← Chapters

အခန်း ၁၀၄၈

Vol. 103 Ch. 1048

အခန်း ၁၀၄၈

Vol. 103 Ch. 1048

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသား ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ မိုဟန်၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူသားပုံစံမှ နဂါးပုံစံသို့ ချက်ချင်း ပြောင်းလဲသွားသည်။

သူမ၏ မျက်လုံးများထဲမှ အပြစ်ကင်းစင်မှုများ ပျောက်ကွယ်သွားပြီး အေးစက်ကာ ရန်လိုသည့် အမူအရာများ ဝင်ရောက်လာ၏။ ထောင့်ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ သူမက အစွယ်များကို ထုတ်ပြကာ အချိန်မရွေး ကိုက်ဖြတ်ရန် အသင့်ပြင်ထားလျက် ရှိနေသည်။

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ ကြက်သေသေသွားရ၏။ သူ လုံးဝ အကြံအိုက်သွားပြီ ဖြစ်သည်။ ကောင်မလေးက နဂါးတစ်ကောင်အဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ ယခု သူက သူမနှင့် မည်သို့ အတူအိပ်ရမည်နည်း။

သေချာသည်မှာ သူမအား အတင်းအကျပ် အပိုင်စီးရန် လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သို့သော် ရှေးဟောင်း လူသားဒဏ္ဍာရီများထဲတွင်ပင် ရွှီရှန်သည် မြွေဖြူမလေး ပိုင်စုကျိန်း လူသားပုံစံ ဖြစ်နေချိန်၌သာ အတူအိပ်စက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကြောက်မက်ဖွယ် မူလပုံစံကို ထုတ်ဖော်ပြသလိုက်ချိန်တွင် ရွှီရှန်မှာ သတ္တိကြောင်သွားရုံသာမက သတိလစ်မတတ် ထိတ်လန့်သွားခဲ့ရသည် မဟုတ်ပါလော။

"ရှီး..."

မူလပုံစံသို့ ပြောင်းလဲသွားပြီးနောက် မိုဟန်၏ အရှည်မှာ ခုနစ်မီတာ ၊ ရှစ်မီတာခန့်သာ ရှိပြီး ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်စာခန့်သာ ရှိ၏။ နဂါးမျိုးနွယ်ဝင် တစ်ဦးအနေဖြင့်မူ သူမက အလွန် သေးငယ် ်လွန်းလှသည်။ ထို့ပြင် အစွယ်များကို ထုတ်ပြကာ သွားဖြီးပြီး လက်သည်းများကို ဝှေ့ယမ်းပြနေမှုက သူမကို ပို၍ပင် ချစ်စရာကောင်းနေစေပြီး အနည်းငယ်မျှပင် ကြောက်စရာ မကောင်းနေချေ။

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ အချိန်အတော်ကြာ တွေဝေနေခဲ့ပြီးနောက် နောက်ဆုံးတွင် နဂါးကို အတင်းအကျပ် အပိုင်စီးမည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။ သို့သော်လည်း တုပိုင်အပေါ် ကလဲ့စားချေရဦးမည်။ လူသားပန်းအိုးတစ်လုံးအဖြစ် စည်ပိုင်းတစ်ခုထဲ ထည့်ထားရန် တုပိုင်၏ ခြေလက်များကို ခုတ်ဖြတ်ရန် သူ အမိန့်ပေးထားပြီး ဖြစ်သည်။

သို့သော် ထိုသည်က သူ၏ တောက်လောင်နေသော အမုန်းတရားများကို ငြိမ်းသတ်ရန် မလုံလောက်သေးချေ။ သူ လွန်စွာ ဒေါသထွက်နေပြီး ပေါက်ကွဲရန် ထွက်ပေါက်တစ်ခု အသည်းအသန် လိုအပ်နေ၏။ မြင့်မြတ်သော နဂါးသွေးနွယ်ဖွား တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့် မည်သို့လုပ် ဒေါသကို မျိုသိပ်ထားနိုင်မည်နည်း။

လက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြမ်းပြင်ပေါ်မှ အဝတ်အစားများက လွင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်ကို အလိုအလျောက် ရစ်ပတ်သွား၏။

ထို့နောက် သူက လှည့်ကာ ဒေါသတကြီး ထွက်သွားတော့သည်။

"ပင်မဓာတ်ခွဲခန်းထဲမှာပဲ သော့ခတ်ထားလိုက်... အပြင်ဘက်ကို ခြေတစ်လှမ်းမှ ပေးမထွက်နဲ့... ဒါ့အပြင် ရက်အနည်းငယ်လောက် အစာငတ်ထားလိုက်... စွမ်းအင်ကျောက်သလင်း တစ်ခုလေးတောင် မကျွေးနဲ့..."

မှော်ဆရာခေါင်းဆောင်က နာခံလိုက်၏။ "ဟုတ်ကဲ့ပါ အိမ်ရှေ့စံမင်းသား..."

**--**--**--**--**--**--**--**

ထို့နောက် မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက ရန်ယဲ့ရှောင်ကို သွားတွေ့သည်။

သူ ရောက်ရှိလာချိန်တွင် ရန်ယဲ့ရှောင်က ရိုသေစွာ မေး၏။ "အိမ်ရှေ့စံမင်းသား... ကျွန်မ ကတာကို ကြည့်ချင်လို့လား..."

အိမ်ရှေ့စံမင်းသားက ရန်ယဲ့ရှောင်ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာသည်အထိ အပေါ်အောက် အကဲခတ်နေသည်။ နဂါးမလေး မိုဟန်မှာ တစ်ကိုယ်လုံး မြင့်မြတ်သော အလင်းရောင်များ ဖုံးလွှမ်းနေသကဲ့သို့ အထူးတလည် လှပလွန်းလှသည်။ ပို၍ အရေးကြီးသည်မှာ သူမ၏ တစ်လက်မချင်းစီတိုင်းကို အဆမတန် ကြီးမားသော တန်ဖိုးများ ပေးဆပ်ကာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရင့်ကျက်မှုနှင့် ဆွဲဆောင်မှုအပိုင်းတွင်မူ သူ၏ ရှေ့၌ ရပ်နေသော ရန်ယဲ့ရှောင်က ယောက်ျားတစ်ယောက်၏ နှလုံးသားကို ပိုမို လှုပ်ခတ်နိုင်စွမ်း ရှိနေ၏။

ထိုသည်မှာ အသက်သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်ကို စနိုးဝှိုက်နှင့် အတူအိပ်မည်လား သို့မဟုတ် သူမ၏ မိထွေးဖြစ်သော မိဖုရားဆိုးကြီးနှင့် အတူအိပ်မည်လားဟု မေးလိုက်သကဲ့သို့ပင်။

ယောက်ျားအများစုက စနိုးဝှိုက်ဟု ချက်ချင်း ဖြေကြမည် ဖြစ်သော်လည်း သူတို့၏ စစ်မှန်သော ရမ္မက်ဆန္ဒများထဲတွင် သေချာစွာ ရှာဖွေကြည့်ပါက အများစုမှာ မိဖုရားဆိုးကြီးကိုသာ အမှန်တကယ် ရွေးချယ်ကြလိမ့်မည် ဖြစ်၏။

(ဒီ မူရင်းစာရေးဆရာအတော် ဘူးထတာပဲ။ ရေးရတာ စိတ်ညစ်လာပြီ။ 🙄)

အိမ်ရှေ့စံမင်းသားက လှောင်ပြောင်လိုက်သည်။ "ကပြမယ် ဟုတ်လား... မင်းရဲ့ သမီး မြင့်မြတ်နယ်မြေကို ရောက်ပြီလားလို့ မမေးချင်ဘူးလား..."

ရန်ယဲ့ရှောင် တိတ်ဆိတ်သွား၏။ သေချာသည်မှာ သမီးလေးကို သူမ အလွန် ချစ်မြတ်နိုးသည်။ သူမ အိပ်မက်ဆိုးအင်ပါယာ၌ ပိတ်မိနေစဉ်က အိပ်မက်ဆိုးဧကရာဇ်သည် သူတို့၏ အဆက်အသွယ်ကို ဖြတ်တောက်ထားခဲ့သည်။

သူမ မှတ်ဉာဏ်များ ပြန်လည်ရရှိလာချိန်တွင်မူ မြင့်မြတ်နယ်မြေသို့ ခေါ်ဆောင်ခြင်း ခံထားရပြီ ဖြစ်သည်။ နဂါးကျောင်းတော်၌ အကျဉ်းကျနေခဲ့သည့် နှစ်များအတွင်း သူမမှာ သမီးလေးနှင့် တုပိုင်ကို မျက်စိမှိတ်တိုင်း သတိရလွမ်းဆွတ်နေခဲ့၏။

သို့သော် ယခုအချိန်တွင် သမီးလေးမှာ မြင့်မြတ်နယ်မြေထက် ထိုက်ခန်အင်ပါယာ၌ ရှိနေခြင်းက များစွာ ပိုမို ဘေးကင်းလုံခြုံမည် ဖြစ်ကြောင်းကို သူမ ကောင်းစွာ သိထားသည်။

အိမ်ရှေ့စံမင်းသားက အမိန့်ပေးသည်။ "ငါနဲ့ လိုက်ခဲ့..."

"ဟုတ်ကဲ့..." ရန်ယဲ့ရှောင်၏ လှပသည့် မျက်နှာလေးမှာ လုံးဝ တည်ငြိမ်နေသော်လည်း နှလုံးသားထဲတွင်မူ လှိုင်းတံပိုးများ အပြင်းအထန် ရိုက်ခတ်နေပြီ ဖြစ်သည်။

ပထမဦးစွာ မြင့်မြတ်နယ်မြေက နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းကို စတင်လိုက်ပြီဖြစ်ကြောင်း သူမ သိထားသည်။

လွန်ခဲ့သည့် နာရီအနည်းငယ်က နယ်မြေအတွင်းရှိ အလင်းရောင်များ အားလုံး ငြိမ်းသတ်သွားခဲ့ပြီး ပျံသန်းနေသော သင်္ဘောများအားလုံး လေထဲတွင် ရပ်တန့်သွားခဲ့၏။ ဧရာမ စွမ်းအင်လှိုင်းကို သုံးစွဲလိုက်ခြင်းက သာလျှင် ထိုကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်ပြီး နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်း တစ်ခုတည်းကသာ ထိုမျှ ကြီးမားသော စွမ်းအင်ရိုက်ခတ်မှုကို လိုအပ်သည်။

လွန်ခဲ့သော နာရီအနည်းငယ်အတွင်း ရန်ယဲ့ရှောင်မှာ ပြင်းထန်သော စိုးရိမ်ပူပန်မှုများကို ခံစားနေရ၏။ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်း၏ ရလဒ်က အလွန်တရာ အရေးကြီးလှသည်။ မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားသည် ဤစီမံကိန်းကို တုပိုင်အပေါ် မည်သည့်အခါမျှ အသုံးပြုမည် မဟုတ်ဘဲ မိုဟန် တစ်ဦးတည်းအတွက်သာ သီးသန့် ဖယ်ထားမည်ဖြစ်ကြောင်းကို သူမ အပြည့်အဝ ယုံကြည်ထားသည်။

ထို့ကြောင့်ပင် ရန်ယဲ့ရှောင်သည် ကြီးမားလှသော သဝန်တိုမှုကို အတင်းအကျပ် ဖိနှိပ်ကာ တုပိုင်အား မိုဟန်၏ နှလုံးသားကို ကြိုတင် ရယူနိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။ ယခု အိမ်ရှေ့စံမင်းသား၏ ဒေါသတကြီး တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ပြန်လည်နိုးထရေး စီမံကိန်း အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း ရန်ယဲ့ရှောင် သိလိုက်သည်။

အိမ်ရှေ့စံမင်းသားမှာ ဒေါသများဖြင့် ဆူပွက်နေ၏။

အကယ်၍ စီမံကိန်းသာ ကျရှုံးသွားခဲ့မည်ဆိုပါက သူ စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်ရုံသာ ကြုတ်မည် ဖြစ်သည်။ သူ့ကို ဤမျှအထိ ဒေါသထွက်စေနိုင်သည့် အခြေအနေ တစ်ခုတည်းသာ ရှိ၏။ နဂါးတစ်ကောင် အောင်မြင်စွာ ပြန်လည်နိုးထလာခဲ့သော်လည်း ထိုနဂါးကို အပိုင်စီးပြီး အောင်နိုင်ရန် ကြိုးပမ်းမှု ကျရှုံးသွားခြင်းပင်။

ရန်ယဲ့ရှောင်၏ ရင်ခုန်သံများက ပိုမို မြန်ဆန်လာသည်။ သူမ၏ ယောင်္ကျား တုပိုင်မှာ မည်သို့ ဖြစ်သွားခဲ့ပြီနည်း။ ဆက်လက်၍ မည်သည့်အရာများ ဖြစ်ပေါ်လာမည်နည်း။

မဟာမှော်ဆရာခေါင်းဆောင်၏ မဟာရိုက်ခတ်မှု သီအိုရီအရ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းသည် နဂါး၏ ဝိညာဉ်ကို ချက်ချင်း နိုးထလာစေရန် ဧရာမ စွမ်းအင်လှိုင်းလုံးကြီး တစ်ခုအပေါ် မှီခိုနေရသည်။

ထို့ကြောင့် အသစ်တဖန် ဖန်တီးလိုက်သော နဂါးသည် အခြေခံအားဖြင့် မွေးကင်းစ ကလေးငယ်တစ်ဦး ဖြစ်နေမည်ဖြစ်ပြီး နဂါးကလေးငယ် တစ်ကောင်နှင့် မကွာခြားလှသော အလွန်တရာ အားနည်းသည့် သတ္တဝါတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။

နောက်ထပ် အရေးအကြီးဆုံး အဆင့်တွင် နဂါးကျောင်းတော်အတွင်း၌ ဝှက်ထားသော နဂါးအလောင်းကြီး ပါဝင်နေသည်။ မှန်၏ ၊ ဝိညာဉ် လုံးဝ မရှိတော့သည့် ရုပ်ပိုင်းဆိုင်ရာ နဂါးအလောင်းကြီးပင် ဖြစ်သည်။

နဂါးကျောင်းတော် တစ်ခုလုံးကို ဤဧရာမ အလောင်းကြီးအား ဖိနှိပ်ထားရန် အထူးရည်ရွယ် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက ဤနဂါးအလောင်းကြီးသည် အမှန်တကယ်ပင် မြင့်မြတ်နယ်မြေ တစ်ခုလုံးအတွက် အဓိက စွမ်းအင်အချက်အချာ ဖြစ်ပြီး နယ်မြေ၏ ကာကွယ်ရေး စွမ်းအင်ဒိုင်းလွှားကို စွမ်းအင် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

နှင်းပွင့်ကဲ့သို့ ဖြူစင်နေသော ခန်းမတစ်ခုသို့ ရောက်ရှိလာချိန်တွင် အိမ်ရှေ့စံမင်းသားက ပြော၏။ "ရောက်ပြီ..."

ရန်ယဲ့ရှောင် ခေါင်းမော့လိုက်သည့် အခိုက်အတန့်တွင် သူမ၏ ခင်ပွန်းဖြစ်သူ တုပိုင်ကို မြင်လိုက်ရသည်။ ပါးစပ်ကို လက်ဖြင့် ချက်ချင်း ဖုံးအုပ်လိုက်မိပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များ ပေါက်ကွဲထွက်ကျလာတော့သည်။

သူမ တုပိုင်နှင့် နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသော အလင်းရောင်နှင့် အရိပ်ပုံရိပ်တစ်ခုကိုသာ မြင်တွေ့ခဲ့ရသည်။

ဤတစ်ကြိမ်တွင်မူ တုပိုင်သည် အစစ်အမှန် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး လုံးဝ အပြစ်ကင်းစင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေပြီ။

သို့သော် လမ်းလျှောက်နေသည့် ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်နေခဲ့သည့် တုံ့ပြန်မှု မရှိသည့် အခြေအနေအတိုင်း ဖြစ်နေသည်။

အိမ်ရှေ့စံမင်းသားက လှောင်ပြောင်လိုက်၏။ "မင်းရဲ့ ခင်ပွန်းက တကယ်ကို ကြီးမြတ်တာပဲ... သူ့ရဲ့ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းက ကျရှုံးဖို့ သေချာနေတဲ့အတွက် သူ့ရဲ့ ရှေးဟောင်းနဂါးဘုရင် ဝိညာဉ်စွမ်းအင်တွေ အားလုံးကို မိုဟန်ဆီ လွှဲပြောင်းပေးလိုက်တယ်... အဲဒီရလဒ်အနေနဲ့ သူက အသိဉာဏ်ကင်းမဲ့နေတဲ့ ဖုတ်ကောင်တစ်ကောင် ဖြစ်သွားတာပဲ..."

အိမ်ရှေ့စံမင်းသားက ရက်စက်စွာ ဆက်ပြောသည်။ "ဒီမြင်ကွင်းကို မင်း တော်တော်လေး ရင်းနှီးနေလောက်ပါပြီ... ဘာပဲဖြစ်ဖြစ် မင်းက သူ့ကို ပြုစုစောင့်ရှောက်ပေးနေရင်းနဲ့ အလောင်းကောင် တစ်ကောင်လို နှစ်ပေါင်းများစွာ လဲလျောင်းနေခဲ့တာပဲလေ..."

ရန်ယဲ့ရှောင်က ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ထားဆဲဖြစ်ပြီး တိတ်ဆိတ်စွာ ငိုကြွေးနေရသည်။

အိမ်ရှေ့စံမင်းသားက ရှေ့သို့ လှမ်းလာပြီး တုပိုင်၏ မေးရိုးကို ကြမ်းတမ်းစွာ ဆွဲဟလိုက်၏။ ပါးစပ်ကို ပိတ်မရတော့သဖြင့် တံတွေးများက တုပိုင်၏ နှုတ်ခမ်းထောင့်များမှ ချက်ချင်းပင် စီးကျလာသည်။

အိမ်ရှေ့စံမင်းသားက သရော်လိုက်၏။ "အခု မင်းရဲ့ ခင်ပွန်းက အသိစိတ်မရှိတော့တဲ့ လူတစ်ယောက်တင် မကဘူး ၊ တံတွေးတွေ ကျနေတဲ့ အရူးတစ်ယောက် ဖြစ်နေပြီ..."

ရန်ယဲ့ရှောင်မှာ လုံးဝ စကားမပြောနိုင်တော့ချေ။

အိမ်ရှေ့စံမင်းသားက အေးစက်စွာ ပြောသည်။ "ရန်ယဲ့ရှောင် ၊ အခု ငါ့ရဲ့ စိတ်အခြေအနေ တော်တော်လေး ဆိုးရွားနေတယ်ဆိုတာကို မင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်... ငါ့ရဲ့ သည်းခံနိုင်စွမ်းတွေ အားလုံး ကုန်ဆုံးသွားပြီ... မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်... မင်း ငါ့ရဲ့ ပဉ္စမမြောက် ကြင်ယာတော်ဖြစ်ဖို့ ဆန္ဒရှိလား ၊ အခုချက်ချင်းဖြေ..."

ရန်ယဲ့ရှောင်က မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်၏။

"အိမ်ရှေ့စံမင်းသား... ကျွန်မရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ... ကျွန်မရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တွေ တစ်လျှောက်လုံး ရွှေလှောင်အိမ်ထဲမှာ သော့ခတ်ခံထားရတဲ့ ရှင့်ရဲ့ ငှက်ကလေး တစ်ကောင် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်... ရှင့်အတွက် ကျွန်မ ကပေးမယ် ၊ သီချင်းဆိုပြမယ် ၊ စန္ဒရား တီးပြမယ်... ဒါပေမဲ့ ရှင့်နဲ့တော့ အတူမအိပ်နိုင်ဘူး..."

အိမ်ရှေ့စံမင်းသားက မောက်မာစွာ ဆိုသည်။ "မိန်းမတွေဆိုတာ အတူပျော်ပါးဖို့ ကိရိယာသက်သက်ပဲ။ ပျော်ပါးလို့မရမှတော့ ဘာကိစ္စ ငါ့အနားမှာ ထားရမှာလဲ။"

"လူသားပန်းအိုးဆိုတာ ဘာလဲ မင်း သိလား... အဲဒါက လူတစ်ယောက်ရဲ့ လက်တွေ ခြေထောက်တွေကို ခုတ်ဖြတ်ပြီး ခေါင်းနဲ့ ခန္ဓာကိုယ်ကိုပဲ ချန်ထားခဲ့တာ... ပြီးတော့ အသက်ရှင်နေစေဖို့ စဉ့်အိုးကြီး တစ်လုံးထဲ ထည့်ထားတာပဲ..."

ထိုစကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ယဲ့ရှောင်၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တုန်ခါသွားရ၏။

အိမ်ရှေ့စံမင်းသားက ရက်စက်ကြမ်းကြုတ်စွာ ပြောသည်။ "မင်းရဲ့ ခင်ပွန်းက ငါ့ရဲ့ အဖိုးတန်လှတဲ့ လက်ရာမွန်တစ်ခုကို လုံးဝ ဖျက်ဆီးပစ်ခဲ့လို့ ငါ့ရဲ့ စိတ်အခြေအနေ တော်တော် ဆိုးရွားနေတယ်... သူ့အပေါ်ထားတဲ့ ငါ့ရဲ့ အမုန်းတရားက မင်းဆီကိုပါ ကူးစက်လာတဲ့အတွက် ငါ့မှာ သည်းခံနိုင်စွမ်း မကျန်တော့တာပဲ... မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ် ၊ မင်း ငါ့ရဲ့ ပဉ္စမမြောက် ကြင်ယာတော်လုပ်ပြီး အိပ်ရာပေါ်မှာ ငါ့ကို ပြုစုပေးမှာလား... မင်း သဘောတူမယ်ဆိုရင် သူ့ရဲ့ ခြေလက်တွေကို ကယ်တင်နိုင်မယ် ၊ မင်း ငြင်းမယ်ဆိုရင်တော့ သူ့ကို အပိုင်းပိုင်း ခုတ်ဖြတ်ပြီး ပန်းအိုးတစ်လုံး ဖြစ်အောင် လုပ်ပစ်မယ်..."

"ငါ ငါးကနေ စပြီး ရေတွက်မယ်..."

"ငါး..."

"လေး..."

"သုံး..."

ရန်ယဲ့ရှောင်က တည်ငြိမ်စွာ ဖြတ်ပြောလိုက်၏။ "ရေတွက်နေဖို့ မလိုပါဘူး ၊ ကျွန်မ ငြင်းတယ်..."

အိမ်ရှေ့စံမင်းသားက သူ၏ မျက်လုံးတို့ကို မှေးကျဉ်းလိုက်သည်။ "ဒါဆို တုပိုင် လူသားပန်းအိုးတစ်လုံး ဖြစ်သွားတာကို ကြည့်နေဖို့ ဆန္ဒရှိတယ်လို့ ပြောချင်တာလား..."

ရန်ယဲ့ရှောင်က ပြတ်သားစွာ ပြောသည်။ "ဟုတ်တယ်..."

အံ့အားသင့်သွားသော်လည်း အိမ်ရှေ့စံမင်းသားက အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်ပြီး သရော်လိုက်သည်။ "မင်းက ငါထင်သလောက် နက်နက်ရှိုင်းရှိုင်း စွဲလမ်းနေတာ မဟုတ်ဘူးပဲ... ကိုယ့်ရဲ့ ချစ်သူ အင်္ဂါချို့တဲ့သွားတာကို ကြည့်နေနိုင်လောက်အောင် မင်းက ရက်စက်တာပဲ..."

ရန်ယဲ့ရှောင်က တည်ငြိမ်စွာ ပြန်ဖြေ၏။ "လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ အသက်မဝင်တဲ့ လူတစ်ယောက် ဖြစ်သွားချိန်ကတည်းက သူ ပြန်နိုးလာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး... သူက ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ မဏ္ဍိုင်ပဲ... ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ဘယ်လို အခြေအနေမျိုးပဲ ရောက်သွားပါစေ သူက ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ မဏ္ဍိုင်အဖြစ် အမြဲတမ်း ရှိနေမှာပဲ... ရှင် အဲဒါကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး..."

ထိုစကားကြောင့် အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ပြင်းထန်စွာ တွန့်လိမ်သွားပြီး မျက်ဝန်းထဲမှ ရက်စက်လှသည့် ဒေါသများ ဖြာထွက်လာသည်။

ဤသည်က လုံးဝကို ဒေါသထွက်ဖွယ် ကောင်းလွန်းလှ၏။ တုပိုင်သည် အောက်တန်းကျသော လူသားတစ်ဦးမျှသာ ဖြစ်သည်။ နဂါးသွေးနွယ်ဖွားများအတွက် မျောက်ဝံတစ်ကောင်ထက် မပိုချေ။

သို့သော် ထိုမျောက်ဝံကပင် မိုဟန်၏ ဝိညာဉ်ပိုင်းဆိုင်ရာ ယှက်နွယ်မှုကို ဦးစွာ ခိုးယူသွားခဲ့ပြီ ဖြစ်သည်။ ယခု စိတ်အာရုံကင်းမဲ့နေသည့် လမ်းလျှောက်နေသော ဖုတ်ကောင်တစ်ကောင်အဖြစ် ကျဆင်းသွားချိန်တွင်ပင် အသစ်တဖန် မွေးဖွားလာသော နဂါးမလေးက သူ့ကို စွန့်လွှတ်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။

ဤသည်က သူမ၏ ဦးနှောက်မှာ မျှော်လင့်ချက် မရှိလောက်အောင် ချွတ်ယွင်းနေဆဲ ဖြစ်ကြောင်း သက်သေပြနေ၏။

ရန်ယဲ့ရှောင်ကမူ သူမသည် ထက်မြက်ပြီး ဉာဏ်ရည်မြင့်မားလွန်းသော မိန်းမတစ်ဦး ဖြစ်သော်လည်း အိမ်ရှေ့စံမင်းသားအား အလျှော့ပေးရန် အနည်းငယ်မျှပင် ဆန္ဒမရှိကြောင်း ပြသနေသည်။

တံတွေးများ ကျနေပြီး အသိစိတ်ကင်းမဲ့နေသည့် ဖုတ်ကောင်တစ်ကောင် ဖြစ်နေသည့်တိုင် တုပိုင်ကို လိုချင်နေဆဲလော။ သူမ၏ ဘဝတစ်သက်တာလုံး အင်္ဂါချို့တဲ့နေသည့် လူသားပန်းအိုးတစ်လုံးကို ထိုင်ကြည့်နေရမည်လော။

အိမ်ရှေ့စံမင်းသားက အေးစက်စွာ အမိန့်ပေးလိုက်၏။ "ကောင်းပြီလေ... ဒါဆို မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့... အစောင့်တွေ ၊ တုပိုင်ရဲ့ လက်တွေ ခြေထောက်တွေကို ခုတ်ဖြတ်လိုက်... လုပ်ရင်းနဲ့ သူ့ရဲ့ ယောက်ျားတန်ဆာကိုပါ ဖြတ်ပစ်လိုက်... သူက လူသားပန်းအိုးတစ်လုံးတင် မဟုတ်ဘူး ၊ မိန်းမစိုးပန်းအိုး တစ်လုံး လုပ်ပစ်လိုက်..."

"ဟုတ်ကဲ့ပါ အိမ်ရှေ့စံမင်းသား..."

နဂါးသွေးနွယ်ဖွား စစ်သည်များစွာ ရှေ့သို့ ထွက်လာကြသည်။ သူတို့က တုပိုင်အား မကာ ဧရာမ စားပွဲခုံကြီး တစ်ခုပေါ်သို့ ကြမ်းတမ်းစွာ ပစ်တင်လိုက်ပြီး သူ၏ ခြေလက်များကို ဆွဲဖြဲထားလိုက်ကြ၏။

အိမ်ရှေ့စံမင်းသားထံမှ နောက်ဆုံးအမိန့်ကို ရသည်နှင့် တုပိုင်၏ ခြေလက်များနှင့် အသက်သွေးကြောမှာ ချက်ချင်းပင် ခုတ်ဖြတ်ခံရတော့လေမည်။

အိမ်ရှေ့စံမင်းသားက ညာဘက်လက်ကို မြှောက်တင်လိုက်သည်။ သူ၏ မျက်လုံးများက ရန်ယဲ့ရှောင်၏ မျက်နှာပေါ်သို့ စူးစိုက်ကျရောက်နေ၏။ နဂါးသွေးနွယ်ဖွား စစ်သည်များက အိမ်ရှေ့စံမင်းသားကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။ သူ၏ လက် ကျဆင်းသွားသည့် စက္ကန့်တွင် သူတို့၏ ဓားများလည်း ကျဆင်းလာတော့မည် ဖြစ်၏။

"ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

ရုတ်တရက် နားကွဲမတတ် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး တစ်ခုက တင်းမာနေသော တိတ်ဆိတ်မှုကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ မြင့်မြတ်နယ်မြေ နန်းတော်ကြီး၏ အလယ်ဗဟိုတည့်တည့်၌ ဧရာမ အက်ကွဲကြောင်းကြီး တစ်ခုက အကြမ်းပတမ်း ထွက်ပေါ်လာ၏။

ထို့နောက်...

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters