← Chapters

အခန်း ၄၆၁

Vol. 31 Ch. 461

အခန်း ၄၆၁

Vol. 31 Ch. 461

အခန်း (၄၆၁) - အဆင့်သစ်တစ်ခု၏ အစနှင့် လေပြင်းများ တိုက်ခတ်ခြင်း

အခြားတစ်ဖက်တွင်မူ ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့နှစ်ဦးလုံးမှာ ရွှီရှင်း၏ သစ်ပင်အိမ်ထဲ၌ ရှိနေကြ၏။

ဤသစ်ပင်အိမ်မှာ ဧရာမတောင်ထိပ်ကြီးနှင့် အနီးဆုံးဖြစ်ပြီး တောင်ထိပ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သောကြောင့် ချီရွှယ်ဖေးမှာ ယခုလေးတင် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

၎င်းတို့နှစ်ဦးလုံးမှာ ထိုနေရာမှနေ၍ တောင်ထိပ်၏ အခြေအနေနှင့် အပြောင်းအလဲများကို အကဲခတ်နေကြခြင်း ဖြစ်၏။

အပြင်ဘက်တွင် ဖြူဖွေးနေသောနှင်းပြင်ကြီးသာ ရှိနေသဖြင့် မည်သည့်နေရာကိုမျှ သွားရောက်စူးစမ်းရန် မဖြစ်နိုင်ပါချေ။

၎င်းတို့၏ သစ်ပင်အိမ်များအနီးတွင်လည်း ကင်းစောင့်များ ရှိနေသဖြင့် ထိုနေရာတွင် ရှိနေရန် မလိုအပ်ဘဲ တစ်ခုခုဖြစ်ပါက ချက်ချင်း ပြန်သွားနိုင်ပေသည်။

"ရွှီရှင်းနဲ့ နင်တို့က ဒီလောက်အထိ တိုးတက်မှု မြန်လိမ့်မယ်လို့ ငါ မထင်ထားဘူး" ဟု ချီရွှယ်ဖေးက သက်ပြင်းချလျက် ဆို၏။

သူမကိုယ်တိုင်မှာ အသက် ၂၆၊ ၂၇ ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း အသက် ၂၀ အရွယ် မိန်းကလေးငယ်လေး၏ နောက်တွင် ကျန်ရစ်နေသကဲ့သို့ ခံစားရသဖြင့် အနည်းငယ် ဝမ်းနည်းနေမိပေသည်။

"ဒါက အစ်မရွှယ်ဖေးရဲ့ အားပေးမှု တစ်ဝက်လောက် ပါတယ်နော်"

လီဝမ်ရှီးသည် ပြတင်းပေါက်နားတွင် မှီလျက် ဧရာမ ကျောက်တိုင်ကြီးကို အတွေးနက်စွာ ငေးကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။

ချီရွှယ်ဖေး၏ စကားကို ကြားသောအခါ သူမက ချက်ချင်းလှည့်၍

"အစ်မပဲ ကျွန်မကို မြှောက်ပေးခဲ့တာလေ" ဟု ဆိုလိုက်၏။

ချီရွှယ်ဖေးမှာ သူမအပေါ် သတိမထားတော့သည့် ခဲခဲလေးကို ပွတ်သပ်ပေးရင်း ဆိုဖာပေါ်တွင် ထိုင်ကာ ရယ်မောလိုက်ပြီး "နင်ကိုယ်တိုင်ကလည်း လိုချင်နေတာ မဟုတ်ဘူးလား။ ငါက အနည်းငယ်ပဲ တွန်းအားပေးလိုက်တာပါ" ဟု ဆို၏။

"ဘာ အနည်းငယ်လဲ၊ အစ်မက ကျွန်မကို ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ပေးခဲ့တာပါ။"

လီဝမ်ရှီးသည် ဆေးပုလင်းလေးတစ်ခုကို ထုတ်ယူကာ သူမ၏ မျက်လုံးရှေ့တွင် လှုပ်ယမ်းပြလိုက်ပြီး တစ်စုံတစ်ခုကို တွေးမိကာ ပါးပြင်လေးများ နီမြန်းသွားရ၏။

"ဒီဆေးပုလင်းသာ မရှိရင် ကျွန်မ ဒါမျိုးတွေ သေချာပေါက် လုပ်ဖြစ်မှာ မဟုတ်ဘူး"

"ဒါက နင် သူများအိမ်ကို အလကား ရောက်လာရတဲ့ အကြောင်းရင်းလား"

ချီရွှယ်ဖေးက သူမကို မတတ်သာသည့် အမူအရာဖြင့် ကြည့်ကာ "နင်က ဒီလောက်အထိ လျင်မြန်ပြီး သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အမြန် ပုံအပ်လိုက်လိမ့်မယ်လို့လည်း မတွေးမိဘူး" ဟု ဆို၏။

"အို... တော်ပါတော့၊ ဘာတွေ ပုံအပ်လိုက်တာလဲလို့"

လီဝမ်ရှီးမှာ ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းလေးစူကာ "ကျွန်မက... အို ကျွန်မ လုပ်ချင်လို့ လုပ်တာပဲ၊ ဘာဖြစ်လဲ" ဟု ပြန်ပြောလိုက်ပေသည်။

ထိုသို့ပြောပြီးနောက် အမျိုးသမီး နှစ်ဦးလုံးမှာ ရယ်မောလိုက်ကြ၏။

"ဆေးသောက်ပြီးပြီလား"

ချီရွှယ်ဖေးက သူမလက်ထဲက ဆေးပုလင်းလေးကို ညွှန်ပြကာ မေးလိုက်၏။

"မသောက်ရသေးဘူး..."

လီဝမ်ရှီးသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ တွေဝေစွာဖြင့် အသေအချာ ကြည့်နေမိ၏။

"ကျွန်မ အန္တရာယ်ကင်းတဲ့နေ့ကို ရွေးထားတာဆိုတော့ အဆင်ပြေမှာပါနော်။ ဒီလိုဆေးတွေက ဘေးထွက်ဆိုးကျိုး များတယ်လို့ ပြောကြတယ်..."

"စိတ်မပူပါနဲ့၊ ငါဖော်စပ်ထားတဲ့ ဆေးက နင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးပဲ ပေးမှာပါ" ဟု ချီရွှယ်ဖေးက သူမ၏ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ဖြင့် အေးဆေးစွာ ဆို၏။

"ကိုယ်ဝန်တားပေးနိုင်ရုံတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အခြေအနေကိုပါ မြှင့်တင်ပေးနိုင်တယ်"

"ကောင်းပါပြီ၊ ကျွန်မ အစ်မရွှယ်ဖေးကို ယုံပါတယ်"

လီဝမ်ရှီးသည် စိတ်ကိုတင်းကာ လက်ထဲက ဆေးလုံးကို မျိုချလိုက်ပြီးမှ သက်ပြင်းချနိုင်တော့၏။

ထို့နောက် သူမသည် ဆီးနှင်းတောင် ကို ဒေါသတကြီး စိုက်ကြည့်ကာ "လူအကြီးက နောက်နေ့ကျတော့ ပျောက်သွားပြီး ငါ့တစ်ယောက်တည်း ဒါတွေကို တွေးနေအောင် ထားခဲ့တယ်။ ဟွန်း" ဟု ရေရွတ်လိုက်ပေသည်။

"သူက ဒါတွေကို ထည့်မစဉ်းစားဘူးလား"

"မနေ့ညက သူ ကျွန်မကို တစ်ခါတော့ မေးပါသေးတယ်"

လီဝမ်ရှီးသည် ဆီးနှင်းတောင်ကို တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် ဆိုဖာဆီသို့ လျှောက်လာကာ ချီရွှယ်ဖေး၏ ဘေးတွင် ထိုင်လိုက်၏။

သူမသည် ခဲခဲလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း "အခုက အန္တရာယ်ကင်းတဲ့ ကာလဖြစ်ကြောင်း သူ့ကို ပြောပြပြီး အစ်မပေးထားတဲ့ ဆေးကိုလည်း ပြလိုက်တယ်။ အဲဒါကို မြင်တော့မှ သူက စိတ်အေးသွားတာ။ ဟွန်း... သူ့ရဲ့ စိုးရိမ်တကြီး ဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ဆေးသာ မရှိရင်တောင် သူကတော့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူးလို့ ထင်တာပဲ" ဟု ဆို၏။

"အီး..."

ခဲခဲလေးသည် ပက်လက်လှန်လျက် ဗိုက်ကလေးကို ဖော်ကာ အမျိုးသမီးနှစ်ဦးဘက်သို့ ခေါင်းလေးစောင်းလျက် ကြည့်နေ၏။

၎င်းတို့ ဘာတွေ ဆွေးနွေးနေကြသည်ကို ခဲခဲလေးမှာ သိပုံမရပါပေ။

ချီရွှယ်ဖေးက ရုတ်တရက် ရှေ့သို့ တိုးလာကာ "အဲဒါမျိုးက တကယ်ပဲ အရမ်း အရသာရှိတာလား" ဟု စပ်စုလိုသောလေသံဖြင့် တိုးတိုးလေး မေးလိုက်၏။

"ပထမတော့ တော်တော် နာတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့... အို... အစ်မရွှယ်ဖေး၊ ဘာလို့ ဒါတွေ လာမေးနေတာလဲ" လီဝမ်ရှီးမှာ ပါးပြင်လေးများ နီမြန်းသွားကာ ချီရွှယ်ဖေးကို အသာအယာ တွန်းထုတ်လိုက်ပေသည်။

ချီရွှယ်ဖေးက အနည်းငယ် ဝမ်းနည်းသလို အမူအရာဖြင့် "ငါလည်း ကြုံဖူးတာမှ မဟုတ်တာ..." ဟု ဆို၏။

ထိုစဉ် အဝေးတစ်နေရာမှ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။

"ဘာဖြစ်တာလဲ"

လီဝမ်ရှီးသည် ဆိုဖာပေါ်မှ ချက်ချင်း ထရပ်ကာ ပြတင်းပေါက်ဆီသို့ ပြေးသွား၏။

အသံထွက်ပေါ်လာရာ အရပ်မှာ ဧရာမ ကျောက်တိုင်တောင်ထိပ် ရှိရာဖက်ပင် ဖြစ်ပေသည်။

နှင်းဖုံးတောင်မှာ သစ်ပင်အိမ်နှင့် တစ်ကီလိုမီတာပင် မဝေးချေ။

ရွှီရှင်းမှာလည်း တောင်ပေါ် မီတာသုံးရာကျော် အမြင့်တွင် ရှိနေသဖြင့် ပေါက်ကွဲမြားများ၏ အသံကို ကြားနိုင်ခြင်း ဖြစ်ပေသည်။

"တစ်ယောက်ယောက်က ပေါက်ကွဲ မြားတွေကို သုံးလိုက်တာလား"

လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်၏။

"ဘယ်သူ သုံးလိုက်တာလဲ။ နှင်းဖုံးတောင်ပေါ်မှာ ဒါတွေကို သုံးရင် နှင်းပြိုမှုတွေ ဖြစ်ကုန်မှာ မဟုတ်ဘူးလား"

"ပြဿနာ ရှိမှာ မဟုတ်ပါဘူး"

ချီရွှယ်ဖေးကလည်း လီဝမ်ရှီး၏ ဘေးသို့ လျှောက်လာကာ တောင်ထိပ်ကြီးကို လှမ်းကြည့်ရင်း ဆို၏။

"ဒီတောင်မှာ နှင်းတွေ ပုံနေနိုင်တဲ့ နေရာ အများကြီး မရှိဘူး၊ အများကြီး ပြိုကျလာမှာ မဟုတ်ပါဘူး"

"ဩော်... တော်သေးတာပေါ့"

လီဝမ်ရှီးသည် ခဏမျှ အကဲခတ်ကြည့်ပြီးနောက်မှ စိတ်အေးသွားတော့၏။

အမှန်တကယ်ပင် အဝေးက တောင်ထိပ်မှာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါချေ။

တစ်စုံတစ်ရာ မှားယွင်းမှု မရှိပါစေနဲ့ဟုသာ သူမ ဆုတောင်းနေမိပေသည်။

အခြားတစ်နေရာတွင်မူ ကျိချောင်းယန်သည်လည်း ရွှီရှင်းနှင့် အလားတူသော နေရာတစ်ခုသို့ တက်လှမ်းထားပြီးဖြစ်ကာ ဂူတစ်ခုအတွင်း ထိုင်ရင်း နှင်းပြိုမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေ၏။

ဂူများရှိသော နေရာသို့ သူရောက်ရှိကတည်းက အပေါ်ကနှင်းများ ပြိုကျလာစေရန် ဂူထဲတွင် ပုန်းလျက် နှင်းပြိုမှုတစ်ခုကို ဖန်တီးဖို့ သူ အမြဲ စဉ်းစားနေခဲ့ခြင်း ဖြစ်၏။

ဤသို့လုပ်ခြင်းက နောက်ပိုင်း တောင်တက်ရသည်ကို ပိုမို လွယ်ကူစေမည် မဟုတ်ပါလော။

သို့သော် သူနှင့်အတူ တောင်တက်နေသော ရွှီရှင်းကို ထိခိုက်မည် စိုးသဖြင့် သူ မလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

မထင်မှတ်ဘဲ နှင်းများက အလိုအလျောက် ပြိုကျလာခဲ့ချေပြီ။

ဤနှင်းပြိုမှုမှာ ရွှီရှင်း၏ လက်ချက်လောဟု သူ မသိပါချေ။

အဘယ်ကြောင့်ဆိုသော် သူနှင့် ရွှီရှင်းမှာ တောင်ထိပ်တစ်ခုတည်းကို တက်နေကြသော်လည်း တစ်ဦးကိုတစ်ဦး မတွေ့နိုင်သော သီးခြား ဟင်းလင်းပြင်များအတွင်းသို့ ရောက်ရှိနေကြသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် တောင်ပေါ်တွင် ရှိနေသော်လည်း ပေါက်ကွဲသံကို မကြားရဘဲ တောင်ကြီး တုန်ခါသွားကာ နှင်းများ ပြိုကျလာသည်ကိုသာ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

၎င်းမှာ နှင်းတောင်တက်ခရီးစဉ်၏ စိန်ခေါ်မှုတစ်ခုသာ ဖြစ်မည်ဟု သူ ထင်မှတ်နေပေသည်။

နှင်းပြိုမှု ပြီးဆုံးသွားသည်နှင့် သူသည် အပေါ်သို့ ဆက်လက် တက်ရန် လိုအပ်ပေသည်။

"ခုနက တွေ့ခဲ့တဲ့ လူကို မဖမ်းထားနိုင်ခဲ့တာကတော့ နှမြောစရာပဲ"။

အခြားတစ်ဖက်တွင်မူ နှင်းပြိုမှု ပြီးဆုံးသွားပြီးနောက် ရွှီရှင်းသည် ခွန်အားများ ပြန်လည်ဖြည့်တင်းရန် အသီးအချို့ကို စားသုံးလိုက်ပြီး ပိုမိုမြန်ဆန်စွာ အထက်သို့ ဆက်လက် တက်တော့၏။

အခန်း ၄၆၁ ပြီး။

All Chapters