← Chapters

သက်တမ်းတိုးခြင်း၊ ကျိုးဖန်၏မာန

Vol. 6 Ch. 82

သက်တမ်းတိုးခြင်း၊ ကျိုးဖန်၏မာန

Vol. 6 Ch. 82

အခန်း (၈၂) သက်တမ်းတိုးခြင်း၊ ကျိုးဖန်၏မာန

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တုံဆိုင်းခြင်းမရှိ ရွေးချယ်လိုက်ပါတယ်။

‘အပြင်ထွက်ရမလား.... လုံးဝမထွက်နိုင်ဘူး’

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်ကျင့်ကြံသူနဲ့တောင် သိလာခဲ့ပါပြီ။ ဟန်ကျွယ်အမြင်အရ ကောင်းကင်ဘုံဝင်အဆင့်ကို မရောက်သေးသမျှ ကျိန်းသေပေါက် အန္တာယ်များပါတယ်။ နို့မဟုတ်ရင် ကျိုးဖန်က အရင်ဘဝမှာ ဘယ်လိုလုပ်ပြီး အသက်ဆုံးနိုင်မှာလဲ။ ဒီလောကကြီးမှာ ကောင်းကင်ဘုံဝင်ကျင့်ကြံသူတောင် လုံးဝဥဿလုံခြုံတယ်လို့ အာမခံချက် မရှိပါဘူး။

[သင်သည် ဂူအောင်း၍ နှိမ့်နှိမ့်ချချ ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သည်။ အပြင်လောကနှင့် ဝေးဝေးနေပါ၊ သဘာဝရတနာတစ်ပါးကို ရရှိမည်။]

[မြေဝိဇ္ဇာ၏ ဘူးသီးစေ့ကို ရရှိခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။]

[မြေဝိဇ္ဇာ၏ ဘူးသီးစေ့: နှစ်တစ်ထောင်တွင် အပွင့်ပွင့်၍ နှစ်တစ်သောင်းတွင် အသီးသီးသည်။ စားသုံးနိုင်သလို ဝိညာဉ်ရတနာအဖြစ်လည်း ဖန်တီးနိုင်သည်။ ၄င်းအသီးအား အချိန်ကြာမြင့်စွာ ပြုစုပြိုးထောင်လျှင် အလိုအလျောက် ဝိညာဉ်ရတနာ ဖြစ်လာပြီး အသက်ရှိလာလိမ့်မည်။]

ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတယ်။

မြေဝိဇ္ဇာရဲ့ ဘူးသီးစေ့ကို တွေ့တဲ့အခါမှာ ဟန်ကျွယ် ပထမဆုံးတွေးမိတာက ဘူးသီးညီနောင် ခုနစ်ဖော်ကိုပါ။

*ဘူးသီးညီနောင် ခုနစ်ဖော်အကြောင်း သိချင်ရင် သူတို့အကြောင်း အကျဉ်းတင်ပေးမယ်*

အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံအောင် ဆက်လက်အားထုတ်ပြီး သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ် ]

[သက်တမ်း:  ၃၅၆/၂၇,၉၀၀ ]

[မျိုးနွယ်စု: လူသား(သေမျိုးသာလွန်အဆင့်)]

[ကျင့်ကြံမှု: ခန္ဓာကိုယ်ပေါင်းစပ်ခြင်း ပထမအဆင့်]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)]

[မှော်ပညာပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း၊ မူလရုပ်ဖော်ပညာရပ်]

[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း(အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်၊ လမ်းခြောက်သွယ်အန္တိမတံဆိပ်တော်၊ မိုးကောင်းကင်ဓားချီ။]

[အသုံးအ‌ဆောင်: ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ စကြာဝဠာခါးပတ်၊ ချီလင်ဓား၊ နတ်ဆိုးချည်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း (စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်)၊ ကြယ်ကိုးစင်းဖိနပ် (စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ရေခဲဘုရင်၏ သရဖူ (စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့်)၊ ကြမ္မာဆိုးစာအုပ် (အကောင်းစား စိတ်ဝိညာဉ်ရတနာ)၊ မြေဧကရာဇ်၏ ဝိညာဉ်ပဝါ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ နှလုံးကာနတ်ဆွဲကြိုး (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ တရားထိုင်ဖျာ (တထျန်းကျယ် စိတ်ဝိညာဉ်ရတနာ ဆဋ္ဌအဆင့်)။]

[ဓားငွေ့: ပြန်လည်းမွေးဖွားခြင်းဓားငွေ့(မဟာညီညွှတ်မှု)]

[ကိုယ်ပိုင်ဖန်တီး ဆန်းကြယ်စွမ်းအား: လောကသုံးပါး သန့်ရှင်းခြင်း(အနှိုင်းမဲ့)]

[ဝိညာဉ်ရတနာ: ဟွမ့်သွမ့်ဓား]

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားအထောက်အပံ့အား ကောင်းချီးအနည်းငယ် ပေးသည်။]

[ကံတရားအထောက်အပံ့မှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော် : အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]

[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

…

‘ဝိုး... နှစ်ပေါင်း ၂၇,၀၀၀ ကျော်ပါလား’

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။ သက်တမ်းတိုးတာက ကျင့်ကြံမှုတိုးတာထက် အများကြီး ပိုခံစားလို့ ကောင်းပါတယ်။

ဟန်ကျွယ်ဟာ ပိုလုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်နဲ့ ရန်ဒေသမပြောနဲ့ အပြင်လောကမှတောင် ထိပ်တန်းစာရင်း ဝင်သွားပါပြီ။ ဒါပေမဲ့လည်း ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ထပ်ပြီး အားထုတ်ဖို့ လိုနေပါသေးတယ်။ အပြင်ထွက်ပြီး ပျော်စရာရှာတာကတော့ လောစရာမလိုပါဘူး။ အချိန်တန်ရင် မပျော်ချင်ရင်တောင် ပျော်ရမှာပါ။

‘ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရင် ငါ့သက်တမ်းက ဘယ်လောက်ထိ ရှိသွားမလဲ’

ပြိုင်ဘက်ကင်းတဲ့ အချိန်ကိုရောက်ရင် ဟန်ကျွယ်ဟာ ဘာပူပန်သောကမှမရှိဘဲ လောကအနှံ့လျှောက်လည်နိုင်မှာပါ။ ဒီနေ့ကြိုးစားအားထုတ်ခဲ့ရတာတွေက အနာဂတ်မှာရလာမဲ့ စိတ်အေးလက်အေး ဘဝအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ရက်နည်းနည်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံအောင်လုပ်လို့ ပြီးသွားတာကြောင့် နတ်ဆိုးတစ်သောင်းနယ်မြေကနေ ချက်ချင်းထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ ကရိကထများမှာစိုးတဲ့အတွက် ခမ်းလှမ်းလှမ်းမှာရှိနေတဲ့ အကြီးအကဲတွေကိုတောင် မနှုတ်ဆက်ပါဘူး။

ယွီဂျင်ဂိုဏ်းအကြီးအကဲတွေဟာ စိတ်မရှိတဲ့အပြင် ဟန်ကျွယ်ကို ပိုလို့တောင် လေးစားသွားပါတယ်။ ဒီလိုတာအိုနှလုံးသား ကြံ့ခိုင်လွန်းတဲ့ နတ်သတ်အကြီးအကဲမှ မသေမျိုးမဖြစ်ရင် ဘယ်သူက ဖြစ်နိုင်အုန်းမှာလဲ။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်လာတဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ပက်ပင်းတိုးပါတယ်။ ရှင်းဟုန်ရွှမ်ဘေးနားမှာ ငရဲကြက်‌နက် ရှိနေပြီး ရှင်းဟုန်ရွှမ်နဲ့ စကားပြောနေပါတယ်။ အခုအချိန်မှာ ငရဲကြက်နက်ဟာ သူ့ခန္ဓာကိုယ်ကို လိုသလို ကြီးနိုင်သေးနိုင်တာကြောင့် သာမန်ကြက်ဖတစ်ကောင် အရွယ်အစားပဲ ရှိပါတယ်။

ရွှင်ချန်အန်းဟာ ဖူစန်းသစ်ပင်အောက်မှာ တရားထိုင်နေတုန်းဖြစ်ပြီး ရှင်းဟုန်ရွှမ်နား မကပ်ရဲပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ဟန်ကျွယ်ဆီ ချက်ချင်း ပြေးသွားပါတယ် “ယောက်ကျား... နောက်တစ်ဆင့် တက်သွားပြီလား” ရှင်းဟုန်ရွှမ်ဟာ စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကနေ ထွက်ခဲ့ပါတယ်။ ဒါကြောင့် လိုဏ်ဂူကနေ ထွက်တယ်ဆိုကတည်းက အဆင့်တက်တာဖြစ်ဖို့ များပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “အထဲမှာ ပြောကြရအောင်”

ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်သွားပါတယ်။ ငရဲကြက်နက်ဟာ လိုဏ်ဂူထဲ ဝင်ချင်ပေမဲ့ အရံအတားကြောင့် လိုက်မဝင်နိုင်ပါဘူး။ ငရဲကြက်နက်ဟာ ရွှင်ချန်အားရှေ့ကိုသွားပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ရှင်းဟုန်ရွှမ်က သခင်ကို စားမယ်ထင်လား”

ရွှင်ချန်အန်း မျက်နှာဟာ ရှုံ့မဲ့သွားပါတယ် “ထင်တာပဲ”

ငရဲကြက်နက်ရဲ့ မေးခွန်းကြောင့် ရွှင်ချန်အန်းဟာ သူ့ချစ်သူကို ရုတ်တရက် တွေးမိသွားပြီး နှလုံးသားမှာ မီးတောင်လောက်ပါတယ် ‘သေစမ်း... ဒီစောက်ကြက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား’

ငရဲကြက်နက်ရဲ့ စကားကြောင့် အေးချမ်းနေပြီဖြစ်တဲ့ ရွှင်ချန်အန်းရဲ့ နှလုံးသားဟာ မုန်တိုင်းထန်လာပြီး အချစ်စိတ်တွေ နိုးထလာပါတယ်။

“သခင်က အပြင်ထွက်ရတာ မကြိုက်ပေမဲ့ သူ့ကို လာရှာတဲ့ မိန်းမတွေ အများကြီးပဲ၊ အဲဒီမိန်းမတွေ အကုန်လုံးကို သခင်ကို စားချင်တဲ့သူတွေချည်းပဲ၊ သူတို့တွေ တစ်ခန်းတည်းမှာ အတူတူနေရင် ဘာဖြစ်မယ်လို့ထင်လဲ၊ ငါတို့သခင် ဘေးများတွေ့မလား”

ရွှင်ချန်အန်းဟာ ငရဲကြက်နက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး မောင်းထုတ်လိုက်ပါတယ် “ထွက်သွားစမ်း... မျက်စိနှောက်တယ်”

ငရဲကြက်နက်ဟာ စိတ်မချမ်းမသာ ဖြစ်သွားပါတယ် ‘ဒီကောင်လေးက ဘာဖြစ်နေတာလဲ... တော်တော် ဒေါသကြီးတာပဲ’

…

ကျင့်ကြံခြင်းလိုဏ်ဂူထဲ၌။

ဟန်ကျွယ်ရှေ့မှာ မတ်တတ်ရပ်ပြီး ခိုက်မင်မွန်းစတားအိုကြီးအကြောင်း ပြောနေတဲ့ ရှင်းဟုန်ရွှမ်ဟာ ပြောလေ စိတ်ဆိုးလေ ဖြစ်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ လေပေါ်မြှောက်နေတဲ့ အမူအရာ၊ ယွီဂျင်ဂိုဏ်းကို တောကြိုအုံကြားက ရွာလေးတစ်ရွာ၊ ဟန်ကျွယ်ကို သေမျိုးတစ်ယောက်လို သဘောထားတာကို လုံးဝဘဝင်မကျပါဘူး။

ဟန်ကျွယ်ဟာ ပြုံးပြီး မေးလိုက်ပါတယ် “သူပြောတာတွေက အမှန်တွေဆိုရင်ရော မင်း စိတ်မညွှတ်ဘူးလား”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးနားမှာထိုင်ပြီး ပြုံးလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျွန်မက ရှင့်နား အမြဲတမ်းတွယ်ကပ်နေမှာ၊ ယောက်ျားက ကျိန်းသေပေါက် မသေမျိုး ဖြစ်လာမှာ၊ အဲဒီအချိန်အထိ ကျွန်မစောင့်နေမှာ”

ရှင်းဟုန်ရွှမ်ဟာ ပြောပြောဆိုဆို အင်္ကျီလက်အိုးထဲက ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ပါတယ် “ကျွန်မ ဒီဆေးပုလင်းကို လျှို့ဝှက်နယ်မြေထဲမှာ တွေ့ခဲ့တာ၊ စိတ်ဝိညာဉ်ချီက အရမ်းပြင်းလွန်းတယ်၊ ကျွန်မ အနံ့ခံရုံရှိသေးတယ်၊ ကျွန်မ ရွှေဓာတ်လုံး မတည်မငြိမ် ဖြစ်လာတယ်၊ အဲဒါကြောင့် ကျွန်မနဲ့ မသင့်တော်ဘူး၊ ယောက်ျားနဲ့ သင့်တော်လောက်တယ်”

ဟန်ကျွယ်ဟာ ဆေးပုလင်းကိုယူပြီး ဖွင့်ကြည့်လိုက်ပါတယ် ‘အား... စိတ်ဝိညာဉ်ချီက တော်တော် အားကောင်းတာပဲ’

ဟန်ကျွယ်ဟာ သူ့လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို လောင်းထည့်ပြီး စစ်ဆေးလိုက်တဲ့အခါမှာ အန္တရာယ်မရှိတာကို တွေ့လိုက်ရပါတယ်။

“ကျေးဇူးပါပဲ” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်အပြုံးကြောင့် ရှင်းဟုန်ရွှမ်လည်း ပြုံးလိုက်ပါတယ်။

ရက်နည်းနည်း ကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အားရစွာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။

…

မြေရိုင်းပေါ်မှာ နေဝင်ခါနီးပြီမို့ ကောင်းကင်တစ်ခွင်လုံး သွေးလိုနီရဲနေပါတယ်။

ကျိုးဖန်နဲ့ မော့ဖူချိဟာ ကျောက်တုံးကြီးတစ်ခုပေါ်မှာ ထိုင်နေပါတယ်။

အောင်မြင်စွာ အဆင့်တက်ပြီးနောက်မှာ ကျိုးဖန်ဟာ စိတ်ဓာတ်တက်ကြွနေပါတယ်။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို တော်တော်လေး ဂုဏ်ယူဝင့်ကြွားနေပါတယ် “စီနီယာ ကျွန်တော် အရင်ဆုံး လက်စားချေပါရစေ၊ ပြီးမှ လောကကို သိမ်းပိုက်ပြီး နာမည်ကျော်အောင် လုပ်ကြတာပေါ့၊ ဒီလောကမှာ ကျွန်တော်က နံပါတ်တစ် ဖြစ်ရမယ်” ကျိုးဖန်ရဲ့ လေသံဟာ ယုံကြည်မှုအပြည့်ပါပဲ။

မော့ဖူချိုက ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “မင်းက ကနဦးဝိညာဉ်အဆင့်ပဲ ရှိသေးတာ၊ ဘာလို့ ဒီလောက်မာနကြီးနေရတာလဲ”

ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် အဲဒီလောက် မအပါဘူး၊ ကျွန်တော်နဲ့ အဆင့်တူတဲ့လူတွေကိုပဲ စိန်ခေါ်မှာပါ၊ ကျွန်တော်က သူမနဲ့ ထိုက်တန်တယ်ဆိုတာ သူမသိအောင် သက်သေပြရမယ်”

လွန်ခဲ့တဲ့နှစ်အနည်းငယ်က မော့ဖူချိုနဲ့ ကျိုးဖန်က အမျိုးသမီးတစ်ဦးနဲ့ တွေ့ခဲ့ပါတယ်။ ကျိုးဖန်ဟာ အဲဒီအမျိုးသမီးကို မြင်မြင်ချင်း ချစ်ခင်စုံမက်သွားပြီး ရည်စားစကား လိုက်ပြောပါတယ်။ ဒါပေမဲ့ အဲဒီအမျိူးသမီးဟာ နောက်ခံတောင့်တင်းတာကြောင့် သူတို့နှစ်ယောက် အတူရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သူတို့တွေ ချစ်ကြိုက်ခဲ့ရင်တောင် သူ့အဖေက သဘောတူမှာ မဟုတ်ပါဘူး။ သူမဟာ လက်ထပ်မယ်ဆိုရင် စွမ်းအားကြီး ကျင့်ကြံသူကိုသာ လက်ထပ်ရပါလိမ့်မယ်။

ဒီစကားတွေက ကျိုးဖန်ကို တွန်းအားပေးခဲ့ပါတယ်။ ကျိုးဖန်ဟာ သူများက သူ့ကို အထင်သေးတာကို အရမ်းမုန်းပါတယ်။ အဲဒါကြောင့် ကျိုးဖန်ဟာ အစွန်းရောက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

မော့ဖူချိုက ဒီလိုမလုပ်ဖို့ မကြာခဏအကြံပေးပေမဲ့ အသုံးမဝင်ပါဘူး။

“ကျန်းဝူဂိုဏ်းကို အရင်ဆုံး စိန်ခေါ်ရအောင်၊ ဒီဂိုဏ်းမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီးပဲလို့ ကြားထားတယ်” ကျိုးဖန်ဟာ စိတ်အားတက်ကြွစွာ ပြုံးလိုက်ပါတယ်။

ကျိုးဖန်ဟာ တစ်စုံတစ်ယောက်ကို ရုတ်တရက် တွေးမိသွားပြီး ပြုံးလိုက်ပါတယ် “စီနီယာ... ယွီဂျင်ဂိုဏ်းက ဟန်ကျွယ်ကို သတိရသေးလား၊ သူက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို သတ်ခဲ့တဲ့ နတ်သတ်အကြီးအကဲဆိုပြီး အစ်ကိုပြောခဲ့တယ်လေ၊ ကျွန်တော့်ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ယှဉ်တိုက်လို့ရနေပြီ၊ နောက်ဆုံးတော့ ကျွန်တော် ဟန်ကျွယ်ကို မီသွားပြီပဲ”

‘ဟန်ကျွယ်လား’ မော့ဖူချိုဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“အစ်ကိုဟန်ရဲ့ ပါရမီက အရမ်းမြင့်တယ်၊ ‌နောက်ပြီး အမြဲတမ်းလိုလို ဂူအောင်းကျင့်ကြံနေတာဆိုတော့  သူ့ကျင့်ကြံမှုက ကျိန်းသေပေါက် အဆင့်မြင့်မှာပါ၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်လောက်နဲ့ သူ့ကို အနိုင်မယူနိုင်လောက်ဘူး”

ရန်ဒေသက ထွက်ခွာလာာ ကြာပြီဖြစ်တဲ့အတွက် ယွီဂျင်ဂိုဏ်း ဘယ်လိုရှိနေလဲဆိုတာကို မော့ဖူချို သိချင်သွားပါတယ်။

ကျိုးဖန်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ဒါက မဖြစ်နိုင်ဘူး၊ ဂူအောင်းကျင့်ကြံတာက အကျိုးဘယ်လောက် ရမှာလဲ၊ အစ်ကို‌ရော ကျွန်တော်ရောက သေမျိုးတွေ၊ ကျင့်ကြံခြင်းတစ်ခုတည်းနဲ့ သေမျိုးကနေ မသေမျိုးဖြစ်လာဖို့ မလုံလောက်ဘူး၊ အခွင့်အရေးရှာရသေးတယ်၊ ကျွန်တော့်ကိုပဲ ကြည့်လေ၊ ကျွန်တော့် ကျင့်ကြံမှုက ထိုးတက်လာပေမဲ့ ကျွန်တော့်ရန်သူဟောင်းတွေက အရင်အဆင့်မှာ တစ်နေတုန်းပဲ”

“နောက်ကျလို့ ရန်ဒေသကို ပြန်သွားဖြစ်ရင် ဟန်ကျွယ်နဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းပြီး သူ မှားနေတာကို ထောက်ပြရမယ်၊ ပြီးရင် ကျွန်တော်တို့သုံးယောက် လောကတစ်ခွင်လှည့်လည်ပြီး ကျွန်‌တော်တို့နာမည်ကို လူတိုင်းသိအောင် လုပ်ကြတာပေါ့... အဲဒါဆို တော်တော်ပျော်ဖို့ကောင်းမယ်”

All Chapters