← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (206)

လီရှန်းက ဂါဝန်ကို ကိုင်ထားရုံသာ ရှိပြီး စမ်းဝတ်ကြည့်မည်ဟု မပြောလာခဲ့ပေ။

ထို့ကြောင့် ဝူလီက သူမ၏ လက်ထဲမှ အဖြူရောင်စွပ်ကျယ်ကို ချက်ချင်း ချလိုက်ပြီး လီရှန်းကို အခန်းထဲသို့ တွန်းပို့လိုက်လေ၏။

“အမြန်သွားလဲပြီး စမ်းဝတ်ကြည့်စမ်းပါ၊ တကယ်လို့ အင်္ကျီက အရမ်းကြီးနေတယ်လို့ထင်ရင် ငါ သိုလှောင်ရုံမှာ သွားလဲပေးမယ်လေ”

သူမ၏ ပြောစကားကိုနားထောင်ရုံနှင့်ပင် ဤဝတ်စုံက အနာအဆာပါသောပစ္စည်း မဟုတ်ကြောင်းကို အကဲခတ်နိုင်သည်။

လီရှန်းက အခန်းထဲသို့ ဝင်သွားပြီး အပေါ်အင်္ကျီကို ချွတ်ကာ လိမ္မော်နီရောင် မေပယ်ရွက်များ ပုံနှိပ်ထားသည့် ဝါနုရောင် ဂါဝန်လေးကို လဲလှယ်ဝတ်ဆင်လိုက်လေ၏။

ဝတ်ဆင်ပြီးနောက် ဗီရိုပေါ်ရှိ မှန်အရှည်ကြီးတွင် ကြည့်လိုက်လျှင် ခါးနေရာတွင် အနည်းငယ် ကျယ်နေသည်မှလွဲ၍ ကျန်သည့်နေရာများက သူမနှင့် ကွက်တိပင် ဖြစ်နေခဲ့သည်။

သူမ တံခါးကိုတွန်းဖွင့်ပြီး အပြင်သို့ ထွက်လာသည့် အချိန်မှာပင် အခန်းထဲသို့ လေပြင်းတစ်ချက်က ဝှေ့တိုက်သွားလေ၏။

လီရှန်းက သူမ၏ လက်မောင်းများကို အမြန် ပွတ်သပ်လိုက်ရင်းပြောလိုက်လေသည်။

“ဒီနေ့ အတော်လေးအေးတာပဲ၊ စကတ်ဝတ်ဖို့ကတော့ နည်းနည်း အေးလွန်းသေးတယ်”

သူမက ဝူလီ၏ အနားသို့ လျှောက်သွားပြီးနောက် ခါးဘေးမှ အဝတ်စကို မပြလိုက်လိုက်လေ၏။

“ခါးမှာတော့ နည်းနည်းလောက်ကျယ်နေတယ်၊ ဒါပေမဲ့ ဝတ်လို့တော့ ရပါတယ်”

သူမတွင် သေးသွယ်သော ခါးလေး ရှိသည်။ အကယ်၍ ကိုယ်ကျပ်ဝတ်စုံကိုသာ ဝတ်လိုက်မည်ဆိုပါက သူမ၏ ခန္ဓာကိုယ်က အလွန်ပင် ပေါ်လွင်နေပေလိမ့်မည်။

ယခုအချိန်ကာလတွင်တော့ ထိုသို့ ဝတ်ဆင်ရန် မသင့်တော်ပါချေ။

“ဘယ်လိုနေလဲ”

လီရှန်းက ဂါဝန်ကို သဘောကျသောကြောင့် ဝူလီ၏အရှေ့တွင် တစ်ပတ် လှည့်ပြလိုက်လေ၏။

သို့သော်လည်း ဝူလီဘက်မှ မည်သည့် တုံ့ပြန်ခြင်း မရှိပေ။ လီရှန်း စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည့်အချိန်တွင် ဝူလီက သူမကိုသာ စူးစိုက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“နင့်ရဲ့ခန္ဓာကိုယ်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လှနေရတာလဲ”

ဝူလီက ရုတ်တရက် သူမ၏ အနားသို့ တိုးကပ်လာပြီး မေးလိုက်လေ၏။

သူမ၏ ပါးပြင်လေးများကလည်း အနည်းငယ် နီရဲနေခဲ့သည်။

ဝူလီက လီရှန်းထက် ပို၍ ခန္ဓာကိုယ်ဖွံ့ဖြိုးသော်လည်း ကြည့်ရသည်က အတော်လေး ပြားချပ်နေသကဲ့သို့ ရှိနေလေ၏။

သူမအနေဖြင့် အတွင်းခံအင်္ကျီများကို သူမကိုယ်တိုင် ချုပ်လုပ်ဝတ်ဆင်သူ ဖြစ်သည်။

ထို့ကြောင့် သူမနှင့် လီရှန်း၏ အဝတ်အစားများကြားတွင် ကွာခြားချက်တစ်ခုခုများ ရှိနေသည်လားဟု တွေးမိခြင်းပင်။

ဆိုရလျှင် အမှန်တကယ်ပင် ကွာခြားချက် ရှိနေလေ၏။

လီရှန်းက သူမကို အခန်းထဲသို့ ခေါ်သွားပြီးနောက် သူမကိုယ်တိုင် ပြုလုပ်ထားသော အတွင်းခံအင်္ကျီလေးများကို ပြသလိုက်လေ၏။

ထိုအတွင်းခံများမှာ ဝူလီတို့ ချုပ်နေကျ စွပ်ကျယ်ပုံစံ အတွင်းဝတ်များနှင့် မတူပေ။ သူမ တာဝန်ပေးအပ်ခံရသော ကမ္ဘာများတွင် တွေ့ရှိခဲ့ရသည့် အတွင်းခံ ပုံစံအမျိုးမျိုးပင် ဖြစ်သည်။

အကယ်၍ သူမသာ ရှာတွေ့နိုင်မည်ဆိုပါက ထိုအတွင်းခံတို့ထဲ၌ မျှော့ကြိုးများကိုပင် ထည့်သွင်းရန် စဉ်းစားမိပေလိမ့်မည်။

“ဒါတွေ ချုပ်ရတာခက်လား”

ဝူလီမှာ စွပ်ကျယ်ပုံစံအတွင်းဝတ်တစ်ထည်ကိုပင် ခက်ခဲစွာ ချုပ်လုပ်နေရသူ ဖြစ်သောကြောင့် မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာခဲ့လေ၏။

“မခက်ပါဘူး”

လီရှန်းက သူမ ဝတ်ထားသော ဂါဝန်ကို ငုံ့ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

“ကျွန်မပြောပြမယ်၊ ကျွန်မမှာ အသစ်တစ်ထည် ရှိတယ်၊ အဲဒါကို ယောက်မ အရင်ယူသွားပြီး ဝတ်ကြည့်လိုက်ပါလား”

အတွင်းခံ၏ အရွယ်အစားများက ကွဲပြားနိုင်သော်လည်း၊ ချိတ်များကို အတိုးအလျှော့လုပ်ရုံဖြင့် ဝတ်ဆင်နိုင်သည် မဟုတ်ပါလား။

နောက်ပိုင်းအနာဂတ်ရှိ ဘရာစီယာများကဲ့သို့ ရင်သားအရွယ်အစားအတိုင်း တိကျစွာ ဝယ်ယူရန် မလိုအပ်ပေ။

ဝူလီက လီရှန်း၏ လက်ထဲရှိ အတွင်းခံလေးကို လှမ်းကြည့်လိုက်ပြီးနောက် မငြင်းဆိုနိုင် ဖြစ်နေခဲ့၏။

သူမ၏ မျက်နှာလေးက နီရဲနေပြီး ထိုအတွင်းခံကို စုဝေ့ဟိုင်၏ အဖြူရောင် စွပ်ကျယ်ထဲသို့ ထိုးထည့်လိုက်ပြီး နောက်ပိုင်းတွင်မှ သိမ်းဆည်းရန် ပြင်လိုက်တော့သည်။

သူမအနေဖြင့် အရာအားလုံးကို စနစ်တကျ သိမ်းဆည်းပြီးမှသာ လီရှန်းတစ်ယောက် ဂါဝန်ဝတ်ထားသည်ကို ကြည့်ရန် အချိန်ရတော့၏။

ဝန်ခံရမည်ဆိုပါက လီရှန်းက အမှန်တကယ်ပင် လှပသူဖြစ်သည်။

ဤဂါဝန်လေးနှင့် သူမ၏ ဆံပင်အရှည်များကို လျော့လျော့လေး ကျစ်ထားပြီးနောက် ညာဘက်ပုခုံးမှ ရင်ဘတ်ပေါ်သို့ ချထားသည့် ပုံစံက ပို၍ပင် ကျော့ရှင်းနေခဲ့သောကြောင့် ဝူလီ တစ်ယောက် အလွန်ပင် မနာလို ဖြစ်သွားရသည်။

“ငါ့မျက်နှာကျတော့ အရမ်းဝိုင်းတာပဲ၊ အလုပ်သွားရင် လူတွေက ငါ့ကို ကလေးတစ်ယောက်လိုပဲ ထင်ကြတာ၊ အဲဒီ ဝယ်သူတွေကလည်း ငါ့ကိုဆိုရင် အနိုင်ကျင့်ချင်ကြတာချည်းပဲ”

ယခုခေတ်တွင် အရောင်းစာရေးများက ဒေါသကြီးတတ်ကြလေသည်။

သို့သော် အကယ်၍ တစ်စုံတစ်ဦးက အေးဆေးသည့်စရိုက်ရှိလျှင်လည်း ဝယ်သူများက ထိုလူ၏ စရိုက်ကို ကြည့်ပြီး နှိမ်တတ်ကြသည် မဟုတ်ပါလား။

ဒါပေမဲ့...

ဒါက ဘာမှလုပ်လို့မရဘူး။

လီရှန်းက ဝူလီ၏ ဝိုင်းစက်နေသော မျက်နှာလေးကို ကြည့်လိုက်မိ၏။ ဆိုရလျှင် သူမက အသက်ကြီးလာလျှင်ပင် အိုစာမည့်ပုံမပေါ်ပေ။

ဝူလီက ခဏမျှနေပြီးနောက် သူမ၏ အိတ်ကိုဆွဲပြီး ထမင်းချက်ရန် အိမ်သို့ အမြန်ပြန်သွားခဲ့လေ၏။

သူမက ဂါဝန်လာပို့ရန်နှင့် လီရှန်း၏ ပိတ်ရက်အစီအစဉ်ကို မေးမြန်းရန်အတွက်သာ အထူးတလည်လာခဲ့ခြင်း ဖြစ်သည်။

လီရှန်းသည်လည်း အဝတ်အစားများကို ပြန်လည်လဲလှယ်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ခဲ့လေ၏။

ဤရက်ပိုင်းတွင် သခွားသီးများက ပေါများနေသကဲ့သို့ ရာသီဥတုကလည်း တဖြည်းဖြည်း ပူနွေးလာခဲ့ပြီပင်။

လီရှန်းက သခွားသီးသုပ် ပြုလုပ်လိုက်ပြီး၊ မုယောဆန်ပြုတ် အိုးကြီးတစ်လုံးနှင့် ပြောင်းဖူးမှုန့်ဖြင့် ပြုလုပ်ထားသော ဘန်းမုန့်ကြီးတချို့ကိုပါ ပြုတ်လိုက်လေ၏။

ထို့အပြင် နှစ်သစ်ကူး မတိုင်ခင်က သူမကိုယ်တိုင် အချဉ်တည်ထားခဲ့သော မုန်လာဥနီ နှစ်တုံးကိုလည်း လှီးဖြတ်လိုက်လေသည်။

ထိုဟင်းများက သူမ၏ ညစာပင် ဖြစ်လေ၏။

စုဝေ့ချင်းကလည်း ဤရက်ပိုင်း အလွန် အလုပ်များနေခဲ့၏။

သူက ဆောင်းပါးတစ်စောင်ကို ရေးသားပြီးနောက် ပြည်နယ်သတင်းစာသို့ ပေးပို့ခဲ့ရာမှ ယခင်က လူသိနည်းသော ဤဆေးဝါးစက်ရုံက ပြည်နယ်အတွင်း အတော်လေး ကျော်ကြားလာခဲ့လေသည်။

ပြည်နယ်မြို့တော်ရှိ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌယိုကလည်း ဤကျော်ကြားမှု၏ အကျိုးကျေးဇူးများကို ရိပ်မိသွားပုံရ၏။

သူက စုဝေ့ချင်းကို အထူးတလည် ဖုန်းဆက်ပြီး ချီးကျူးခဲ့လေသည်။

ထို့နောက် ဆေးဝါးစက်ရုံကို ဆက်လက်၍ မြှင့်တင်ပေးရန်နှင့် အထူးသဖြင့် ဤပုတီလန် အကြောင်းကို ကြော်ငြာပေးရန် တိုက်တွန်းခဲ့၏။

ပုတီလန်က အာနိသင်နှင့် အသုံးချမှု နယ်ပယ် ကျယ်ပြန့်လွန်းသည်။

အရေးကြီးဆုံးအချက်မှာ ထိုဆေးတွင် အနည်းငယ်ခါးသော်လည်း အချိုဓာတ်လည်း ပါဝင်နေ၏။

ထို့ကြောင့် ထိုဆေးသည်က အမှန်တကယ်ပင် မြှင့်တင်ပေးသင့်သော အချက်တစ်ခုပင် ဖြစ်သည်။

အကယ်၍ သူတို့အနေဖြင့် အော်ဒါများကို ပိုမို၍ရရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက၊ ဤပြည်နယ်အဆင့် ဆေးဝါးစက်ရုံမှာ နိုင်ငံအတွင်း ရှစ်ခုမြောက် အကြီးဆုံးဆေးဝါးစက်ရုံ ဖြစ်လာရန်ဆိုသည့်စိတ်ကူးက မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

“ဒါဆို ကျွန်မတို့တွေ ဒီဆေးတွေကို သကြားအလွှာလေးတွေနဲ့ အုပ်ပေးကြရင်ဘယ်လိုလဲ”

လီရှန်းက အကြံပြုလိုက်လေ၏။

“ကျွန်မတို့ရဲ့ စက်ရုံက အရမ်းခါးတဲ့ ဆေးလုံးတွေကို သကြားရည်လေးတွေနဲ့ ဖုံးပေးလိုက်ရင် ပါးစပ်ထဲမှာ ခါးတဲ့အရသာ အရမ်းမရှိတော့ဘူးပေါ့”

“ဒါပေမဲ့ ဆေးလုံးတွေကို သကြားနဲ့ အုပ်လိုက်ရင် ဆေးအာနိသင်က နှေးသွားနိုင်တယ်လေ”

သကြားလွှာကို အရည်ပျော်စေရန်အတွက် အချိန်ယူရသည် မဟုတ်ပါလား။

“ဒါ့အပြင် ငုံဆေးတချို့ဆိုရင် သကြားအုပ်ဖို့ မသင့်တော်တာတွေလည်း ရှိသေးတယ်”

စုဝေ့ချင်း ပြောလိုက်လေသည်။

သို့သော် စုဝေ့ချင်းက လီရှန်း၏ စကားကို မငြင်းဆိုဘဲ စဉ်းစားနေခဲ့လေ၏။

သူကိုယ်တိုင်သည်လည်း ဆေးခါးသည်ကို ညည်းညူတတ်သော်လည်း နေမကောင်းဖြစ်လျှင် ဆေးသောက်ရမည်ပင်။

ဆေးဝါးစက်ရုံတွင် အလုပ်လုပ်နေသူများသာလျှင် ယခုကဲ့သို့သော အခွင့်ထူးများကို ခံစားနိုင်ကြခြင်း ဖြစ်လေ၏။

အပြင်ဘက်ရှိ ဆေးပေးခန်းများသို့ သွားမည်ဆိုလျှင် ဆေးဝါးထောက်ပံ့မှုပင် မလုံလောက်ပေ။

ထို့ကြောင့် အပြင်းအထန် နေမကောင်းသူ မဟုတ်ပါက အကိုက်အခဲပျောက်ဆေးကိုသာ သောက်ပြီး အောင့်အီးသည်းခံနေကြရုံသာ တတ်နိုင်သည်။

သို့သော် ယခုခေတ်ကာလ၏ သာမန်လူများက ဝေဒနာကိုသည်းခံနိုင်လာကြသည်။

ဆေးပေးခန်းသို့ ရောက်ရှိလာကြသူများမှာ များသောအားဖြင့် အိပ်ရာထဲမှ မထနိုင်လောက်အောင် ဖျားနာနေပြီး ဆေးဝါးကို အလွန်လိုအပ်နေသူများသာ ဖြစ်ကြသည်။

သို့သော်လည်း ဆေးဝါးစက်ရုံ၏ ထုတ်လုပ်မှုစွမ်းအားက ကန့်သတ်ချက် ရှိနေခဲ့လေ၏။

ဝန်ထမ်းများက နေ့ရောညပါ အလုပ်လုပ်နေကြသော်လည်း ပစ္စည်းများကို အချိန်မီမပေးပို့နိုင်ကြပေ။

ရလဒ်အနေဖြင့် ဆေးပေးခန်းအမျိုးမျိုးတွင် ဆေးနီနှင့် အကိုက်အခဲပျောက်ဆေးများကိုသာ ညွှန်းဆိုပေးနိုင်ကြပြီး ထိုသို့သာ သံသရာလည်နေခဲ့ရခြင်းပင်။

ဆေးလုံးများကို ပြုလုပ်ခြင်းက အစကတည်းက ရှုပ်ထွေးသော လုပ်ငန်းစဉ် ဖြစ်လေသည်။

အကယ်၍ သကြားအလွှာအုပ်သည့် လုပ်ငန်းစဉ်ကိုသာ ထပ်မံ၍ ထည့်သွင်းလိုက်မည်ဆိုလျှင် ပို၍ပင် အချိန်ကြာမြင့်သွားပေလိမ့်မည်။

“ဒါပေမဲ့ အရမ်းခါးတဲ့ ဆေးတချို့အတွက်တော့ ကျွန်မတို့အနေနဲ့ လုပ်ငန်းစဉ် တစ်ခုကို ထပ်တိုးလို့ ရတာပဲလေ”

လီရှန်းက ထပ်မံ အကျိုးအကြောင်းကို ပြောပြလိုက်လေ၏။

“ပြီးတော့ သကြားအလွှာ အုပ်ပေးမယ်ဆိုရင် အရောင်းသွက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်”

ဆေး၏ အာနိသင်ချင်း တူညီနေပါက အရသာဆိုသည့်အချက်က သေချာပေါက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အချက်တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

ထို့အပြင် ဥက္ကဋ္ဌယိုသည်လည်း ရှစ်ခုမြောက် အကြီးဆုံး နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီ ဖြစ်လာစေချင်နေသည့်အတွက အနည်းဆုံးတော့ အရောင်းမြှင့်တင်နိုင်ရန်အတွက် ကြိုးစားသင့်သည်။

“ပုတီလန်က ပါဝင်ပစ္စည်းရော၊ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာရောက အတော်လေး ရှုပ်ထွေးတယ်၊ အထူးသဖြင့် ကုန်ကြမ်းပိုင်းပေါ့၊

လက်တလောမှာတော့ တည်ငြိမ်တဲ့ ထောက်ပံ့မှု မရှိသေးဘူး၊ ဒါကြောင့် နောက်ပိုင်းကျရင် ရေရှည်ထောက်ပံ့နိုင်ဖို့ ခက်လိမ့်မယ်”

အကယ်၍ ရေကျောက်ကပ်ရောဂါသာ ဖြစ်မလာခဲ့လျှင် ပြည်နယ်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးရှိ တရုတ်ဆေးသစ်ဥသစ်ဖုများကို စုဆောင်းပြီး ဤမျှအထိ အင်တိုက်အားတိုက် ပံ့ပိုးပေးမည် မဟုတ်ပေ။

သို့သော် ကပ်ရောဂါက ပြီးဆုံးသွားသည့်အချိန်တွင် ပြည်နယ်၏ ပံ့ပိုးမှုက မရှိတော့သောကြောင့် ဆေးဝါးစက်ရုံက ကိုယ်ပိုင်အားထုတ်မှုအပေါ်၌သာ မှီခိုရတော့ပေမည်။

မှန်ပေ၏။ ထုတ်လုပ်ရန်အတွက် ရိုးရှင်းသော်လည်း ကုန်ကြမ်းရရှိရန်က ခက်ခဲလွန်းသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ်တိုင်းရင်းဆေးပညာအပေါ်တွင် နည်းမျိုးစုံဖြင့် ကန့်ကွက်မှုများက ရှိနေခဲ့၏။

ထို့ကြောင့် တရုတ်ဆေးဖက်ဝင် အပင်များကို ထုတ်လုပ်မှုက မတည်မငြိမ် ဖြစ်နေခဲ့ရသည်။

တစ်နိုင်ငံလုံးရှိ ကျေးရွာအနည်းငယ်တွင်သာ ဆေးဖက်ဝင်အပင်ကို စိုက်ပျိုးရန် ခွဲတမ်းများကို ရရှိထားကြလေ၏။

ယခုခေတ်ကာလတွင် တစ်နိုင်ငံလုံးရှိ လူများက စားနပ်ရိက္ခာကို စိုက်ပျိုးရန်အတွက်သာ အာရုံစိုက်နေကြရသည်။ သို့သော်လည်း လက်တွေ့တွင် တချို့သော ကျေးရွာများက ရိက္ခာစိုက်ပျိုးရန် မသင့်တော်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုနေရာများက ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးရန်အတွက် အလွန်ပင် သင့်တော်လွန်းသည်။

စိုက်ပျိုးရန် မဖြစ်နိုင်ခြင်းကတော့ အလွန်ပင် နှမြောစရာကောင်းလေသည်။

*

All Chapters