← Chapters

ပြီးတော့ မင်း သေရမယ်

Vol. 118 Ch. 1576

ပြီးတော့ မင်း သေရမယ်

Vol. 118 Ch. 1576

တိတ်ဆိတ်သွားသည်။ လူတိုင်း အသံပင် မထွက်နိုင်ဘဲ နေရာမှာတင် ကြက်သေ သေနေကြသည်။

*သေပြီ*

*ဧကရာဇ်ယွီရှန်က ဒီလိုမျိုး သေသွားတာလား*

*ဒီလူရဲ့ ဓားချက်နဲ့ အခုတ်ခံလိုက်ရပြီ*

အစမှအဆုံးတိုင် သူတို့ ဖိနှိပ်ခံခဲ့ရပြီး ယခုအခါတွင် ဆိုးရွားသော သေခြင်းဖြင့် အဆုံးသတ်သွားလေသည်။

ရင်မိသားစုဝင်များအားလုံး အလွန် အိပ်မက်ဆန်သလို ခံစားနေရသည်။ သူတို့ နတ်ဘုရားဟု သတ်မှတ် ထားခဲ့သော သူက အစမှအဆုံးတိုင် ရိုက်နှက်နင်းချေခံရပြီး သေဆုံးသည်အထိ တစ်ဖက်လူအား ဆံပင် တစ်ချောင်းပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါ။

*သာတယ်တဲ့လား*

နှစ်ဖက်လုံး ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ရသောအခါ သူတို့ရင်ထဲ၌ စိတ်ကူးယဉ်မှုများ ရှိခဲ့သည်။ ဧကရာဇ်ယွီရှန်က သူ့ဘဝတစ်သက်တာ အိပ်မက်ကို ဖြည့်ဆည်းနိုင်ပြီး သူတို့ဘိုးဘေးကို ကျော်တက်နိုင်မည်ဟု သူတို့ မျှော်လင့်ခဲ့သော်လည်း ရလဒ်က သူတို့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။

*အဲ့လူကို မကျော်လွှားနိုင်တဲ့ ခြားနားမှု ရှိကိုရှိနေတာပဲ*

*ဒါက တိုက်ပွဲကို ရှုံးဖို့ ကံပါလာပြီးသား*

လက်ရှိတွင် သူတို့ဘိုးဘေးက မည်မျှ ကြောက်စရာကောင်းသလဲ ရင်မိသားစုဝင်များ သတိထားမိသွားသည်။

သူ ကိုးပြည်နယ်ကို ခြေဆန့်နိုင်သည်က အံ့ဩစရာ မဟုတ်ချေ။ သူ လောကကို ဖြတ်သန်းနိုင်သည်ကို မအံ့ဩမိတော့ပါ။ သူ့အား ထာဝရ ဧကရာဇ်ဟု ခေါ်ဆိုခြင်းကလည်း အံ့ဩစရာ မဟုတ်ပေ။

ရှေးဟောင်း ဝိညာဉ်မျှင်တစ်ခုက ဧကရာဇ်ယွီရှန်၏ ခန္ဓာကိုယ်မှ ကွာထွက်လာပြီး ချက်ချင်း အဝေးသို့ ထွက်ပြေး သွားလေသည်။

*ထွက်ပြေးရမယ်*

သူ အလွန်အမင်း ကြောက်လန့်နေ၏။ လက်ရှိတွင် ဧကရာဇ် ယွီရှန်သည် အသိဝင်နေသည်။ သူ မည်မျှ ရူးမိုက်ခဲ့သလဲကို သတိပြုမိသွားပြီး ကောင်းကင်အလိုကို ဆန့်ကျင့်ရန် ကြိုးစားခဲ့ကြောင်း သိလိုက်ပြီး ဤမကောင်းဆိုးဝါးကို သူ ဘယ်သောအခါမှ မကျော်နိုင်ကြောင်း သိလိုက်သည်။

ယခု သူ လုပ်နိုင်တာဟူ၍ ကမ္ဘာ့ အမှောင်ထောင့်တစ်နေရာသို့ ထွက်ပြေးရန်သာ ဖြစ်သည်။ သို့မှသာ ယဲ့ဖန် သူ့ကို လုံးဝ ရှာမတွေ့နိုင်မှာ ဖြစ်သည်။

ဤမြင်ကွင်းက ရင်မိသားစုဝင်များအားလုံးအား အံ့ဩသွားစေသည်။

*တစ်လောကလုံးမှာ ကျော်ကြားခဲ့တဲ့ ဧကရာဇ် ယွီရှန်မှာတောင် ထွက်ပြေးရတဲ့ နေ့ ရှိနေပါလား*

*တကယ်ဖြစ်နေတာကိုး*

သူတို့ ထင်ထားခဲ့သလိုပင် အားလုံး အဆုံးသတ်လေပြီ။

“မင်း ထွက်ပြေးချင်နေသေးတာလား၊ ဒီနေ့ ရင်မိသားစု သေရမယ်၊ ပြီးတော့ မင်းလည်း … သေရမယ်”

ယဲ့ဖန်၏ မျက်လုံးများက စူးရှနေပြီး အသံက အေးစက်ခက်ထန်နေကာ လက်ဝါးကိုဆန့်၍ အကန့်အသတ်တစ်ခု ဖန်တီး၍ ဧကရာဇ်ယွီရှန်အား အကျဉ်းချထားလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ပြန်ဖမ်းထားလိုက်သည်။

“ဘိုးဘေး အသက်ချမ်းသာပေးပါ၊ ဒီလူငယ် မှားမှန်း သိပါပြီ”

ဧကရာဇ်ယွီရှန်က အက်တက်တက် အော်ဟစ်ပြောဆိုနေပြီး အလွန်အမင်း ချောက်ချားနေ၏။

“မင်းက ငါ့မျိုးဆက်ဖြစ်ဖို့ မထိုက်တန်ဘူး၊ ငါ တစ်ခါက မင်းတို့ကို သာယာတဲ့ တောတောင်ရေမြေ၊ တစ်မူထူးချွန်တဲ့ ပါရမီတွေ ပေးခဲ့တယ်၊ ဒါပေမဲ့ အခု ငါ အားလုံးကို ပြန်သိမ်းမယ်၊ မင်းတို့အသက်ပါ အပါအဝင်ပဲ”

ယဲ့ဖန်က အေးစက်ရက်စက်ကာ လက်ငါးချောင်းကို ပြိုင်တူ ညှစ်လိုက်သည်။ ကြမ်းကြုတ်သော တာအိုစွမ်းအင်က ဧကရာဇ် ယွီရှန်အား ဖျစ်ညှစ်လာသည်။

“မလုပ်နဲ့”

ဧကရာဇ်ယွီရှန် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လာပြီး နောင်တရလာလေသည်။

*သာတယ်တဲ့လား*

သူ၏ စိတ်အထင်မှားခြင်းကြောင့်သာ မဟုတ်လျင် ယနေ့ ဘယ်လိုလုပ် ဤသို့ အဆုံးသတ်မည်နည်း။ ဤသည်က သူ့အမှားသာ။

ထို့နောက်တွင်မူ ဧကရာဇ်ယွီရှန်သည် ယဲ့ဖန်၏ လက်ငါးချောင်းတွင်း၌ အမှုန့်ဖြစ်သည်အထိ ဖျစ်ညှစ်ခံလိုက်ရပြီး အသတ်ခံလိုက်ရလေသည်။

လူတိုင်း ကြက်သေ သေနေပြီး သူတို့၏ မျက်လုံးတွင် ကြောက်ရွံ့စိတ်နှင့် စိုးရိမ်စိတ်တို့ ထင်ဟပ်နေ၏။

*သေသွားပြီ*

*ဧကရာဇ် ယွီရှန် တကယ်‌ သေသွားပြီ*

*သူက ဒဏ္ဍာရီပုဂ္ဂိုလ်ထက် သာဖို့ ကြိုးစားပင်မယ့် အဲ့ပုဂ္ဂိုလ်ရဲ့ လက်ထဲမှာပဲ သေသွားရပါလား*

လူတိုင်း ယဲ့ဖန်ကိုသာ သွေးပျက်သော အကြည့်များဖြင့် ကြည့်နေကြသည်။ လက်ရှိတွင် ယဲ့ဖန်သည် သွေးဆာသော နတ်ဆိုး နတ်ဘုရားတစ်ပါးနှင့် တူနေပြီး တင်းမာသော မျက်နှာထားက သူ့အား ထည်ဝါစေသည်။

မြေအောက်လောက ဘုရင်မ မျက်နှာပြာနှမ်းသွားပြီး မကောင်းသော အရာတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိနေသည်။ ဧကရာဇ် ယွီရှန်တောင်မှ ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသဖြင့် သူမသည်လည်း တစ်ဖက်လူထံ၌ ထိုသို့ ခံရနိုင်ချေ ရှိသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒါက သွေးနတ်ဘုရား စည်းတံဆိပ်ကို*

*ဒါက သွေးနတ်ဘုရား အားကုန်သုံး တိုက်ခိုက်တာနဲ့ ညီမျှတာပဲလေ၊ ဒါဆို သွေးနတ်ဘုရားက ဒီလူကို မသတ်နိုင်တာလား*

*ဘာဒဏ်ရာဒဏ်ချက်မှ ရအောင်တောင် မလုပ်နိုင်ဘူးလား*

*ဒါက အိပ်မက်လိုပဲ*

သွေးနတ်ဘုရား၏ အားကုန်သုံး တိုက်ခိုက်ခြင်းအား သူမသာ ထိမှန်ခဲ့မည်ဆိုလျင် မသေလျင်တောင်မှ ဒဏ်ရာ ရလောက်သည်။ သို့သော် ဤလူက ဘာဒဏ်ရာမှကို မရချေ။

*ကျူးလုံ ဧကရာဇ် ဖြစ်နေတယ်ဆိုရင်တောင်မှ ဒါကြီးက လွန်လွန်းတယ် မဟုတ်ဘူးလား*

*ဒါက မကောင်းဆိုးဝါးပဲ*

ယနေ့ သူမတို့ လင်မယားနှစ်ယောက်လုံး ဤနေရာ၌ ဆိုးရွားစွာ‌ သေဆုံးပေတော့မည်။

ထိုစဉ် ယဲ့ဖန်၏ နက်ရှိုင်းသော အကြည့်က မြေအောက်လောက ဘုရင်မထံ ကျရောက်လာပြီး တစ်ချက်ကြည့် လိုက်သည်နှင့် ရက်စက်ကြမ်းကြုတ်မှုတို့က ဖုံးမရပေ။

“အခု မင်းအလှည့်ပဲ”

မြေအောက်လောက ဘုရင်မ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လေသံပင် ပြောင်းသွားသည်။

“ငါက သွေးဝိညာဉ် တာအိုကျောင်းတော် အရှင်သခင်ရဲ့ သမီးပဲ၊ ပြီးတော့ သွေးနတ်ဘုရားရဲ့ ကောင်းချီးပေးတာကို ခံထားရတဲ့ သမီးတော်၊ နင် ငါ့ကို သတ်ရင် သွေးနတ်ဘုရားက နင့်ကို သွေးကိုက်ရာဝေဒနာကို ခံစားရအောင် လုပ်လိမ့်မယ်၊ နင် ဘယ်တော့မှ ပြန်ကောင်းမှာ မဟုတ်ဘူး”

“သွေးဝိညာဉ် တာအိုကျောင်းတော်လား”

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။

“သွေးအင်မော်တယ် ဆယ့်နှစ်ယောက်ရဲ့ နာကျင်မှုကနေ မင်း ဘာသင်ခန်းစာမှ မရခဲ့ဘူးနဲ့တူတယ်”

*ဘာ*

မြေအောက်လောက ဘုရင်မ ရုတ်တရက် မျက်နှာပျက်သွားသည်။ သွေးအင်မော်တယ် ဆယ့်နှစ်ယောက်သည် သူတို့ သွေးဝိညာဉ် တာအိုကျောင်းတော်၏ ဘိုးဘေးများ ဖြစ်သည်။

သွေးဝိညာဉ် ကျောင်းတော်က အထွတ်အထိပ်သို့ ရောက်နေသောကာလ၌ အင်မော်တယ် ဧကရာဇ်အဆင့် ဆယ့်နှစ်ယောက် တစ်ချိန်တည်း မွေးဖွားလာသည်ဟု ဆိုကြသည်။

သူတို့သည် သွေးမိစ္ဆာ အင်မော်တယ် ဆယ့်နှစ်ပါးဟု ကျော်ကြားကြပြီး သွေးဝိညာဉ် တာအိုကျောင်းတော်တွင်း၌ အတော်ဆုံးနှင့် အသန်မာဆုံး ဆယ့်နှစ်ယောက် ဖြစ်လေသည်။

ထို့နောက် သူတို့လောကတွင်း၌ သွားလာနိုင်ချိန် ရောက်သောအခါ မည်သူမှ သူတို့ကို စိန်မခေါ်နိုင်သည်အထိ သန်မာလွန်းခဲ့သည်။

သို့သော် တစ်နေ့၌ လူတစ်ယောက်က သူတို့ သွေးဝိညာဉ် တာအိုကျောင်းတော်သို့ ရောက်လာပြီး သွေးအင်မော်တယ် ဆယ့်နှစ်ပါးအား သူကိုယ်တိုင် သတ်ခဲ့ပြီး တစ်ယောက်မှ ပြေးမလွတ်ခဲ့ချေ။

အစပိုင်း၌ သွေးနတ်ဘုရားသည် နေရာအနှံ့ ခရီးဆန့်နေသည်နှင့် ကြုံကြိုက်နေသောကြောင့် သွေးဝိညာဉ် တာအိုကျောင်းတော်တွင်း၌ မရှိချေ။ ထို့ကြောင့် သွေးဝိညာဉ် တာအိုကျောင်းတော် အကြီးအကျယ် ပျက်စီးခဲ့ပြီး သူ မကူညီနိုင်ခဲ့ပေ။

သွေးအင်မော်တယ် ဆယ့်နှစ်ပါးလုံး အသတ်ခံလိုက်ရပြီး သွေးဝိညာဉ် တာအိုကျောင်းတော်ကလည်း အကြီးအကျယ် ပျက်စီးခဲ့သည်။ ထိုအချိန်မှစ၍ သွေးဝိညာဉ် တာအိုကျောင်းတော် ကျဆင်းသွားပြီး ယခင် ဂုဏ်ရောင်ဂုဏ်ဝါကို ပြန်ရရန် ခက်သွားခဲ့လေသည်။

“နင်က အဲ့လူလား”

မြေအောက်လောက ဘုရင်မသည် အလွန် ကြောက်လန့်နေသော မျက်လုံးများနှင့် ထအော်လိုက်သည်။

သူမအရှေ့မှလူက တစ်ချိန်က သူမတို့ မိသားစုကို သတ်ခဲ့သော တရားခံ ဖြစ်နေလိမ့်မည်ဟု သူမ မယုံနိုင် ဖြစ်နေသည်။

*သွေးအင်မော်တယ် ဆယ့်နှစ်ပါးလုံး သူတစ်ယောက်တည်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာ*

*ဒါက ကြောက်ဖို့ကောင်းလွန်းတယ်*

“ဝုန်း”

နဂါးကိုးကောင် မီးလင်းဖိုသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး မျက်စိကျိန်းလောက်သော အရောင်များ ဖြာထွက်နေပြီး မသိလျင် တာအိုစွမ်းအင်အား ဖိနှိပ်ထားသလိုပင်။

“ဒုန်း”

မြေအောက်လောက ဘုရင်မ၏ ဦးခေါင်း ပွင့်ထွက်သွားပြီး သွေးများ တတောက်တော်ကျကာ သွေးစနှင့် အသားဖတ်များ လွင့်စဉ်လာ၏။

မကျေမချမ်းဖြစ်မှုနှင့် မလိုလားမှုတို့ ပြည့်နှက်နေသည့် စူးရှသော အသံတစ်သံက ကောင်းကင်အနှံ့ ပဲ့တင်ထပ် သွားတော့သည်။

ထို့နောက် မြေအောက်လောက ဘုရင်မ၏ စိတ်ဝိညာဉ်သည်လည်း အသည်းအသန် ထွက်ပြေးရန် ကြိုးစား လေသည်။ သို့သော် ဘယ်လိုလုပ် နတ်ဆိုး၏ လက်ထဲမှ လွတ်နိုင်ပါမည်နည်း။

“သောက်ကောင်၊ သွေးနတ်ဘုရားက နင့်ဝိညာဉ်ကို ကျိန်စာတိုက်မှာ၊ နင့်ခန္ဓာကိုယ်က သွေးသန့်စင်ခြင်း ငရဲမှာ ထာဝရ ခံစားနေရမယ်”

မြေအောက်လောက ဘုရင်မ ဒေါသတကြီး ကျိန်ဆဲလေသည်။ သူမ၏ ကံတရားကို သတိပြုမိသွားသဖြင့် အလွန် ဒေါသထွက်နေ၏။

“သွေးနတ်ဘုရားလား”

ယဲ့ဖန်၏ မျက်လုံးများ ရုတ်တရက် ကြည်လင်လာပြီး ကြွေးကြော်သံတစ်သံက တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ငါက စကြဝဠာရဲ့ နတ်ဆိုးဧကရာဇ်၊ ဒီစကြဝဋ္ဌာအောက်မှာ ငါက ပြိုင်ဘက်ကင်းပဲ”

သူ၏ ရန်သူသည် လောကထဲ၌ မရှိတော့ဘဲ အဆုံးအစမဲ့သော စကြဝဋ္ဌာထဲ၌သာ ရှိတော့သည်။ သူသည် စကြဝဋ္ဌာ၏ အရှင်သခင်၊ ဂြိုဟ်ဝါးမျိုသူ နတ်ဆိုးနတ်ဘုရားပင်။ စကြဝဋ္ဌာအောက်၌ ပြိုင်ဘက်ကင်းသည်ဟူသော စကားသည် ကြွားဝါခြင်း မဟုတ်ပေ။

ကျုံးဝမ်နှင့် အခြားသူများ စိတ်လှုပ်ရှားလာ၏။

*စကြဝဋ္ဌာအောက်မှာ ပြိုင်ဘက်ကင်းတဲ့၊ လွှမ်းမိုးဖိနှိပ်နိုင်လိုက်တဲ့ ကြွေးကြော်စကားပါလား*

နိုင်သွားလေပြီ။ ယဲ့ဖန်က ဧကရာဇ် ယွီရှန်နှင့် သူ့ဇနီးအား အနိုင်ယူလိုက်လေပြီ။

မြေအောက်လောက ဘုရင်မ၏ ဝိညာဉ်သည် ယဲ့ဖန်၏ လက်ထဲ၌ အဆက်မပြတ် ရုန်းကန်နေပြီး ကျိန်ဆဲကာ မုန်းတီးလျက် ရှိသည်။

“ဗြိ”

ယဲ့ဖန်က လက်ငါးချောင်းကို အားထည့်လိုက်သောအခါ တစ်လောက်လုံး တိတ်ဆိတ်သွားလေသည်။

မြေအောက်လောက ဘုရင်မသည် ဤလောကမှ အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။

ပိုင်လီကျန့်နှင့် ပိုင်ကျန့်ချင်းတို့ မြေကြီးပေါ် လဲကျသွားပြီး တုန်ယင်နေကြသည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်ပြီး တစ်မူထူးခြားသော နောက်ခံများ ရှိသည့် ဧကရာဇ်ယွီရှန်နှင့် သူ့ဇနီးတို့က သေဘေးမှ ပြေးမလွတ်ဘဲ ယဲ့ဖန်၏ လက်ထဲ၌ သေဆုံးသွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။

သူတို့အရှေ့မှလူသည် နတ်ဆိုးသာ ဖြစ်လေတော့သည်။

“ကျွန်မရဲ့ ချစ်ဖေဖေ၊ ကျွန်မ ရှင့်ကို အမြဲပြောပြချင်နေတာ တစ်ခု ရှိတယ်၊ ရှင်က တကယ်ကို လူကြည့်မတော်ဘူးပဲ”

ပိုင်ရွှယ်က အပြုံးတစ်ဝက်နှင့် စနောက်လေသည်။

“ပိုင်ရွှယ် ငါ့ကို မသတ်ပါနဲ့၊ ငါက မင်းအဖေရင်းလေ၊ မင်း ငါ့ကို သတ်လိုက်ရင် ကိုယ့်အဖေကို သတ်တယ်ဆိုတဲ့ အမည်းစက်ကြီး ရှိသွားမှာ၊ မင်းကို လောကကြီးက ပုတ်ခတ်ဝေဖန်မှာပဲ”

ပိုင်ကျန့်ချင်း အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ခြေထောက်များက ပျော့ခွေနေပြီး ငိုချင်စိတ်ပေါက်နေသည်။

ထိုစကားကိုကြားသော် ပိုင်ရွှယ်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။

“အဖေ ရှင်က ကျွန်မရဲ့ အဖေကောင်းပါ၊ ဘာလို့ ကျွန်မက ရှင့်ကို သတ်ချင်မှာလဲ၊ ကျွန်မ ရှင့်ကို သေချာပေါက် တရိုတသေ ထားမှာပါ”

ပိုင်ကျန့်ချင်း တစ်ကိုယ်လုံး တုန်လာပြီး မျက်နှာတွင် ကြောက်လန့်စိတ်တို့ ပြည့်နှက်လာသည်။ ပိုင်ရွှယ်၏ စကားမှ လူသတ်ချင်စိတ်ကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေမည်နည်း။

*ဒီခွေးမက ငါ့ဘဝကို သေတာထက် ဆိုးအောင် လုပ်ဖို့ ကြံစည်နေတာပဲ*

ပိုင်ကျန့်ချင်းသည် ပိုင်ရွှယ်၏ လက်ထဲသို့ သူ ရောက်သွားလျင် ဘာဖြစ်မလဲ သိနေသော်လည်း အာခံရဲသည့် သတ္တိ မရှိပေ။

“မင်း ငါ့ကို သတ်လို့မရဘူး၊ ငါက ယွင်နိုင်ငံရဲ့ မင်းသားပဲ ငါ့ယွင်နိုင်ငံက တိမ်လို သန်မာပြီး အင်အားကြီးတယ်၊ ကျုံးကျိုး အင်ပါယာလိုဟာလေးက မယှဉ်နိုင်ဘူး၊ မင်း ငါ့ကို သတ်ရဲရင်း ကျုံးကျိုး အင်ပါယာက မီးလောင်ပြင် ဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်”

ယဲ့ဖန်က သူ့ထံ လျှောက်လာသည်ကိုမြင်သောအခါ ပိုင်လီကျန့် တုန်ယင်လာသည်။ သူ စိုးရိမ်တုန်လှုပ်လွန်းသဖြင့် ငိုချင်နေ၏။

ဤအင်ပါယာက အလွန် ကြမ်းကြုတ်လိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားမိပေ။ ယခု သူတို့ ကိုယ့်အသက်ကိုယ် ဖက်နှင့်ထုပ်ထားရလေပြီ။

မိန်းမတစ်ယောက်အတွက် မင်းသားတစ်ပါး သေရခြင်းက ဆိုးရွားလွန်းလှသည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

ယဲ့ဖန် ပြုံးလေသည်။ သို့သော် ထိုအပြုံးက ပိုင်လီကျန့်၏ အမြင်တွင် အလွန် ကြောက်စရာ ကောင်းလှသည်။

“ငါ … ငါ အဲ့လိုပြောတာ မဟုတ် …”

ပိုင်လီကျန့် ပြောစရာ စကားမဲ့နေပြီး တစ်ကိုယ်လုံး တုန်ကာ သေမတတ် ကြောက်လန့်နေ၏။

ယဲ့ဖန်က သူ့လည်ပင်းကို ညှစ်၍ ဖြည်းဖြည်းချင်း လေထဲမြှောက်လိုက်သည်။ သူ့မျက်လုံးများက အေးစက် တောက်ပလျက် ရှိသည်။

“ယွင်နိုင်ငံရဲ့ မင်းသားဆိုတော့ မင်းက တော်တော် အဖိုးတန်မယ့်ပုံပဲ ဟုတ်တယ်မလား”

*အဖိုးတန်တယ်*

ပိုင်လီကျန့်၏ အတွေးထဲ ဗလာဖြစ်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။

*မဟုတ်မှလွဲရော ဒီလူ …*

“မင်း …. မင်း ဘာလုပ်ချင်တာလဲ”

ပိုင်လီကျန့်က ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာပြီး သူ့တွေးမိသောအရာအား မယုံနိုင် ဖြစ်နေ၏။

“မင်းရဲ့ ယွင်နိုင်ငံက သယံဇာတ ပေါတယ်မလား၊ ဒါဆို မင်းတို့ ချမ်းသာသင့်တာပေါ့ ဟုတ်တယ်မလား၊ ဒါဆို နိုင်ငံရဲ့ ဘုရင်ဖြစ်တဲ့ မင်းအဖေက ဘယ်လောက် သုံးပြီး မင်းကို ကယ်မလဲ”

ယဲ့ဖန်၏ အပြုံးက ဆိုးရွားလှပြီး‌ ကောင်းသောရည်ရွယ်ချက် မရှိကြောင်း ပြသနေသည်။

*ခြိမ်းခြောက်အကျပ်ကိုင်တာပဲ*

*ဒါ ခြိမ်းခြောက်ပြီး ငွေညှစ်တာ*

“မင်း ငါတို့ကို ခြိမ်းခြောက်အကျပ်ကိုင်ရဲတယ်လား”

ပိုင်လီကျန့် အံ့ဩနေသည်။ သူတို့ ပိုင်လီမိသားစုသည် မျိုးဆက်အလိုက် ဧကရာဇ်အဖြစ် ထီးနန်း စိုးစံကြပြီး နေမဝင်မင်းဆက်ကို တည်ထောင်ခဲ့သည်။ သူတို့၌ ခြိမ်းခြောက်အကျပ်ကိုင်ခံရသော အဖြစ်မျိုး တစ်ခါမှ မရှိခဲ့ပေ။ ဤသည်က ပထမဆုံးအကြိမ်ပင်။

“ဖြောင်း”

ထိုစဉ် သူ ပါးရိုက်ခံလိုက်ရပြီး ဆယ်မီတာကျော် လွင့်ထွက်သွားကာ မြေကြီးပေါ် ဘုန်းခနဲ ပစ်ကျသွားသည်။ သွားအတန်းလိုက် ကျွတ်ကုန်ပြီး မျက်နှာတစ်ပြင်လုံး သွေးအလိမ်းလိမ်း ဖြစ်ကာ စုတ်ပြတ်သတ်လုနီးပါး ဖြစ်နေသည်။

*နာလိုက်တာ*

သို့သော် သူ ထမရပ်နိုင်ခင်မှာပင် ယဲ့ဖန်က သူ့ခေါင်းကို ခြေထောက်ဖြင့် နင်းလိုက်သဖြင့် သူ့ခေါင်းက မြေကြီးနဲ့ ဘုန်းခနဲ မိတ်ဆက်သွားလေသည်။

သွေးနံ့ရောနေသော ဖုန်မှုန့်များက ပိုင်လီကျန့်၏ နှာခေါင်းထဲ တိုးဝင်လာသဖြင့် သူ အသက်ရှူရ ကြပ်လာသည်။

“မင်းက ငါ့မိန်းမကို ထိပါးရဲတာပဲကို၊ ငါ မင်းကို ခြိမ်းခြောက်ပြီး ငွေမညှစ်ရဲစရာ ရှိလား”

ယဲ့ဖန်က သူ့ခေါင်းကို နင်းမြဲနင်းထားပြီး မျက်လုံးများက ပို၍ ရက်စက် ကြမ်းကြုတ်လာ၏။

“မင်းအဖေကို ပိုက်ဆံ တောင်းဖို့ ဘယ်လို စာစီရမလဲလို့ တွေးနေတာ ပိုကောင်းမယ်၊ သူ ပေးတာ နောက်ကျလွန်းရင် ငါ တစ်နာရီကျော်တာနဲ့ မင်းအသားကို လှီးပေးမယ်”

“သူပေးတာ နည်းလွန်းရင်တော့ မင်း သေရမယ်”

All Chapters