← Chapters

မင်းတို့တွေ သေရမယ်

Vol. 118 Ch. 1590

မင်းတို့တွေ သေရမယ်

Vol. 118 Ch. 1590

မည်သူမှ သူ့ကို မျောက်တစ်ကောင်လို မကစားနိုင်ပါ။ လျှိုကျန်းဟောင်နှင့် သူ့သားတို့ သေကိုသေရပေမည်။

“အရှင်မင်းမြတ် မဖြစ်ပါဘူး၊ အဲ့ဒါ သွေးသန့်စင်ခြင်းနိုင်ငံပါ၊ အဲ့က လူတွေအားလုံးက မှော်အတတ်ကို ကျွမ်းကျင်တဲ့ မိစ္ဆာတွေပါ၊ တစ်ယောက်တည်းသွားတာက မဆင်မခြင် လုပ်ရာကျလွန်းမှာ စိုးရပါတယ်”

ကျန်းကျန့်ရန်က ယဲ့ဖန်ကို အလျင်အမြန် အသိပေးလိုက်သည်။

“ငါတို့ တစ်ယောက်တည်း သွားမယ်လို့ ဘယ်သူ ပြောလဲ”

*ဒါက*

ကျန်းကျန့်ရန် မှင်တက်သွားသည်။

“အရှင်မင်းမြတ်၊ အရှင့်မှာ လူအင်အား ရှိသေးတာလား”

….

“ငါ မင်းကို စစ်သည်တစ်သန်းပေးမယ်လို့ ကတိပေးခဲ့တာကို မှတ်မိလား”

ယဲ့ဖန် မေးလိုက်သည်။ ကျန်းကျန့်ရန် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ယဲ့ဖန်အား တအံ့တဩ ကြည့်နေကာ တစ်ခွန်းမျှ မပြောနိုင်ချေ။

ယဲ့ဖန်၏ စကားကြောင့် သူ မှင်တက်သွားမှန်း သိသာလှသည်။

*နောက် … နောက်နေတာလား*

“မင်း သူတို့နဲ့တွေ့ဖို့ အချိန်တန်ပြီ”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူ့မျက်လုံးများက ပို၍ အေးစက် မှောင်မိုက်လာသည်။

….

ထိုအချိန်တွင် သွေးသန့်စင်ခြင်း နိုင်ငံအတွင်း၌ လျှိုကျန်းဟောင်နှင့် သူ့သားသည် အုန်းရည်သောက်ကာ နေပူဆာ လှုံနေသည်။

“အဖေ အင်ပါယာထဲမှာ တစ်နေ့ကို လူထောင်သောင်းချီပြီး ငတ်သေနေကြတယ်လို့ ကျွန်တော် ကြားတယ်၊ အဲ့အရူးတွေက ကျွန်တော်တို့ စကားကို နားထောင်ပြီး လေဆိပ်မှာ ထောက်ပံ့ရေး ပစ္စည်းတွေ တစ်ပတ်လောက် စောင့်နေတာလေ၊ သူတို့အားလုံး အဲ့မှာ ငတ်သေကြပြီ ဟားဟားဟား”

လျှိုကျန်းဟောင်၏ သား လျှိုကျားလွေ့က အင်ပါယာ နေ့စဉ်သတင်းစာကို ကိုင်ထားကာ စိတ်ထဲ၌ တစ်စက်ကလေးမှ လိပ်ပြာမလုံသလို မခံစားရချေ။

သူတို့သည် ယဲ့ဖန်၏ ပိုက်ဆံကို လိမ်ယူပြီး အပြစ်မရှိသော ပြည်သူများအား စားစရာရှာမည့် အခွင့်အရေးကို လက်လျှော့ခိုင်းစေပြီး လေဆိပ်၌ အဆာလွန်၍ မသေမချင်း ရူးမိုက်စွာ စောင့်ခိုင်းခဲ့သည်။

“ကျွန်တော် မှန်းတာမှန်မယ်ဆိုရင် ယဲ့ဘုရင် ဒါကို သိသွားလောက်ပြီ”

သူ့စကားကို ကြားသော် လျှိုကျန်းဟောင်က အထင်သေးစွာ ပြုံးလိုက်သည်။

“သိသွားတော့ ဘာဖြစ်လဲ၊ အခု ငါတို့က သွေးသန့်စင်ခြင်းနိုင်ငံမှာ ရောက်နေတာလေ၊ သန်းချီတဲ့ မိစ္ဆာတွေ ဝိုင်းနေတာ၊ သူက ငါတို့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ”

လျှိုကျန်းဟောင်သည် ယဲ့ဘုရင်၏ ပိုက်ဆံကို လိမ်ယူပြီးနောက် တစ်ဝက်အား သွေးဝိညာဉ် တာအို ကျောင်းတော်အား ခိုလှုံခွင့်အတွက် ပေးလိုက်သည်။

နတ်ဆိုး အငွေ့အသက် အင်ပါယာက အကြီးအကျယ် ထိခိုက် ပျက်စီးနေချိန်တွင် ယဲ့ဖန်က သွေးသန့်စင်ခြင်း နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရဲလိမ့်မည်ဟု သူ မယုံပါ။

ထိုသို့လုပ်မည်ဆိုလျင် နတ်ဆိုး အငွေ့အသက် အင်ပါယာက ပြာကျသွားပေလိမ့်မည်။

“လောကကြီးက အဲ့သောက်ယဲ့ဘုရင်ကို‌ ကြောက်ပင်မယ့် ကျွန်တော်တို့က မကြောက်ဘူးလေ”

လျှိုကျားလွေ့က ရယ်နေသည်။

“ငါတို့က မကြောက်ရုံတင် မကဘူး၊ သူတို့ မျောက်လိုပါ ကစားရဲတယ်လေ”

အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်က သူတို့၏ လှည့်စားခြင်း ခံလိုက်ရသော်လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။ ဤသည်က သူတို့ဘဝအတွက် ပြောစမှတ် ပြုစရာကြီးပင်။

“အခုါတို့ကြောင့် အင်ပါယာထဲမှာ သေသွားတဲ့လူက တစ်သန်းကျော်သွားပြီ၊ ငါတို့ကို ထာဝရ အပြစ်သားတွေအဖြစ် သတ်မှတ်ထားလိုက်ပြီ”

လျှိုကျန်းဟောင်က ရယ်မောနေပြီး မရှက်သည့်အပြင် ဂုဏ်ယူသလို ခံစားနေရသည်။

“ဟားဟား ဒါဆို ကျွန်တော်တို့ နှစ်ထောင်ချီပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတော့မှာပဲ၊ နောက်ဆို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ယဲ့ဘုရင်က ကျွန်တော်တို့ လက်ထဲမှာ ကစားစရာ ဖြစ်ခဲ့တာကို တစ်လောကလုံး သိသွားတော့မှာ၊ ကျွန်တော် တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ”

လျှိုကျားလွေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူတို့၏ အမြင်တွင် ယဲ့ဖန် မည်မျှ ဒေါသထွက်နေပါစေ အလိမ်ခံရသဖြင့် အအတစ်ယောက်လို ပါးစပ်ပိတ်နေရုံသာ တတ်နိုင်လိမ့်မည်ဟု ထင်နေကြသည်။

သားအဖနှစ်ယောက်သည် စကားပြောရင်းနှင့် ပိုပို၍ စိတ်လှုပ်ရှားလာပြီး ခွက်ချင်းတိုက်၍ အောင်ပွဲခံနေကြသည်။ သူတို့ ဘဝတွင် အောင်နိုင်သူကြီးများအဖြစ် ခံစားနေရသည်။

ယခု သူတို့တွင် ရှစ်ဘဝတိုင်တိုင် သုံးမကုန်နိုင်သည့် ပိုက်ဆံများ ရှိနေလေပြီ။ မိန်းမလှလေးများနှင့် အကောင်းစား ဝိုင်များဖြင့် အပျော်ကြီး ပျော်နေကြသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း သိုင်းပညာ မြင့်မားသူများ၏ ကာကွယ်ပေးမှုလည်း ရှိသေးသည်။

ပို၍ အရေးပါသည်မှာ သူတို့သည် တစ်လောကလုံးက ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ထားသောသူကို အနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ယဲ့ဘုရင်၏ နာမည်ကို အသုံးချပြီး နာမည်ကျော်များ ဖြစ်လာပေတော့မည်။

သို့သော် သူတို့ မသိလိုက်သည်က ယဲ့ဖန်တစ်ယောက် သွေးသန့်စင်ခြင်းနိုင်ငံထဲသို့ ရောက်နေခြင်းပင်။

လက်ရှိတွင် ယဲ့ဖန်သည် မောင်းနှင်နေသော ကားတစ်စီးပေါ် ထိုင်လျက် ရှိနေပြီး လက်ထဲတွင် tablet တစ်လုံးကို ကိုင်ထားပြီး လျှိုကျန်းဟောင်တို့ သားအဖ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်းကို ကြည့်နေသည်။

“ဟားဟားဟား အရူးတွေ မင်းတို့တွေ ထောက်ပံ့ရေး ပစ္စည်းတွေကို ပေါတောတောနဲ့ စောင့်နေတုန်းလား၊ မင်းတို့ စောင့်မနေနဲ့တော့၊ ဘာလို့လဲဆိုတော့ ပိုက်ဆံကို ငါတို့ သားအဖတွေ ယူလိုက်လို့ပဲ”

လျှိုကျားလွေ့က ဝိုင်နီ အပြည့်ဖြည့်ထားသော ခွက်ကို လက်တစ်ဖက်က ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် မိန်းမလှလေး တစ်ယောက်ကို ဖက်ထားပြီး ရယ်နေ၏။

“ယဲ့ဘုရင် မင်းက အရူးပဲ၊ မင်းပိုက်ဆံကို ငါတို့ လုသွားပြီ၊ မင်း ငါတို့ကို ဘာလုပ်နိုင်လဲ၊ မင်းမှာ အစွမ်းရှိရင် သွေးသန့်စင်ခြင်းနိုင်ငံကို လာပြီး ငါတို့ကို လာဖမ်းလေ”

လျှိုကျန်းဟောင်က အော်ပြောပြီး ဖန်သားပြင်ရှေ့ တည့်တည့်၌ လက်ခလယ် ထောင်ပြသည်။

အလွန်အမင်း စော်ကားလွန်းလှပေ၏။

“နတ်ဆိုးအငွေ့အသက် အင်ပါယာက ဒီနေ့ လူတွေ သေတယ်၊ မနက်ဖြန်လည်း လူတွေ သေဦးမှာပဲ၊ အနာဂတ်မှာ နေ့တိုင်း သေနေမှာ၊ ဒါတွေအားလုံးက ငါတို့အမှားပဲ၊ ဟားဟားဟား … မင်း အရမ်း ဒေါသထွက်နေမှန်း ငါ သိတယ်၊ ဒါပေမဲ့ မင်း ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ”

တိုက်ရိုက် ထုတ်လွှင့်ခြင်းမှာ ဆဲဆိုကြိမ်းမောင်းသော စကားများကို ဖတ်ပြီး သားအဖနှစ်ယောက်က ပို၍ အားပါးတရ ရယ်မောကြသည်။ ဤအနိဋ္ဌာရုံကို ကြည့်၍ ပျော်ရွှင်နေပုံရသည်။

သူတို့အမြင်တွင် ဤလူများ ဒေါသထွက်လေ ပိုကံဆိုးလေဟု သတ်မှတ်ထားကြသည်။ ထို့အပြင် ထိုကံဆိုးမှုက သူတို့ သားအဖကြောင့် ဖြစ်သည်ကို တွေးမိတိုင်း စိတ်လှုပ်ရှားကာ တုန်ယင်လာရသည်။

ထိုစဉ် ယဲ့ဖန်က tablet ကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

“ဒီလျှိုကျန်းဟောင်တို့ သားအဖက အရမ်း မုန်းဖို့ကောင်းတယ်၊ သူတို့က ဒီလောက် လူတွေအများကြီးကို သတ်ခဲ့ပြီးတော့ ငွေတွေအများကြီးကိုလည်း လာဘ်စားခဲ့တယ်၊ ဒါတောင် သူတို့က သူတို့ကိုယ်သူတို့ မာန်တက်ပြီး အများသိအောင် ကြေငြာပြီး ခံရတဲ့လူတွေကို လှောင်ပြောင် စော်ကားနေသေးတယ်”

လီဝေ့ သည်းမခံနိုင်တော့ဘဲ ဒေါသထွက်နေသော မျက်နှာနှင့် ပြောဆိုလာသည်။ သို့သော် ယဲ့ဖန်ကမူ အေးဆေး တည်ငြိမ်နေပြီး သူ့မျက်နှာက ခံစားချက်ကင်းမဲ့၍ တုံတိဘာဝေ ဖြစ်နေ၏။

“ရှင် ဒေါသမထွက်ဘူးလား”

လီဝေ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။ ပြောရမည်ဆိုလျင် ယဲ့ဖန်သည် လှောင်ပြောင်ပြောဆိုခံရသဖြင့် ဒေါသထွက် နေသင့်သည်။

“မသာကို ဒေါသထွက်ရမှာလား၊ ထိုက်တန်လို့လား”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ လျှိုကျန်းဟောင်တို့ သားအဖနှင့် နီးလာလေ သူ ပို၍ တည်ငြိမ် လာလေပင်။

သို့သော် ဤသို့သော တည်ငြိမ်မှု နောက်ကွယ်၌ ပြင်းထန်သော မုန်တိုင်းတစ်ခု ရှိနေ၏။ လီဝေ့ တစ်ခဏမျှ ကြက်သေ သေသွားသည်။

*ဒါကို မုန်တိုင်းမလာခင် လေငြိမ်တယ်လို့ ခေါ်တာလား*

ထိုအချိန်တွင် ကျန်းကျန့်ရန်သည်လည်း အသင့်ဖြစ်နေပြီး စိတ်မရှည်စွာ‌ မေးလိုက်သည်။

“အရှင်မင်းမြတ်၊ အရှင် ပြောတဲ့ ပြိုင်ဘက်ကင်း စစ်တပ်က ဘယ်မှာပါလဲ၊ သူတို့ကို ဘယ်တော့မှ ခေါ်ထုတ်မှာလဲ”

“သူတို့က ဒီမှာလေ”

“ဒီမှာလား”

ကျန်းကျန့်ရန် မှင်တက်သွားပြီး ယဲ့ဖန်၏ စကားကို နားမလည်နိုင် ဖြစ်နေသည်။

“ကားရပ်လိုက်”

ယဲ့ဖန် အမိန့်ပေးလိုက်ပြီးနောက် ကားရပ်သွားသည်နှင့် ကားထဲမှ ဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် အနီရောင်နောက်ခံ၌ အနက်ရောင်နဂါးကို ရေးဆွဲထားသော နဂါးနက်အလံတစ်ခုကို ကိုင်ထားသည်။

နဂါးနက်အလံ၊ ချင်ခေတ်စစ်တပ်၏ အလံ။ စစ်ပွဲကို နှစ်ခြိုက်သူ ဖြစ်သော ကျန်းကျန့်ရန်အဖို့ ဤအလံ၏ ဇစ်မြစ်နှင့် နောက်ခံကို ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။

“ဒါ နောက်နေတာလား”

ရုတ်တရက် သူ တစ်ကိုယ်တည်း ရေရွတ်မိပြီး မျက်လုံးများက ပြူးကျယ်လာပုံ ရသည်။ ထိုအခိုက်တွင် သူသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး သူ့မျက်လုံးတွင်း၌ ကြောက်စိတ် စိုးမိုးလာ၏။

သူ ခန့်မှန်းမိသော်လည်း အမှန်ကို မယုံနိုင် ဖြစ်နေသည်။

ယဲ့ဖန်က နဂါးနက်အလံကို အရှေ့သို့ ပစ်လိုက်သောအခါ ၎င်းက မြေကြီးထဲ ထိုးစိုက်သွားသည်။

တစ်ခဏအတွင်း ငလျင်လှုပ်သကဲ့သို့သော စွမ်းအင်တစ်ခုက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

“ဝုန်း”

ရုတ်တရက် ကောင်းကင်တွင် အဝါရောင်သဲများ ပြည့်နှက်လာ၏။ ထိုအခိုက်တွင် လီဝေ့နှင့် ကျန်းကျန်ရန်တို့သည် အလွန် ရှေးကျသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်မိပြီး လေပြင်းနှင့်အတူ သဲများ တိုက်ခတ် လာသောကြောင့် သူတို့ မျက်လုံးပင် မပွင့်နိုင်အောင် ဖြစ်သွားကြသည်။

သို့သော် တစ်ခဏကြာသော် သဲများ တိုက်ခတ်ခြင်း ရပ်တန့်သွားသည်။ ထို့နောက်တွင်မူ သူတို့ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်လာ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်စိရှေ့တွင် စတုရန်းသုံးဆယ်ကျော် ကျယ်ဝန်းသော အစီအရင်များ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ တစ်ခုစီတွင် လူတစ်သောင်းကျော် ရှိနေသည်။

အားလုံးတွင် အလံများ ရှိနေသည်။ ချင်ဟူသော စကားလုံးကို‌ ရေးထွင်းထားသည့် အနက်ရောင်အလံက ကြီးမားပြီး လေနှင့်အတူ တဖျပ်ဖျပ် လွင့်နေကာ ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်ဖော်နေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ကျန်းကျန့်ရန် အံ့အားသင့်သွားသည်။ သူသည် စစ်မြေပြင်၌ အချိန် ကြာမြင့်စွာ ရှိခဲ့သောကြောင့် မမြင်ဖူးသော စစ်သည်တော်များဟူ၍ မရှိပါ။

သို့သော် ဤမျှ ထည်ဝါပြီး သန်မာသော စစ်သည်တော်များကိုတော့ သူ မမြင်ဖူးပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် တောတောင် ရေမြေကို လွှမ်းမိုးနိုင်သော အရှိန်အဝါကို ခံစားမိနေသည်။

အားလုံး၏ အသက်ရှူသံကပင် သေသပ်ညီညာနေ၏။

*ကောင်းကောင်း လေ့ကျင့်ပေးထားတာလား*

*ဒါက လေ့ကျင့်ထားတာထက်တောင် လွန်နေသေးတယ်*

*ဒါက အသင်းအဖွဲ့စိတ်ဓာတ် အရိုးထဲအထိ စွဲနေတာပဲ*

ကျန်းကျန့်ရန်သည် တစ်ခါက သူ့အား စစ်သည်တော် တစ်သန်းပေးလျင် ကိုးပြည်နယ်ကိုပင် ရှင်းလင်းနိုင်သည်ဟု ပြောခဲ့ဖူးသည်။

သို့သော် ယခု ဤစစ်တပ်နှင့်သာဆိုလျင် သူ နတ်ဘုရားများကိုပင် စိန်ခေါ်နိုင်သည်ဟု အခိုင်အမာ ပြောရဲသည်။

“မဟာချင်စစ်တပ်လား”

ကျန်းကျန့်ရန်က ယဲ့ဖန်အား မယုံနိုင်သလို လှည့်ကြည့်လာပြီး သူ့မျက်လုံးတွင် ကြောက်ရွံ့ဟန်များ ပြည့်နှက်နေသည်။ မျက်လုံးများက အရောင်တာက်ပနေ၏။

လီဝေ့သည်လည်း နားဝေတိမ်တောင် ဖြစ်ကာ မယုံနိုင် ဖြစ်နေ၏။

*ယဲ့ဖန်က ရှေးခေတ်က နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ စစ်တပ်ကို ဆင့်ခေါ်နိုင် တာလား*

သို့သော် ပို၍ ကြောက်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် ဖြစ်လာရန် ကျန်နေသေးပါ၏။

“ငါ့ရဲ့ နောက်နာမည်တစ်ခုက ကျူးလုံ ဧကရာဇ်ပဲ”

ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ နေရာမှာတင် ကြက်သေ သေသွားကြသည်။

*ကျူးလုံ ဧကရာဇ်လား၊ ယဲ့ဘုရင်က ကျူးလုံ ဧကရာဇ် ဖြစ်နေတာပေါ့*

*ဧကရာဇ်ကိုးပါးထဲက တစ်ပါးလေ*

ကျန်းကျန့်ရန် သွေးပွက်ပွက် ဆူလာ၏။ ကျူးလုံ ဧကရာဇ်သည် သူ့ဘဝ၌ အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ကျူးလုံ ဧကရာဇ်သည် လောက၌ အထူးချွန်ဆုံး စစ်ဗျူဟာပိုင်ရှင် ဖြစ်လေသည်။

ကျန်းကျန့်ရန်ဘဝ၌ ဖြစ်မြောက်ချင်သော ပန်းတိုင်ကို သူ ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။ ထိုပန်းတိုင်မှာ စစ်မြင်းကို စီး၍ ကိုးပြည်နယ်အား ခြယ်လှယ် သိမ်းပိုက်ခြင်းပင်။

ကျူးလုံ ဧကရာဇ် လုပ်နိုင်ခဲ့သည်။ ကျန်းကျန့်ရန်က ထိုပန်းတိုင်ကို ရောက်ရှိရန် ကြိုးစားအားထုတ်နေဆဲ ဖြစ်သည်။

“ငါ မင်းကို လောကမှာ အထူးချွန်ဆုံး စစ်တပ်ကို ပေးလိုက်ပြီ၊ ငါ စိတ်ပျက်အောင် မလုပ်နဲ့”

ယဲ့ဖန်က ကျန်းကျန့်ရန်ကို ကြည့်၍ ပြောလိုက်သည်။

“အရှင်မင်းမြတ် စိတ်ချပါ၊ ကျွန်တော် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မှာပါ”

ကျန်းကျန့်ရန်က စိတ်လှုပ်ရှားမှုကြောင့် တုန်နေပြီး ရုတ်တရက် တစ်ဖက်လှည့်၍ ထည်ဝါသော စစ်တပ်ကို ကြည့်ပြီး မျက်လုံး အရောင်တောက်နေသည်။ မသိလျင် ကိုယ်လုံးတီး မိန်းမလှလေးကို ကြည့်နေသလိုပင်။

ကျန်းကျန့်ရန်အား ဓားသမားနှင့် နှိုင်းယှဉ်မည်ဆိုလျင် ဤစစ်တပ်က ကျန်းကျန့်ရန်အတွက် အထက်ဆုံး ဓားဖြစ်ပေမည်။

သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ထို့နောက် ကျန်းကျန့်ရန်ထံမှ အားပါးတရ ရယ်မောသံ ထွက်ပေါ်လာ၏။

“ဟားဟားဟား သွေးသန့်စင်ခြင်းနိုင်ငံ၊ မင်းတို့ ဒီနေ့ သေနိုင်ပြီကွ”

…

ယဲ့ဖန်နှင့် လီဝေ့တို့သည် မြွေများကို မလှန့်မိစေရန် သွေးသန့်စင်ခြင်းနိုင်ငံထဲသို့ အရင် ဝင်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သွေးသံတရဲရဲ မြင်ကွင်းများကို မြင်လာရသည်။

ညီအစ်ကိုမောင်နှမများအား သတ်ဖြတ်ခြင်း၊ အမေကို သတ်သောသားများ စသဖြင့် တွေ့မြင်ရသည်။ လူသား၏ အသိစိတ်နှင့် ကြင်နာတတ်သော စိတ်တို့က ဤနေရာ၌ လုံးဝ ပျောက်ဆုံးနေ၏။

ဤနိုင်ငံမှ လူများသည် တိရစ္ဆာန်များထက် ပိုဆိုးရွားပြီး လူသတ်ခြင်းက သူတို့အတွက် ထမင်းစား ရေသောက်လိုပင်။

အချင်းချင်း မတည့်တော့လျင် ဓားဆွဲ၍ သတ်ကြသည်။

သွေးသန့်စင်ခြင်းနိုင်ငံမှ လူများကို အပြင်လောကမှ လူများက မိစ္ဆာများဟု ခေါ်ခြင်းသည် မသင့်တော်သော စကား မဟုတ်ချေ။

ဤသည်က လီဝေ့၏ မျက်နှာကို ဖြူရော်သွားစေသည်။ တစ်ဖက်တွင်မူ ယဲ့ဖန်က တည်ငြိမ်နေ၏။

ငရဲ၏ ဆိုးရွားသော မြင်ကွင်းများကို တွေ့မြင်ပြီးနောက် ဤလောက၏ မည်သို့သော ကြောက်မက်ဖွယ် မြင်ကွင်းမဆိုက သူ့အတွက် လန့်စရာ ကောင်းမနေတော့ချေ။

“ဒီမိန်းမလှလေးက ငါ့အပိုင်ပဲ”

ရုတ်တရက် အမျိုးသားတစ်သိုက်က လီဝေ့ကို စိုက်ကြည့်လာပြီး သူတို့၏ မျက်လုံးတွင် ရမ္မက်မီးများ တောက်လောင်လျက် ရှိပြီး လီဝေ့အား ချက်ချင်း အဝတ်ချွတ်၍ စော်ကားချင်နေပုံရသည်။

သွေးသန့်စင်ခြင်းနိုင်ငံတွင် အမျိုးသမီးများ မုဒိမ်းကျင့်ခံရခြင်းက ဖြစ်နေကြကိစ္စပင်။ မုဒိမ်းမှုများက အမြဲတစေ ဖြစ်နေကာ အချို့ဆိုလျင် မုဒိမ်းကျင့်ခံနေရစဉ်မှာပင် ခေါင်းဖြတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားရသည်။

လက်ရှိတွင် လူမိုက်များက ဝံပုလွေများနှင့် ကျားများသဖွယ် ယဲ့ဖန်ထံ ပြေးတက်လာကြသည်။ အကြောင်းမှာ မိန်းမများကို လိုချင်လျင် သူတို့ယောက်ျားများကို အရင်သတ်လေ့ ရှိသောကြောင့်ပင်တည်း။

ယဲ့ဖန်သည် ဓားရိုးကို လက်နှစ်ဖက်ဖြင့် ကိုင်၍ စကြဝဋ္ဌာဓားကိုဝင့်၍ မြေကြီးအထိ ခုတ်ပိုင်းလိုက်သည်။ ဓားအိမ်ကို မချွတ်ထားသော်လည်း ဓားစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

“မင်းတို့တွေ သေလိုက်တော့”

စာစဉ် ၁၀၆ ဤတွင် ပြီးပါပြီ။

All Chapters