အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈)
မင်း ဘာလို့ ကောင်းကင်ပေါ် မတက်သွားတာလဲ
ရှီမိသားစုက သူ့ကို လွှတ်ပေးမည်ဟု လျန်ထျန်း ကြားသောအခါ သူသည် နေရာမှ မလှုပ်ခဲ့ပေ။ အကြောင်းမှာ မည်သို့ ဖြစ်ပျက်နေသည်ကို သူ အတိအကျ သိနေသောကြောင့် ဖြစ်လေသည်။
*လွှတ်ပေးမယ်…၊ ဟုတ်လား...။*
*ဟင့်အင်း...၊ လုံးဝ မဖြစ်နိုင်ပေ။ ထို ယဲ့ မျိုးရိုးက သူ့ကို ထွက်သွားစေရန် ကြိုးပမ်းနေခြင်းမျှသာ ဖြစ်ပြီး ထိုသို့ မှသာ ရှီမိသားစုအတွက် အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။
ရှီမိသားစု၏ စံအိမ်ကြီးအတွင်းနှင့် ဤသီးသန့်အခန်း အပါအဝင် နေရာများစွာတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားပြီး အားလုံးမှာ သက်သေအထောက်အထားများ ကျန်ရစ်စေနိုင်လေသည်။
နောက်ပိုင်းတွင် သူတို့က ဤအရာကို အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးပြုကာ သူ့ကို ဖမ်းဆီးမည်မှာ သေချာပြီး နောင်လာမည့် ပြဿနာများကို ဖြေရှင်းပစ်မည် ဖြစ်သည်။
သို့သော် လျန်ထျန်း၏ ဘေးတွင် ရပ်နေသော ဟယ်ရှန့်မှာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ဖြစ် သွားပြီး သူ့ကို အမြန် ဆွဲခေါ်လိုက်လေသည်။
"သွားကြစို့...၊ မြန်မြန် ထွက်သွားရအောင်...။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ရန်ငြိုးတွေ အားလုံးကို မှတ်ထားပြီး နောက်မှ စီးပွားရေးလောကမှာ ဖြေရှင်းကြတာပေါ့...။"
သို့သော် ဟယ်ရှန့်မှာ လျန်ထျန်းကို ဆွဲခေါ်၍ မရခဲ့ပေ။ ထိုအစား လျန်ထျန်းကသာ သူမကို ထိုင်ခုံသို့ ပြန်လည် ဆွဲခေါ်သွားခဲ့လေသည်။
ထို့နောက် လျန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
"ငါက ရန်ငြိုးထားတတ်တဲ့သူ မဟုတ်ဘူး...။ ပုံမှန်အားဖြင့်တော့ ချက်ချင်းပဲ စာရင်းရှင်းတတ်တယ်...။"
ထိုစကားကို ကြားသောအခါ ဟယ်ရှန့်က အမြန် ဝင်ပြောလိုက်သည်။
"ဟင့်အင်း...၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့...။ ရှင် တကယ်လို့ သူတို့ကို တစ်ခုခု လုပ်လိုက်ရင် နောက်ဆုံးကျရင် အမှန်တရားက ပေါ်လာမှာပဲ...။ တန်မှာ မဟုတ်ဘူး...။"
ထိုအခိုက်တွင် လျန်ထျန်းမှာ ရုတ်တရက် ရယ်မောလိုက်ပြီးနောက် ဟယ်ရှန့်ကို နှစ်သိမ့်လိုက်လေသည်။
"စိတ်မပူပါနဲ့...၊ ငါက အဲ့ဒီလောက်တော့ မမိုက်မဲပါဘူး...။ စီးပွားရေးအတွက်နဲ့ ဒီလောက်အထိ လုပ်မှာ မဟုတ် ဘူး...။ အမြတ်အစွန်းအတွက် ကိုယ်ကျင့်တရားကို စွန့်လွှတ်တတ်တဲ့ သူတို့လိုလူမျိုး ငါက မဟုတ်ဘူး...။"
"ဒါပေမဲ့ အခု ငါ လူတစ်ယောက်ကို စောင့်နေတယ်...။ အဲ့ဒီလူ ရောက်လာတာနဲ့ အရာအားလုံး ပြေလည်သွား လိမ့်မယ်...။ ငါနဲ့အတူ ခဏလောက် စိတ်ရှည်ရှည် ထပ်စောင့်ပေးပါဦး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းတွင် မည်သို့သော မှော်အစွမ်းများ ရှိနေသနည်းဆိုတာကို ဟယ်ရှန့် ရှင်းပြ၍ မရနိုင်အောင် ဖြစ်သွားရလေသည်။
သူ ဘာပဲပြောပြော သူမကို အမြဲတမ်း စိတ်သက်သာရာ ရစေပြီး သူ့ကို ခြွင်းချက်မရှိ ယုံကြည်ရန် ဆန္ဒရှိနေ သည်ဟုသာ ခံစားလိုက်ရသည်။
သို့သော် ဤမှော်အစွမ်းမှာ အခြားသူများအပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ရှီကျန့်သည် ထိုစကားကို ကြားသော အခါ မျက်မှောင်ကြုတ်သွားပြီး ညွှန်ကြားရေးမှူးယဲ့ကမူ အေးစက်စွာ နှာမှုတ်၍ မတ်တတ်ရပ်လိုက်လေသည်။
"မင်းနဲ့အတူ ဒီနေရာမှာ စောင့်နေဖို့ အချိန်မရှိဘူး...။ အက်စ်မြို့တော် ရဲဌာနချုပ်ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ ညွှန်ကြားရေးမှူးချုပ်က ဒီည ရောက်လာမှာဆိုတော့ ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်အနေနဲ့ ငါ သွားကြို ရဦးမယ်...။"
"ငါ မယုံနိုင်ဘူး...၊ ငါက ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာရှိတစ်ယောက်ပဲ…။ မင်းက ငါ ထွက်သွားမှာကို တားရဲတယ်ပေါ့လေ...။ သေဖို့ မကြောက်တဲ့သူ ရှိရင် လာစမ်းကြည့်လိုက်လေ...။"
ယဲ့ မျိုးရိုးသည် လူများကို ခြိမ်းခြောက်ရန် သူ၏ ရာထူးအာဏာကို စတင်အသုံးပြုလာလေသည်။ တကယ်တမ်း တွင် သူသည် လွန်ခဲ့သော မိနစ်အနည်းငယ်က ရှီကျန့်ထံမှ တိုးတိုးလေး ပြောလိုက်သော စကားကို ကြားခဲ့ရခြင်း ဖြစ်သည်။
"မင်းမှာ မင်းရဲ့ ရာထူးရှိတယ်ဆိုတော့ အရင် ထွက်သွားလိုက်...။ မင်း လူတွေ ခေါ်လာတဲ့အထိ ဒီကောင်လေးကို ငါ ထိန်းထားပေးမယ်...။ အဲ့ဒီအချိန်ကျရင် ဒိကောင်လေး နောက်မဆုတ်ဘဲ နေနိုင်မလား ငါ မယုံဘူး...။"
"အကယ်၍ သူ နောက်မဆုတ်ရင်တောင် ရဲတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်လာတဲ့အခါ သူ လာဘ်ထိုး ထားတဲ့သူတွေက နောက်ဆုတ်သွားလိမ့်မယ်...။ အဲ့ဒီအခါကျရင် သူ့အပေါ် စွဲချက်တွေက ပိုကြီးမားသွား လိမ့်မယ်...။"
"သူက မျှော်လင့်ချက်မဲ့ပြီး မဆင်မခြင် လုပ်ရပ်တစ်ခုကို လုပ်ခဲ့တာပဲ ဒါက သေလောက်တဲ့ အမှားတစ်ခုဆို တာကို သူ မသိဘူး…။"
ယဲ့ မျိုးရိုးက သူ၏ ရဲတံဆိပ်ကို ထုတ်ကာ ကိုင်မြှောက်လျက် တံခါးဆီသို့ လျှောက်သွားလေသည်။ သေချာသည် မှာ မည်သူကမျှ သူ့ကို မတားရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးသော ဤလူ့အဖွဲ့အစည်းတွင် ရဲအရာရှိတစ်ဦးအား တိုက်ခိုက်ခြင်းမှာ မည်မျှ ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း လူတိုင်း သိထားကြသော ကြောင့် ဖြစ်ပေသည်။
အထူးသဖြင့် သူသည် မြို့တော်အဆင့် ရဲစခန်းတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်နေသောကြောင့်ပင်။
လျန်ထျန်းအနီးမှ ဖြတ်သွားစဉ် ညွှန်ကြားရေးမှူးယဲ့က သူ့ကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်ကာ ပြော လိုက်သည်။
"မင်းမှာ သတ္တိရှိရင် ဒီနေရာမှာ နေပြီး စောင့်နေလိုက်...။ ငါ လူတွေ ခေါ်လာတဲ့ အချိန်ကျရင် မင်း သနားညှာတာဖို့ တောင်းဆိုဖို့ဆိုတာ နောက်ကျသွားလိမ့်မယ်...။"
ညွှန်ကြားရေးမှူးယဲ့၏ မောက်မာမှုအပေါ် လျန်ထျန်းက တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ ထိုအရာက ညွှန်ကြားရေးမှူး ယဲ့ကို ပို၍ မောက်မာသွားစေပြီး လျန်ထျန်းက သူ့ကို တကယ်ကြောက်သွားသည်ဟု ထင်မှတ်သွားစေလေသည်။
သို့သော် သူ သီးသန့်အခန်းထဲမှ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ပြတင်းပေါက်မှတစ်ဆင့် ကျယ်လောင် ပြီး လျင်မြန်သော ရဲကား ဥဩသံများ ထွက်ပေါ်လာလေတော့သည်။
အားလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စံအိမ်ကြီးဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသော ရဲကားတန်းကြီးကို မြင်လိုက်ရလေသည်။
ဥဩသံများ ဆူညံစွာ မြည်ဟည်းလျက် မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေသော ထိုရဲကားများမှာ မျက်စိ တစ်ဆုံး ရှည်လျားလှပြီး ညအမှောင်ထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာသော နဂါးကြီးတစ်ကောင်နှင့်ပင် တူနေလေသည်။
ဤမျှ ကြီးမားလှသော ရဲကားတန်းကြီး ရောက်ရှိလာသောအခါ ရှီကျန့်မှာ မှင်တက်သွားပြီး အိမ်ထဲမှ မထွက် ခွာရသေးသော ညွှန်ကြားရေးမှူးယဲ့ကို နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။
"မင်း သူတို့ကို လာဖို့ စီစဉ်ထားတာလား...။"
ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ယဲ့ မျိုးရိုးက အမြန် ခေါင်းခါလိုက်လေသည်။
"မဟုတ်ပါဘူး ယောက်ဖ...။ ခင်ဗျား ပြောသလိုပဲ မလိုအပ်ဘဲနဲ့ ရဲအင်အားကို ငါ မသုံးပါဘူး...။ ဒါမှသာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက ငါ့ကို အပြစ်ရှာလို့ မရမှာလေ...။"
"ဒါ့အပြင် ဆက်သွယ်ရေး ဖြတ်တောက်တဲ့စက်က အမြဲတမ်း ပွင့်နေတာဆိုတော့ ငါ ဖုန်းတောင် ခေါ်လို့မရဘူး လေ... ။အဝေးကနေ လူတစ်ယောက်ကို ဘယ်လိုလုပ် လွှတ်လို့ရမှာလဲ...။"
ထိုစကားများ ပြောဆိုပြီးနောက် ရှီမိသားစုဝင်များမှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားကြလေသည်။
လျန်ထျန်းက အမှောင်ထုကို ခွဲထွက်လာသော 'နဂါးကြီး' ကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်ကာ ရယ်မောလိုက် လေသည်။
သူ၏ဘေးတွင် ရပ်နေသော ဟယ်ရှန့်က သူ့ကို အမြန် ဆွဲကိုင်ကာ အနေရခက်စွာဖြင့် မေးလိုက်လေသည်။
"ဘာလို့ ရယ်နေသေးတာလဲ...။ ရှင်က တခြားသူတွေရဲ့ စံအိမ်ကို ဝင်စီးဖို့ လူတွေအများကြီး ခေါ်လာတာလေ...၊ သူတို့သာ အဖမ်းခံရရင် တကယ့် ပြဿနာ အကြီးကြီး ဖြစ်သွားလိမ့်မယ်...။"
ဟယ်ရှန့်၏ စိုးရိမ်ပူပန်မှုကို မြင်သောအခါ လျန်ထျန်းက သူမ၏ လက်ကို ပုတ်ပေးကာ တိုးတိုးလေး နှစ်သိမ့် လိုက်လေသည်။
"စိတ်မပူပါနဲ့...၊ ငါ စောင့်နေတယ်လို့ ပြောတဲ့သူတွေက သူတို့ပါပဲ...။ သူတို့ ရောက်လာရင် မင်း နားလည်သွား ပါလိမ့်မယ်...။"
မကြာမီပင် ရဲကားတန်းကြီးသည် ရှီမိသားစု၏ စံအိမ်ကြီးအတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်လာခဲ့ပြီး မည်သူကမျှ မတားဆီးရဲခဲ့ကြပေ။
ရဲအရာရှိ ရာနှင့်ချီ၍ ကားပေါ်မှ ဆင်းလာကြပြီး လူအားလုံးကို အထပ်ထပ် ဝန်းရံလိုက်ကြလေသည်။
ကင်းလှည့်ကားတန်း၏ အလယ်တွင် ပခုံးပေါ်၌ ဂျုံနှံတစ်ခက်နှင့် ကြယ်တစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိ တစ်ဦးက ပခုံးပေါ်တွင် ဂျုံနှံတစ်ခက်နှင့် ကြယ်သုံးပွင့် တပ်ဆင်ထားသော သက်ကြီးရဲအရာရှိတစ်ဦးကို ကြိုဆို ရန် ကိုယ်တိုင် တံခါးဖွင့်ပေးလိုက်လေသည်။
ဂျုံနှံတစ်ခက်နှင့် ကြယ်သုံးပွင့် ရဲအရာရှိအဆင့်သည် ပထမအဆင့် ရဲမှူးကို ကိုယ်စားပြုကြောင်း သိထားရန် အရေးကြီးပြီး ၎င်းမှာ အက်စ်မြို့တော်ကဲ့သို့သော မြို့ကြီးတစ်မြို့တွင်ပင် အလွန် မြင့်မားသော အဆင့်တစ်ခု ဖြစ်လေသည်။
မည်မျှအထိ မြင့်မားသနည်းဟု မေးလျှင် ၎င်းမှာ အထပ်သုံးလေးထပ်ခန့် မြင့်မားပေသည်...။ ဪ မဟုတ် သေးပေ...၊ ယခု ယဲ့ မျိုးရိုး၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ရုံဖြင့် သိနိုင်လေသည်။
သီးသန့်အခန်းအတွင်း၌ ညွှန်ကြားရေးမှူးယဲ့ အပါအဝင် လူတစ်စုမှာ ပြတင်းပေါက်ရှေ့တွင် စုရုံးနေကြသည်။ သက်ကြီးရဲအရာရှိ ကားပေါ်မှ ဆင်းလာစဉ် သူ၏ ပခုံးပေါ်ရှိ ကြယ်သုံးပွင့်တံဆိပ်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားလေသည်။
သူက သတိလွတ်စွာဖြင့် သူ့ဟာသူ ရေရွတ်လိုက်လေသည်။
"အသစ်ခန့်အပ်လိုက်တဲ့ ညွှန်ကြားရေးမှူးချုပ်ပဲ...၊ သူ...၊ သူ ဒီနေရာမှာ ဘာလုပ်နေတာလဲ...။"
ယဲ့ မျိုးရိုး ပြောသည်ကို ကြားပြီးနောက် အခြားသူများအားလုံးက ဤသူမှာ မည်သူဖြစ်ကြောင်း သိရှိသွားကြပြီး ရှီမိသားစုဝင်များ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ထွက်ပေါ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် ရှီမိသားစုသည် ဆွေမျိုးတစ်ဦးကို "ဂျုံနှံတစ်ခက်နှင့် ကြယ်နှစ်ပွင့်" နှင့် "ဒုတိယညွှန်ကြား ရေးမှူး" ရာထူးသို့ ရောက်ရှိစေရန် ငွေကြေးနှင့် ခွန်အားများစွာ အကုန်အကျခံခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် ဤရာထူးမှာ အကန့်အသတ်တစ်ခုနီးပါး ဖြစ်နေသည်။ အကြောင်းမှာ နောက်တစ်ဆင့်ဖြစ်သော ဂျုံနှံ တစ်ခက်နှင့် ကြယ်သုံးပွင့် သို့မဟုတ် အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် နေရာသို့ တက်လှမ်း ရန်အတွက် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုခုကို ရရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။
ရှီမိသားစုက သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြီး ယခင်က သူတို့ လုပ်ခဲ့သမျှ ကိစ္စအားလုံးကို ဖွင့်ချခြင်း မရှိပါက သိသာထင်ရှားသော ရလဒ်များ ရရှိရန်မှာ အလွန် ခက်ခဲလှပြီး ကံတရားအပေါ်၌သာ မူတည်နေလေသည်။
သေချာသည်မှာ ရှီမိသားစုက ဤအရာကို ဘယ်တော့မှ ကိုယ်တိုင် ဖော်ထုတ်မည် မဟုတ်ပေ။ ယဲ့ မျိုးရိုး ဤရာထူးအထိ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူတို့၏ ကိုယ်ကျင့်တရားနှင့် စွမ်းရည် ကင်းမဲ့မှုတို့၏ ရလဒ်ပင် ဖြစ်သည်။
ထို့ကြောင့် ရှီမိသားစု၏ စံအိမ်ကြီးအတွင်း ညွှန်ကြားရေးမှူးချုပ် ရုတ်တရက် ပေါ်လာခြင်းနှင့် ၎င်းကြောင့် ဖြစ် ပေါ်လာသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းက ရှီမိသားစုဝင်များကို တင်းမာမှုနှင့် စိုးရိမ်မကင်းဖြစ်မှုများ မလွဲမသွေ ခံစားသွားရစေလေသည်။
အခြားနည်းလမ်း မရှိပေ...။ အကြီးဆုံး စီးပွားရေးလုပ်ငန်းများပင်လျှင် အရာရှိများကို ကြောက်ရွံ့ကြပြီး အထူး သဖြင့် သူတို့ထက် အဆင့်တစ်ဆင့် ပိုမြင့်သော အရာရှိများကို ပို၍ ကြောက်ရွံ့ကြလေသည်။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ရှီကျန့်သည် မိသားစု ဝင်အားလုံး၏ စိတ်ကို သဘာဝကျကျ ငြိမ်သက်အောင် လုပ်ရမည်ဖြစ်၍ သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်လေသည်။
"မင်းတို့အားလုံး ဘာကို ကြောက်နေကြတာလဲ...၊ ကိစ္စတွေက ထင်သလောက် ဆိုးရွားချင်မှ ဆိုးရွားမှာပါ...။"
"ဒီအသစ်ခန့်အပ်လိုက်တဲ့ ညွှန်ကြားရေးမှူးချုပ်က ရှီမိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးလို့ အလည်လာ တာလည်း ဖြစ်နိုင်တာပဲ...။"
"အခြားသူတွေ ရောက်လာတဲ့အခါ လိမ္မာပါးနပ်စွာ နေကြ...။ ငါတို့ ရှီမိသားစုက ဒီညွှန်ကြားရေးမှူးချုပ်နဲ့ ဆက်ဆံ ရေးကောင်း ရသွားနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ...။ အဲ့ဒီအခါကျရင် အက်စ်မြို့တော်မှာ ငါတို့မိသားစုက ပိုပြီး အောင်မြင်လာလိမ့်မယ်...။"
ရှီကျန့်၏ စကားကို ကြားပြီးနောက် ရှီမိသားစုဝင်များမှာ ချက်ချင်း စိတ်အေးသွားကြပြီး ထပ်မံ၍ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။
သို့သော် ထိုစဉ် လျန်ထျန်းက ရယ်မောလိုက်ပြီး သူတို့ကို ပြောလိုက်လေသည်။
"မင်းတို့ ရှီမိသားစုက ဤညွှန်ကြားရေးမှူးချုပ်နဲ့ ဆက်ဆံရေးကောင်း ရနိုင်မလားဆိုတာတော့ ငါ မသိဘူး…။ ဒါပေမဲ့ ခဏနေရင်တော့ မင်းတို့ ရှီမိသားစုရဲ့ ကံကြမ္မာက တကယ်ပဲ မသေချာ မရေရာ ဖြစ်သွားမယ်ဆို တာကိုတော့ ငါ သိတယ်...။"
ထိုစကားကို ကြားသောအခါ ရှီကျန့်သည် သူ၏ စူးရှပြီး အငြိုးတကြီး အကြည့်များကို လျန်ထျန်းထံသို့ လှည့်ကာ အံကြိတ်လျက် ပြောလိုက်လေသည်။
"ကောင်လေး...၊ မင်းက တကယ်ကို အကြောက်အလန့် မရှိတာပဲ ဟုတ်လား...။ ဘယ်လောက်အဆင့်ရှိတဲ့ အရေးကြီးပုဂ္ဂိုလ် ရောက်လာလဲဆိုတာ မင်း သိရောသိရဲ့လား...။"
"ငါ့စံအိမ်ကို ဝင်စီးဖို့ မင်း လူတွေအများကြီး ခေါ်လာတာတောင် အခုအချိန်အထိ ရယ်နိုင်သေးတယ်ပေါ့လေ...။ အပြင်က ရဲတွေက မင်းကို ဖမ်းသွားမှာ မကြောက်ဘူးလား...။"
လျန်ထျန်းက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်လေသည်။
"မင်း ပြောနေတဲ့ အရေးကြီးပုဂ္ဂိုလ်ဆိုတာ ငါ ခေါ်လိုက်တဲ့သူပဲလေ...။ ငါက ဘာကို ကြောက်ရမှာလဲ...။ ကြောက်သင့်တဲ့သူတွေက မင်းတို့ပါပဲ...။"
ထိုစကားကို ကြားသောအခါ ရှီမိသားစုဝင်များ၏ နှလုံးသားများမှာ နိမ့်ဆင်းသွားလေသည်။ သူတို့ ယခုလေးတင် ရှာတွေ့ထားသော အားကိုးရာ တိုင်ထောက်ကြီးမှာ နောက်တစ်ကြိမ် ပြိုလဲတော့မည့် အလားပင်။
ကံကောင်းထောက်မစွာဖြင့် ရှီကျန့်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
"မင်းရဲ့ အရည်အချင်းအဆင့်နဲ့ ဌာနမှူးအဆင့် အရာရှိတစ်ယောက် ဒါမှမဟုတ် ပထမအဆင့် ရဲမှူးတစ်ယောက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ...။"
"မင်းကို ငါ ပြောမယ် သူတစ်ပါးရဲ့ အာဏာကို အသုံးချတာမျိုးလို ယုတ်ညံ့တဲ့ လှည့်ကွက်တွေကို သုံးဖို့တောင် မတွေးနဲ့...။ ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှု ယွမ်သုံးသိန်းကျော်နဲ့တောင် ဒီလောက် ရာထူးမြင့်တဲ့သူနဲ့ ရင်းနှီးဖို့ မတတ် နိုင်ဘူး...။"
"မင်းက ပိုင်ဆိုင်မှု ယွမ်နှစ်သောင်းပဲရှိတဲ့ မြို့ငယ်လေးက လာပြီးတော့ ဒီအရေးကြီးပုဂ္ဂိုလ်ကို ဖိတ်ခေါ်ခဲ့တယ် လို့ ကြွားရဲတယ်ပေါ့လေ...။ မင်း ရူးနေတာ သေချာတယ်...။"
ရှီကျန့်၏ စကားကို ကြားပြီးနောက် ရှီမိသားစုဝင်များမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြလေသည်။
စဉ်းစားကြည့်လျှင် ရှီမိသားစုတွင်ပင် ကျောထောက်နောက်ခံအဖြစ် ဤမျှ ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်မျိုး မရှိပေ။ ပိုင်ဆိုင်မှု များစွာ နည်းပါးသော ကုမ္ပဏီငယ်လေးတစ်ခုက မည်သို့လျှင် ဤမျှလောက် အာဏာ ရှိနိုင် မည်နည်း။
ထို့ကြောင့် ရိုးရှင်းသော သုံးသပ်ချက်တစ်ခု ပြုလုပ်ပြီးနောက် သူတို့သည် လျန်ထျန်း ပြောဆိုသည်ကို သဘာဝ ကျကျ မယုံကြည်ကြဘဲ အရာအားလုံးကို လျန်ထျန်း၏ ပိုမိုပြောဆိုခြင်းနှင့် အလွတ်သဘော ကြွားလုံးထုတ် နေခြင်းသာ ဖြစ်သည်ဟု ယူဆလိုက်ကြလေသည်။
အရေးကြီးပုဂ္ဂိုလ်မှာ ပင်မတံခါးကြီးမှတစ်ဆင့် ဝင်ရောက်လာပြီး အပေါ်ထပ်သို့ တက်လာနေပြီဖြစ်သည်ကို မြင်သောအခါ ရှီကျန့်က လျန်ထျန်းကို စူးရဲစွာ စိုက်ကြည့်လျက် ဆက်ပြောလေသည်။
"နောက်ဆုံး အကြံပေးစကားတစ်ခု ပြောမယ်...၊ အဲ့ဒီ အရေးကြီးပုဂ္ဂိုလ် အပေါ်ကို ရောက်လာတဲ့အခါ မင်းရဲ့ ပါးစပ်ကို ဆင်ခြင်ပါ...။"
"အဲ့ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ စံအိမ်ထဲကို မင်း လူတွေ အများကြီး ဝင်စီးခိုင်းတဲ့ အချက်ကတင် မင်းကို အချုပ်ထဲ ထည့်ဖို့ လုံလောက်တယ်...။ ရန်သူကို တစ်ထောင် ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ် ရှစ်ရာ ဆုံးရှုံးရတဲ့ အရူးလို လုပ်ရပ်မျိုး မလုပ်မိစေနဲ့...။"
ခေတ္တမျှ ရပ်နားပြီးနောက် ရှီကျန့်က အနည်းငယ် ပျော့ပျောင်းသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"စီးပွားရေး ကိစ္စတွေက အမြဲတမ်း ညှိနှိုင်းလို့ ရပါတယ်...။ ဒီကိစ္စပြီးသွားရင် ငါတို့ ထပ်ပြီး ဆွေးနွေးလို့ ရတယ်... ၊ နားလည်လား...။"
ထိုစဉ် ဂျုံနှံတစ်ခက်နှင့် ကြယ်သုံးပွင့် တပ်ဆင်ထားသော သက်ကြီးရဲအရာရှိကြီး အပေါ်သို့ ရောက်ရှိလာလေ သည်။
ရှီကျန့်သည် သူ၏ သားလေးယောက်ကို လျင်မြန်စွာ ညွှန်ကြားချက်အချို့ ပေးလိုက်ပြီးနောက် သူနှင့် ယဲ့ မျိုးရိုး တို့ သည် ကပျာကယာ သွားရောက် ကြိုဆိုလိုက်ကြလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ရဲ့ မျိုးရိုးသည် ရှီကျန့်၏ အနောက်မှသာ လိုက်ရမည် ဖြစ်သည်။ အကြောင်းမှာ သူ့ကို ဤရာထူးသို့ ရောက်အောင် လုပ်ပေးခဲ့သူမှာ ရှီကျန့်ဖြစ်ပြီး သူသည် ယောက်ဖလည်း ဖြစ်နေသောကြောင့်ပင်။
သို့သော် ဤအခြေအနေတွင် သူသည် အသစ်ခန့်အပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံရမည်ဖြစ်သော ကြောင့် ညွှန်ကြားရေးမှူးယဲ့သည် ရှေ့မှလျှောက်ကာ သူတို့ဘက်သို့ လျှောက်လာနေသော သက်ကြီးရဲအရာရှိကြီး ကို ပြုံးလျက် နှုတ်ဆက်လိုက်ရလေသည်။
"လူကြီးမင်းက အသစ်ပြောင်းရွှေ့လာတဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်ရပါမယ်...။ ကျွန်တော်က ကျွန်တော်တို့ ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ယဲ့ ပါ...၊ ကြိုဆိုပါတယ်...။"
ညွှန်ကြားရေးမှူးယဲ့၏ စိတ်အားထက်သန်မှုမှာ အကြောင်းပြန်ခြင်း မခံရပေ။ အသစ်ခန့်အပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်သည် လက်ပင် ကမ်းမပေးခဲ့ဘဲ သူ့ကို လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
ဤအရာက လက်ကမ်းပေးရန် ပြင်နေသော ညွှန်ကြားရေးမှူးယဲ့ကို အနည်းငယ် အနေရခက်သွားစေသော်လည်း ကံကောင်းစွာဖြင့် သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်လေသည်။
"ဒါနဲ့ အရင်က ပြောထားတာက လူကြီးမင်း ဒီည သန်းခေါင်ယံအထိ ရောက်လာမှာ မဟုတ်ဘူးဆို...။"
"လူကြီးမင်းအတွက် ကြိုဆိုပွဲကို စီစဉ်ထားတာ ကျွန်တော်ပါ...။ ကျွန်တော်တို့ ဌာနဘေးက ကြယ်ခြောက်ပွင့် ဟိုတယ်မှာ လူကြီးမင်းအတွက် ညစာစားပွဲ ကျင်းပဖို့ စီစဉ်ထားတာပါ...။"
"လူကြီးမင်း နာရီအတော်များများ စောပြီး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။ ဒါ ကျွန်တော့်အမှားပါ…၊ ကျွန်တော့်အမှားပါ...။ မိသားစု စုဝေးပွဲလေးတစ်ခုကြောင့် ကျွန်တော် နည်းနည်း နောက်ကျသွားတာပါ...။"
"ဒါပေမဲ့ အတော်ပဲ...၊ လူကြီးမင်းကို ကျွန်တော် မိတ်ဆက်ပေးပါရစေ...။ ဒါက ကျွန်တော့် ဝမ်းကွဲအစ်မ ခင်ပွန်းရဲ့ အိမ်ပါ...၊ သူကတော့ ကျွန်တော်တို့ မြို့ရဲ့ အရေးကြီး လုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ ထိန်လုံအုပ်စုရဲ့ ဥက္ကဋ္ဌ ရှီကျန့်ပါ...။"
ဤအခိုက်တွင် ရှီကျန့်သည် သူ၏ မျက်နှာပေါ်၌ မြှောက်ပင့်သော အပြုံးများ အပြည့်ဖြင့် အလျင်စလို ရှေ့သို့ ထွက်လာခဲ့လေသည်။
"မင်္ဂလာပါ ညွှန်ကြားရေးမှူးချုပ်...၊ ကျွန်တော်က ရှီကျန့်ပါ...။ နောင်များမှာ ကျွန်တော့်ဆီက တစ်ခုခု လိုအပ်တာ ရှိရင် အားမနာဘဲ ပြောပါ...၊ ထိန်လုံအုပ်စု တစ်ခုလုံးက လူကြီးမင်းအတွက် အသင့်ရှိနေမှာပါ...။"
သို့သော် ရှီကျန့် စကားပြော၍ မဆုံးမီမှာပင် အသစ်ခန့်အပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်က သူ့ကို စူးရှစွာဖြင့် စကားဖြတ်ပြောလိုက်လေသည်...။