← Chapters

အခန်း (၆၇၇)

Vol. 57 Ch. 677

အခန်း (၆၇၇)

Vol. 57 Ch. 677

အခန်း ၆၇၇

ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် ခြေချင်းကို အမြန်ယူလိုက်သည်။

ကျန်သည့် ရွှေငွေရတနာများသည်တော့ များလွန်းသဖြင့် ချန်ကျဲ့ ရှောင်ဟူကို ကြည့်လိုက်သည်။

“ဟူဇစ် တစ်ခုရွေးလိုက်”

ရှောင်ဟူမှ ပြန်ပြောသည်။

“အစ်ကိုကျိုစစ် ကျွန်တော့်မှာ ဇနီးမရှိဘဲနဲ့ ဘာလုပ်ဖို့လိုမှာလဲဗျ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အခု မရှိသေးပေမဲ့ အနာဂတ်မှာ ရှိလာမှာပဲလေ။ နောက်ကျ တစ်ခုခုပေးစရာရှိအောင်လို့ တစ်ခုရွေးယူထားလိုက်”

သို့ဖြင့် ရှောင်ဟူသည် ရွှေလက်ကောက်တစ်ကွင်းကို သာမန်ကာလျှံကာ ကောက်ယူလိုက်သည်။ အတော်လေး လေးလံသော်ငြား အထူးတလည် လှပအောင် သွန်းလုပ်ထားခြင်း မရှိပေ။ သို့သော် ထိုသို့ရွှေလက်ကောက်ကြီးသည် သာမန်မိန်းကလေးများကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်ပင်။

ရှောင်ဟူမှ ပြောသည်။

“ကျွန်တော် ဒီတစ်ခုယူလိုက်မယ်”

ထိုအခါ ချန်ကျဲ့သည် ဘာမှမပြောပေ။

ငါ့ရဲ့ငတုံးညီလေးကတော့ နားကိုမလည်နိုင်ဘူးပဲ။

သူတို့ရွေးယူပြီးသည့်တိုင် လက်ဝတ်ရတနာ ၁၂ခု၊၁၃ခုခန့် ကျန်နေသေးသည်။ ချန်ကျဲ့ ထိုလက်ဝတ်ရတနာများကို ထုပ်ပိုးယူလိုက်သည်။ နောက်ပိုင်းတွင် ထိုက်တန်သည့် လက်အောက်ငယ်သားရှိပါက ဆုလာဘ်အနေဖြင့် ချီးမြှင့်နိုင်ပေသည်။

ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်အောက်ငယ်သားများကို ဆုချီးမြှင့်နိုင်မည့်ပစ္စည်းများ ရှိထားရန် လိုအပ်သည်။

ရွှေငွေကျောက်မျက်များကို သိမ်းယူပြီးနောက်လည်း တစ်ခုခုမူမမှန်ဟု ခံစားနေရသဖြင့် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ပဲ ဖွင့်နိုင်တဲ့တံခါးအထိ ဒီလောက်အသေးစိတ်ပြင်ဆင်ထားတာက ဒီရွှေငွေရတနာတွေကို သိမ်းထားဖို့ပဲတဲ့လား။ နန်ပါးထျန်းလိုလူမျိုးရဲ့အကျင့်နဲ့ မဖြစ်နိုင်သလိုပဲ။

ထိုသို့တွေးလျက် ချန်ကျဲ့ နံရံများကို ခေါက်ကြည့်သည်။ မျက်စိရှေ့မြင်တွေ့ရသည့် အရာတွေထက် ပိုအဖိုးတန်သည့်အရာကို ဖွက်ထားနိုင်လောက်သည်ဟု သူတွေးမိနေသည်။

ဒီနေရာမှာ အခုမျက်လုံးနဲ့မြင်နိုင်တာထက် ပိုတဲ့အရာရှိလိမ့်ဦးမယ်။

ဒေါက် ဒေါက်…

ချန်ကျဲ့ နံရံများကို လျှောက်ခေါက်ကြည့်သည်။ နောက်ဆုံးတွင် ခြေထောက်ကို ဆောင့်နင်းလိုက်ရာမှ သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ အခေါင်းပေါက်ကြီးဖြစ်နေနိုင်ကြောင်း နားလည်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ အစ်ကိုကျိုစစ်”

ရှောင်ဟူမှ မေးသည်။

ချန်ကျဲ့ ပြောသည်။

“ကြမ်းပြင်အောက်က အခေါင်းပေါက်ကြီးလို ခံစားနေရတယ်”

အခေါင်းပေါက်ကြီးလား။

ရှောင်ဟူ အံ့ဩသွားပြီး သူ့ရှေ့ရှိ ကျောက်ပြားကို ချက်ချင်း ဆွဲထုတ်ကြည့်လိုက်သည်။ ကျောက်ပြားကိုဆွဲထုတ်လိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပသွား၏။

“အစ်ကိုကျိုစစ် ကြည့်ဦး။ ဒီမှာ လက်ကိုင်တစ်ခုရှိနေတယ်”

ကျောက်ပြားအောက်တွင် ဖုံးကွယ်ထားသည့် လက်ကိုင်တစ်ခုရှိနေကြောင်း ချန်ကျဲ့ မြင်လိုက်ရသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် ရှာမတွေ့ဘဲ ကျော်သွားနိုင်သည့် နေရာမျိုးတွင် ဖုံးကွယ်ထားခြင်းပင်။

ချန်ကျဲ့ အနားကပ်သွားလိုက်ပြီး လက်ကိုင်ကို အားထည့်ဆွဲကြည့်လိုက်ရာ သံကြိုးပွတ်တိုက်သံများ ထွက်ပေါ်လာသည်။

ဤလက်ကိုင်ဟူသည် အဝတ်အထည်များတွင် အသုံးပြုသည့် လက်ကိုင်အမျိုးအစား မဟုတ်ပေ။ ကျောက်သားကြမ်းပြင်နှင့် ဆက်နွယ်ထားသည့် သံကြိုးပါဝင်သည့် ယန္တရားတစ်မျိုးဖြစ်သည်။

အတွင်းအားတချို့ အသုံးပြုကာ ချန်ကျဲ့ ကျောက်သားကြမ်းပြင်ကို ဖွင့်နိုင်လိုက်သည်။ အောက်ဘက်တွင် အခန်းငယ်တစ်ခန်း ရှိေနသည်။

လှေကားဖြင့် အောက်သို့ ဆင်းသွားနိုင်၏။ ထိုမြင်ကွင်းတွင် ကျိုးချူမှ မှတ်ချက်ပြုသည်။

“မြေခွေးအိုကြီးနန်ပါးထျန်းက ဉာဏ်အတော်ကောင်းတာပဲ။ အပြင်ဘက်လျှို့ဝှက်အခန်းမှာ လူတွေတပ်မက်လောက်မယ့် တန်ဖိုးကြီးပစ္စည်းတွေထားထားတာ။ တစ်ယောက်ယောက်တွေ့သွားတောင် အဲဒီရွှေငွေတွေကြောင့် အမြင်ကွယ်သွားကြအောင်ပေါ့လေ။ အပြင်လျှို့ဝှက်အခန်းအောက်မှာ အခန်းတစ်ခုထပ်ရှိနေမယ်လို့ ဘယ်သူက ထင်တော့မှာတဲ့လဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သူသာ ငတုံးတစ်ယောက်ဆိုရင် မျန့်ရွှေကို နှစ်၂၀ကျော် ဘယ်လိုလုပ် လွှမ်းမိုးနိုင်ခဲ့ပါ့မလဲ”

ကျိုးချူ တိတ်သွား၏။

အမှန်ပဲ။ အဲဒီအဖိုးကြီးက တကယ်ပဲ မျန့်ရွှေကို နှစ်၂၀ကျော် လွှမ်းမိုးသွားခဲ့တာမှ သူ့တည်ရှိမှုကြောင့် ခေါင်းဆောင်လျိုကို မွန်းကြပ်စေတဲ့အထိပဲ။

နန်ပါးထျန်းကို ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောနိုင်ပေမဲ့ မစွမ်းဆောင်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ တကယ်တမ်း မစွမ်းဆောင်နိုင်တဲ့လူတစ်ယောက်က မျန့်ရွှေမှာ ဒီလောက်ကြီးမားတဲ့အောင်မြင်မှုတွေ ရနိုင်ခဲ့မှာ မဟုတ်ဘူး။

ထိုသို့တွေးလိုက်ပြီး ကျိုးချူခေါင်းညိတ်လိုက်သည်။

အမှန်ပဲ။ နန်ပါးထျန်းကို မစွမ်းဆောင်နိုင်တဲ့သူလို့ ပြောလို့မရဘူး။ ဒီတိုင်း ကျိုစစ်က ပိုပြီး ကြောက်ဖို့ကောင်းနေရုံပဲ။

ချန်ကျဲ့မှ ပြောသည်။

“ငါတို့ အောက်ဆင်းကြည့်ရအောင်”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“ကျွန်တော်အရင် ဆင်းလိုက်မယ်”

ချန်ကျဲ့ ရှောင်ဟူကို ကြည့်လိုက်သည်။ ရှောင်ဟူသည် အောက်ဘက်တွင် လျှို့ဝှက်ယန္တရားများရှိနေမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ချန်ကျဲ့သိသည်။ ဤသို့အခြေအနေမျိုးတွင် သူ၏ငတုံးညီလေးသည် အမြဲ ရှေ့မှ ဦးဆောင်ပေးလေသည်။

ချန်ကျဲ့ ပြောလိုက်သည်။

“ဂရုစိုက်”

ထိုအချိန်၌ ကျိုးချူသည် မီးတုတ်တစ်ချောင်းထွန်းညှိပြီး လျှို့ဝှက်အခန်းထဲမှ ထွက်ခွာသွားပြီးနောက် စာအုပ်အချို့ယူလာကာ အမြန်ပြန်ပြေးလာသည်။ ထို့နောက် စာအုပ်တစ်အုပ်ကို မီးရှို့လိုက်ပြီး ထိုအခန်းငယ်သို့ ဆင်းသွားသည့် လှေကားထစ်များသို့ ပစ်ချလိုက်သည်။

ရုတ်ချည်းပင် လှေကားကို ရှင်းလင်းစွာ မြင်လိုက်ရပြီး နံရံရှိ မီးအိမ်တစ်လုံးကို မြင်လိုက်ရသည်။

သူတို့သုံးဦးလုံး အောက်ဆင်းသွားခဲ့သည်။ ထို့နောက် ဆီမီးအိမ်တစ်လုံးကို တွေ့သဖြင့် မီးထွန်းညှိလိုက်ရာ ထိုမီးအိမ်သည် နောက်မီးအိမ်တစ်လုံးနားအထိ အလင်းပေးနိုင်လေသည်။ သို့ဖြင့် သူတို့သည် လမ်းတစ်လျှောက်ရှိ မီးအိမ်အားလုံးကို ထွန်းညှိလာခဲ့ပြီး နောက်ဆုံးတွင်တော့ လျှို့ဝှက်အခန်းတစ်ခုလုံး လင်းသွားတော့သည်။

၎င်းမြေအောက်ခန်းသည် အခန်းငယ်လေးမဟုတ်ခဲ့ဘဲ အိပ်ခန်းသုံးခန်းပါ တိုက်ခန်းတစ်ခန်းစာခန့် အကျယ်အဝန်းရှိလေသည်။

အလယ်တွင် ကျယ်ဝန်းသည့် ဧည့်ခန်းရှိပြီး စားပွဲများ၊ ကုလားထိုင်များ၊ ထိုင်ခုံပုလေးများနှင့် ခုတင်တစ်လုံး ခင်းကျင်းထားသည်။ နန်ပါးထျန်းသည် အချိန်တချို့တွင် ဤနေရာတွင် နေထိုင်လေ့ရှိပုံရ၏။

ဧည့်ခန်းသို့ရောက်ပြီးနောက် သူတို့ လူခွဲလိုက်ကြသည်။

တစ်ဖက်လျှင် အခန်းနှစ်ခန်းရှိ၏။ ချန်ကျဲ့သည် အခန်းတစ်ခန်းရှေ့သို့ ရောက်လာသည်။ အခန်းထဲတွင် အမျိုးမျိုးသော ဆေးဖက်ဝင်အပင်ပစ္စည်းနာမည်များ ရေးထိုးထားသည့် ဗီဒိုကြီးတစ်လုံး ရှိသည်။

ချန်ကျဲ့၏မျက်လုံးများ ရုတ်ချည်း တောက်ပသွား၏။

ဆေးပင်တွေ.. ဒါတွေကမှ ရတနာတွေပဲ။

နန်ပါးထျန်းသည် ဆေးဖက်ဝင်ပစ္စည်းများကို နှစ်၂၀ကြာ စုဆောင်းထားခဲ့သည်။ ဤအထဲတွင် ချန်ကျဲ့လိုအပ်သည့် ဆေးပင်များလည်း သေချာပေါက် ရှိပါလိမ့်မည်။

ချောင်ဟုန်ယန်(ဟန်ဟယ့်)ထံမှ ချန်ကျဲ့သည် ချီစွမ်းအင်ဆေးလုံးအတွက် ဆေးညွှန်းကို ရရှိထားခဲ့ရာ ၎င်းဆေးညွှန်းမှာ အလွန်များပြားသည့် ဆေးပင်များကို လိုအပ်သည်။ ယခုအချိန်အထိ ချန်ကျဲ့မှာ များစွာသော အဓိကပါဝင်ပစ္စည်းများကို လိုအပ်နေသေးပေသည်။

ချန်ကျဲ့ ဆေးပင်များကို ရှာဖွေကြည့်သည်။

အခက်အခဲမျိုးစုံကိုဖြတ်ကျော်လာပြီးနောက် ချန်ကျဲ့သည် နန်ပါးထျန်း၏ နှစ်၂၀ကြာ စုဆောင်းမှုကြီးတွင် မည်သို့ ကောင်းမွန်လှပါသော ပစ္စည်းများ ရှိနေလိမ့်မည်နည်းဟု စိတ်လှုပ်ရှားနေခဲ့သည်။

ယခုတွင် ချီစွမ်းအင်ဆေးလုံးပြုလုပ်ရန်အတွက် လိုအပ်သည့် အရန်ဆေးဖက်ဝင်ပစ္စည်းအားလုံး ပြည့်စုံသွားလေပြီ။

ဆေးလုံးမဖော်စပ်ရသေးသည့် ထိုက်ဆွေ့အသားတစ်စကိုလည်း ရှာတွေ့ခဲ့သေးသည်။

ချီစွမ်းအင်ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် အဓိကပါဝင်ပစ္စည်းများမှာ ရေစိမ်းသစ်သီးနီနှင့် ထိုက်ဆွေ့အသားတို့ဖြစ်သည်။

ယခုတွင် ထိုက်ဆွေ့အသားလည်း ရပြီဖြစ်သောကြောင့် ရေစိမ်းသစ်သီးနီသာလျှင် ကျန်တော့သည်။ ၎င်းကို ရရှိပြီးပါက ချီစွမ်းအင်ဆေးလုံးကို ဖော်စပ်နိုင်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

ကံဆိုးစွာဖြင့် နန်ပါးထျန်း၌ ရေစိမ်းသစ်သီးနီ မရှိပေ။

အကယ်၍များ ဘယ်လိုမှ အဆင်မပြေတော့ပါက လျိုလောင်ကွေ့ထံ မေးကြည့်မည်ဟု ချန်ကျဲ့တွေးလိုက်သည်။

သို့သော် လောလောဆယ်တော့ မျှော်လင့်ချက်ရှိလာလေပြီ။ ယခင်က အရန်ဆေးဖက်ဝင်ပစ္စည်းများပါ မရရှိနိုင်သောကြောင့် ချီစွမ်းအင်ဆေးလုံးဖော်စပ်ခြင်းမှာ မဖြစ်နိုင်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလော?

All Chapters