← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း။ ၂၉၇

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချန်ကျီရှင်းသည် ပရမ်းပတာ မြူခိုးထုကြီးအတွင်း၌ တရားထိုင်လျက် မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာကို ဆက်လက်ဆင်ခြင် သုံးသပ်နေခဲ့သည်။

ထိုအတောအတွင်း အခြားသော ပါရမီရှင်အချို့သည်လည်း ဤပရမ်းပတာ မြူခိုးထုကြီးရှိရာ အရပ်သို့ အသက်လု၍ ထွက်ပြေးလာကြသေးသည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ ချန်ကျီရှင်းသည် သူတို့ကို ကယ်တင်ရန် ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနာရီဟူသော အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာငယ်၏ ဗဟိုချက်မရှိ တောင်ထိပ်တစ်ခုပေါ်တွင်မူ...

ဝှူး... ဝှူး... ဝှူး

အရပ်မျက်နှာအသီးသီးမှ ပုံရိပ်အချို့သည် တဟုန်ထိုး ပျံသန်းဝင်ရောက်လာကြပြီး တောင်ထိပ်ပေါ်သို့ သက်ဆင်းလိုက်ကြသည်။

"မင်းတို့တွေ ချန်ကျီရှင်းကို အခုထိ ရှာမတွေ့သေးဘူးလား"

နံပါတ်ခြောက်သည် မျက်မှောင်ကြုတ်လျက် အခြားအဖွဲ့ဝင်များကို ဝေ့ကြည့်ကာ မေးမြန်းလိုက်၏။

အဖွဲ့ဝင်အားလုံးက ခေါင်းကို ခပ်ဖွဖွ ယမ်းပြကြသည်။

"ဝေတုလုံ... ဒီရှေးဟောင်းနယ်မြေငယ်ထဲမှာ အစောကြီးကတည်းက ရှိနေခဲ့တာ မင်းတစ်ယောက်ပဲ ရှိတာ။ မင်း ချန်ကျီရှင်းကို ကြိုတင်ပြီး သတင်းပေးလိုက်တာတော့ မဟုတ်ပါဘူးနော်"

ရုတ်တရက် မျက်နှာနှစ်ဖက်နှင့် ထူးဆန်းသော သတ္တဝါကြီးက ချန်ကျောက်ရှင်းကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလျက် ပြောဆို လိုက်သည်။

ဝှူး... ဝှူး... ဝှူး

ချက်ချင်းပင် အားလုံး၏ အကြည့်များသည် ချန်ကျောက်ရှင်းထံသို့ စုပြုံ၍ ရောက်ရှိသွားကြတော့သည်။

ချန်ကျောက်ရှင်းသည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ခေါင်းကိုမော့ကာ ထိုထူးဆန်းသော မျက်နှာနှစ်ဖက်ရှိသူကို တည့်တည့်စိုက်ကြည့်ပြီး အေးဆေးစွာပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။

"မင်းက ငါ့ကို သံသယဝင်နေတာလား"

မျက်နှာနှစ်ဖက်ရှိသူက အပြုံးမပျက်ဘဲ "ဒီလိုပဲ သဘောထားရင်လည်း ရတာပဲလေ။ ဒါမှမဟုတ်ရင် ချန်ကျီရှင်းက ငါတို့လာမယ့်အရေးကို ကြိုသိနေတဲ့အတိုင်း ဘာလို့ ဒီလောက်အထိ အစအနဖျောက်ပြီး ပျောက်ကွယ်သွားရမှာလဲ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ချန်ကျောက်ရှင်း၏ မျက်ဝန်းများက တဖြည်းည်း ကျုံ့ဝင်သွားပြီး သူ၏ မျက်သူငယ်အိမ်များပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့၏နေရာတွင် မင်ရည်ကဲ့သို့ နက်မှောင်လှသော အမည်းရောင်များ အစားထိုးဝင်ရောက်လာခဲ့၏။

"ဒီမေးခွန်းကို ငါ့ကို လာမမေးသင့်ဘူး။ မင်းတို့ထဲက တစ်ယောက်ယောက်ကပဲ သတင်းကို ကြိုတင်ပေါက်ကြားအောင် လုပ်ခဲ့သလားဆိုတာကို ကိုယ့်ဘာသာကိုယ်ပဲ ပြန်မေးကြည့်သင့်

တယ်"

ချန်ကျောက်ရှင်းက နှာခေါင်းရှုံ့လျက် ပြန်လည်ပြောဆို လိုက်သည်။

"ဟဲဟဲ..."

မျက်နှာနှစ်ဖက်ရှိသူက အေးစက်စွာ ရယ်မောလိုက်ပြီး "ဒီလို ပေါ့ပျက်ပျက် စကားတစ်ခွန်းတည်းနဲ့ မင်းအပေါ်မှာရှိတဲ့ သံသယတွေကို အကုန်ရှင်းပစ်နိုင်မယ်လို့ ထင်နေတာလား" ဟု ပြော၏။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ အကြည့်များသည် လေထုထဲတွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး မမြင်နိုင်သော မီးပွားများ ထွက်ပေါ်လာသည့်အလား ရှိနေခဲ့သည်။ အခြေအနေမှာ အလွန်အမင်း တင်းမာလာခဲ့ကာ ထိုသို့ အခြေအနေများ မီးကုန်ယမ်းကုန် ဖြစ်လုနီးပါးအချိန်တွင်...

"တော်စမ်း"

နံပါတ်ခြောက်က မျက်မှောင်ကြုတ်လျက် သူတို့၏ စကားဝိုင်းကို ကြားဖြတ်ပိတ်ပင်လိုက်သည်။ ထို့နောက် နံပါတ်ခြောက်သည် အသက်ကို ဝဝရှူလိုက်ပြီး အဆုံးအစမရှိ ကျယ်ပြောလှသော ကောင်းကင်ယံကြီးကို မော့ကြည့်လိုက်၏။

"အချိန်က စေ့လုနီးပါး ဖြစ်နေပြီ။ ငါတို့ ဒီကနေ ထွက်ခွာရမယ်"

ထိုသို့ပြောပြီးနောက် နံပါတ်ခြောက်သည် သူ၏ လက်ထဲ၌ ကိုင်ဆောင်ထားသော ရှေးဟောင်း အစီအရင်အင်းပြားကို အစိတ်စိတ်အမွှာမွှာ ချေဖျက်လိုက်တော့သည်။

ဝုန်း ….

တစ်ခဏချင်းမှာပင် ကောင်းကင်ယံထက်၌ တောက်ပလှသော အဖြူရောင် ဝဲကရက်ကြီးတစ်ခုက တရွေ့ရွေ့ ပေါ်ထွက်လာခဲ့သည်။

"သွားကြစို့"

နံပါတ်ခြောက်သည် ပထမဆုံးအကြိမ်အဖြစ် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ထိုဝဲကရက်ကြီးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

အဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များသည်လည်း ကောင်းကင်ယံထက်သို့ တစ်ဟုန်ထိုး ပျံသန်းတက်သွားကြပြီး ထိုဝဲကရက်အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

မျက်နှာနှစ်ဖက်နှင့် ထူးဆန်းသော သတ္တဝါကြီးသည် မထွက်ခွာမီတွင် သူ၏ ညာဘက်လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြု၍ သူ၏ မျက်လုံးများကို ထောက်ပြလိုက်ပြီးနောက် ချန်ကျောက်ရှင်းထံသို့လည်း ထိုလက်ညှိုးနှစ်ချောင်းဖြင့်ပင် ထိုးပြကာ အေးစက်စွာ လှောင်ရယ်လျက် ထွက်ခွာသွားခဲ့သည်။

တောင်ထိပ်ပေါ်တွင်မူ ချန်ကျောက်ရှင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။

ထိုမျက်နှာနှစ်ဖက်ရှိသူ ထွက်ခွာသွားသည့် အနောက်ပိုင်းပုံရိပ်ကို ကြည့်ရင်း ချန်ကျောက်ရှင်း၏ မျက်နှာမှာ ရေပြင်အလား အလွန်အမင်း တည်ငြိမ်အေးစက်နေခဲ့သည်။

"အဲဒီကောင်..."

"ငါ့ကို ပစ်မှတ်ထားလိုက်ပြီလား"

ချန်ကျောက်ရှင်း၏ မျက်ဝန်းအတွင်း၌ သတ်ဖြတ်လိုသော စိတ်ဓာတ်များ ဖြတ်သန်းသွားခဲ့သည်။

ဘုန်း

သူသည် ရှေ့သို့ ခြေတစ်လှမ်း ပြင်းပြင်းလှမ်းလိုက်ပြီးနောက် ထပ်တူညီစွာပင် ထိုကောင်းကင်ဝဲကရက်ကြီးအတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့တော့သည်။

ကောင်းကင်ယံထက်၌မူ ပုံရိပ်ခုနစ်ခုစလုံးမှာ ဝဲကရက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

ရှေးဟောင်းနယ်မြေငယ်တစ်ခုလုံးသည်လည်း မူလအတိုင်း ပြန်လည် တိတ်ဆိတ်အေးချမ်းသွားခဲ့တော့သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ ပရမ်းပတာ မြူခိုးထုကြီးအတွင်း၌ ချန်ကျီရှင်းသည် အချိန်ကုန်ဆုံးသွားခြင်းကို တစ်ဖန်မေ့လျော့လျက် မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာကို ကျင့်ကြံခြင်းထဲ၌ စိတ်ဝိညာဉ် မြုပ်နှံထားခဲ့သည်။

တဖြည်းဖြည်းနှင့် သူ၏ ဒန်တျန်နတ်ဘုရားပင်လယ်အတွင်း၌ ကနဦးပုံစံမျှသာ ရှိခဲ့သော ခြေလေးချောင်း၊ နားရွက်နှစ်ဖက် ပါရှိသည့် ရှေးဟောင်းခေါင်းလောင်းဖိုကြီးမှာ တရွေ့ရွေ့နှင့် ပိုမိုခိုင်မာ ထင်ရှားလာပြီး နောက်ဆုံးတွင် အပြီးသတ် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုရှေးဟောင်းခေါင်းလောင်းဖိုကြီးမှာ ကြေးညိုရောင် ရှိပြီး ၎င်း၏ ကိုယ်ထည်ပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်း နတ်ဘုရားအင်းကွက် တာအိုလမ်းစဉ်အမှတ်အသားများကို ထွင်းထုထားကာ စည်းမျဉ်းဥပဒေစွမ်းအားများဖြင့် ဝန်းရံထားလျက် ရှိသည်။

၎င်း၏ အတွင်းမှလည်း ကောင်းကင်ယံတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သော မသေမျိုးရောင်ခြည် နတ်ဘုရားအလင်းတန်းများမှာ တဖျပ်ဖျပ် ပေါက်ကွဲကာ ထွက်ပေါ်နေခဲ့၏။

သူ၏ ဒန်တျန်တည်ရှိရာ ဗိုက်ပြင်အရေပြားပေါ်တွင်လည်း လက်ဝါးခန့်ပမာဏရှိသော အင်းကွက်ဆေးမင်ကြောင် တက်တူးတစ်ခု အလားတူ ပေါ်ထွက်လာခဲ့သည်။

"အောင်မြင်သွားပြီလား"

ချန်ကျီရှင်းမှာ စိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့ပြီး သူ၏ မျက်ဝန်းအတွင်း၌ ဝမ်းမြောက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ဖိုကမ္ဘာကြီး ပြီးပြည့်စုံသွားပြီဖြစ်၍ နောက်တစ်ဆင့်အနေဖြင့် မဟာတာအိုလမ်းစဉ်မျိုးစေ့ကို ၎င်း၏ အတွင်းသို့ ထည့်သွင်းကာ တစ်ခုနှင့်တစ်ခု ရောနှောပေါင်းစပ်စေပြီး သူတစ်ယောက်တည်းအတွက်သာ သီးသန့်ဖြစ်တည်မည့် တာအိုလမ်းစဉ်အသစ်တစ်ခုအဖြစ် ပြောင်းလဲရမည်ပင်။

ချန်ကျီရှင်း တွေးတောနေစဉ်မှာပင်...

ဝုန်း….

ရုတ်တရက်ဆိုသလို ရှေးဟောင်းနယ်မြေငယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။ ကောင်းကင်ကြီးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး မြေကြီးမှာလည်း ပြောင်းပြန်လှန်မတတ် တုန်လှုပ်သွားခဲ့၏။

ဖြတ် ဖြတ်…

ပြင်းထန်လှသော အက်ကွဲသံနှစ်ချက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို ကောင်းကင်ယံထက်မှနေ၍ အဖြူရောင် လင်းတန်းကြီးနှစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးဆီသို့ ထိုးစိုက်ဆင်းလာခဲ့၏။

ထိုအလင်းတန်းနှစ်ခုသည် ချန်ကျီရှင်းနှင့် အနီးအနား၌ ရှိနေသော ဖန်းနိုင်တို့ထံသို့ တည့်တည့်ဦးတည်လျက် ပရမ်းပတာ မြူခိုးထုကြီးကို ဖောက်ထွက်ကာ ချန်ကျီရှင်းနှင့် ဖန်းနိုင်တို့ နှစ်ဦးစလုံးကို လွှမ်းခြုံ၍ အုပ်မိုးသွားခဲ့တော့သည်။

"ဒါက... ပြိုင်ပွဲကြီး ပြီးဆုံးသွားလို့ အပြင်ကို ထွက်ခွာရမယ့် အချိန်ရောက်ပြီပေါ့ ဟုတ်လား"

ချန်ကျီရှင်းသည် မော့ကြည့်လိုက်ပြီး သူ၏ မြူးကြွသော မျက်ဝန်းများကို အသာအယာ မှေးလိုက်မိသည်။ သူ၏ ရင်ထဲ၌လည်း အခြေအနေကို သဘောပေါက်နားလည်သွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့၏။

...

...

တစ်ချိန်တည်းမှာပင် မသေမျိုးတောင်ကုန်း၏ ပြင်ပ၌...

"မိတ်ဆွေတို့... ကျွန်တော်တို့ သုံးဦးက ဝင်ထွက်သွားလာရာ လမ်းကြောင်းတံခါးကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အတွင်းထဲမှာ ရှိနေတဲ့သူတွေ မကြာခင်မှာ အပြင်ကို ထွက်လာကြတော့မှာပါ"

ထိုမသေမျိုးဂိုဏ်းကြီး၏ တံခါးဝရှေ့တွင် ပုံရိပ်သုံးခုသည် သူတို့၏ လက်များကို နောက်ပစ်

လျက် တည်ငြိမ်အေးဆေးစွာ ပြောဆို လိုက်ကြသည်။

ထိုပုံရိပ်သုံးခုစလုံးမှာ မသေမျိုးအလင်းရောင်ခြည်များဖြင့် ဖုံးလွှမ်းနေသဖြင့် သူတို့၏ မျက်နှာနှင့် ပုံသဏ္ဌာန်များကို ရှင်းလင်းစွာ မမြင်တွေ့ရချေ။ တောက်ပလွန်းလှသော ရွှေရောင်နေမင်းကြီးနှစ်စင်းအလား တဖျပ်ဖျပ် လက်နေသည့် မျက်ဝန်းအစုံများကိုသာ မြင်တွေ့ရပြီး တည့်တည့်စိုက်ကြည့်ရန်ပင် အလွန်အမင်း ခက်ခဲသည်။

သူတို့၏ ပတ်ဝန်းကျင်၌လည်း မရေမတွက်နိုင်သော စည်းမျဉ်းဥပဒေများမှာ တုန်ခါနေကြပြီး အမျိုးမျိုးသော ထူးခြားဆန်းပြားသည့် ဝတ်ရုံများမှာ ရစ်ပတ်လိမ်ယှက်နေကြကာ ပျံသန်းနေသော မသေမျိုးအလင်းတန်းများမှာလည်း သူတို့ကြား၌ ဖြတ်သန်းကာ စီးဆင်းနေကြသည်။ သူတို့သည် ဤလူ့လောကမှ လူသားများ မဟုတ်ဘဲ နတ်ဗိမာန်မှ ဆင်းသက်လာသော နတ်ဘုရားများအလားပင်။

ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်လောက်သော ဤပုဂ္ဂိုလ်ကြီး သုံးဦး ရောက်ရှိလာခြင်းနှင့်အတူ အစောပိုင်းက ဆူညံပွက်လောရိုက်နေခဲ့သည့် မသေမျိုးတောင်ကုန်းတစ်ခုလုံးသည် ရုတ်တရက်ဆိုသလို လုံးဝ တိတ်ဆိတ်အေးချမ်းသွားခဲ့ရသည်။

အစောပိုင်းက စိတ်လိုက်မာန်ပါ ဖြစ်နေခဲ့သော ဂိုဏ်းချုပ်ဟူယန်ပင်လျှင် တိတ်ဆိတ်သွားခဲ့ရပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့်မကျေနပ်မှုကိုမျှ မပြရဲတော့ချေ။

အကြောင်းပြချက်မှာ ရိုးရှင်းသည်။

အဘယ်ကြောင့်ဆိုသော် ဤသုံးဦးမှာ လက်ရှိ မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်အရှင်သခင်များဖြစ်နေကြသောကြောင့်ပင်။

သူတို့သုံးဦးမှာ သူတို့၏ ရုပ်ခန္ဓာအစစ်အမှန် မဟုတ်ဘဲ အပြင်ပန်းကိုယ်ပွားများမျှသာ ဖြစ်သော်လည်း ယခုကဲ့သို့သော အခြေအနေကို ဖိနှိပ်ထိန်းချုပ်ရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ထိုရွှေရောင်ရထားလုံး၏ အတွင်း၌မူ...

"ယခုအကြိမ် ပြိုင်ပွဲကြီးက ထိုဂိုဏ်းချုပ်အရှင်သခင် သုံးဦးကိုပင် တုန်လှုပ်သွားစေပြီး သူတို့ရဲ့ အပြင်ပန်းကိုယ်ပွားတွေကို မသေမျိုးတောင်ကုန်းဆီအထိ စေလွှတ်ခိုင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

စီကုန်းမိသားစု၏ ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုသည် အမျိုးမျိုးသော ဝတ်ရုံများ ဝန်းရံထားသည့် ထိုပုံရိပ်သုံးခုကို ကြည့်ကာ ခန့်ညားထိတ်လန့်သော လေသံဖြင့် တိုးတိုးလေး ပြောဆိုလိုက်မိသည်။

မသေမျိုး တာအိုလမ်းစဉ်၏ ဂိုဏ်းချုပ်အရှင်သခင်များ သူတို့သည် ကျင့်ကြံခြင်းလောကတွင် ဒဏ္ဍာရီဆန်လှသော ဂိုဏ်းချုပ်အရှင်သခင်ကြီးများပက်။

ထိုအစေခံအဘိုးအိုကိုယ်တိုင်ပင်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နိဗ္ဗာနအဆင့်သို့ ခြေချနိုင်ခဲ့သူ ဖြစ်သော်လည်း မသေမျိုး တာအိုလမ်းစဉ်၏ ဂိုဏ်းချုပ်အရှင်သခင်များရှေ့မှောက်တွင်မူ လှမ်းမျှော်ကြည့်ရုံမျှသာ တတ်နိုင်သည်။

စီကုန်းရွှမ်းကျီ၏ မျက်နှာမှာလည်း သူ၏ ဘေးနားရှိ အစေခံအဘိုးအိုကဲ့သို့ပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းကြီးများဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင်ပင် ပေါ်ထွက်လာခဲလှပြီး နတ်ဘုရားနန်းတော်ကြီးများ၏ အထက်တွင်သာ ကိန်းအောင်းနေတတ်ကြရာ သူတို့၏ အမူအရာများကို မြင်တွေ့ရခြင်းမှာ နဂါး၏ ဦးခေါင်းကို မြင်ရပြီး အမြီးကို မမြင်ရသကဲ့သို့ အလွန်အမင်း ရှားပါးသည်။

၎င်းပြင် ထိုမသေမျိုး တာအိုလမ်းစဉ်၏ ဂိုဏ်းချုပ်အရှင်သခင် သုံးဦးမှာ ရှေးဟောင်းဒဏ္ဍာရီများထဲတွင်သာ ကြားဖူးကြပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက လောကအပြင်ဘက်သို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။

ထိုဂိုဏ်းချုပ်အရှင်သခင် သုံးဦးမှာ ယခုလက်ရှိ လောကတွင် ပေါ်ပေါ်ထင်ထင် တည်ရှိနေဆဲဖြစ်ကြောင်း သိရှိထားကြရသည့် ထာဝရအသက်ရှည်ခြင်းအဆင့်ရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

"သခင်ကြီး... အကယ်၍ ချန်ကျီရှင်းသာ အသက်ရှင်လျက်နဲ့ အပြင်ကို ထွက်လာခဲ့မယ်ဆိုရင်... ကျွန်တော်တို့... လက်ဦးမှုယူပြီး ဆက်လက် လှုပ်ရှားသင့်သေးရဲ့လား"

ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုက စီကုန်းရွှမ်းကျီကို သတိကြီးစွာဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ စီကုန်းရွှမ်းကျီသည် အသက်ကို ဝဝရှူလိုက်မိပြီး သူ၏ မျက်နှာအမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ မသေမျိုး တာအိုလမ်းစဉ်၏ ဂိုဏ်းချုပ်အရှင်သခင်များ ပေါ်ထွက်လာခြင်းမှာ သူ၏ အစီအစဉ်များကို ကြီးမားစွာ ပျက်ပြားသွားစေခဲ့ပြီ ဖြစ်သည်။

"သခင်ကြီး... ဒီကိစ္စကို ဒီအတိုင်းပဲ လက်လွှတ်လိုက်တာက ပိုကောင်းမလား မသေမျိုး တာအိုလမ်းစဉ်ရဲ့ ဂိုဏ်းချုပ်အရှင်သခင်တွေရဲ့ ရှေ့မှောက်မှာပဲ ထိပ်တန်းပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်တာက အနည်းငယ် ပိုလွန်ရာကျနေမလားလို့..."

ဝတ်ရုံနက်ဝတ် အစေခံအဘိုးအို စကားမဆုံးသေးမီမှာပင်...

"မဟုတ်ဘူး ချန်ကျီရှင်းက မဖြစ်ဖြစ်အောင် သေရမယ်"

စီကုန်းရွှမ်းကျီ၏ မျက်ဝန်းအတွင်း၌ ပြတ်သားလှသော အမူအရာများ ဖြတ်သန်းသွားခဲ့ပြီး "အကယ်၍ ချန်ကျီရှင်းသာ အသက်ရှင်သွားခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ငါတို့ရဲ့ စီကုန်းမိသားစုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ် သူ့ကို ဘယ်လိုနည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"

"ယခုအကြိမ် ပေါ်လာတာက သူတို့ရဲ့ အပြင်ပန်းကိုယ်ပွား သုံးခုပဲ ရှိသေးတာ။ ခန္ဓာကိုယ်အစစ်အမှန် မဟုတ်ဘူး။ အကယ်၍ ငါတို့မိသားစုရဲ့ အနွယ်တော်စောင့်ရှောက် မသေမျိုးလက်နက်တွေကို အသုံးပြုပြီး ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင်... သူတို့အနေနဲ့ ငါတို့ကို အချိန်မီ တားဆီးနိုင်မှာ မဟုတ်ဘူး"

အခန်း။ ၂၉၈

"ဒါက..."

ဝတ်ရုံနက်ဝတ် အစေခံအဘိုးအို၏ မျက်နှာတွင် တွန့်ဆုတ်တုန်လှုပ်နေသော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

ချန်ကျီရှင်း ပြသခဲ့သည့် စွမ်းဆောင်ရည်များအရ ဆိုလျှင် ယခုအကြိမ်သာ သူ အသက်ရှင်လျက် ပြန်ထွက်လာပါက မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းကြီးများအတွင်းသို့ ဝင်ရောက်နိုင်ရန်မှာ ရာခိုင်နှုန်းပြည့် သေချာသလောက် ရှိနေသည်။

ဤသို့ ပြောရမည်ဆိုလျှင် ချန်ကျီရှင်းသည် ယခုကတည်းက မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်း၏ တစ်ဝက်တစ်ပျက် အဖွဲ့ဝင် ဖြစ်နေပြီဟု ဆိုနိုင်သည်။

အကယ်၍ စီကုန်းမိသားစုက မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းကြီးများ၏ မျက်စိအောက်တွင်ပင် ချန်ကျီရှင်းကို ဗြောင်ကျကျ သတ်ဖြတ်လိုက်မည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်မှာ...

ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုကို ဆက်လက်၍ အတွေးမနက်စေတော့ဘဲ...

"တော်စမ်း ငါ ဆုံးဖြတ်ချက်ချပြီးပြီမို့ ထပ်ပြီး စကားမရှည်နဲ့တော့"

"ချန်ကျီရှင်း သေသွားတာနဲ့ပဲ မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းက သေသွားတဲ့ ပါရမီရှင်တစ်ယောက်အတွက်နဲ့ ငါတို့ရဲ့ စီကုန်းမိသားစုကို မြေလှန်ပစ်လိမ့်မယ်လို့ မင်း ထင်နေတာလား အလွန်ဆုံးရှိမှ အဖိုးအခ အချို့ကို ပြန်ပေးလျော်ရုံတင် ရှိမှာပေါ့"

"ဒီအဖိုးအခတွေက ချန်ကျီရှင်းကို သတ်ပစ်နိုင်ဖို့နဲ့ ယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး"

စီကုန်းရွှမ်းကျီက လက်ဝှေ့ယမ်းကာ စကားဖြတ်လိုက်ပြီးနောက် တည်ကြည်လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"အနွယ်တော်စောင့်ရှောက် မသေမျိုးလက်နက်တွေရဲ့ ပြင်ဆင်မှုက ဘယ်လိုလဲ"

ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်၍ စကားမဆိုဝံ့တော့ဘဲ ပြန်လည်အစီရင်ခံလိုက်၏။

သခင်ကြီးကို တင်ပြပါတယ်။ မသေမျိုးလက်နက်တွေ အားလုံး အသင့်အနေအထား ရောက်နေပါပြီ။ ဘယ်အချိန်မဆို စတင် လှုပ်ရှားနိုင်ပါတယ်။

"ကောင်းတယ်"

စီကုန်းရွှမ်းကျီ၏ မျက်ဝန်းအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အအေးဓာတ်များ ဖြတ်ပြေးသွားခဲ့သည်။

"ချန်ကျီရှင်း ပေါ်လာတာနဲ့တစ်ပြိုင်နက်... ချက်ချင်းပဲ မသေမျိုးလက်နက်တွေကို အသက်သွင်းပြီး သူ့ကို အပြတ်ရှင်းပစ်လိုက်"

အခြားတစ်ဖက်၌မူ မသေမျိုးတောင်ကုန်း၏ ပြင်ပရှိ ကုန်းမြင့်ငယ်တစ်ခုပေါ်တွင် ဆံပင်ဖြူခေါင်းဖြူနှင့် ကျောပြင်တွင် အတောင်ပံများ ပေါက်နေကာ တစ်ကိုယ်လုံး၌ နက်မှောင်သော မိစ္ဆာအင်းကွက်များဖြင့် ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုသည် သူ၏ မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မသေမျိုးတောင်ထိပ်ထက်၌ တရွေ့ရွေ့ ပေါ်ထွက်လာသော ဝဲကရက် လမ်းကြောင်းကြီးကို စိုက်ကြည့်လိုက်သည်။

"ဆန်းပေါင်... မကြောက်နဲ့နော်"

"အဖေက မကြာခင်မှာပဲ... ချန်ကျီရှင်းကို မင်းဆီ ပို့ပေးပြီး အဖော်လုပ်ခိုင်းပါ့မယ်"

လီချန်ရှန်းသည် သူကိုယ်သူ တိုးတိုးလေး ရေရွတ်ရင်း ထရပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌မူ နိဗ္ဗာနအဆင့် သတ္တမအလွှာရှိ ကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာအနှစ်သာရ စွမ်းအားများမှာ တရွေ့ရွေ့နှင့် ဆူပွက်လာခဲ့ပြီ ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် ဇီဝေချန်မိသားစု၏ ဧရာမ သင်္ဘောကြီးအတွင်း၌ ချန်တောက်ယန်

သည် အေးစက်လှသော ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ဇီဝေတောင်ထိပ်ထက်၌ ပေါ်ထွက်လာသော ဝဲကရက်ကြီးဆီသို့ သူ၏ စူးရှသော မျက်ဝန်းများဖြင့် အာရုံစိုက်ထားခဲ့သည်။

"သခင်ကြီး... မှောင်မိုက်အဖွဲ့ခွဲဆီကနေ အခုလေးတင် သတင်းပို့လာပါတယ်။ စီကုန်းမိသားစုက သူတို့ရဲ့ အနွယ်တော်စောင့်ရှောက် မသေမျိုးလက်နက်တွေကို လှုပ်ရှားစေခဲ့ပြီလို့ သိရပါတယ်"

အကြီးအကဲမဟူရာသည် ကုန်းပတ်အပြင်ဘက်မှနေ၍ အလျင်အမြန် ပြေးဝင်လာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင်လည်း မကြုံစဖူး တည်ကြည်လေးနက်နေသော အမူအရာများ ပေါ်ထွက်နေခဲ့သည်။

"အခုအကြိမ် စီကုန်းမိသားစုက မသေမျိုးလက်နက်တွေကို ထုတ်သုံးလာတာက တတိယသခင်လေးကို ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယဖြစ်မိပါတယ်"

" သံသယဖြစ်မိတယ်ဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်လိုက်စမ်းပါ"

ချန်တောက်ယန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

အကြီးအကဲမဟူရာမှာ ခေတ္တမျှ မှင်တက်သွားခဲ့ရပြီးမှ သံသယအချို့ဖြင့် မေးလိုက်သည်။

"သခင်ကြီးက... ဒီသတင်းကို ကြိုတင်ပြီး သိထားနှင့်ပြီးပြီလား"

ချန်တောက်ယန်က ထိုမေးခွန်းကို အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လျက် ပြန်လည်

တုံ့ပြန်လိုက်သည်။

"စီကုန်းရွှမ်းကျီဆိုတဲ့ ဒီအဘိုးကြီးက ဒီလို လှည့်ကွက်လေးတွေလောက်ပဲ ကစားတတ်တာ မဟုတ်ဘူးလား။ ငါ ဒီနေရာမှာ ရှိနေမှန်း သူသိထားတာပဲ။ အကယ်၍ သူက သာမန် နိဗ္ဗာနအဆင့်ရှိတဲ့သူတွေကိုပဲ စေလွှတ်မယ်ဆိုရင် ကျီအာကို တစ်ချက်တည်းနဲ့ အပြတ်မသတ်နိုင်မှာ စိုးရိမ်လို့... အနွယ်တော်စောင့်ရှောက် မသေမျိုးလက်နက်တွေကိုပဲ အားကိုးဖို့ ရွေးချယ်လိုက်တာ ဖြစ်ရမယ်"

ထိုစကားများ ထွက်လာပြီးနောက် အကြီးအကဲမဟူရာသည် အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားခဲ့ပြီးမှ မျက်မှောင်ကြုတ်လျက် ပြောဆို လိုက်သည်။

"သခင်ကြီး... မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းချုပ် သုံးဦးရဲ့ အပြင်ပန်းကိုယ်ပွားတွေက ဒီမသေမျိုးလက်နက်တွေကို တားဆီးပေးလိမ့်မယ်လို့ ဆိုလိုတာလား"

"မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်း ဟုတ်လား"

ချန်တောက်ယန်သည် သူ၏ ရင်ထဲ၌ အေးစက်စွာ လှောင်ရယ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းက ရှေးဟောင်းနယ်မြေငယ်အတွင်း၌ ရှိနေခဲ့သော နိဗ္ဗာနအဆင့်ရှိ လုပ်ကြံသတ်ဖြတ်သူများမှာ ထိုမသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းဂိုဏ်းက စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေသောကြောင့်ပင်။

အကယ်၍ သူတို့ကိုသာ အားကိုးနေရမည်ဆိုပါက ကျီအာ့အနေဖြင့် သူ၏ လည်ပင်းကို အသာတကြည် အလှီးခံလိုက်ရခြင်းကမှ ပို၍ မြန်ဦးမည် ဖြစ်သည်။

၎င်းပြင် တစ်ဆင့်ဆုတ်၍ စဉ်းစားကြည့်မည်ဆိုလျှင်ပင် ထိုအပြင်ပန်းကိုယ်ပွား သုံးခုအတွင်း၌ ကြီးမားသော စွမ်းအားများ ကိန်းအောင်းမနေသည်ကို သူ ရှင်းလင်းစွာ အာရုံခံမိသည်။

သူတို့ ရောက်လာရခြင်းမှာ ရှေးဟောင်းနယ်မြေငယ်၏ ကမ္ဘာငယ်တံခါးကို ကြိုတင်၍ ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်နိုင်သည်။ အခုအချိန်တွင် ကမ္ဘာငယ်တံခါးမှာ ပွင့်သွားခဲ့ပြီ ဖြစ်၍ ထိုဂိုဏ်းချုပ်အရှင်သခင် သုံးဦး၏ အပြင်ပန်းကိုယ်ပွားများအတွင်းရှိ ကန့်သတ်ထားသော စွမ်းအားများမှာလည်း ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် အပြင်ပန်းတွင် ခန့်ညားထည်ဝါစွာ ရပ်တည်နေကြသကဲ့သို့ ရှိသော်လည်း တကယ်တမ်း၌မူ အခွံလွတ်ကြီးများမျှသာ ဖြစ်ကြသည်။

"စိတ်မပူပါနဲ့"

ချန်တောက်ယန်က သူ၏ အတွေးများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အပြုံးတစ်ခုဖြင့် ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။

"စီကုန်းမိသားစုမှာ မသေမျိုးလက်နက်တွေ ရှိတယ်ဆိုရင်... ငါတို့ရဲ့ ဇီဝေချန်မိသားစုမှာကော မရှိဘူးလို့ မင်း ထင်နေတာလား"

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အကြီးအကဲမဟူရာသည် ခေတ္တမျှ မှင်တက်သွားခဲ့ရပြီးမှ သူ၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး တကယ့်ကိုပင် စိတ်သက်သာရာ ရသွားတော့သည်။

ဘုန်း….

မသေမျိုးတောင်ထိပ်ထက်၌ ထိုဖြူဖျော့ဖျော့ ဝဲကရက်ကြီးသည် ပို၍ အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာခဲ့တော့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးများ စဉ်ဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့၏။

ဤအခိုက်အတန့်တွင် ဝေးနီးအရပ်ရပ်မှ ရောက်ရှိနေကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ အရှင်သခင်များသည် အသက်ရှူရန်ပင် မေ့လျော့လျက် ဝဲကရက်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

မကြာမီမှာပင် ဝေဝါးသော ပုံရိပ်နှစ်ခုသည် ဝဲကရက်ကြီး၏ အတွင်းမှနေ၍ ခြေဖျားမှသည် ခေါင်းအထိ တရွေ့ရွေ့ ချဉ်းကပ်ပေါ်ထွက်လာခဲ့သည်။

"လာပြီ"

တစ်ခဏချင်းမှာပင် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ အကြည့်များကို ထိုနေရာဆီသို့ အသည်းအသန် စုစည်းလိုက်ကြတော့၏။

ထိုဝေဝါးနေသော ပုံရိပ်နှစ်ခုသည် လုံးဝ ထင်ရှားပီပြင်လာခဲ့ပြီး ဝဲကရက်ကြီး၏ အတွင်းမှနေ၍ အပြင်ဘက်သို့ လှမ်းမြော်ခြေချလိုက်ကြသည်။

ပုံရိပ်တစ်ခုမှာ စုတ်ပြဲညစ်ပေခြင်းမရှိဘဲ စင်ကြယ်သန့်ရှင်းလှသည့် ဝတ်ရုံနက်ရှည်ကြီးကို ဆင်မြန်းထားသည်။ ထိုသူတွင် ကျဉ်းမြောင်းရှည်လျားသော မျက်ဝန်းအစုံနှင့် ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသော မင်းသားငယ်တစ်ပါးအလား အလွန်အမင်း ခန့်ညားချောမောလှပသော ရုပ်ရည်သွင်ပြင် ရှိသည်။

အခြားပုံရိပ်တစ်ခုမှာမူ ထွားကျိုင်းသန်မာသော ခန္ဓာကိုယ်နှင့် သိပ်သည်းနက်မှောင်သော ဆံနွယ်များ ရှိပြီး ဗလာကျင်းနေသော သူ၏ ကိုယ်အထက်ပိုင်းတွင်မူ အရိုးကိုပင် မြင်တွေ့နိုင်လောက်သည့် ကြာပွတ်ရာ ဒဏ်ရာကြီးများဖြင့် ပြည့်နှက်နေခဲ့၏။

"ချန်ကျီရှင်း"

"ချန်ကျီရှင်းက ဘာဒဏ်ရာမှ မရဘဲ ဘေးကင်းနေတာပဲ"

"အခြားတစ်ယောက်ကတော့... ကောင်းကင်လှိုင်း သန့်စင်သောမြေရဲ့ မှတ်တမ်းဝင်တပည့် အရှင်သခင်ငယ်လို့ လူသိများတဲ့ ဖန်းနိုင် မဟုတ်လား"

တိုးတိုးတိတ်တိတ် ရေရွတ်သံများ ဟိုမှသည်မှ ထွက်ပေါ်လာခဲ့သည်။

ဇီဝေချန်မိသားစု၏ ဧရာမ သင်္ဘောကြီးအတွင်း၌မူ ချန်တောက်ယန် အပါအဝင် ချန်မိသားစု အကြီးအကဲများအားလုံးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိကြသည်။

စီကုန်းမိသားစု၏ မသေမျိုးလက်နက်များ ခြိမ်းခြောက်မှုထက် စင်စစ်အားဖြင့် သူသည် ကမ္ဘာငယ်အတွင်းရှိ ချန်ကျီရှင်း၏ အခြေအနေကို ပိုမိုစိုးရိမ်ပူပန်နေခဲ့ခြင်းပင်။

ယခုအခါ ချန်ကျီရှင်း ဘေးကင်းရန်ကင်းရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ ရင်ထဲ၌ ဆွဲဆန့်ထားရသော ကျောက်တုံးကြီးမှာ နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သည်။

လူအုပ်ကြီးသည် ချန်ကျီရှင်း၏ အနောက်ကွယ်ရှိ မြင်ကွင်းဆီသို့ ထပ်မံကြည့်ရှုလိုက်ကြပြန်သည်။

သို့သော်လည်း ချန်ကျီရှင်းနှင့် ဖန်းနိုင်တို့ အပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက် ထိုကြီးကျယ်ခမ်းနားလှသော ဖြူဖျော့ဖျော့ ဝဲကရက်ကြီးမှာ တရွေ့ရွေ့ ပျောက်ကွယ်သွားခဲ့တော့သည်။

"ကျန်တဲ့လူတွေကော ဘယ်မှာလဲ"

"ကျန်တဲ့လူတွေ ဘယ်မှာလဲလို့"

"နေဦး... ဘာဖြစ်လို့ ချန်ကျီရှင်းနဲ့ ဖန်းနိုင် နှစ်ယောက်တည်းပဲ ထွက်လာရတာလဲ"

တစ်ခဏချင်းမှာပင် မသေမျိုးတောင်ကုန်း၏ ပြင်ပရှိ မရေမတွက်နိုင်သော လူများ၏ မျက်နှာများက ချက်ချင်းပင် ဖြူလျော်သွားခဲ့ကြရသည်။ မူလက ကျင်းပခဲ့ဖူးသော ပြိုင်ပွဲများ၏ အစဉ်အလာအရ ပြိုင်ပွဲပြီးဆုံးပါက အသက်ရှင်ကျန်ရစ်သူ အားလုံးသည် ပြင်ပသို့ တပြိုင်နက်တည်း ရွှေ့ပြောင်းပေးခြင်း ခံရမည် ဖြစ်သည်။

သို့သော် ယခုမူ ချန်ကျီရှင်းနှင့် ဖန်းနိုင် နှစ်ဦးတည်းသာ အပြင်သို့ ရောက်ရှိလာခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကိုပင် အမိန့်ပေးနိုင်လောက်သော အထက်တန်းကျလှသည့် အင်အားကြီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ ခန္ဓာကိုယ်ကြီးများသည်ပင်လျှင် ရုတ်တရက် တုန်ရင်လာခဲ့ကြရတော့၏။

ကြောက်မက်ဖွယ်ကောင်းလှသော အတွေးတစ်ခုသည် လူတိုင်း၏ ရင်ထဲ၌ တပြိုင်နက်တည်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဒါ... ဒါဆိုရင် ချန်ကျီရှင်းနဲ့ ဖန်းနိုင်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးက..."

"ကျန်တဲ့သူတွေအားလုံး... ဒီကမ္ဘာငယ်ထဲမှာပဲ အသက်ပျောက်သွားခဲ့ကြပြီပေါ့ ဟုတ်လား"

အချို့သောသူများသည် မျက်နှာများ ပြာနှမ်းလျက် မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်နေမိကြသည်။

မသေမျိုးတောင်ကုန်း၏ ပြင်ပတစ်ခုလုံးတွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားခဲ့ရသည်။ ထိုဖြူဖျော့ဖျော့ ဝဲကရက်ကြီးသည် ဟင်းလင်းပြင်အတွင်းသို့ လုံးဝ ကွယ်ပျောက်သွားခဲ့သည်အထိ လူတိုင်းသည် ကောင်းကင်ယံကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြဆဲပင်။

သေကုန်ကြပြီ။ အားလုံး သေကုန်ကြပြီ။

ယခုအကြိမ် ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသူများထဲ၌ ချန်ကျီရှင်းနှင့် ဖန်းနိုင် နှစ်ဦးတည်းသာ အပြင်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီး အခြားသူများအားလုံးမှာမူ ထိုကမ္ဘာငယ်အတွင်း၌ပဲ ထာဝရ ကျန်ရစ်ခဲ့ရတော့သည်။

ရှူး...

အင်အားကြီးအဖွဲ့အစည်းများမှ အရှင်သခင်များသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေးပါ ချေမှုန်းခြင်းခံလိုက်ရသည့်အလား နေရာတွင်ပင် ဆွံ့အလျက် အေးခဲသွားခဲ့ရတော့သည်။

ခေတ္တမျှ ကြာပြီးနောက်...

"ငါ့ကလေးလေး"

"ငါ့ရဲ့ တပည့်ကြီးရေ"

အချို့သောသူများသည် ကြီးစွာသော သောကများဖြင့် အော်ဟစ်ငိုကြွေးလိုက်ကြပြီး သူတို့၏ မျက်ဝန်းအစုံမှာလည်း ဒေါသနှင့် ဝမ်းနည်းမှုများကြောင့် သွေးမျက်ရည်ပင် ယိုစီးလုနီးပါး ဖြစ်နေခဲ့ရသည်။

အချို့မှာမူ ရေခဲတွင်းထဲသို့ အချပစ်ခြင်း ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး အေးစက်ကာတုန်ရင်နေခဲ့ပြီး အချို့မှာမူ ချက်ချင်းပင် အသက်ပေါင်းများစွာ အိုမင်းရင့်ရော်သွားခဲ့သည့်အလား မူလက မတ်မတ်ရပ်နေခဲ့သော ကျောပြင်ကြီးများမှာလည်း ကိုင်းညွတ်ကျသွားခဲ့ရရှာသည်။

ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးသံများ ဆူညံစွာ ပေါက်ကွဲ၍ ထွက်ပေါ်လာခဲ့သည်။ မည်သည့်ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဖြစ်စေ တောင်ကြီးများအလား မတုန်မလှုပ် တည်ငြိမ်နိုင်ခဲ့ကြသော အင်အားကြီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် ယခုအခါတွင်မူ လုံးဝ စိတ်မထိန်းနိုင်တော့ဘဲ ပျက်ပြားကုန်ကြရပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအကြိမ် အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ ပြိုင်ပွဲကြီးတွင် ပါဝင်ခဲ့ကြသော ပါရမီရှင်များအားလုံးသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ အဖိုးမဖြတ်

နိုင်သော ရတနာများ ဖြစ်ကြပြီး အများစုမှာ နောင်အနာဂတ်အတွက် ဆက်ခံသူများအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်သောကြောင့်ပင်။

ယခုအခါ သူတို့အားလုံးသည် ရှေးဟောင်းနယ်မြေငယ်အတွင်း၌ သေဆုံးသွားခဲ့ကြရပြီ ဖြစ်

ရာ ဤသည်မှာ ထိုအဖွဲ့အစည်းများ၏ အနာဂတ် မျိုးဆက်သစ် လမ်းကြောင်းကို ဗြောင်ကျကျ ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင်။

နဂါးစစ်စစ် ကိုးကောင် ဆွဲဆောင်ထားသော ထိုရွှေရောင်ရထားလုံး၏ အတွင်း၌မူ...

"လူတိုင်း သေကုန်ကြတာတောင်... ချန်ကျီရှင်းက ဘာဖြစ်လို့ အသက်ရှင်နေရသေးတာလဲ"

စီကုန်းရွှမ်းကျီသည် ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး သူ၏ မျက်ဝန်းအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

နောက်တစ်ခဏတွင် သူ၏ မျက်ဝန်းအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့ပြီး တုံ့ဆိုင်းမနေဘဲ တစ်ခွန်းတည်း အမိန့်ပေးလိုက်တော့သည်။

"ချက်ချင်းပဲ... မသေမျိုးလက်နက်တွေကို အသက်သွင်းပြီး ချန်ကျီရှင်းကို အပြတ်သတ်ပစ်စမ်း"

"သတ်ပစ်စေ"

All Chapters