အခန်း (၆၆၉)
Vol. 57 Ch. 669
အခန်း 669
ထိုအခိုက်အတန့်၌ သံကြိုးဓားသုံးသည့် မျက်နှာဖုံးဝတ်အမျိုးသားသည် နန်ပါးထျန်းကို သယ်လျက် အဆက်မပြတ် တစ်ဟုန်ထိုး ပျံဝဲတက်နေသည့် ငန်းတစ်ကောင်အလား အိမ်ခေါင်မိုးများထက် အရှိန်လျင်မြန်စွာ ပြေးလွှားနေသည်။
အောက်ဘက်၌ ယဲ့လုဖုန်းနှင့်လက်အောက်ငယ်သားများသည် မြင်းစီးနှင်လျက် နောက်မှလိုက်နေကြသည်။
မကြာမီ၌ လူအုပ်စုသည် မြို့ဂိတ်တံခါးသို့ ရောက်ခဲ့ကြသည်။ မျက်နှာဖုံးဝတ်အမျိုးသားသည် သံကြိုးဓားကို လွှဲရမ်းလျက် မြို့တံတိုင်းသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် အင်အားပြင်းထန်လှစွာသော လှုပ်ရှားမှုဖြင့် မြို့တံတိုင်းပေါ်သို့ ခုန်တက်သွားပြီး မြို့ပြင်သို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
ထိုအချိန်၌ ယဲ့လုဖုန်းနှင့်လက်အောက်ငယ်သားများသည်လည်း မြင်းဒုန်းဆိုင်းနှင်၍ ရောက်လာကြသည်။
ရုတ်တရက် လူအများကြီးကို မြင်လိုက်ရသဖြင့် မြို့ဂိတ်တံခါး၏ ဂိတ်စောင့်တပ်သားများမှာ ထိတ်လန့်သွားခဲ့သည်။ သို့သော် ချက်ချင်းပင် ယဲ့လုဖုန်းကို မှတ်မိသွားခဲ့ပြီး အော်ပြောလိုက်သည်။
“သခင်ကြီးယဲ့လု”
ယဲ့လုဖုန်းမှ ပြောသည်။
“မြို့ဂိတ်တံခါးဖွင့်စမ်း”
ထိုအခါ ဂိတ်စောင့်တပ်သားများသည် မြို့ဂိတ်တံခါးများကို ချက်ချင်း ဖွင့်လိုက်ကြသည်။ ယဲ့လုဖုန်းနှင့်လက်အောက်ငယ်သားများသည် ထွက်ပြေးသွားသည့် မျက်နှာဖုံးဝတ်လူနောက်သို့ ဆက်လိုက်ကြသည်။
ထိုအချိန်၌ မျက်နှာဖုံးဝတ်အမျိုးသားမှာ အဝေးကြီးသို့ ရောက်နှင့်နေခဲ့လေပြီ။ သူ၏အင်အားသည် အံ့အားသင့်ဖွယ်ကောင်း၏။ သူသည် နန်ပါးထျန်းကို သယ်ထားရသည့်တိုင် ပြန့်ပြူးသည့်မြေပြင်ထက်တွင် နင်းလျှောက်နေသည့်အလား မြက်ရိုင်းလွင့်မျောကိုယ်ဖော့သိုင်းဖြင့် အရှိန်လျင်မြန်စွာ ပြေးလွှားနေသည်။ မမျှော်လင့်စွာပင် သူ၏အရှိန်နှုန်းသည် မြင်းများထက် မနှေးကွေးချေ။
သို့ဖြင့် တစ်ဦးသည် ထွက်ပြေးနေပြီး လူအုပ်စုကြီးသည် နောက်မှ အသည်းအသန် လိုက်နေသည်။
သူတို့သည် မြို့အနီးရှိ မျန့်ရွှေမြစ်ကမ်းတစ်ခုသို့ ရောက်လာခဲ့သည်။ မြစ်ပြင်ကို မြင်လိုက်သည်တွင် သူတို့ ထိုလူကို ဖမ်းမိနိုင်တော့မည်ဟု ထင်လိုက်ကြသည်။ သို့သော်လည်း မျက်နှာဖုံးဝတ်လူမှ အော်လိုက်ရာ မြစ်ထဲမှ လှေငယ်တစ်စင်းရောက်လာသည်။
ထိုလူသည် နန်ပါးထျန်းကို သယ်လျက် လှေငယ်ပေါ်သို့ ခုန်တက်သွားပြီး လှေသမားကို ချက်ချင်းထွက်ခွာရန် အော်ပြောသည်။
ထိုမြင်ကွင်းကြောင့် ယဲ့လုဖုန်းနှင့် လက်အောက်ငယ်သားများမှာ အလွန်စိုးထိတ်သွားကြရသည်။ သူတို့ မြစ်ကမ်းစပ်သို့ ရောက်ချိန်တွင် လှေမှာ မီတာတစ်ရာခန့် ဝေးကွာသွားခဲ့လေပြီ။
ယဲ့လုဖုန်းမှ ပြောသည်။
“လှေရှာကြစမ်း”
သူ့နောက်ရှိ စစ်သည်များမှာ တိတ်ဆိတ်နေသည်။ အချိန်အတော်ကြာမြင့်ပြီးနောက်မှ ယဲ့လုဖုန်းသည် ချန်ကျဲ့နှင့်လျိုလောင်ကွေ့ကို လှည့်ကြည့်ကာ မေးမြန်းသည်။
“လှေတွေဘယ်မှာလဲ”
ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ကြသည်။
“သခင်ကြီးယဲ့လု၊ မြစ်ကို ထွက်ခွင့်ပိတ်ထားတော့ ကျွန်တော့်တို့လှေတွေ အကုန်လုံးကို ချိတ်ပိတ်ထားပါတယ်”
ဝှစ်
ထိုစကားတွင် ယဲ့လုဖုန်းသည် လက်ထဲရှိ ကြာပွတ်ကို လေထဲသို့ ဒေါသတကြီး လွှဲရိုက်လိုက်သည်။
ထို့နောက် ဒေါသပေါက်ကွဲလုမတတ်ဖြင့် အမိန့်ပေးသည်။
“မြို့ထဲကို ပြန်မယ်”
အားလုံးလည်း အမိန့်အတိုင်း ယဲ့လုဖုန်းနောက်မှ မြို့ထဲသို့ ပြန်လိုက်ကြသည်။ ယဲ့လုဖုန်းမှ ခပ်ပြတ်ပြတ်အမိန့်ပေးသည်။
“အမိန့်ထုတ်ပြန်လိုက်။ ရေပြင်ဖမ်းဝရမ်းထုတ်မယ်။ နန်ပါးထျန်းကို ဆုလာဘ်နဲ့ ဖမ်းဝရမ်းထုတ်လိုက်”
“ဟုတ်ကဲ့”
ချီမုကောမှ ချက်ချင်း နာခံသည်။
ယဲ့လုဖုန်းသည် အလွန်ဒေါသထွက်နေ၏။ လူတစ်ယောက်တည်းကို လူအများကြီးမှ ဝန်းရံထားခဲ့သည့်တိုင် လွတ်မြောက်သွားလိုက်သေးသည်။
ဘယ်လိုတောင် ရှက်ဖို့ကောင်းလိုက်တာ။
နန်ပါးထျန်း လွတ်မြောက်သွားပြီဖြစ်ရာ ဒဏ်ရာများ ပြန်လည်သက်သာသည်နှင့် သူတို့မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်နှင့် ရန်သူတစ်ယောက် တိုးသွားလေမည်။
ထိုသို့အတွေးများဖြင့် ယဲ့လုဖုန်း၏မျက်နှာမှာ မည်းမှောင်သွားသော်ငြား သူလုပ်နိုင်သည့်အရာ မရှိပေ။
အခြေအနေမှာ အတော်လေး လုပ်ကိုင်ရခက်သောကြောင့် ချန်ကျဲ့လည်း မျက်မှောင်ကြုတ်မိလိုက်သည်။ နန်ပါးထျန်းသည် ထွက်ပြေးလွတ်မြောက်သွားသည့်အပြင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။
နန်ပါးထျန်း ပြန်လာတဲ့အခါကျ ငါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရန်သူနဲ့ ရင်ဆိုင်ရတော့မှာပေါ့။
ထို့ပြင် နန်ပါးထျန်းကို ကယ်ထုတ်သွားသည့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်လည်း ထပ်ရှိသေးရာ ချန်ကျဲ့မှာ ပို၍ ဖိအားများရသည်။ ဒီခွေးအိုကြီးက တကယ့်ကို ဇာတ်လိုက်မင်းသားပဲ
မဖြစ်ဘူး။ ငါပြန်ရောက်တာနဲ့ ချီသန့်စင်ဆေးလုံးဖော်စပ်ဖို့အတွက် ဆေးပစ္စည်းတွေ စုဆောင်းရမယ်။ ငါ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို မြန်မြန် တက်လှမ်းနိုင်မှ ဖြစ်မယ်။ မဟုတ်ရင် နန်ပါးထျန်း ဒဏ်ရာတွေ ပြန်ကောင်းသွားပြီး ပြန်လာတဲ့အခါကျ ငါ့အတွက် အန္တရာယ်များနိုင်တယ်။
ကံကောင်းထောင်မစွာဖြင့် နန်ပါးထျန်း၏ဒဏ်ရာများသည် အလွန်ပြင်းထန်ပြီး အချိန်တိုအတွင်း ပြန်ကောင်းမလာနိုင်သောကြောင့် သူ့တွင် ပြင်ဆင်ရန်အချိန်ရှိပေသည်။
ထို့ပြင် နန်ပါးထျန်းအတွက် ရန်သူမှာ သူကိုယ်တိုင်သာမက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ယဲ့လုဖုန်းလည်း ပါဝင်သည်။ ယဲ့လုဖုန်းလည်း ရှိနေသေးရန် နန်ပါးထျန်းအနေဖြင့် လက်စားချေရန် ခက်ခဲလိမ့်ဦးမည်။
ထို့ပြင် စိစစ်ရေးတမန်တော်လည်း ရှိသေးသည်။ ခရိုင်မင်းသမီးကျောက်ယာ၏ အင်အားကို မသိရသေးသော်ငြား သူမ၏ လက်အောက်ငယ်သားသုံးဦးမှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်များ ဖြစ်သည်။ ဆိုလိုသည်မှာ နန်းပါးထျန်းပြန်လာပြီး လက်တုံ့ပြန်ပါက တော်ဝင်နန်းတော်ကို ဆန့်ကျင်ခြင်းလည်းဖြစ်သဖြင့် သူ့အတွက် အလွန်တရာ ဖိအားများလိမ့်မည်။
တွက်ချက်ကြည့်လိုက်ပါက ချန်ကျဲ့၏လုံခြုံရေးအတွက် အနည်းငယ် စိတ်ချရနိုင်ပေသည်။
သို့သော် သူ ကျင့်ကြံဆင့်တက်ဖို့ နည်းလမ်းရှာရမည်။
ထိုအရာများမတိုင်ခင် သူ၏အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုရပါဦးမည်။
နန်ပါးထျန် ကျရှုံးသွားပြီဖြစ်ရာ ယခုတွင် သူသည် ကုန်သည်အဖွဲ့ခေါင်းဆောင် ဖြစ်လာတော့မည်။
ဤအခိုက်အတန့်၌ သူတို့သည် မြို့ဂိတ်တံခါးဝသို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ ယဲ့လုဖုန်းမှ ချန်ကျဲ့ကို ပြောသည်။
“ကျိုစစ် နန်ပါးထျန်းထွက်ပြေးသွားပြီဆိုတော့ ငါးဖမ်းကုန်သည်အဖွဲ့က ခေါင်းဆောင်မရှိလို့ မဖြစ်ဘူး။ ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို မင်း ယာယီယူထားလိုက်ပါ”
စကားအဆုံး၌ ချန်ကျဲ့သည် လက်ချင်းယှက်အရိုအသေပြု၍ တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီးယဲ့လု”
ယဲ့လုဖုန်းမှ ပြောသည်။
“အင်း ကျန်တဲ့ကိစ္စတွေအတွက်တော့ မုကော.. မင်းနဲ့ ကျိုစစ်တို့ စစ်သည်တချို့ကို ဦးဆောင်သွားပြီး ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို သိမ်းပိုက်လိုက်ကြ။ ကျန်တာကို မနက်ဖြန်မှ ဆက်ဆွေးနွေးမယ်”
“ကျိုစစ် မင်းအတွက် အသေးစိတ်ကိစ္စတွေကိုလည်း မနက်ဖြန်မှ ပြောကြမယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ကဲ့”
“ခေါင်းဆောင်လျို ဒီနေ့ ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုကို ငါအသိအမှတ်ပြုပါတယ်”
ယဲ့လုဖုန်းမှ လျိုလောင်ကွေ့ကို ပြောလိုက်ရာ လျိုလောင်ကွေ့မှ ပြန်တုံ့ပြန်သည်။
“ကျွန်တော်လုပ်သင့်တာပါ”
ထို့နောက် ယဲ့လုဖုန်း ထွက်ခွာသွားတော့သည်။
ထို့နောက် ချန်ကျဲ့တို့အုပ်စုသည်လည်း ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ ချီမုကောမှ ပြောသည်။
“ကျိုစစ် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
ချန်ကျဲ့ ဦးညွှတ်လိုက်ပြီး တုံ့ပြန်သည်။
“ယာယီ ယာယီခေါင်းဆောင်ပါဗျာ”
ချီမုကောမှ ပြောသည်။
“အဲဒီစကားက မင်းကို ဒီနေ့ည ကိစ္စတွေကို ယာယီကိုင်တွယ်ခိုင်းရုံပဲ။ မနက်ဖြန်ကျ မင်းကို ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် တရားဝင်ခန့်အပ်ပြီး ရာထူးဆက်ခံအခမ်းအနားလည်း ကျင်းပပေးလိမ့်မယ်။ အဲဒီအခါကျ ငါ မင်းကို ခေါင်းဆောင်ချန်လို့ ခေါ်ရတော့မှာပဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“တပ်မှူးချီမုကောကတော့ မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော် ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားလည်း သခင်ကြီးယဲ့လုရဲ့ အထောက်အပံ့ခံငယ်သား ဖြစ်နေတုန်းပါပဲဗျာ”
ချီမုကော ချန်ကျဲ့ကို ကြည့်လိုက်သည်။
“ကျိုစစ် မင်းဒီနေ့ ငါ့ကိုတကယ် အထင်ကြီးသွားစေတာပဲ။ ဘယ်သူမှမသိလိုက်ခင်မှာ နဂါးနိုင်လက်ဝါးသိုင်းကို ကျွမ်းကျင်တတ်မြောက်နေတယ်။ တကယ့်ကို တိတ်တဆိတ်နဲ့ ထူးချွန်ပြောင်မြောက်မှုကို ပျိုးထောင်ရယူနေတာပဲ”
ချန်ကျဲ့ ဦးညွှတ်လိုက်ပြီး ပြောသည်။
“ဒီကိစ္စအတွက်ကိုတော့ မနက်ဖြန်ကျ ကျွန်တော်ကိုယ်တိုင် သခင်ကြီးယဲ့လုကို ဖြေရှင်းချက်ပေးမှာပါ”
စကားပြောဆိုရင်းဖြင့် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ရောက်သွားခဲ့သည်။ ဌာနချုပ်၏အဖွဲ့သားများကို ဖိနှိပ်ထိန်းချုပ်ထားပြီး ဖြစ်သည်။
ကျားဖြူခန်းမအဖွဲ့သားများသည် ဝင်ပေါက်ကို ထိန်းချုပ်ထားပြီး မည်သူကိုမျှ ဝင်ခွင့်မပြုပေ။ ချန်ကျဲ့မှ ပြောသည်။
“လမ်းဖယ်ကြ။ သခင်ကြီးယဲ့လုရဲ့အမိန့်အရ နန်ပါးထျန်းရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်မယ်”