← Chapters

ဘုရင်ချင်း ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 10 Ch. 116

ဘုရင်ချင်း ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 10 Ch. 116

နောက်တစ်နေ့တွင် လီယွမ်သည် စီနီယာအစ်မကြီး နင်ဟုန်ယွီနှင့် ဦးလေးဖြစ်သူ ချီယန်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

ထိုနေ့၌ပင် သူသည် စီနီယာအစ်မကြီး၏ ကူအိမ်ကောင်းကင်ဖြစ်စဉ်ကိုပါ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရတော့၏။

နင်ဟုန်ယွီ၏ ကူအိမ်ကောင်းကင်ဖြစ်စဉ်မှာ ရွှေရောင်ဦးချိုများ ရှိပြီး ဧရာမကတ်ကြေးကြီး တစ်လက်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် စွဲမက်ဖွယ် ကောင်းလှသော်လည်း စစ်မှန်သောချစ်ခြင်း ကူကောင်၏ ပုံဆောင်မှုတစ်ခုနှယ် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များက ဖုံးလွှမ်းလျက် ရှိနေတော့၏။

သူတို့၏ တိုက်ခိုက်ရေး နည်းလမ်းများမှာလည်း အလွန်ပင် ရက်စက်လွန်းလှသည်။

ဖေးလော့ချန်က ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ ဒူးနှစ်ဖက်ကို အလိုအလျောက် စုကပ်လိုက်ကာ တုန်တုန်ရင်ရင်ဖြင့် နောက်ပြောင်လိုက်၏။

“ညီလေး... မင်းကတော့ သူ့ရဲ့ အလှအောက်မှာ လှည့်စားမခံရတာ တော်သေးတာပေါ့.. ကြည့်စမ်း... ဒီကူအိမ်ကောင်းကင်ဖြစ်စဉ်က သူ့ရဲ့ တကယ့် စရိုက်မှန်ကို ဖော်ထုတ်နေတာပဲ.. တကယ့်ကို နဂါးရိုင်းမကြီးကျနေတာပါပဲ”

“ဒီသဘောတရားကတော့ မှန်ကန်ပုံရပါတယ်”

လီယွမ်ကလည်း အလွန်ပင် ထောက်ခံမိသည်။ သူသည် ရှောင်ချိုက်နှင့် ဝူမေ့တို့က ပို၍ လိမ္မာယဉ်ကျေးကြသည်ဟု တွေးတောမိသလို အမြဲတမ်း ငေးမောနေတတ်သည့် ဓားနတ်သမီးလေးမှာလည်း အတော်ပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရတော့၏။

‘နေဦး... ငါက ဘာလို့ ပင်မကူကောင်တွေကို စီနီယာအစ်မကြီးနဲ့ သွားပြီး နှိုင်းယှဉ်နေမိတာလဲ’

‘ငါလည်း သတ္တမနန်းတော်သခင်လိုမျိုး လူထူးဆန်းကြီး ဖြစ်သွားလို့ မရဘူးလေ’

ထိုအတွေးက သူ၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် လီယွမ်သည် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်ရင်း ထိုရှုပ်ထွေးလှသော အတွေးများကို မောင်းထုတ်ပစ်လိုက်သည်။

ယှဉ်ပြိုင်မှုမှာ ပြီးဆုံးသွားခဲ့တော့၏။ နင်ဟုန်ယွီက နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့သဖြင့် နဝမနန်းတော်၏ မျိုးဆက်သစ် ခေါင်းဆောင်များက စတင် တာဝန်ယူတော့မည် ဖြစ်ကြောင်း ကြွေးကြော်လိုက်သကဲ့သို့ပင် ဖြစ်တော့၏။ ၎င်းမှာ ယာယီ တာဝန်ယူရသည့် ရာထူး တစ်ခုသာ ဖြစ်သဖြင့် နန်းတော်သခင် ရာထူးကို လက်လွှတ်လိုက်ရသော ချီယန်မှာလည်း အနည်းငယ် စိတ်ဓာတ်ကျရုံမှလွဲ၍ ကြီးကြီးမားမား တုံ့ပြန်မှုမျိုးတော့ မရှိခဲ့ပေ။

သို့နှင့် နောက်ထပ် (၃) ရက်တာ အချိန်ကာလ ကုန်လွန်သွားခဲ့လေပြီ။

ယွီဟန်ချွမ်းသည် အရင်ကထက်ပင် ပိုမို အားမာန်ပါလျက် ကောင်းကင်ယံမှ ပျံသန်းကာ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအားများမှာ အလွန်ပင် တက်ကြွလှုပ်ရှားနေသဖြင့် တပည့်များအားလုံး မှင်သက်သွားကြရတော့၏။

“ဆရာ”

နင်ဟုန်ယွီနှင့် ဖေးလော့ချန်တို့မှာ ဆွံ့အလျက် အာမေဋိတ် သံများ ထွက်ပေါ်လာကြသည်။

“ဆရာ... တကယ်ပဲ... ပြန်ကောင်းသွားတာလား”

“ကူလမ်းစဉ်ပေါ်ကို... ပြန်ရောက်လာပြီပေါ့လေ”

မျှော်လင့်ထားခဲ့ကြသော်လည်း ယွီဟန်ချွမ်း၏ ကိုယ်တွင်းမှ လျှို့ဝှက်ချီစွမ်းအားများကို အမှန်တကယ် ခံစားလိုက်ရသည့် အခါတွင်မူ ထိုမောင်နှမ နှစ်ယောက်မှာ အံ့ဩတုန်လှုပ်ခြင်းများစွာ ဖြစ်နေကြရသည်။

“ဟားဟားဟား”

ယွီဟန်ချွမ်းက ဝမ်းသာအားရ အော် ရယ်လိုက်ရင်း လီယွမ်အား ဖက်လဲတကင်း နှုတ်ဆက်လိုက်သည်။

“လီယွမ်... မင်းက ငါ့ဘဝသစ်ကို ပြန်ပြီး ပေးသနားခဲ့တာပဲ.. ကျေးဇူးတင်ပါတယ်”

“ဆရာ ပြန်လည်ကျန်းမာလာတာဟာ ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒပါပဲ ဆရာ” လီယွမ်က အရိုအသေပေးလျက် ဆိုလိုက်သည်။

“နောက်ဆုံးတော့ ငါဟာ အသုံးမကျတဲ့သူ တစ်ယောက်အဖြစ် နေစရာ မလိုတော့ဘူးပေါ့”

ယွီဟန်ချွမ်းသည် ကြာမြင့်လှသော အချိန်ကာလ တစ်လျှောက်လုံး စိတ်ဓာတ်ကျဆင်းခဲ့ရသော်လည်း သူ၏ နှလုံးသားမှာမူ နုပျိုနေဆဲ ပါပင်။

သူသည် အဆင့် (၉) နယ်ပယ်သို့ တက်လှမ်းနိုင်ရန် အမြဲတမ်းပင် ရည်မှန်းထားခဲ့သည် မဟုတ်ပါလော။

ယခုအခါ အဟောင်းကို ဖျက်ဆီး၍ အသစ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ရာ အခွင့်အရေး တစ်ခုတော့ ရှိနေနိုင်ချေ ရှိလေသည်။

---

ညချမ်း အချိန်ကာလ။

တတိယနန်းတော်သခင် စန်းဝူယာထံမှ သတင်းစကား တစ်ခု ရောက်ရှိလာခဲ့လေပြီ။

ညဇီးကွက်ဘုရင်သည် တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိနေပြီး တောင်ပိုင်းတပ်မှူး ဇီနုန်နှင့်အတူ ကျိုးကျင်း မြို့တော်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယူဘုရင် လင်းယွဲ့မှာမူ ကျင့်ကြံနေသည်ဟု အကြောင်းပြကာ ညဇီးကွက်ဘုရင်အား တွေ့ဆုံရန် ငြင်းဆန်နေခဲ့တော့၏။

ညဇီးကွက်ဘုရင်သည် ထိုနေရာမှ မထွက်ခွာသွားရုံသာမက တောင်ပိုင်းနယ်စပ်ရှိ မြို့နယ်အသီးသီးမှ ဘုရင်ခံများနှင့် တပ်မှူးများကိုပါ ကျိုးကျင်း မြို့တော်အပြင်ဘက်သို့ စုရုံးရန် ဆင့်ခေါ်လိုက်သည်။

အခြေအနေများမှာ တကယ့်ကို တင်းမာလှ၏။

“တိုက်ပွဲက စတော့မှာလား”

အမှတ် (၁၂) ဂူစံအိမ်၏ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် ယွီဟန်ချွမ်း၊ နင်ဟုန်ယွီ၊ ဖေးလော့ချန်နှင့် လီယွမ်တို့ ဆရာတပည့် တစ်စုသည် ကျောက်တုံးကြီး တစ်ခုပေါ်တွင် ထိုင်လျက် လမင်းကြီးအား ငေးကြည့်နေကြသည်။

ဤနေရာမှ ကြည့်မည်ဆိုပါက တောင်တန်းများ၏ အပြင်ဘက် မြင်ကွင်းအချို့ကို ဝိုးတဝါး မြင်တွေ့နိုင်၏။

“ညဇီးကွက်ဘုရင်ကတော့ သေချာပေါက် လှုပ်ရှားတော့မှာပဲ.. ဒါပေမဲ့ ယူဘုရင် လင်းယွဲ့က ဘယ်လို အစွမ်းမျိုး ရှိနေလို့ ဒီလောက်အထိ ရဲတင်းနေတာလဲ ဆိုတာကိုတော့ ငါ နားမလည်နိုင်ဘူး.. သူက ညဇီးကွက်အစောင့်တပ်ကို ထိပ်တိုက် ပြန်တိုက်ဖို့များ ကြံနေတာလား”

ယွီဟန်ချွမ်းက စူးစမ်းလိုစိတ်ဖြင့် ဆိုလိုက်သည်။

ယူဘုရင်သည် ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ်သို့ ရောက်နေလျှင်ပင်... ခေတ်ပြိုင် သိုင်းလောက၏ ထိပ်သီးပညာရှင်ဖြစ်သော ညဇီးကွက်ဘုရင်နှင့် ယှဉ်လိုက်ပါက ဘာမှ မဟုတ်သေးသည်မှာ သေချာလှသည်။ ယူဘုရင် (ဝါ) လင်းယွဲ့အနေဖြင့် အချုပ်အနှောင်များကို ဖောက်ထွက်ပြီး နဝမအဆင့် သိုင်းနတ်ဘုရား နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့လျှင်မူ တစ်ကြောင်းပင်။

“နတ်ဆိုးတွေရဲ့ အထောက်အပံ့ ရှိနေလို့ ဖြစ်နိုင်ပါတယ် ဆရာ..”

နင်ဟုန်ယွီက ဝင်ရောက်ပြောဆိုလိုက်ခြင်းပါ။

ဖေးလော့ချန်ကလည်း သုံးသပ်ပြလာသည်။

“ဒီနှစ်တွေအတွင်း လင်းယွဲ့က ချန်းလန်ဘုရင်ကို ဖြုတ်ချနိုင်ခဲ့တာဟာ နတ်ဆိုးတွေကြောင့်ပဲလေ.. အကယ်၍ ကြာပန်းနက် နတ်ဆိုးဧကရာဇ်ကသာ သူ့ကို ကူညီမယ်ဆိုရင်တော့ ညဇီးကွက်ဘုရင်ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပါလိမ့်မယ်.. အနည်းဆုံးတော့ သူ မသေနိုင်လောက်ဘူးပေါ့”

“ကြာပန်းနက် နတ်ဆိုးဧကရာဇ် လာလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”

“ညဇီးကွက်ဘုရင်က ထောင်ချောက် တစ်ခု ခင်းထားပြီးသား ဖြစ်မှာပါ.. ယူဘုရင်ကို အခုထိ မသတ်သေးတာဟာ နတ်ဆိုးတွေကို ထောင်ချောက်ထဲ ရောက်အောင် မျှားခေါ်နေတာပဲ ဖြစ်ရမယ်”

ဆရာတပည့်များမှာ အသီးသီး ခန့်မှန်းနေကြစဉ်မှာပင် စာပို့ငှက်လေး တစ်ကောင် ဝေဟင်မှ

ပျံသန်း ရောက်ရှိလာခဲ့လေသည်။

“နဝမနန်းတော်သခင်မ နင်ဟုန်ယွီ... အမိန့်ကို နာခံပါ.. ဆဋ္ဌမနန်းတော်သခင် ယန်ဝူရုန်ဆီက သတင်းအရ... ညဇီးကွက်အစောင့်တပ်ဟာ တောင်ပိုင်းနယ်စပ် တစ်ခွင်က တပ်ဖွဲ့တွေကို ဦးဆောင်ပြီး နတ်ဆိုးတွေကို စတင် နှိမ်နင်းနေပါပြီ”

“နတ်ဆိုး အမြောက်အမြားဟာ ကျိုးကုန်းတောင်တန်းဆီကို ဖိအားပေး မောင်းထုတ်ခံနေရပါတယ်”

ထိုသတင်းစကားကြောင့် နင်ဟုန်ယွီမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဖြစ်လာရမယ့် ကိစ္စကတော့ နောက်ဆုံး ဖြစ်လာခဲ့ပြီပေါ့လေ”

ယွီဟန်ချွမ်းက သက်ပြင်းချလိုက်မိသည်။

ဖေးလော့ချန်က မေးမြန်းလိုက်၏။

“ဂိုဏ်းတော်ရဲ့ အဘိုးအိုကြီး သွားပြီး ညှိနှိုင်းခဲ့တာ မဟုတ်ဘူးလား”

သူဆိုလိုသည့် အဘိုးအိုကြီးမှာကား နဝမကူနန်းတော်၏ သက်တမ်းအရင့်ဆုံးနှင့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သလို ကူသခင် လမ်းစဉ်၏ အမာခံ ဒေါက်တိုင်ကြီးလည်း ဖြစ်သည်။ လောကတွင် နံပါတ် (၁) ကူသခင်ကြီး ဖြစ်သော ပထမနန်းတော်သခင်ပင် ဖြစ်တော့၏။

ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးသာလျှင် ညဇီးကွက်ဘုရင်နှင့် စားပွဲတစ်လုံးတည်းမှာ ထိုင်ပြီး ညှိနှိုင်းနိုင်စွမ်း ရှိသည် မဟုတ်ပါလော။

“ဒါဟာ ညှိနှိုင်းမှုရဲ့ ရလဒ်ပဲ ဖြစ်မှာပါ”

နင်ဟုန်ယွီက ဆိုလိုက်သည်။

“အဘိုးအိုကြီးတောင်မှ ညဇီးကွက်ဘုရင်ကို နောက်ဆုတ်အောင် မလုပ်နိုင်ခဲ့ဘူးပေါ့လေ.. ငါတို့ တွက်ထားတဲ့အတိုင်းပဲ... ပထမဆုံး ရိုက်ခတ်မှုကိုတော့ ငါတို့ တောင့်ခံထားရတော့မယ်”

“ဝုန်း...”

သူတို့ လေးဦး ဆွေးနွေးနေကြစဉ်မှာပင် အဝေးမှ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် တိမ်တိုက်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့လေရာ အမှတ် (၁၂) ဂူစံအိမ်ရှိ မြေပြင်မှာပင် အနည်းငယ် တုန်ခါသွားရတော့၏။

“သူတို့တွေ စပြီး လှုပ်ရှားလိုက်ကြပြီလား”

နင်ဟုန်ယွီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

“ဒီစွမ်းအားက... ယူဘုရင် လင်းယွဲ့ဆီကလား.. ဒီလောက်အထိ ဆူညံသွားအောင် လုပ်နိုင်တယ်ဆိုတော့... သူ တကယ်ပဲ သိုင်းသူတော်စင် အချုပ်အနှောင်ကို ချိုးဖြတ်ပြီး နဝမနယ်ပယ်ထဲကို ရောက်သွားတာလား”

ယွီဟန်ချွမ်းသည် ယူဘုရင်နှင့် အဆက်အသွယ် ရှိခဲ့ဖူးသဖြင့် ထိုစွမ်းအင်အငွေ့အသက်ကို ကောင်းစွာ သိရှိထားလေသည်။

လီယွမ်ကတော့ စကား တစ်လုံးမျှ မဆိုဘဲ ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်သည်။ သို့သော် သူ၏ ရင်ခွင်အတွင်းရှိ မြွေငယ်လေးမှာမူ ဂနာမငြိမ်ဘဲ လှုပ်ရှားနေခဲ့လေပြီ။

“ရွှီး...”

ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးမှာ အပြင်သို့ ခုန်ထွက်ရန် ကြိုးစားနေလေ၏။

‘ထူးဆန်းတဲ့ ခရမ်းရောင် မီးလျှံလား’

လီယွမ်သည်လည်း ရှောင်ချိုက်၏ ဂနာမငြိမ်မှုကို အာရုံခံမိလိုက်သည်။

သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုစွမ်းအားကို သိမြင်သွားခဲ့လေပြီ။

‘ဒါဟာ ငရဲပြည်က လာတယ်လို့ ဆိုကြတဲ့ ငရဲမီးလျှံပဲလား’

နှိုင်းယှဉ်ကြည့်မည် ဆိုပါက ထူးခြားလှသော မီးလျှံများသည် သိုင်းလမ်းစဉ်အတွက် ပိုမို သင့်တော်လှသည်။ လီယွမ်သည် သိုင်းပညာကို အလေးပေး လေ့လာခဲ့သူ မဟုတ်သော်ငြားလည်း ရှောင်ချိုက်အတွက်ကြောင့်သာ မီးလျှံအမျိုးမျိုး၏ အမှတ်အသားများကို မှတ်သားထားခဲ့လေ၏။

“ရွှီး”

ရှောင်ချိုက်မှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး ထိုမီးလျှံကို စားသုံးချင်နေကြောင်း ဖော်ပြနေသည်။

“မလုပ်နဲ့လေ”

လီယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရတော့၏။

“ဒါတွေက ငါတို့ စားလို့ရတဲ့ အရာတွေ မဟုတ်တော့ဘူး.. အခုချိန်မှာ ငါတို့ ဒါကို မတတ်နိုင်သေးဘူး”

---

ကျိုးကျင်း မြို့ရိုးထက်တွင်မူ..

လင်းယွဲ့ တောင်ထိပ်ပေါ်၌ ကောင်းကင်ယံတွင် လွင့်မျောနေသော ယူဘုရင်သည် တစ်ချိန်က တော်ဝင်အာဏာကို ကိုယ်စားပြုခဲ့သော စပါးအုံးဝတ်ရုံကို ချွတ်ချလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်တွင် သိပ်သည်းလှသော မည်းနက်သည့် အကြေးခွံများ ဖုံးလွှမ်းလာခဲ့တော့၏။

ထိုအကြေးခွံများက သူ၏ အရေပြားနှင့် မျက်နှာကိုပါ ဖုံးအုပ်သွားခဲ့လေ၏။ သူ၏ နဖူးထက်တွင်လည်း ဦးချိုနှစ်ခုမှာ မြင့်မားစွာ ထိုးထွက်လာခဲ့ပြီး သူ၏ နောက်ကျောဘက်တွင်လည်း သန်မာလှသော အမြီးတစ်ခုမှာ လှုပ်ခတ်နေတော့၏။

“ငါဟာ အစစ်အမှန် နဂါးပဲ”

သူသည် မြို့အတွင်းရှိ ညဇီးကွက်ဘုရင်အား ငုံ့ကြည့်ရင်း ဆိုလိုက်သည်။

“ညဇီးကွက်ဘုရင်... မင်း အံ့ဩသွားပြီလား.. ငါဟာ တကယ်ပဲ နဝမနယ်ပယ်ထဲကို ရောက်ရှိသွားခဲ့ပြီလေ”

“မင်းရဲ့ ယုံကြည်ချက်တွေ အခုချိန်မှာ ပျက်ပြားနေပြီ မဟုတ်လား”

“မင်း ညဇီးကွက်အစောင့်တပ် မင်းတို့ အားလုံး သမိုင်းထဲမှာပဲ ကျန်ရစ်တော့မယ်”

“ဟား ဟား ဟား ဟား”

ယူဘုရင်၏ ရူးသွပ်သော ရယ်သံများက ကျိုးကျင်း မြို့တော်ကြီးအထက်တွင် ပဲ့တင်ထပ်သွားတော့သည်။ လမ်းစဉ်နှစ်ခုကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် သူသည် နောက်ဆုံးတွင်တော့ သူ၏ အဟန့်အတားအား ချိုးဖြတ်နိုင်ခဲ့တော့၏။

ညဇီးကွက်ဘုရင်မှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

ပညာရှိငှက်လေး ဇီနုန်မှာမူ အရှင်မင်းကြီး၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် တုန်ရင်နေပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်နေရှာတော့သည်။ လင်းယွဲ့ထံမှ ထွက်ပေါ်နေသော ဖိအားများမှာ သိုင်းသူတော်စင် နယ်ပယ်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ သူသည် တကယ်ပင် အောင်မြင်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဇီနုန်...”

ညဇီးကွက်ဘုရင်က ခေါ်လိုက်သည်။

“လူတွေလည်း စုံပြီဆိုတော့... ငါ့ရဲ့ အမိန့်တော်ကို ဖတ်ပြလိုက်.. တော်ဝင်ဥပဒေတွေကို ပြန်လည် တည်ဆောက်ရမယ်.. ရာထူးက ထုတ်ပယ်ခံထားရတဲ့ အရာရှိဟောင်း လင်းယွဲ့ရဲ့ ပြစ်မှုတွေကို အများသိအောင် ကြေညာလိုက်တော့”

သူ၏ အသံမှာ အေးစက်တည်ငြိမ်နေဆဲ ဖြစ်ပြီး နက်ရှိုင်းလှသော ရေတွင်းကြီး တစ်ခုနှယ်ပင်။ လေပြင်းများ ဟိန်းဟောက်နေပြီး ထူးဆန်းသော ဖြစ်စဉ်များ လှိုင်းထနေသည့်ကြားတွင်ပင် သူ၏ စကားသံကို ပြတ်သားစွာ ကြားနေရသည်။

အနောက်ဘက်တွင် ရပ်နေကြသော တောင်ပိုင်းနယ်စပ်မှ ဘုရင်ခံများနှင့် တပ်မှူးများမှာကား ဆွံ့အလျက် မှင်သက်နေကြရတော့၏။ ဤကဲ့သို့သော အခြေအနေမျိုး ရောက်နေသည့်တိုင်အောင် ဘာဖြစ်လို့ ပြစ်မှုတွေကို ဖတ်ပြနေရဦးမှာလဲ။

‘ညဇီးကွက်ဘုရင် ရူးသွားတာလား.. ဒါမှမဟုတ် သူက တကယ်ပဲ မိမိကိုယ်ကိုယ် အလွန်အမင်း ယုံကြည်ချက် ရှိနေတာလား..’

ထိုအခိုက်အတန့်၌ပင် လင်းယွဲ့သည် မြို့အတွင်းရှိ သွေးစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး သူ၏ ကိုယ်ပိုင်အစွမ်းများကိုလည်း ပိုမို အားကောင်းအောင် လုပ်ဆောင်နေဆဲပင်။

All Chapters