီးနောက် ရှီကျန့်သည် ခြေထောက်ကို အောက်ချကာ နှုတ်ခမ်းကို စုပ်သပ် လိုက်လေသည်။

"ကျွတ်… ကျွတ်...၊ ကိုယ့်လက်နဲ့ကိုယ် ဒီဈေးကွက်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး တည်ငြိမ်အောင် တည်ဆောက် မယ်ဆိုတဲ့ အကြံက သိပ်ကောင်းတာပဲ...။"

"လူငယ်တွေက အရမ်း သွေးဆူလွယ်ကြတာပဲ...။ မင်းပြောသလို လုပ်ဖို့ ဘယ်လောက်တောင် ခက်ခဲမယ်ဆိုတာ မင်း သိလို့လား...၊ ပြီးတော့ ငွေဘယ်လောက်တောင် လိုအပ်မယ်ဆိုတာရော သိလို့လား...။"

"စီးပွားရေးလောကမှာ အဲ့ဒီလို ကစားကြတာ မဟုတ်ဘူး...။ မင်းမှာ အရည်အချင်းရှိတာကို မြင်လို့ ငါက ကူညီ ချင်ရုံ သက်သက်ပါ...။ အခုတော့ ငါက လွယ်လွယ်နဲ့ ငွေရှာနေတယ်ဆိုပြီး မင်းက အပြစ်တင်နေတာလား...။"

"ငါ့ရဲ့ နောက်ဆုံး အကြံပေးချက်ကတော့ ဒါပါပဲ...။ စီးပွားရေးလောကမှာ အရမ်း မရိုးအပါနဲ့၊ အရမ်းလည်း မမောက်မာပါနဲ့...။"

"စီးပွားရေးမှာ မိတ်ဆွေများလေ အခွင့်အလမ်းများလေပဲ...။ ရပ်တည်နိုင်ဖို့အတွက် တခြားသူတွေ ငွေရှာတဲ့ ပုံစံကို စံနမူနာယူဖို့ လိုတယ်...၊ မဟုတ်ရင် လူငယ်တွေရဲ့ မောက်မာမှုက မင်းကို ပျက်စီးဖို့ပဲ ဦးတည်သွားလိမ့် မယ်...။"

လျန်ထျန်းသည် သူ၏ရှေ့ရှိ ပန်းကန်ပြားကို မှောက်လိုက်ကာ သူ စားပြီးခါစ ဂဏန်းကို ဖုံးအုပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဘယ်လို လူငယ်မျိုးက လူငယ်မဆန်ဘဲ သွေးမဆူဘဲ နေမှာလဲ...။"

"ကျုပ် ပြောစရာရှိတာ ဒါပဲ...။ ခင်ဗျားတို့လို မြွေတွေ၊ ကြွက်တွေနဲ့ ကျုပ်တို့ လုံးဝ ပူးပေါင်းမှာ မဟုတ်ဘူး...။ ဒီလောက်ပဲ ပြောထားမယ်...။"

"မြွေတွေ၊ ကြွက်တွေ" ဟူသော စကားစုကို သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းဖြင့် လျန်ထျန်းသည် ရှီမိသားစုကို လုံးဝ ဒေါသထွက်သွားစေခဲ့သည်။

ဆူညံသော အသံများနှင့်အတူ ထိုင်ခုံခြေထောက်များမှာ ကြမ်းပြင်နှင့် ပွတ်တိုက်သွားလေသည်။ ရှီမိသားစု၏ သခင်လေးလေးဦးစလုံးမှာ အမုန်းတရားဖြင့် တစ်သွေးတည်းတစ်သားတည်း ဖြစ်ကာ မတ်တတ်ရပ်လျက် လျန်ထျန်းကို ဒေါသတကြီး စိုက်ကြည့်နေကြလေသည်။

အမြဲတမ်း တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားလေ့ရှိသည့် ရှီကျန့်ပင်လျှင် သူ၏ ဆေးပြင်းလိပ်ဖြင့် လျန်ထျန်း၏ နှာခေါင်းကို ချိန်ရွယ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

"ကောင်လေး...၊ မင်းက ဒီလိုစကားမျိုး ပြောမယ်ဆိုရင်တော့ ငါ အကြမ်းဖက်တယ်လို့ အပြစ်မတင်နဲ့တော့...။"

ထိုသို့ပြောပြီးနောက် ရှီကျန့်သည် ရှီစီကို မျက်စိပစ်ပြလိုက်ရာ အချက်ပြမှုကို လက်ခံရရှိသွားသော ရှီစီမှာ လျန်ထျန်းအား မည်သည့် တားဆီးမှုမျှမရှိဘဲ နောက်ဆုံးတွင် မောက်မာစွာ ရယ်မောနိုင်သွားလေတော့သည်။

"ဟေ့...၊ လျန်...၊ ငါ့ဘေးမှာ ထိုင်နေတာ ဘယ်သူလဲဆိုတာ မင်း သိလား...။"

အသံကို ကြားသောအခါ လျန်ထျန်းသည် အကြည့်ကို လွှဲလိုက်ရာ ရှီစီ၏အထက်ရှိ ထိုင်ခုံတွင် ထိုင်နေသော တည်ကြည်လေးနက်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရလေသည်။

တစ်ဖန် အာဏာပြန်လည်ရရှိလာသော ထိုလူလတ်ပိုင်း အမျိုးသားမှာ ရှီကျန့် ဖြစ်သည်။ သူက ဤနေရာတွင် ထိုင်နိုင်ခြင်းက သူ၏ နောက်ခံအဆင့်အတန်းမှာ လုံးဝ ရိုးရှင်းမှု မရှိကြောင်းကို ပြသနေလေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရှီစီ၏ နောက်ဆက်တွဲ စကားများက ထိုသူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ် ကြောင်းကို လျင်မြန်စွာ ဖော်ထုတ်ပေးလိုက်လေသည်။

"ဒီလူက အက်စ်မြို့တော် ရဲဌာနချုပ်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးယဲ့ ပဲ...။"

"ညွှန်ကြားရေးမှူးယဲ့က ငါတို့ ရှီမိသားစုနဲ့ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်...။ သူက ငါ့အမေ့ဘက်က ဆွေမျိုးပဲ...၊ တကယ်တော့ ငါက သူ့ကို ဦးလေးလို့ ခေါ်ရမှာ...။"

"ပြီးတော့ ညွှန်ကြားရေးမှူးယဲ့က ဒီဒုတိယညွှန်ကြားရေးမှူးအဆင့် နေရာကို ဒီနေ့ ရောက်လာတာကလည်း ငါတို့ ရှီမိသားစုနဲ့ အများကြီး ပတ်သက်နေတယ်...။ ညွှန်ကြားရေးမှူးယဲ့ ဒီနေရာကို ရောက်လာအောင် ငါတို့က ကူညီ ပေးခဲ့တယ်လို့ ပြောလို့ရတယ်...။"

"ဒါကြောင့် ညွှန်ကြားရေးမှူးယဲ့က အခြေအနေကို ထိန်းချုပ်ဖို့ ဒီနေရာမှာ ရှိနေတာဆိုတော့ ရဲကို ထပ်ခေါ် ကြည့် လိုက်စမ်းပါ...။ မင်းကို ကယ်ဖို့ ဘယ်သူ လာနိုင်သေးလဲဆိုတာ ကြည့်ရသေးတာပေါ့...၊ ဟားဟားဟား...။"

ပြီးခဲ့သည့်အကြိမ်က အယ်လ်မြို့တော်တွင်လည်း ရှီစီသည် လျန်ထျန်းကို သိမ်းသွင်းနိုင်မည် သို့မဟုတ် ပြဿနာ ကို လုံးဝ ဖြေရှင်းနိုင်မည်ဟု တွေးကာ ထောင်ချောက်တစ်ခု ဆင်ထားခဲ့သေးသည်။

သို့သော် ရလဒ်အနေဖြင့် လျန်ထျန်းက ရဲကို ခေါ်လိုက်သောကြောင့် သူ၏ အစီအစဉ်များ ပျက်စီးသွားခဲ့ရပေ သည်။ မည်သို့ပင်ဆိုစေကာမူ အယ်လ်မြို့တော်မှာ ရှီမိသားစု၏ နယ်မြေမဟုတ်ဘဲ ကိစ္စများ လက်လွန်သွားပါက ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင် လျန်ထျန်းသည် အက်စ်မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး ရှီမိသားစုကလည်း ဌာနချုပ်၏ ဒုတိယအကြီးအကဲဖြစ်သူ ဆွေမျိုးတစ်ဦးကို မွေးမြူထားခဲ့သည်။ ရှီစီမှာ လျန်ထျန်း ရဲတိုင်မည်ကို မကြောက် တော့ပေ။

အက်စ်မြို့တော်သည် ပထမတန်းစား မြို့ကြီးဖြစ်ပြီး ထိုနေရာရှိ ရဲဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး၏ ရာထူးမှာ အယ်လ်မြို့တော်ရှိ ရဲဌာနချုပ်မှ ညွှန်ကြားရေးမှူးထက် ပို၍ မြင့်မားကြောင်း သိထားရန် အရေးကြီးပေသည်။

ယခင်တစ်ဦးမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ရှိသော်လည်း နောက်တစ်ဦးမှာ ဌာနမှူးအဆင့်၌သာ ရှိလေသည်။

တစ်နည်းအားဖြင့်ဆိုရသော် လျန်ထျန်းက တန်ကော်ဟွာကို ခေါ်လာလျှင်ပင် ဤညွှန်ကြားရေးမှူးလောက် အရေးပါမည် မဟုတ်ပေ။

ဤတစ်ကြိမ်တွင် လျန်ထျန်းမှာ ယခင်က မကြုံဖူးသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်လိုက်ရပုံပေါ်လေသည်...။

All Chapters