← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း (၃၃၄) - အဆင့်သုံး မှော်ပညာရှင်

“ကျေးဇူးတင်ပါတယ် သခင်”

ရွှီနင်က ကျေးဇူးတင်ဟန်ဖြင့် အရိုအသေပေးလိုက်လေသည်။

လူငယ်လေးက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အစေခံတစ်ဦးကို လှမ်းခေါ်လိုက်သည်။

“သူ့အတွက် နေစရာတစ်နေရာ စီစဉ်ပေးလိုက်၊ ပြီးတော့ မဟူရာမိုးမခအဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကိုပါ သေချာရှင်းပြလိုက်ဦး”

လူငယ်က အမိန့်ပေးလိုက်လေသည်။

အစေခံဖြစ်သူက ရိုသေစွာဖြင့် ခေါင်းညိတ်လက်ခံလိုက်လေသည်။

ထိုကိစ္စပြီးဆုံးသွားသောအခါ လူငယ်သည် နောက်သို့လှည့်ကာ အိမ်တော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ရွှီနင်မှာမူ အစေခံခေါ်ဆောင်ရာ ခြံဝင်းအတွင်းရှိ ဘေးဘက်အခန်းတစ်ခန်းသို့ လိုက်ပါသွားရလေသည်။ ထို့နောက် မဟူရာမိုးမခအဖွဲ့အစည်း၌ နေထိုင်စဉ်အတွင်း သတိထားရမည့် အချက်အလက်များကိုပါ သိရှိလိုက်ရချေပြီ။

ဤသို့ဖြင့် ရွှီနင်တစ်ယောက် မှော်ပညာရှင်အဖွဲ့အစည်းအတွင်းသို့ အဆင့်နိမ့်အစေခံတစ်ဦးအဖြစ် ဝင်ရောက်လာခဲ့လေသည်။

…

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

ခြောက်လတာကာလ ကုန်လွန်သွားခဲ့ပြီးနောက်…

လွန်ခဲ့သောခြောက်လအတွင်း ရွှီနင်သည် မဟူရာမိုးမခအဖွဲ့အစည်းရှိ ဘဝနှင့် အပြည့်အဝ ယဉ်ပါးနေခဲ့ချေပြီ။

ထို့အပြင် အစေခံတစ်ဦးဟူသော အဆင့်အတန်းကို အသုံးချကာ မှော်ပညာရှင်များ၏ အရင်းအမြစ်များနှင့် ထိတွေ့ခွင့်ရခဲ့ပြီး သူ၏စွမ်းအားများကို အဆင့်နှစ် မှော်ပညာရှင်အဆင့်အထိ တိတ်တဆိတ် မြှင့်တင်နိုင်ခဲ့လေသည်။

ယနေ့တွင်မူ…

ရွှီနင်သည် အိပ်ရာမှ နိုးထလာခဲ့လေသည်။

သူသည် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် နောက်ဖေးခြံဝင်းဆီသို့ ထွက်လာခဲ့လေသည်။

နောက်ဖေးခြံဝင်းအတွင်း၌ မှော်ဆေးပင်များစွာကို စိုက်ပျိုးထားလေသည်။ ဤမှော်ဆေးပင်များသည် မှော်ပညာရှင်များအတွက် လိုအပ်သော အရေးပါသည့် အရင်းအမြစ်များထဲမှ တစ်ခုပင်ဖြစ်သည်။

ရွှီနင် အစေခံဖြစ်လာပြီးနောက် သူ၏အဓိကအလုပ်မှာ ထိုမှော်ဆေးပင်များကို ပြုစုပျိုးထောင်ပေးရန် ဖြစ်လေသည်။

သူ၏ မူလကမ္ဘာတွင် ဆေးပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည့်အတွက် ရွှီနင်သည် မှော်ဆေးပင်များကို စိုက်ပျိုးပြုစုရာ၌ အတွေ့အကြုံများစွာ ရှိနေခဲ့ပေသည်။

သူသည် သိုင်းပညာစွမ်းအားများ ကင်းမဲ့သွားပြီဖြစ်၍ ဆေးဖော်စပ်ခြင်းများ မပြုလုပ်နိုင်တော့သော်လည်း ခူးဆွတ်ပြီးနောက် မှော်ဆေးရည်များအဖြစ် ပြုပြင်ဖန်တီးရန်မှာမူ ရွှီနင်အတွက် ခက်ခဲသောကိစ္စ မဟုတ်ပါချေ။

ရွှီနင် စိုက်ပျိုးထားသော မှော်ဆေးပင်များ၏ အရည်အသွေးမှာ အလွန်မြင့်မားလွန်းလှသဖြင့် သူ့အား အရေးပါသော နေရာတစ်ခုတွင် ထားရှိထားလေသည်။ ယခုအခါ သူသည် ခြံဝင်းအတွင်း၌ အဆင့်အတန်းအမြင့်မားဆုံးသူ ဖြစ်နေချေပြီ။

‘နောက်ထပ် သုံးရက်ဆိုရင် ငါတိတ်တဆိတ် စိုက်ပျိုးထားတဲ့ မှော်ဆေးပင်တွေ ရင့်မှည့်လာတော့မှာပဲ။ ဒီနည်းနဲ့ဆိုရင် ငါ နောက်ထပ်စွမ်းအင်ယူနစ်တွေ ထပ်ရပြီး အဆင့်သုံး မှော်ပညာရှင်အဖြစ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်တော့မယ်’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

ရွှီနင်သည် မှော်ဆေးပင်များကို ပြုစုပျိုးထောင်နေစဉ်အတွင်း သူ၏ကြွယ်ဝလှသော အတွေ့အကြုံများကို အသုံးချကာ တန်ဖိုးကြီးအပင်အချို့ကို သီးသန့်ဖယ်ထုတ်ပြီး မည်သူမျှ သတိမထားမိသော ထောင့်တစ်နေရာ၌ တိတ်တဆိတ် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

အပင်များ ရင့်မှည့်လာချိန်တွင် ရွှီနင်က ၎င်းတို့ကို အသုံးပြုမည် ဖြစ်လေသည်။

ထိုနည်းလမ်းကို အသုံးပြု၍ ရွှီနင်သည် အဆင့်တက်ရန်အတွက် လိုအပ်သော စွမ်းအင်ယူနစ်များကို စုဆောင်းနိုင်ခဲ့ခြင်းပင်။

ရွှီနင်အတွက် သူ၏အဆင့်တက်လှမ်းမှုမှာ အခြားသူများထက် လွယ်ကူနေခဲ့လေသည်။

အခြားသော မှော်ပညာရှင်များ အဆင့်တက်လှမ်းရန်အတွက်မူ ပြင်ပအရင်းအမြစ်များစွာ၏ ပံ့ပိုးမှု လိုအပ်ပြီး တစ်ခါတစ်ရံတွင် ပိုမိုမြင့်မားသော အဆင့်ရှိ မှော်ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုပင် လိုအပ်သေးသည်။

အစပိုင်း၌ ရွှီနင်သည် ထိုသို့သော အဆင့်တက်လှမ်းခြင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခဲ့မိသည်။

သို့သော် သိုင်းပညာမျက်နှာပြင်မှတစ်ဆင့် သူ၏အဆင့်တက်လှမ်းမှုမှာ မူလကမ္ဘာကဲ့သို့ပင် အတူတူဖြစ်နေကြောင်း ရွှီနင် ရှာဖွေတွေ့ရှိခဲ့လေသည်။ လုံလောက်သော စွမ်းအင်များကို စုဆောင်းရန်သာ လိုအပ်ပေသည်။

ထို့ကြောင့်ပင် ရွှီနင်တစ်ယောက် တိတ်တဆိတ် အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

‘ငါသာ အဆင့်သုံး မှော်ပညာရှင်တစ်ယောက်အဖြစ် အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်ခဲ့ရင် မဟူရာမိုးမခအဖွဲ့အစည်းမှာ ဆက်ပြီး ပုန်းအောင်းနေစရာ မလိုတော့ဘူး။ အဲဒီအချိန်ကျရင် ငါ့ရဲ့အဆင့်အတန်းနဲ့ဆို တခြားမှော်ပညာရှင်အဖွဲ့အစည်းတစ်ခုခုမှာ ဝင်ရောက်ပြီး ရာထူးတစ်ခုခု ရယူနိုင်လိမ့်မယ်။’

ရွှီနင် စိတ်ထဲတွင် တွေးတောနေမိသည်။

မှော်ဆေးပင်များကို ပြုစုစောင့်ရှောက်ပြီးနောက် ရွှီနင်သည် သူတိတ်တဆိတ် စိုက်ပျိုးထားသော အပင်များကို တစ်ချက်ခိုးကြည့်လိုက်ပြီး နောက်ဖေးခြံဝင်းအတွင်းမှ ထွက်လာခဲ့လေသည်။

အိမ်ရှေ့ခြံဝင်းအတွင်းသို့ ရောက်သည်နှင့် ရွှီနင်သည် အရင်းအမြစ်အချို့အား အိမ်ထဲသို့ သယ်ယူရန် ပြင်လိုက်စဉ် အေးစက်စက်ရုပ်သွင်ရှိသော အမျိုးသမီးတစ်ဦး ဝင်လာသည်ကို မြင်လိုက်ရသည်။

“သခင်မလေးကွမ်...”

ရွှီနင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ထိုသခင်မလေးကွမ်မှာ ခေတ္တမျှ ရပ်တန့်သွားပြီး ရွှီနင်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ကာ အဓိကခန်းမဆောင်ဆီသို့ အမြန်လျှောက်သွားလေတော့သည်။

ထိုအမျိုးသမီး၏ အမည်မှာ ကွမ်ယွဲ့ ဖြစ်သည်။ သူမသည် ရွှီနင်အား ဤနေရာ၌ နေထိုင်ခွင့်ပြုခဲ့သော လူငယ်လေး၏ ဆရာတူအစ်မဖြစ်ပြီး အဆင့်နှစ် မှော်ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။

ထိုလူငယ်လေး၏ အမည်မှာမူ ချန်ဟယ်ရှင်း ဖြစ်ပြီး သူသည် အဆင့်တစ် မှော်ပညာရှင် ဖြစ်လေသည်။

ထိုမှော်ပညာရှင်နှစ်ဦး၏ ဆရာဖြစ်သူ၊ အဖွဲ့အစည်း၏ ပိုင်ရှင်အမည်မှာ ကျန်းထူ ဖြစ်သည်။

သူသည် အဆင့်သုံး မှော်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် မဟူရာမိုးမခအဖွဲ့အစည်း၏ နည်းပြတစ်ဦးလည်း ဖြစ်သည်။ သူ၏အဆင့်အတန်းမှာ သိုင်းလောကရှိ ဂိုဏ်းအကြီးအကဲတစ်ဦးနှင့် အကြမ်းဖျင်း ညီမျှလေသည်။

မဟူရာမိုးမခအဖွဲ့အစည်းတွင် အသန်မာဆုံးသူမှာ ဂိုဏ်းအုပ်ကြီးဖြစ်ပြီး အဆင့်လေး မှော်ပညာရှင်တစ်ဦး ဖြစ်ပေသည်။

မကြာမီမှာပင် ချန်ဟယ်ရှင်းသည်လည်း အပြေးရောက်လာခဲ့လေသည်။

သူသည်လည်း အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။ သူသည် အိမ်ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ရွှီနင်၏ နှုတ်ဆက်မှုကိုပင် လျစ်လျူရှုသွားလေသည်။

‘ကွမ်ယွဲ့နဲ့ ချန်ဟယ်ရှင်းတို့ တစ်ခုခုနဲ့ ကြုံတွေ့လာခဲ့တာ သေချာတယ်...’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

လွန်ခဲ့သောလအနည်းငယ်အတွင်း ချန်ဟယ်ရှင်းသည် ကျန်းထူနှင့်အတူ လေ့ကျင့်ရန် ဤနေရာသို့ နေ့စဉ်နီးပါး ရောက်လာတတ်သည်။

အခြားတစ်ဖက်တွင်မူ ကွမ်ယွဲ့သည် တစ်လလျှင် ရက်အနည်းငယ်ခန့်သာ လာလေ့ရှိသည်။ ထို့အပြင် သူမသည် ဤမျှစောစောစီးစီး ရောက်လာဖူးခြင်း မရှိချေ။

သို့သော် ယခုအခါ ထိုနှစ်ဦးလုံးသည် မနက်အစောကြီး ရောက်လာခဲ့ကြပြီး စိုးရိမ်ပူပန်နေပုံ ရလေသည်။ သူတို့ ဖြေရှင်းစရာ တစ်ခုခုရှိနေသည်မှာ သိသာလှပေသည်။

‘မဟူရာမိုးမခအဖွဲ့အစည်းမှာ တစ်ခုခုများ ဖြစ်နေလို့လား’

ရွှီနင် ခန့်မှန်းကြည့်လိုက်သည်။

‘ထားလိုက်ပါတော့၊ လောလောဆယ်တော့ ငါ ဘာမှသိနိုင်မှာ မဟုတ်ဘူး။ မှော်ဆေးပင်တွေကို ပျိုးထောင်ပြီး အဲဒီကနေ စွမ်းအင်တွေ စုပ်ယူဖို့ပဲ အာရုံစိုက်ထားလိုက်တော့မယ်။’

ရွှီနင် စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

သုံးရက်ကြာပြီးနောက် ရွှီနင် တိတ်တဆိတ် စိုက်ပျိုးထားသော မှော်ဆေးပင်များမှာ ရင့်မှည့်လာလေပြီ။

ထိုအပင်များဆီမှ စွမ်းအင်များကို စုပ်ယူပြီးနောက် ရွှီနင်၏ စွမ်းအင်ပမာဏမှာ ယူနစ် ၅၀၀ အထိ ရောက်ရှိသွားခဲ့သည်။ ဤစွမ်းအင်ယူနစ်များဖြင့် ရွှီနင်သည် သူ၏အဆင့်အ အဆင့်သုံး မှော်ပညာရှင်အဖြစ်သို့ မြှင့်တင်နိုင်ခဲ့လေသည်။

အဆင့်သုံး မှော်ပညာရှင်တစ်ဦး၏ စွမ်းအားဖြင့် ရွှီနင်သည် အဖွဲ့အစည်းငယ်တစ်ခုကိုပင် တည်ထောင်နိုင်နေပြီဖြစ်ပြီး မှော်ပညာရှင်အချို့ကို လက်အောက်ငယ်သားများအဖြစ်ပင် စုဆောင်းနိုင်စွမ်း ရှိနေချေပြီ။

‘သိုင်းပညာမျက်နှာပြင်’

အဆင့်တက်လှမ်းပြီးနောက် ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

––

အမည် - ရွှီနင်

နယ်ပယ် - အဆင့်သုံး မှော်ပညာရှင်

မှော်ပညာကျင့်စဉ် - လေအကာအကွယ်၊ တိုက်စားခြင်းမြား

လက်ကျန်စွမ်းအင် - ၅၀ ယူနစ်

––

ဤသည်မှာ ဤကမ္ဘာရှိ ရွှီနင်၏ သိုင်းပညာမျက်နှာပြင်ပင် ဖြစ်လေသည်။

မှော်ပညာကျင့်စဉ် အပိုင်းလေးတစ်ခုသာ သူ၏မူလကမ္ဘာတွင် ဖော်ပြလေ့ရှိသော သာမန်ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်များနှင့် ကွဲပြားနေခြင်း ဖြစ်သည်။ ယင်းက မှော်ပညာရှင်များ၏ တိုက်ခိုက်ရေးနည်းစနစ်များကို ရည်ညွှန်းခြင်းပင်။

မှော်ပညာရှင်ကမ္ဘာသည် သိုင်းလောကနှင့် ကွဲပြားခြားနားလှသည်။ သိုင်းလောကတွင် သိုင်းသမားများသည် ဟင်းလင်းပြင်နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိမှသာ သဘာဝစွမ်းအင်များနှင့် တရားဝင် ထိတွေ့ခွင့်ရကြသော်လည်း မှော်ပညာရှင်ကမ္ဘာတွင်မူ မှော်ပညာကျင့်စဉ်များသည် အစကတည်းက သဘာဝစွမ်းအင်များ၏ ပျက်စီးနိုင်စွမ်းများ ပါဝင်နေလေသည်။

ရွှီနင်၏ မှော်ပညာကျင့်စဉ်များဖြစ်သော လေအကာအကွယ်နှင့် တိုက်စားခြင်းမြားတို့မှာ သွမ့်ဟွေးယောင့်၏ မှတ်ဉာဏ်ပုံဆောင်ခဲမှ သင်ယူထားခြင်း ဖြစ်သည်။

‘ငါ မဟူရာမိုးမခအဖွဲ့အစည်းကနေ ဘယ်တော့လောက် ထွက်သွားရမလဲ...’

ရွှီနင် စိတ်ထဲတွင် တွေးတောနေမိသည်။

အမှန်တကယ်တွင် သူသည် သူ၏စွမ်းအားများကို တိတ်တဆိတ် စုဆောင်းနေရခြင်းသာ မဟုတ်ပါက မဟူရာမိုးမခအဖွဲ့အစည်းအား ခြေကုပ်ယူကာ ပိုမိုမြင့်မားသော အဆင့်ရှိ မှော်ပညာရှင်အဖွဲ့အစည်းများနှင့် ထိတွေ့ခွင့်ရရန်ပင် ဆန္ဒရှိနေခဲ့သည်။

သို့သော် သူသည် အစေခံတစ်ဦးဖြစ်နေသဖြင့် သူ၏ အစစ်အမှန်စွမ်းအားများအား ရုတ်တရက် ထုတ်ဖော်လိုက်ပါက အဆင့်လေး မှော်ပညာရှင်၏ သံသယဝင်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ရင်ဆိုင်ရနိုင်ပေသည်။

“အစ်ကိုရွှီ”

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်သည် ရွှီနင်၏ တံခါးကို အလျင်စလို လာရောက်ခေါက်လေသည်။

“ဟင်”

ရွှီနင် မျက်မှောင်ကြုံ့လိုက်သည်။ တံခါးလာခေါက်သူမှာ အစေခံတစ်ဦးဖြစ်ကြောင်း သူ သိလိုက်သည်။

အချိန်ကား ညနက်နေပြီဖြစ်ရာ တစ်နေကုန် အလုပ်လုပ်ထားရသော အစေခံအများစုမှာ အိပ်ပျော်နေကြပြီ ဖြစ်သည်။

ထို့အပြင် ညအချိန်တွင် အစေခံများ တွေ့ဆုံခြင်းက အဖွဲ့အစည်း၏ စည်းမျဉ်းများကို ချိုးဖောက်ရာကျပေသည်။

အကယ်၍ အဖမ်းခံရပါက အပြစ်ပေးခံရနိုင်ခြေပင် ရှိလေသည်။

သို့သော်လည်း ရွှီနင်သည် တံခါးအား ဖွင့်ပေးလိုက်သည်။

သူ၏အရှေ့တွင် ရပ်နေသူမှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ခန္ဓာကိုယ်ထွားကျိုင်းသော အစေခံတစ်ဦး ဖြစ်ပေသည်။

“ကျွမ့်ဟူ၊ ညသန်းခေါင်ကြီး ငါ့ဆီ ဘာလာလုပ်တာလဲ”

ရွှီနင်သည် ကျွမ့်ဟူနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိထားလေသည်။

ရွှီနင်၏ အစေခံများကြား အဆင့်အတန်း မြင့်မားလာပြီးနောက် ရွှီနင်သည် သူ့အား သေချာဂရုစိုက် စောင့်ရှောက်ပေးခဲ့သည်။

“အစ်ကိုရွှီ... ကျွန်တော် ကောလာဟလတစ်ခု ကြားခဲ့ရတယ်”

ကျွမ့်ဟူက တံခါးကို အမြန်ပိတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘာကောလာဟလလဲ”

ရွှီနင် မျက်ခုံးပင့်လိုက်သည်။

“ကျွန်တော်တို့ရဲ့ မဟူရာမိုးမခအဖွဲ့အစည်းက မကြာခင် ဝင်တိုက်ခံရတော့မယ်တဲ့။”

ကျွမ့်ဟူ၏ လေသံတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။

All Chapters