← Chapters

အခန်း (၆၇၆)

Vol. 57 Ch. 676

အခန်း (၆၇၆)

Vol. 57 Ch. 676

အခန်း ၆၇၆

“တကယ်ကြီး လျှို့ဝှက်အခန်းပဲ”

ချန်ကျဲ့မှ နံရံကို တွန်းဖွင့်နိုင်လိုက်‌ေသာအခါ ကျိုးချူ အံ့အားသင့်စွာ ပြောလိုက်သည်။

ရှောင်ဟူသည်တော့ ထိုနံရံ‌အနောက်ခန်းထဲတွင် မည်သည့်အရာများ ရှိနေလိမ့်မည်ကို စူးစမ်းလိုစိတ်ပြင်းပြနေခဲ့သည်။

အစေခံမိန်းကလေးသည် ခုနက သေလောက်အောင် ထိတ်လန့်သွားခဲ့ရသဖြင့် ယခုတွင် စိတ်သက်သာရာရစွာ သူမ၏ရင်ဘတ်ကို ဖွဖွပုတ်နေသည်။

ခန်းမအရှင်သခင်ချန်ကို လှည့်စားတယ်လို့ သတ်မှတ်ခံလိုက်ရလို့ကတော့ နောက်ဆက်တွဲအကျိုးဆက်တွေက ကောင်းမှာမဟုတ်ဘူး။

အနည်းဆုံးတော့ သူမ ဤတစ်ကြိမ်တွင် လောင်းကြေးနိုင်သွားခဲ့လေပြီ။

ထိုသို့အတွေးဖြင့် အစေခံမိန်းကလေး၏မျက်လုံးများ တောက်ပသွား၏။ ချန်ကျဲ့ထံ အလုပ်အကျွေးပြုနိုင်မည့် အခွင့်အရေးကို မျှော်လင့်နေခဲ့သည်။ သူမ၏အလှတရားဖြင့် တရားဝင်ဇနီးမယား ဖြစ်မလာနိုင်သည့်တိုင် ကြင်ယာတော်သည်လည်း ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းတစ်ခု ရှိပေသည်။

အနည်းဆုံးတော့ အိမ်ပြန်ပြီး ဆင်းရဲသားလယ်သမားတစ်ယောက်နှင့် လက်ထပ်ရခြင်းထက် ပိုကောင်းလိမ့်မည်။

သူမသည် ဆင်းရဲသားလယ်သမား၏ဇနီးထက် လူချမ်းသာတစ်ဦး၏ ကြင်ယာတော်ဖြစ်ရန် ပိုလိုလားသည်။ သူမသည် ဆင်းရဲနွမ်းပါးခြင်းကို မလိုလားကြောင်း အလွန်သိသာလှပေသည်။

သေချာပေါက်ပင် သူမကဲ့သို့လူများသည် နည်းပါးသည်တော့ မဟုတ်ပါချေ။ “မိမိကိုယ်သာမိမိကိုးကွယ်ရာဖြစ်သည်”ဟူသည့် ဆိုရိုးစကားရှိသည် မဟုတ်ပါလော။ သူမကဲ့သို့လူမျိုးကို မိမိ၏လောဘအား မြိုသိပ်စေခြင်းငှာ မဖြစ်နိုင်ပေ။

သို့သော် သူမကဲ့သို့လူများသည် အသုံးချသူမှာ အင်အားကြီးမားနေသ၍ အသုံးဝင်ကြသည်။

အမျိုးသမီးများမှာလည်း အမျိုးမျိုးရှိသည်။ သူတော်ကောင်းတရားနှင့်ပြည့်စုံသော ဇနီးမယား၏ စံနမူနာကဲ့သို့ အမျိုးသမီးမျိုးသည် သူမ၏တစ်ဘဝလုံးကို သင်နှင့်အတူ ကုန်ဆုံးလိမ့်မည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သင့်ကို ဘယ်သောအခါမှ စွန့်ပစ်သွားလိမ့်မည် မဟုတ်ပေ။

ဟွမ်ဝမ်အာကဲ့သို့ ချုပ်တည်းခြင်းမရှိ၊ စိတ်အားထက်သန်ပြင်းပြစွာဖြင့် ပြင်းပြင်းထန်ထန် ရူးရူးမိုက်မိုက် ချစ်ကြသူများလည်း ရှိသည်။

ချွေ့ကျူနှင့် ဤအစေခံမိန်းကလေးကဲ့သို့ ဆင်းရဲမွဲတေမှုကို စက်ဆုပ်ပြီး ချမ်းသာကြွယ်ဝမှုကို ချစ်မြတ်နိုးကာ နောက်ဆုံးတွင်တော့ အချည်းနှီးဖြစ်သွားရသူများလည်း ရှိပေသည်။

ထိုအမျိုးအစားအားလုံးသည် အတော်လေး သာမန်ပင် ဖြစ်သည်။ အမျိုးသမီးများတွင် သူတို့၏ကိုယ်ပိုင် ပြင်းပြသောဆန္ဒနှင့် လိုအင်ဆန္ဒများရှိကြသည်။ စူးယွင်ကျင်သည် ခင်းပွန်သည်ကို ထောက်ပံ့ပြီး သားသမီးများကို ပညာသင်ကြားပေးရခြင်းအား နှစ်ခြိုက်သည်။ ဟွမ်ဝမ်အာသည် လွတ်လပ်မှုကို နှစ်ခြိုက်ပြီး စူးယွင်ကျင်းသည် အေးချမ်းသည့်ဘဝကို နှစ်ခြိုက်သည်။

နှစ်ဦးစလုံးသည် ကိုယ်ပိုင်အကျင့်စရိုက်များပိုင်ဆိုင်ထားသည့် အမျိုးသမီးများဖြစ်ကြပြီး နှစ်ဦးစလုံးသည် ချန်ကျဲ့ကို ဆွဲဆောင်နိုင်စွမ်းရှိသည်။

ချန်ကျဲ့ နံရံကို အားပြင်းပြင်းတွန်းလိုက်သည်။ နံရံကို သံမဏိပြားများထည့်သွင့်၍ အထူးပြုလုပ်ထားပြီး ယန္တရားများလည်း ထည့်သွင်းထားသည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့်အထက် အင်အားရှိသူများသာလျှင် တွန်းဖွင့်နိုင်လိမ့်မည်။ ထို့ကြောင့် ကျိုးချူ မဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

လျှို့ဝှက်အခန်းပွင့်သွားပြီးနောက် ရှောင်ဟူနှင့် ကျိုးချူတို့သည် အခန်းထဲသို့ ကြည့်လိုက်ကြသည်။

အစေခံမိန်းကလေးသည်တော့ ခေါင်းငုံ့ထားသည်။ ချန်ကျဲ့လည်း နံရံပေါ်မှ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အခန်းထဲကို ကြည့်လိုက်သည်။ အခန်းငယ်လေးကို အထူးပြုလုပ်ထားသည့် ရွှေထည်၊ငွေထည်၊ကျောက်မျက်ရတနာများဖြင့် ခင်းကျင်းထားသည်။

ထို့ကြောင့် အခန်းငယ်လေးမှာ တဖိတ်ဖိတ်တောက်ပနေသည်။ ချန်ကျဲ့ ကျိုးချူနှင့် ရှောင်ဟူကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ စူးစမ်းလိုစိတ်များ ပြင်းပြနေကြ၏။

အစေမိန်းကလေးသည်တော့ မူလနေရာတွင်သာ ခေါင်းငုံ့ထားပြီး ရပ်ကျန်နေခဲ့သည်။

ချန်ကျဲ့ သိချင်စိတ်ဖြင့် ထိုအစေခံမိန်းကလေးကို မေးလိုက်သည်။

“မင်း ဘာလို့ ခေါင်းမော့မကြည့်တာလဲ”

အစေခံမိန်းကလေးမှ ပြန်ပြောသည်။

“ဒီလိုလျှို့ဝှက်ချက်မျိုးက သခင်ကြီးတို့ပဲ ကြည့်သင့်ပါတယ်။ ကျွန်မတို့လိုအစေခံတွေ မြင်တွေ့ဖို့ရာ မသင့်တော်ပါဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“စိတ်ဝင်စားစရာပဲ။ မင်း မသိချင်ဘူးလား”

အစေခံမိန်းကလေးမှ ပြန်ဖြေသည်။

“မသိချင်ပါဘူး”

ချန်ကျဲ့ အစေခံမိန်းကလေးကို သေချာစူးစိုက်ကြည့်သည်။

“တကယ်လား”

အစေခံမိန်းကလေးမှ ပြန်ပြောသည်။

“ကျွန်မ အိမ်တော်ကို စဝင်တုန်းက ‘ကိုယ်ကြည့်သင့်တဲ့အရာကိုပဲ ကြည့်၊ မကြည့်သင့်တဲ့အရာတွေကို မကြည့်ရဘူး။ သိတာနည်းလေ အသက်ရှည်လေ’ပဲလို့ မှာကြားခံခဲ့ရဖူးပါတယ်”

“မင်းက အတော်လေး ဉာဏ်ကောင်းတာပဲ”

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“ဒီမှာစောင့်နေ။ ဘယ်သူမှ ဝင်မလာစေနဲ့။ ပြီးတာနဲ့ ငါ မင်းကိုပေးထားတဲ့ ကတိကိုတည်မယ်”

“သခင်ကြီးချန်ကို ကျေးဇူးတင်ပါတယ်”

အစေခံမိန်းကလေးသည် အရိပ်အကဲသိသူဖြစ်ရာ ချက်ချင်းပင် အခေါ်အဝေါ်ပြောင်းလဲခေါ်ဆိုသည်။

အိမ်တော်အစေခံများသာလျှင် သခင်ကြီးဟု ခေါ်ခွင့်ရှိသည်။ သူမသည် လူမှုရေးလှေကားထစ်အား ကျွမ်းကျင်သူဖြစ်ပေသည်။

ချန်ကျဲ့သည် ဘာမှထပ်မပြောတော့ဘဲ ကျိုးချူနှင့် ရှောင်ဟူကို ကြည့်လိုက်သည်။

“အထဲဝင်ကြည့်ရအောင်”

နှစ်ဦးမှ ချက်ချင်းတုံ့ပြန်သည်။

“ဟုတ်”

လျှို့ဝှက်အခန်းငယ်လေးမှာ သုံးစတုရန်းမီတာခန့်သာ ကျယ်ဝန်းသည်ဟု ချန်ကျဲ့ခန့်မှန်းလိုက်သည်။ ကျဉ်းကျဉ်းကျုတ်ကျုတ်နှင့် ရွှေငွေများ ပြည့်နှက်နေသည်။

ကျိုးချူသည် ဆောင့်ကြောင့်ထိုင်ချ၍ ပစ္စည်းများကို ဟိုရွှေ့သည်ရွှေ့လုပ်နေသည်။

“ခန်းမအရှင်သခင် ဒီပစ္စည်းတွေအကုန်လုံးက တန်ဖိုးကြီးတယ်။ ဒီမဟူရာကို ကြည့်ပါဦး”

ချန်ကျဲ့လည်း ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ရွှေချောင်း၊ငွေချောင်းများသည် ငွေတုံးနှစ်သိန်းနီးပါးခန့် တန်ကြေးရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် ရှားပါးသည့် ကျောက်မျက်ရတနာများလည်း ရှိသေးသည်။

ချန်ကျဲ့ ကြည့်ပြီးနောက် ကျိုးချူကို ညွှန်ကြားလိုက်သည်။

“လောင်ကျိုး နှစ်ခုရွေးလိုက်”

ကျိုးချူမှ ရယ်မောလျက် ပြောသည်။

“ဟားဟား ငါ့ဇနီးအတွက် တစ်ခုဆို ရပါပြီ”

ချန်ကျဲ့လည်း ကျောက်မျက်များနှင့် လက်ဝတ်ရတနာများထဲမှ စတင်ရွေးချယ်သည်။ ရှောင်ဟူသည်တော့ ဘေးတွင် ရပ်နေ၏။ ချန်ကျဲ့ ပြောလိုက်သည်။

“ရှောင်ဟူ မင်းဘာတွေတွေးနေတာလဲ။ မင်းရဲ့ အနာဂတ်ဇနီးကိုပေးဖို့ တစ်ခုလောက်ရွေးလေ”

ရှောင်ဟူမှ ပြောသည်။

“ကျွန်တော့်မှာ သဘောကျရတဲ့မိန်းကလေးတောင် မရှိသေးတာ။ မလိုအပ်ပါဘူး”

“ငတုံးလေး ဟူဇစ်ရယ်။ မင်းမှာ ဘယ်လိုလုပ်ပြီး မလိုအပ်တဲ့အရာ ရှိနေရတာလဲ”

ကျိုးချူမှ ကျောက်မျက်ရတနာတစ်ပုံကြီးကို မွှေနှောက်နေရင်း ပြောသည်။ ထို့နောက် ကျောက်မျက်များ အပြည့်စီခြယ်ထားသော လှပသည့် လည်ဆွဲတစ်ကုံးကို သဘောကျသွားတော့သည်။ အတော်လေး တန်ဖိုးကြီးမည့်ပုံပင်။

ကျိုးချူမှ ပြောသည်။

“ဒါက ငါ့ဟာပဲ”

ချန်ကျဲ့ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“မင်း နည်းနည်းလောက် ထပ်မယူချင်တော့ဘူးလား”

ကျိုးချူမှ ပြောသည်။

“မလိုတော့ဘူး။ အရမ်းများလွန်းရင် ငါ့ဇနီးက တန်ဖိုးထားမှာ မဟုတ်တော့ဘူး။ ဒီတစ်ခုက ပြန်ယူသွားပေးဖို့ အသင့်တော်ဆုံးပဲ”

ချန်ကျဲ့မှ မေးသည်။

“မင်းဇနီးက မင်းကို ခက်ခဲအောင်လုပ်တုန်းပဲလား”

ကျိုးချူမှ ပြန်ချေပပြောဆိုသည်။

“သူမလုပ်ရဲပါဘူး။ ငါကြွားတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ အခု ငါ့အိမ်မှာ ယောက္ခထီးကြီးတောင်မှ ငါ့ကို ယဉ်ယဉ်ကျေးကျေးစကားပြောနေပြီကွ”

ထိုစကားတွင် ချန်ကျဲ့ ရယ်လိုက်သည်။ ကျိုးချူမှ ပြုံးရယ်လျက် ဆက်ပြောသည်။

“ဒါကိုသုံးပြီး ငါ့ဇနီးကို ပျော်အောင်လုပ်ရမယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့မှာ ငါနဲ့အတူ စိတ်ဒုက္ခခံစားခဲ့ရတယ်။ အခု ငါအောင်မြင်နေပြီဆိုတော့ အဲဒီနှစ်တွေတုန်းက သူ ငါ့အပေါ် ကြင်နာပေးခဲ့တာတွေကို မေ့ပစ်လိုက်လို့ မဖြစ်ဘူး”

ချန်ကျဲ့မှ မှတ်ချက်ပြုသည်။

“မင်းက အတော်လေး သစ္စာရှိပြီး ဖြောင့်မတ်တာပဲနော်”

ထို့နောက် ချန်ကျဲ့သည် ရတနာများကို ဆက်လက်ရှာဖွေကြည့်သည်။ ထို့နောက် ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် သွန်းလုပ်ထားသည့် အစိမ်းရောင်ဆံထိုးတစ်ခုကို ရှာတွေ့သွား၏။

ရွှေရောင်ကနုတ်များဖြင့် အစိမ်းရောင်ဆံထိုးသည် တင့်တယ်လှပကာ အထက်တန်းဆန်ဆန် နူးညံ့သည်။

ဤဆံထိုးသည် သူ၏ဇနီးနှင့် သေချာပေါက် လိုက်ဖက်လိမ့်မည်။ သူမ၏ နူးညံ့တင့်တယ်မှုတို့ကို ပိုမိုထင်ပေါ်စေကာ အိမ်တော်သခင်မတစ်ဦးသည် ရွှေငွေများ အလွန်အကျွံမဝတ်ရခြင်းနှင့်လည်း ကိုက်ညီသည်။ ရိုးရှင်းလှပ၏။

ထိုသို့တွေးနေစဉ် တောက်ပသည့် ပတ္တမြားခြေချင်းတစ်ခုကို ချန်ကျဲ့ မြင်တွေ့လိုက်၏။ ရွှေကြိုးထက်တွင် ပတ္တမြားကျောက်များ စီခြယ်ထားလေရာ ၎င်းကို ဟွမ်ဝမ်အာ၏ ခြေချင်းဝတ်တွင် ဝတ်ဆင်လိုက်ပါက အလွန်ဆွဲဆောင်မှုရှိပေလိမ့်မည်။

All Chapters