အခန်း ၁၀၄၆
Vol. 103 Ch. 1046
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ အတိုင်းမသိ ဝမ်းသာလုံးဆို့နေလေပြီ။ မူလက နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းအပေါ် သူ မျှော်လင့်ချက် ကြီးကြီးမားမား မထားရဲခဲ့ချေ။
မည်သို့ပင်ဆိုစေ မှော်ဆရာခေါင်းဆောင်က အောင်မြင်နိုင်ခြေ အများဆုံးမှာ သုံးဆယ်ရာခိုင်နှုန်းထက် မပိုနိုင်ကြောင်း အတိအလင်း ပြောကြားထားခဲ့သည် မဟုတ်ပါလော။ အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
သူ စိတ်မထိန်းနိုင်တော့ဘဲ ပင်မဓာတ်ခွဲခန်းအတွင်းသို့ အလျင်အမြန် ပြေးဝင်သွားလိုက်၏။ သို့သော် အထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
သူ၏ ရှေ့မှောက်၌ တောက်ပနေသည့် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် အသစ်တဖန် မွေးဖွားလာသော နဂါးမျိုးနွယ်ဝင်တစ်ဦး ရှိနေ၏။
သူမသည် အသက်ရှူမှားလောက်အောင်ပင် လှပလွန်းလှ၏။ ထိုမျှမက ဤသည်မှာ အရှေ့တိုင်းနဂါးတစ်ကောင် ဖြစ်နေ၏။ အနောက်တိုင်းနဂါးများနှင့် မတူဘဲ အရှေ့တိုင်းနဂါးများတွင် တောင်ပံများ မပါရှိကြချေ။
တာ့နင်အင်ပါယာ၌ အိပ်မက်ဆိုးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့သည်မှာ အနောက်တိုင်း နဂါးမျိုးနွယ်များ ဖြစ်ကြပြီး ဧရာမ တောင်ပံကြီးများ ပါရှိသည့် ကြီးမားထွားကြိုင်းသော သားရဲကြီးများ ဖြစ်ကြ၏။
ထိုသည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် အရှေ့တိုင်းနဂါးများမှာ များစွာ ပိုမိုလှပပြီး သွယ်လျသော ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပိုင်ဆိုင်ကြသည်။ အထူးသဖြင့် နဂါးမများတွင် ပို၍ သိသာပြီး သူတို့၏ ဦးချိုများမှာ ကြမ်းတမ်းခက်ထန်မှု မရှိဘဲ နူးညံ့ကာ ချစ်စရာကောင်းနေတတ်၏။
ထိုအခိုက်အတန့်တွင် နဂါးမလေးမှာ မိန်းမောတွေဝေနေပုံရသည်။ ရုတ်တရက် ဝင်ရောက်လာသူကြောင့် လန့်ဖြန့်သွားကာ ပြာယာခတ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပုံစံပြောင်းလဲသွား၏။
တစ်ခဏအတွင်း ဂါးပုံစံဖြစ်သွားလိုက် ၊ နောက်တစ်ခဏတွင် နူးညံ့သော နဂါးအကြေးခွံများ ဖုံးလွှမ်းနေသည့် လူသားပုံစံဖြစ်သွားလိုက်နှင့် ခေါင်းပေါ်တွင် ချစ်စရာကောင်းသော ဦးချိုတိုတိုလေးများ ပေါ်လာလိုက် ဖြစ်နေ၏။
နောက်ဆုံးတွင်မူ သူမသည် လူသားမျက်နှာနှင့် နဂါးခန္ဓာကိုယ် ပုံစံဖြင့် တည်ငြိမ်သွားတော့သည်။ သူမ၏ မျက်လုံးများမှာ မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းပြီး အလွန်ချစ်စရာကောင်းနေ၏။
သူမ၏ မျက်နှာမှာ မိုဟန်၏ ယခင်ရုပ်ရည်နှင့် အလွန်တူညီနေသော်လည်း မြင့်မြတ်သော အလင်းရောင်များ ဖုံးလွှမ်းနေသကဲ့သို့ ထင်မှတ်ရပြီး တင့်တယ်လှပကာ အပြစ်ကင်းစင်လွန်းလှသည်။
တုပိုင် သူမနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမကို ရိုးအသည့် နဂါးမလေးဟု လျှို့ဝှက်စွာ နာမည်ပြောင် ပေးခဲ့ဖူး၏။ သူမ အမှန်တကယ်ပင် အစစ်အမှန် နဂါးမလေးတစ်ကောင် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
မှော်ဆရာခေါင်းဆောင်က တင်ပြလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ကျွန်တော်တို့ နဂါးအသစ်တစ်ကောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ အားနည်းချက်တစ်ခုတော့ ရှိနေတယ်..."
"ဘာများလဲ..." အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ်သွား၏။
မှော်ဆရာခေါင်းဆောင်က ရှင်းပြသည်။ "ဒီနဂါးက တိုက်ခိုက်ရေးအတွက် မသင့်တော်ပါဘူး။ သူ့ရဲ့ အစွမ်းက အလွန်ဆုံးမှ သာမန်စစ်သည်တစ်ယောက်နဲ့ပဲ ညီမျှပါတယ်။ သူ့ကို အစွမ်းထက်တဲ့ လက်နက်တစ်ခုအနေနဲ့ အသုံးပြုလို့ မရနိုင်ပါဘူး..."
အိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။ အစွမ်းထက်သော လက်နက်လော။ ရယ်ဖွယ်ကောင်းလှပေ၏။ သူသည် နဂါးတစ်ကောင်ကို တိုက်ခိုက်ရန်အတွက် ဖန်တီးခဲ့ခြင်း မဟုတ်ချေ။ သူမကို စီးနင်းရန်နှင့် သူ၏ အိပ်ရာပေါ် ခေါ်ဆောင်ရန်အတွက်သာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အနောက်ကမ္ဘာမှ ယောကျ်ားများသည် ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြရာ ယောက်ျားတစ်ယောက်အတွက် မည်သည့်အရာက အကြီးမားဆုံး အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်မည်နည်း။
နတ်သမီးတစ်ပါးကို အောင်နိုင်ခြင်းပင် ဖြစ်၏။ စစ်နတ်ဘုရားမ အသီနာ ဖြစ်စေ ၊ သေခြင်း၏နတ်ဘုရားမ ဟယ်လာ ဖြစ်စေ ၊ သူတို့ကိုသာ ပြန်လည်နိုးထစေနိုင်ခဲ့ပါက တိုက်ခိုက်ရန် သက်သက်အတွက်သာ အသုံးပြုမည်လော။ ထိုသို့ဆိုလျှင် လုံးဝကို အရိုင်းအစိုင်းဆန်လွန်းရာ ကျပေလိမ့်မည်။
နဂါးသွေးနွယ်ဖွားများအားလုံးသည် နဂါးများကို ကိုးကွယ်ကြသည်။ နဂါးမတစ်ကောင်ကို အောင်နိုင်ခြင်း ၊ နေ့ဘက်တွင် ကောင်းကင်ယံ၌ သူမကို စီးနင်းပြီး ညဘက်တွင် အိပ်ရာပေါ်သို့ ခေါ်ဆောင်သွားခြင်းက အန္တိမ အောင်ပွဲကြီးပင်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားအတွက်မူ ဤနဂါးမျိုးနွယ်ဝင်သည် အခမ်းနားဆုံးသော ဇိမ်ခံပစ္စည်းတစ်ခုမျှသာ ဖြစ်၏။ မသန်မာလျှင်ရော အရေးကြီးပါသလော။ လုံးဝ အရေးမကြီးချေ။ သူမ လုံလောက်အောင် လှပနေသရွေ့ ပြဿနာမရှိချေ။
အိမ်ရှေ့စံမင်းသားက မေးသည်။ "သူ ဘာစားလဲ..."
"ကျောက်သလင်းတွေပါ။ သန့်စင်မှုမြင့်မားတဲ့ စွမ်းအင်ကျောက်သလင်းတွေပါပဲ..." မှော်ဆရာခေါင်းဆောင်က ရိုသေစွာ လျှောက်တင်၏။
ထို့နောက် သူက ရွှေစင်ဖြင့် ပြုလုပ်ထားသော ခမ်းနားလှသည့် သေတ္တာတစ်လုံးကို ဆက်သလိုက်သည်။ အထဲ၌မူ ထိပ်တန်းအဆင့် စွမ်းအင်ကျောက်သလင်းများ ရှိနေသည်။
လူ့အဖွဲ့အစည်းတစ်ခုသည် သူတို့၏ အစားအစာများကို အလွန်အကျွံ အလှဆင်မှုများဖြင့် စတင် ပြင်ဆင်လာသည်က နက်ရှိုင်းသော ပျက်စီးယိုယွင်းမှု၏ လက္ခဏာတစ်ရပ်ပင်။
ဥပမာအားဖြင့် သံဖြူပြားဖြင့် ထုပ်ထားသော သိုးနံရိုးကင် ရိုးရိုးတစ်တုံးသည် အရသာရှိပြီး ဈေးသက်သာ၏။
သို့သော် အချို့က ငါးဥအမည်းကို ရွှေပြားများဖြင့် အလှဆင်ကာ ခမ်းနားသော သေတ္တာထဲတွင် ထည့်ပြီး ချိန်ခွင်ပေါ်တွင် ဂရမ်အလိုက် ချိန်တွယ်ကာ တစ်ခါစားလျှင် နည်းနည်းလေးသာ စားသုံးလိုကြသည်။
ထိုအစားအစာက သိုးနံရိုးကင်ထက် ပို၍ အာဟာရပြည့်ဝပါသလား။ ထိုသို့ မဆိုသာပေ။ သို့သော် စျေးနှုန်းကမူ အဆပေါင်း တစ်ထောင်မျှ ပိုမို ဈေးကြီးကြသည်။ မည်သို့ပင်ဆိုစေကာမူ အလွန်တရာ ဖွံ့ဖြိုးတိုးတက်သည့် ယဉ်ကျေးမှုတိုင်းသည် ဤယိုယွင်းနေသော ကစားပွဲတွင် ပျော်မွေ့နေတတ်ကြသည်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားသည် ရွှေရောင်လက်အိတ်တစ်စုံကို ဝတ်ဆင်ကာ အရည်အသွေးမြင့် ကျောက်သလင်းတစ်ခုကို ကောက်ယူလိုက်ပြီး လှပသော နဂါးမလေးအား ကမ်းပေးလိုက်၏။ သူမ၏ မျက်လုံးများ တောက်ပသွားပြီး အိမ်ရှေ့စံမင်းသား၏ လက်ထဲမှ အလျင်အမြန်ပင် ယူလိုက်သည်။
"ကြွပ်... ကြွပ်..."
သကြားလုံးစားနေသကဲ့သို့ပင် သူမက နှုတ်ခမ်းနီနီလေးများကို ဟကာ အပြစ်အနာအဆာကင်းစင်သည့် သွားဖြူဖြူလေးများဖြင့် ကျောက်သလင်းကို ကိုက်ချိုးပြီး ပြောင်စင်အောင် ဝါးစားပစ်လိုက်၏။
သူမ စားသောက်နေသည်ကို ကြည့်ရင်း ရှိနေသူအားလုံးမှာ အသက်ရှူသံများ ပြင်းလာကြသည်။ ဤသည်မှာ တကယ်ပင် နဂါးတစ်ကောင် ဟုတ်ရဲ့လော။
သူမ စားသောက်နေပုံကပင် မှော်ဆန်လွန်းလှသည်။
သူမ၏ နှုတ်ခမ်းများမှာ ချိုမြိန်ပြီး ရဲရဲတောက်နေသော စတော်ဘယ်ရီသီးတစ်လုံးကို အမှတ်ရစေလောက်အောင် ပန်းရောင်သန်းကာ တောက်ပနေ၏။
သူမ၏ သွားလေးများမှာ သန့်စင်သည့် စိန်ဖြူလေးများနှင့် တူပြီး ပန်းရောင် လျှာလေးမှာ နူးညံ့သည့် ပတ္တမြားလေးတစ်လုံးနှင့် တူသည်။
သူမ၏ တံတွေးလေးများပင်လျှင် ပန်းပွင့်ဖတ်တစ်ခုထဲတွင် ခိုအောင်းနေသည့် ကြည်လင်သန့်စင်ပြီး မွှေးပျံ့နေသသော နံနက်ခင်း နှင်းပေါက်လေးများနှင့် တူနေ၏။
ဇိမ်ခံခြင်း... ဤသည်ကား တစ်ကမ္ဘာလုံးတွင် အကြီးကျယ်ဆုံးသော ဇိမ်ခံပစ္စည်းပင် ဖြစ်သည်။ အနောက်ကမ္ဘာမှ ကောင်လေးများ ကြီးပြင်းလာပြီး စနိုးဝှိုက်ကို အိမ်မွေးတိရစ္ဆာန်လေးအဖြစ် ဖမ်းဆီးထားသကဲ့သို့ပင်။
မှော်ဆရာခေါင်းဆောင်နှင့် သူ၏ လက်အောက်ငယ်သား အားလုံးမှာ တံတွေးကိုသာ ခက်ခဲစွာ မြိုချလိုက်မိကြသည်။ ဤတင့်တယ်လှပလွန်းလှသော အိမ်မွေးတိရစ္ဆာန်လေးသည် မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသား တစ်ဦးတည်းအတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းကို သူတို့ သိထားကြ၏။
စွမ်းအင်ကျောက်သလင်းကို စားသုံးပြီးနောက် နဂါးမလေးသည် အိမ်ရှေ့စံမင်းသား၏ လက်ထဲရှိ ရွှေရောင်သေတ္တာကို စူးစိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများက ထပ်လိုချင်နေသေးကြောင်း အထင်းသား ဖော်ပြနေ၏။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက မောင်းထုတ်သည့်အနေဖြင့် လက်ကာပြလိုက်သည်။ မှော်ဆရာခေါင်းဆောင်နှင့် မှော်ဆရာ ရာပေါင်းများစွာမှာ လွန်စွာ တွန့်ဆုတ်နေကြသော်လည်း ထွက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ထိုခံစားချက်မှာ အထက်တန်းကျောင်းသားလေးများက ဘတ်စကက်ဘော အသင်းခေါင်းဆောင်သည် ယောကျ်ားလေး အဆောင်ထဲတွင် သူတို့အတန်း၏ နတ်သမီးလေးကို အပျိုစင်ဘဝ ဖျက်ဆီးတော့မည်ကို ကြည့်နေစဉ် ခေါင်းဆောင်ဖြစ်သူက သူတို့ကို တစ်ဆယ်တန် ငွေစက္ကူများ ပေးကာ မင်းတို့ အင်တာနက်ဆိုင် သွားကြ။ ဒီည ပြန်မလာနဲ့ဟု ပြောလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
ဤနဂါးမလေးသည် သူတို့၏ နတ်သမီးလေး ဖြစ်ကြ၏။ မည်သို့ပင်ဆိုစေကာမူ သူမကို ဖန်တီးခဲ့ကြသည်မှာ သူတို့ကိုယ်တိုင်ပင် မဟုတ်ပါလော။ သူတို့၏ နှလုံးသားများ သွေးထွက်မတတ် နာကျင်စွာဖြင့် မှော်ဆရာ ရာပေါင်းများစွာမှာ ဆုတ်ခွာသွားကြ၏။
မှော်ဆရာခေါင်းဆောင်က ဖားယားကာ ပြောသည်။ "စိတ်ကြိုက်သာ ပျော်ပါ အိမ်ရှေ့စံမင်းသား..."
တံခါးများ ပိတ်သွားပြီးနောက် ကြည်လင်နေသည့် ပင်မဓာတ်ခွဲခန်းအတွင်း၌ မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားနှင့် လှပသော နဂါးမလေးသာ ကျန်ရစ်ခဲ့၏။
နဂါးမလေးက နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ကြည်လင်ပြတ်သားသော အသံလေးဖြင့် မေးသည်။ "ရှင်က ဘယ်သူလဲ..."
သူမ၏ အသံလေးကြောင့် အိမ်ရှေ့စံမင်းသား၏ နှလုံးသားမှာ တုန်ခါသွားရ၏။ ထိုအသံလေးက အလွန်တရာ ဆွဲဆောင်မှုရှိပြီး ကြားရသူတိုင်းကို ဖမ်းစားနိုင်စွမ်း ရှိနေသည်။
သူမ၏ အသံလေးမှာ ရေခဲချောင်းလေး အရည်ပျော်ကျပြီး ရေပေါက်လေးများက တည်ငြိမ်နေသည့် ရေကန်ထဲသို့ ကျဆင်းသွားသကဲ့သို့ပင် ကြည်လင်ပြတ်သားကာ ဆွဲဆောင်မှု ရှိလွန်းလှသည်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက ချောမောသည့် အပြုံးဖြင့် ပြော၏။ "ကိုယ်က မင်းရဲ့ ဆရာသခင် ၊ မင်းရဲ့ ချစ်သူ ၊ ပြီးတော့ မင်းရဲ့ ဖန်ဆင်းရှင်ပဲ..."
နဂါးမလေးမိုဟန်က ပြန်ပြောသည်။ "ဆရာသခင်... ချစ်သူ... ဖန်ဆင်းရှင်... အဲဒါတွေက ဘာတွေလဲဟင်..."
အိမ်ရှေ့စံမင်းသားက ရှင်းပြသည်။ "မင်းက နဂါးပုံစံဖြစ်နေတဲ့အချိန်ဆိုရင် ဆရာသခင်က မင်းရဲ့ ကျောပေါ်ကို စီးနင်းပြီး ပျံသန်းနိုင်တယ်။ မင်းက လူသားပုံစံဖြစ်နေတဲ့အချိန်ဆိုရင်တော့ ဆရာသခင်က မင်းကို နမ်းရှုံ့နိုင်ပြီး မင်းနဲ့ အတူအိပ်စက်နိုင်တယ်။ ပြီးတော့ အန္တရာယ်ကြုံလာတဲ့အခါမှာ ဖန်ဆင်းရှင်က မင်းကို တိုက်ခိုက်ဖို့ ၊ မီးမှုတ်ဖို့နဲ့ ပုံစံပြောင်းလဲဖို့ အမိန့်ပေးနိုင်တယ်..."
နဂါးမလေး၏ ရတနာကဲ့သို့သော မျက်လုံးလေးများမှာ ပို၍ပင် ရှုပ်ထွေးသွားဟန် ရသည်။
အိမ်ရှေ့စံမင်းသားက ရွှေရောင်သေတ္တာကို မြှောက်ပြကာ အတွင်းရှိ စွမ်းအင်ကျောက်သလင်းများကို ပြလိုက်၏။
"မင်း စားချင်လား..."
နဂါးမလေး မိုဟန်က အသည်းအသန် ခေါင်းညိတ်ပြသည်။
အိမ်ရှေ့စံမင်းသား၏ မျက်နှာထက်၌ ကောက်ကျစ်သည့် အပြုံးတစ်ပွင့်ထွက်ပေါ်လာ၏။ "ဒါဆို ကိုယ် မင်းကို နမ်းမယ်..."
မိုဟန်၏ လှပသော မျက်လုံးလေးများမှာ တွေဝေမှုများဖြင့် ပြည့်နှက်သွား၏။ အနမ်းဆိုသည်မှာ မည်သည်နည်း။
အိမ်ရှေ့စံမင်းသားက သွေးဆောင်လိုက်သည်။ "အနမ်းခံမယ်ဆိုရင် မင်းကို တစ်ခု စားဖို့ ပေးမယ်..."
လူသားဘဝမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက်တွင်ပင် ကျပ်မပြည့်နေဆဲပင်။ နဂါးမလေး မိုဟန်သည် နမ်းခံရခြင်းက အဆင်ပြေ မပြေကို မသိချေ။
သူမ၏ စိတ်ထဲ၌ အနမ်းသည် လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် ပခုံးကို ပုတ်ခြင်းတို့ကြားတွင် မည်သည့်ကွာခြားချက်မျှ မရှိချေ။ သို့သော် သူမ တကယ်ပင် စားချင်နေ၏။ တွေဝေသွားကာ ခွင့်ပြုသင့် ၊ မပြုသင့်ကို သူမ မဆုံးဖြတ်နိုင်တော့ချေ။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက နောက်တစ်ကြိမ် ကောက်ကျစ်စွာ ပြုံးလိုက်ပြန်သည်။ နူးညံ့သော အကြည့်ဖြင့် သူက ဖြည်းညင်းစွာ တိုးကပ်သွားပြီး သူမ၏ စတော်ဘယ်ရီသီးကဲ့သို့သော နှုတ်ခမ်းလေးများကို နမ်းရှုံ့ရန် လုပ်လိုက်သည်။
သို့သော် သူ၏ နှုတ်ခမ်းများနှင့် သူမ၏ နှုတ်ခမ်းများကြား လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည့် အချိန်တွင် မိုဟန်၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တုန်တက်သွား၏။
နက်ရှိုင်းလှသည့် ထိတ်လန့်မှုနှင့် စူးရှလှသော တုန်လှုပ်မှု ခံစားချက်တစ်ခုက သူမ၏ နှလုံးသား နက်ရှိုင်းရာမှ ရိုက်ခတ်လာ၏။
ထိုသည်က လွန်စွာ ရွံရှာဖွယ်ကောင်းသော ခံစားချက်တစ်ခု ဖြစ်သော်လည်း အလွန်ကောင်းမွန်သည့် အရာတစ်ခု၏ ဝိုးတဝါး မှတ်ဉာဏ်တစ်ခုနှင့် ထူးဆန်းစွာ ရောယှက်နေခဲ့သည်။ အရေးအကြီးဆုံးမှာ ထိုအလွန်ကောင်းမွန်သော ခံစားချက်သည် သူမရှေ့တွင် ရပ်နေသည့် မျက်နှာ သို့မဟုတ် လူနှင့် မသက်ဆိုင်ကြောင်း သူမ၏ ဗီဇက သူမကို ပြောပြနေခြင်းပင်။
နဂါးမလေး မိုဟန်က အော်ဟစ်လိုက်ပြီး အလျင်အမြန် နောက်သို့ ဆုတ်သွား၏။ "မရဘူး..." သူမလေးက ဓာတ်ခွဲခန်း၏ ထောင့်တစ်နေရာသို့ ကပ်သွားသည်အထိ ဆုတ်ခွာသွား၏။
လူသားဘဝမှ နဂါးမျိုးနွယ်ဝင်တစ်ဦးအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး များစွာ ပိုမိုလှပလာခဲ့သော်လည်း မိုဟန်၏ ရိုးအမှုနှင့် ကြောင်တောင်တောင်ဟန်တို့ကမူ နဂိုအတိုင်း ကျန်ရစ်နေပုံရ၏။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် အေးစက်သော ဒေါသများ ဖြတ်ပြေးသွားသော်လည်း သူက အလျင်အမြန် ဖုံးကွယ်လိုက်ပြီး နူးညံ့စွာ မေးလိုက်၏။ "ဘာလို့ မရတာလဲ..."
သူမက ပြတ်သားစွာ ပြောသည်။ "မရဘူး..."
ယခုအခါ အမှန်တကယ် ဒေါသထွက်သွားပြီဖြစ်သော အိမ်ရှေ့စံမင်းသားက တင်းမာစွာ မေးလိုက်၏။ "ကိုယ်က မရဘူးဆိုရင် ဘယ်သူက ရမှာလဲ..."
နဂါးမလေးက အသည်းအသန် စဉ်းစားလိုက်ပြီး မည်သူ၏ အနမ်းက သူမကို တုန်လှုပ်ဖွယ် ကောင်းမွန်သော ခံစားချက်မျိုး ပေးစွမ်းခဲ့ဖူးသနည်းဆိုသည်ကို အစွမ်းကုန် ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သည်။
မည်သို့ပင်ဆိုစေ လက်ရှိတွင် သူမ၌ နဂါး၏ ဝိညာဉ်စွမ်းအင် အစိတ်အပိုင်းတစ်ခုသာ ရှိနေသေးသည်။
ထို့ပြင် သူမ၏ ပြန်လည်နိုးထလာမှုသည် နျူကလီးယားဗုံးတစ်လုံးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲမှုဖြစ်သော ခန့်မှန်း၍ပင် မရနိုင်သည့် အားပြင်းသော ရိုက်ခတ်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ စိတ်အာရုံ အများစုမှာ ဗလာနတ္ထိ ဖြစ်နေခြင်းက သဘာဝပင်။
သို့သော် သူမ၏ အနက်ရှိုင်းဆုံးသော ဝိညာဉ်မှတ်ဉာဏ်ထဲတွင်မူ တုပိုင်၏ အမှတ်အသားက ထာဝရ ကိန်းအောင်းနေဆဲပင်။
တွေးပြီးနောက် မိုဟန်က ပြန်ဖြေသည်။ "ကျွန်မလည်း မသိဘူး..."
အိမ်ရှေ့စံမင်းသားမှာ မြင့်တက်လာသည့် ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။ လောလောဆယ် နမ်း၍မရလျှင်လည်း ကိစ္စမရှိချေ။ စိတ်ပိုင်းဆိုင်ရာ ယှက်နွယ်မှု ပြုလုပ်ရန်ကသာ အဓိကဖြစ်၏။
ဤသည်မှာ နဂါးမျိုးနွယ်များကြားရှိ အမြင့်ဆုံးသော ရင်းနှီးကျွမ်းဝင်မှု ဓလေ့တစ်ခုဖြစ်ပြီး လူသားလင်မယား နှစ်ဦးကြားရှိ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုထက်ပင် သာလွန်သည်။
စိတ်ပိုင်းဆိုင်ရာ ယှက်နွယ်မှုတစ်ခု တည်ဆောက်ပြီးသွားသည်နှင့် သူတို့၏ နှလုံးသားများသည် ထာဝရ ချိတ်ဆက်သွားမည် ဖြစ်၏။ မိုင်ထောင်ချီ ကွာဝေးနေစေကာမူ စိတ်ပိုင်းဆိုင်ရာ ယှက်နွယ်ထားသော ယောက်ျားနှင့် မိန်းမသည် စိတ်ချင်းဆက်သွယ်နိုင်ပြီး သူတို့၏ အတွေးများကို မျှဝေနိုင်ကြသည်။
ထို့ပြင် နှစ်ဖက်စလုံးသည် တစ်ဦး၏ ဆန္ဒကို အခြားတစ်ဦးက မျှဝေခံစားနိုင်၏ ထိုသည်မှာ စိတ်ကူးသက်သက်ဟု ထင်ရသော်လည်း အလွန်ပင် ထင်ရှားလှသည်။
ဆိုလိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ယှက်နွယ်ထားသည့် လက်တွဲဖော်များသည် တိုက်ပွဲဝင်နေစဉ် သို့မဟုတ် အခြားသော ရည်ရွယ်ချက်များအတွက် တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက ထိန်းချုပ်နိုင်ခြင်းပင်။
နဂါးမျိုးနွယ်၏ ရှေးဟောင်းခေတ်ကာလများတွင် လက်တွဲဖော်များဆိုသည်မှာ ချစ်သူများသက်သက် မဟုတ်ကြပေ။
တိုက်ပွဲဝင်ရာ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပံ့ပိုးပေးနိုင်သော အစိတ်အပိုင်းများ ဖြစ်ကြ၏။ ထိုသည်မှာ မျှဝေထားသော ဝိညာဉ်နှင့် မျှဝေထားသော ဆန္ဒတို့၏ အန္တိမ ပေါင်းစည်းခြင်းပင်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။