← Chapters

နတ်ဆိုး ဒေါသထွက်နေပြီ

Vol. 118 Ch. 1589

နတ်ဆိုး ဒေါသထွက်နေပြီ

Vol. 118 Ch. 1589

ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း တိတ်ဆိတ်သွားသည်။

“ခွိ”

“ဟားဟားဟား”

ထို့နောက်တွင်မူ ဘေးလူများက ဝါးလုံးကွဲမတတ် ရယ်မောလာကြသည်။ အားလုံး အားပါးတရ ရယ်နေလေ၏။

“ကျန်းကျန့်ရန် မင်း … အာ ဒါ မင်း ပိုက်ဆံတောင်းတဲ့နည်းက ပိုပိုပြီး ခေတ်မီလာပြီပဲ၊ မင်းက ယဲ့ဘုရင် ရောက်လာတယ်ဆိုတဲ့ ပုံစံတောင် အကွက်ထုတ်နေပြီပဲ”

လင်းရှန်ဖုန့်က မခိုးမခန့် ရယ်၍ လှောင်ပြောင်လေသည်။

“အရှင်မင်းမြတ်က တော်ဝင်မြို့တော်မှာ ဆိုတာကို ဘယ်သူက မသိဘဲ နေလို့လဲ၊ နောက်တစ်ခါကျရင် နည်းနည်း ပိုဖြစ်နိုင်ချေရှိတဲ့ လိမ်ဆင် လုပ်လာစမ်းပါကွာ”

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ထမ်းက ကျန်းကျန့်ရန်ကို မထီမဲ့မြင်နှင့် အထင်သေးစွာ ကြည့်နေသည်။

မြင့်မြတ်သော အင်ပါယာ၏ ဗိုလ်မှူးကြီးက ပိုက်ဆံတောင်းရန်အတွက် ဤသို့ နိမ့်ကျသော အရာကို လုပ်လိမ့်မည်ဟု သူ ထင်မထားမိပေ။

ဤသည်က ရယ်ချင်စရာပင်။

“ငါ မင်းကို လာနောက်နေတယ်လို့ ထင်နေလား”

ကျန်းကျန့်ရန်၏ မျက်နှာ မည်းမှောင်သွားပြီး သူ၏ လူသတ်ချင်စိတ် ထွက်ပေါ်လာသည်။ သူ၏ သည်းခံနိုင်စွမ်းက အကန့်အသတ်သို့ ရောက်သွားလေပြီ။

“မဟုတ်လို့လား၊ မင်း ခွေးနဲ့ကြောင်ကို ရှာပြီး ဆပ်ကပ်ပြပြီး ငါ့ကို အရူးလုပ်မလို့လား”

လင်းရှန်ဖုန့်က အထင်သေးစွာ ပြုံးလိုက်သည်။

“သူက ယဲ့ဘုရင်ဆိုရင် ငါက ယဲ့ဘုရင်ရဲ့ အဖေပဲကွ”

“ဒုန်း”

ထိုစကားအဆုံး၌ လင်းရှန်ဖုန့် ကန်ထုတ်ခံရပြီး နံရံအား အရှိန်ဖြင့် သွားဆောင့်လေသည်။ ရင်ညွန့်ရိုး ကျိုးသွားပြီး လူတစ်ကိုယ်လုံး ကြမ်းပြင်ပေါ်၌ ခွေးသေတစ်ကောင်လို လဲနေပြီး သွေးများ အန်လာသည်။

လင်းရှန်ဖုန့်၏ လက်အောက်ငယ်သားများ ကြက်သေ သေနေကြသည်။ တစ်စုံတစ်ယောက်က လင်းရှန်ဖုန့်အား တိုက်ခိုက်ရဲသည်ကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။

ဤရှုကျိုး၌ ကျန်းကျန့်ရန်တောင်မှ လင်းရှန်ဖုန့်၏ မျက်နှာကို ကြည့်နေရသဖြင့် ဘယ်သူက သူ၏ ဆံပင် တစ်ချောင်းကိုပင် ထိရဲမည်နည်း။

ရှောင်လျှိုက ပို၍ပင် ထိတ်လန့်နေ၏။ သူမသည် ကြမ်းပြင်၌ ဆောင့်ကြောင့်ထိုင်နေပြီး လက်များ တုန်နေကာ တစ်ဒင်္ဂမျှ အသိစိတ် လွတ်နေသည်။

ကန်ထုတ်လိုက်သူက ယဲ့ဖန်ပင်။ ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်ခက်ထန်သော အရိပ်အယောင်များ ဖြတ်ပြေးနေ၏။

“မင်း … မင်း အစိုးရ အရာရှိကို ရိုက်ရဲတယ်ပေါ့လေ၊ မင်းတော့ သွားပြီပဲ”

လင်းရှန်ဖုန့်က အလွန် မုန်းတီးသော အကြည့်တို့ဖြင့် ချက်ချင်း အော်ဟစ်လေသည်။

“ပြီးတော့ မင်း … ကျန်းကျန့်ရန် ငါ မင်းကို ပြောလိုက်မယ်၊ မင်း ငါ့ဆီကနေ ဘယ်တော့မှ တစ်ပြားမှ မရစေရဘူးကွ”

သူ့အား ရန်စလလျင် ဘယ်လိုဖြစ်မလဲ ဆိုသည်ကို ဤမျိုးမစစ်ကောင်များကို သိအောင် သူ လုပ်ချင်နေ၏။

“လင်းရှန်ဖုန့် ငါ မင်းကို လာနောက်နေတယ်လို့ မင်း ထင်ကောင်း ထင်လိမ့်မယ်၊ ဒါပေမဲ့ စိတ်မကောင်းစရာက ငါ နောက်နေတာ မဟုတ်ဘူး”

ကျန်းကျန့်ရန်က လင်းရှန်ဖုန့်အား ခံစားချက် ကင်းမဲ့စွာ ကြည့်နေ၏။

“သူက တကယ် ယဲ့ဘုရင်ပဲ၊ အဲ့တော့ သူက မင်းကို ရိုက်ရဲရုံတင် မကဘူး၊ မင်းကို သတ်လည်း သတ်ရဲတယ်”

“မင်း အဲ့ဒါပဲ ပြောနေမှာလား၊ ယဲ့ဘုရင် ဟုတ်လား၊ အစွမ်းရှိရင် ငါ့ကို သက်သေပြလေ”

လင်းရှန်ဖုန့်က တံတွေးထွေး၍ ယဲ့ဖန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

“ဖြောင်း”

ထို့နောက် သူ၏ ဝဖိုင့်ဖိုင့် မျက်နှာပေါ်သို့ ယဲ့ဖန်၏ လက်ဝါးချက် ကျလာပြန်သည်။

သွားတစ်ချို့ ကျိုးကာ အပြင်သို့ ကန်ထွက်လာပြီး သွေးများ အန်ကာ မျက်နှာတစ်ခုလုံး ရောင်ကိုင်းလာသည်။

လူတိုင်း ကြက်သေ သေသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။

*ရက်စက်တယ်*

*ကြမ်းကြုတ်လွန်းတယ်*

*ဒီလူက နတ်ဆိုးပဲ*

*အဆင့်မြင့် အစိုးရ အရာရှိကို ထပ်ခါထပ်ခါ ရိုက်တာက ကြီးလေးတဲ့ ရာဇဝတ်မှုပဲ၊ ဒီလူ သေမှာကို မကြောက်ဘူးလား*

*တကယ်လို့ သူသာ တော်ဝင်မြို့တော်ကို သွားရင် ကျန်းကျန့်ရန်တောင်မှ သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး*

ယဲ့ဖန်က လင်းရှန်ဖုန့်အား အေးစက်စွာ ပြောလာသည်။

“မင်း အခုထိ မသိသေးတာ ဖြစ်ကောင်းဖြစ်မယ်၊ ငါ မင်းကို ဘာမှသက်သေပြစရာ မလိုဘူး၊ ဒီအင်ပါယာ တစ်ခုလုံးမှာ ငါ မသတ်ရဲတဲ့သူ ဆိုတာ တစ်ယောက်မှ မရှိဘူး၊ မင်းက … သောက်ချီးထုပ်ကောင်ပဲ”

*ဘာ*

လင်းရှန်ဖုန့်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ယဲ့ဖန်အား အလန့်တကြား ကြည့်လာသည်။

“မင်းက တကယ် ယဲ့ဘုရင်လား”

လက်ရှိတွင် ယဲ့ဖန်၏ ကြမ်းကြုတ်မှုကြောင့် သူ ကြောက်လန့်နေလေပြီ။

*သူက တကယ် ယဲ့ဘုရင်ပဲ*

ရှောင်လျှိုနှင့် အခြားသူများ အံ့ဩသွားပြီး မျက်လုံးတွင် ကြောက်ရွံ့ဟန်များ စိုးမိုးလာ၏။

*အင်ပါယာတစ်ခုလုံးရဲ့ နတ်ဘုရားက ဒီကို ရောက်နေတာလား*

ထိုအခိုက်တွင် သူတို့အားလုံး ကြောက်လန့်နေကြသည်။

*ယဲ့ဘုရင်က တော်ဝင်မြို့တော်မှာ ရှိတာ မဟုတ်ဘူးလား၊ သူက ဘာလို့ ရှုကျိုးမှာ ပေါ်လာတာလဲ*

လူတိုင်း ယဲ့ဖန်အား ကြောက်ရွံ့စွာ ကြည့်နေကြသည်။ အများက လေးစားရသော အမျိုးသားသည် ဤမျှ ငယ်ရွယ်လိမ့်မည်ဟု သူတို့ မယုံနိုင်ကြသည့်ပုံပင်။

*ကျန်းကျန့်ရန်တောင် မယုံနိုင်လောက်အောင် ငယ်နေတာကို၊ ယဲ့ဖန်က သူ့ထက် ပိုငယ်တာလား*

ဤသို့သော လူငယ်လေးက အင်ပါယာတစ်ခုလုံးအား ကယ်ခဲ့သည့် အဖြစ်သည် ယုံရခက်လှပေသည်။

ယဲ့ဖန်က သူ့အရှေ့မှ ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်၍ လင်းရှန်ဖုန့်အား အေးအေးဆေးဆေး ကြည့်လိုက်သည်။

“မင်းနောက်ကွယ်က လူက ဘယ်သူလဲ ပြော”

“ငါ ပြောရင် မင်း ငါ့ကို လွှတ်ပေးမှာလား”

လင်းရှန်ဖုန့် မရဲတရဲ မေးလိုက်သည်။ သူ့အရှေ့မှလူက ယဲ့ဘုရင်ဖြစ်မှန်း သူ တစ်ရာရာခိုင်နှုန်း သေချာသွားသည်။ အကြောင်းပြချက် ရိုးရှင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က အစမှအဆုံးတိုင် ပိုက်ဆံအကြောင်း တစ်ခါမှ ဟမသွားသောကြောင့်ပင်။

ဤသည်က သူသည် ကျန်းကျန့်ရန် ဟန်ဆောင်ရန် ခေါ်လာသူ မဟုတ်ကြောင်း ပြသနေ၏။

ယဲ့ဖန်က တစ်ခွန်းမှမပြောဘဲ ချုံးချီအား အချက်ပြလိုက်သည်။ ချုံးချီက လင်းရှန်ဖုန့်ထံ လျှောက်သွားပြီး သူ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လာသည်။

“မင်း ဘာလုပ်တာလဲ၊ ရပ်စမ်း ရပ်စမ်း”

လင်းရှန်ဖုန့် အသည်းအသန် အော်ဟစ်လာပြီး မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်လာသည်။ ချုံးချီ ဘာလုပ်မလဲ သူ မသိသော်လည်း မသိစိတ်က ကောင်းသောအရာ မဖြစ်နိုင်ကြောင်း ပြောနေသည်။

“ဂျွတ်”

တစ်ခဏအတွင်းမှာပင် ချုံးချီက သူ့လက်မောင်းတစ်ဖက်ကို စုတ်ဖြဲလေသည်။ ထို့နောက် ပါးစပ်ထဲ ထည့်၍ တကျွတ်ကျွတ် ဝါးစားလေတော့သည်။

“အား…”

ကြောက်လန့်တကြား အော်ဟစ်လိုက်သော အော်သံ ထွက်ပေါ်လာပြီး လူတိုင်း ကြက်သီးမွေးညင်း ထသွားသည်။

*ငရဲလိုပဲ*

*လူသားစားတာလား*

*ဒါ ဇာတ်တူသား စားတာပဲ*

ဤမြင်ကွင်းက သူတို့ကို ကြောက်လန့်သွားစေသည်။

*သူက ယဲ့ဘုရင်ပဲ*

*သူက ယဲ့ဘုရင်ပဲ ဖြစ်ရမယ်*

*ယဲ့ဘုရင်ကသာလျင် ဒီလောက် ရက်စက်နိုင်တာ*

လင်းရှန်ဖုန့်၏ ကျန်လက်တစ်ဖက်က ကြမ်းပြင်ကို တဖြန်းဖြန်းရိုက်၍ အော်ဟစ်နေပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။

ထိုအချိန်တွင် ယဲ့ဖန်ကလည်း ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ဆက်ပြောလာသည်။

“ငါ့ကို လာညှိနှိုင်းတဲ့ လူတွေကို သဘောမကျဘူး၊ အထူးသဖြင့် မင်းလိုလူတွေပဲ၊ မင်း ဘာလုပ်ရမလဲ သိပြီလား”

လင်းရှန်ဖုန့် အော်သာအော်နေပြီး တစ်ခွန်းမှ မပြောနိုင်ချေ။

“အခုအချိန်ကစပြီး သူ ထပ်အော်ရင် မင်း သူ့ကို တစ်ခါ စုတ်ဖြဲလိုက်”

ထိုစကားကြောင့် လင်းရှန်ဖုန့်သည် ကျန်လက်တစ်ဖက်ဖြင့် သူ့ပါးစပ်ကိုအုပ်၍ မအော်မိအောင် ကြိုးစားနေ၏။ သို့သော် သိပ်မကြာခင်မှာပင် နာကျင်မှုကြောင့် သူ့လက်သူ သွေးထွက်အောင် ကိုက်လိုက်မိသည်။

“အခု ငါ သိချင်တာကို မင်း ပြောနိုင်ပြီလား”

ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။

“လျှိုကျန်းဟောင်နဲ့ သူ့သားပါ၊ သူတို့က ဒီကိစ္စကို အစကနေ အဆုံးထိ ချုပ်ကိုင်ထားတာပါ၊ ကျွန်တောက် တစ်ဘီလီယံလောက်ပဲ စားရတာပါ၊ ကျန်တဲ့ငွေအားလုံးက သူတို့သားအဖ အိတ်ထဲ ရောက်သွားပါပြီ”

လင်းရှန်ဖုန့်က အလျင်အမြန် ပြောလိုက်သည်။ ယဲ့ဖန် တစ်ဖက်လှည့်၍ ကျန်းကျန့်ရန်ကို ကြည့်လိုက်သည်။

“မင်း အဲ့သားအဖကို သိလား”

ကျန်းကျန့်ရန်၏ မျက်နှာက မသိမသာ မည်းမှောင်နေပြီး ပြန်ဖြေလာည်။

“သူတို့က ဝန်ကြီးအဖွဲ့က ဝန်ကြီးတွေပါ”

ယဲ့ဖန် အံ့ဩသွားသည်။ ထို့နောက် သူ့အပြုံးက ပို၍ ကျောချမ်းဖွယ်ကောင်းလာသည်။

“ဆိုတော့ ငါ့ပိုက်ဆံတွေက မြို့တော်ထဲက ထွက်မသွားဘဲ ဝန်ကြီးတွေရဲ့ အိတ်ထဲ တန်းရောက်သွားတာပေါ့ ဟုတ်လား”

ထိုစကားကြောင့် လင်းရှန်ဖုန့် တုန်ယင်သွားပြီး အလျင်အမြန် စကားကတ်၍ ပြောလိုက်သည်။

“ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ဖိအားပေးခံရတာ*

ယဲ့ဖန်က သူ ပြောသော အဓိပ္ပာယ်မရှိသည့် စကားကို မယုံပေ။

“မင်းကြောင့် လူပေါင်း တစ်သန်းကျော် နေစရာ မရှိတာ၊ မင်း သေသင့်တယ်”

“အရှင်မင်းမြတ် ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော့်ကို အခွင့်အရေး တစ်ခါပဲ ထပ်ပေးပါ၊ ကျွန်တော် ယူထားတဲ့ ပိုက်ဆံအားလုံး ပေးပါ့မယ်”

လင်းရှန်ဖုန့် အသည်းအသန် တောင်းပန်နေပြီး ယခင်ကဲ့သို့ မောက်မာခြင်း မရှိတော့ဘဲ အော်ငိုနေသည်။ ယဲ့ဖန်က ခေါင်းသာခါပြသည်။

“ငါ ပိုက်ဆံပဲ လိုချင်တာ မဟုတ်ဘူး၊ အသက်ပါ လိုချင်တာ”

“ငါ့ပိုက်ဆံက အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ဘူး”

ယဲ့ဖန်က ပြောပြီး ထရပ်ကာ တံခါးဆီ လျှောက်သွားသည်။ ချုံးချီက လင်းရှန်ဖုန့်ထံ ခံစားချက်ကင်းမဲ့စွာ လျှောက်သွားလေသည်။

လင်းရှန်ဖုန့် လည်ချောင်းကွဲမတတ် အော်ဟစ်လေတော့သည်။

“ဗိုလ်မှူးကြီးကျန်း ကျုပ်ကို ကယ်ပါဦး၊ ကျုပ် ခင်ဗျားကို ပိုက်ဆံ ပေးပါ့မယ်၊ ကျုပ် လျှိုကျန်းဟောင်တို့ သားအဖအတွက် သက်သေ လိုက်ပေးနိုင်ပါတယ်”

“မရဘူး၊ သူတို့နာမည် ထုတ်ပြောတာနဲ့တင် လုံလောက်ပြီ၊ စိတ်မပူနဲ့ မကြာခင် သူတို့ မင်းနောက် လိုက်လာမှာပါ”

ကျန်းကျန့်ရန်က လင်းရှန်ဖုန့်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် ပြုံး၍ ထွက်သွားသည်။ ထိုအခိုက်တွင် ချုံးချီ၏ လက်များက လင်းရှန်ဖုန့်၏ လည်ပင်းပေါ် သက်ဆင်းလာသည်။

…..

ဘဏ္ဍာရေးဌာနမှ ထွက်လာပြီးနောက် ယဲ့ဖန်သည် တော်ဝင်မြို့တော်မှ လျှိုကျန်းဟောင်တို့ သားအဖနှင့် ပတ်သက်သော အစီရင်ခံစာကို ချက်ချင်း ရလာသည်။

သူ စစ်ဆေးကြည့်ရင်း ထိတ်လန့်သွားရသည်။ ရှုကျိုးမှ အကျင့်ပျက် ခြစားခြင်းသည် ရေခဲတောင်၏ ထိပ်ပိုင်းမျှသာ ရှိသေးသည်။ ကပ်ဘေးအလွန် ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေများသည် လျှိုကျန်းဟောင်တို့ သားအဖ လက်ထဲမှ စီရင်စုများသို့ ဖြန့်ဝေခြင်း ဖြစ်သည်။

ကျန်းကျန့်ရန်နှင့် ယဲ့ဖန်တို့က ရင်းနှိးသော ပတ်သက်မှု ရှိနေသောကြောင့် ထင်သည်။ လျှိုကျန်းဟောင်တို့ သားအဖက အကြိမ်တိုင်း မသိမသာသာ ဖြတ်ခုတ်ရဲသည်။

အခြားနေရာများတွင် အနည်းဆုံး သုံးပုံနှစ်ပုံ လာဘ်စားနေ၏။ အချို့နေရာများတွင် ဆယ်ပုံလျင် ကိုးပုံမှ ဖြတ်ယူထားသည်။

ဤပမာဏက မည်မျှ ကြီးမားလိုက်သနည်း။ ဆယ်သန်းထဲက ကိုးသန်း ထုတ်နေသည်နှင့် အတူတူပင်။ ဤသို့သာ ဆက်ဖြစ်နေလျင် ဘယ်အချိန်မှ တိုင်းပြည်က နလန်ပြန်ထူမည်နည်း။

ယဲ့ဖန်နှင့် ပိုင်ရွှယ်သည် နန်းတွင်းကိစ္စများနှင့် အလုပ်များနေပြီး တိုင်းပြည်အား တည်ငြိမ်အောင် လုပ်ခါစသာ ရှိသေးသည်။ ထို့ကြောင့် လျှိုကျန်းဟောင်ကဲ့သို့သော အလကားကောင်များ အခွင့်ကောင်းယူ၍ ရသွားခြင်း ဖြစ်သည်။

လျှိုကျန်းဟောင်နှင့် သူ့သားက ယဲ့ဖန်ထံမှ ငွေ တစ်ထရီလီယံကျော်အထိ လာဘ်စားထားသည်ဟု အကြမ်းဖျင်း တွက်ချက်မိသည်။

များလိုက်သည့်ပမာဏပင်။ လောဘက ကြီးလှပေ၏။

ထိုသတင်းကို ကြားသည်နှင့် ယဲ့ဖန် အလွန် ဒေါသထွက်ကာ ဆက်သွယ်ရေး ကိရိယာအား ဖျက်ဆီးလုနီးပါး ဖြစ်သွားသည်။

*ချီးပဲ*

*အဲ့သားအဖ သေကိုသေရမယ်*

ရှုကျိုးစီရင်စုတွင်ပင် လူပေါင်းတစ်သန်းကျော် ဒုက္ခရောက်နေသဖြင့် အခြားနေရာများပါ ထပ်ပေါင်းလိုက်လျင် မည်မျှ များပြားနေမည်နည်း။

လောဘက သူတို့အား လူမဆန်စေသည်။ ဤသို့သော လူများကို ငရဲသို့သာ ပို့သင့်၏။ ထိုသားအဖအား အကြိမ်တစ်ထောင်မျှ သတ်လျင်ပင် မလုံလောက်နိုင်ပေ။ သူတို့အား ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းသင့်သည်။

ယဲ့ဖန်ထံမှ ထွက်ပေါ်လာသော လူသတ်လိုသည့် အငွေ့အသက်က လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ ပြင်းထန်လှသည်။

ယဲ့ဖန်ကို ကြောက်လွန်း၍ ချုံးချီပင် ပြင်းထန်စွာ တုန်လှုပ်နေ၏။

ဒေါသထွက်နေသော ကျူးလုံ ဧကရာဇ်ပုံစံအား သူ မမြင်ရတော့သည်မှာ ကြာနေသဖြင့် သူ မေ့ပင် မေ့နေသည်။ ဤမြင်ကွင်းက သူ့အား သေမတတ် ကြောက်လန့်စေသည်။

လီဝေ့တောင်မှ မျက်နှာ ဖြူရော်နေသည်။ ဤဖိအား အရှိန်အဝါက သူမအား ဖိချေနေသလိုပင်။

“သခင်ကြီး ခင်ဗျား ကျွန်တော်တို့အပေါ် ဖိအား ထပ်ထုတ်ရင် ကျွန်တော်တို့ သေရလိမ့်မယ်”

ကြက်ကတုံး ညည်းတွားလိုက်သည်။ ကြက်ကတုံးသည်လည်း ကြက်သီးထနေ၏။ သူ့ရင်ဘတ်အား လက်သီးနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားရပြီး သွေးအန်လာရသည်။

ယဲ့ဖန်က သူ့ဖိအား အရှိန်အဝါကို ရုတ်သိမ်း၍ နလန်ရှောင်အား အေးစက်စက် မေးလိုက်သည်။

“အခု သူ ဘယ်မှာလဲ”

“သူတို့ အင်ပါယာထဲက ထွက်သွားပြီးတော့ သွေးသန့်စင်ခြင်းနိုင်ငံဆိုတဲ့ နိုင်ငံငယ်လေးမှာ ပုန်းနေပါတယ်၊ သွေးသန့်စင်ခြင်းနိုင်ငံနဲ့ သွေးဝိညာဉ် တာအိုကျောင်းတော်တို့က ပတ်သက်မှု ရှိတယ်လို့ ပြောကြပါတယ်၊ လျှိုကျန်းဟောင်တို့ သားအဖက ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုပြီး စီစဉ်ထားတဲ့ပုံပါဘဲ”

“သူတို့က သူတော်စင်သခင်အဆင့်နဲ့ နတ်ဘုရင်အဆင့်တို့ ပါတဲ့ စစ်သားတွေနဲ့မြင်းတွေ ငှားဖို့ ပိုက်ဆံ အများကြီး

သုံးခဲ့ပါတယ်၊ အင်မော်တယ် ဧကရာဇ်အဆင့်တောင် ပါတယ်လို့ သတင်းရပါတယ်၊ အဲ့စစ်သားတွေနဲ့ မြင်းတွေကို ငှားဖို့ သုံးတဲ့အရာက အရှင် သူတို့ကို ပေးထားတဲ့ ရတနာနဲ့ပါ”

တိတ်ဆိတ်သွားသည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။

ယဲ့ဖန် ပေးထားသော ရှားပါးရတနာကိုသုံး၍ နတ်ဘုရင်အဆင့်နှင့် အင်မော်တယ် ဧကရာဇ်အဆင့်များကို ဆွဲဆောင်၍ ငှားရမ်းကာ ယဲ့ဖန်ကို ပြန်ဆန့်ကျင်နေသည်တဲ့လား။

တစ်ချိန်တည်းမှာပင် သွေးဝိညာဉ်တာအိုကျောင်းတော်ကို မှီခိုလိုက်ခြင်းက ယဲ့ဖန်၏ အုပ်ချုပ်မှုမှ လုံးဝ ထွက်သွားခြင်းပင်။

*တော်တော်ကို ကြိုတင်ကြံစည်ထားတဲ့ အကွက်ချမှုပဲ*

ယဲ့ဖန်က အရူးတစ်ယောက်လို ကစားခံလိုက်ရသည်။ သူ ငြိမ်၍ တွက်ချက်နေခဲ့သည်။

သူ့ပိုက်ဆံနှင့် ပိုင်ဆိုင်မှုကို လျှိုကျန်းဟောင်တို့သားအဖက ယူ၍ ထွက်ပြေးသွားသည်။ သူ့လူများ နှိပ်စက်ဖိစီးခံရပြီး ညည်းတွားနေရလေသည်။

“ဒီနေ့ပဲ သွေးသန့်စင်ခြင်းနိုင်ငံကို ခရီးထွက်မယ်”

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးတွင် သွေးဆာမှုနှင့် ရက်စက်မှုတို့ ပြည့်နှက်နေ၏။ နတ်ဆိုးဘုရင် ဒေါသူပုန် ထနေလေပြီ။

All Chapters