လူမှားဖမ်းမိသော်လည်း
Vol. 28 Ch. 292
စုန့်ဝမ် အကြံအိုက်သွားသည်။ ဒါက သူ မျှော်လင့်မထားခဲ့မိသော အခြေအနေတစ်ခု ဖြစ်သည်။ ရှင်းရွယ်ရွယ်၏ ပါရမီအရည်အချင်းနှင့် ရှင်းမိသားစု တိုက်ရိုက်မျိုးဆက် သခင်မလေး ဖြစ်ခြင်းတို့ကြောင့် သူမသည် ရှင်းမိသားစု၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ဝိညာဥ်ထိုးဖောက်ကျင့်စဥ်ကို ကျင့်ကြံပြီးလောက်ပြီဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည်။
"သခင်မလေးရှင်း... ဘာဖြစ်လို့ သူ့ကို စကားပြောပြီး အချိန်ဖြုန်းနေရတာလဲ။ သူ့ကို သတ်ပစ်လိုက်" ဟု အဆိပ်အဖိုးအိုက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငတုံးကောင်…သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူကွ" ဟု ရှင်းရွယ်ရွယ်က ဒေါသဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။
အော်ဟစ်ရင်း အဆိပ်အဖိုးအိုဘက်သို့ လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှင်းရွယ်ရွယ် သတိပြုမိသွားသည်။ အဖိုးကြီး၏ အရိုးပေါ်အရေတင် ရုပ်ဆိုးလှသော မျက်နှာပေါ်တွင် နီမြန်းသော အရောင်အဝါတစ်ခု ပေါ်နေသည်။ တွင်းနက်ကြီးနှစ်ခုကဲ့သို့ မှောင်မိုက်နေသော သူ့မျက်လုံးများက သူမ၏ ခန္ဓာကိုယ်ကို အငမ်းမရ ကြည့်ရှုနေသည်။ သူ့အကြည့်များတွင် အထိန်းအကွပ်မဲ့သော ကာမစိတ်များ ပြည့်နှက်နေပြီး မီးတောက်တစ်ခုကဲ့သို့ ပူပြင်းတောက်လောင်နေသည်။
ရှင်းရွယ်ရွယ် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ၎င်းမှာ စောစောက သူမ ကိုယ်တိုင် ခံစားခဲ့ရသော အခြေအနေနှင့် အတူတူပင် ဖြစ်သည်။ ထိုသူလည်း ပုံရိပ်ယောင်အချစ်ပန်း၏ အဆိပ်သင့်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သို့သော်လည်း အဆိပ်အဖိုးအို အခြေအနေမှာ သူမထက် များစွာ ပိုမို ပြင်းထန်နေသည်။ သူမက ကာမစိတ်များကို ဖိနှိပ်ထားနိုင်သော်လည်း၊ အဆိပ်အဖိုးအိုမှာမူ အချိန်ကြာကြာ ရှူမိသွားသဖြင့် အထိန်းအကွပ်မဲ့လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆိပ်အဖိုးကြီးက အဆိပ်ပန်းပင်ကို ကိုင်ဆောင်ထားရာတွင် ထိုပန်းအနံ့ကို မတော်တဆ မရှူမိစေရန် ပါးစပ်နှင့် နှာခေါင်းကို အသိစိတ်ဖြင့် ပိတ်ထားခဲ့သည်။ သို့သော် စုန့်ဝမ်က အဆိပ်ပြင်း မြွေများနှင့် ပိုးမွှားများကို သတ်ဖြတ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးသွားကာ သတိလက်လွတ်ဖြစ်ပြီး ပန်းရနံ့ကို ရှူသွင်းမိလိုက်ခြင်း ဖြစ်သည်။
ရှင်းရွယ်ရွယ်လည်း စိုးရိမ်စိတ်ဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သူမ လှုပ်ရှားလိုက်သောအခါ ဖွံ့ထွားလှသော ရင်အစုံမှာ အနည်းငယ် လှုပ်ခါသွားသည်။
ဤသေးငယ်သော လှုပ်ရှားမှုလေးကပင် အဆိပ်အဖိုးအို၏ နောက်ဆုံး ကျန်ရှိနေသော အသိစိတ်မှာ လုံးဝ ပျက်စီးသွားစေခဲ့သည်။ သိစိတ်မဲ့သွားသော အဖိုးကြီးက ရှင်းရွယ်ရွယ်ကို ခုန်အုပ်လိုက်တော့သည်။
နောက်သို့ ဆုတ်နေဆဲဖြစ်သော ရှင်းရွယ်ရွယ်လည်း ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ လုံးထွေးပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
အဆိပ်အဖိုးအိုက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်ပြီး သူ့လက်များဖြင့် အထိန်းအကွပ်မရှိ လျှောက်ကိုင်တော့သည်။ သူ့မျက်နှာကို ရှင်းရွယ်ရွယ်၏ ရင်ခွင်ထဲသို့ နစ်မြုပ်ထားပြီး ရာဂစိတ်ဖြင့် အတင်းအကျပ် ပွတ်သပ်နေတော့သည်။
အဆိပ်အဖိုးအို၏ ရမက်ထန်သော ကိုင်တွယ်မှုများက ရှင်းရွယ်ရွယ် ဖိနှိပ်ထားခဲ့သော ပုံရိပ်ယောင်အချစ်အဆိပ်ကို တဖန် ပြန်လည် နိုးထလာစေတော့သည်။ သူမ၏ အသိစိတ်ထဲတွင် အရိုင်းဆန်လှသော အထိန်းအကွပ်မဲ့ ပုံရိပ်များ ပေါ်ပေါက်လာကာ အသိစိတ်ပင် လွတ်လုမတတ် ဖြစ်လာသည်။ ခန္ဓာကိုယ်ကလည်း ရုန်းကန်ခြင်း မရှိတော့ဘဲ အလိုက်သင့် လှုပ်ရှားမိနေတော့သည်။
ထိုအခိုက် အဆိပ်အဖိုးအိုက ရုတ်တရက် ခေါင်းထောင်လာပြီး ပါးစပ်ကို ဟကာ ရှင်းရွယ်ရွယ်၏ နီမြန်းသော နှုတ်ခမ်းများကို နမ်းစုပ်လိုက်သည်။
ယင်းအပြုအမူက နှစ်ရှည်လများ ဝါးမြိုခဲ့သော အဆိပ်ပေါင်းစုံ၏ အနံ့ဆိုးများ ပါးစပ်မှ ထွက်လာပြီး ရှင်းရွယ်ရွယ်၏ နှာခေါင်းထဲသို့ တိုးဝင်သွားစေသည်။
ပြင်းထန်လှသော အဆိပ်ပေါင်းစုံအနံ့ဆိုးများကြောင့် ရှင်းရွယ်ရွယ်ရင်ထဲတွင် ဗြောင်းဆန်သွားပြီး အန်ချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ထိန်းမရဖြစ်နေသော ကာမဆန္ဒများပင် အားပျော့သွားပြီး အသိစိတ် ပြန်ကပ်သွားသည်။
"ဇွပ်"
ရှင်းရွယ်ရွယ် အသိစိတ် ပြန်ဝင်လာသည်နှင့် ရမ္မက်ပြင်းစွာ လှုပ်ရှားနေသော ဖြူဖွေးနုနယ်သည့် လက်အစုံက ခြောက်သွေ့နေသော ဖုတ်ကောင်လက်အသွင် ပြောင်းလဲသွားပြီး အဆိပ်အဖိုးအို၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။
သိစိတ်ကင်းလွတ်နေသော အဆိပ်အဖိုးအိုမှာ မည်သို့ဖြစ်သွားသည်ပင် မသိလိုက်ဘဲ အသက်ထွက်သွားတော့သည်။
ရှင်းရွယ်ရွယ်လည်း ရမက်ဆန္ဒများကို ခက်ခက်ခဲခဲ ထိန်းချုပ်ရင်း အဆိပ်အဖိုးအို၏ အလောင်းကို သူမအပေါ်မှ တွန်းဖယ်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဖရိုဖရဲဖြစ်နေသော ဝတ်စုံကို ပြန်လည် ပြင်ဆင်လိုက်ပြီး ပေါ်ထွက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖုံးကွယ်လိုက်သည်။
ဘေးမှ ရပ်ကြည့်နေသော စုန့်ဝမ် အနည်းငယ် စိတ်ပျက်သွားသည်။ ပြဇာတ်တစ်ခု ကြည့်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း မစတင်မီမှာပင် ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။
"မင်း တော်တော် စိတ်ပျက်သွားပုံပဲ။ အပြစ်မဲ့ပြီး အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက် စောကားခံနေရတာတောင် ရပ်ကြည့်နေရက်တယ်ပေါ့။ ဝင်ကူညီပေးသင့်တာ မဟုတ်ဘူးလား" ဟု ရှင်းရွယ်ရွယ်က ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။
စုန့်ဝမ်က စက်ဆုပ်ရွံရှာစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး "ဘယ်က အပြစ်မဲ့တဲ့ မိန်းကလေးလဲ။ မင်းလောက် ရက်စက်ပြီး အဆိပ်ပြင်းတဲ့မိန်းမ ခပ်ရှားရှားပဲ"ဟု ချေပလိုက်သည်။ အမှန်တကယ်လည်း ကယ်ဖို့ စိတ်ကူးမရှိပေ၊ ဆေးရှိန်ပြယ်ပြီး ပြဇတ်ပြီးမှ အကျပ်ကိုင်ဖို့ တွေးထားခြင်း ဖြစ်သည်။
ရှင်းရွယ်ရွယ်က စုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်ရင်း "မင်း လိုချင်နေတဲ့ကျင့်စဉ် ငါ့ဆီမှာ မရှိဘူး။ မင်း ငါ့ကို ဘာလုပ်ဦးမလို့လဲ"ဟု မေးလိုက်သည်။
"ဒီတိုင်းတော့ ဘယ်လွှတ်..."
စုန့်ဝမ် စကားမဆုံးမီမှာပင် ရှင်းရွယ်ရွယ်က အဝါရောင် မှော်အဆောင်တစ်ခု ထုတ်ယူပြီး ချက်ချင်း ချေမွလိုက်သည်။
ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်သော စွမ်းအင်ဓားသွားတစ်ခု ထွက်ပေါ်လာပြီး စုန့်ဝမ်၏ နဖူးတည့်တည့်သို့ ဦးတည်၍ ပစ်လွင့်လာသည်။ ထိုဓားသွားမှာ ရုပ်သဏ္ဌာန်မရှိသလို ကိုင်တွယ်၍လည်း မရနိုင်ပေ။ ၎င်းကို သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ ဝိညာဉ်အာရုံဖြင့်သာ အာရုံခံနိုင်သည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှု၊
စုန့်ဝမ်၏ အမူအရာမှာ အေးစက်သွားသည်။ ရှင်းရွယ်ရွယ်ထံတွင် အသက်ကယ်ရတနာ ရှိနေလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားခဲ့သောကြောင့်သာ အဆင်ခြင်မဲ့စွာ မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှု ပါဝင်သော မှော်အဆောင်တစ်ခု ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ဤဝိညာဉ်ဓားသွားတွင် အလွန်ကြီးမားသော ဝိညာဉ်စွမ်းအားများ ပါဝင်နေသည်။ မည်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူမှ လျှော့တွက်ဝံ့မည် မဟုတ်ပေ။ သိစိတ်ပင်လယ်ကို ကာကွယ်ပေးမည့် ဝိညာဉ်ရတနာနှင့် မှော်မန္တန်များ မရှိလျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူပင် ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်ပြီး အသက်ပင် သေဆုံးသွားနိုင်သည်။
ယင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှု ဖြစ်ကြောင်း သိလိုက်ရသောအခါ စုန့်ဝမ်သည် ခုခံရန် စိတ်ကူးကို လက်လျှော့လိုက်သည်။ သူ့တွင်ရှိသော မှော်ရတနာများမှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မတားဆီးနိုင်ပေ။ သို့သော် သိစိတ်ပင်လယ်မှ တွင်းနက်ကြီး ရှိနေသဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို စိုးရိမ်စရာ အကြောင်းမရှိပေ။
ဝိညာဥ်စွမ်းအင်ဓားသွား ထိမှန်သည်နှင့် စုန့်ဝမ်၏ ပုံရိပ်မှာ တုန်ခါသွားခဲ့ပြီး သိစိတ်ပင်လယ်ထဲမှ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားမိလိုက်သည်။ ထိုဝိညာဉ်ဓားသွားမှာ တွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသော်လည်း၊ ယင်း၌ ပါရှိသော ကြီးမားလှသော ဝိညာဉ်စွမ်းအားမှာ စုန့်ဝမ်၏ ဝိညာဉ်စွမ်းအင်ထက် များစွာ သာလွန်နေသဖြင့် သိစိတ်ပင်လယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
"သခင်မလေးရှင်း... မင်းဆီမှာ တခြား လှည့်ကွက်တွေကော ကျန်သေးလား" ဟု စုန့်ဝမ်က အံတင်းတင်းကြိတ်ကာ အေးစက်စွာ ပြောလိုက်သည်။
ရှင်းရွယ်ရွယ်၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ပြီး ထိတ်လန့်မှုများ လွှမ်းမိုးသွားသည်။ ထိုအဝါရောင် မှော်အဆောင်မှာ ဝိညာဉ်ဖြိုခွဲအဆောင်ဟု ခေါ်သည်။ ယင်းကို ဝိညာဥ်ထိုးဖောက်ကျင့်စဉ်၏ တတိယမြောက် အလွှာကို ကျင့်ကြံအောင်မြင်ထားသော ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ တစ်ချက်တည်းသော ထိုးနှက်ချက် စွမ်းအားကို ထိုအဆောင်ထဲတွင် ချိပ်ပိတ်၍ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများစုအဖို့ ဤမှော်အဆောင်၏ စွမ်းအားကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှသည်။
ရှင်းရွယ်ရွယ်သည် ရှင်းမိသားစုခေါင်းဆောင် ရှင်းကောင်းဟန်၏ သမီးဖြစ်သဖြင့် အသက်ကယ် လက်နက်တစ်ခုအဖြစ် ယင်းကို ရရှိထားခဲ့ခြင်း ဖြစ်သည်။
"မင်းက ဘာဖြစ်လို့ ဘာဒဏ်ရာမှမရဘဲ အကောင်းအတိုင်း ရှိနေရတာလဲ"
ရှင်းရွယ်ရွယ်၏ အသံမှာ အနည်းငယ် တုန်ရင်နေသည်။
"မင်းကိစ္စ မဟုတ်ဘူး။ ဝိညာဥ်ထိုးဖောက်ကျင့်စဉ်ကို လွှဲပြောင်းပေးမယ်ဆိုရင် မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးပြီး ဝိညာဉ်ကို လူပြန်ဝင်စားခွင့် ရအောင် အခွင့်အရေး ပေးမယ်"
သူမကို အသက်ရှင်လျက် ထွက်ခွာခွင့်ပေးရန် အစီအစဉ်မရှိကြောင်း ကြားလိုက်ရသောအခါ ရှင်းရွယ်ရွယ်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။
"ငါ ထပ်ပြောမယ်၊ ငါ အဲဒီကျင့်စဉ်ကို ဘယ်တုန်းကမှ မကျင့်ဖူးဘူး။ အကယ်၍ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် အဲဒီကျင့်စဉ် အပြည့်အစုံ မင်းကို ပေးပါ့မယ်"
"လွှတ်ပေးရမယ် ဟုတ်လား။ မင်းက ငါ့ကို လူအလို့ ထင်နေတာလား။ မင်း ကျင့်ဖူးလား မကျင့်ဖူးဘူးလားဆိုတာ ငါ မကြာခင် သိရမှာပါ"
စကားဆုံးသည်နှင့် စုန့်ဝမ်က လျင်မြန်စွာ ရှေ့တိုးလာပြီး သူ၏ထက်မြက်သော လက်သည်းများက ရှင်းရွယ်ရွယ်၏ ဦးခေါင်းဆီသို့ ဦးတည်၍ လှမ်းကိုင်လိုက်တော့သည်။
ရှင်းရွယ်ရွယ် ထိတ်လန့်သွားပြီး အလောင်းဘုရင် သွေးသန့်စင်ပညာကို ချက်ချင်း အသက်သွင်းကာ ခုခံလိုက်သည်။ သို့သော်လည်း သူမသည် စုန့်ဝမ်၏ ပြိုင်ဘက် မဟုတ်ပေ။ ကျင့်စဥ်တူပြီး၊ အဆင့်နိမ့်နေခြင်းက ခုခံမှုဟူ၍ ခဏမျှပင် မလုပ်နိုင်စေခဲ့ပေ။
ချက်ချင်းပင် ခုခံမှုများအား ချေဖျက်ပြီး စုန့်ဝမ်သည် သူ့လက်ဝါးကို ရှင်းရွယ်ရွယ်၏ ဦးခေါင်းပေါ်သို့ တင်လိုက်ပြီး ကြီးမားလှသော ဝိညာဉ်စွမ်းအင်များကို သူမ၏ သိစိတ်ပင်လယ်ထဲသို့ စီးဆင်းစေကာ အသိစိတ်ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်သည်။
ရှင်းရွယ်ရွယ်၏ ခုခံမှုများ ရပ်တန့်သွားခဲ့ပြီး သတိလစ်သွားသည်။
ခဏအကြာတွင် ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားခဲ့သည်။
စုန့်ဝမ်ကို စိတ်ပျက်စေခဲ့သည်မှာ ရှင်းရွယ်ရွယ် ပြောခဲ့သည့်အတိုင်း သူမသည် ဝိညာဥ်ထိုးဖောက်ပညာကို အမှန်တကယ်ပင် တစ်ခါမျှ မကျင့်ကြံဖူးခြင်း ဖြစ်သည်။ မှတ်ဉာဏ်အများစုမှာ ကျင့်ကြံခြင်းနှင့် ရှင်းမိသားစုနှင့် သက်ဆိုင်သော ကိစ္စရပ်အချို့သာ ဖြစ်သည်။
စုန့်ဝမ်ကို စိတ်ဝင်စားစေခဲ့သည့် တစ်ခုတည်းသောအရာမှာ ရှင်းချန်နှင့် ရှင်းရွယ်ရွယ်တို့ကြားရှိ ရန်ငြိုးရန်စသာ ဖြစ်သည်။
"ဖြစ်နိုင်ရင် သူတို့ကြားက ရန်ငြိုးကို အသုံးချလို့ ရနိုင်မလားပဲ။ ငါ ရှင်းချန်ကို ဒီနေရာဆီ ဆွဲဆောင်ရမယ်၊ ပြီးရင်တော့..."
အကြံရသွားသည်နှင့် စုန့်ဝမ်က ရှင်းရွယ်ရွယ်၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။ သူမ၏ ခန္ဓာကိုယ်နှင့် ပစ္စည်းများပေါ်တွင် ခြေရာခံခြင်း အမှတ်အသားများ မရှိကြောင်း အတည်ပြုပြီးနောက်၊ ဝိညာဉ်ချုပ်နှောင်ကြိုးတစ်ချောင်းကို ထုတ်ယူကာ ချည်နှောင်ရန် ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားမီမှာပင် ရှင်းရွယ်ရွယ် ရုတ်တရက် နိုးလာခဲ့သည်။ စုန့်ဝမ်က သူမကို သတိလစ်သွားအောင် ထပ်မံ ပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင်၊ သူမ၏ မျက်လုံးများတွင် ဝေဝါးမှုများ ပြည့်နှက်နေပြီး မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားကာ စိတ်လွတ်နေသည့်အလား ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
"မင်းက... ဘယ်သူလဲ"
ရှင်းရွယ်ရွယ်က စုန့်ဝမ်ကို စိုက်ကြည့်ရင်း မေးလာသည်။ သူမ အမူအရာတွင် စိတ်ရှုပ်ထွေးမှုနှင့် မသက်မသာဖြစ်မှုများ ပြည့်နှက်နေသည်။
"ဒါက... ဘယ်နေရာလဲ"
"အား... ကြောက်စရာကောင်းတဲ့ ပိုးကောင်တွေ"
အဆိပ်ကင်းခြေများတစ်ကောင်၏ အကြွင်းအကျန်ကို မြင်လိုက်သောအခါ ရှင်းရွယ်ရွယ် တစ်ကိုယ်လုံး တုန်ရီလျက် စုန့်ဝမ်ပေါ် အတင်းခုန်တက်ပြီး ဖက်ထားလိုက်တော့သည်။
"ဝိညာဉ်ရှာဖွေတာက သူ့ဝိညာဉ်ကို ထိခိုက်သွားစေတာလား"
စုန့်ဝမ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။
……