← Chapters

အခန်း ၄၅၃

Vol. 31 Ch. 453

အခန်း ၄၅၃

Vol. 31 Ch. 453

အခန်း (၄၅၃) - နှင်းတောင်တက် လှုပ်ရှားမှု စတင်ခြင်း ၃

"ငါက ကိုယ့်အသက်ကို တကယ်တန်ဖိုးထားတဲ့သူပါ"

ရွှီရှင်းက ရယ်မောလိုက်၏။

အန္တရာယ်နှင့် ရင်ဆိုင်ရလျှင် အမြဲတမ်း သတိကြီးလွန်းသူ ဖြစ်ပေသည်။

"ဒါဆို ငါ သွားတော့မယ်"

"နမ်းဦး... နှုတ်ဆက်တဲ့အနေနဲ့ နမ်းသွားဦး..."

"ဟင်"

ခဲခဲလေးသည် ဆိုဖာပေါ်တွင် လှဲလျောင်းလျက် ခေါင်းလေးစောင်းကာ ချစ်ကြည်နူးနေကြသည့် စုံတွဲကို ကြည့်နေတော့သည်။

စိတ်အားထက်သန်စွာ ထပ်မံနမ်းရှိုက်ပြီးနောက် ရွှီရှင်းသည် သူမကို အိပ်ခန်းထဲသို့ ပွေ့ချီသွားကာ အဝတ်အစားများ ချွတ်ပစ်ချင်သည့် စိတ်ဆန္ဒကို အနိုင်နိုင်ထိန်းရင်း ပင်မသစ်ပင်အိမ်မှ အမြန်ထွက်ခွာလာခဲ့၏။

လီဝမ်ရှီးမှာ တကယ့်ကို မြှူဆွယ်နိုင်စွမ်းရှိသည့် စုန်းမလေးတစ်ယောက်အဖြစ် ပြောင်းလဲလာနေပုံရပြီး တောင့်ခံနိုင်ရန်ပင် ခက်ခဲလှပေသည်။

မြေပုံကို ထပ်မံကြည့်ရှုရာတွင် သစ်ပင်အိမ်ဧရိယာ နှစ်ခုအတွင်းရှိ အစိမ်းရောင်အစက်လေးများကို ပြသနေဆဲဖြစ်ပြီး လုဖေးအာကို ကိုယ်စားပြုသည့် အစိမ်းရောင်အစက်လေးမှာမူ အရှေ့မြောက်ဘက်သို့ အဝေးကြီး ရောက်ရှိနေပြီ ဖြစ်ပေသည်။

ဤသည်မှာ အတော်လေး ကောင်းမွန်သည့် အချက်ပင် ဖြစ်၏။

ဤအချက်က ကြီးမားသည့် အန္တရာယ်တစ်ခုကို ဖြေရှင်းလိုက်နိုင်ခြင်းပင် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေ ကြားနေယူနစ် တစ်ခုထက်စာလျှင် မဟာမိတ်ယူနစ် တစ်ခုက ပို၍ စိတ်ချရပေသည်။

ရွှီရှင်းသည် ဆီးနှင်းတောင် ဆီသို့ နှင်းလျှောစီးသွားနေစဉ် သူ၏ လက်ပတ်နာရီကို ဖွင့်ကြည့်လိုက်၏။

သူ ထွက်လာပြီးနောက် လီဝမ်ရှီးက သူ့ထံသို့ သီးသန့်စာတစ်စောင် ပို့ထားပေသည်။

"သတိထားနော်(T...T)"

ရွှီရှင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားကာ "သိပြီ" ဟု စာပြန်လိုက်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကို ဖွင့်ကြည့်လိုက်ပေသည်။

ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်နှင့် နယ်မြေချယ်နယ်တို့တွင် ထိုသို့သော တောင်ထိပ်ကြီးများကို တွေ့ရှိထားသူများစွာ ရှိနေကြပြီ ဖြစ်၏။

တစ်ညအတွင်းမှာပင် ကမ္ဘာတစ်ဝန်း ဤကဲ့သို့သော ကျောက်တိုင်တောင်ထိပ်များ ပေါက်ထွက်လာခြင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပေသည်။

သို့သော်လည်း မည်သူမျှ ဤကျောက်တိုင်တောင်ထိပ်များ အဘယ်ကြောင့် ရုတ်တရက် ပေါ်ပေါက်လာသည်ကို အတိအကျ မပြောနိုင်ကြဘဲ အပေါ်ယံ ခန့်မှန်းချက်များသာ ထွက်ပေါ်နေကြ၏။

နှစ်မိနစ်အကြာတွင် ရွှီရှင်းသည် ဧရာမတောင်ထိပ်ကြီး၏ ခြေရင်းသို့ ပြန်လည်ရောက်ရှိသွားရာ ကျိချောင်းယန်မှာ သူ့ကို စောင့်နေပြီ ဖြစ်သည်။

"ဘယ်လိုလဲ၊ တစ်ခုခု ရှာတွေ့သေးလား" ဟု ရွှီရှင်းက ဘေးနားသို့ လျှောစီးသွားရင်း မေးလိုက်၏။

"ဘာမှ မတွေ့ဘူး။ ငါ ဂေါ်ပြားနဲ့ နှင်းတွေကို တူးကြည့်ပေမဲ့ အောက်မှာ ဘာမှမရှိဘူး"

ကျိချောင်းယန်က ခေါင်းခါယမ်းကာ ဆို၏။

သူသည် ရွှီရှင်းကို တစ်ချက်ကြည့်လိုက်သော်လည်း လီဝမ်ရှီးအကြောင်းကိုမူ မမေးမြန်းဘဲ ဆီးနှင်းတောင်ကိုသာ မော့ကြည့်လိုက်ပြီး "ဟိုအပေါ်က မီတာငါးဆယ်လောက်ကို ကြည့်ကြည့်လိုက်ဦး" ဟု ဆိုလိုက်လေသည်။

"မီတာငါးဆယ်လား"

ရွှီရှင်းသည် မျက်လုံးများကို မှေးကာ ကြည့်လိုက်၏။

"နောက်ကို ဆုတ်ပြီး ကြည့်မှ မြင်ရမယ်"

မီတာငါးဆယ်ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် ၁၇ ထပ် သို့မဟုတ် ၁၈ ထပ်တိုက် အမြင့်ခန့် ရှိရာ မတ်စောက်ပြီး ကြမ်းတမ်းသည့် ချောက်ကမ်းပါးအောက်တွင် ရပ်ကြည့်နေရုံဖြင့် မမြင်နိုင်ပါပေ။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် အခြေအနေကို လေ့လာရန် တောင်ထိပ်ကြီးမှ မီတာနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် နောက်သို့ ဆုတ်လိုက်ကြ၏။

အသေအချာ ခွဲခြားကြည့်လိုက်သောအခါ ရွှီရှင်းသည်လည်း သဲလွန်စအချို့ကို သတိပြုမိသွားပေသည်။

"ကျောက်ဆောင်ရဲ့ အရောင်က ပြောင်းသွားတာလား"

ရွှီရှင်းက ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။

တစ်တောင်လုံး တိမ်ခိုးမြူငွေ့များ ဖုံးလွှမ်းနေသဖြင့် သူ စရောက်စဉ်က ထူးခြားမှုကို သတိမထားမိခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယခု သေအချာ လေ့လာကြည့်လိုက်သောအခါ မီတာငါးဆယ် တွင် အတော်လေး ထင်ရှားသည့် အရောင်ခွဲခြားမှုမျဉ်း တစ်ကြောင်းကို မြင်တွေ့နိုင်ပြီး အပေါ်ဘက်ရှိ အရောင်မှာ အောက်ဘက်ထက် သိသိသာသာ ပို၍ နက်မှောင်နေပေသည်။

ထိုမီတာငါးဆယ်က အမှတ်အသားမှာ တစ်စုံတစ်ရာကို ကိုယ်စားပြုနေခြင်းလော။

"ငါလည်း ခုနကပဲ တွေ့တာ၊ ဘာဖြစ်တာလဲဆိုတာတော့ မသေချာဘူး"

ကျိချောင်းယန်က မီတာငါးဆယ်က အမှတ်အသားကို ကြည့်ကာ "အပေါ်ကို တက်ပြီး သွားကြည့်မလား။ မီတာငါးဆယ် အထက်မှာ တစ်ခုခု ထူးခြားတာ ရှိနိုင်မလားလို့"

"ကောင်းသားပဲ။ ဒါနဲ့၊ မင်းရဲ့ ဒီနေ့အတွက် ကျပန်းစွမ်းအားဖြည့်တင်းမှုက ဘာလဲ"

ရွှီရှင်းက ကျိချောင်းယန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ငါ့ဆီမှာတော့ လက်မောင်းခွန်အား ဖြည့်တင်းမှု ရထားတယ်။ တောင်တက်ဖို့အတွက်တော့ အတော်လေး သင့်တော်မှာပဲ"

"ဟင် ငါ့ဆီမှာလည်း လက်မောင်းခွန်အား ဖြည့်တင်းမှုပဲ ရတာဟ"

ကျိချောင်းယန်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားပြီး "တူနေတာလား။ အရင်အကြိမ်တွေတုန်းက ငါတို့က မတူကြဘူး မဟုတ်လား"

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။

ဖြစ်နိုင်သည်မှာ ယနေ့ရရှိသည့် ကျပန်းစွမ်းရည်မှာ ဤဆီးနှင်းတောင်နှင့် အမှန်တကယ် ပတ်သက်နေခြင်းပင် ဖြစ်ပေလိမ့်မည်။

ကျိချောင်းယန်သည်လည်း ဒုတိယမြောက် စွမ်းအားဖြည့်တင်းမှုကို မရွေးချယ်ရသေးပါပေ။

သူ၏ အဆိုအရ လိုအပ်လာမှသာ ရွေးချယ်ခြင်းက ပိုကောင်းသည်ဟု ဆို၏။

"လက်ပတ်နာရီကနေ စွမ်းအားဖြည့်တင်းမှုတွေကို ရွေးလို့ရလို့လား"

"ရတာပေါ့၊ အပြာရောင်အဆင့် နာရီဆိုရင် ရတယ်။ ကုန်သွယ်တာတို့ ဆုလာဘ်လက်ခံတာတို့လို ပစ္စည်းနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေသာ လုပ်လို့မရတာ၊ ဒီအတိုင်း နှိပ်ရုံသက်သက် လုပ်ဆောင်ချက်တွေကတော့ လုပ်လို့ရနေတုန်းပဲ"

ရွှီရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ နှင်းလျှောစီးဘုတ်ကို ကျောက်နံရံအနားသို့ မောင်းနှင်လိုက်ပေသည်။

ကျောက်နံရံကို ကြည့်ရင်း ရွှီရှင်းသည် ချိတ်မြှားကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

ဆုံးဖြတ်ပြီးသည်နှင့် သူ ချက်ချင်းပင် အကောင်အထည်ဖော်တော့သည်။

သူသည် ညာဘက်လက်ဖြင့် လျှပ်စစ်နှင်းလျှောစီးဘုတ်ကို ကိုင်ထားပြီး၊ ဘယ်ဘက်လက်ဖြင့် လက်ကောက်ဝတ်ရှိ ချိတ်မြှားကို အပေါ်ရှိ ကျောက်နံရံဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။

သူသည် ချိတ်မြှားကို စမ်းသပ်ကြည့်ထားဖူးရာ ကြိုးအရှည်မှာ မီတာနှစ်ဆယ်ခန့်သာ ရှိသဖြင့် မီတာငါးဆယ် အမှတ်အသားသို့ တိုက်ရိုက် မရောက်နိုင်ပါချေ။

သူကိုယ်တိုင် ဆက်လက်တက်ရောက်ရန် လိုအပ်ဦးမည် ဖြစ်ပေသည်။

"ကလပ်"

ချိတ်မြှားမှ စက်သံတစ်ခု ထွက်ပေါ်လာပြီး ချွန်ထက်သည့် ချိတ်မှာ အရှိန်ဖြင့် ထွက်သွား၏။

ပါးလွှာသည့် ကြိုးနှင့်အတူ ချွန်ထက်သည့် ချိတ်ခေါင်းမှာ မီတာတစ်ဆယ်ခန့် အမြင့်ရှိ ကျောက်နံရံအတွင်းသို့ "ကလပ်" ခနဲ မြည်အောင် နက်ရှိုင်းစွာ စိုက်သွားပြီးနောက် ချိတ်မှာ ပန်းပွင့်သဖွယ် ချက်ချင်းပင် ပွင့်ထွက်သွားကာ ကျောက်နံရံပေါ်တွင် မြဲမြံစွာ ချိတ်သွားတော့၏။

ထို့နောက် ချက်ချင်းပင် ကြိုးမှာ ပြန်လည်သိမ်းသွားပြီး သူသည် လျှပ်စစ်နှင်းလျှောစီးဘုတ်ကို ကျောပိုးအိတ်ထဲသို့ ညာဘက်လက်ဖြင့် အမြန်ထည့်ကာ ချိတ်မြှား၏ အရှိန်ဖြင့် ကျောက်နံရံပေါ်သို့ လျင်မြန်စွာ ထိုးတက်သွားခဲ့ပေသည်။

မြန်လိုက်တာဟ။

"ငါ..."

"ဘုန်း"

ချိတ်မြှားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် မကျွမ်းကျင်မှုကြောင့် ကျောက်နံရံဆီသို့ စောင်းလျက် ဆောင့်မိသွားသော်လည်း လက်မောင်းခွန်အား ဖြည့်တင်းမှုနှင့် သူ၏ ညာဘက်လက်ကို ခုခံမှုအဖြစ် အသုံးပြုကာ သူ၏ကိုယ်ကို ဟန်ချက်ညီအောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပေသည်။

"ကလပ်.. ဝှူး.."

သူ၏ ဘေးနားရှိ ကျိချောင်းယန်သည်လည်း သူ့ထံမှ မီတာတစ်ဆယ်ခန့် အကွာအဝေးသို့ ပျံတက်လာခဲ့၏။

သူသည် ရွှီရှင်းထက် များစွာ ပိုမိုကျွမ်းကျင်ပုံရပြီး ယခင်ကတည်းက စမ်းသပ်ထားဖူးပုံရပေသည်။

သူက ရွှီရှင်းဘက်သို့ လှည့်ကာ "ချိတ်မြှားရဲ့ ကြိုးရုပ်သိမ်းတဲ့ အရှိန်ကို ထိန်းလို့ရတယ်၊ အဲဒီလောက်အထိ မြန်စရာ မလိုဘူး" ဟု ဆိုလိုက်၏။

ရွှီရှင်းက ခေါင်းညိတ်ပြလိုက်ပေသည်။

သို့သော် သူသည် ကျောက်နံရံပေါ်သို့ ရောက်နေပြီဖြစ်သဖြင့် လောလောဆယ်တွင် ချိတ်မြှားမှာ အသုံးမဝင်တော့ပါချေ။

ဤကဲ့သို့ မတ်စောက်ပြီး ကြမ်းတမ်းသည့် ကျောက်နံရံများပေါ်တွင် ချိတ်မြှားကို အသုံးပြုခြင်းထက် လက်ဖြင့် တက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

အကယ်၍ သူသည် မမြဲဘဲ ပြုတ်ကျသွားခဲ့လျှင်တော့ မိမိကိုယ်ကို ကယ်တင်ရန်အတွက် ချိတ်မြှားမှာ အသုံးဝင်ဦးမည် ဖြစ်ပေသည်။

သူသည် ချိတ်မြှားကို ပြန်ရုပ်သိမ်းလိုက်ရာ ကျောက်နံရံထဲရှိ ပွင့်နေသော ချိတ်မှာ ချွန်ထက်သည့် ပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး စက်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။

ထို့နောက် ရွှီရှင်းသည် သူ၏ လက်နှစ်ဖက်ဖြင့် ကျောက်ဆောင်မျက်နှာပြင်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပါတော့သည်။

ယခုအချိန်တွင် သူ၏ လက်မောင်းခွန်အား ဖြည့်တင်းမှုမှာ အပြည့်အဝ အသုံးဝင်လာခဲ့ချေပြီ။

သူသည် လက်မောင်းများကိုသာ အသုံးပြု၍ ကျောက်နံရံပေါ်တွင် အလွယ်တကူ တွဲခိုနိုင်ပေသည်။

မဆိုးလှချေ။

အပေါ်သို့ မော့ကြည့်ရင်း ရွှီရှင်းသည် သူ၏ လက်မောင်းများကို အားစိုက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ စပရင်တစ်ခုကဲ့သို့ အထက်သို့ နှစ်မီတာ သုံးမီတာခန့် ခုန်တက်သွားခဲ့ပေသည်။

တကယ့်ကို သောက်ကျိုးနည်းလက်မောင်းခွန်အား ဖြည့်တင်းမှုပါတကား။

သူသည် လက်ကို ထပ်မံဆန့်ထုတ်ကာ ရှေ့က ကျောက်နံရံကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြန်၏။

တောင်တက်ရသည်မှာ အလွန်ပင် သက်သာလှ၏။

တစ်ကြိမ်လျှင် နှစ်မီတာ သုံးမီတာခန့် တက်နိုင်ပေသည်။

ကျောက်နံရံပေါ်ရှိ ဆုပ်ကိုင်နိုင်သည့် နေရာများကို နှင်းလွှာပါးပါးလေးများ ဖုံးလွှမ်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အလွန် ချောမနေပါပေ။

လက်မောင်းခွန်အား ဖြည့်တင်းမှုဖြင့် ရွှီရှင်းသည် ကျွမ်းကျင်လှသော တောင်တက်သမားတစ်ဦးကဲ့သို့ လျင်မြန်စွာ အထက်သို့ တက်လှမ်းနေခဲ့ပေသည်။

မကြာမီမှာပင် သူသည် အစောပိုင်းက သတိပြုမိခဲ့သော ကျောက်ဆောင်ပေါ်ရှိ ထင်ရှားသည့် အရောင်ခွဲခြားမှုမျဉ်းရှိရာ မီတာငါးဆယ် အမှတ်အသားသို့ ရောက်ရှိသွားခဲ့၏။

အနီးကပ်ကြည့်ရာတွင်မူ အရောင်ကွဲပြားမှုမျဉ်းမှာ ပို၍ပင် ထင်ရှားနေပေသည်။

အရောင်တင်မကဘဲ အပေါ်နှင့် အောက်ရှိ ကျောက်ဆောင်အမျိုးအစားများမှာပင် မတူညီကြချေ။

ရွှီရှင်းတွင် ကျောက်ဆောင်များနှင့် ပတ်သက်သည့် ဗဟုသုတ များများစားစား မရှိသော်လည်း အောက်ဘက်ရှိ ကျောက်နံရံမှာ ပို၍ ကြမ်းတမ်းပြီး အရောင်ဖျော့ကာ အပေါ်ဘက်ရှိ နံရံမှာမူ ပို၍ ချောမွေ့ပြီး နက်မှောင်သည့် အမည်းရောင်ရှိသည်ကိုတော့ သူ ပြောနိုင်ပေသည်။

"ဒါက ဘာတွေ ဖြစ်နေတာလဲ"

ရွှီရှင်းသည် ကျောက်နံရံကို လေ့လာရင်း အတွေးနက်နေမိ၏။

သူသည် မီတာငါးဆယ် အမှတ်အသားသို့ တက်လာပြီး ကျောက်နံရံကို အသေအချာ လေ့လာနေသည့် ကျိချောင်းယန်ဘက်သို့ လှည့်ကြည့်လိုက်ပေသည်။

ရွှီရှင်းက သူ၏ အမြင်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရင်းနှီးလှသော လျှို့ဝှက်ဆန်းပြားသည့် အသံတစ်ခု သူ၏ နားထဲသို့ ရောက်ရှိလာပါတော့သည်။

ရုတ်တရက် ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းပြားသော အသံကြောင့် သူ၏ လက်များမှာ တုန်ခါသွားပြီး ဆုပ်ကိုင်ထားသည်ကို လွတ်ထွက်လုနီးပါး ဖြစ်သွားကာ မျက်လုံးများမှာလည်း ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့ရပေသည်။

[ဂုဏ်ယူပါတယ် ရှင်ကျန်သူ၊ သင်သည် နှင်းတောင်တက် လှုပ်ရှားမှု ကို စတင်နိုင်ခဲ့ပါပြီ]

ဘာ....။

နှင်းတောင်တက် လှုပ်ရှားမှု ဟုတ်လား..။

မျှော်လင့်ထားသည့်အတိုင်းပင် ဤကျောက်တိုင်တောင်ထိပ်များသည်လည်း မိုးကြိုးမုန်တိုင်းများကဲ့သို့ပင် ထိုလျှို့ဝှက်ဆန်းပြားသော အသံရှင်၏ ဖန်တီးမှုများ ဖြစ်နေချေသည်။

အခန်း ၄၅၃ ပြီး။

All Chapters