← Chapters

ဓားငွေ့အား သိမြင်နားလည်ခြင်း

Vol. 6 Ch. 78

ဓားငွေ့အား သိမြင်နားလည်ခြင်း

Vol. 6 Ch. 78

အခန်း (၇၈) ဓားငွေ့အား သိမြင်နားလည်ခြင်း

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ဒူးထောက်နေတဲ့ ရှန့်ကွမ်းချိုးကျန့်ကိုကြည့်ပြီး နည်းနည်း ကရုဏာသက်သွားပါတယ်။ ရှ့န်ကွမ်းချိုးကျန့်ဟာ သူနဲ့ တကယ်ပဲ ပညာဖလှယ်ချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

‘ငါ့ဓားချက်က သူ့တာအိုနှလုံးသားကို ကိုင်လှုပ်လိုက်ပြီလား’

“ပြန်သွားတော့၊ ဒီအကြောင်းကို ဘယ်သူကိုမှ မပြောနဲ့၊ ငါလည်း ဘယ်သူကိုမှ မပြောဘူး”

ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ထွက်ခွာသွားဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာ ရှန့်ကွမ်းချိုးကျန့်ဟာ ချက်ချင်းမတ်တတ်ရပ်ပြီး အံကြိတ်ကာ မေးလိုက်ပါတယ်။

“တာအိုရောင်း... စီနီယာ၊ စီနီယာက ဘယ်သူလဲ၊ စီနီယာရဲ့ တာအိုနာမည်ကို သိပါရစေ”

“လွမ်ဟွေ” ဟန်ကျွယ်ဟာ ရှန့်ကွမ်းချိုးကျန့်ကို မေးခွန်းကို ဖြေကြာပြီးတာနဲ့ လှည့်ထွက်သွားပါတယ်။

မှင်သက်နေတဲ့ ရှန့်ကွမ်းချိုးကျန့်ဟာ ‘လွမ်ဟွေ’ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ရေရွတ်ရင်း ကျန်နေခဲ့ပါတယ်။ ဟွမ်ဂျိဟောင်က ရှန့်ကွမ်းကျိုးချန့်ကို နှစ်သိမ့်လိုက်ပါတယ်။

“ကျုပ်အလှည့်တုန်းက ခင်ဗျားထက် ပိုဆိုးတယ်၊ ခင်ဗျားက ဘာဒဏ်ရာမှ မရဘူး”

ရှန့်ကွမ်းချိုးကျန့်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ရန်ဒေသမှာ ဒီလောက်ထိစွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ဦး ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ ရန်ဒေသက အမြဲတမ်းတည်ငြိမ်နေပြီး ဘယ်သူမှ မကျူးကျော်ရဲတာ အံဩစရာ မရှိတော့ပါဘူး”

နောက်ဆုံးမှာတော့ ရှန့်ကွမ်းချိုးကျန့်ဟာ ဟွမ်ဂျိဟောင်စကားကို ယုံသွားပါတယ်။ အနှိုင်းမဲ့ဓားတာအိုကို နားလည်သွားတဲ့လူက ဒီလူကလွဲပြီး ဘယ်သူဖြစ်နိုင်အုန်းမှာလဲ။

ဟန်ကျွယ်ရဲ့ဓားချက်ဟာ အလွန်တရာမှ ကြောက်ဖို့ကောင်းပါတယ်။ ရှန့်ကွမ်းချိုးကျန့်ဟာ ဟန်ကျွယ့်ဓားချက်ကို ပြန်တွေးမိတိုင်း ချွေးစို့သွားပါတယ်။

“တာအိုသခင်လွမ်ဟွေ... တကယ့်ဆရာကြီးတွေက ဂူအောင်းကျင့်ကြံနေကြတာပဲ၊ ဒီလိုဆိုတော့ ငါက ရေတွင်းထဲကဖား ဖြစ်နေပါလား”

ရှန့်ကွမ်းချိုးကျန့်ဟာ သက်ပြင်းချလိုက်ပါတယ်။

ရှန့်ကွမ်းချိုးကျန့်နဲ့ ဟွမ်ဂျိဟောင်ဟာ လီချင်းဇဲ့နဲ့ တစ်ခြားအကြီးအကဲတွေ သူတို့ဆီ လာနေတာကို အာရုံခံမိလိုက်တာကြောင့် ယွီဂျင်ဂိုဏ်းကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ရှန့်ကွမ်းချိုးကျန့်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဒီပါရမီရှင်တွေက အကုန်လုံး အတူတူပါပဲ။ သူတို့ကို အပြတ်အသတ် အနိုင်ယူလိုက်တာနဲ့ အကောင်းမြင်သွားတားချည်းပါပဲ။

ဟန်ကျွယ်ဟာ လီချင်းဇဲ့နဲ့ တစ်ခြားအကြီးအကဲတွေရဲ့ ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခု လစ်ဟာနေသလို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ရန်သူနဲ့ တိုက်ခိုက်တိုင်း ပတ်ဝန်းကျင်ကို အကြီးအကျယ် သက်ရောက်တဲ့အတွက် ကုပ်ကုပ်လေး ကျင့်ကြံလိုတဲ့ သူ့ရည်ရွယ်ချက်နဲ့ မကိုက်ညီ ဖြစ်နေပါတယ်။

‘မဟုတ်သေးဘူး... ရန်သူ့ကို တိတ်တိတ်လေးနဲ့ ရှင်းပစ်ရမဲ့နည်းလမ်းကို ငါ ရှာရမယ်’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး လေးလေးနက်နက် စတွေးပါတယ်။

…

နတ်ဆိုးဘုရင်တန်စုဟာ အရူးအမူး ဖြစ်နေပါပြီ။ ထူးထူးဆန်းဆန်း ဒဏ်ရာရပြီးကတည်းက နတ်ဆိုးဘုရင်တန်စုဟာ ဒီလိုဒဏ်ရာမျိုးကို သုံးနှစ်တစ်ကြိမ် ခံစားရပါတော့တယ်။ ဘယ်နေရာမှာ ပြဿနာတက်နေလဲဆိုတာကို နတ်ဆိုးဘုရင်တန်စုံ လုံးဝစဉ်းစားလို့ မရပါဘူး။

‘ဒီလက်သည်က တကယ်ပဲ အင်မော်တယ်ဆိုရင် ဘာလို့ ငါ့ကို မသတ်တာလဲ၊ ငါ့ကို ကစားနေတာလား’

နတ်ဆိုးဘုရင်တန်စုဟာ ရည်မှန်းချက်ကြီးကြီးမားမား မရှိတော့ပါဘူး။ အခုသူ့စိတ်ထဲမှာ ရှိတာက ဒီအိပ်မက်ဆိုးကနေ အမြန်ဆုံး လွတ်မြောက်ဖို့ပါ။ ဒီနေ့မှာတော့ သူ့မွေးစားသာ ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စုဆီ အလည် ရောက်လာပါတယ်။

ရန်ထျန်တုန်းဟာ လူသားမျိုးနွယ်စုကို နတ်ဆိုးဘုရင်တန်စု ဘယ်အချိန်တိုက်ခိုက်မလဲဆိုတာ စုံစမ်းဖို့ ရောက်လာတာပါ။

ဒါပေမဲ့ ရန်ထျန်တုန်း ပါးစပ်မဟခင် နတ်ဆိုးဘုရင်တန်စုဟာ သူ့ဒုက္ခတွေကို ဖွင့်ပြောပါတော့တယ်။ နတ်ဆိုးဘုရင်တန်စုဟာ ဒီဒုက္ခတွေကို တစ်ယောက်တည်း မြိုသိပ်မထားနိုင်ပါဘူး။ ရန်ထျန်တုန်းက သူ့မွေးစားသား ဖြစ်တဲ့အတွက် ယုံကြည်လို့ရတဲ့လူလို့ ခံစားရတာကြောင့် အခုလို ဖွင့်ပြောလိုက်တာပါ။

နတ်ဆိုးဘုရင်တန်စုရဲ့ အခြေအနေကို ကြားရတဲ့အခါမှာ ရန်ထျန်တုန်းဟာ တိတ်ဆိတ်သွားပြီး မျက်နှာတစ်ခုလုံး သုန်မှုန်ထွက်သွားပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အတော်လေး ဝမ်းသာသွားပါတယ်။

‘ငါ့အတွက် နတ်ဆိုးဘုရင်ဖြစ်ဖို့ အခွင်အရေး ရောက်လာတော့မှာပဲ’

“အဖေ... ဒီပြဿနာက လူသားတွေကို တိုက်ခိုက်မဲ့အစီအစဉ်နဲ့ ဆက်နွှယ်နေတာလား” ရန်ထျန်တုန်းက ဂရုတစိုက် စဉ်းစားပြီး မေးလိုက်ပါတယ်။

“ဒီကိစ္စကို ငါ မေ့သွားတာ ကြာပြီ၊ မင်းက ငါ့ကို ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုချင်တာလား”

နတ်ဆိုးဘုရင်တန်စုဟာ ဒီစကားပြောပြီးပြီးချင်းပဲ မျက်နှာတစ်ခုလုံး ဝင်းခနဲ ဖြစ်သွားပါတယ်။

‘ဟုတ်သားပဲ... ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ဆိုမယ်ဆိုရင် အင်မော်တယ်တွေ မြင်လောက်မှာပဲ’

နတ်ဆိုးဘုရင်တန်စုဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ညာလက်ဝါးကို မြှောက်လိုက်ပါတယ်။

“ငါ တန်စု ကောင်းကင်ကို သက်သေထား၍ ကျိန်ဆိုပါတယ်၊ အခုအချိန်ကစပြီး နောက်ဘယ်တော့မှ ရန်ဒေသမှာရှိတဲ့ လူသားမျိုးနွယ်စုကို ပစ်မှတ်ထား မတိုက်ခိုက်တော့ပါ၊ ဒါကြောင့် အင်မော်တယ်အရှင်က ကျုပ်ရဲ့ မသိတက်မှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ဒီလိုကျိန်ဆိုပြီးတဲ့အခါမှာ နတ်ဆိုးဘုရင်တန်စုဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဒီလိုကျိန်ဆိုတာဟာ အားပေးနှစ်သိမ့်မှုတစ်မျိုး ဖြစ်တဲ့အတွက် နတ်ဆိုးဘုရန်တန်စုဟာ စိတ်လက် အနည်းငယ် ပေါ့ပါးသွားပါတယ်။

ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စုကို အပေါ်ယံမှာ ဝမ်းသာစကား ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ အထင်သေးသွားပါတယ်။

‘ခင်ဗျားက ရန်ဒေသရဲ့ နတ်ဆိုးဘုရင် ဖြစ်ချင်တာလား... ခင်ဗျားနဲ့ တန်လို့လား’

…

နှစ်ဝက်ကြာတဲ့အခါမှာတော့ ရှန့်ကွမ်းချိုးကျန့်နဲ့ ဟွမ်ဂျိဟောင်ဟာ ကျန်းဝူဂိုဏ်းကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ဓားချက်ကြောင့် ရှန့်ကွမ်းချိုးကျန့်ရဲ့ တာအိုနှလုံးသားဟာ ကျိုးပြတ်လုနီး ဖြစ်သွားပါတယ်။ သူ့တာအိုနှလုံးသားကို ပြန်ခိုင်မာစေဖို့အတွက် ရှန့်ကွမ်းချိုးကျန့်ဟာ အပြန်လမ်းမှာ ဂိုဏ်းအသီးအသီးကို ဝင်စိန်ခေါ်ပြီး သူ့ယုံကြည်ချက်ကို ပြန်တည်ဆောက်ခဲ့ပါတယ်။

ဟွမ်ဂျိဟောင်ကို နှုတ်ဆက်ပြီးတဲ့နောက်မှာ ရှန့်ကွမ်းချိုးကျန့်ဟာ သူ့အဆောင်ကို ပြန်သွားပါတယ်။ ရှန့်ကွမ်းချိုးကျန့်ဟာ တံခါးဖွင့်မလို လုပ်လိုက်စဉ်မှာပဲ ကောင်းကင်ဟာ ရုတ်တရက် ပြောင်းလဲသွားပြီး အရောင်အသွေး စုံလင်တောက်ပလွန်းတဲ့ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်လာပါတယ်။

ရှန့်ကွမ်းချိုးကျန့်ရဲ့ ခါးမှာချိတ်ဆွဲထားတဲ့ ဓားဟာ စတင်တုန်ခါလာပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အရင်ကလို ဓားအိမ်ကနေ အလိုလိုကျွတ်ထွက်ပြီး ကောင်းကင်ပေါ် ပျံဝဲခြင်း မရှိပါဘူး။ ဒီလိုဓားတုန်ခါတာ ရှန့်ကွမ်းချိုးကျန့်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်းဝူဂိုဏ်းထဲက ဓားကျင့်ကြံသူအားလုံးရဲ့ ဓားတွေအကုန်လုံး တုန်ခါကြတာပါ။

‘ထပ်ဖြစ်ပြန်ပြီလား... ပြီးခဲ့တဲ့အခေါက်တုန်းက အနှိုင်းမဲ့ဓားတာအိုကို သိမြင်နားလည်သွားတာ၊ ဒီတစ်ခေါက်ကရော ဘာလဲ’ ရှန့်ကွမ်းချိုးကျန့်ဟာ ဟန်ကျွယ်ကို ချက်ချင်းပဲ တွေးမိသွားပါတယ် ‘အဲဒီစီနီယာက ဓားတာအိုကို ထပ်ပြီး နားလည်တာလား’ ရှန့်ကွမ်းချိုးကျန့်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် ‘စီနီယာလွမ်ဟွေနဲ့ နှိုင်းယှဉ်ရင် ငါက မော်တယ်သာသာပဲ ရှိသေးပါလား’

ကျန်းဝူဂိုဏ်းထဲက ဓားတွေပဲ တုန်ခါတာ မဟုတ်ပါဘူး။ လောကတစ်ခုလုံးမှာရှိတဲ့ ဓားတွေအကုန်လုံး တုန်ခါကြတာပါ။

တိမ်ကြားထဲ ထိုးထွက်နေတဲ့ တောင်ထိပ်တစ်ခုမှာ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ဟာ အရှေ့အရပ်ကို မျက်နှာမူပြီး တရားထိုင်နေပါတယ်။ သူ့ဘေးနားမှာ ကျယ်ပြောလှတဲ့ တိမ်တိုက်တွေချည်းပါပဲ။

ဝတ်ရုံနက်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါမှာ သူ့ဘယ်ဘက်နဲ့ညာဘက်က လေပေါ်မှာဝဲပျံနေတဲ့ ဓားလေးချောင်းလုံး တုန်ခါနေတာကို မြင်တွေ့လိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ်။

“တစ်ယောက်ယောက်က ဓားငွေ့ကို သိမြင်နားလည်သွားပြီ... ဒီဓားငွေ့က အနည်းဆုံး အနှိုင်းမဲ့အဆင့်ပဲ...”

ဝတ်ရုံနက်ဟာ အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူပြီး သူ့ရှေ့က မြေကြီးပေါ်ချလိုက်ပါတယ်။ အဲဒီ‌နောက် လက်နှစ်ဖက်ကို အသုံးပြုပြီး သူ့ပညာကို ထုတ်သုံးလိုက်ပါတယ်။ အဲဒီအခါမှာ ဓားလေးချောင်းဟာ အဆောင်စာရွက်ပေါ် တစ်ချောင်းပြီးတစ်ချောင်း ဆင်းသက်သွားပါတယ်။

အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ အဆောင်စာရွက်ပေါ်မှာ မျဉ်းတွေပေါ်လာပြီး နောက်ဆုံးမှာ စာလုံးကြီးတစ်လုံး ဖြစ်သွားပါတယ်။

“လွမ်ဟွေ”

ဝတ်ရုံနက်မျက်နှာဟာ လေးနက်တည်ကြည်သွားပါတယ် “ဒီစာလုံးက ဘာကိုဆိုလိုတာလဲ၊ ပြန်လည်မွေးဖွားခြင်းဆိုတာက လောကနိယာမကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် ကျင့်ကြံသူတစ်ဦးဦးကို ညွှန်းဆိုတာလား”

…

ယွီဂျင်ဂိုဏ်း

အကြီးအကဲကစလို အပြင်ဂိုဏ်းတပည့်အထိ သူတို့အားလုံးရဲ့ ဓားတွေဟာ တုန်ခါနေပါတယ်။ ဒီကိစ္စကြောင့် လူတိုင်းဟာ ရင်ထိတ်သွားကြီးပြီး အချင်းချင်းစုရုံးကာ ဓားတွေတုန်ခါရတဲ့ အကြောင်းရင်းကို ဆွေးနွေးကြပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ”

“ကျုပ်လည်း မသိဘူး၊ ကောင်းကင်ကတော့ အရောင်းပြောင်းလဲသွားတယ်”

“စွမ်းအားကြီးတဲ့သက်ရှိတစ်မျိုး ပေါ်ပေါက်လာလို့လား”

“အင်မော်တယ် ဆင်းလာတယ်လို့ ထင်တာပဲ”

“ဒီလိုအံဖွယ်ဖြစ်စဉ်မျိုး မကြာသေးခင်ကမှ ဖြစ်ထားတာ”

“ယွီဂျင်ဂိုဏ်းက ကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာလား”

…

ယွီဂျင်ဂိုဏ်းတပည့်တွေ စိုးရိမ်ပူပန်နေကြတုန်းမှာပဲ ဂိုဏ်းအကြီးအကဲတွေဟာ ရန်ဒေသတစ်ခုလုံးမှာရှိတဲ့ ဓားတွေအကုန်လုံး တုန်ခါတာဖြစ်ကြောင်း သိလိုက်ရတဲ့အတွက် သက်သာရာ ရသွားပါတယ်။ ရန်ဒေသတစ်လုံး ဒီလိုဖြစ်တာဖြစ်တဲ့အတွက် ယွီဂျင်ဂိုဏ်းအတွက် သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။

လီချင်းဇဲ့ရဲ့ ပထမဆုံးအတွေးက ဟန်ကျွယ်ဆီ သွားဖို့ပါ။ ဒါပေမဲ့ ကိစ္စတွေက မရှင်းလင်းတာကြောင့် ဟန်ကျွယ်ကို အနှောင့်အယှက်မပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လီချင်းဇဲ့ဟာ ခရမ်းရောင် ကောင်းကင်ကို မော့ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။

“တော်‌တော်ကံဆိုးတာပဲ... ဘာလို့ ငါ့အလှည့်ကျမှ ဒီလောက်တောင် ဘေးဒုက္ခတွေ တွေ့နေရတာလဲ”

လီချင်းဇဲ့ဟာ တွေးလေ စိတ်ပျက်လေ ဖြစ်သွားပါတယ်။ ဒီအံဖွယ်ဖြစ်ရပ်က ကပ်ဘေးနဲ့ မပတ်သတ်ဖို့ ဆုတောင်းရုံမှတစ်ပါး လီချင်းဇဲ့ ဘာမှမလုပ်နိုင်ပါချေ။

တစ်ချိန်တည်းမှာပဲ ဝီရိယတောင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ တရားထိုင်နေတဲ့ ဟန်ကျွယ်ကို အားကောင်းတဲ့ လေပြင်းက ဝန်းရံထားပါတယ်။ ဒီလေပြင်းဟာ ဓားရောင်ဝါကနေ ဖြစ်ပေါ်လာပြီး ဟန်ကျွယ်ကို ဝန်းရံနေခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ရဲ့ နဖူးအလယ်တည့်တည့်မှာ ဓားပုံစံလေး ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ သူတစ်ကိုယ်တည်း ပိုင်ဆိုင်တဲ့ ဓားငွေ့ကို သိမြင်နားလည်သွားတာ ဖြစ်ပါတယ်။

ဘာသိဘာသာနဲ့ ဟန်ကျွယ်ဟာ စီးဆင်းနေတဲ့ ဓားတာအိုမြစ်ကို ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ပတ်ပတ်လည်မှာ ဓားအရိပ်တွေချည်းပါပဲ။ ဓားအရိပ်တွေဟာ ဦးတည်ရာတစ်ခုတည်းကို အလွန်လျင်မြန်စွာ ရွေ့လျားနေကြပါတယ်။ ဒီနေရာမှာ အရောင်ခုနစ်ရောင် ဖြာထွက်နေတာကြောင့် အာကာသ-အချိန် ဥမင်လိုပါပဲ။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ ထိန်းချုပ်မှုကင်းမဲ့စွာ မနှေးမမြန် ရှေ့ကို ရွေ့လျားသွားပါတယ်။ ဟန်ကျွယ်ရှေ့မှာ အသွင်တွေတစ်မျိုးပြီး တစ်မျိုးပေါ်လာပါတယ်။ ဒီအသွင်တွေအကုန်လုံးဟာ ဓားအလင်းရောင်တွေကနေ ပေါ်ပေါက်လာတာဖြစ်ပြီး သဲသဲကွဲကွဲမရှိပါဘူး။ ဒီအသွင်တွေဟာ အလွန်နှေးကွေးစွာ ရွေ့လျားနေကြပြီး သူတို့ထက်မြန်တဲ့ ဟန်ကျွယ်ကိုကြည့်ကာ တအံတဩ ဖြစ်ကုန်ကြပါတယ်။

ဟန်ကျွယ်ဟာ အလွန်ဆန်းကြယ်တဲ့ အခြေအနေထဲ ရောက်နေတာပါ။

ဟန်ကျွယ်ဟာ သူ့ဓားငွေ့ကို ခိုင်ခံ့အောင် လုပ်နေတာပါ။

ဟန်ကျွယ်ရဲ့ ဓားငွေ့ဟာ အားကြီးတဲ့အရှိန်နဲ့ ရှေ့ဆက်သွားပါတယ်။ ကြီးမားလှတဲ့ အင်အားကြီး လမ်းတစ်လျှောက်မှာရှိတဲ့ သက်ရှိအားလုံးကို ဆွဲခေါ်သွားပါတယ်။ ဘယ်သူမှ ဒီဓားငွေ့ကနေ မလွတ်မြောက်ပါဘူး။ ပြန်လည်မွေးဖွားခြင်း စက်ဝန်းလိုပါပဲ။

ဟန်ကျွယ်ဟာ ဒီလိုမျိုး ဓားငွေ့ကို ဖန်တီးချင်တာပါ။

ဟန်ကျွယ် တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာက ထာဝရအသက်ရှည်ဖို့နဲ့ ပြိုင်ဘက်ကင်းဖို့ပါ။

ဓားတစ်ချက်တည်းနဲ့ သက်ရှိအားလုံးကို သုတ်သင်နိုင်တဲ့စွမ်းအားကို လိုချင်လို့ပါ။

ဟန်ကျွယ် လိုချင်တာက ပျက်စီးမှု မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်နိုင်တဲ့စွမ်းအားကို လိုချင်တာပါ။ လုံးဝပြိုင်ဘက်ကင်းနေမှသာ ထာဝရအသက်ရှည်နိုင်မှာပါ။

All Chapters