အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
📝အပိုင်း - ၂၈ စစ်ဆေးအတည်ပြုခြင်း
ဘာသာပြန် - Na Gar🐉
မနက်ဖြန်သည် ဂိုဏ်းမှတာဝန်ခံက လာရောက်၍ ဝိညာဉ်လယ်အထွက်နှုန်းကို စစ်ဆေးမည့်နေ့ဖြစ်ကြောင်း တွေးမိသည်နှင့် လုလီသည် လယ်ကွက်ဘေးတွင် ခေတ္တမျှ တိတ်ဆိတ်စွာရပ်နေပြီးမှ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
သူသည် လယ်ထောင့်ရှိ မြေကြီးကို လက်ဖြင့်ယက်လိုက်ပြီး ကြိုတင်မြှုပ်နှံထားသော ဝိညာဉ်ချီစုစည်းခြင်းအစီအရင်ပြားကို ထုတ်ယူကာ အင်္ကျီလက်အိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ဤအစီအရင်၏ တည်ရှိမှုမှာ အလွန်ဆန်းကြယ်လှရာ အကယ်၍ တစ်စုံတစ်ယောက်က ရိပ်မိသွားပါက မေးခွန်းထုတ်ခံရမည်မှာ အသေအချာပင်။ သူ့ကို စူးစမ်းကြည့်ရုံမျှနှင့်ပင် သူ့အတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်ပေသည်။
"တည်တည်ငြိမ်ငြိမ်ပဲ နေရမယ်..."
သူသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်ဝန်းများမှာ တည်ငြိမ်နေသည်။
ညမှောင်လာသည်နှင့်အမျှ တဲအပြင်ဘက်တွင် လရောင်မှာ မှိန်ဖျော့နေသည်။ ရန်ယွီနှင့် နန်ထျန်တို့သည် လက်ချင်းတွဲ၍ ရောက်ရှိလာကြသည်။
သူတို့နှစ်ဦး ဝင်လာသည်နှင့် မျက်နှာပေါ်တွင် ဖုံးဖိမရသော ဝမ်းသာရိပ်များ ရှိနေကြသည်။
"ဂျူနီယာမောင်လေး ကိုဒီတစ်ခေါက်တော့ တကယ်ပဲ ကျေးဇူးတင်ရမယ်" ရန်ယွီက ပြုံး၍ပြောသည် "ဒီနေ့ သွားကြည့်တာ စပါးပင်တွေက အမြစ်တွေ သန်မာပြီး အရွက်တွေကလည်း ဝဖြိုးနေတာပဲ၊ ငါ့ရဲ့ဒီရာသီ အထွက်နှုန်းက ပိဿာ (၁၀၅၀) ကို ကျော်နိုင်မယ် ထင်တယ်"
"ငါလည်း အတူတူပဲ" နန်ထျန်ကလည်း အရှုံးမပေးဘဲ အော်ပြောသည်။
"ဟွန့်၊ ဒါပေမဲ့ နင်က တကယ်ကို ကပ်စေးနှဲတာပဲ၊ ငါတို့က အသိတွေဖြစ်နေတာတောင် ဝိညာဉ်ကျောက်တုံးတောင်းသေးတယ်"
"မန္တန်ပညာရပ်နှစ်ခုကို အသုံးပြုဖို့ ဝိညာဉ်ချီမလိုဘူးလား ဒါက ခင်မင်မှုအရ ဈေးလျှော့ပေးထားတာပါ" လုလီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"နင်က ငါ့ဆီက ထက်ဝက်တောင် ယူတာလေ"
နန်ထျန်က နှာခေါင်းရှုံ့လိုက်ပြီး"လူမှုရေး လုံးဝမရှိဘူး။ ဒါပေမဲ့ အသိအမှတ်ပြုရမှာကတော့... နင့်ရဲ့ မိုးတိမ်ငယ်မန္တန် နဲ့ မြေနဂါးသွေးကြောမန္တန်က ချီစုဆောင်းခြင်းအဆင့် (၄) ကကောင်တွေထက် အများကြီး ပိုကောင်းတယ်။ ဝိညာဉ်ချီက သိမ်မွေ့ပြီး ကြာရှည်လည်း ခံတယ်၊ ငါ့လယ်အတွက် ဘာမှ စိတ်ပူစရာ မလိုတော့ဘူး"
လုလီက အပြုံးလေးဖြင့်သာ တုံ့ပြန်ပြီး ဘာမှရှင်းမပြပေ။
ဒါဟာ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ်ရဲ့ အကျိုးကျေးဇူးပဲ ဖြစ်သည်။
ဤကျင့်စဉ်မှ ရရှိသော ဝိညာဉ်ချီမှာ ပေါင်းစပ်နိုင်စွမ်း မြင့်မားပြီး သန့်စင်ကာ နူးညံ့သိမ်မွေ့သည်။ ထို့ကြောင့် လယ်ယာပြုပြင်သည့် ပညာရပ်များနှင့် အလွန်လိုက်ဖက်ညီနေခြင်း ဖြစ်သည်။
အကယ်၍ သာမန်ကျင့်စဉ်များမှ ရရှိသော ဝိညာဉ်ချီဆိုပါက အဆင့်မြင့်
လျှင်ပင် မန္တန်ပညာ အသုံးပြုသည့်အခါ "အမြစ်များကို လောင်ကျွမ်းစေခြင်း" သို့မဟုတ် "ရေကြောစီးဆင်းမှု မညီမျှခြင်း" စသည့် ပြဿနာများ ဖြစ်ပေါ်တတ်သည်။
ဒါဟာ သူ ဈေးနှုန်းကို ပြတ်ပြတ်သားသား သတ်မှတ်ရဲပြီး ဝေဖန်မှု့တွေကို မကြောက်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ ဖြစ်သည်။
သူတို့ သုံးဦး မြေပြင်ပေါ်တွင် ထိုင်နေကြပြီး တဲလေးမှာ သေးငယ်
သော်လည်း နွေးထွေးသော အငွေ့အသက်များ ရှိနေသည်။ ရန်ယွီသည် လုလီကို အမြဲတစေ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ့ကို စိုက်ကြည့်ရင်း ရုတ်တရက် တိုးတိုးလေး ရယ်မောလိုက်သည်။
"ဂျူနီယာမောင်လေး နင် မကြာသေးခင်က... အများကြီး ပြောင်းလဲသွားတယ်နော်"
လုလီက လှည့်ကြည့်လိုက်ပြီး "ပြောင်းလဲသွားတယ်"
"အရပ်လည်း ပိုရှည်လာတယ်၊ ပုခုံးလည်း ပိုကျယ်လာတယ်၊ တစ်ကိုယ်လုံး ပြောင်းလဲသွားသလိုပဲ"
သူမ၏ အကြည့်မှာ နူးညံ့နေသည် "စရောက်တုန်းက နင်က ကြက်ကလေးတစ်ကောင်နဲ့ တူတယ်၊ အခုတော့... အနည်းဆုံးတော့ တောဝံပုလွေလေးတစ်ကောင်နဲ့ တူနေပြီ"
"ဝံပုလွေလား" လုလီက တိုးတိုးလေး ထပ်ခါပြောလိုက်သည်။
နန်ထျန်ကလည်း အနားတိုးလာပြီး ကြည့်သည် "ဟုတ်တယ်၊ နင့်မျက်နှာကတော့ သခင်လေးတစ်ယောက်လို သန့်ရှင်းနေတုန်းပဲ၊ ဒါပေမဲ့ နင့်အကြည့်တွေက လူတွေကို ကြည့်ရင် အေးစက်နေတယ်။ တကယ်ကို ဝါနတ်အရိုးတပည့်တစ်ယောက်ရဲ့ အသိစိတ်မျိုး လုံးဝမရှိဘူး"
လုလီက ဘာမှမပြောသော်လည်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
သုံးလအတွင်း သူသည် အမှန်တကယ်ပင် နုနယ်ပြီး အားနည်းသော လူငယ်လေးတစ်ဦး မဟုတ်တော့ပေ။ ယခုအခါ ချီစုဆောင်းခြင်းအဆင့် (၂) သို့ ရောက်ရှိနေပြီဖြစ်ရာ ကိုယ်လုံးကိုယ်ပေါက်မှာ ပိန်ပါးနေဆဲဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ကြံ့ခိုင်လာပြီး မျက်ခုံးများကြားတွင်လည်း တည်ငြိမ်ပြီး ထက်မြက်သော အငွေ့အသက်များ ရှိနေပြီဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို သာမန်လူငယ်လေးတစ်ဦးအဖြစ် ထင်မြင်ယူဆမိပါက အလွန်ကြီးမားသော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။
"မနက်ဖြန် စစ်ဆေးတော့မယ်" ရန်ယွီက ဒူးနှစ်ဖက်ကို ပိုက်ထိုင်ရင်း ကောင်းကင်ယံမှ ပါးလွှာသော တိမ်တိုက်များကို ကြည့်ကာ... "တာဝန်ခံတပည့်တွေက ငါတို့လို အစွန်အဖျားက တပည့်တွေကို ဒုက္ခပေးကြမလား"
"ဖြစ်နိုင်ခြေများတယ်" လုလီက တည်ငြိမ်စွာပြောသည်။
"ဒါပေမဲ့ အထွက်နှုန်း ကောင်းနေရင် သူတို့ ဘယ်လောက်ပဲ ဒုက္ခပေးပေး အမှားရှာရ ခက်လိမ့်မယ်"
"အဲဒီလိုပဲ မျှော်လင့်ရမှာပဲ"
နန်ထျန်က သူမ၏ ခါးကို နှိပ်ရင်း"ငါတော့ တစ်ရာသီလုံး အလကား ပင်ပန်းရတာမျိုး မဖြစ်ချင်ဘူး..."
သူတို့ သုံးဦး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
မလှမ်းမကမ်းရှိ ဝိညာဉ်စပါးပင်များက လေထဲတွင် ယိမ်းထိုးနေပြီး လယ်ဘေးရှိ ရေမြောင်းထဲတွင် ကြယ်ရောင်များ ထင်ဟပ်နေသည်။ သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ထိုညမှာ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။
...
နောက်တစ်နေ့ နံနက်တွင် ဝိညာဉ်လယ်မြေမှာ ဆူညံပွက်လောရိုက်နေပြီး နတ်ဘုရားဂိုဏ်းနှင့် မတူဘဲ လယ်သမားများ၏ ပွဲတော်တစ်ခုနှင့် ပို၍တူနေသည်။
အပြင်စည်းတပည့် တစ်ယောက်ပြီးတစ်ယောက် မိမိလယ်ဘေးတွင် စောင့်နေကြသည်။ ခေါင်းတွင် မြက်ဦးထုပ်ဆောင်းကာ၊ ပုခုံးတွင် တဘက်တင်၍၊ ဘောင်းဘီအနားများကို လိပ်တင်ထားကြသည်။ ချွေးများ စီးကျနေပုံမှာ ကျင့်ကြံသူနှင့် မတူဘဲ ဆယ်စုနှစ်ချီပြီး လယ်စိုက်လာသော တောင်သူကြီးများနှင့် တူနေသည်။
လယ်ကွင်းများကြားတွင် တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်နေသည်။
"ဟိုဘက်က စီနီယာဝမ်ကို ကြည့်စမ်း၊ သူ့စပါးပင်တွေက သန်မာလိုက်တာ၊ တစ်ဧကကို ပိဿာ (၁၁၀၀) ကျော် ထွက်မယ်လို့ ကြားတယ်"
"မင်းကလည်း လျှောက်ပြောနေတာ၊ သူ့လယ်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရေကြီးထားတာ၊ အမြစ်တွေတောင် မည်းနေပြီ"
"ဟေ့၊ မြောက်ဘက်က မြေရိုင်းမှာတော့ ဝိညာဉ်ချီတွေ အတော်လေး စုနေတယ်လို့ ကြားတယ်၊ ဒီရာသီမှာ ထူးခြားတာတွေ ဖြစ်လာနိုင်တယ်..."
လုလီသည် မိမိလယ်ကွက်၏ ထောင့်တစ်နေရာတွင် ထိုင်ကာ အရပ်မျက်နှာအနှံ့မှ စကားသံများကို တည်ငြိမ်စွာ နားထောင်နေသည်။
လူများ စကားကောင်းနေစဉ်မှာပင် ကောင်းကင်ယံမှ ဓားမြည်သံတစ်ခု ထွက်ပေါ်လာပြီး လေပြင်းအချို့က ကောင်းကင်ကို ခွဲထွက်လာသည်။
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"လာပြီ၊ လာပြီ ဓားပျံတွေ ဆင်းလာပြီ"
အပြာနုရောင် ဓားအလင်းအချို့သည် လမ်းမကြီးရှေ့သို့ ဆင်းသက်လာကြသည်။ခေါင်းဆောင်ဖြစ်သူမှာ ဝတ်စုံဖြူ ဝတ်ဆင်ထားပြီး ခါးတွင် တာဝန်ခံတံဆိပ်ကို ချိတ်ဆွဲထားကာ ကျောက်စိမ်းယပ်တောင်ဖြင့် မျက်နှာကို အနည်းငယ် ကာထားသည်။ ရုပ်ရည်မှာ ချောမောသော်လည်း မောက်မာသော အရိပ်အယောင်များ ကိန်းအောင်းနေ၏။
"အို...စီနီယာအစ်ကိုဝူ"
ထိုလူ ခြေချရုံရှိသေးသည်၊ လူတစ်ယောက်က အမြန်ပြေး၍ ကြိုဆိုလိုက်သည်။
၎င်းမှာ လျိုတာ့ပါး ပင်ဖြစ်သည်။ သူသည် မျက်နှာတွင် အပြုံးများဖြင့် လက်သီးစုပ်ကာ ခါးကို အစွမ်းကုန် ညွှတ်၍ နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကိုဝူ လာမှာကို ကျွန်တော်တို့ မျှော်နေတာ ကြာပါပြီ ဒီနှစ် စစ်ဆေးတဲ့ကိစ္စကို စီနီယာအစ်ကိုဝူ ကိုယ်တိုင် ကြည့်ရှုပေးဖို့ ကျွန်တော် စောင့်နေတာပါ"
"စီနီယာအစ်ကိုဝူ မလာရင် ကျွန်တော်တို့ရဲ့ ဒီဝိညာဉ်စပါးပင်တွေလည်း အနှံထွက်ရဲမှာ မဟုတ်ပါဘူး"
သူ၏ စကားလုံးများမှာ အလွန်နွေးထွေးလှပြီး ခေါ်ဝေါ်ပုံမှာလည်း "တာဝန်ခံတပည့်" မှ "စီနီယာအစ်ကိုဝူ" သို့ ပြောင်းလဲသွားသည်။
ထိုဝတ်စုံဖြူတပည့်မှာ ဤအခြေအနေမျိုးကို နေသားကျနေပုံရပြီး ယပ်တောင်ကို အသာအယာ ခတ်ရင်း ပြုံးလိုက်သည်။
"အို၊ မင်းက ငါ့အလှည့်ကို ဒီလောက်တောင် မျှော်နေတာလား၊ ထူးဆန်းသားပဲ"
"ဒါပေါ့ခင်ဗျာ ကျွန်တော်က စီနီယာအစ်ကိုဝူကို အမြဲတမ်း သတိရနေတာပါ"
"ဟုတ်ပါတယ်၊ ဒီနှစ် အထွက်နှုန်းကောင်းကောင်းရရင် ဂိုဏ်းကို ကိုးပုံသွင်းပြီး ကျန်တာကတော့... ဟီးဟီး၊ စီနီယာအစ်ကိုအတွက် လက်ဖက်ရည်ကြမ်း တစ်ခွက်စာပေါ့"
လျိုတာ့ပါး၏ စကားမှာ အဓိပ္ပာယ်ပါလှပြီး ရယ်သံမှာလည်း ဟန်ဆောင်မှုများ ပါဝင်နေသည်။ ဝူဇီဟန်ဆိုသော စီနီယာသည်လည်း ထိုစကားကို မပယ်ဖျက်ဘဲ ယပ်တောင်ဖြင့် လက်ဖဝါးကို ပုတ်ကာ ပျင်းရိစွာ ပြောလိုက်
သည်။
"စည်းကမ်းကတော့ စည်းကမ်းပေါ့၊ ဒါပေမဲ့ လူဆိုတာ လူမှုရေးလည်း ရှိရဦးမှာပေါ့"
"စိတ်ချပါ၊ ငါ ဝူဇီဟန်က အမျှတဆုံးပဲ။ ဘယ်လယ်က ဘယ်လောက်ထွက်တယ်၊ ဝိညာဉ်ချီ သန့်စင်မှု ဘယ်လောက်ရှိတယ်ဆိုတာ... ငါ့စိတ်ထဲမှာ ချိန်ခွင်တစ်ခု ရှိပြီးသားပါ"
လျိုတာ့ပါးသည် ထိုစကားကို ကြားသောအခါ ပို၍ပင် ဖားယားပြုံးပြလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ ဝိညာဉ်လယ်မြေတစ်ခုလုံးက စီနီယာအစ်ကိုဝူရဲ့ 'တရားမျှတမှု' ပေါ်မှာပဲ မူတည်နေပါပြီ"
အဝေးမှ လုလီသည် ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေသည်။
ဤ ဝူဇီဟန်နှင့် လျိုတာ့ပါး တို့ ရင်းနှီးနေသည်မှာ သိသာလှပြီး "လက်ဖက်ရည်ကြမ်းတစ်ခွက်" ဆိုသော စကားမှာပင် အဂတိလိုက်စားမှုကို အထင်အရှား ဖော်ပြနေသည်။
ထို့နောက် ဝူဇီဟန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ကြေးနီရောင် ဝိညာဉ်
ကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် ရိုးရှင်းသော အင်တုံတစ်ခုနှင့် တူသော်လည်း အနားသတ်တွင် ဝိညာဉ်အက္ခရာများ ရေးထွင်းထားပြီး အလယ်တွင် လည်ပတ်နေသော အနက်ရောင် ဝဲဂယက်ပေါက်တစ်ခု ရှိသည်။
"ဒါက... ဝိညာဉ်တိုင်းတာခွက် လား"
တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
"ဝိညာဉ်ဆန် အထွက်နှုန်းနဲ့ ဝိညာဉ်ချီသိပ်သည်းဆကို တိုင်းတာတဲ့ အထူးကိရိယာပဲ"
"ရာသီတိုင်း ဒါနဲ့ပဲ တိုင်းတာတာ၊ အလွန်တိကျတယ်လို့ ကြားတယ်"
ဝူဇီဟန်သည် ဝိညာဉ်တိုင်းတာခွက်ကို အသာအယာ ပစ်တင်လိုက်ရာ ၎င်းသည် လေထဲတွင် ဝဲပျံနေပြီး အဖြူရောင် အလင်းတန်းများ ဖြာထွက်လာသည်။
"စည်းကမ်းကို အားလုံးသိကြမှာပါ"
ယပ်တောင်ကို ကိုင်ကာ လူအုပ်ကို ပျင်းရိစွာ ကြည့်လိုက်ပြီး "ဘယ်သူ့လယ်က ဝိညာဉ်ဆန် ရိတ်သိမ်းပြီးပြီလဲ၊ ကိုယ့်ဘာသာ ထမ်းလာခဲ့ကြ။ ဆန်ထဲမှာ ဖွဲတွေပါရင် ဒါမှမဟုတ် သေသေချာချာ မရိတ်ထားရင် အထွက်
နှုန်းကို (၁၀) ရာခိုင်နှုန်း တိုက်ရိုက်နှုတ်မယ်"
"ဒါပေမဲ့လည်း..." သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ "ပိုပြီး ကောင်းကောင်းရိတ်ချင်တာတို့၊ ကိုယ့်အတွက် ပိုချန်ထားချင်တာတို့ရှိရင်လည်း... နည်းလမ်း မရှိတာတော့ မဟုတ်ဘူးပေါ့"
ဤစကားကို ကြားလျှင် လူဟောင်းတပည့်အချို့မှာ နားလည်သလို ရယ်မောလိုက်ကြသည်။ လျိုတာ့ပါး၏ နှုတ်ခမ်းမှာလည်း အနည်းငယ် မြင့်တက်သွားသည်။
ဝိညာဉ်လယ်ကွင်း စစ်ဆေးခြင်းသည် တောင်ဘက်ရှိ အကောင်းဆုံး မြေကွက်များမှ စတင်လေ့ရှိရာ လျိုတာ့ပါးတို့ သုံးဦးမှာ ထိုအုပ်စုတွင် ပါဝင်သဖြင့် ပထမဆုံး ရှေ့သို့ တိုးလာကြသည်။
သို့သော် ထူးဆန်းသည်မှာ ဤရာသီတွင် လျိုတာ့ပါး၏ လယ်ကို စိုက်ပေးခဲ့သူမှာ ရန်ယွီ ဖြစ်နေခြင်းပင်။ ယခုအခါ သူမသည် လူအုပ်၏ နောက်ဆုံးတွင် ခေါင်းငုံ့ကာ ဘာမှမပြောဘဲ ရပ်နေသည်။
"စီနီယာလျို၊ ခင်ဗျားရဲ့ လယ်ကို ကျွန်တော် မိုးတိမ်ငယ်မန္တန်သုံးကြိမ်တောင် သုံးပေးထားတာ၊ စံချိန်တင်မှာ သေချာတယ်" ဘေးမှ မြင်းမျက်နှာနှင့် လူက ဖားယား၍ ပြောသည်။
"ဒါပေါ့" လျိုတာ့ပါးက သူ၏ ဝမ်းဗိုက်ကို ပွတ်ရင်း ဟန်ဆောင်နှိမ့်ချကာ ပြောလိုက်သည်။
"ငါ့ရဲ့ ဒီ 'အလုပ်သမား' က ဘယ်လောက်အထိ ကြိုးစားပေးသလဲ ဆိုတာပေါ်မှာလည်း မူတည်တာပေါ့"
သူ၏ စကားမှာ အထင်အရှားပင် ဖြစ်ရာ လူများစွာက ရန်ယွီကို လှည့်ကြည့်ကြသည်။ အချို့က စိတ်မကောင်းဖြစ်ကြပြီး အချို့ကမူ သနားကြသည်။
"ရန်ယွီရဲ့ ဒီအလှည့်ကတော့ တကယ်ပဲ ကံဆိုးတာပဲ"
"ဟေ့၊ တခြားသူဆိုရင်တော့ အိပ်ရာထဲအထိ ခေါ်သွားခံရတာ ကြာလှပြီ"
လျိုတာ့ပါးကမူ ထိုစကားများကို မကြားချင်ယောင်ဆောင်ကာ လက်ဝှေ့ယမ်းပြပြီး သူ့နောက်မှ တပည့်များကို ဆန်အိတ်များ ထမ်းလာရန် ခိုင်းလိုက်သည်။
ဝူဇီဟန်သည် ကျွမ်းကျင်စွာပင် ဝိညာဉ်တိုင်းတာခွက်ကို အသက်သွင်းလိုက်ရာ ဝိညာဉ်ဆန်များကို စုပ်ယူသွားသည်။ ဝိညာဉ်အလင်းများ ခေတ္တလည်ပတ်ပြီးနောက် စာသားများ ပေါ်လာသည်။
[တစ်ဧကအထွက်နှုန်း- (၁၁၈၇) ပိဿာ ၊ ဝိညာဉ်ချီသိပ်သည်းဆ- အဆင့်မြင်ံ့(အဆင့်နိမ့်)]
"ဟင်း... အမြင့်ဆုံး လယ်ကွက်ပဲ" တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောသည်။
"ဒီလယ်ကွက်က မြောက်ပိုင်းတစ်ခုလုံးမှာ အကောင်းဆုံးပဲလေ၊ ပြီးတော့ သူ့အတွက် လယ်စောင့်ပေးတဲ့သူရှိတယ်၊ မိုးတိမ်ငယ်မန္တန် နဲ့ မြေနဂါးသွေးကြောမန္တန် နဲ့လုပ်ပေးတဲ့သူတွေကလည်း အလှည့်ကျရှိနေတာပဲ... မမြင့်ရင်မှ ထူးဆန်းမယ်"
လျိုတာ့ပါးက ဖြဲရယ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ရန်ယွီကို တစ်ချက်
ကြည့်ကာ ပြောလိုက်သည်။
"ဂျူနီယာညီမလေး ရန်ယွီက တကယ်ပဲ ဇွဲရှိတာပဲ၊ ငါ့အတွက် လယ်ကို ပင်
ပင်ပန်းပန်း စိုက်ပေးပေမဲ့ ငါ့အနားမှာ လာပြီး ပြုစုပေးဖို့တော့ မလုပ်ချင်ဘူး"
"ဒီလယ်ကို မင်းစိုက်တာ မှန်ပေမဲ့၊ ဝိညာဉ်ဆန် တစ်စေ့တောင် မင်းမရဘူး၊ တန်ရဲ့လား"
"အဲဒီအစား... နောက်ရာသီမှာ 'ပြုစုပျိုးထောင်' ဖို့ တခြားနည်းလမ်းကို ပြောင်းမလားဆိုတာ စဉ်းစားသင့်တယ်နော်"
ဝူဇီဟန်က ထိုစကားကို ကြားသောအခါ မသိမသာ ပြုံး၍ ယပ်တောင်ကို ခတ်နေသော်လည်း ဘာမှဝင်မပြောပေ။ ၎င်းမှာ လက်ခံသဘောတူသည့် သဘောပင်။
ထိုအချိန်တွင် အဝါရောင်ဝတ်စုံကို ဝတ်ထားသော်လည်း ခန္ဓာကိုယ်အလှကို ဖော်ပြနေသော အမျိုးသမီးတစ်ဦး လျှောက်လာသည်။ သူမ၏ ရုပ်ရည်မှာ ချောမောလှပပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြင့် လျိုတာ့ပါးကို တစ်ချက်ကြည့်လိုက်သည်။
"စီနီယာအစ်ကိုလျို၊ ခုနက ကျွန်မကို ကတိပေးထားတာတွေက အတည်ပဲနော်"သူမက လျိုတာ့ပါး၏ အင်္ကျီလက်ကို အသာအယာ ဆွဲရင်း ချွဲနွဲ့စွာ ပြောသည်။
"ဒါပေါ့"လျိုတာ့ပါးက ရယ်မောရင်း ဝူဇီဟန်ကို တိုးတိုးလေး အချို့ပြောလိုက်သည်။
ဝူဇီဟန်က ပျင်းရိစွာ ပြုံးလိုက်ပြီး "တန်းစီ၊ ယူခဲ့"
ထိုအမျိုးသမီးသည် ဝမ်းသာအားရဖြင့် ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်ဆန်အိတ်ကို ဝိညာဉ်တိုင်းတာခွက်ရှေ့သို့ ပို့လိုက်သည်။
ဝိညာဉ်အလင်းများ မြည်ဟည်းသွားသည်။ ယခင်အကြိမ်များကဲ့သို့ ကြည်လင်တည်ငြိမ်ခြင်းမရှိဘဲ ယခုတစ်ခေါက်တွင်မူ ထူးဆန်းစွာ နှစ်
ချက်မျှ လက်သွားသည်။
[တစ်ဧကအထွက်နှုန်း- (၁၁၀၄) ပိဿာ ၊ ဝိညာဉ်ချီသိပ်သည်းဆ- အလယ်အလတ်]
"(၁၁၀၀) ကျော်သွားပြီ" ထိုအမျိုးသမီးက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
ဘေးမှ တပည့်တစ်ဦးက တိုးတိုးလေး ဆဲဆိုလိုက်သည်။
"သူ့လယ်က မနှစ်က ၉၀၀ ကျော်ပဲ ရှိတာ..."
"ဟဲ၊ လူမှန်ကို ကပ်မိရင်တော့ မတူတော့ဘူးပေါ့"
ထိုအမျိုးသမီးသည် လျိုတာ့ပါး၏ လက်မောင်းကို မှီရင်း "စီနီယာအစ်ကိုလျို၊ နောက်ရာသီမှာလည်း... ကျွန်မ ဆက်ပြီး..." ဟုချွဲနွဲ့စွာ ပြောနေသည်။
လျိုတာ့ပါးက ပြုံးရုံသာ ပြုံးနေပြီး ရန်ယွီကို ရည်ရွယ်ချက်ရှိရှိ ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။
"လယ်စိုက်တယ်ဆိုတာ ချွေးစက်လက်နဲ့ ပင်ပင်ပန်းပန်း လုပ်နေဖို့ မလိုပါဘူး... နည်းလမ်းကို သိတဲ့သူကတော့ အမြဲတမ်း သက်တောင့်သက်သာ နေရတာပဲ"
ထိုစကားမှာ အဓိပ္ပာယ် အလွန်နက်လှသော်လည်း ဝူဇီဟန်ကတော့ မကြားချင်ယောင်ဆောင်ကာ ပြုံးနေရုံသာ ရှိသည်။
လူအုပ်ထဲတွင် ရပ်နေသော ရန်ယွီ၏ မျက်နှာမှာမူ ပြာနှမ်းနေပြီဖြစ်သော်လည်း သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှပြန်မပြောဘဲ ရပ်နေခဲ့သည်။
📝အပိုင်း - ၂၉ တစ်ထောင်နှစ်ရာ
ဘာသာပြန် - Na Gar🐉
ဝိညာဉ်တိုင်းတာခွက်သည် လေထဲတွင် ဝဲပျံကာ လည်ပတ်နေသည်။ နံနက်အာရုဏ်တက်ချိန်မှ နေဝင်ခါနီးတိုင်အောင် တစ်နေ့တာလုံးကို ဤဝိညာဉ်လယ်မြေတွင် အချိန်ကုန်ဆုံးခဲ့ကြသည်။
မြေဆီလွှာ အကောင်းဆုံးဖြစ်သော တောင်ဘက်ပိုင်းလယ်ကွက်များမှာ စောစီးစွာ စစ်ဆေးပြီးစီးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လျိုတာ့ပါးသည် "(၁၁၈၇) ပိဿာ" ဖြင့် တစ်ဧကအထွက်နှုန်းစာရင်းတွင် ထိပ်ဆုံးမှ အခိုင်အမာရပ်တည်နေဆဲ ဖြစ်သည်။
ထို့နောက် တစ်မွန်းလွဲလုံးလုံးတွင်လည်း တစ်ထောင်တစ်ရာကျော်၊ တစ်ထောင်ကျော် ထွက်ရှိသူများ ဆက်တိုက်ရှိနေသော်လည်း မည်သူမျှ သူ့ကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
ဝူဇီဟန်သည် လက်ဖက်ရည် သုံးအိုးခန့် သောက်ပြီးပြီဖြစ်ကာ ယပ်တောင်ကိုလည်း နှစ်ကြိမ်ခန့် လဲလှယ်ကိုင်စွဲပြီးပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် အိပ်ငိုက်လာသဖြင့် ဝိညာဉ်ကြိုးကြာငှက်၏ ကုန်းနှီးပေါ်တွင် မှီထိုင်ကာ သမ်းဝေလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည် "မြန်မြန်လုပ်ကြ၊ မှောင်တော့မယ်။ ဒီဘက်ကမြေတွေက ဆန်ကောင်းထွက်တာလည်း မဟုတ်ဘူး၊ ငါ့အချိန်တွေကို လာမဖြုန်းနဲ့"
စစ်ဆေးရေးအဖွဲ့ ရွေ့လျားလာသည်နှင့်အမျှ လူအုပ်ကြီးသည်လည်း မြောက်ဘက်သို့ လိုက်ပါလာကြသည်။
ဝိညာဉ်လယ်မြေ၏ မြောက်ဘက်အစွန်းဆုံးသည် နာမည်ကျော် မြေရိုင်းအရပ်ဖြစ်ပြီး အမြဲတမ်း အထွက်နှုန်းအညံ့ဆုံး ဖြစ်သည်။ သို့သော် ထိုကြောင့်ပင် လူအများဆုံးဖြစ်နေကာ လာရောက်ကြည့်ရှုသူများမှာလည်း ပိုမိုများပြားလာသည်။
စစ်ဆေးရန် အလှည့်မရောက်သေးသော တပည့်အများအပြားမှာ လယ်ကွက်ဘေးတွင် စုရုံးကာ တိုးတိုးတိုးတိုး ဆွေးနွေးနေကြသည်။
"ဒီတစ်ခါလည်း လျိုတာ့ပါးပဲ အမြင့်ဆုံး ဖြစ်ဦးမှာပဲ"
"ဘယ်သူမှ တစ်ထောင်နှစ်ရာကို မကျော်နိုင်ဘူး မဟုတ်လား"
"ဒီနှစ်တော့ ကြားရတာ... ရန်ယွီတို့ဘက်မှာလည်း အထွက်နှုန်း နည်းနည်းတက်တယ်ဆိုပဲ"
"သူ့လယ်က အညံ့ဆုံးအကွက်တွေထဲက တစ်ကွက်လေ၊ အရင်းရရင်တောင် ကံကောင်းလှပြီ"
ထိုအချိန်တွင် ဝူဇီဟန်က ထပ်မံနှိုးဆော်လိုက်သည်"နန်ထျန် ဆိုတာ ဘယ်သူလဲ မင်းအလှည့်ရောက်ပြီ၊ မြန်မြန်လုပ်"
ဆံပင်ကို ကွင်းနှစ်ကွင်းထုံးထားသော မိန်းကလေးငယ်လေးတစ်ဦးမှာ ရှေ့သို့ ခုန်ပေါက်ထွက်လာပြီး အဆင်သင့်ပြင်ထားသော ဆန်အိတ်ကို ဝိညာဉ်
တိုင်းတာဗန်းခွက်သို့ ရိုရိုသေသေ ပို့ဆောင်လိုက်သည်။
ဝိညာဉ်အလင်း တစ်ချက်လက်သွားပြီး စာသားများ ပေါ်လာသည်။
[တစ်ဧကအထွက်နှုန်း- (၁၀၆၁) ပိဿာ ၊ ဝိညာဉ်ချီသိပ်သည်းဆ- အလယ်အလတ်]
"တစ်ထောင်ခြောက်ဆယ့်တစ်တောင် ကျော်တယ်လား"
"သူ မနှစ်က တစ်ထောင်ကျော်ရုံလေးပဲ ရှိတာ မဟုတ်လား"
"ဒီတစ်ခါတော့... အနည်းဆုံး ပိဿာငါးဆယ်၊ ခြောက်ဆယ်လောက် ပိုထွက်လာတာပဲ"
"သူ တစ်စုံတစ်ယောက်ကို ခိုးပြီး မန္တန်ပညာနဲ့ ကူခိုင်းထားတာများလား"
ဝေဖန်သံများကြားတွင် နန်ထျန်မှာ ဝမ်းသာလွန်းသဖြင့် ပါးပြင်လေးများ နီရဲကာ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးနေပြီး လူအုပ်ထဲသို့ လက်လှမ်းပြလိုက်သည် "စီနီယာအစ်မ ရန်ယွီ၊ နောက်တစ်ယောက်က အစ်မအလှည့်နော်"
ရန်ယွီက ပြန်ထူးလိုက်ပြီး ရှေ့သို့လျှောက်လာကာ ကျောကို မတ်မတ်ဆန့်ထားသည်။
သူမသည်လည်း ဆန်အိတ်ကို ဝိညာဉ်တိုင်းတာခွက်ထဲသို့ ထည့်လိုက်သည်။
ဝိညာဉ်အလင်းမှာ အချိန်အတော်ကြာ လည်ပတ်နေပြီးမှ ရပ်တန့်သွားကာ စာသားများ ပေါ်လာသည်။
[တစ်ဧကအထွက်နှုန်း- (၁၀၈၀) ပိဿာ ၊ ဝိညာဉ်ချီသိပ်သည်းဆ- အလယ်အလတ် (အဆင့်မြင့်)】
"ဟမ်..."
လူအုပ်ထဲမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာသည်။
"တစ်ထောင်ရှစ်ဆယ်ကို ကျော်သွားတာလား"
"သူ့လယ်က မနှစ်က (၉၈၀) ပဲ ထွက်တာ မဟုတ်လား"
"ဒါက... စံချိန်တင်လိုက်တာပဲလား"
ကြည့်ရှုနေသော တပည့်များ၏ အကြည့်များမှာ စုပြုံရောက်ရှိလာပြီး အံ့ဩတကြီး ဖြစ်နေကြသည်။
လျိုတာ့ပါးမှာ မူလက လယ်ဘေးတွင် အေးအေးလူလူ မှီထိုင်နေသော်လည်း ယခုမူ ရုတ်တရက် ခါးကို မတ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူက တိုးတိုးလေး ရေရွတ်ရင်း မျက်နှာမှာ ညိုမှောင်လာသည်။
ထိုအချိန်တွင် ဘေးမှလူတစ်ဦးက လျိုတာ့ပါး၏ နားအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။
"ကြားရတာတော့ သူ ဒီရာသီမှာ အသစ်ဝင်လာတဲ့ တပည့်တစ်ယောက်ကိုမန္တန်ပညာနဲ့ ကူခိုင်းထားတယ်တဲ့၊ လုလီ ဆိုတဲ့တစ်ယောက်လေ၊ ချီစုဆောင်းခြင်းအဆင့် (၁) ပဲ ရှိသေးတာ"
"အဲဒီကောင်က မိုးတိမ်ငယ်မန္တန် နဲ့ မြေနဂါးသွေးကြောမန္တန်ကို တတ်တယ်... ဒါပေမဲ့ သူအသုံးပြုတဲ့ ဝိညာဉ်ချီက နည်းနည်း ထူးဆန်းတယ်တဲ့"
"ဘာထူးဆန်းတာလဲ" လျိုတာ့ပါး မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူက တံတွေးတစ်ချက်မျိုကာ တိုးတိုးလေးပြောသည် "တချို့လူတွေ မြင်ဖူးတာတော့ သူသုံးတဲ့ ဝိညာဉ်ချီက အလွန်နူးညံ့တယ်၊ ထိရောက်မှုက ကျွန်တော်မြင်ဖူးသမျှ ချီစုဆောင်းခြင်းအဆင့် (၃) (၄) ကောင်တွေထက်တောင် ပိုကောင်းတယ်တဲ့"
"ဘယ်လို ကျင့်စဥ်မျိုးကို ကျင့်ထားသလဲတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ်... နည်းနည်းတော့ မမှန်သလိုပဲ"
လျိုတာ့ပါး၏ အကြည့်များမှာ အေးစက်လာပြီး နှာခေါင်းရှုံ့လိုက်သည်။
"ဝါနတ်အရိုးပိုင်ရှင်တစ်ယောက်က... ဘာများ တတ်နိုင်မှာလဲ"
ဝူဇီဟန်ကမူ ထိုအချိန်တွင် အော်လိုက်သည် "နောက်တစ်ယောက် လုလီ"
ဤအသံ ထွက်ပေါ်လာသည်နှင့် တစ်ကွင်းလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
လူအများအပြားမှာ အစွန်အဖျားဆုံးရှိ မြေရိုင်းအရပ်သို့ မသိမသာ လှည့်ကြည့်မိကြပြီး မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။
လုလီ။
နှစ်စဉ်နှစ်တိုင်း အထွက်နှုန်းမပြည့်ဘဲ ဝိညာဉ်ချီ ခန်းခြောက်နေသော ထိုမြေကွက်သည် တပည့်မည်မျှ ပြောင်းလဲစေကာမူ တိုးတက်မလာခဲ့ပေ။ ဤရာသီတွင်မူ သူက စိုက်ပျိုးနေခြင်းဖြစ်သည်။
သတ်မှတ်ချက် ပြည့်မီရုံမျှနှင့်ပင် အံ့ဖွယ်ဖြစ်နေပြီဖြစ်သော်လည်း...
"ရန်ယွီ ပိဿာတစ်ရာကျော် ပိုထွက်လာတာက တကယ်ပဲ သူနဲ့ ပတ်သက်နေတာလား"
"သူ့အလှည့်ရောက်ပြီ၊ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်မလား ကြည့်
ရအောင်"
"သူ့လယ်က... မနှစ်ကလူဆိုရင် (၈၀၀) ပိသာတောင် မပြည့်ဘူး"
"ဒါပေမဲ့ ကြားရတာ သူက မြက်တဲမှာတောင် မနေဘဲ လယ်ထဲမှာပဲ အမြဲစောင့်နေတာတဲ့... အရူးတစ်ယောက်ပဲ"
နေရောင်ခြည်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး မှောင်ရီပျိုးစပြုနေပြီ ဖြစ်သည်။
"လုလီ ဘယ်မှာလဲ အချိန်မဖြုန်းနဲ့"
ဝူဇီဟန်က ထပ်မံပြောလိုက်သည်။ သူသည် သမ်းဝေရင်း လက်ခုပ်တီးလိုက်ကာ လုံးဝ မျှော်လင့်ချက်မရှိသလို ပြုမူနေသည်။
အမှန်စင်စစ် ဤမြောက်ဘက် အစွန်အဖျားလယ်ကွက်မှာ ဝိညာဉ်လယ်မြေတစ်ခုလုံးတွင် အဆိုးရွားဆုံးအပိုင်း ဖြစ်သည်။ သူသည် ခေါင်းပင်မမော့ဘဲ ဝိညာဉ်တိုင်းတာခွက်ကို ထိုဘက်သို့ ပို့လွှတ်လိုက်ကာ အလုပ်ပြီးရန်သာ ပြင်ဆင်နေသည်။
လုလီသည် ဝိညာဉ်ဆန်အိတ်များကို သေသေချာချာ စီထားပြီး ခါးညွှတ်၍ ဂါရဝပြုလိုက်သည် "တပည့် လုလီ၊ လယ်စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်"
စကားဆုံးသည်နှင့် သူက လက်ဟန်ပြုလိုက်ရာ ဝိညာဉ်ဆန်များသည် ဝိညာဉ်တိုင်းတာခွက်၏ စုပ်ယူမှုဖြင့် အထဲသို့ ဝင်ရောက်သွားသည်။ ရုတ်တရက် ခွက်အတွင်းမှ ဝိညာဉ်အလင်းများ တောက်ပစွာ ထွက်ပေါ်လာသည်။
ဝူဇီဟန်က နှိုးဆော်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသွားသည်။
ဒီအလင်းက... အရမ်းတောက်ပလွန်းတယ်။
"ဟင်"
ဝိညာဉ်တိုင်းတာခွက်အတွင်း ဝိညာဉ်အက္ခရာများ ထွက်ပေါ်လာကာ ယှက်နွယ်ပြီး စုစည်းသွားသည်။ ခေတ္တအကြာတွင် "ကလစ်" ဆိုသော ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဂဏန်းတစ်တန်းသည် ဗန်းပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
[တစ်ဧကအထွက်နှုန်း- (၁၂၀၆) ပိဿာ | ဝိညာဉ်ချီသိပ်သည်းဆ- အဆင့်မြင့်】
တစ်ကွင်းလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။
ထို့နောက် ဆူညံလှသော အံ့ဩသံများ ပေါက်ကွဲထွက်လာတော့သည်။
"ဘာ... ဘာလဲ"
"သူ တစ်ထောင်နှစ်ရာကို ကျော်သွားတာလား"
"မဟုတ်ဘူးလေ... (၁၂၀၆)ငါ မျက်လုံးမှားတာလား"
"ဒါက ဒီနှစ်ရဲ့... နံပါတ်တစ် မဟုတ်လား"
"ဒီမြေကွက်က (၁၂၀၆) ပိဿာ ထွက်နိုင်တယ်လို့လား"
ဝူဇီဟန်သည် ရုတ်တရက် ထရပ်လိုက်ကာ မျက်လုံးကို အဖန်ဖန် ပွတ်ကြည့်မိသည်။ သူ မျက်စိမှားနေသလားဟု အတည်ပြုချင်နေသည်။
သို့သော် ဝိညာဉ်တိုင်းတာခွက်ပေါ်ရှိ အလင်းရောင်နှင့် ဂဏန်းများမှာ အလွန်ပင် ရှင်းလင်းလှသည်။ ကောင်းကင်နှင့် မြေကြီးက သက်သေတည်နေသဖြင့် လိမ်လည်ရန် လုံးဝမဖြစ်နိုင်ပေ။
ရလဒ် ပေါ်လာသည်နှင့် ဝိညာဉ်ခွက်ထဲတွင် မှတ်တမ်းဝင်သွားပြီဖြစ်ရာ ပြင်ဆင်ရန် မဖြစ်နိုင်တော့ပေ။
သူ ချက်ချင်း သဘောပေါက်သွားသောလည်း နောက်ကျသွားပြီ၊ ပြန်ပြင်လို့ မရတော့ပေ။
ဝူဇီဟန်၏ လည်စိမှာ လှုပ်ရှားသွားပြီး မျက်နှာမှာ ပျက်ယွင်းနေသည်။ ဤရလဒ်မှာ သူ ယနေ့ စစ်ဆေးရာတွင် ကြိုတင်သတ်မှတ်ထားသည့် အခြေအနေကို ဖျက်ဆီးလိုက်ရုံသာမက ဤရာသီ၏ တစ်ဧကအထွက်နှုန်း နံပါတ်တစ်နေရာကို တိုက်ရိုက် ရယူသွားခြင်းလည်း ဖြစ်သည်။
နံပါတ်တစ်နေရာတွင် အခိုင်အမာ ရှိနေခဲ့သော လျိုတာ့ပါး၏ မျက်နှာမှာမူ လုံးဝမဲမှောင်သွားသည်။
သူ့ဘေးမှ ပြင်ပတပည့်များမှာလည်း ခဏတာမျှ အသံတိတ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
"ဒါ လုံးဝ တစ်ခုခု လွဲနေတယ်..." လျိုတာ့ပါးက အံကြိတ်၍ တိုးတိုးလေး ပြောလိုက်သည်။
အစကတည်းက သူသည် ဤအသစ်ရောက်လာသော ဝါနတ်အရိုးတပည့်ကို မျက်စိထဲ မထည့်ခဲ့ပေ။
ဒါပေမဲ့ ဒီနေ့တော့...
နန်ထျန်၊ အရင်က တစ်ထောင်ကျော်ရုံလေးကနေ အခု တစ်ထောင်ခြောက်ဆယ်ကျော်။
ရန်ယွီ၊ နှစ်ပေါင်းများစွာ သတ်မှတ်ချက် မပြည့်ရုံလေးကနေ အခု တစ်ထောင်ရှစ်ဆယ်ကျော်။
ယခုမူ အစွန်အဖျားဆုံးနှင့် အညံ့ဆုံး မြေကွက်က တိုက်ရိုက် တစ်ထောင်
နှစ်ရာကို ကျော်သွားသည်။
ပြီးတော့...
နံပါတ်တစ် ရခြင်းက ဘာကို ဆိုလိုသနည်း။
မူလက ရရှိမည့် မိမိအတွက် ဝေစု (၁၀) ရာခိုင်နှုန်းအပြင်၊ အပိုဆုလာဘ်
အဖြစ် နောက်ထပ် (၁၀)ရာခိုင်နှုန်း ထပ်မံ ရရှိမည် ဖြစ်သည်။
စုစုပေါင်း (၂၀)ရာခိုင်နှုန်း...
ဝိညာဉ်ဆန် (၂၄၀) ပိဿာခန့်ကို ကိုယ်တိုင် ချန်ထားနိုင်မည်ဟု ဆိုလိုသည်။ ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်မည်ဆိုလျှင် အဆင့်နိမ့်ဝိညာဉ်ကျောက် တုံး၂၄၀၀ ပင် ဖြစ်သည်။
လျိုတာ့ပါးသည် မိမိလက်ထဲ ရောက်လုနီးပါးဖြစ်နေသော "ဆုလာဘ်" များကို ဤပိန်ပိန်ပါးပါး တပည့်သစ်လေးက အရှင်လတ်လတ် လုယူသွားသည်ကို မြင်သောအခါ ရင်ထဲတွင် ဒေါသများ ဝုန်းဒိုင်းကြဲကာ သွေးအန်မတတ် ခံစားလိုက်ရသည်။
"ကောင်းပြီလေ... လုလီ" သူက အံကြိတ်ကာ ပြောလိုက်သည်။ မျက်နှာမှ ကြွက်သားများ တလှုပ်လှုပ်ဖြစ်နေသည်မှာ ရယ်နေသလိုလို အံကြိတ်နေသလိုလိုပင်။
သူသည် ဝူဇီဟန်ဘက်သို့ လှည့်ကာ အသံကိုနှိမ့်၍ အေးစက်စွာ ပြောလိုက်
သည်။
"စီနီယာအစ်ကိုဝူ၊ ဒီကောင်က... တစ်ခုခု မှားနေတယ်လို့ စီနီယာ မထင်ဘူးလား"
ဝူဇီဟန်က သူ့ကို တစ်ချက်ကြည့်ကာ ဘာမှမပြောပေ။
သို့သော် အသာအယာ ခေါင်းညိတ်ပြလိုက်သည့် အမူအရာမှာ အရာအားလုံးကို ရှင်းပြနေသကဲ့သို့ပင်။
သူကိုယ်တိုင်လည်း ဤကိစ္စတွင်... လှည့်ကွက်တစ်ခုခု ရှိရမည်ဟု ထင်နေသည်။
လျိုတာ့ပါးက မျက်မှောင်ကြုတ်လိုက်ပြီး အကြည့်များမှာ ပိုမိုအေးစက်လာသည်။
"စုံစမ်းငါ့အတွက် သေသေချာချာ စုံစမ်းစမ်း"
သို့သော် လှေနံကထွင်းထားသည့်အတိုင်း ဖြစ်သွားပြီဖြစ်သည်။ ဝိညာဉ်
တိုင်းတာခွက်၏ အလင်းရောင်မှာ ဖြည်းဖြည်းချင်း မှိန်သွားပြီး နောက်ဆုံးလယ်ကွက် စစ်ဆေးမှု ပြီးဆုံးသွားသည်နှင့် အင်္ကျီဖြူဝတ် စီနီယာဝူမှာ လက်ဝှေ့ယမ်း၍ လူစုခွဲရန် အချက်ပေးလိုက်သည်။
"ကဲ၊ ကိုယ့်အတွက် ချန်ထားလို့ရတဲ့ အပိုင်းကလွဲရင် ကျန်တဲ့ ဝိညာဉ်ဆန်
အားလုံးကို အပ်လိုက်ကြတော့"
တစ်နေ့တာလုံး တင်းမာမှုနှင့် အလုပ်ရှုပ်မှုများမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ။ လယ်ကွင်းများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူများစွာ နင်းဖြတ်ထားသဖြင့် ရွှံ့နွံထနေသော လယ်ကွက်များပေါ်တွင် စိတ်လှုပ်ရှားမှု သို့မဟုတ် ဖိနှိပ်မှုများ ပါဝင်သော ခြေရာများသာ ကျန်ရစ်တော့သည်။
ဤရာသီ၏ အထွက်နှုန်းများမှာ အတည်ဖြစ်သွားခဲ့ပြီ။
သံသယဖြစ်စရာမလိုဘဲ နံပါတ်တစ်မှာ မည်သူမျှ မထင်မှတ်ထားသော ဝါနတ်အရိုးပိုင်ရှင်လေး လုလီ ပင် ဖြစ်သည်။
လူအုပ်ကြီး လူစုခွဲသွားသော်လည်း ဆွေးနွေးမှုများမှာ ရပ်တန့်မသွားပေ။
အစေခံတပည့်အချို့မှာ ထောင့်တစ်နေရာတွင် တိုးတိုးတိုးတိုး ပြောနေကြသည်။
"လုလီတော့ ဒီတစ်ခါ ဒုက္ခရောက်တော့မှာပဲ"
"လျိုတာ့ပါးက မာန်ကြီးတဲ့သူလေ၊ အခုတော့ လူသစ်ဆီမှာ နံပါတ်တစ် အလုခံလိုက်ရတော့ သူရူးသွားမှာ အသေအချာပဲ"
"သူ ကံကောင်းတယ်လို့ပဲ ပြောရမလားဒါပေမဲ့... အဲဒီကံက ဘယ်လောက်
အထိ ခံမလဲဆိုတာ မပြောနိုင်ဘူး"
"ရှေ့လျှောက်တော့ သွားရလာရ ခက်တော့မှာပဲ"
မျက်စိလျင်သော လူတစ်ဦးကလည်း "ဒါပေမဲ့ ကြားရတာ ဒီလုလီက သာမန် ဝါနတ်အရိုး မဟုတ်ဘူးတဲ့၊ ကွေ့ယွမ်တောင်ထွတ် ကနေ လမ်းညွှန်
ပေးလိုက်တာဆိုပဲ။ တချို့က ပြောတာတော့... သူက တုံရှန်း နဲ့ ပတ်သက်မှု ရှိတယ်တဲ့"
"တုံရှန်း ဟို မြေနတ်အရိုး ပါရမီရှင်လား" တစ်ယောက်က အံ့ဩတကြီး မေးသည်။
"ဟုတ်တယ်။ ကွေ့ယွမ်အတွင်းစည်းက အဓိကပျိုးထောင်ပေးနေတဲ့သူလေ၊ ဟော်ရှို့ယွမ် ကိုယ်တိုင် ကာကွယ်ပေးထားတဲ့ စီနီယာအစ်မပဲ"
လူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။
ဤသတင်းမှာ လျိုတာ့ပါး၏ နားထဲသို့လည်း လျင်မြန်စွာ ရောက်ရှိသွားသည်။
သူသည် မူလက လုလီကို ပြဿနာရှာရန် မျက်နှာပျက်ပျက်ဖြင့် ပြင်ဆင်နေသော်လည်း ဤကောလာဟလကို ကြားပြီးနောက် မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
ရင်ထဲတွင် အေးခနဲ ဖြစ်သွားသည်။
အကယ်၍ လုလီက တကယ်ပဲ တုံရှန်း ခေါ်လာသူ ဖြစ်နေပါက သူ့ကို လက်ဖျားနှင့်ပင် ထိရန် မလွယ်ကူပေ။
သူ့၌ အတွင်းစည်းတွင် အစ်ကိုတစ်ဦး ရှိသော်လည်း ၎င်းမှာ နက်မှောင်နတ်
အရိုးသာဖြစ်ပြီး ကျင့်ကြံမှု့မှာလည်း ချီစုဆောင်းခြင်းအဆင့် (၇) သာ ရှိသည်။ ဂိုဏ်းထဲဝင်သည်နှင့် အကြီးအကဲများ၏ အာရုံစိုက်မှုကို ခံရသော ပါရမီရှင် တုံရှန်းနှင့် ယှဉ်လျှင် အဆင့်အတန်းချင်း လုံးဝမတူပေ။
သူ့တွင် တခြား ပိုမိုမြင့်မားသော ဆက်ဆံရေးများ ရှိသော်လည်း... လူသစ်တစ်ယောက်ကို ဒုက္ခပေးရန်အတွက် ထိုကဲ့သို့သော ဆက်ဆံရေးကို အသုံးပြုမည်ဆိုလျှင် မိမိ၏ စွမ်းဆောင်ရည် ညံ့ဖျင်းသည်ကို သက်သေပြနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ထိုလူ၏ အပယ်ခံ ဖြစ်သွားနိုင်ချေလည်း ရှိသည်။
သို့သော် မကြာမီမှာပင် သတင်းအသစ် ထပ်မံရောက်ရှိလာသည်။
"မင်းထင်သလို မဟုတ်ဘူး၊ ကြားရတာ လုလီက မူလကတည်းက တုံရှန်းအနားက အစေခံပဲတဲ့"
"တုံရှန်းက သူ့ကို လုံးဝ အထင်မကြီးဘူး၊ သူကပဲ ကွေ့ယွမ်တောင်ထွတ်ကို ကပ်ပါလာတာလို့ ကြားတယ်"
"ငါ့စီနီယာ ပြောပြတာတော့ ဟော်ရှို့ယွမ် ကိုယ်တိုင်က သူ့ကို အထင်မကြီးဘူး၊ တုံရှန်းက မျက်နှာရှိလို့သာ ဂိုဏ်းထဲ သွင်းပေးလိုက်တာတဲ့"
လျိုတာ့ပါးသည် ဤစကားကို ကြားသောအခါမှ မျက်ခုံးများ ပြန်လည် ပွင့်လင်းသွားသည်။
"အော်... အစေခံကောင်ပဲလား" သူက လှောင်ပြုံးပြုံးလိုက်သည်။
"ငါက လူကြမ်းတစ်ယောက်မှတ်လို့။ ကျွန်တစ်ယောက်ကများ ငါ့ရဲ့ နံပါတ်တစ်ကို လုရဲတယ်ပေါ့"
ဒါပေမဲ့ သူ အရမ်းကြီးတော့ မောက်မာမပြရဲသေးပေ။
ခွေးကို ရိုက်ရင် သခင်ကို ကြည့်ရမည် မဟုတ်လား။
အဲဒီခွေးက ဘယ်လောက်ပဲ အဆိင့်နိမ့်တဲ့သူဖြစ်ဖြစ်၊ တစ်နေ့မှာ သခင်ရဲ့ မျက်နှာသာပေးမှုကို ရပြီး ပြန်ကိုက်လာရင် ဘယ်လိုလုပ်မလဲ။
"ဒါပေမဲ့... အထင်အရှား မလုပ်ရဲဘူးဆိုတာ ဘာမှမလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး"
သူသည် နိမ့်ပါးသော လေသံဖြင့် ပြောလိုက်ပြီး လုလီရှိရာ လယ်ကွက်ဘက်သို့ အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် လူနှစ်ယောက်ကို ခေါ်ကာ တိတ်တဆိတ် ထိုဘက်သို့ သွားခဲ့သည်။
အခင်းဖြစ်ရာသို့ ရောက်သောအခါ။
မြက်ပင်များမှာ မနှုတ်ရသေးဘဲ မြေဆီလွှာမှာလည်း မီးခိုးရောင်သန်းနေကာ ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။
"ဒါ... အဲဒီလယ်ကွက်လား"
"ကြည့်ရတာ မြေရိုင်းအတိုင်းပါပဲ"
လျိုတာ့ပါး မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်တိုင် ထိုင်ချကာ မြေကြီးကို ဆုပ်ကိုင်ကြည့်သည်။ မျက်စိမှိတ်၍ အနံ့ခံကြည့်ကာ ကိုယ်တွင်းချီဖြင့် စမ်းသပ်သော်လည်း ဘာမှ ရှာမတွေ့ပေ။
"ဝိညာဉ်ချီက... ငါထင်ထားတာထက်တောင် ပိုနည်းသေးတယ်" သူက ရေရွတ်လိုက်သည်။
အကယ်၍ လုလီ၏ အထွက်နှုန်းကို ကိုယ်တိုင် မတွေ့ခဲ့ရပါက ဤမြေကွက်ကို တစ်စုံတစ်ယောက်က လဲလှယ်ထားသည်ဟုပင် သူ ထင်မိလိမ့်မည်။
"တစ်ခုခု မှားနေတာ ရှိလား"
"မတွေ့ပါဘူး" ဘေးမှလူက တိုးတိုးလေး ပြန်ဖြေသည်။
လျိုတာ့ပါးက ထရပ်ကာ လက်မှ ဖုန်များကို ပုတ်လိုက်သည်။ မျက်နှာမှာ ရေကဲ့သို့ပင် အေးစက်နေသည်။
"မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခု သုံးထားတာ သေချာတယ်၊ ဒါပေမဲ့ သူက အတော်လေး ဖုံးကွယ်ထားတာပဲ"
"ဒီကောင့်ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့ဘူး"
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ရှိနေသည်။
"အထင်အရှား လုပ်လို့မရဘူးဆိုရင်... ငါ ပိုက်ကွန်ကို ဖြည်းဖြည်းချင်း ဖြန့်ထားရမှာပေါ့"
📝အပိုင်း - ၃၀ မျိုးစေ့
ဘာသာပြန် - Na Gar🐉
ယခုအချိန်တွင် လုလီသည် တုံရှန်းနှင့် သူ၏ ပတ်သက်မှု့ မှာ မမြင်ရသော အကာအကွယ်လက်မှတ်တစ်ခု ဖြစ်လာသည်ကို မသိရှိသေးပေ။
လုလီသည် ကြိုးကြာငှက်၏ ကျောပေါ်တွင် ထိုင်နေစဉ် နားစည်ဘေးမှ လေတိုးသံမှာ ဓားဖြင့် မွှန်းနေသကဲ့သို့ ပြင်းထန်လှသည်။ သူ၏ ဝတ်စုံမှာ တဖျတ်ဖျတ် လွင့်နေသော်လည်း သူ၏ မျက်ဝန်းများမှာမူ အေးစက်တည်ငြိမ်နေသည်။
"ဝိညာဉ်ဆန် ပိဿာဝက် အကုန်ခံလိုက်တာ... ဒါက ငါ ဂိုဏ်းထဲရောက်ပြီး ပထမဆုံးအကြိမ် 'ဇိမ်ခံ' လိုက်တာပဲ" သူက လေထဲတွင် ပျောက်ကွယ်သွားသော အသံဖြင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။
အောက်ဘက်ရှိ တောင်တန်းများနှင့် ဝိညာဉ်လယ်ကွင်းများကို ငုံ့ကြည့်ရင်း ကောင်းကင်ကြီးမှာ ကျယ်ပြောလှသော်လည်း ဤလောကတွင် မိမိအတွက် နေရာတစ်လက်မမျှပင် မရှိသကဲ့သို့ ခံစားရသည်။
ချိုးယွဲ့၏ အသံမှာ သူ၏ အသိစိတ်ထဲတွင် ထွက်ပေါ်လာသည် "နင်သာ လူအချို့ကို သတ်ဖို့ ဝန်မလေးရင် ဒီလောက် ခရီးတိုလေးကို ဒီလောက် ပင်ပင်ပန်းပန်း သွားစရာ မလိုပါဘူး"
"ပါးစပ်ပိတ်ထား"
"ဟင်း..."
ချိုးယွီက ခပ်ဖွဖွ ရယ်လိုက်ပြီး"ငါက နင့်ကို သနားလို့ပါ၊ ဒီလေအေးတွေက နင့်ရဲ့ အားနည်းလှတဲ့ ဝိညာဉ်ချီတွေကို ဖယ်ရှားမပစ်အောင် သတိထားဦး"
လုလီ သူမကို ပြန်မပြောတော့ပေ။ ဤအမျိုးသမီး၏ အမြဲတမ်း ရွဲ့စောင်းပြောတတ်သော လေသံကို သူ နေသားကျနေပြီဖြစ်သော်လည်း သူမသည် အကြောင်းမဲ့ ဘာမှမပြောတတ်သည်ကိုလည်း သူ သိသည်။
ဝိညာဉ်ကြိုးကြာငှက်သည် ကွေ့ယွမ်တောင်ထွတ်၏ ဆင်းသက်ရာ စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ လုလီသည် ကြိုးကြာငှက်ပေါ်မှ ဆင်းလိုက်စဉ် ကျောက်ပြားပေါ်သို့ ခြေချလိုက်
သည်နှင့် ခြေသလုံးများမှာ ထုံကျဉ်သွားသည်။ ဤရာသီတွင် လယ်စိုက်ခဲ့ရသော နေ့ရက်များသည် တောင်ပေါ်တွင် အသက်လုခဲ့ရသော နှစ်များလောက် မပင်ပန်းသော်လည်း၊ နေ့စဉ် မိုးထဲလေထဲ ရွှံ့နွံများကြား မြေလှန်ရသော ထိုငြိမ်သက်ခြင်းမှာ လူကို ဖိကြိတ်ထားသော ကျောက်စက်ဝန်းနှင့် တူလှသည်။
သူသည် တောင်ပေါ်ရှိ မိမိ၏ တဲလေးသို့ မပြန်ဘဲ တောင်အောက်သို့ တိုက်ရိုက်ဆင်းကာ ဝိညာဉ်စာချုပ်ခန်းမသို့ ဦးတည်သွားခဲ့သည်။
ဝိညာဉ်စာချုပ်ခန်းမ၏ ကျောက်တံခါးပြင်ပမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး လေတိုက်သဖြင့် သစ်ရွက်အချို့သာ ခေါင်မိုးအောက်တွင် ဝဲပျံနေသည်။
လုလီ လှမ်းဝင်လိုက်သည်နှင့် စားပွဲနောက်တွင် မှီထိုင်ကာ ဝိညာဉ်ကလောင်တံဖြင့် စာရင်းမှတ်နေသော မီးခိုးရောင်ဝတ်စုံနှင့် တာဝန်ခံကို တွေ့လိုက်ရသည်။
"မင်း နောက်တစ်ခါ လာပြန်ပြီလား" တာဝန်ခံက သူ့ကို တစ်ချက်ကြည့်ကာ အကြည့်ထဲတွင် လှောင်ပြောင်ရိပ်အချို့ ပါနေသည်။
"ဝါနတ်အရိုး... ဒုတိယအကြိမ် အကြွေးလာယူတာလား"
လုလီ၏ မျက်နှာမှာ အေးစက်နေပြီး ရင်ဘတ်ထဲမှ ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။
"ကျွန်တော် အကြွေးလာဆပ်တာပါ"
တာဝန်ခံ၏ လက်မှာ ခေတ္တရပ်သွားပြီး အံ့ဩသွားပုံရသည်။ သူက အထုပ်ကို ဖွင့်ကြည့်ကာ အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။
"ဝိညာဉ်ဆန် (၁၁၀) ပိဿာ၊ အတိုးနဲ့အတူ ပြန်ဆပ်တာလား သုံးလအတွင်းမှာ... မင်းကတော့ တကယ်ပဲ မဆိုးဘူးပဲ"
"နောက်ဆိုရင် လာတော့မှာ မဟုတ်ဘူး" လုလီသည် လှည့်ထွက်သွားပြီး သူ၏ အသံမှာ အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ အေးစက်လှသည်။
တာဝန်ခံသည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။
"ဝါနတ်အရိုးက ဝါနတ်အရိုးပါပဲ... ဘယ်လောက်အထိ ခံနိုင်ရည်ရှိမှာမို့လို့လဲ"
ဝိညာဉ်စာချုပ်ခန်းမမှ ထွက်လာသောအခါ မိုးချုပ်နေပြီဖြစ်ကာ နေဝင်ခါနီးအလင်းက ဂိုဏ်းတံခါးကို ခရမ်းရင့်ရောင် ပတ်ဖျန်းထားသည်။ လုလီကကောင်းကင်ကို မော့ကြည့်လိုက်သည်။
"မနက်ဖြန်တော့ သူမကို သွားတွေ့ရဦးမယ်"
သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်ဝန်းများမှာ နက်မှောင်သွားသည်။
ချိုးယွဲ့က အချိန်ကိုက်ပင် ပြောလာသည် "နင်ကတော့ တကယ်ကို စွဲလမ်းလွန်းတာပဲ အဲဒီမိန်းကလေးက နင့်ကို အမှိုက်လို စွန့်ပစ်ခဲ့တာတောင် နင်
ကတော့ မျက်နှာပြောင်တိုက်ပြီး လိုက်ကပ်နေတုန်းပဲ"
လုလီ မငြင်းသလို၊ ပြန်လည်း မချေပပေ။
"ငါ သိပါတယ်" သူက တိုးတိုးလေး ပြောလိုက်သည်။
"ဒီပတ်သက်မှုကို ဖြတ်တောက်ရမှာပဲ... ဒါပေမဲ့ ဝိညာဥ်သွေးက သူမလက်ထဲမှာ ရှိနေသေးတယ်၊ ရေခဲပြင်ကို မခွဲလို့ မရဘူး"
"ဒါဆို ဘာလုပ်မှာလဲ နင်က သူမရှေ့မှာ ဒူးထောက်ပြီး အသနားခံမှာလား အရင်က သံယောဇဥ်တွေကို ထောက်ထားပြီး ဝိညာဥ်သွေး ပြန်ပေးဖို့ တောင်းပန်မှာလား"
"မဟုတ်ဘူး"
လုလီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားသည်။
"သူမကိုယ်တိုင် စိတ်လိုလက်ရ ပြန်ပေးလာအောင် ငါလုပ်မှာ"
"အို"
ချိုးယွဲ့၏လေသံမှာ စိတ်ဝင်စားသွားပုံရသည် "ဒါဆို နင်ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ"
လုလီသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေပြီး ခြေလှမ်းတိုင်းမှာ အတိတ်၏ အရိပ်များကို နင်းလျှောက်နေသကဲ့သို့ပင် "သူမ ငါ့ကို ယုံကြည်လာအောင်၊ ငါ့ကို အားကိုးလာအောင် ငါလုပ်မယ်။ အမှန်တကယ်တော့ အမျိုးသားတစ်ယောက်ရဲ့ အကောင်းဆုံး လက်နက်က လုံလောက်တဲ့ ထူးချွန်မှုပဲ ငါသာ တစ်နေ့မှာ အမှန်တကယ် ကြီးထွားလာပြီး ထူးချွန်လာမယ်ဆိုရင် ဝိညာဥ်သွေးကို ပြန်ယူနိုင်မယ့်နေ့ ရှိလာမှာပါ"
ချိုးယွဲ့ခေတ္တတိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။
"နင်ကတော့... တကယ်ကို အလားအလာရှိတဲ့ ပျိုးပင်လေးပဲ..."
"မင်း ကစောစော သေခဲ့သင့်တာ" လုလီက အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါ အသက်ရှင်နေတုန်းပဲ နင့်ရဲ့ နှလုံးသားထဲမှာ၊ အရိုးထဲမှာ၊ အိပ်မက်ထဲမှာ" ချိုးယွဲ့က ချွဲနွဲ့စွာ ရေရွတ်လိုက်သည်မှာ ကျိန်စာတစ်ခုအလားပင်။
လုလီသည် ကွေ့ယွမ်တောင်ထွတ်၏ နောက်ဘက်သို့ ပြန်ရောက်သောအခါ သူ၏ အခန်းလေးမှာ ဖုန်များ ဖုံးလွှမ်းနေပြီဖြစ်သည်။ တံခါးကို တွန်းဖွင့်လိုက်စဉ် မှိန်ပျပျ အလင်းရောင်က အခန်းထဲသို့ စီးဝင်လာသည်။ သူသည် ထိုနေရာတွင် ရပ်ကာ ချက်ချင်း မသန့်ရှင်းသေးဘဲ ခေတ္တမျှ ငြိမ်သက်စွာ ကြည့်နေမိသည်၊ မိမိကိုယ်တိုင် အသက်ရှင်နေသေးသည်ကို အတည်ပြုနေသကဲ့သို့ပင်။
"ဝါနတ်အရိုးကနေ ချီစုဆောင်းခြင်းအဆင့် (၂) အထိ... သုံးလဆိုတဲ့ အချိန်က အိပ်မက်တစ်ခုလိုပဲ"
သူသည် ရေအိုးနားသို့ သွားကာ ရေအေးအချို့ကို မျက်နှာပေါ်သို့ ပုတ်လိမ်းလိုက်သည်။ ထို့နောက် ကျန်ရှိသော ဝိညာဉ်ဆန်ထုပ်ကို ထုတ်ယူလိုက်သည်။ သူသည် ငုံ့ကြည့်ရင်း အကြာကြီး တိတ်ဆိတ်နေမိသည်။
"အတိုး ဝိညာဉ်ဆန် (၁၁၀)ပိဿာ ဆပ်ပြီးပြီ၊ အခု ငါ့လက်ထဲမှာ (၁၃၀)ပဲ ကျန်တော့တယ်" သူက တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ရေရွတ်လိုက်သည်။
"အဲဒီထဲက ပိဿာ (၁၀၀)ကို... တုံရှန်းကို ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ"
သူ၏ အသိစိတ်ထဲမှ ချိုးယွဲ့က လှောင်ရယ်လိုက်သည်။
"နင် ရူးသွားပြီလား မြေနတ်အရိုးပိုင်ရှင် ပါရမီရှင်မလေးက ဂိုဏ်းတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို ရရှိနေတာ၊ နင်က ဒီဝိညာဉ်ဆန် ပိဿာ (၁၀၀) လေးနဲ့ သူမကို စိတ်လှုပ်ရှားအောင် လုပ်ချင်တာလား လုလီ၊ နင်က အစေခံဆိုပေမဲ့ အရူးတော့ မဟုတ်ဘူး မဟုတ်လား"
လုလီ ချက်ချင်း ပြန်မဖြေဘဲ ဂိုဏ်းတံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အတွင်းစည်းသို့ ဦးတည်သော ကျောက်လှေကားထစ်များ ရှိနေပြီး နက်ရှိုင်းလှသည်မှာ ကံကြမ္မာနှစ်ခု၏ လမ်းခွဲတစ်ခုကဲ့သို့ပင်။
သူက ရုတ်တရက် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ အသံမှာ အလွန်တိုးညင်းလှသည်။
"မင်း ကြားဖူးလား"
"ဘာကိုလဲ" ချိုးယွဲ့က အေးစက်စွာ ပြန်မေးသည်။
"မင်းမှာ ဝိညာဉ်ကျောက်တုံး(၁၀၀) ရှိရင် တစ်ဖက်လူကို (၅၀) ပေးလိုက်ရင်တစ်ဖက်လူက ဘာမှ ခံစားရမှာ မဟုတ်ဘူး၊ မင်းမှာ တစ်ဝက် ကျန်သေးတယ်လို့ပဲ ထင်လိမ့်မယ်"
"ဒါပေမဲ့ မင်းမှာ (၁၀) လုံးပဲ ရှိပြီး အဲဒီ (၁၀) လုံးလုံးကို သူမကို ပေးလိုက်ရင်တော့... အဲဒီအဓိပ္ပာယ်က လုံးဝ ပြောင်းလဲသွားပြီ"
ချိုးယွဲ့မှာ ဆွံ့အသွားပြီး လေသံမှာလည်း ရပ်တန့်သွားသည်။
"နင်..."
လုလီသည် မျက်လုံးများကို နှိမ့်ချလိုက်ပြီး အကြည့်များမှာ တည်ငြိမ်နေသည် "ငါက သူမကို စိတ်လှုပ်ရှားစေချင်တာ မဟုတ်ဘူး"
"ငါလို ဝါနတ်အရိုး ပုရွက်ဆိတ်တစ်ကောင်က အသက်ရှင်ဖို့ ရုန်းကန်နေရင်း၊ ဘဝရဲ့ တစ်ခုတည်းသော 'ရိက္ခာ' အားလုံးကို သူမလက်ထဲ ထည့်ပေးလိုက်ရင်၊ ဘယ်လောက်ပဲ ရက်စက်တဲ့ အမျိုးသမီးဖြစ်ပါစေ၊ နည်းနည်းတော့ စိတ်လှုပ်ရှားသွားမှာပဲ"
ချိုးယွဲ့ခေတ္တမျှ တိတ်ဆိတ်သွားပြီး လုလီ၏ စကားနောက်ကွယ်မှ ရည်ရွယ်ချက်ကို စဉ်းစားနေပုံရသည်။
"နင်ကတော့လေ..." သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး လေသံမှာ ယခင်ကကဲ့သို့ လှောင်ပြောင်ခြင်း မရှိတော့ပေ။
"ငယ်ငယ်လေးနဲ့ အတွေးတွေက တော်တော်များသားပဲ"
လုလီသည် ချိုးယွဲ့ကို ထပ်မံ အဖက်မလုပ်တော့ဘဲ ထိုဝိညာဉ်ဆန် ပိဿာ (၁၀၀) ကို အဝတ်ဖြင့် သေသေချာချာ ထုပ်ပိုးလိုက်သည်။ ၎င်းသည် လက်ဆောင်မဟုတ်၊ အရင်းအနှီးဖြစ်သည်၊ လောင်းကြေးဖြစ်သည်။ ကျေးဇူးဆပ်ခြင်း မဟုတ်ဘဲ အကြောင်းတရား စိုက်ပျိုးခြင်းသာ ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် ကွေ့ယွမ်တောင်ထွတ်၏ ဝင်းထဲသို့ နံနက်ခင်းအလင်းရောင် ကျရောက်နေစဉ် လုလီသည် ငုံ့လိုက်ပြီး မိမိအိမ်ရှေ့ရှိ မြေကြီးထဲမှ မြေခြောက်တစ်ဆုပ်ကို ယူကာ မျက်နှာပေါ်တွင် ပွတ်တိုက်လိုက်သည်။ မြေကြီးမှာ ကြမ်းတမ်းသဖြင့် ပါးပြင်မှာ နီမြန်းသွားသော်လည်း သူသည် ဘာမှမခံစားရသကဲ့သို့ပင်။ လည်ပင်းနှင့် လက်အင်္ကျီများတွင်ပါ မြေမှုန့်များ ပွတ်တိုက်လိုက်ပြီး ဤလအနည်းငယ်အတွင်း လယ်ကွင်းထဲမှ ပင်ပန်းဆင်းရဲမှုများကို အသားထဲအထိ စွဲထင်စေချင်နေပုံရသည်။
"နင့်ရဲ့ ဒီပုံစံက လူသွားတွေ့မှာလား၊ ဒါမှမဟုတ် တောင်းစားမှာလား" ချိုးယွဲ့၏ လှောင်ရယ်သံမှာ ပျင်းရိစွာ ထွက်ပေါ်လာသည်။
လုလီ၏ အကြည့်မှာ တည်ငြိမ်နေသည် "ငါက ဝါနတ်အရိုး လယ်သမားတစ်ယောက်ပဲ၊ သူမကို သွားတွေ့တဲ့အခါ သန့်သန့်ရှင်းရှင်း သွားရင် ငါက ဘယ်သူလဲဆိုတာ သူမ မှတ်မိချင်မှ မှတ်မိမှာ"
"ကိုယ့်ကိုယ်ကိုယ် ပင်ပန်းဆင်းရဲမှုတွေနဲ့ သွားမှသာ၊ အရင်က ဘယ်သူက သူမနဲ့အတူ အဝေးကြီးကနေ ဒီဟွမ်ရှန်းဂိုဏ်းကို လာခဲ့သလဲဆိုတာကို သူမ သတိရလာမှာ၊ ပြီးတော့ သူမအတွက် အောက်ခြေမှာ ဘယ်လောက်အထိ ရုန်းကန်နေရသလဲဆိုတာကိုလည်း မြင်ရမှာ"
"နောက်ပြီးတော့..." သူ ခေတ္တရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"ငါက သူမဆီမှာ အလှူခံဖို့ လာတာ မဟုတ်ဘူး၊ ငါက 'မေတ္တာတရား' လာဆပ်တာ"
ပြောပြီးနောက် လုလီသည် အထုပ်ကို တင်းတင်းချည်ကာ ကွေ့ယွမ်တောင်ထွတ်၏ အတွင်းစည်းသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ကွေ့ယွမ်တောင်ထွတ်၊
နတ်ဘုရားကျောင်းဆောင်များမှာ တန်းစီနေပြီး ဖြူလွလွ ကျောက်ပြားများပေါ်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသူများမှာ တိမ်တိုက်များအလား သွားလာနေကြသည်။အဝါရောင်ဝတ်စုံနှင့် ငယ်ရွယ်သော တပည့်တစ်ဦး တောင်ထွတ်၏ အဓိကနေရာသို့ ဝင်လာသည်ကို မြင်သောအခါ အကြည့်များစွာ ရောက်ရှိလာကြသည်။
"ဟေ့၊ ဟိုမှာ လုလီ မဟုတ်လား"
"တုံရှန်းရဲ့ ဟို... အစေခံလား"
"တုံရှန်းကို ကပ်ဖို့အတွက် လာတာနေမှာပေါ့၊ ရယ်စရာကြီး သူက ဝါနတ်
အရိုး တစ်ယောက်ဖြစ်နေတာကို တန်လို့လား"
ပတ်ဝန်းကျင်မှ ကဲ့ရဲ့သံများမှာ အပ်ဖြင့် ထိုးနေသကဲ့သို့ စူးရှလှသော်လည်း လုလီ၏ မျက်နှာမှာ ဘာမှမခံစားရသကဲ့သို့ပင် ဆက်လက် လျှောက်လှမ်းသွားသည်။
ကွေ့ယွမ်တောင်ထွတ်၏ အဓိက ဝင်းတစ်ခုသို့ ရောက်သောအခါ ဝင်းထဲတွင် အနီရောင် ခေါင်မိုးများနှင့် ဖြူလွှလွှကျောက်ပြားများ ရှိနေပြီး ဝိညာဉ်ချီများမှာ မြူခိုးများအလား ဖုံးလွှမ်းနေသည်။ တံခါးရှေ့ရှိ ဝတ်စုံဖြူ တပည့်က သူ့ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ "မင်း ဘာလုပ်မလို့လဲ"
လုလီက လက်သီးစုပ်လိုက်ပြီး"တုံရှန်းသခင်မလေးကို တွေ့ခွင့်ရဖို့ အကြောင်းကြားပေးပါ"
"တုံရှန်းသခင်မလေး" ဝတ်စုံဖြူတပည့်က သူ့ကို အထက်အောက် ကြည့်
လိုက်ပြီး မျက်မှောင်ကို ပို၍ ကြုတ်လိုက်သည်။
"မင်းရဲ့ ဒီပုံစံက ဝက်ခြံထဲက တက်လာတာလား အတွင်းစည်းတပည့်ကို တွေ့ခွင့်တောင်းဖို့ တန်လို့လား"
လုလီ၏ မျက်နှာမှာ မပြောင်းလဲဘဲ ထပ်မံ ဦးညွှတ်လိုက်သည် "လုလီ ပါ၊ တုံရှန်းသခင်မလေးကို တွေ့ချင်လို့ပါ"
ဝတ်စုံဖြူတပည့်မှာ နှာခေါင်းရှုံ့ကာ အထဲသို့ ဝင်သွားသည်။
ထိုအချိန်တွင် ဝင်းအတွင်း၌။
ကြည်လင်သော ရေကန်တစ်ခုနှင့် ကျောက်တံတားလေး ရှိနေပြီး ဇရပ်လေးထဲတွင် ပန်းပင်များ ယိမ်းထိုးနေသည်။ တုံရှန်းသည် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဝင်းကာ မျက်ဝန်းများမှာ တောက်ပနေသည်။ သူမက လှပသော ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ရယ်ရယ်မောမော စကားပြောနေကြသည်။
"စီနီယာအစ်မ ရှန်၊ ကျွန်မ နောက်ဆုံးတော့ ချီစုဆောင်းခြင်းအဆင့် (၂) ကို ချိုးဖောက်နိုင်ပြီ" တုံရှန်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ရှိနေသည်။
"သုံးလအတွင်းမှာပဲ ချိုးဖောက်နိုင်တာလား တကယ်ကို မြေနတ်အရိုး ပါရမီရှင်ပဲ"
ရှန်ချူက ပြုံး၍ ခေါင်းညိတ်ပြီး "ညီမလေးရဲ့ အနာဂတ်ကတော့ တကယ်ကို အကန့်အသတ် မရှိဘူး"
သူတို့နှစ်ဦး စကားကောင်းနေစဉ် တံခါးဝမှ အကြောင်းကြားသံ ထွက်ပေါ်လာသည်။
"တုံရှန်းသခင်မလေး၊ အပြင်စည်းတပည့် လုလီ တွေ့ခွင့်တောင်းနေပါတယ်"
တုံရှန်း၏ လက်မှာ ခေတ္တရပ်သွားပြီး ပြုံးနေသော မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားသည်။
ခေတ္တအကြာတွင် တိုးတိုးလေး ပြောလိုက်သည် "သူ လာတာလား သုံးလတောင် ရှိပြီ သူပေါ်မလာတာ၊ ငါတောင် မေ့တော့မလို့ပဲ"
ရှန်ချူက မျက်ခုံးပင့်လိုက်သည် "လုလီ....ဘယ်သူလဲ"
တုံရှန်းက တိုးတိုးလေး ပြန်ဖြေသည် "သူက... ကျွန်မနဲ့အတူ ဂိုဏ်းထဲဝင်လာတဲ့ အစေခံ တစ်ယောက်ပါ"
ရှန်ချူ ရုတ်တရက် ရယ်မောလိုက်သည် "အာ၊ ညီမလေးရဲ့ ဟို 'လမ်းပြအစေခံ' လား ဝါနတ်အရိုးနဲ့ တစ်ယောက်လေ"
"သူ ဘာလာလုပ်တာလဲ အတွင်းစည်းထဲ ခေါ်သွားဖို့ ညီမလေးကို လာတောင်းပန်တာတော့ မဟုတ်ဘူးမလား"
တုံရှန်းမှာ ရှန်ချူ ပြောသဖြင့် မျက်နှာလေး နီသွားပြီး တိုးတိုးလေး ပြောလိုက်သည် "ကျွန်မ သူ့ကို မလာဖို့ ပြောထားတာပဲ... ဟူး၊ သူ့ကို အထဲ လွှတ်လိုက်ပါ"
ရှန်ချူက ပါးစပ်လေးကို ပိတ်၍ ရယ်သည် "ဒီ 'သစ္စာရှိတဲ့ အစေခံလေး' ဘာလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
မကြာမီမှာပင် လုလီကို ဝင်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
သူ့မျက်နှာမှာ တည်ကြည်နေပြီး အင်္ကျီလက်တွင် မြက်ခြောက်အချို့ ကပ်နေကာ မျက်နှာပေါ်မှ ဖုန်မှုန့်များနှင့် ချွေးရာများကို ရှင်းလင်းစွာ မြင်နေရသည်။ သူ၏ ကိုယ်ပေါ်မှ "လယ်နံ့" များမှာ မွှေးရနံ့နှင့် ဝိညာဉ်ချီများ ပြည့်နှက်နေသော ဤဇရပ်ထဲတွင် အလွန်ပင် သိသာထင်ရှားလှသည်။
တုံရှန်းမှာ ကြောင်သွားသည်။
သူက... ဒီပုံစံအတိုင်းပဲလား၊ ဂိုဏ်းထဲဝင်စတုန်းကအတိုင်းပဲ၊ အရင်ကထက်တောင် ပိုမည်းသွားသလိုပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ ပိုပြီး သန်မာကျန်းမာလာသလိုဖြစ်ပြီး အဝါရောင်ဝတ်စုံအောက်မှာ ကြွက်သားတွေကို ခပ်မှိန်မှိန် မြင်နေရသည်။ လူငယ်လေး၏ အကြည့်ကလည်း အရင်ကထက် ပိုမိုတည်ငြိမ်နေသည်။
"တုံရှန်းသခင်မလေး" လုလီ အထုပ်ကို မကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် ဒီလအနည်းငယ်အတွင်း ဝိညာဉ်လယ်မြေမှာ ရိတ်သိမ်းမှု့ အချို့ ရခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ချန်ထားတဲ့ ဝိညာဉ်ဆန်... ပိဿာ (၁၀၀) ပါ။ သခင်မလေးအတွက် လက်ဆောင်ပါ"
ရှန်ချူမှာ ကြောင်သွားသည်။ တုံရှန်းလည်း အံ့ဩသွားမိသည်။
လုလီသည် အထုပ်ကို ကျောက်စားပွဲပေါ်သို့ အသာအယာ တင်လိုက်ပြီးနောက် ကြမ်းပြင်ကို ညစ်ပတ်သွားမှာ စိုးရိမ်သည့်အလား နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"သခင်မလေး လိုအပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒါက ဒီရာသီအတွက် ကျွန်တော့်ဆီမှာ ရှိတဲ့ တန်ဖိုးအရှိဆုံး အရာပါပဲ"
သူ ခေတ္တရပ်ကာ တုံရှန်းကို ကြည့်လိုက်သော အကြည့်မှာ ရေကဲ့သို့ပင် တည်ငြိမ်လှသည်။
"တကယ်လို့ သခင်မလေးအတွက် အဆင်မပြေဘူးဆိုရင် ကျွန်တော် အခုပဲ ပြန်ယူသွားပါ့မယ်"
ဝင်းအတွင်း၌ ခဏတာ တိတ်ဆိတ်သွားသည်။
ရှန်ချူက မျက်ခုံးပင့်လိုက်ပြီး တုံရှန်းကို တစ်လှည့်၊ လုလီကို တစ်လှည့် ကြည့်လိုက်ရာ အကြည့်ထဲတွင် အဓိပ္ပာယ်များ ပိုမိုနက်ရှိုင်းလာသည်။
ရှန်ချူက စတင်၍ ရယ်မောလိုက်ပြီး လုလီကို ကြည့်လိုက်သည်။
"ဝိညာဉ်ဆန် ပိဿာ (၁၀၀) လား ဟင်းဟင်း..."
သူမက လက်ဖက်ရည်ခွက်ကို အသာအယာ လှုပ်လိုက်ပြီး ပြုံးစစဖြင့် "ညီမလေး သိတယ်မလား ဝိညာဉ်လယ်မြေဘက်က အခြေအနေကို အသစ်ဝင်လာတဲ့သူတွေက ပထမဆုံးရာသီမှာ သတ်မှတ်ချက် ပြည့်ရုံဆိုတာတောင် မဆိုးဘူးပဲ။ ဘယ်မှာ ပိုလျှံတာ ရှိမလဲ"
သူမက လေသံကို ပြောင်းကာ စနောက်လိုက်သည် "ဒီစေတနာကတော့ မသေးဘူးနော်... ဂျူနီယာမောင်လေးလုက ဒီရာသီမှာ စုဆောင်းထားသမျှ အကုန်လုံးကို ငါတို့ရဲ့ တုံရှန်းလေးကို ပေးလိုက်တာလား"
တုံရှန်းသည် ထိုစကားကို ကြားသောအခါ ပါးပြင်လေးများ နီရဲသွားပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ အားတင်း၍ တည်ငြိမ်အောင် နေလိုက်ပြီး "စီနီယာအစ်မ ရှန်၊ လျှောက်မပြောပါနဲ့"
ရှန်ချူက ပို၍ စနောက်ချင်လာသည် "ဝါနတ်အရိုး ဖြစ်နေတာတောင်၊ ဆင်းရဲပင်ပန်းနေတာတောင် ညီမလေးကို ပြုံးစေချင်ရုံလေးနဲ့ ဝိညာဉ်
ဆန်တွေ အကုန်ပေးဖို့ ဆန္ဒရှိနေတာပဲ။ ညီမလေးတုံရှန်း အစ်မတောင် ညီမလေးကို မနာလို ဖြစ်လာပြီ"
လုလီသည် ဘေးတွင် ရပ်နေရင်း အပြုံးလေးဖြင့် သွားဖြူဖြူလေးများကို ဖော်ပြလိုက်သည် "ကျွန်တော့်ကျင့်ကြံမှုက နိမ့်ပါးသလို ဘာအရည်အချင်းမှလည်း မရှိပါဘူး၊ ဝိညာဉ်ကျောက်တုံးလည်း အများကြီး မရှိပါဘူး... ထုတ်ပြနိုင်တာဆိုလို့ ဒါပဲ ရှိတော့တယ်"
"သခင်မလေးသာ ကြိုက်မယ်ဆိုရင် နောက်ရာသီမှာလည်း... ကျွန်တော် ဆက်ပြီး ပို့ပေးနိုင်ပါတယ်"
ဤစကားကို ပြောစဉ် သူ တုံရှန်းကို မော့ကြည့်လိုက်ရာ အပြုံးမှာ အရင်အတိုင်းပင် ဖြစ်သော်လည်း ဂိုဏ်းထဲဝင်စကထက် ပိုမို၍ တည်ငြိမ်နေသည်။ အရင်က နုနယ်သော လူငယ်လေးသည် ယခုအခါ အမျိုးသားတစ်ယောက်၏ အငွေ့အသက်များ ရှိနေပြီဖြစ်သည်။ သူ၏ အသားအရေမှာ အနည်းငယ် မည်းသွားပြီး မျက်နှာတွင် နေလောင်ဒဏ်ရာအချို့ ရှိနေသော်လည်း ဝတ်စုံမှာ မြေမှုန့်များပေနေသော်လည်း သန့်ရှင်းသပ်ရပ်နေကာ၊ ခန္ဓာကိုယ်မှာလည်း ပိုမိုသန်မာလာပုံရသည်။
အရင်က ပိန်ပိန်ပါးပါး မြေမျောက်လေး သည် ယခုအခါ ဇရပ်ရှေ့တွင် ရပ်နေစဉ် "ပင်ပန်းစွာ ကျင့်ကြံနေသော လူငယ်လေး" တစ်ဦး၏ ခန့်ညားမှုမျိုး ရှိနေသည်။
ထိုအခိုက်အတန့်တွင် တုံရှန်း၏ ရင်ထဲ၌ လှုပ်ခတ်သွားသည်။
သုံးလမတိုင်မီက ဝါနတ်အရိုး အစေခံလေး၊ လူတကာ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော နောက်လိုက်လေးသည် ယခုအခါ ဝိညာဉ်ဆန် ပိဿာ (၁၀၀)နှင့်အတူ သူမရှေ့တွင် ရဲရဲဝံ့ဝံ့ ရပ်နေကာ တည်တည်ငြိမ်ငြိမ် ပြုံးပြနေသည်မှာ သူမကိုပင် စကားမပြောနိုင်အောင် ဖြစ်စေသည်။
သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ သူမ၏ အသံမှာ အေးစက်ခြင်း မရှိတော့ဘဲ နည်းနည်းတော့ ထူးဆန်းစွာဖြင့် မျက်နှာကို လွှဲလိုက်သည် "အပြင်
စည်းတပည့် ဘဝက ပင်ပန်းပါတယ်၊ ဝိညာဉ်ဆန်တွေကို... နင့်အတွက်ပဲ ချန်ထားပါ..."
ရှန်ချူက ဘေးမှနေ၍ မျက်တောင်လေး ခတ်ကာ တစ်ခုခုကို ရိပ်မိလိုက်သလို ပြုံးနေသည်။
"စိတ်ချပါ သခင်မလေး။ ကျွန်တော် ဒါတွေ မလိုအပ်ပါဘူး" လုလီက နေရောင်ခြည်ကဲ့သို့ ပိုမိုတောက်ပစွာ ပြုံးလိုက်သည်။
"ကျွန်တော့်ဥစ္စာက သခင်မလေးဥစ္စာပါပဲ။ နောက်ရာသီမှာလည်း ကျွန်တော် လာဦးမှာပါ"
"အဲဒီအချိန်ကျရင်၊ ဖြစ်နိုင်ရင်၊ ပိဿာ (၁၀၀) ထက်တောင် ပိုနိုင်ဦးမှာပါ"
လုလီက "ကျွန်တော့်ဥစ္စာက သခင်မလေးဥစ္စာပါပဲ" ဟု ပြောပြီးနောက် ဗလာဖြစ်သွားသော အိတ်ကို မကာ နေရောင်အောက်တွင် သန့်ရှင်းစွာ ပြုံးပြလိုက်သည်။ မြေနံ့များ ရနေသော်လည်း သန်မာစွာ ရပ်တည်နေသော မြက်ပင်လေးတစ်ပင်ကဲ့သို့ပင်။
တုံရှန်းသည် သူ့ကို ငိုင်ကြည့်နေမိပြီး ရင်ထဲတွင် ရုတ်တရက် ဝမ်းနည်းသလိုလို ခံစားလိုက်ရသည်။
ထိုအချိန်တွင်..
သူ၏ အသိစိတ်ထဲတွင် ချိုးယွဲ့၏လှောင်ရယ်သံထွက်ပေါ်လာသည်။
"အို... ကြည့်စမ်း၊ ဆန်လည်း ပေးတယ်၊ အပြုံးလည်း ပေးတယ်၊ အပြစ်ကင်းစင်သလိုလည်း ပြုံးပြနေသေးတယ်... တကယ့်ကို သစ္စာရှိတဲ့ ခွေးလေးပဲ"
"လုလီ၊ နင်နောက်ဆုံးကျရင် အရိုးတစ်စတောင် မရမှာကို မကြောက်ဘူးလား"
လုလီ ချိုးယွဲ့ကို အဖက်မလုပ်ဘဲ တုံရှန်းကိုသာ ဆက်လက်ကြည့်နေသည်။ သူ၏ အကြည့်မှာ နူးညံ့နေပြီး သူမ၏ တုံ့ပြန်မှုကို ငြိမ်သက်စွာ စောင့်နေသည်။
တုံရှန်းသည် သူ၏ အကြည့်ကို ရှောင်ရန် ခေါင်းငုံ့လိုက်သော်လည်း မိမိကိုယ်တိုင် မစဉ်းစားဘဲ မနေနိုင်သည်ကို တွေ့လိုက်ရသည်။
သူ အရပ်ရှည်လာပြီ၊ အသားမည်းလာပြီ၊ ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ ပိုပြီး သန်မာလာပြီ။
ထိုနုနယ်ဆဲဖြစ်သော မျက်နှာပေါ်တွင် ဇွဲရှိမှုနှင့် အလေးအနက်ထားမှုများ ပြည့်နှက်နေသည်။
ရှန်ချူ ပြောခဲ့သော စကားကို သူမ ရုတ်တရက် သတိရသွားသည်။
"စုဆောင်းထားသမျှ အကုန်လုံးကို ညီမလေးကို ပြုံးစေချင်ရုံလေးနဲ့ ထုတ်ပေးလိုက်တာ"
သူမ၏ လက်ချောင်းလေးများက အင်္ကျီအနားကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
ပြင်ပတပည့်များ၏ ဘဝအကြောင်းကို သူမ ဤရက်ပိုင်းအတွင်း ကြားဖူးခဲ့သည်။ ဝိညာဉ်လယ်မြေအစွန်အဖျား၊ အရင်းအမြစ် အနည်းဆုံး၊ စားဝတ်နေရေး ခက်ခဲပြီး ကြိုးကြာငှက်ပင် မစီးနိုင်ဘဲ လမ်းလျှောက်နေရသည့် ဘဝ။
ဒါပေမဲ့ သူမကိုယ်တိုင်တော့ တစ်ခါမှ မကြုံဖူးခဲ့ဘူး။
ဒီလူငယ်လေးက အသက်ဘယ်လောက်ရှိသေးလို့လဲ...
ဂိုဏ်းထဲဝင်တာ သုံးလပဲ ရှိသေးတယ်၊ မိုးထဲလေထဲမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ဝိညာဉ်စပါးတွေကို တစ်စေ့ချင်း စိုက်ပျိုးခဲ့ရတာ။ ဒါပေမဲ့ တွေ့တဲ့အချိန်မှာတော့ တွေဝေခြင်းမရှိဘဲ အားလုံးကို သူမလက်ထဲ အပ်လိုက်
တယ်။
ဘာမှ ပြန်မတောင်းဘူး၊ ဘာဆုလာဘ်မှလည်း မလိုချင်ဘူး၊ စကားတစ်ခွန်းတောင် ပိုမပြောဘူး။
သူမ၏ ရင်ထဲတွင် ရုတ်တရက် နူးညံ့သွားသည်။
လက်ဆောင်ပေးတာက မဆန်းပေမဲ့၊ ဒီရက်ပိုင်းအတွင်းမှာလည်း ကွေ့ယွမ်အတွင်းစည်းက လူငယ်ပါရမီရှင်တွေ ပေးတာ အများကြီး ရှိခဲ့ပေမဲ့... ကိုယ့်မှာရှိတဲ့ တန်ဖိုးအရှိဆုံး အရာအားလုံးကို ပေးချင်တဲ့သူကတော့ အလွန်ရှားပါးလှသည်...
ဒါဟာ... အဖိုးကလွဲရင် ငါ့အပေါ် ဒီလောက်ကောင်းတဲ့ ဒုတိယမြောက်လူပဲ မဟုတ်လား...
ဂိုဏ်းတံခါးရှေ့မှာ သူ ဝါနတ်အရိုးအဖွဲ့ထဲတန်းစီနေတုန်း လူတိုင်းရဲ့ အနှိမ်ခံ ဖြစ်နေခဲ့တာကို သူမ ရှင်းလင်းစွာ မှတ်မိနေသည်။
အဲဒီအချိန်မှာ သူမကိုယ်တိုင် စီနီယာအစ်ကိုဟော်ကို ပြောခဲ့တာက "သူက ကျွန်မရဲ့ ကျွန် သက်သက်ပါ" တဲ့။
လူအများကြီးရှေ့မှာ သူမ သူ့ကို နှိမ့်ချခဲ့ပေမဲ့ သူကတော့ ဘာမှ မငြည်းတွားခဲ့ဘူး။
အခုတော့ သူမရှေ့မှာ ပြုံးပြုံးလေး ရပ်နေပြီး ရိတ်သိမ်းသမျှ အားလုံးကို လက်ဆောင်ပဏ္ဏာကဲ့သို့ လက်နှစ်ဖက်ဖြင့် ပေးအပ်နေသည်။
"သူက ငါ့ကို... တစ်ဦးတည်းသော အားကိုးရာလို့ သတ်မှတ်ထားတာလား"
ထူးဆန်းသော ခံစားချက်တစ်ခု ရင်ထဲမှ ပျံ့နှံ့လာသည်။
သနားတာ မဟုတ်ဘူး။ နောင်တရတာလည်း မဟုတ်ဘူး။
ကြာမြင့်စွာ ဝေးကွာနေခဲ့သော နွေးထွေးသည့် ခံစားချက်တစ်ခု၊ ငယ်ငယ်တုန်းက ဒဏ်ရာရနေတဲ့ သားရဲလေးကို တွေ့တဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ဆန္ဒမျိုး ကာကွယ်ပေးချင်တယ်၊ နှစ်သိမ့်ပေးချင်တယ်၊ အဲဒီအထီးကျန်မှုကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားချင်တယ်။
"သူ ဒီလောက် ပင်ပန်းနေတာတောင် ငါ့အကြောင်းကို တွေးနေသေးတယ်..."
"သူက ငါ့အဖေ၊ အမေ မဟုတ်ဘဲနဲ့ ငါ့အပေါ် ဒီလောက် ကောင်းနေတယ်"
"ငါ... သူ့အပေါ် ဒီလို ဆက်ဆံတာမျိုး မလုပ်သင့်တော့ဘူး မဟုတ်လား"
တုံရှန်းသည် လုလီကို ငိုင်ကြည့်နေရင်း မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။
"ဝိညာဉ်ဆန်တွေကို ငါ လက်ခံလိုက်ပါ့မယ်" သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ အသံမှာ ယခင်ကကဲ့သို့ အေးစက်ခြင်း မရှိတော့ဘဲ တခြားသော အရိပ်အယောင်များ ပါဝင်နေသည်။
"နင်... ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ"
"အရမ်းကြီး ပင်ပန်းမခံနဲ့ဦး"
လုလီက ပြုံး၍ ခေါင်းညိတ်ဆဲပင် "ဟုတ်ကဲ့၊ သခင်မလေး ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
ထို့နောက် သူ လှည့်ထွက်သွားခဲ့သည်။ ခြေလှမ်းများမှာ ပေါ့ပါးနေပြီး ဆန္ဒပြည့်ဝသွားသည့်အလားပင်။
ရှန်ချူသည် သူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်လေး ကုတ်၍ ပြုံးလိုက်သည် "အို... ညီမလေး၊ ညီမလေးရဲ့ မျက်နှာက တော်တော်လေး နီနေသလိုပဲနော်"
တုံရှန်း ရှက်သွားပြီး မျက်နှာကို လွှဲကာ "စီနီယာအစ်မ ရှန်ကလည်း နောက်ပြန်ပြီ..." ဟု ပြောလိုက်သည်။
ဒါပေမဲ့ သူမကိုယ်တိုင်လည်း မသိလိုက်တာက၊ သူမရဲ့ လက်ချောင်းလေးတွေက အဲဒီလေးလံတဲ့ ဝိညာဉ်ဆန်ထုပ်ကို တိတ်တဆိတ် တင်းတင်းဆုပ်ကိုင်ထားမိတာပါပဲ။ တစ်ခုခုကို ဆုပ်ကိုင်ထားသလိုမျိုး၊ လွှတ်မပေးချင်သလိုမျိုး။
ဒါဟာ သံယောဇဥ်ရဲ့ မျိုးစေ့ပါပဲ။
တိတ်တဆိတ် မြှုပ်နှံလိုက်ပြီ ဖြစ်သည်။
တုံရှန်းသည် ခေါင်းငုံ့ကာ ဘာမှမပြောတော့သော်လည်း နှုတ်ခမ်းလေးကိုတော့ အသာအယာ ကိုက်ထားမိသည်။
ရှန်ချူကတော့ အရာအားလုံးကို မြင်နေရပြီး လက်ဖက်ရည်ခွက်ကို လှုပ်ခါရင်း ဘာမှမပြောဘဲ ပြုံးနေသည်။
ဤဇာတ်လမ်းမှာ ယခုမှ စတင်တော့မည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။