← Chapters

အခန်း (၆၇၃)

Vol. 57 Ch. 673

အခန်း (၆၇၃)

Vol. 57 Ch. 673

အခန်း 673

ထိုသို့အကျပ်အတည်းမျိုးသည် ပို၍ဆိုးရွား၏။

ချန်ကျဲ့တွေးလိုက်ရင်း အချိန်ကို ကြည့်လိုက်သည်။ သူထွက်လာခဲ့သည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သဖြင့် အမြန်ပြန်သွားရပေမည်။

သို့သော် ပြန်မသွားမီ၌..

ချန်ကျဲ့ နောက်ပြန်လှည့်ကာ ချင်းပေါင်၏အလောင်းဆီသို့ သွားလိုက်ပြီး ခန္ဓာကိုယ်ကို ရှာဖွေသည်။

လူသတ်ပြီး အလောင်းရဲ့ခန္ဓာကိုယ်ကို မစစ်ဆေးတာက အလေ့အကျင့်ကောင်းမဟုတ်ဘူး။

ချန်ကျဲ့ ငွေလက်မှတ်တစ်အုပ်ကို ရှာတွေ့လိုက်သည်။ ရေတွက်ကြည့်လိုက်ရာ ငွေတုံးတစ်ထောင်ခန့်တန်ကြေးရှိပေသည်။

ချန်ကျဲ့ ငွေလက်မှတ်များကို ထုပ်ယူလိုက်ပြီးနောက် ဆက်လက်ရှာဖွေသည်။ သို့သော် မည်သည့်တန်ဖိုးရှိသည့်အရာကိုမျှ ထပ်ရှာမတွေ့တော့ပေ။

ချန်ကျဲ့ အခန်းထဲဝင်သွားပြီး ချင်းယင်ကို ကြည့်လိုက်သည်။ ထို့နောက် ချင်းယင်၏အလောင်းကိုလည်း ရှာဖွေကြည့်သည်။

ချင်းယင်သည် ညီအစ်ကိုသုံးဦးတွင် အကြီးဆုံးအစ်ကိုကြီးဖြစ်လေရာ သူ၏ခန္ဓာကိုယ်တွင် ငွေတုံးငါးထောင်ခန့်တန်ကြေးရှိသည့် ငွေလက်မှတ်များနှင့် သိုင်းကျမ်းတစ်ခုရှိလေသည်။

သွေးလင်းယုန်လက်သည်းသိုင်း

အင်း

လင်းယုန်လက်သည်းသိုင်းသည် သင့်တင့်သည့်စွမ်းအားရှိသော စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာတစ်ခုဖြစ်သည်။ ချန်ကျဲ့နှင့် နန်ပါးထျန်းတို့ကဲ့သို့ ထိပ်တန်းအဆင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များနှင့် မယှဉ်နိုင်သော်ငြား သာမန်စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင်မူ အဆင့်မြင့်မားလိမ့်မည်။

ဤသိုင်းကျမ်းသည် သူ၏လျှို့ဝှက်ကျမ်းမျှော်စင်ထဲတွင် သိမ်းဆည်းရန် ထိုက်တန်သည်။

ထိုသို့တွေးလိုက်ပြီး ချန်ကျဲ့ဆက်ရှာသည်။ ကျောက်စိမ်းပုလင်းတစ်လုံးကို ထပ်ရှာတွေ့သဖြင့် ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဆေးလုံးတစ်လုံး ရှိနေသည်။

ချန်ကျဲ့ ဆေးလုံးကိုထုတ်ယူပြီး အနံ့ခံကြည့်လိုက်သည်။ အမွှေးနံ့တစ်မျိုးရှိသော်ငြား မည်သည်အတွက် အသုံးပြုသည့်ဆေးဖြစ်ကြောင်းကိုမူ ချန်ကျဲ့ မသေချာပေ။ ဤဆေးလုံးသည် တန်ဖိုးကြီးမားလိမ့်မည်။ သို့မဟုတ်ပါက ချင်းယင်သည် ကိုယ်နှင့်မကွာဆောင်ထားခဲ့မည် မဟုတ်ပေ။ ပြန်ရောက်ခါမှ ဆရာ့ကို မေးကြည့်ရပေမည်။

ထိုသို့တွေးလိုက်ပြီး ချန်ကျဲ့ ဆက်ရှာဖွေသည်။

ချင်းယင်၏ခန္ဓာကိုယ်တွင် တန်ဖိုးရှိသည့်အရာ ဘာမှမကျန်တော့ပေ။

ချင်းယင်ကို ဆက်မရှာတော့ဘဲ ချန်ကျဲ့ ချင်းဟူ၏ခန္ဓာကိုယ်ကို ဆက်ရှာသည်။ ချင်းယင်၏ခန္ဓာကိုယ်တွင် ငွေတုံး၅၀၀တန် ငွေလက်မှတ်များကိုသာ ရှာတွေ့ခဲ့သည်။

ဒီကောင်လေးက ညီအစ်ကိုသုံးယောက်မှာ အဆင်းရဲဆုံးပါပဲလား။

ရှာဖွေပြီးသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ ရွှေငွေရတနာများ၊ ရှေးဟောင်းပစ္စည်းများနှင့် လက်ရေးစားများ ပန်းချီကားများကဲ့သို့ အိမ်တော်ထဲရှိ အခြားတန်ဖိုးကြီးပစ္စည်းများကိုမူ ချန်ကျဲ့ မထိရဲပေ။ ထိုပစ္စည်းများသည် သူ့သရုပ်မှန်ကို ပေါက်ကြားသွားစေနိုင်သောကြောင့် ချန်ကျဲ့ ထိုသို့ပစ္စည်းများကို မယူခဲ့ပေ။

ထို့နောက် ချန်ကျဲ့သည် အခင်းနေရာကို သေချာစေ့စပ်စွာ စစ်ဆေးသည်။ ရေခဲစိတ်စွမ်းအင်သိုင်းမှအပ အခြားခြေရာလက်ရာမကျန်ကြောင်း စစ်ဆေးပြီးသောအခါ ချန်ကျဲ့ စိတ်သက်သာရာရသွားသည်။

ယခုတွင် တစ်ခုတည်းသော ဟာကွက်မှာ ခရိုင်မင်းသမီးဖြစ်သည်။ သို့သော် သူသည် သူမနှင့် အပေးအယူလုပ်ထားပြီးဖြစ်ပြီး သူမသည်လည်း သူ၏အသက်ဖြင့် ပြန်ပေးဆပ်ခိုင်းမည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။

သို့ဖြစ်ရာ ခရိုင်မင်းသမီးနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုပေ။ တစ်နည်းဆိုရသော် အခင်းနေရာကို သေချာစီမံနိုင်ပါက အရာအားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်လာလိမ့်မည်ပင်။

ချန်ကျဲ့ အတွေးများဖြင့် လင်းယုန်ခန်းမမှ ထွက်ခွာကာ ငါးဖမ်းကုန်သည်အဖွဲ့သို့ အမြန်ပြန်ခဲ့သည်။

ချန်ကျဲ့ ငါးဖမ်းကုန်သည်အဖွဲ့သို့ ရောက်သောအခါ ရှောင်ဟူနှင့် ချီမုကောတို့ စကားပြောနေသည်အား မြင်လိုက်ရသည်။

“တပ်မှူးချီမုကော ခန်းမအရှင်သခင်ချန်က အထဲမှာ အနားယူနေပါတယ်။ ကျွန်တော်တို့ နှောင့်ယှက်ဖို့မသင့်ပါဘူး”

ချီမုကော မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ဘာအဓိပ္ပာယ်လဲ။ ချန်ကျိုစစ်က အခု ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားပြီဆိုတော့ ငါနဲ့ တွေ့ဖို့ရာ သူက အရမ်းကိုမှ အရေးကြီးပုဂ္ဂိုလ်ဖြစ်သွားပြီပေါ့လေ”

ရှောင်ဟူမှ ပြောသည်။

“ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲဗျာ။ တပ်မှူး အထင်လွဲနေပါပြီ။ ခန်းမအရှင်သခင်ချန်က တကယ့်ကို ပင်ပန်းနေလို့ပါ။ ကြည့်ရတာ တိုက်ခိုက်တုန်းက ဒဏ်ရာရထားတယ်ထင်ပါတယ်”

ချီမုကောသည် ရှောင်ဟူကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။

“ငါ နှုတ်ဆက်ရုံပဲ နှုတ်ဆက်ပြီး သွားမှာပါ”

ရှောင်ဟူမှ ပြောသည်။

“ကျွန်တော် အကြောင်းကြားပေးပါ့မယ်”

“အကြောင်းကြားပေးမယ်တဲ့လား။ တစ်ခုခုတော့ မူမမှန်နေဘူး။ ချန်ကျိုစစ် အခန်းထဲမှာ မရှိဘူးလား”

ချီမုကောသည် ရုတ်တရက် ဥာဏ်အလင်းပွင့်သွားပုံရ၏။ ရှောင်ဟူကို မျက်လုံးအစုံမှေးကျုံ့ကြည့်နေလေသည်။ ရှောင်ဟူမှာ စိတ်ထဲမှာ ပွက်လောရိုက်နေလေပြီ။ ချီမုကောကြောင့် ချန်ကျဲ့၏အစီအစဉ်များ ပျက်စီးသွားမည်ကို စိုးရိမ်နေခဲ့သည်။

ချီမုကောမှ ပြောသည်။

“ချန်ရှောင်ဟူ ဘေးဖယ်စမ်း။ ချန်ကျိုစစ် အခန်းထဲမှာ ရှိသလား”

ရှောင်ဟူမှ ပြောသည်။

“ရှိပါတယ်။ ကျွန်တော်တို့ခန်းမအရှင်သခင်က ဒဏ်ရာရထားတာကြောင့် အနားယူဖို့လိုနေလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့လားဗျာ”

“မဟုတ်သေးဘူး မင်းဘေးဖယ်စမ်း”

“ခန်းမအရှင်သခင်ချန်”

ချီမုကောသည် တစ်ခုခုမူမမှန်ကြောင်း ခံစားမိသဖြင့် အခန်းတံခါးကို တွန်းဖွင့်ဝင်ရန် ကြိုးပမ်းလိုက်သည်။

သို့သော် ရှောင်ဟူသည် လက်နှစ်ဖက်ကို ဖြန့်ကားဆန့်တန်းလျက် တံခါးရှေ့မှ ပိတ်ရပ်ကာ ချီမုကော ဝင်မရအောင် ဟန့်တားသည်။ ချီမုကော ပို၍ မျက်မှောင်ကြုတ်သွားရပြီး ရှောင်ဟူကို ကြည့်လိုက်သည်။

“ချန်ရှောင်ဟူ ဘေးဖယ်စမ်း”

“တပ်မှူး ခင်ဗျား ကျိန်းသေပေါက် အထဲဝင်ကြည့်ရမှ ဖြစ်မှာလား”

ချွင်

ချီမုကော ဓားဆွဲထုတ်လိုက်သည်။ သူသည် ချန်ရှောင်ဟူကို စူးရဲစွာ စိုက်ကြည့်နေ၏။

“မင်း ဘေးဖယ်မလား မဖယ်ဘူးလား။ မဖယ်ရင်တော့ ငါ့ကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်ပါနဲ့”

ရှောင်ဟူမှာ ချွေးစေးများ စီးကျနေလေပြီ။ သူသည် အံတင်းတင်းကြိတ်ကာ လက်သီးကိုလည်း ကျစ်ကျစ်ဆုပ်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ အဆိုးဆုံးအခြေအနေဖြစ်လာပါက သူ ချီမုကောနှင့် တိုက်ခိုက်ရုံသာ ရှိလိမ့်မည်။ နောက်ပိုင်းတွင် သူအပြစ်ပေးခံရလျှင်သော်မှ အစ်ကိုကျိုစစ်၏အစီအစဉ်များကို ပျက်စီးစေခြင်းထက်တော့ ပိုကောင်းပါလိမ့်မည်။

“အဟွတ် အဟွတ်…ဘာဖြစ်တာလဲ ရှောင်ဟူ”

ချီမုကောနှင့် ချန်ရှောင်ဟူတို့ကြား အခြေအနေတင်းမာနေစဉ် အခန်းအတွင်းထဲမှ ချောင်းဆိုးသံထွက်ပေါ်လာခဲ့သည်။

ရှောင်ဟူ စိတ်အေးသွားရသည်။

အစ်ကိုကျိုစစ် ပြန်ရောက်ပြီ။

သို့ဖြင့် ရှောင်ဟူလည်း ဘေးဖယ်ပေးလိုက်ပြီး ပြောသည်။

“အစ်ကိုကျိုစစ် တပ်မှူးချီမုကောက အစ်ကို့ကို အထဲဝင်တွေ့ချင်နေပါတယ်။ အစ်ကိုဒဏ်ရာရထားတာမလို့ အနားယူနေတာကို မနှောင့်ယှက်သင့်ဘူးလို့ ပြောခဲ့ပေမဲ့…”

“အဓိပ္ပာယ်မရှိတာတွေ”

ထိုအခိုက်အတန့်၌ ချန်ကျဲ့ တံခါးဖွင့်လိုက်သည်။ ချန်ကျဲ့သည် အပြင်ဝတ်များကို ချွတ်ထားပြီး အဖြူရောင်အဝတ်ပါးကိုသာ ဝတ်ဆင်ထားသည်။ ဖိနပ်များကိုလည်း စီးတယ်ဆိုရုံမျှ စီးထားပြီး အနားယူနေရာမှ ထလာခြင်းဖြစ်ကြောင်း သိသာလှပေသည်။

“ကျွန်တော်တောင်းပန်ပါတယ် ခန်းမအရှင်သခင်။ ကျွန်တော့်အပြစ်ပါ”

ရှောင်ဟူမှ ချက်ချင်း အရိုအသေပြု၍ တောင်းပန်သည်။ ထို့နောက် ချန်ကျဲ့သည် ဓားဆွဲထုတ်ထားသည့် ချီမုကောကို ကြည့်လိုက်သည်။

“တပ်မှူးချီမုကော ဒါက ဘယ်လိုအခြေအနေပါလဲ”

ချီမုကောသည် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ချန်ကျဲ့ကို ပြန်ကြည့်လာသည်။

“ဘာမှမဟုတ်ပါဘူး။ နန်ပါးထျန်းရဲ့အိမ်တော်ကို ရှာဖွေသိမ်းဆည်းတာ ပြီးလုနီးပြီ။ ငါတို့ ပြန်တော့မယ့်အကြောင်း မင်းကို လာအသိပေးတာ”

“အို တပ်မှူးချီမုကော ပင်ပန်းသွားရပါပြီ”

ချန်ကျဲ့ လေးစားရိုသေစွာ အရိုအသေပြုလိုက်သည်။ ချီမုကောသည် ချန်ကျဲ့ကို နောက်တစ်ကြိမ်ထပ်မံ၍ သေချာကြည့်ရှုလိုက်ပြီးနောက် ရှောင်ဟူကို ကြည့်သည်။ ထို့နောက် ပြောသည်။

“ပြီးတော့ မင်းရဲ့ ဒီညီလေးက အတော်အထင်ကြီးဖို့ကောင်းတာပဲ။ ငါ့ကိုတောင် တားရဲတယ်”

ချန်ကျဲ့ တောင်းပန်တိုးလျှိုးဟန်သော အပြုံးဖြင့် ချက်ချင်းပြောလိုက်သည်။

“တပ်မှူးချီမုကော ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးပါ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဖို့ ကျွန်တော် သူ့ကို အမိန့်ပေးခဲ့တာကြောင့်ပါ။ အဟွတ် အဟွတ်.. ကျွန်တော် နန်ပါးထျန်းနဲ့တိုက်ခိုက်တုန်းက အတွင်းဒဏ်ရာနည်းနည်းရခဲ့တာကြောင့် ကျွန်တော့်ချီစွမ်းအင်တွေကို ပုံမှန်လည်ပတ်အောင် ထိန်းညှိနေတာမို့လို့ပါ။ ကျေးဇူးပြုပြီး တပ်မှူးချီမုကော ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ…”

“ရှောင်ဟူ ဒီကိုလာပြီး တပ်မှူးချီမုကောကို တောင်းပန်လိုက်ဦး”

ရှောင်ဟူ ချန်ကျဲ့ကို ကြည့်လိုက်သည်။ ထို့နောက် ရိုသေလေးစားစွာဖြင့် ပြောသည်။

“တပ်မှူးချီမုကော ခုနက ကျွန်တော် အမှားလုပ်မိတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ရှောင်ဟူ၏အမူအရာမှာ အလွန်ရိုကျိုးသည်။ ချန်ကျဲ့နောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့ပြီးဖြစ်ရာ ရှောင်ဟူသည်လည်း မည်သည့်အချိန်တွင် နောက်ဆုတ်သင့်ပြီး မည်သည့်အချိန်တွင် ခိုင်မာစွာ ရပ်တည်သင့်သည်အား ခွဲခြားသိပေသည်။

တကယ်တမ်း လူကို ထိခိုက်မှုမရှိပါက မာနအတွက်မူ နောက်မှ ပြန်ဆယ်လို့ရပေသည်။

All Chapters