← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁)

လက်နက်ပုန်းကို ပစ်လွှတ်လိုက်သူမှာ စစ်ယန်ရန် ဖြစ်သည်။ သူမသည် နာမည်ကျော် အရုဏ်ဦးတစ်ထောင်မျှော်စင်၏ ပိုင်ရှင်ဖြစ်သူ ကုန်းစွန်းချန်း၏ ဇနီးဖြစ်သည်။ သူမ ယခုလေးတင် သတ်လိုက်သော အမျိုးသားမှာ သူမ၏ တိတ်တိတ်ပုန်းချစ်သူ ဖြစ်သလို အရုဏ်ဦးတစ်ထောင်မျှော်စင်မှ တပည့်တစ်ဦးလည်း ဖြစ်သည်။

စစ်ယန်ရန်သည် အသက် ၂၀ အရွယ်တွင် သူမ၏ ထူးခြားသော လှံတိုပညာဖြင့် သိုင်းလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမ အသက် ၂၃ နှစ်အရွယ်တွင် အသက် ၅၀ကျော်အရွယ်ရှိပြီဖြစ်သော အရုဏ်ဦးတစ်ထောင်မျှော်စင်၏ အရှင်သခင်နှင့် ဆုံတွေ့ကာ လက်ထပ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်စုနှစ်တစ်ခု ကုန်လွန်သွားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သနည်း။ အသေးစိတ် ပြောနေရန် မလိုတော့ပေ။ အကျဉ်းချုပ်ရလျှင် "သစ်တော်ပန်းပွင့်က စက္ကူပန်းကို အနိုင်ယူလိုက်သည်" ဆိုသည့် စကားပုံနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။

အစိမ်းရောင်ဝတ်စုံနှင့် သေဆုံးနေသော ကျောင်းတော်သားလေးမှာ ဝမ်အောက် ဖြစ်သည်။ သူသည် အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်ခန့်က အရုဏ်ဦးတစ်ထောင်မျှော်စင်သို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။ သူသည် ရုပ်ရည်ချောမောသဖြင့် ဆရာကတော်၏ "ရွေးချယ်ခြင်း" ကို ခံခဲ့ရပြီး သူမ၏ "နောက်ဆုံးတပည့်" အဖြစ် လက်ခံခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူတို့နှစ်ဦးကြားတွင် ဖောက်ပြန်သော ဆက်ဆံရေးတစ်ခု စတင်ခဲ့တော့သည်။

သို့သော်လည်း ထိုဝမ်အောက်သည် ချောမောရုံသက်သက်တော့ မဟုတ်ပေ။ သူ့တွင်လည်း ကိုယ်ပိုင်ရည်မှန်းချက်များ ရှိပေသည်။ အရုဏ်ဦးတစ်ထောင်မျှော်စင်သို့ စတင်ဝင်ရောက်စဉ်ကပင် သူသည် ထိုဂိုဏ်း၏ အမြင့်ဆုံးပညာရပ်ဖြစ်သော အရုဏ်ဦးတစ်ထောင်မှော်ပညာကို မျက်စိကျနေခဲ့ခြင်းဖြစ်သည်။ သူသည် ဆရာကတော်နှင့် ရထားသော ဆက်ဆံရေးကြောင့် ပို၍ပင် ယုံကြည်မှု ရှိနေခဲ့သည်။

တစ်နှစ်ခန့်အကြာတွင် ဝမ်အောက်က အချိန်တန်ပြီဟု ခံစားမိလာသည်။ သူသည် စစ်ယန်ရန်ကို အရုဏ်ဦးတစ်ထောင်မှော်ပညာ ကျမ်းကို ခိုးယူရန် သို့မဟုတ် သူ့အား ပေးရန် စကားဦးသမ်း၍ စတင်တောင်းဆိုတော့သည်။

စစ်ယန်ရန်ကား မိုက်မဲသူ မဟုတ်ပေ။ ကုန်းစွန်းချန်းသည် သူမ၏ ဖောက်ပြန်မှုကို မသိသော်လည်း ဂိုဏ်း၏ လျှို့ဝှက်ကျမ်းစာကို တစ်စုံတစ်ယောက်က ထိတွေ့ကိုင်တွယ်သွားသည်ကို မသိလောက်အောင်အထိတော့ မတုံးအပေ။ ထို့ကြောင့် သူမ ထိုသို့ မလုပ်ဝံ့ခဲ့ပေ။ အခြားတစ်ဖက်တွင်မူ ဝမ်အောက်က ဤကိစ္စကို ခဏခဏ ပြောဆိုလာခဲ့သည်။ နောက်ဆုံးတွင် ခြိမ်းခြောက်သည့် အနေအထားအထိ ဖြစ်လာခဲ့သည်။

ထို့ကြောင့် စစ်ယန်ရန်က သူ့ကို သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။

ယခုအကြိမ်တွင် ဓားသမားနှစ်ဦးသည် ချန်လင်တွင် ဓားချင်းယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။ သိုင်းလောက၏ အင်အားအကြီးဆုံးဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် အရုဏ်ဦးတစ်ထောင်မျှော်စင်လည်း ထိုပွဲကြီးပွဲကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။ ဆရာကတော်နှင့် နောက်ဆုံးတပည့်တို့အနေဖြင့် သူတို့သည်လည်း အရှင်သခင်နှင့်အတူ မြို့ထဲသို့ လိုက်ပါလာခဲ့ကြသည်။

ထို့ကြောင့် ယခင်မြင်ကွင်း၏ အကြောင်းရင်းမှာ ဤသို့ပင် ဖြစ်လေတော့သည်။

ဖုန်းပုကြွယ် ပြောခဲ့သကဲ့သို့ပင် ဤမြို့ငယ်လေးထဲ၌ သန်းခေါင်ယံအချိန်တွင် လူတစ်ယောက်၊ နှစ်ယောက်ကို သတ်လိုက်ရုံဖြင့် မည်သူကမှ ဂရုစိုက်မည်မဟုတ်သလို ကောင်းကင်ကြီးကလည်း အပြစ်တင်မည် မဟုတ်ပေ။ လူသတ်ပြီးနောက် အလောင်းကို ရှင်းလင်းလိုက်ပြီး ဒဏ်ရာကိုကြည့်ကာ မည်သူသတ်သွားကြောင်း မခန့်မှန်းနိုင်သရွေ့ အားလုံး အဆင်ပြေမည် ဖြစ်သည်။

စစ်ယန်ရန် ကြံစည်ထားသည်လည်း ထိုအတိုင်းပင်။ သူမသည် ဝမ်အောက်ကို ညဘက်တွင် ချိန်းတွေ့ရန် ဟန်ဆောင်ခေါ်ထုတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ သူ့ကို သတ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ သူ မသိခဲ့သည်မှာ ကောက်ကျစ်သော ဝမ်အောက်သည် တစ်ခုခုလွဲနေသည်ကို သတိပြုမိပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူမ စတင်တိုက်ခိုက်မည် အလုပ်တွင် ဝမ်အောက်က ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း စစ်ယန်ရန်၏ သိုင်းပညာသည် ဝမ်အောက်ထက် များစွာသာလွန်သဖြင့် နောက်ဆုံးတွင် သူမလွတ်မြောက်နိုင်ခဲ့ပေ။ သို့သော် သူ မသေဆုံးမီ ဖုန်းပုကြွယ်တို့အဖွဲ့၏ ရှေ့မှောက်သို့ မတော်တဆ ရောက်ရှိသွားခဲ့သည်။

အခုလေးတင် ဖုန်းပုကြွယ် အလောင်းကို သွားကြည့်ချိန်တွင် စစ်ယန်ရန်သည် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေမိသည်။ သိုင်းလောကထဲတွင် သူမ၏ လှံတိုများကို မှတ်မိသူ အများအပြား ရှိသည်။ ယခုတွင် မျက်မြင်သက်သေရှိနေပြီး လူသတ်လက်နက်လည်း ရှိနေချေပြီ။ အလောင်းလည်း ရှိနေပြီ ဖြစ်သဖြင့် လူသတ်မှုက သေချာပေါက် ပေါ်ပေါက်သွားတော့မည်။ ထိုကိစ္စပေါ်သွားလျှင် ဖောက်ပြန်မှုကလည်း အလိုအလျောက် ဖော်ထုတ်ခံရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် စစ်ယန်ရန် စိတ်ထဲရှိနေသည်မှာ "တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်" ဆိုသည့်အတိုင်းပင်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက သိုင်းတတ်ပုံ မရဘူး၊ သူတို့ကိုပါ အကုန်သတ်ပစ်တာ ပိုကောင်းမယ်။ နင်တို့ ကံဆိုးတယ်လို့ပဲ မှတ်လိုက်ကြတော့။

ဝှစ်... ဝှစ်... ဝှစ်...

ဖုန်းပုကြွယ်၏ ပတ်ပတ်လည်တွင် ထူးဆန်းသော အသံအချို့ ပဲ့တင်ထပ်သွားသည်။

လေထဲတွင် ရုတ်တရက် ပေါ်လာသော လှံတိုများသည် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ကို ထိမှန်ခါနီးတွင် မမြင်ရသော အတားအဆီးတစ်ခုကြောင့် တန့်သွားခဲ့သည်။ အသေအချာကြည့်လျှင် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ် မျက်နှာပြင်သည် လှံတိုများကြောင့် လှိုင်းထနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ယင်းသည် အက်ခိုးချပ်ဝတ်၏ ခံစစ်အာနိသင် ပြန်လည် အလုပ်လုပ်ခြင်းပင်။ ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း အရှိန်ပြင်းပြင်းဖြင့် အချက်ပေါင်းများစွာ ပစ်လွှတ်လိုက်သော လှံတိုများကို ရင်ဆိုင်ရာတွင် အသံအတားအဆီးသည် သိသာထင်ရှားသော ကာကွယ်ရေးအကျိုးသက်ရောက်မှု ရှိပေသည်။ ထိုအချိန်က လှံတိုများသည် ဤအချက်နှစ်ချက်စလုံးနှင့် ကိုက်ညီနေ၏။ စွမ်းအားပိုင်းတွင်မူ... K3-Red Iron ၏ အနီးကပ်လှံတိုများကိုပင် အသံအတားအဆီးက တားဆီးနိုင်ခဲ့သည်။ ထိုမျှအလှမ်းဝေးသောနေရာမှ ပစ်သည့် လှံတိုများအတွက်မူ စိုးရိမ်စရာ မရှိပေ။

စစ်ယန်ရန်သည် ဤသို့ ဖြစ်လာမည်ကို မမျှော်လင့်ထားပေ။ သူမ ပစ်လွှတ်လိုက်သော လှံတိုများကို ဖုန်းပုကြွယ်က မည်သို့ တားဆီးလိုက်သည်ကို သူမ စဉ်းစားမရနိုင်အောင် ဖြစ်သွားသည်။

ဖုန်းပုကြွယ် သက်ပြင်းချနိုင်သွားသည်။ အကယ်၍ တစ်ဖက်လူက သူ့ကို အနီးကပ် တိုက်ခိုက်ခဲ့လျှင် သူ၏ အသက်အမှတ် အများအပြား ဆုံးရှုံးသွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ပြိုင်ဘက်က လှံတိုဖြင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သဖြင့် သူ ဘာဒဏ်ရာမှ မရခဲ့ပေ။

တိုက်စစ်နှင့် ခံစစ်ကြားတွင် အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။

စစ်ယန်ရန်ကတော့ အတွင်းအားမရှိသော ဖုန်းပုကြွယ်ကဲ့သို့ လူမျိုးသည် လှံတိုထိမှန်ပြီးနောက် သေချာပေါက် သေလိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။ သူမသည် သူ့အား နူတ်ပိတ်ချင်သဖြင့် လှံတိုများ ပစ်လွှတ်ရင်း လမ်းကြားထဲမှ ပြေးထွက်လာကာ ကျန်လေးယောက်ကိုပါ ရှင်းလင်းရန် ပြင်ဆင်နေခြင်းသည်။ သို့သော် ထိုကောင်လေးမှာ သူမ၏ လှံတိုထိမှန်သွားသော်လည်း တစ်ချက်မှ မလှုပ်ဘဲ ရပ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့အပြင် သူ့လက်ထဲတွင်လည်း သူမ ယခင်က တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသောလက်နက်တစ်ခု (တကယ်တော့ ဂွတစ်ခုဖြစ်သည်)က မျက်လှည့်ပြသလို ရုတ်တရက် ပေါ်လာလေသည်။ သူမအနေဖြင့် အရာအားလုံးကို သတိထားရတော့မည် ဖြစ်သည်။

ဖုန်းပုကြွယ်ဘက်တွင်မူ သူသည် အလိုအလျောက်ပင် လက်နက်ကို ထုတ်ယူလိုက်ပြီး မော့ကြည့်လိုက်သည်။ သူ့မျက်စိထဲသို့ ဝင်လာသည်မှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် မီးခိုးဖျော့ရောင် မြွေပါမွေးအပေါ်င်္ကျီကို တင်ထားကာ ခါးတွင် ငွေရောင်ဖဲကြိုးကို ပတ်ထားသည်။ ထိုအမျိုးသမီးကို ပြိုင်ဘက်ကင်း အလှနတ်သမီးဟု မဆိုနိုင်သော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်ကတော့ အတော်လေး မိုက်သည်ဟု ဆိုနိုင်သည်။ အသက် ၃၀ ကျော်အရွယ် ဖြစ်သောကြောင့် သူမသည် ပို၍ပင် ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိနေတော့သည်။

"အစ်မကြီး... စကားကောင်းကောင်း ပြောကြရအောင်..."

ဖုန်းပုကြွယ်သည် ထိုအမျိုးသမီး ဘာကြောင့် တိုက်ခိုက်သည်ကို စက္ကန့်ပိုင်းအတွင်း နားလည်သွားခဲ့သည်။ သူက ပါးနပ်စွာဖြင့် ဆိုလိုက်သည်။

"ကျုပ် အစ်မကြီးကို မသိပါဘူး..."

သူက မြေပြင်ပေါ်က အလောင်းကို ညွှန်ပြရင်း "ဒီလူကိုလည်း ကျုပ်မသိဘူး"

သူသည် စစ်ယန်ရန်နှင့် အကွာအဝေးတစ်ခုကို သတိထား၍ ထိန်းသိမ်းထားလိုက်သည်။

"စောစောက ဖြစ်ပျက်ခဲ့တာတွေက ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး"

ထိုအမျိုးသမီးက ရှေ့ဆက်မတိုးဝံ့သလို ရပ်တန့်သွားသည်ကို မြင်သောအခါ သူ အနည်းငယ် စိတ်အေးသွားသည်။

"ကျုပ်နဲ့ ကျုပ်သူငယ်ချင်းတွေက... ဘာမှမမြင်ခဲ့သလိုမျိုး ဟန်ဆောင်ပြီး တိတ်တိတ်လေး ထွက်သွားပေးနိုင်ပါတယ်၊ ဒီအလောင်းကို အစ်မကြီး စိတ်ကြိုက် စီမံနိုင်ပါတယ်"

စစ်ယန်ရန်မှာ သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် စကားအနည်းငယ်ဖြင့် စိတ်ပြောင်းမည့်သူ မဟုတ်ပေ။ သူမက နှာခေါင်းရှုံ့လိုက်သည်။

"ဟွန်း... အခုမှ အဲဒီစကားတွေပြောဖို့ နောက်ကျလွန်းမနေဘူးလား၊ နင် ငါ့မျက်နှာကို မြင်ပြီးသွားပြီပဲ"

သူမ၏ အကြည့်များက ဝမ်အောက်၏ အလောင်းဆီသို့ ရောက်သွားသည်။

"နင်သူ့မျက်နှာကိုလည်း မြင်ပြီးပြီ၊ အဲဒါနဲ့တင် လုံလောက်နေပြီ"

သူမ ပြောသည်က မှားတော့မမှားပေ။ ထိုသူစိမ်းများက စောစောက ဖြစ်ပျက်ခဲ့သည်များကို လျှို့ဝှက်ထားပေးမည်ဟု ယုံကြည်ရန် အကြောင်းမရှိပေ။ အကယ်၍ သူတို့ လျှို့ဝှက်ထားပေးခဲ့လျှင်ပင် ဤလျှို့ဝှက်ချက်မှာ အပေးအယူလုပ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။

"ဒါဆိုရင်တော့... တခြားနည်းလမ်း မရှိတော့ဘူးပေါ့..."

ဖုန်းပုကြွယ်က ထိုသို့ပြောရင်း မျက်နှာကို အနည်းငယ်စောင်းလိုက်ပြီး အသံမြှင့်လိုက်သည်။ သိသာသည်မှာ သူသည် သူ့အဖွဲ့သားများကို သတိပေးလိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ခြင်း ဖြစ်သည်။

အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ဖုန်းပုကြွယ်၏ ပတ်ပတ်လည်တွင် ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။ သူသည် ဤဇာတ်လမ်းထဲရှိ NPC များ၏ စွမ်းအားကို သတိထားရမည် ဖြစ်သောကြောင့် ပေါ့ပေါ့တန်တန် မလုပ်ဝံ့ပေ။ ထို့ကြောင့် သူသည် တိုက်ပွဲအစတွင်ပင် ခန္ဓာကိုယ်မြှင့်တင်ခြင်းမန္တန်ကို အသက်သွင်းလိုက်တော့သည်။

စစ်ယန်ရန်ဘက်တွင်မူ သူမသည် ဖုန်းပုကြွယ်ထက်ပင် ပို၍ ထိတ်လန့်နေခဲ့သည်။ ပထမကြည့်လိုက်လျှင် ထိုလူ့တွင် အတွင်းအား မရှိသယောင် ထင်ရသော်လည်း လှံတိုကို လေထဲတွင် ဖယ်ထုတ်လိုက်သည့် မမြင်ရသောအားသည် အတွင်းအားအလွန်ကြီးသည့် ပညာရှင်တစ်ဦးသာ လုပ်နိုင်သည့် အရာဖြစ်သည်။ ယခုမြင်နေရသည့် အနီရောင်ချီလည်း သူမ တစ်ခါမှ မမြင်ဖူးသော ကျင့်စဉ်မျိုး ဖြစ်နေသည်။

ထိုအခြေအနေတွင် စစ်ယန်ရန် စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူမ ထိုလူကို သတ်ချင်သည်။ သူမရှေ့က လူတွင် ထူးခြားသောစွမ်းအားတစ်မျိုးမျိုး ရှိနေပုံရသဖြင့် သူမ၏ စွမ်းအားအပြည့်ကို အသုံးပြု၍ သူ အသက်ရှင်နိုင်မလားကို ကြည့်ရပေတော့မည်။

သူမသည် သူမ၏ အတွင်းအားကို စုစည်းလိုက်ပြီး ဒူးကို အနည်းငယ်ကွေးကာ လက်ကောက်ဝတ်ကို လွှဲယမ်းလိုက်သည်။ ယခုအကြိမ်တွင် လှံတိုတစ်စင်းတည်းသာ ဖုန်းပုကြွယ်ထံသို့ ပျံသန်းသွားသော်လည်း ၎င်း၏ စွမ်းအားက အလွန်ပြင်းထန်လှသည်။ ၎င်းသည် လေထုကို ခွဲထွက်၍ လေချွန်သံကဲ့သို့ အသံပြုရင်း ဖုန်းပုကြွယ်၏ လည်ပင်းဆီ ဦးတည်ပြေးဝင်သွားတော့သည်။

အခန်း (၁၉၂)

စစ်ယန်ရန်သည် ငယ်စဉ်ကတည်းကပင် သူမ၏ မိသားစုလျှို့ဝှက်နည်းစနစ် လက်နက်ပုန်းပညာရပ်ကို လေ့ကျင့်လာခဲ့သူ ဖြစ်သည်။ သူမ၏ မိသားစုတွင် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်က သူမသည် သူမ၏ ဖခင်အရွယ်ဖြစ်ဖြစ်သော ကုန်းစွန်းချန်းနှင့် လက်ထပ်ခဲ့သည်။ ပထမအချက်သည် သိုင်းလောကအတွင်း သူမ၏ အဆင့်အတန်းအတွက်ဖြစ်ပြီး ဒုတိယအချက်မှာ ကြွယ်ဝမှုကြောင့်ဖြစ်သည်။၊ တတိယအချက်မှာမူ အရုဏ်ဦးတစ်ထောင်မျှော်စင်၏ လျှို့ဝှက်ပညာရပ်များကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း စစ်ယန်ရန်သည် သူမ၏ မိသားစု လျှို့ဝှက်ပညာရပ်ကို အထွတ်အထိပ်ရောက်အောင် လေ့ကျင့်ခဲ့ရုံသာမက အရုဏ်ဦးတစ်ထောင်မျှော်စင်၏ လျှို့ဝှက်ပညာရပ်ကိုလည်း သူမ၏ ကိုယ်ပိုင်အတွင်းအားနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူမ၏ လက်ရှိသိုင်းပညာ အဆင့်အတန်းသည် ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များကို မယှဉ်နိုင်သေးသော်လည်း အကယ်၍ သူမသည် သမုဒ္ဒရာသဲဂိုဏ်းသို့မဟုတ် အဇူရာပင်လယ်ဓားဂိုဏ်းတို့လို ဒုတိယတန်းစား၊ တတိယတန်းစား ဂိုဏ်းချုပ်များနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။

သံသယဖြစ်စရာမလိုဘဲ သူမသည် ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ခန္ဓာကိုယ် မြှင့်တင်ခြင်းမန္တန် အစွမ်းအောက်တွင် ရှိနေသော ဖုန်းပုကြွယ်သည်လည်း အမြန်နှုန်းအရ ထိပ်တန်းသိုင်းပညာရှင် အဆင့်တွင် ရှိနေပေသည်။ ဟုတ်ပါသည်... သူသည် ကိုယ်ဖော့ပညာ သို့မဟုတ် အတွင်းအားကို အားကိုးနေခြင်း မဟုတ်ပေ။ ယင်းအစား ဂိမ်းကပေးထားသော အစွမ်းသတ္တိများကိုသာ အားကိုးနေခြင်း ဖြစ်သည်။ သူ၏ အမြင်အာရုံ၊ တုံ့ပြန်မှုနှုန်းနှင့် လှုပ်ရှားမှုနူန်းတို့က စစ်ယန်ရန်ကို လိုက်မီနိုင်သော်လည်း တိုက်ခိုက်မှုစွမ်းရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ သူမနှင့် အလှမ်းဝေးနေသေးသည်။

ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် အကယ်၍ စစ်မှန်သော သိုင်းပညာရှင်တစ်ဦးသာဆိုပါက လှံတိုကို ရှောင်တိမ်းပြီး နောက်ဆက်တွဲ တိုက်ကွက်ကို ပြင်ဆင်နိုင်မည် သို့မဟုတ် အခြေအနေကိုပင် ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။ သို့သော် ဖုန်းပုကြွယ်ကား ရှောင်တိမ်းခြင်းကလွဲ၍ အခြား ဘာမှမလုပ်နိုင်သေးပေ။ သူနောက်ထပ် ဘာဆက်လုပ်မည်ကို မဆုံးဖြတ်မီ ပြိုင်ဘက်ကို အရင်စမ်းသပ်ရန် လိုအပ်နေသေးသည်။

သိုင်းလောက၏ သတ်မှတ်ချက်များမှာ ထူးဆန်းသည်ဟု ဆိုရမည်...။ ဥပမာအားဖြင့် K3-Red Iron ကဲ့သို့သော ပြိုင်ဘက်သည် သန်မာသော်လည်း ထိုသန်မာမှုက အပြင်ပန်းတွင် အထင်အရှားရှိနေခြင်းဖြစ်သည်။ ၎င်းမှာ ခွန်အား၊ အရှိန်၊ စွမ်းအား၊ အထူးဝိသေသလက္ခဏာများ၊ ကျွမ်းကျင်မှုများနှင့် အခြားအချက်များ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သို့သော် အရှေ့တိုင်း ဝူရှလောကတွင်မူ သိုင်းပညာရှင်တစ်ဦး၏ သန်မာမှုကို တိုင်းတာသည့် စံနှုန်းမှာ ဝေဝါးပြီး မရေရာပေ။ "ပထမတန်းစား"၊ "ထိပ်တန်းအဆင့်"၊ "ပင်ကိုယ်စွမ်းရည်ပညာရှင်"၊ "ပြိုင်ဘက်ကင်း" စသည့် အသုံးအနှုန်းများဖြင့် အလွန်ကျယ်ပြန့်လှသည်။ လက်နက်ကျမ်းစာထဲမှ အဆင့်သတ်မှတ်ချက်များသည်လည်း နှိုင်းယှဉ်ချက် သဘောသာ ဖြစ်သည်။ အဆင့်အမြင့်ဆုံးသူက အဆင့်နိမ့်သူကို သေချာပေါက် အနိုင်ရမည်ဟု မည်သူမျှ တပ်အပ်မပြောနိုင်ပေ။

ပြောင်မြောက်သော တိုက်ကွက်များက အောက်စည်းရောက်နေသူကို ၎င်းထက် များစွာသန်မာသော ပြိုင်ဘက်ကို အနိုင်ယူစေနိုင်သည်။ နက်နဲသော အတွင်းအားက အားနည်းသော အဘိုးအိုတစ်ဦးကို လက်ဗလာဖြင့် ကျောက်တုံးကို ခွဲစေနိုင်သည်။ လီရှန်းဟွမ်၏ ပျံလွှားဓားမြှောင်၊ လုရှောင်ဖုန်း၏ လက်ချောင်းများ၊ ချူးလူရှန်း၏ ကိုယ်ဖော့ပညာ... စသည်ဖြင့်။ "အတိအကျ ဘယ်လောက် အားပါသလဲ၊ အတိအကျ ဘယ်လောက် မြန်သလဲ" ဆိုသည့် မေးခွန်းမျိုးကို မည်သူကမှ ဂရုမစိုက်ကြပေ။ ထိုကဲ့သို့သော အရှေ့တိုင်း၏ လျှို့ဝှက်ဆန်းကြယ်ပြီး ရိုမန်းတစ်ဆန်သော ဝိသေသလက္ခဏာများကပင် ဝူရှလောကကို ဆွဲဆောင်မှုရှိနေစေခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် "သိုင်းပညာ" ကို အသုံးပြုသော NPC နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသေးပေ။ နောက်တစ်စက္ကန့်တွင် စစ်ယန်ရန် ဘာလုပ်မည်နည်း၊ ဘာလုပ်နိုင်သနည်း ဆိုသည်ကို သူခန့်မှန်းရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် သူသည် သတိကြီးစွာဖြင့်သာ လှုပ်ရှားနိုင်ပြီး တိုက်ကွက်တစ်ခု ဖော်ပြီးမှသာ အသာစီးရရန် ကြိုးစားရမည် ဖြစ်သည်။

သူ့အတွေးက မမှားပေ။ စစ်ယန်ရန်၏ ယခင်တိုက်ကွက်သည် တစ်ကွက်တည်းဖြစ်သော်လည်း အပြောင်းအလဲ နှစ်မျိုးရှိသည်။ ပြိုင်ဘက်က ရှောင်သည်ဖြစ်စေ၊ ကာသည်ဖြစ်စေ နောက်ဆက်တွဲ တိုက်ကွက်က အမြဲရှိနေတတ်သည်။ အကယ်၍ ဖုန်းပုကြွယ် စွန့်စားလိုက်လျှင် ပိုအန္တရာယ်ရှိသွားပေလိမ့်မည်။

အဖြူရောင် အရိပ်တစ်ခု ဖျတ်ခနဲ လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရသည်။ စစ်ယန်ရန်၏ လက်ချောင်းများက လှံတိုကို ကိုင်ဆောင်ထားပြီး နောက်ထပ်တိုက်ကွက် ရောက်ရှိလာပြီ ဖြစ်သည်။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး သေးငယ်သောလက်နက်ကို အသုံးပြုသည်ဆိုသော်လည်း အထင်မသေးလိုက်ပါနှင့်။ သူမ၏ သိုင်းပညာမှာ ခိုင်မာပြင်းထန်ပြီး သူမ လှုပ်ရှားလိုက်တိုင်း လေနှင့် မိုးကြိုးသံကဲ့သို့သော အသံသဲ့သဲ့ ထွက်ပေါ်နေလေသည်။

အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားပြင်းသော နောက်ထပ်လှံတိုသုံးစင်း တရကြမ်း ပြေးထွက်သွား၏။ တိုက်ခိုက်မည့်နေရာများသည် ဖုန်းပုကြွယ်၏ လည်ပင်းတည့်တည့်နှင့် သူ့ရင်ဘတ်ပေါ်ရှိ ထျန်းတု၊ ကျိကုန်းနှင့် ရှန်းကျုံးအပ်စိုက်မှတ်များကို အသီးသီး ပစ်မှတ်ထားထားခြင်း ဖြစ်သည်။

စစ်ယန်ရန်၏ နောက်ထပ်လှုပ်ရှားမှုသည် အလွန်ထင်မှတ်မထားစရာ ကောင်းလှသည်။ သူမ လှံတိုများ ပစ်လွှတ်လိုက်ပုံကို ကြည့်ရုံဖြင့် မည်သည့်နေရာသို့ ပစ်မှတ်ထားသည်ကို လုံးဝခန့်မှန်း၍ မရနိုင်ပေ။ အကယ်၍ သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူတစ်ဦးဖြစ်ပါက ပထမလှံတိုကို ရှောင်ပြီးနောက် အတွေ့အကြုံနှင့် တွက်ချက်မှုများအရ စစ်ယန်ရန်၏ နောက်ထပ်တိုက်ကွက်သည် ခန္ဓာကိုယ်အောက်ပိုင်း သို့မဟုတ် ခြေထောက်ပိုင်းကို ပစ်မှတ်ထားလိမ့်မည်ဟု သေချာပေါက် ထင်မိပေလိမ့်မည်။ အကယ်၍ သူတို့သာ အမှန်တကယ် ထိုသို့ထင်မိလျှင်... ထောင်ချောက်ထဲသို့ ရောက်သွားပေလိမ့်မည်။ မိနစ်ဝက်လောက် ကြိုတင်လှုပ်ရှားလိုက်သည်နှင့် နောက်ဆက်တွဲ မြားတိုသုံးစင်းကို ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် ဖုန်းပုကြွယ်ကတော့... ထိုမျှလောက် အများကြီး မစဉ်းစားပေ။

အကယ်၍ သိုင်းပညာရှင်များအကြားမှ တိုက်ပွဲကို စစ်တုရင်ကစားခြင်းနှင့် နှိုင်းယှဉ်ပါက ထိုအချိန်တွင် စစ်ယန်ရန်၏ စစ်တုရင်ခုံတစ်ဝက်တွင် စစ်တုရင်ရုပ်များဖြင့် ပြည့်နေသော်လည်း ဖုန်းပုကြွယ်၏ ခုံတစ်ဝက်မှာမူ တိရစ္ဆာန်ရုပ်များဖြင့် ပြည့်နေခြင်းဖြစ်သည်။

"မင်းက အမြောက်နဲ့ ပစ်ရင် ငါက တိရစ္ဆာန်တွေနဲ့ ကိုက်ခိုင်းမယ်၊ မင်းက ရထားနဲ့ တိုက်ရင် ငါက တိရစ္ဆာန်တွေနဲ့ ကိုက်ခိုင်းမယ်၊ မင်းက မြင်းနဲ့ ခုန်ရင် ငါက တိရစ္ဆာန်တွေနဲ့ ကိုက်ခိုင်းမယ်"

ဘယ်နှစ်ကွက် ကြိုတွက်နိုင်သလဲဆိုတာ မင်းကိစ္စပဲ။ ငါ့မှာ စစ်တုရင်ဆိုတဲ့ အယူအဆ မရှိဘူး။

ထို့ကြောင့် ဖုန်းပုကြွယ်သည် လူသားတို့ မတွေးတောနိုင်သော အလုပ်ကို ထပ်မံ လုပ်ဆောင်လိုက်ပြန်သည်။ သူ့မျက်နှာအမူအရာက အာရုံစိုက်ထားသော်လည်း အနည်းငယ်မျှ ကြိုတင်မလှုပ်ရှားပေ။ လှံတိုများ စစ်ယန်ရန်၏ လက်ထဲမှ လုံးဝထွက်ခွာသွားချိန်မှသာ သူ စတင် တုံ့ပြန်ပြီး ထပ်မံရှောင်တိမ်းလိုက်သည်။ အန္တရာယ်များလှသော်လည်း သူ ဘာဒဏ်ရာမှ မရရှိခဲ့ပေ။

စစ်ယန်ရန်သည် ဖုန်းပုကြွယ်၏ စွမ်းအားအပေါ် ပို၍ပို၍ အံ့သြလာရသည်။ သူမသည် ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွင် ထိုကဲ့သို့ တုံ့ပြန်နိုင်သူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ သူမ ရင်ဆိုင်ခဲ့ဖူးသမျှ သိုင်းပညာရှင်များအားလုံးသည် ဤတိုက်ကွက်နှင့် ရင်ဆိုင်ရလျှင် ကြိုတင် လှုပ်ရှားကြစမြဲပင်။ အချို့သိုင်းပညာရှင်များမှာ သိုင်းပညာ အလွန်မြင့်မားကြသဖြင့် သိသွားလျှင်ပင် ကုစားနိုင်သည့် နည်းလမ်း ရှိကြသည်။ သို့သော် ဖုန်းပုကြွယ်၏ ကိုင်တွယ်ပုံမှာ သိုင်းပညာ မတတ်သည့်လူနှင့် ပိုတူနေလေသည်။ သို့သော်လည်း သူ့တွင် နောက်ဆုံးမိနစ်၌ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သော အမြန်နှုန်း ရှိနေပြန်သည်။

စိတ်ထဲတွင် သံသယဝင်လာလျှင် လှုပ်ရှားမှုများ နှေးကွေးသွားတတ်သည်။ စစ်ယန်ရန်၏ တိုက်ခိုက်မှုက မရပ်တန့်သွားသော်လည်း သူမ၏ ပြတ်သားမှုများ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။

"ဒီကောင်စုတ်လေးက ငါ့ဆီက အကွက်နှစ်ဆယ်လောက် ခံနိုင်ရည်ရှိနေရင် ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ခက်သွားပြီ... သူ့အပေါင်းအသင်းတွေက အဆင့်နိမ့်နေပုံပေါ်ပေမယ့် သူတို့အားလုံးသာ ဒီကောင်လေးလိုမျိုးဆိုရင်တော့..."

မှန်ပေသည်... အတွေးဟူသည်မှာ အတွေးသက်သက်သာ။ သူမ တိုက်ခိုက်ရဦးမည် ဖြစ်သည်။ လှံတိုများကို ပစ်လွှတ်ပြီးနောက် စစ်ယန်ရန်၏ပုံရိပ်က ဖုန်းပုကြွယ်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြိုင်ဘက် ခြေလှမ်းမတည်ငြိမ်သေးခင် သူမသည် အတွင်းအားကို အသုံးချ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဤတိုက်ကွက်ဖြစ်သော ‘တိမ်တိုက်ကို ဖြတ်သန်းသော လေပြေ’သည် သာမန်လက်ဝါးရိုက်ချက်နှင့် မခြားနားသယောင် ထင်ရသော်လည်း အမှန်တကယ်တွင်မူ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ပါဝင်နေ၏။ သူမ၏ လက်ဝါးတွင် စေးကပ်သော အတွင်းအားတစ်ခု ရစ်ပတ်ထားသည်။ ပြိုင်ဘက်က သူ့အတွင်းအားကို အသုံးပြု၍ လက်ဝါးဖြင့် ပြန်လည်ခုခံလိုက်သည်နှင့် စစ်ယန်ရန်၏ လျှို့ဝှက်အတွင်းအားက ပြိုင်ဘက်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး ဒန်တျန်အတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ပြိုင်ဘက်အနေဖြင့် သူ့အတွင်းအားကို အသုံးပြုရန် သို့မဟုတ် လက်ကို ပြန်ရုပ်သိမ်းရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ ပြိုင်ဘက်၏ အတွင်းအား အားနည်းပါက သူ့လက်ဝါးသည် တင်းကြပ်စွာ ကပ်နေမည်ဖြစ်ပြီး ဒန်တျန်မှာလည်း ပွက်ပွက်ဆူနေသော ရေပူကဲ့သို့ ပူလောင်လာပေလိမ့်မည်။ အခြေအနေပေါ့ပါးလျှင် အတွင်းအားများ ဆုံးရှုံးသွားမည်ဖြစ်ပြီး ပြင်းထန်လျှင်မူ နေရာမှာတင် သေဆုံးသွားပေလိမ့်မည်။

စစ်ယန်ရန် ထိုတိုက်ကွက်ကို အသုံးပြုရခြင်းသည် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်တွင် အတွင်းအားလက္ခဏာ တစ်စုံတစ်ရာ မမြင်ရသောကြောင့် စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။ အကယ်၍ ထိုကောင်လေး၏ ယခင်လှုပ်ရှားမှုများက ကံကောင်းခြင်းသက်သက်သာ ဖြစ်ပါက ဤလက်ဝါးရိုက်ချက်သည် သူ့ကို သေချာပေါက် သေစေမည် ဖြစ်သည်။ သို့သော် အကယ်၍ ထိုကောင်လေးသည် သူ့အတွင်းအားကို ဖုံးကွယ်ရန် အထူးနည်းစနစ်တစ်ခုကို အသုံးပြုနေခြင်းဖြစ်ပါက လက်ဝါးရိုက်ချက်က သူ့အတွင်းအားအဆင့်ကို ခန့်မှန်းပေးနိုင်ပေလိမ့်မည်။

သို့သော် အခြေအနေ၏ တိုးတက်မှုကား... တစ်ခဏအတွင်း ရွှေရောင်အရိပ်တစ်ခု ပွင့်ထွက်လာခြင်းဖြစ်သည်။ စစ်ယန်ရန်၏ လက်ဝါးသည် တံခါးတစ်ချပ်စာခန့်ရှိသော မမြင်ရသော အတားအဆီးတစ်ခုကို ရိုက်မိသွားသည်။ ဤခံစစ်နည်းစနစ်ကား ငြင်းမရနိုင်အောင်ပင် သေမင်းဖဲချပ်၏ အထူးစွမ်းရည်ဖြစ်သော ‘ဒိုင်းကာ’ ဖဲချပ်ပင် ဖြစ်သည်။

စစ်ယန်ရန် ချဉ်းကပ်လာသောအခါ ဖုန်းပုကြွယ်တစ်ယောက် အခြေအနေမဟန်တော့သည်ကို သိလိုက်သည်။ သူက သူ့ဘာသာ တွေးလိုက်သည်။

"ငါက အဝေးက တိုက်ခိုက်မှုတွေကိုတော့ ရှောင်နိုင်၊ ကာနိုင်ပေမယ့် ဒီသိုင်းရူးအဖွဲ့ကတော့ နောက်ပြောင်နေတာ မဟုတ်ဘူး၊ စောစောက အဘိုးကြီးယဲ့ဟိုင်က ငါ့စကေးကို လက်ဗလာနဲ့ ကာလိုက်တုန်းကတောင် ငါ့ရဲ့ အသက်အမှတ် ၃၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့တာ၊ အခု ဒီမိန်းမက ငါ့ကို စတိုက်မှတော့ ငါ့ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် ကာနိုင်မှာလဲ"

ထို့ကြောင့် ဖုန်းပုကြွယ်သည် သူ၏ မှော်လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ၎င်း၏ အထူးအာနိသင်ကို ဝန်မလေးဘဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သူနှင့် စစ်ယန်ရန်တို့အကြား အပြန်အလှန် လှုပ်ရှားမှုအနည်းငယ်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။ စုစုပေါင်း ဆယ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် အခြားအဖွဲ့ဝင်များမှာ ကူညီရန် ရောက်ရှိလာကြပြီ ဖြစ်သည်။

ပထမဆုံး ရောက်ရှိလာသူမှာ အရှိန်ကြောင့် နာမည်ကျော်သော ရှောင်တန်မဟုတ်သလို အဖွဲ့ထဲတွင် အတော်ဆုံးဖြစ်သော ရီရူလီလည်း မဟုတ်ဘဲ အာတိုဘီဆမားသာ ဖြစ်သည်။ သူသည် တိုက်ပွဲတစ်ခုကို မြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် အဖွဲ့ထဲတွင် အဆင့်အမြင့်ဆုံး ကစားသမား ဖြစ်သလို ‘ပရော်ဖက်ရှင်နယ် ကစားသမား’ တစ်ဦးလည်း ဖြစ်သည်။ ဖုန်းပုကြွယ်၏ လှောင်ပြောင်ခြင်းကို သူမည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူ့အရည်အချင်းကို ပြသပြီး အဖွဲ့သားများအား သူ့ခွန်အားကို မြင်စေရမည်။

အာတိုဘီသည် သူ၏ ဘွဲ့အမည် ပြောင်ပြောင်တင်းတင်း ခြုံခိုတိုက်ခိုက်သူမှ အထူးစွမ်းရည်ဖြစ်သော လျှပ်တစ်ပြက် ထိမှန်ခြင်းကို ချက်ချင်း အသုံးပြုလိုက်သည်။

အမည် - လျှပ်တစ်ပြက် ထိမှန်ခြင်း

အထူးစွမ်းရည် အမျိုးအစား - တက်ကြွစွမ်းရည်

ကုန်ကျမှု - သက်လုံအမှတ် ၃၀၀

အာနိသင် - အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပစ်မှတ်ကို အရှိန်ပြင်းပြင်း တိုက်ခိုက်ကာ ပြင်းထန်သော ခုတ်ချက်တစ်ခုကို ပစ်လွှတ်သည်။ စွမ်းရည်ကုန်ဆုံးပြီးနောက် ပစ်မှတ်၏ နောက်ကျောဘက် နှစ်မီတာခန့်တွင် ပစ်မှတ်ကို ကျောပေးလျက် ပေါ်လာမည်။ (ပြန်လည်အသုံးပြုရန်ကြာချိန် ငါးမိနစ်။ ထက်မြက်သော လက်နက်တစ်ခု တပ်ဆင်ထားရမည်။ ပစ်မှတ်နှင့် နှစ်မီတာမှ မီတာနှစ်ဆယ်အတွင်း အသက်သွင်းနိုင်သော်လည်း သိသာထင်ရှားသော အတားအဆီးများကို ဖြတ်ကျော်၍ မရနိုင်ပါ။)

မှတ်ချက် - တကယ်လို့ မင်းဟာ မင်းထက် အများကြီး အားနည်းတဲ့ ရန်သူနှင့်တွေ့ပြီး သူတို့ကို ခပ်မိုက်မိုက်နှိမ်နင်းချင်တယ်ဆိုရင် ဒါက မင်းလိုအပ်တဲ့ စကေးပဲ။

စကားမစပ်... အာတိုဘီဆမား၏ လက်နက်မှာ ၆၅ စင်တီမီတာခန့် ရှည်သော ယပ်တောင်ကြီးတစ်ခု ဖြစ်သည်။ ၎င်းကို သံမဏိဖြင့် ပြုလုပ်ထားပြီး ဖွင့်လိုက်သောအခါ ယပ်တောင်၏ အစွန်းများသည် အလွန်ထက်မြက်လှသည်။ ဤဇာတ်လမ်း၏ သိုင်းလောကအတွင်း ထိုလက်နက်ကို ကိုင်တွယ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိုလက်နက်သည် အာတိုဘီဆမား၏ ဘွဲ့အမည် စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ ကျားအား အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ ပုံမှန်အားဖြင့် သူသည် ထိုအရာကြီးနှင့် တိုက်ခိုက်လျှင် သူ့အမြန်နူန်း တိုးလာမည် မဟုတ်ပေ။ သို့သော် လျှပ်တစ်ပြက်ထိမှန်ခြင်း အစွမ်းအောက်တွင် တစ်စုံတစ်ရာကို သူ ‘မ’နိုင်သရွေ့ သူ့ပစ်မှတ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်ပြီး ခုတ်ပိုင်းနိုင်မည် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ စစ်ယန်ရန်သည် ဖုန်းပုကြွယ်၏ နားမလည်နိုင်စရာခံစစ်ကြောင့် စိတ်ရှုပ်ထွေးနေရသည်။ သူမသည် မျက်လုံးထောင့်မှနေ၍ ဘေးနားတွင် အလင်းတစ်ချက် ဖျတ်ခနဲ လှုပ်ရှားသွားသည်ကို မြင်လိုက်ရပြီး လူရိပ်တစ်ခုက လေပြင်းကဲ့သို့ သူမထံသို့ ပြေးဝင်လာတော့သည်။ သူမ မျက်နှာဖျော့သွားပြီးရှောင်တိမ်းရန် နောက်သို့ ကပျာကယာခုန်ဆုတ်လိုက်ရသည်။

သူမ၏ ပင်ကိုယ်တုံ့ပြန်မှုက ခြုံခိုတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အကောင်းဆုံး စွမ်းရည်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လျှပ်တစ်ပြက် ထိမှန်ခြင်း၏ အားနည်းချက်မှာ ပစ်မှတ်သည် တိုက်ခိုက်မှုမတိုင်မီ နှစ်စက္ကန့်အတွင်း ခုန်တက်လိုက်ပါက တိုက်ခိုက်မှု လွဲချော်သွားရန် ၈၀ရာခိုင်နှုန်း သေချာနေခြင်း ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း အာတိုဘီဆမား စစ်ယန်ရန် ရပ်နေခဲ့သည့်နေရာသို့ ရောက်သောအခါ စကေးအာနိသင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ မထိမှန်ခဲ့သလို လှုပ်ရှားမှုပင် ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောမှ လေတိုးသံတစ်ချက် ကြားလိုက်ရပြီး လှံတိုနှစ်စင်း ရောက်ရှိလာတော့သည်။

စစ်ယန်ရန်၏ တိုက်ပွဲစည်းချက်သည် ထိုကစားသမားများကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ထိုတိုက်ပွဲကို မည်သို့တိုက်ရမှန်း မသိတော့ပေ။ ရောက်တဲ့နေရာက တိုက်မည်ဟူသော စိတ်ဓာတ်ဖြင့် သူမသည် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး အာတိုဘီဆမား၏ ကျောဘက်ရှိ လင်းထိုင်အမှတ်သို့ လှံတိုနှစ်စင်း ပစ်လွှတ်လိုက်သည်။ သူ့ကို မထိလျှင် အလကားဖြစ်သွားမည်ဖြစ်သော်လည်း ကြိုးစားကြည့်ရုံဖြင့် ဘာမှ ဖြစ်မသွားနိုင်ပေ။

သို့သော် သူမ အံ့သြသွားရသည်မှာ... တောက်... တောက်... ဟူသည့် အသံနှစ်ချက်နှင့်အတူ ထိမှန်သွားခြင်းပင်...။

အာတိုဘီဆမားသည် ပြေးဝင်လာသူဖြစ်သဖြင့် ဖုန်းပုကြွယ်နှင့် စစ်ယန်ရန်တို့အကြားတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ဖုန်းပုကြွယ်အနေဖြင့် လှံတိုများကို ကာကွယ်ပေးချင်လျှင်ပင် ကာကွယ်ပေး၍ မရနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ‘ပရော်ဖက်ရှင်နယ် ကစားသမား’ တစ်ဦးအနေဖြင့် အာတိုဘီဆမားတွင် ချပ်ဝတ်များ လုံလောက်စွာ ရှိနေခဲ့သည်။ ထိုအသံနှစ်ချက်သည် လှံတိုများ သူ့ကျောရိုးအတွင်း စိုက်ဝင်သွားသည့် အသံမဟုတ်ဘဲ ချပ်ဝတ်ကို ထိမှန်သွားသည့်အသံသာ ဖြစ်သည်။

လှံတိုနှစ်စင်းမှာ မြေပြင်ပေါ် ပြုတ်ကျသွားပြီး အာတိုဘီဆမားတစ်ယောက် ခြေလှမ်းအနည်းငယ် ယိုင်သွားကာ လဲကျလုနီးပါး ဖြစ်သွား၏။ လှံတိုများက သူ၏ ချပ်ဝတ်ကို မဖောက်ထွင်းနိုင်ခဲ့သော်လည်း သူသည် အက်ခိုးချပ်ဝတ်ကို ဝတ်ဆင်ထားသူမဟုတ်သဖြင့် လှံတို၏ ရိုက်ခတ်မှုက သူ့ခန္ဓာကိုယ်သို့ ရောက်ရှိသွားကာ အသက်အမှတ် ၁၆ ရာခိုင်နှုန်း ဆုံးရှုံးသွားစေခဲ့သည်။

စစ်ယန်ရန် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်ပြီးနောက်ပိုင်း သူမသည် ပိုနားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူမအမြင်တွင် ထိုကစားသမားများအားလုံးသည် ရှေးခေတ်က လူငယ်စစ်သည်တော်များကဲ့သို့ ဝတ်ဆင်ထားကြသည်။ သူတို့သည် သာမန်ချည်သားဝတ်စုံများကိုသာ ဝတ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာ ဝတ်ထားပုံ မရပေ။ သို့သော် စောစောက အသံနှင့် လွင့်ထွက်သွားသော လှံတိုများသည် မာကျောသောအရာတစ်ခုခုကို ထိမှန်သွားပုံ ပေါ်နေသည်...။

"ရွှေခေါင်းလောင်း ဒိုင်းကာရဲ့ အမြင့်ဆုံးအဆင့်... ချီအကာအကွယ်လား"

စစ်ယန်ရန် တွေးလိုက်မိသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်လေးက ကြည့်ရတာ အရမ်းအားနည်းပုံရတယ်၊ သူ့ရဲ့ ကိုယ်ခံပညာက ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ။ သူ ရွှေခေါင်းလောင်း ဒိုင်းကာကို လေ့ကျင့်ထားရင်တောင် မြေပြင်ကို ဆုပ်ကိုင်ပြီး ငါ့ရဲ့ လှံတိုနှစ်စင်းကို ခံနိုင်ဖို့ စွမ်းအားတွေ စုစည်းထားရမှာပေါ့၊ ဒါပေမဲ့ သူက မြင်းထိုင်ဟန်တောင် မလုပ်ရသေးဘူး၊ လှံတိုတွေက ဘာလို့ သူ့ခန္ဓာကိုယ်ကို မဖောက်နိုင်ရတာလဲ"

ဤနေရာအထိ တွေးမိသောအခါ စစ်ယန်ရန်သည် ဆုတ်ခွာရန် စိတ်ကူးရှိလာပြီ ဖြစ်သည်။ အကယ်၍ သူမရှေ့က လူငါးယောက်စလုံး ဂိုဏ်းတစ်ခုတည်းကသာဆိုလျှင် သူတို့ ဘယ်လိုသိုင်းပညာမျိုး သုံးသည်ဖြစ်စေ သူမ အကျွမ်းကျင်ဆုံးဖြစ်သော လက်နက်ပုန်းများမှာ အသုံးမဝင်တော့ပေ။ အကယ်၍ အနီးကပ် တိုက်ခိုက်ရမည်ဆိုလျှင်လည်း ငါးယောက် တစ်ယောက် တိုက်ရမည် ဖြစ်သည်။ သူမ ဘယ်လို အနိုင်ရနိုင်မှာလဲ။

ပြဿနာမှာ... ယခုအချိန်တွင် သူမအနေဖြင့် အသနားခံလျှင်ပင် သူတို့က သူမကို လွှတ်ပေးချင်မှ လွှတ်ပေးပေတော့မည်။ သူမသည် ရန်သူကို အထင်သေးခဲ့ပြီး စကားကိုလည်း အလွန်အကျွံ ပြောဆိုခဲ့မိသည်ကိုသာ အပြစ်တင်ရပေတော့မည်။ အကယ်၍ သူမတိုက်ခိုက်လျှင် ဤနေရာတွင်သာ သေဆုံးသွားနိုင်ပေသည်။ အကယ်၍ သူမ ထွက်ပြေးလျှင်လည်း ဝမ်အောက်ကို သတ်ခဲ့သည့် ကိစ္စက နေမထွက်ခင် ပေါ်ပေါက်သွားပေလိမ့်မည်။ အနှေးနှင့်အမြန် သူမ သေရမည်ဖြစ်သလို သစ္စာမရှိသော ချစ်သူတစ်ဦးအဖြစ်လည်း နာမည်တပ်ခံရပေဦးမည်။

စစ်ယန်ရန် ပိုတွေးလေလေ ပို၍ စိတ်ပျက်အားငယ်လေလေ ဖြစ်လာသည်။ သူမ၏ မျက်နှာက ပြာနှမ်းနေပြီး နှလုံးသားထဲတွင် မီးဟုန်းဟုန်း တောက်နေတော့သည်။ သူမသည် နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ပြီး သူမအသက်နှင့်ရင်း၍ တိုက်ခိုက်ရန် စိတ်ကူးလိုက်သည်။

ထိုအချိန်မှာပင် လူရိပ်တစ်ခု ကွက်တိ ရောက်ရှိလာခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဓားမြှောင် ကိုင်ထားသော ဝမ်တန်ကျိပင် ဖြစ်သည်။

တကယ်တမ်းတွင် ရှောင်တန်သည် ထိုမျှလောက် အများကြီး မစဉ်းစားခဲ့ပေ။ သူသည် ရန်သူကို အရင်ဆုံး ဝင်တိုက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အနီးရောက်သွားလျှင် သူ တိုက်ခိုက်မည်ဖြစ်သည်။ မမျှော်လင့်ဘဲ စစ်ယန်ရန်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူမနှင့် အနီးဆုံးရှိနေသော ရန်သူကို ရင်ဆိုင်ရင်း ခန္ဓာကိုယ်အတွင်းရှိ ချီအားလုံးကို စုစည်းကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

လက်သီးချက်က ရှောင်တန်ထံသို့ ပျံသန်းသွား၏။ ၎င်းမထိမိခင်မှာပင် လေထုထဲ၌ အက်ကွဲသံသဲ့သဲ့ ထွက်ပေါ်နေလေသည်။ ထိုလက်သီးချက်သည် စစ်ယန်ရန် ယခင်က အသုံးပြုခဲ့သော တိုက်ကွက်လောက် မကောင်းသော်လည်း သန့်စင်သော စွမ်းအားပိုင်းတွင်မူ ကစားသမားတစ်ဦးကို ဂိမ်းထဲမှ ပြန်ထုတ်ပစ်ရန် လုံလောက်လှသည်။

ရှောင်တန်၏ ကံကြမ္မာသည် ယခုတစ်ကြိမ်တွင် အတော်လေး ညံ့နေသော်လည်း သူ့တွင် ခွန်အားတော့ ရှိပါသေးသည်။

အရေးကြီးသော အချိန်တွင် သူ့မျက်လုံးများက ထူးခြားသော တည်ငြိမ်မှုဖြင့် တောက်ပလာလေသည်။ လင်းနို့မိစ္ဆာ သရဲအရိပ်ကို သူချက်ချင်း အသက်သွင်းလိုက်သည်။ ရှောင်တန်၏ ခန္ဓာကိုယ်သည် နှစ်ခုအဖြစ် ကွဲထွက်သွားပြီး ပုံရိပ်ယောင်အရိပ်နှစ်ခုက စစ်ယန်ရန်ကို ကျော်ဖြတ်ကာ ပျံသန်းသွားသည်။

စစ်ယန်ရန်၏ အစွမ်းကုန်အားစိုက်ထားသော လက်သီးချက်က လွဲချော်သွားခဲ့ပြီး လက်သီးမှထွက်သော လေကြောင့် သူမရှေ့မှ မြေပြင်မှာ ဖုန်မှုန့်များ၊ သဲများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမသည် ထိုနေရာတွင်ပင် ထိတ်လန့်တုန်လှုပ်စွာ ရပ်နေမိသည်။သူမသည် သူမ၏ နောက်ကျောဘက် မီတာအနည်းငယ်အကွာတွင် ပေါ်လာသော ရှောင်တန်ကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူမ စိတ်ထဲတွင် ရေရွက်လိုက်မိသည်။

"အခုကော ဘာဖြစ်တာလဲ... ဒါက ပျောက်ဆုံးနေတဲ့ ‘ကျော့ကွင်းထောင်ချောက်’ လား"

သူမ ထိတ်လန့်နေဆဲတွင် ရီရူလီ၏ လက်ထဲမှ မြင့်မြတ်ချိပ်တံဆိပ်က ရောက်ရှိလာပြီး စစ်ယန်ရန်၏ လည်ပင်းကို ပစ်မှတ်ထားလိုက်သည်။

"နေဦး"

ဤအော်သံသည် မှောင်မည်းနေသောလမ်းကြားမှ ထွက်ပေါ်လာသော မိုးခြိမ်းသံတစ်ခုကဲ့သို့ ဖြစ်သည်။

တစ်ချိန်တည်းတွင် ရီရူလီ လွှဲလိုက်သော ဓားသည် ကျောက်ခဲလေးတစ်လုံးနှင့် ထိမှန်သွားရသည်။ ထိုထိမှန်မှုမှာ သူမ၏ အသက်အမှတ် ဆုံးရှုံးသွားစေရန် မလုံလောက်သော်လည်း သူမ၏ လက်မောင်းကို ထုံကျင်သွားစေကာ လှုပ်ရှားမှုကို နှေးကွေးသွားစေခဲ့သည်။

စစ်ယန်ရန်သည် ထိတ်လန့်မှုမှ ပြန်လည်နိုးထလာပြီး ကပျာကယာ နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အလင်းရောင်များ ပြန်လည် ပေါ်ပေါက်လာလေသည်။ သူမသည် အမှောင်ထဲကနေ ဘယ်သူကူညီနေသည်ကို မသိသော်လည်း သူမရှေ့က အခြေအနေကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

All Chapters