← Chapters

မသက်ညှာခြင်း

Vol. 118 Ch. 1587

မသက်ညှာခြင်း

Vol. 118 Ch. 1587

ထိုအခိုက်တွင် ကျိုးလန်လင်၏ ဦးခေါင်း ပေါက်ထွက်သွားပြီး သွေးများနှင့် ဦးနှောက် အစအနများ လွင့်စဉ်လာပြီး ကျိုးကျစ်ကော်၏ မျက်နှာသို့ လာစဉ်သည်။

ကျိုးကျစ်ကော် မှင်တက်နေပြီး မျက်လုံးအိမ်က အပြင်းအထန် တုန်ယင်နေကာ ရုတ်တရက် မျက်နှာတစ်ပြင်လုံး ဖြူရော်လာပြီး အမူအရာက ထိုင်းမှိုင်းလာသည်။

ကျန်းကျန့်ရန်က အလွန် ရက်စက်ကြမ်းကြုတ်ပြီး သူ့ဖခင်အား တစ်ခွန်းမှမပြောဘဲ သတ်လိုက်မည်ဟု သူ ထင်ထားပုံ မရချေ။

ကျိုးလန်လင်တောင်မှ သူ စကားများလွန်း၍ သူ့စီးပွားဖက်၏ သတ်ဖြတ်ခြင်း ခံရလိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပါ။

ထိုအချိန်တွင် ကျိုးကျစ်ကော်သည်လည်း မျက်ရည်များ ကျလာလေတော့သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူ၏ ကံကြမ္မာကို သူ နားလည်သွားသောကြောင့်ပင်။ ကျန်းကျန့်ရန်က သူ့ဖခင်ကိုပင် မျက်နှာသာ မပေးသောကြောင့် သူ့ကဲ့သို့ သခင်လေးကို ဘယ်လိုလုပ် အရေးစိုက်မည်နည်း။

ကျန်းကျန့်ရန်က ကျိုးလန်လင်၏ အလောင်းအား ခက်ထန်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

“ယီးပဲ၊ ခင်ဗျား အသက ဘယ်နှစ်နှစ် ရှိပြီလဲ၊ အရှင်မင်းမြတ်ကို ရန်စပြီးတာတောင် ကြားဝင်ချင်သေးတာလား၊ မင်းက သေချင်နေမှတော့ ငါက သတ်ပေးရတာပေါ့”

“ဒိုင်း ဒိုင်း ဒိုင်း”

ထို့နောက် ကျန်းကျန့်ရန်က ကျိုးလန်လင်ကို အကြိမ်အနည်းငယ်မျှ ထပ်ပစ်လိုက်သည်။ ကျိုးလန်လင် သွေးအလိမ်းလိမ်း ဖြစ်လာပြီး ခန္ဓာကိုယ်တွင် အပေါက်များစွာ ထင်ကျန်လာသည်။

လူတိုင်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်နှာအမူအရာများက အလွန်အမင်း တောင့်တင်းလာလေသည်။ ကျန်းကျန့်ရန်၏ အပြုအမူကြောင့် သူတို့အားလုံး ကြောက်လန့်နေကြသည်။

*ဒီလူက တကယ်ကို ရက်စက်တဲ့ ခွေးတစ်ကောင်ပဲ*

ချုံးချီတောင်မှ မျက်လုံးမှေးမစင်းဘဲ မနေနိုင်အောင် ဖြစ်နေသည်။ ကျန်းကျန့်ရန်၏ ရက်စက်မှုကို သူ သဘောကျသည်။

*ဒီလူငယ်လေးက ငါ့အတွက် စားချင်စရာပဲ*

ယဲ့ဖန်ကမူ အစကနေ အဆုံးတိုင် လက်ဘက်ရည်သာ သောက်နေပြီး မသိလျင် အရာအားလုံးက သူနှင့် ဘာမှမဆိုင်သလိုပင်။

ကျန်းကျန့်ရန် တစ်ခါပစ်လိုက်တိုင်း ကျိုးကျစ်ကော် တုန်သွားသည်။ ကျန်းကျန့်ရန်က သူ့အဖေကို ပစ်နေမှန်း သူ သိသော်လည်း ကျိုးကျစ်ကော်၌ တားရဲသည့် သတ္တိ မရှိပေ။

သူ ဆက်၍သာ ငိုယိုနေပြီး အသည်းနှင့် ကိုယ်တွင်းကလီစာများ ပျက်စီးမတတ် ငိုကြွေးနေသည်။

“သခင်လေးကျိုး မင်း ဘာလို့ ငိုနေတာလဲ၊ မင်းက အရမ်း မာနကြီးတာ မဟုတ်လား၊ အရှင်ယဲ့ဘုရင်ကိုတောင်မှ ရန်စရဲတယ်ဆိုတော့ မင်းက ရက်စက်တဲ့ လူတစ်ယောက်ပဲ”

ကျိုးလန်လင်ကို သတ်ပြီးနောက် ကျန်းကျန့်ရန်က ကျိုးကျစ်ကော် ဘေးနားသို့ လျှောက်သွားပြီး ရင်းနှီးစွာဖြင့် ပခုံးတစ်ဖက်ကို ဖက်၍ အပြုံးကြီး ပြုံးပြလိုက်သည်။

ကျန်းကျန့်ရန်၏ အနောက်မှ တော်လှန်ရေး တပ်သားများကလည်း မလိုတမာ အပြုံးများ ပြုံးနေကြပြီး သိုးပေါက်တစ်ကောင် အသတ်ခံရမည်ကို ကြည့်နေသလိုပင်။

“ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော့်ကို မသတ်ပါနဲ့”

ကျိုးကျစ်ကော် တုန်ယင်နေပြီး လက်ရှိတွင် ခြိမ်းခြောက်မှုကို တောင့်ခံနိုင်သည့် သတ္တိတောင် မရှိတော့ချေ။

အကြောင်းမှာ တစ်ဖက်လူသာ ဆန္ဒရှိလျင် သူတို့၏ လန်လင်တပ်၏ အင်အားတစ်သိန်းကို အချိန်မရွေး ရှင်းလင်းနိုင်ကြောင်း သူ သိနေသောကြောင့်ပင်တည်း။ တစ်ဖက်လူက ယဲ့ဘုရင် ဖြစ်နေသည် မဟုတ်ပါတကား။

“မင်း နောင်တရပြီလား”

ကျန်းကျန့်ရန်က အပြုံးနှင့် မေးလိုက်သည်။

“ကျွန်တော် သိပါပြီ၊ ကျွန်တော် သိပါပြီ၊ ကျွန်တော် နောင်တရနေပါပြီ”

ကျိုးကျစ်ကော် ဆန်ကိုဆိတ်၍ စားနေသော ကြက်တစ်ကောင်သဖွယ် ခေါင်းတဆတ်ဆတ် ညိတ်ကာ ပို၍ ကျယ်လောင်စွာ ငိုလေသည်။ သူ့ပုံစံက အသည်းကွဲနေသည်ဟုပင် ပြောနိုင်ပေသည်။

“ရွှစ်”

ကျိုးကျစ်ကော်၏ ရင်ဘတ်ထဲသို့ ဓားတစ်ချောင်း စိုက်ဝင်သွားပြီး သွေးများ ပန်းထွက်လာသည်။

“မင်း ငိုတာက အရမ်း ရုပ်ဆိုးလွန်းတယ်၊ ငါ မင်းကို မသတ်ဘဲ နေလို့မရလို့ စိတ်မကောင်းပါဘူး”

ကျန်းကျန့်ရန်က အော်ငေါက်ပြီး ကျိုးကျစ်ကော်၏ ရင်ဘတ်ကို ဓားဖြင့် ထပ်ခါထပ်ခါ ထိုးလေသည်။ ကျိုးကျစ်ကော်သည် ကျန်းကျန့်ရန်၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ကိုင်ထားသော်လည်း ကျန်းကျန့်ရန်၏ ရက်စက်သော အပြုအမူကို ခုခံနိုင်စွမ်း မရှိပါ။

သူ့လက်တွင် သွေးများ ဖုံးလွှမ်းလာပြီး အသက်ရှူရကြပ်လာပြီး မျက်နှာက ခရမ်းရောင်သန်းလာသည်။ မကြာခင်မှာပင် ကျိုးကျစ်ကော်၏ ကိုယ်၌ အပေါက်များစွာ ဖြစ်ပေါ်လာလေသည်။ ကျိုးကျစ်ကော်သည် တစ်နေ့ သူ အလွန် ဝမ်းနည်းစွာ သေရလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပေ။

လမ်းဘေး ရန်ပွဲကကဲ့သို့ ဓားထိုးခံရပြီး သေဆုံးရတော့မည်။ ထိုသို့ အသတ်ခံရသည့် အကြောင်းရင်းကလည်း သူ ငိုနေပုံက အလွန် ရုပ်ဆိုးသောကြောင့်တဲ့လား။

လူတိုင်း နားဝေတိမ်တောင် ဖြစ်ကာ ကြက်သေ သေနေကြသည်။

*ကျိုးကျစ်ကော်နဲ့ ကျိုးလန်လင်က ဒီလို သေသွားရတာလား*

*ဆိုးရွားပြီး မွန်းကြပ်စရာကောင်းတဲ့ သေခြင်းပါလား*

မကြာခင်မှာပင် ကျိုးကျစ်ကော် ကြမ်းပြင်ပေါ် လဲကျသွားပြီး ဒေါသနှင့် သေဆုံးသွားကာ မျက်လုံးများက ပြူးကြောင်နေဆဲ ဖြစ်ကာ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။

ဤသည်ကိုမြင်သော် ဘေး၌ ရှိနေသော လန်လင်တပ်သားများ အလွန် ကြောက်ရွံ့သွားကြသည်။

ကျန်းကျန့်ရန်က သူ့လက်ကိုင်ပုဝါကိုထုတ်၍ လက်ကို သုတ်ကာ ကျိုးကျစ်ကော်၏ အလောင်းပေါ် ပစ်တင်လိုက်ပြီး ရွံသလို ကြည့်လိုက်သည်။ ထို့နောက် လန်လင် တပ်သားများကို လှမ်းကြည့်လေသည်။

“မင်းတို့ မသွားသေးဘူးလား”

ထိုစကားကိုကြားသောအခါ လန်လင် တပ်သားများ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးကြပြီး သူတို့မိဘများက ခြေထောက်နှစ်ချောင်းသာ ပေးထားသည်ကို မုန်းတီးနေကြသည်။

လူတိုင်း အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။ ကျိုးကျစ်ကော်က ကျန်းကျန့်ရန်ကို ဖိတ်ခေါ်ခဲ့သော်လည်း ကျန်းကျန့်ရန်က သူ့ကို ကူညီရန် လာခြင်းမဟုတ်ဘဲ သတ်ရန်သာ ရောက်လာသည်။

“အရှင်မင်းမြတ် ကျွန်တော် ဘာလုပ်ဖို့ လိုပါသေးလဲ”

ကျန်းကျန့်ရန်က ယဲ့ဖန်ကို ဂရုတစိုက် မေးလိုက်သည်။ သူ ပြဿနာ တက်ပြီဖြစ်ကြောင်း သူ ရိပ်မိနေ၏။

ယဲ့ဖန်က ချမ်ရှုံးထောင်ကို လက်ညှိုးထိုးလိုက်သည်။

“သူ့ကို ဘယ်သူ တာဝန်ပေးထားတာလဲ”

ထိုစကားကြောင့် ချမ်ရှုံးထောင် ပြင်းစွာ တုန်လှုပ်သွားပြီး မျက်နှာက ပြိုတော့မည့်မိုးသဖွယ် ငိုလုနီးနီး ဖြစ်လာသည်။

ကျန်းကျန့်ရန်သည် ချမ်ရှုံးထောင်၏ အမူအရာကို မြင်သောအခါ တစ်စုံတစ်ရာကို သတိထားမိသွားပြီး မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

“ဗိုလ်မှူးကြီး ကျွန်တောက် တော်လှန်ရေးတပ်ရဲ့ ဆယ့်ခုနစ်ခုမြောက် အခွဲက သံချပ်ကာတပ်ရဲ့ ဒုဗိုလ်ကြီး ချမ်ရှုံးထောင်ပါ၊ စစ်ပွဲပြီးသွားတော့ မသန်စွမ်း ဖြစ်သွားတဲ့ စစ်ပြန်တွေကို စားစရာ၊ သောက်စရာ၊ နေစရာနဲ့ သွားလာရေးတွေ ထောက်ပံ့ပေးဖို့ တာဝန်ကျပါတယ်”

“ပြောရမယ်ဆိုရင် တော်လှန်ရေးတပ်က မင်းကို သာလွန်တဲ့ အခွင့်အရေးတွေ ပေးခဲ့ပြီးတော့ မသန်စွမ်း စစ်ပြန်တွေအတွက် ဝန်ဆောင်မှု ပေးဖို့ တာဝန်ပေးခဲ့တာပဲ။ ဒါကို မင်းက သူတို့ရဲ့အသက်ကို ဂရုမစိုက်ဘဲ မင်းရဲ့ သာယာမှုကိုပဲ အရေးစိုက်ခဲ့တယ် မဟုတ်လား”

ယဲ့ဖန်က လှောင်ပြောင်ပြောဆိုပြီး လှည့်ကြည့်လာသည်။ ထိုစကားကိုကြားသော် ကျန်းကျန့်ရန်၏ မျက်နှာ မည်းမှောင်သွားပြီး အော်ငေါက်လိုက်သည်။

“ဒီလိုကိစ္စမျိုး ရှိခဲ့တာလား”

သူ၏ စီရင်ပိုင်ခွင့်အတွင်း ဤသို့သော အဖြစ်မျိုး ဖြစ်ခဲ့သဖြင့် သူ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း ပြသနေ၏။

“ကျုပ် …”

လက်ရှိတွင် ချမ်ရှုံးထောင် ပြောစရာ စကားမဲ့နေပြီး မျက်ရည်မကျဘဲ ငိုချင်စိတ် ပေါက်နေသည်။ သူသည် တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ ယခုအခါတွင် ထိုဆုံးဖြတ်ချက်က သူ့အား ငရဲသို့ ဆွဲချနေ၏။

“သူ့ကို ဒီနေရာက နှင်ထုတ်လိုက်”

ယဲ့ဖန်က အေးစက်သော မျက်နှာနှင့် ပြောလိုက်ပြီး အကြည့်များက စူးရဲနေသည်။

“မင်းကို မသတ်တာက ငါ့ရဲ့ နောက်ဆုံးသော သက်ညှာမှုပဲ”

ချမ်ရှုံးထောင် အကြီးအကျယ် မျက်နှာပျက်သွားပြီး ဒုန်းခနဲ ဒူးထောက်ကျသွားသည်။ မသိလျင် သူ့ကိုယ်ထဲမှ စိတ်ဝိညာဉ် ဆွဲထုတ်ခံလိုက်ရသလိုပင်။

သူ ယဲ့ဖန်ကို အနူးအညွတ် တောင်းပန်လေတော့သည်။

“အရှင်မင်းမြတ် ကျွန်တော့်ကို တစ်ခါလောက်ပဲ အခွင့်အရေး ထပ်ပေးပါ၊ ကျေးဇူးပြုပြီးတော့”

“ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေအားလုံး စစ်ပွဲမှာ သေသွားခဲ့ပါပြီ။ ကျွန်တော်က အိုမင်းပြီး ချည့်နဲ့နေပါပြီ၊ ဒီအလုပ်သာ မရှိရင် ကျွန်တော့် စားဝတ်နေရေးက ဒုက္ခရောက်တော့မှာပါ”

“အဲ့ဒါ မင်းပြဿနာလေ”

ယဲ့ဖန် ပြန်ပြောလိုက်သည်။

“မင်းညီအစ်ကိုတွေကို မင်း သစ္စာဖောက်လိုက်ကတည်းက မင်းက စစ်သည်တော် မဟုတ်တော့ဘူး”

“မင်းက စစ်သည်တော် မဟုတ်မှတော့ မင်း ဒီအဆင့်အတန်းရဲ့ အကျိုးအမြတ်ကို ခံစားပျော်ရွှင်ပိုင်ခွင့် မရှိဘူး”

“အခု ထွက်သွားစမ်း”

နောက်ဆုံးစကားတွင် ပြင်းထန်သော လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေလေသည်။ ချမ်ရှုံးထောင်၏ အမူအရာက ဗလာဖြစ်သွားပြီး မျက်နှာတွင် အံ့ဩတုန်လှုပ်ဟန် ပေါ်လာသည်။

“ငါ … ငါက စစ်သည်တော် မဟုတ်တော့ဘူးတဲ့လား”

“စစ်သည်တော်တစ်ယောက်ဆိုတော သူ့ညီအစ်ကိုတွေကို မစွန့်ပစ်ဘူး”

ကျန်းကျန့်ရန်က ချမ်ရှုံးထောင်ကို ဒေါသတကြီး ကြည့်နေ၏။ သူအမုန်းဆုံး လူစားမှာ စစ်မြေပြင်၌ ညီအစ်ကိုများကို စွန့်ပစ်သူ ဖြစ်သည်။

သူ၏ စစ်စည်းမျဉ်းစည်းကမ်းအရဆိုလျင် ထိုသို့သောလူမျိုးကို တန်း၍ ခေါင်းဖြတ်သတ်သင့်သည်။ ချမ်ရှုံးထောင်က သူ့စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် မဟုတ်ပါတကား။

“ချမ်ရှုံးထောင် မင်းက သက်တောင့်သက်သာ နေရတဲ့ဘဝကြောင့် စစ်သည်တော်တစ်ယောက်ရဲ့ သွေးတွေ မရှိတော့ဘူး၊ အခု မင်းက ငါတို့နဲ့အတူ နေဖို့ မထိုက်တန်ဘူး၊ ထွက်သွားတော့”

ယဲ့ဖန်က အေးစက်စွာ အမိန့်ပေးလာသည်။

“မဟုတ်ဘူး၊ ငါက စစ်သည်တော်တစ်ယောက်၊ ငါက တော်လှန်ရေးတပ်ရဲ့ စစ်သည်တော်တစ်ယောက်၊ ငါက တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်တိုက်ခဲ့တာ၊ ငါ ထွက်မသွားဘူး”

ချမ်ရှုံးထောင်က အရူးသဖွယ် အော်ဟစ်လာသည်။ ဤလူများက သူ၏ ဂုဏ်ရောင်ဂုဏ်ဝါကို ဖယ်ရှားချင်နေ၏။ ယင်းကို သူ လုံးဝ ခွင့်မပြုနိုင်ပါ။

“ဟားဟားဟား မင်းက ငါ့ကို နှင်ထုတ်ချင်တာလား၊ မဖြစ်နိုင်ဘူးကွ၊ ငါက တော်လှန်ရေးတပ်ရဲ့ အဖွဲ့ဝင်တစ်ယောက် အဖြစ် မွေးဖွားလာတာ၊ သေလည်း တော်လှန်ရေးတပ်ရဲ့ သရဲအဖြစ် သေမယ်ကွ၊ မင်း ငါ့ကို နှင်မထုတ်နိုင်ဘူး”

ထိုသို့ပြောပြီးသည်နှင့် ချမ်ရှုံးထောင်က ကြမ်းပြင်ပေါ်မှ သေနတ်ကို ကောက်၍ သူ့နားထင်ကို ပစ်လိုက်သည်။ သွေးများနှင့်အတူ ဦးနှောက် အပိုင်းအစများ ပန်းထွက်လာ၏။

ချမ်ရှုံးထောင်၏ အလောင်း လဲကျသွားသည်ကို ကြည့်ပြီး လူတိုင်း၏ စိတ်ထဲတွင် ရောထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူတို့ ချမ်ရှုံးထောင်ကို ကရုဏာသက်သော်လည်း ယဲ့ဖန်၏ ဆုံးဖြတ်ချက်က မှားသည်ဟု တစ်ယောက်မှ မခံစားမိပါ။

စစ်မြေပြင်တွင် ညီအစ်ကိုတစ်ယောက်ကို စွန့်ပစ်ခြင်းက မလုပ်သင့်သော လုပ်ရပ်ပင်။

ချမ်ရှုံးထောင်က အလွန် ရူးမိုက်သော ဆုံးဖြတ်ချက်ကို ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကပင် သူ့ဘဝကို ဖျက်ဆီး သွားသည်။

ဤသည်ကိုမြင်သော် တူကြီး လီထိုက်နှင့် အခြားသူများတွင် ပျော်ရွှင်ဟန် ပေါ်လာသည်။ ချမ်ရှုံးထောင်ကဲ့သို့ သူတို့ ညီအစ်ကိုများကို မစွန့်ပစ်ခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက သူတို့သည်လည်း ချမ်ရှုံးထောင်နည်းတူ တော်လှန်ရေးတပ်က နှင်ထုတ်ခံရလောက်သည်။

သူတို့အတွက် တော်လှန်ရေးတပ်တွင် တစ်နေ့ နေခြင်းက တစ်သက်လုံး တော်လှန်ရေးတပ်နှင့် ပတ်သက်သည်ဟု မှတ်ယူထားသည်။

ဤသည်က ဂုဏ်ရောင်ဂုဏ်ဝါပင်။ ဂုဏ်ယူရသော အရာပင် မဟုတ်ပါတကား။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အသက်မွေးဝမ်းကြောင်းက တောက်ပ၍ ကြီးမြတ်သောကြောင့်ပင်။

တိုင်းပြည်နှင့် လူမျိုးအတွက် တိုက်ခိုက်ခြင်း၊ ထူးချွန်၍ မြင့်မြတ်သော ယဲ့ဘုရင်အတွက် တိုက်ခိုက်ခြင်း။

တော်လှန်ရေးတပ်မှ နှင်ထုတ်ခံရခြင်းသည် သူတို့အတွက် သေသည်ထက်ပင် ဆိုးရွားသေးသည်။

“အရှင် ယဲ့ဘုရင် ရောက်နေမှန်း မြင်တာတောင် ဒူးမထောက်ဘူးလား”

ကျန်းကျန့်ရန်က စစ်ပြန်များကို စူးစိုက်ကြည့်လေသည်။ တူကြီး လီထိုက်နှင့် အခြားသူများ ရုတ်တရက် အိပ်မက်မှ နိုးလာသကဲ့သို့ ထိတ်လန့်သွားကြသည်။

မြင့်မြတ်သော ယဲ့ဘုရင်ကို မြင်သော်လည်း ဒူးမထောက်ခြင်းက ရိုင်းစိုင်းသော လုပ်ရပ်ပင်။ သို့သော် သူတို့ ဒူးထောက်တော့မည့် အချိန်၌ ယဲ့ဖန်က သူတို့ကို တားဆီးလာသည်။

“ယဲ့ဘုရင်တောင်မှ မင်းတို့ကို ဒူးထောက်ခိုင်းဖို့ မထိုက်တန်ဘူးလို့ ငါ ခုနက ပြောခဲ့တယ် မဟုတ်လား”

*ဒါက*

တူကြီး လီထိုက်နှင့် အခြားသူများ အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်လာကြသည်။ သူတို့ မတွေးတတ်တော့ချေ။

“မင်းတို့က စစ်ရဲ့ သူရဲကောင်းတွေ ပြီးတော့ ပြည်သူတွေရဲ့ ဒိုင်းတွေ၊ မင်းတို့ကြောင့် အင်ပါယာရဲ့ နောက်ဆုံး အသက်သွေးကြောက ရှင်သန်နေခဲ့တာ၊ ဒါကြောင့် မင်းတို့အဆင့်အတန်းကလည်း ငါနဲ့ တန်းတူ ဖြစ်သင့်တယ်”

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

*ယဲ့ဘုရင်နှင့် အဆင့်အတန်း တန်းတူတဲ့လား*

ထိုစကားက စစ်ပြန်များကို ပို၍ လန့်သွားစေသည်။ သူတို့က ဘယ်လိုလုပ် အရှင်မင်းမြတ်နှင့် ခြေရာတိုင်း ရဲပါမည်နည်း။

“ဘာမှပြောစရာ မလိုဘူး”

ယဲ့ဖန်က လက်ကာပြလိုက်ပြီး လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့သော စစ်ပြန်တစ်ယောက်အား ကြည့်၍ အလေးအနက် ပြောလိုက်သည်။

“ဒီအချက်တစ်ခုတည်းနဲ့တင် မင်းတို့ ငါနဲ့ တစ်တန်းထဲ နေဖို့ ထိုက်တန်တယ်”

ထိုစကားကိုကြားသော် စစ်ပြန်များသည် တစ်ဒင်္ဂမျှ မှင်တက်နေပြီးနောက် မျက်ရည်များ ဝဲလာကာ တစ်ယောက်ပြီး တစ်ယောက် မျက်ရည်ကျလာတော့သည်။

အရှင် ယဲ့ဘုရင်က သူတို့ကဲ့သို့ သေးနုတ်သော ပုရွက်ဆိတ်များကို အရေးစိုက်လိမ့်မည်ဟု သူတို့ မယုံနိုင် ဖြစ်နေကြသည်။ သူတို့အား မြင့်မားသော ဂုဏ်လည်း ပေးစွမ်းသေးသည်။

ထို့နောက် ယဲ့ဖန်က ကျန်းကျန့်ရန်ကို ကြည့်လိုက်သည်။

“ဒီလိုအဖြစ်မျိုး ထပ်ဖြစ်လာမယ်ဆိုရင် မင်းခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်တော့”

ဘေးလူများ ထိတ်လန့်ကုန်သည်။ ယဲ့ဖန်က အလွန် မျက်နှာသာမပေးဘဲ ထားမည်ဟု သူတို့ ထင်မထားမိပါ။

“ဟုတ်ကဲ့”

ကျန်းကျန့်ရန်၏ မျက်နှာ ပြာနှမ်းသွားပြီး ဘာစောဒကမှ မတက်ရဲချေ။ နိုင်ငံသူရဲကောာင်းက ထိုက်တန်သော ကြင်နာမှုနှင့် လေးစားမှု မရရှိခြင်းက တကယ်ပင် သူ၏ တာဝန် ဖြစ်သည်။

“အရှင် ယဲ့ဘုရင်၊ ဒီကိစ္စက ဗိုလ်မှူးကြီးကျန်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်တို့တောင်မှ ချမ်ရှုံးထောင်က ဒီလို ကြောင်သူတော်မှန်း မသိခဲ့ပါဘူး”

“အရှင် ယဲ့ဘုရင်၊ ကျေးဇူးပြုပြီး ဗိုလ်မှူးကြီးကျန်းကို ခွင့်လွှတ်ပေးပါ၊ တကယ်တော့ သူက ကျွန်တော်တို့အပေါ် ကောင်းပါတယ်၊ အမြဲ လူလွှတ်ပြီး ကျွန်တော်တို့ နေပုံထိုင်ပုံ အခြေအနေကို စစ်ဆေးခိုင်းတာပါ”

စစ်ပြန် တစ်ယောက်ပြီး တစ်ယောက်က ယဲ့ဖန်ကို အသနားခံလေသည်။

“မင်းတို့အပေါ် ကောင်းတယ် ဟုတ်လား၊ အဲ့လိုဆို အခြားသူတွေက မင်းတို့ကို သူတောင်းစားဆိုပြီး စော်ကားမလား”

ယဲ့ဖန်က အေးစက်စက် ပျက်ရယ်ပြုလိုက်ပြီး ထိုအချင်းအရာ တစ်ခုတည်းနှင့်တင် ကျန်းကျန့်ရန် အပြစ်ကြီး နေလေပြီ။

နိုင်ငံ့သူရဲကောင်းတစ်ယောက်က သူတောင်းစားဟု ပုတ်ခတ်စော်ကားခံရတာက ဘယ်လောင်တောင် ဆိုးရွားလိုက်သလဲ။

“ကျန်းကျန့်ရန် ငါ မင်းကိုမေးမယ်၊ ငါ့နတ်ဆိုး အငွေ့အသက် အင်ပါယာက အခြားသူတွေရဲ့ ပေးကမ်းစွန့်ကြဲတာကို လိုအပ်သလား”

ယဲ့ဖန် မေးလိုက်သည်။

“မလိုပါဘူး”

“မင်း ဘာလို့ အခြားသူတွေရဲ့ အကူအညီကို လက်ခံပြီးတော့ သူတို့ကို ငါတို့နိုင်ငံရဲ့ သူရဲကောင်းတွေကို စော်ကားခွင့် ပေးထားတာလဲ”

ယဲ့ဖန်၏ မျက်လုံးများက အေးစက် ခက်ထန်လာသည်။

“တပ်ရဲ့ ဘဏ္ဍာငွေကို ကိုယ့်အိတ်ထဲထည့်ပြီး ကြီးပွားအောင် လုပ်တဲ့အတွက် ဘယ်လို အပြစ်ဒဏ် ခံယူသင့်သလဲ”

ကျန်းကျန့်ရန်က ကြမ်းပြင်ပေါ် ဒူးထောက်လာပြီး မျက်နှာ ပြာနှမ်းလာလေသည်။

“ပစ်သတ်ခံရသင့်ပါတယ်”

All Chapters