← Chapters

နတ်ဆိုးဘုရင် သွေးအန်ခြင်း၊ ကျန်းဝူဂိုဏ်း၏ နံပါတ်တစ်ဓားသမား

Vol. 6 Ch. 77

နတ်ဆိုးဘုရင် သွေးအန်ခြင်း၊ ကျန်းဝူဂိုဏ်း၏ နံပါတ်တစ်ဓားသမား

Vol. 6 Ch. 77

အခန်း (၇၇) နတ်ဆိုးဘုရင် သွေးအန်ခြင်း၊ ကျန်းဝူဂိုဏ်း၏ နံပါတ်တစ်ဓားသမား

ရန်ဒေသမြောက်ပိုင်း၊ ရေခဲလိုဏ်ဂူတစ်ခုအတွင်း၌။

အဖြူရောင်ဆံပင်ရှိပြီး သားရေဝတ်ရုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ ရေခဲခုတင်ပေါ်မှာ ထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်ကနေ နတ်ဆိုးရောင်ဝါတွေ ဖြာထွက်နေပြီး အနက်ရောင်အမြီးလေးချောင်းဟာ လူးလွန့်လှုပ်ရှားနေပါတယ်။

ဒါကတော့ နတ်ဆိုးဘုရင်တန်စုရဲ့ လူသားအသွင်ပဲ ဖြစ်ပါတယ်။

“ဝုန်း...”

နတ်ဆိုးဘုရင်ဟာ ရုတ်တရက် သွေးတစ်လုတ် အန်ထွက်သွားပါတယ်။ ဒီသွေးကျသွားတဲ့ နေရာက ရေခဲတွေဟာ အရည်ပျော်ကျသွားပြီး အခိုးအငွေ့တွေ ထွက်လာပါတယ်။ အဲဒါကြောင့် ရေခဲခုတင်ရှေ့မှာ အပေါက်ပေါက်တွေ ဖြစ်သွားပါတယ်။

နတ်ဆိုးဘုရင်တန်စုဟာ ဆက်တိုက်ဆိုသလို သွေးအန်နေတာကြောင့် အရမ်းဒေါသ ထွက်သွားသလို တုန်လှုပ်ချောက်ချားသွားပါတယ်။

‘ဘာတွေဖြစ်နေတာလဲ’

လွန်ခဲ့တဲ့ ငါးနာရီလောက်ကစပြီး နတ်ဆိုးဘုရင်တန်စုဟာ ဆက်တိုက်နီးပါး သွေးအန်နေတာ အခုထိပါပဲ။ အခုဆိုရင် နတ်ဆိုးဘုရင်တန်စု အန်ထုတ်တဲ့သွေးထဲမှာ သွေးနှစ်တောင် ပါလာပါပြီ။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

နတ်ဆိုးဘုရင်တန်စုကို ပိုပြီးချောက်ချားစေတဲ့အရာက ကျင့်ကြံအားထုတ်လို့ မရတာပါ။ နတ်ဆိုးဘုရင်တန်စု စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအားဟာ တိုးလာရမဲ့အစား လျော့ကျသွားပါတယ်။

“ဘာလို့ ဒီလိုဖြစ်နေရတာလဲ...”

နတ်ဆိုးဘုရင်တန်စုဟာ မသက်မသာ ခံစားလိုက်ရပါတယ်။ သူ့သက်တမ်း နှစ်တစ်သောင်းအတွင်းမှာ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ကြုံရတာပါ။ နတ်ဆိုးဘုရင်တန်စုဟာ ရှေးဒဏ္ဍာရီတွေကို ပြန်စဉ်းစားလိုက်ပါတယ်။

‘အဲဒီကျင့်ကြံသူတွေက အထက်လောကကို တက်သွားပြီး အခုငါ့ကို အထက်လောကကနေ ကြည့်နေတာလား’

‘လွန်ခဲ့တဲ့နှစ်နှစ်က လူသားတွေကို ခြံမွေးတိရစ္ဆာန်အဖြစ် မွေးမယ်လို့ ငါ ကြော်ငြာခဲ့လို့ အခုလို ဖြစ်ရတာလား’

ဒီလိုတွေးနေစဉ်မှာပဲ သွေးတစ်လုတ်ဟာ လည်ချောင်းဝရောက်လာတဲ့အတွက် နတ်ဆိုးဘုရင်တန်စုဟာ မတက်နိုင်ဘဲ နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်ရပါတယ်။

နတ်ဆိုးဘုရင်တန်စုဟာ ဒီအဖြစ်ကြောင့် အရူးဖြစ်ခါနီးနေပါပြီ။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် နတ်ဆိုးဘုရင်တန်စုဟာ သွေးအန်ပြီး အသက်ဆုံးရမဲ့ပုံပါပဲ။

နတ်ဆိုးဘုရင်တန်စုဟာ သူ ပြန်နိုးထလာတဲ့နှစ်ကတည်းက သူ့စွမ်းအားတွေပြန်ရဖို့ ကျင့်ကြံအားထုတ်နေခဲ့တာပါ။ ဒါပေမဲ့ ဒီလေးငါးနာရီအတွင်းမှာပဲ သူ့ကျင့်ကြံမှုတွေ အကုန်လုံးက သဲထဲ‌ရေသွန် ဖြစ်သွားတဲ့အပြင် သူ့ဒဏ်ရာကလည်း ပိုဆိုးလာပါတယ်။ အခုဆိုရင် နတ်ဆိုးဘုရင်တန်စုဟာ နိုးထတုန်းကထက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်သွားပါပြီ။

‘ငါ ဘယ်အင်မော်တယ်ကိုများ အပြစ်ပြုမိခဲ့လို့ အခုလို အကြောင်းအရင်းမရှိဘဲ ဒုက္ခခံနေရတာလဲ’

နတ်ဆိုးဘုရင်တန်စုဟာ သူ့ကျင့်ကြံမှုကို ပြန်စစ်ဆေးတဲ့အခါ ဘာအမှားမှမရှိတာကို တွေ့လိုက်ရပါတယ်။ အတွင်းနတ်ဆိုးကလည်း လွန်ခဲ့တဲ့နှစ်သုံးရာကတည်းက ဖယ်ရှားပြီးပါပြီ။ ဒါပေမဲ့ အခုတော့ အတွင်းနတ်ဆိုးအသစ် ထပ်မွေးဖွားတော့မဲ့ပုံပါပဲ။

အချိန်ဟာ ပုံမှန်အတိုင်း ဆက်သွားနေပေမဲ့ အထိတ်တလန့်ဖြစ်တာရယ် စိတ်ပျက်လက်ပျက် ဖြစ်တာရယ်ကြောင့် နတ်ဆိုးဘုရင်တန်စုဟာ တစ်နာရီကို တစ်ကမ္ဘာနီးပါးကြာရှည်တယ်လို့ ခံစားလိုက်ရပါတယ်။

ဒီလိုနဲ့ နောက်ထပ် နှစ်နာရီ ကုန်ဆုံးသွားတဲ့အခါမှာတော့ နတ်ဆိုးဘုရင်တန်စုဟာ သွေးအန်တာ ရပ်သွားတာကြောင့် ကျင့်ကြံအားထုတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ နတ်ဆိုးဘုရင်တန်စုအတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။

‘တစ်ယောက်ယောက်က ငါ့ကို တစ်နေရာရာကနေ ကျိန်းသေပေါက် စောင့်ကြည့်နေပုံပဲ’

…

ဝီရိယတောင်။

[သင့်မိတ်ဆွေကောင်း နတ်ဆိုးဘုရင်တန်စုသည် ကျိန်စာတိုက်ခံရသောကြောင့် ပြင်းဒဏ်စွာ ဒဏ်ရာရပြီး ကျင့်ကြံမှု လျှောကျသွား၏။]

ဒီစာကြောင်းကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး။ အရမ်းလည်း ပျော်သွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုကို မနေ့ကပဲ ကျိန်စာတိုက်ခဲ့တာ ဒီနေ့ရလဒ် ထွက်လာတဲ့အတွက် ဘယ်လိုလုပ်ပြီး ဝမ်းမသာဘဲနေမှာလဲ။ ကြမ္မာဆိုးစာအုပ်ရဲ့ စွမ်းအားက တကယ့်ကို ကြီးမားပါပေတယ်။

အခုအချိန်မှာ ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။ ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုက သုံးနှစ်တစ်ကြိမ် ကျိန်စာတိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆက်အားထုတ်ပါတယ်။ ဒီတစ်ခါ သူ့ပစ်မှတ်က ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်ကို ထိုးဖောက်ဖို့ပါ။

ဖူစန်းသစ်ပင် ကြီးထွားလာတာနဲ့အမျှ အနားမှာရှိတဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဟာ အကျိုးကျေးဇူး အများဆုံးခံစားရပါတယ်။ ဟန်ကျွယ့်လိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီဟာ တဖြည်းဖြည်း တိုးလာပါတယ်။

…

နွေဦးကုန်ဆုံးလို့ ဆောင်းဦးရောက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာ ဆယ်နှစ်တာ ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌအဆင့်ကို ထိုးဖောက်နိုင်သွားပါပြီ။ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး ဖူစန်းသစ်ပင်ရဲ့ အခြေအနေကို စစ်ဆေးလိုက်ပြီး ငရဲကြက်နက်ကိုရှာက ပညာသင်ပေးပါတယ်။

ငရဲကြက်နက်ဟာ ငရဲဖီးနစ်နက် ဖြစ်လာဖို့ အချိန်နဲ့အမျှ ပြောင်းလဲနေပြီး ကျင့်ကြံခြင်းကလည်း ဆက်တိုက်ဆိုသလို တိုးတက်လာတာ အခုဆိုရင် ကနဦးဝိညာဉ်ကျင့်ကြံသူနဲ့ ညီမျှတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။

နတ်ဆိုးတွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ လူသားတွေရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ မတူညီပါဘူး။ အဓိက ကွာခြားတာက ကနဦးဝိညာည်အဆင့်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အဆင့်တွေကတော့ သိပ်ပြီးခြားနားမှု မရှိပါဘူး။ နတ်ဆိုးတွေမှာ ကနဦးဝိညာဉ်မရှိပေမဲ့ နတ်ဆိုးဓာတ်လုံးနဲ့ ပဓာနဝိညာဉ်ကို ဆက်လက်ကျင့်ကြံနိုင်ပါတယ်။

ဟန်ကျွယ်ဟာ အပြင်ကပြန်လာတဲ့ ပဋိပက္ခကောင်းကင်ခွေးက ငရဲကြက်နက်ကို အနိုင်ယူတာ မမြင်ချင်ပါဘူး။ ဒီလိုဖြစ်မယ်ဆိုရင် ငရဲကြက်နက်ရဲ့ တာအိုနှလုံးသား ထိခိုက်သွားပါလိမ့်မယ်။ အဲဒီအစား ငရဲကြက်နက်က ပဋိပက္ခကောင်းကင်ခွေးကို အနိုင်ယူတာပဲ မြင်ချင်ပါတယ်။

‘ဂူအောင်းကျင့်ကြံတာက အခွင့်အရေးအတွက် တိုက်ခိုက်ရတာလောက် မကောင်းဘူး ဟုတ်လား’

‘လုံးဝမဖြစ်နိုင်ဘူး... ဒီစကား မော်တယ်တွေအတွက်ပဲ’

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ပညာသင်ပေးပြီးတဲ့နောက်မှာ တောင်နောက်မှာရှိတဲ့ ရှင်းဟုန်ရွှမ်ဆီ သွားလည်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အပြင်ထွက်လည်ပြီး အပျော်မရှာဘဲ ဂူအောင်းကျင့်ကြံနေပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် အသက်ရှင်နိုင်စွမ်း မြင့်မားအောင် သိုင်းပညာအချို့ သင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့အခါမှာ အံအားသင့်ပြီး ကျေနပ်အားရသွားပါတယ်။ သူ့နှလုံးသားထဲက ကြင်နာယုယမှုကို မျက်လုံးထဲမှာ အထင်းသား တွေ့နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဆယ်ရက်ကျော်ကြာ သင်ကြားပေးပြီးနောက် သူ့လိုဏ်ဂူကို ပြန်ဖို့ပြင်လိုက်ပါတယ်။ ဒီအချိန်မှာ ဝီရိယတောင်ကို ချဉ်းကပ်လာတဲ့ ရောင်ဝါနှစ်ခုကို ခံစားမိသွားပါတယ်။ ဒီရောင်ဝါနှစ်ခုထဲက တစ်ခုကတော့ ဟွမ်ဂျိဟောင်ပါ။

ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကနေ ဟွမ်ဂျိဟောင်က အသူရာချောက်ဒေသရဲ့ ကျန်းဝူဂိုဏ်းထဲ ဝင်သွားတာ သိလိုက်ရပါတယ်။

တစ်ခြားရောင်ဝါတစ်ခုကတော့ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့အတွက် ကျန်းဝူဂိုဏ်းက ဆရာကြီးတစ်ယောက် ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်း ပတ်လည်မှာရှိတဲ့ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။

[ရှန့်ကွမ်းချိုးကျန့်: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်၊ ကျန်ဝူးဂိုဏ်း၏ ဓားအကြီးအကဲ။]

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်လား။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲကို စလိုက်ပါတယ်။ လေးငါးစက္ကန့်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရှန့်ကွမ်းချိုးကျန့်ကို ဘယ်လိုသတ်ရမလဲဆိုတာ သိသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ ဟွမ်ဂျိဟောင်ဟာ ဝတ်ရုံပြာကို ဝီရိယတောင်ဆီ ခေါ်လာတာ ဝီရိယတောင်နဲ့ သုံးကီလိုမီတာလောက်ပဲ ဝေးပါတော့တယ်။

ရှန့်ကွမ်းချိုးကျန့်ဟာ ထည်ဝါခမ်းနားတဲ့ ဝီရိယတောင်ကို အဝေးကနေ ကြည့်လိုက်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီနေရာမှာ တကယ်ပဲ ဓားပညာရှင်ရှိတာလား၊ စွမ်းအားကြီးတဲ့ ဓားငွေ့ကို ကါ မခံစားမိဘူး”

ဟွမ်ဂျိဟောင်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ သူတို့ဆီ ဟန်ကျွယ် ပျံသန်းလာတာကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းဦးညွှတ်ပြီး တုန်ယင်စွာ ပြောလိုက်ပါတယ် “ဟွမ်ဂျိဟောင် စီနီယာကို အရိုအသေ ပေးပါတယ်”

စီနီယာ။

ရှန့်ကွမ်းချိုးကျန့်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလူပုံစံက ချောမောတာကလွဲလို့ စွမ်းအားကြီးတဲ့ပုံလည်း မပေါက်ပါဘူး... နေအုန်း’ ရှန့်ကွမ်းချိုးကျန့်ဟာ ဝေ့ယွမ်နဲ့ တာအိုသခင်တျန်ကုန်းလိုပဲ တစ်စုံတစ်ခုကို ခံစားမိသွားပါတယ် ‘ဒီကောင့်ဆီမှာ စိတ်ဝိညာဉ်ရတနာတွေ အများကြီးပါလား’

ရှန့်ကွမ်းချိုးကျန့်ဟာ ကျန်းဝူဂိုဏ်းရဲ့ ဓားအကြီးအကဲတစ်ဦး ဖြစ်ပေမဲ့ ဒီလောက် စိတ်ဝိညာဉ်ရတနာ အများကြီးရှိတဲ့ ကျင့်ကြံသူမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။

ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ရှေ့ကို ပျံသန်းသွားပြီး မေးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းကို ဘာလာလုပ်တာလဲ” ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်က ယွီဂျင်ဂိုဏ်းကို မကောင်းပြောတာနဲ့ အားကုန်တိုက်ခိုက်မှာပါ။ စကားပြောပြီး အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး။ တာအိုသခင်တျန်ကုန်းလိုမျိုး နောက်တစ်ယောက် ပေါ်လာမှာကို ဟန်ကျွယ် လုံးဝလက်သင့်မခံနိုင်ပါဘူး။

ဟွမ်ဂျိဟောင်က တလေးတစား ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော်တို့က ပညာဖလှယ်ဖို့ ရောက်လာတာပါ၊ ကျွန်တော့်ဘေးနားကလူက အသူရာချောက်ဒေသမှာတည်ရှိတဲ့ ကျန်းဝူဂိုဏ်းရဲ့ နံပါတစ်ဓားသမားပဲ၊ သူက စီနီယာနဲ့ ဓားပညာဖလှယ်ချင်တာပါ၊  ဒီဟာက မိတ်ဖြစ်ဆွေဖြစ် ပညာဖလှယ်တာပါ၊ ယွီဂျင်ဂိုဏ်းနဲ့ ကျန်းဝူဂိုဏ်းရဲ့ ဆက်ဆံရေးကို မသက်ရောက်စေပါဘူး၊ တစ်ယောက်နဲ့ တစ်ယောက် မထိခိုက်ခင် ကျွန်တော်တို့တွေ ရပ်ကြတာပေါ့”

ဓားပညာဖလှယ်တာလား။

ဟန်ကျွယ်ဟာ ရှန့်ကွမ်းချိုးကျန့်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် ‘သူကများ ရာရာစစ...’

ရှန့်ကွမ်းချိုးကျန့်ဟာ သူ့ဂုဏ်သတင်းကြောင့် ဟန်ကျွယ် ကြောက်သွားတယ်ထင်ပြီး ရယ်ရယ်မောမောနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ တာအိုရောင်းရင်း... ကျုပ်က တာအိုရောင်းရင်းရဲ့ အသက်ကိုရော ကျင့်ကြံခြင်းကိုရော ထိခိုက်အောင် မလုပ်ပါဘူး”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျုပ်က ပြဿနာတွေကို အရမ်းကြောက်တာ”

ရှန့်ကွမ်းချိုးကျန့်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ကြောက်နေတာလား’

“ဒီလိုလုပ်ပါလာား၊ ကျုပ် ခင်ဗျားကို တစ်ကွက်တိုက်မယ်၊ ခင်ဗျား ခံနိုင်တယ်ဆိုရင် ကျုပ်အရှုံးပေးမယ်၊ ဘယ်လို သဘောရလဲ” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ မျက်ခုံးလှုပ်သွားပြီး သူ့အိပ်မက်ဆိုးကို ပြန်အမှတ်ရသွားပါတယ်။

ရှန့်ကွမ်းချိုးကျန့်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကောင်းပြီလေ”

ရှန့်ကွမ်းချိုးကျန့်ရဲ့ စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဟွမ့်သွမ့်ဓားကို ထုတ်ယူပြီး ရှန့်ကွမ်းချိုးကျန့်ကို ခုတ်ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှန့်ကွမ်းချိုးကျန့်ရှေ့မှာ ရုတ်ခြည်း ပေါ်လာပြီး ကောင်းကင်ဒဏ်ပေးတစ္ဆေဓားကို အသုံးပြုလိုက်ပါတယ်။

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်ရဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားဟာ ဒီရေအလား ထွက်ပေါ်လာပြီး ဟွမ့်သွမ့်ဓားထဲကို စီးဝင်သွားပါတယ်။ အနက်ရောင်းဓားချီဟာ ကောင်းကင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး အချိန်ကိုတောင် ရပ်တန့်စေသလိုမျိုး ဖြစ်သွားပါတယ်။

ရှန့်ကွမ်းချိုးကျန့်ဟာ မျက်လုံးပြူးသွားပါတယ်။ ဒီအချိန်မှာ သူ့လက်ကို ဓားရိုးကို ထိရုံရှိပါသေးတယ်။

‘အိုး... မဟုတ်ဘူး’

‘အရမ်းမြန်လွန်းတယ်’

‘အရမ်းနောက်ကျသွားပြီ’

ကြောက်မက်ဖွယ်ကောင်းတဲ့ဓားချီကြောင့် ရှန့်ကွမ်းချိုးကျန့်ဟာ ငရဲပြည်ထဲ ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရပြီး သူ့ဝိညာဉ်လည်း တုန်လှုပ်သွားပါတယ်။

ဒီလိုခံ သေခြင်းတရားရဲ့ အငွေ့အသက်ကို ရှန့်ကွမ်းချိုးကျန့် မခံစားရတာ အတော်ကြာခဲ့ပါပြီ။ အရေးအကြီးဆုံးက သူ့မှာခုခံဖို့ အခွင့်အရေးလေးတောင် မရှိတာပါ။

“ဝုန်း...”

ရှန့်ကွမ်းချိုးကျန့်နောက်က တောအုပ်ဟာ ဓားချီရဲ့ ရိုက်ခတ်မှုကြောင့် သစ်ပင်တွေ ကျိုးပြတ်ထွက်ကုန်ပါတယ်။ ရှန့်ကွမ်းချိုးကျန့်ဟာ သူ့ကိုယ်သူ သေပြီလို ထင်မှတ်လိုက်ပေမဲ့ မသေသေးပါဘူး။ ဟွမ့်သွမ့်ဓားဟာ သူ့နဖူးနဲ့ ကပ်သီလေးအကွာမှာ ရပ်တန့်နေပါတယ်။ ဓားရောင်ပြန်ဟပ်တာကြောင့် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ သူ့မျက်နှာကို နဖူးမှာသီးနေတဲ့ ချွေးစေတွေကို တွေ့မြင်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဟွမ့်သွမ့်ဓားကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားပြီး သူ့ရွှေရောင်ဝတ်ရုံကာ လေထဲမှာ လွှင့်ပျံနေပါတယ်။ ရေခဲဘုရင်သရဖူပေါ်က မြေဧကရာဇ်ပဝါဟာ မီးလျှံလို လူးလွန့်နေပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ အေးစက်တဲ့မျက်နှာထားကြောင့် ဓားတာအို ထိပ်ဆုံးကို ရောက်သွားတဲ့ ဓားဝိဇ္ဇာတစ်ပါးလို့ ရှန့်ကွမ်းချိုးကျန့် တွေးလိုက်ပါတယ်။

“ကြည့်ရတာ မင်းမခံနိုင်ဘူးပဲ” ဟန်ကျွယ်က လေသံအေးလေးနဲ့ ပြောလိုက်ပါတယ်။

“ဒုတ်”

ရှန့်ကွမ်းချိုးကျန့်ရဲ့ ခြေထောက်တွေဟာ ပျော့ခွေသွားပါတယ်။ သေခြင်းတရာကနေ လွတ်မြောက်လာတဲ့ ဖိအားကြောင့် ရှန့်ကွမ်းချိုးကျန့်ရဲ့ ခြေထောက်တွေဟာ မတ်မတ်မရပ်နိုင်တော့ဘဲ မြေကြီးပေါ်မှာ ဒူးထောက်ကျသွားပါတယ်။

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ရှိတဲ့ ကျင့်ကြံသူဟာ ဟန်ကျွယ်ဓားချက်ကို အကြောက်ကြီးကြောက်ပြီး မြေကြီးပေါ် လဲပြိုကျသွားပါတယ်။ ဟွမ်ဂျိဟောင်ဟာ တအံတဩဖြစ်ခြင်းမရှိဘဲ မဲ့ပြုံးပြုံးလိုက်ပါတယ်။

All Chapters