အခန်း ၁၀၄၉
Vol. 103 Ch. 1049
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၉)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထို့နောက် ပြင်းအား ဆယ့်နှစ်အဆင့်ရှိသည့် ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ မြင့်မြတ်နယ်မြေ တစ်ခုလုံး အပြင်းအထန် တုန်ခါသွား၏။ ရူးသွပ်ဖွယ် စွမ်းအင်မုန်တိုင်းများက နယ်မြေအနှံ့ သောင်းကျန်းနေပြီး ကောင်းကင်ယံကြီးပင် လိမ်ကောက်ကာ ပုံပျက်ရှုံ့တွလာရသည်။
တစ်ယောက်ယောက်က မြင့်မြတ်နယ်မြေ၏ နဂါးစွမ်းအင်အကာအကွယ်အား ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းပင်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားရသည်။ မြင့်မြတ်နယ်မြေက အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသည်နည်း။
အဘယ်ကြောင့် အိပ်မက်ဆိုး မိစ္ဆာဘုရင်က သူ့ကို လေးလေးစားစား ဆက်ဆံနေရသည်နည်း။ အဘယ်ကြောင့် မြင့်မြတ်နယ်မြေအပေါ် တိုက်ခိုက်လာသည့် မိစ္ဆာတပ်မတော်၏ မရေမတွက်နိုင်သည့် တိုက်ခိုက်မှုတိုင်းတွင် မိစ္ဆာပေါင်းများစွာ ကောင်းကင်ယံ၌ အသေခံလိုက်ရခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်နည်း။
အားလုံးမှာ နဂါးစွမ်းအင်အကာအကွယ်ကြောင့်ပင်။
ဤအကာအကွယ် ရှိနေခြင်းကြောင့်သာ မြင့်မြတ်နယ်မြေ၏ တပ်ဖွဲ့များမှာ အထိအခိုက်မရှိဘဲ မိစ္ဆာများကို အမြဲတမ်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ အကာအကွယ်သာ ပျက်စီးသွားပါက သူတို့အားလုံး အကြွင်းမဲ့ ပျက်သုဉ်းခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအကာအကွယ်၏ ထိန်းချုပ်ရေးစင်တာမှာ နန်းတော်၏ အလယ်ဗဟိုတည့်တည့်၌ တည်ရှိနေ၏။
အစွမ်းထက်သော နဂါးသွေးနွယ်ဖွား စစ်သည်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။ “အိမ်ရှေ့စံမင်းသား… ကောင်းကင်ကို ကြည့်လိုက်ပါဦး…”
အိမ်ရှေ့စံမင်းသားက အပြင်ဘက်သို့ ပြေးထွက်သွားပြီး မော့ကြည့်လိုက်ရာ လုံးဝ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
မြင့်မြတ်နယ်မြေ၏ ကောင်းကင်ယံသည် မှောင်မိုက်နေပြီး စွမ်းအင်အကာအကွယ်၏ အပြင်ဘက်တွင် စိတ်ကူးဖြင့်ပင် မတွေးနိုင်လောက်အောင် ထူထပ်လှသည့် မိစ္ဆာအုပ်ကြီး စုရုံးနေကြသည်။
သန်းနှင့်ချီသော မိစ္ဆာများက သူတို့၏ ဧရာမ အတောင်ပံကြီးများကို ခတ်နေကြပြီး သူတို့၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာများထက်ရှိ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါး အလင်းတန်းများ တောက်လောင်နေကြ၏။
အကာအကွယ် ပျက်စီးသွားသည့် အခိုက်အတန့်တွင် ထိုအဆုံးအစမဲ့သော မိစ္ဆာစစ်တပ်ကြီးက အလုံးအရင်းဖြင့် ဝင်ရောက်လာမည်ဖြစ်ပြီး မြင့်မြတ်နယ်မြေနှင့် နဂါးသွေးနွယ်ဖွား ယဉ်ကျေးမှု တစ်ခုလုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်ကြပေလိမ့်မည်။
အိမ်ရှေ့စံမင်းသား ဒေါသတကြီး ဟိန်းဟောက်သည်။ “နဂါးသွေးနွယ်ဖွား ဆရာသခင်တွေအားလုံး ငါ့နောက်ကနေ နန်းတော်ဗဟိုကို လိုက်ခဲ့ကြစမ်း… နဂါးစွမ်းအင်အကာအကွယ်ရဲ့ ထိန်းချုပ်ခန်းကို ငါတို့ ကာကွယ်ရမယ်…”
ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ရွှီး… ရွှီး… ရွှီး…”
ထောင်ပေါင်းများစွာသော နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများက ဥက္ကာပျံမိုးများ ရွာကျလာသကဲ့သို့ လေထဲသို့ ထိုးတက်သွားကြပြီး အကာအကွယ်၏ ထိန်းချုပ်ရေးစင်တာကို ကာကွယ်ရန် နန်းတော်အတွင်းရှိ ဧရာမ အက်ကွဲကြောင်းကြီးဆီသို့ ပျံသန်းသွားကြသည်။
**--**--**--**--**--**--**--**
ရန်ယဲ့ရှောင်သည်လည်း ရုတ်တရက် ဖြစ်ပေါ်လာသည့် ပရမ်းပတာ အခြေအနေကြောင့် ခေတ္တမျှ ကြက်သေသေသွားရ၏။ သုံးစက္ကန့်ခန့် ကြောင်အမ်းသွားပြီးနောက် သူမကိုယ်သူမ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ယခင်က သူမသည် ဉာဏ်သုံးရခြင်းကို မုန်းတီးပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရခြင်းကိုသာ နှစ်သက်ခဲ့သည်။ သို့သော် တုပိုင် အသိစိတ်ကင်းမဲ့သွားချိန်မှစ၍ မိသားစုတာဝန်များကို ထမ်းပိုးနိုင်ရန် ကိုယ့်ဉာဏ်ကိုသာ အတင်းအကျပ် အားကိုးခဲ့ရ၏။
အိပ်မက်ဆိုးအင်ပါယာ၏ မင်းသမီး ဖြစ်လာချိန်တွင် သူမ၏ လူများကို ကာကွယ်နိုင်ရန် လိမ္မာပါးနပ်လာခဲ့ရသည်။ နောက်ဆုံး၌ မြင့်မြတ်နယ်မြေသို့ တစ်ကိုယ်တည်း ရောက်ရှိလာချိန်တွင်မူ ရက်စက်သော ဝံပုလွေတစ်ကောင်ဖြစ်သည့် မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားနှင့် ဉာဏ်ရည်ယှဉ်ပြိုင်နိုင်ရန် သူမ အလွန် ထက်မြက်လာခဲ့ရသည်။
သူမက တုပိုင်ထံသို့ သွက်လက်စွာ လျှောက်သွားလိုက်ပြီး အောက်သို့ ငုံ့ကာ သူ၏ နှုတ်ခမ်းများကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်၏။ ထို့နောက် သူမ၏ အကြည့်များက အောက်ဘက်သို့ ရွေ့လျားသွားသည်။
ရင်ခုန်သံများ ကျယ်လောင်လာ၏။ သူမက နှုတ်ခမ်းဖူးဖူးလေးတို့ကို စုလိုက်ပြီး တုပိုင်၏ ယောက်ျားတန်ဆာကိုလည်း နမ်းလိုက်ပြန်သည်။
“ကျွန်မရဲ့ အရူးယောကျ်ား… နောက်မှ တွေ့ကြမယ် ကျွန်မရဲ့ အရူးယောကျ်ား… နောက်မှ တွေ့မယ် တုလုံ… ရှင့်ရဲ့ ရန်ယွီက ရှင့်ကို သေမလောက် လွမ်းနေတာ…”
ထိုသို့ပြောပြီးနောက် သူမသည်လည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အခန်းထဲမှ ပျောက်ကွယ်သွားပြီး ပင်မဓာတ်ခွဲခန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်တော့သည်။
**--**--**--**--**--**--**--**
ပင်မဓာတ်ခွဲခန်းအပြင်ဘက်၌မူ မှော်ဆရာခေါင်းဆောင် ၊ ရာနှင့်ချီသော မှော်ဆရာများနှင့် စစ်သည်များက အစောင့်ကျနေကြပြီး ထိတ်လန့်တုန်လှုပ်နေကြ၏။
သူတို့သည်လည်း အပေါ်ဘက်ရှိ ကမ္ဘာပျက်မည့် မြင်ကွင်းကြီးကို မြင်တွေ့ထားခဲ့ကြပြီ ဖြစ်သည်။ နန်းတော်အား ဖြတ်သန်းကာ ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ပြဲဟထွက်နေပြီး ကောင်းကင်ယံရှိ စွမ်းအင်အကာအကွယ် ပြိုကျနေကာ သန်းနှင့်ချီသော မိစ္ဆာများ နယ်မြေအတွင်းသို့ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။
အကယ်၍ အကာအကွယ်သာ လုံးဝပျက်စီးသွားပါက မိစ္ဆာများ အတင်းအကျပ် ဝင်ရောက်လာပြီး လူတိုင်းကို သတ်ဖြတ်ကြပေလိမ့်မည်။
ထိုစဉ် အသက်ရှူမှားလောက်သည်အထိ လှပလွန်းလှသည့် ရန်ယဲ့ရှောင်က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူမလေးသည် ဇိမ်ခံ ခရမ်းရောင် ဝတ်ရုံနှင့် သိမ်မွေ့လှပသော သရဖူလေးကို ဆင်မြန်းထားပြီး ပြိုင်ဘက်ကင်းသည့် ညှို့ငင်နိုင်စွမ်းရှိသော ဆွဲဆောင်မှုများ ဖြာထွက်နေသည်။
ရန်ယဲ့ရှောင်က ထိတ်လန့်တုန်လှုပ်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ “ကျွန်မကို ဝင်ခွင့်ပေးပါ… ကျေးဇူးပြုပြီး ဝင်ခွင့်ပေးပါ…”
မှော်ဆရာခေါင်းဆောင်က ခေါင်းခါရင်း ပြော၏။ “မရဘူး… အိမ်ရှေ့စံမင်းသားရဲ့ သံမဏိအမိန့်အရ ဘယ်သူ့ကိုမှ အတွင်းဘက်ကို ခြေတစ်လှမ်းမှ ဝင်ခွင့်မပြုထားပါဘူး…”
ရန်ယဲ့ရှောင်က တောင်းပန်လိုက်သည်။ “အိပ်မက်ဆိုး မိစ္ဆာဘုရင်က ယုတ်မာတဲ့ အကြံကို သုံးသွားတာ… သူက သူ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို အိမ်ရှေ့စံမင်းသား နန်းတော်အောက်မှာ ထားခဲ့တဲ့ ရွှေရောင်ဘုရင်လှံတံထဲမှာ ဖုံးကွယ်ထားခဲ့တယ်… အခု မိစ္ဆာဘုရင်ရဲ့ ဝိညာဉ်က လှံတံထဲကနေ ထွက်လာပြီး အကာအကွယ်ရဲ့ ထိန်းချုပ်ခန်းကို အရူးအမူး တိုက်ခိုက်နေပြီ… အိမ်ရှေ့စံမင်းသားက ကျွန်မရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ ပင်မဓာတ်ခွဲခန်းထဲမှာ ဝင်ပုန်းနေဖို့ အမိန့်ပေးခဲ့တာ… အဲဒီမှာက အစွမ်းထက် စွမ်းအင်အစီအရင်ပါတဲ့ သီးခြားနေရာတစ်ခု ရှိတယ်…”
မှော်ဆရာခေါင်းဆောင်က သူမကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။ သူမလေးသည် အလွန် လှပလွန်းလှပြီး အလွန်တရာ သနားစရာ ကောင်းနေသည့်အပြင် အခြားသော မင်းသားများပင် ဝတ်ဆင်ရန် အိပ်မက်မမက်နိုင်သည့် ဇိမ်ခံစွမ်းအင်ဝတ်ရုံကြီးကို လွှမ်းခြုံထားသည်။
အိမ်ရှေ့စံမင်းသားက သူမအပေါ် မည်မျှအထိ ရမ္မက်ကြီးမားကြောင်းကို သူ ကောင်းစွာ သိထား၏။
‘အိမ်ရှေ့စံမင်းသားက တကယ်ကို မျက်နှာလိုက်တာပဲ… ရန်ယဲ့ရှောင်ကို ကာကွယ်ဖို့အတွက် ကိုယ့်ရဲ့ ကြင်ယာတော်တွေကိုတောင် ပစ်ထားခဲ့တယ်… တကယ်တော့ မယားကြီးက မယားငယ်လောက် မကောင်းဘူး ၊ မယားငယ်က ခိုးစားရတဲ့ ချစ်သူလောက် မကောင်းဘူး ၊ ခိုးစားရတဲ့ အရသာက အကောင်းဆုံးပဲ ဆိုတာ အမှန်ပဲ…’
ယုံကြည်သွားပြီဖြစ်သဖြင့် မှော်ဆရာခေါင်းဆောင်က ဓာတ်ခွဲခန်းကို ဖွင့်ပေးရန် အမိန့်ပေးလိုက်၏။
မှော်ဆရာခေါင်းဆောင်က သတိပေးလိုက်သည်။ “အတွင်းကို ဝင်ပါ… အနာဂတ် ပဉ္စမမြောက် ကြင်ယာတော်… ဒါပေမဲ့ အဲဒီထဲက ဘာကိုမှ လုံးဝ မထိဖို့ သတိပေးပါရစေ…”
ရန်ယဲ့ရှောင်က သနားဖွယ်ကောင်းစွာ ပြောလိုက်၏။ “ကျွန်မက အဲစက်တွေအကြောင်း ဘာမှ နားမလည်ပါဘူး။ ဘာကိုမှ မထိဘူးလို့ ကတိပေးပါတယ်…”
သူမ အတွင်းသို့ ဝင်သွားလိုက်သည်နှင့် ပင်မဓာတ်ခွဲခန်း၏ ကြီးမားလေးလံသော တံခါးကြီးများက ပိတ်သွားလေပြီး စွမ်းအင်လမ်းကြောင်းကို လုံးဝ ပိတ်ဆို့သွားတော့သည်။
**--**--**--**--**--**--**--**
ရန်ယဲ့ရှောင် ဝင်လာသည်နှင့် တစ်ပြိုင်နက် မိုဟန်မှာ ချက်ချင်းပင် နဂါးအသွင်သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်သွားကာ မေးသည်။
“ဘယ်သူလဲ…”
သို့သော် ဝင်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေပြီး ထိုအမျိုးသမီးက အလွန်တရာ လှပလွန်းနေသည်ကို မြင်လိုက်ရသောအခါ မိုဟန် မနာလိုစိတ်များ ပေါက်ကွဲလာသည်။ သူမက ရန်ယဲ့ရှောင်၏ အလှတရားကို လွှမ်းမိုးပစ်ရန် ဆုံးဖြတ်ချက်ချကာ မြင့်မြတ်သည့် အလင်းတန်းများကို ဖြာထွက်စေလျက် လူသားအသွင်သို့ ချက်ချင်း ပြန်လည်ပြောင်းလဲလိုက်သည်။
ထိုအရာသည် မိုဟန်၏ ပင်ကိုယ်ဗီဇ ဖြစ်သလို နဂါးအားလုံး၏ ပင်ကိုယ်ဗီဇလည်း ဖြစ်၏။
‘ငါ့ထက် ပိုလှတဲ့သူ ဘယ်သူမှ မရှိစေရဘူး…’
ရန်ယဲ့ရှောင် လျင်မြန်စွာ ပြောသည်။ “တုပိုင်က ကျွန်မကို လွှတ်လိုက်တာ… မင်းကို အဆမတန် အစွမ်းထက်လာစေမယ့် နေရာတစ်ခုကို ခေါ်သွားဖို့ ကျွန်မ လာခဲ့တာ… အဲဒါက မင်းကို ဘုရင်မ ဖြစ်လာစေလိမ့်မယ်… သွားချင်လား…”
ထိုစကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ မိုဟန်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး မျက်လုံးများ တောက်ပလာကာသည်။ “တုပိုင်လား… ဘုရင်မလား… ကောင်းပြီလေ… ငါ့ကို ခေါ်သွား…”
ရန်ယဲ့ရှောင် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး စက်ပစ္စည်း အပြင်အဆင်များကို စက္ကန့်အနည်းငယ်မျှ ပြန်လည်မှတ်သားလိုက်ကာ ဓာတ်ခွဲခန်းရှိ ကိရိယာများအပေါ် အလွန် ရှုပ်ထွေးလှသော လုပ်ဆောင်မှု တစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ချက်ချင်းပင် ဧရာမ စွမ်းအင်အစီအရင်ကြီးက အလင်းရောင်များကို စတင်စုဆောင်းလာ၏။ ထိုအစီအရင်က စွမ်းအင်များကို အကြွင်းမဲ့ ကန့်သတ်ချက်အထိ စုစည်းပြီး ဖိသိပ်ပစ်လိုက်သည်။
ထို့နောက် သူမက အားလုံးကို တစ်ပြိုင်နက်တည်း လွှတ်ထုတ်လိုက်၏။
“ဝုန်းးးးးးးးး”
ပေါက်ကွဲမှုကြီးကြောင့် ပင်မဓာတ်ခွဲခန်း၏ စွမ်းအင်နံရံကြီး လုံးဝ ပျက်စီးသွားရလေပြီး ဧရာမ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ အပြင်ဘက်၌ ရပ်နေကြသည့် ရာနှင့်ချီသည့် အစောင့်များနှင့် မှော်ဆရာများမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုတ်သင်ခံလိုက်ရသည်။
ရန်ယဲ့ရှောင် အော်ဟစ်လိုက်သည်။ “ငါ့နောက်လိုက်ခဲ့…” သူမက မိုဟန်၏ လက်ကို ဆွဲကိုင်ကာ ပျက်စီးသွားသော ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီး နဂါးကျောင်းတော်ဆီသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် ပျံသန်းသွားလိုက်သည်။
ပျံသန်းနေရင်း မိုဟန်က မေး၏။ “တုပိုင်က ဘယ်မှာလဲ…”
ရန်ယဲ့ရှောင်က ရှင်းပြသည်။ “ခဏနေရင် ငါတို့ အရမ်းကြီးတဲ့ အိမ်ကြီးတစ်လုံးဆီကို သွားမယ်… အဲဒီထဲမှာ ဧရာမ နဂါးအလောင်းကြီး တစ်ခု ရှိတယ်… မင်းက အဲဒီအလောင်းကြီးနဲ့ ပေါင်းစပ်ဖို့ပဲ လိုတယ်… အဲဒါက မင်းကို အဆမတန် အစွမ်းထက်လာစေပြီး မင်းကို ဘုရင်မ ဖြစ်လာစေလိမ့်မယ်… မင်းရဲ့ ဝိညာဉ်က တုပိုင်နဲ့ ယှက်နွယ်နေတဲ့အတွက် မင်းတို့က ဆန္ဒနဲ့ စိတ်စွမ်းအားတွေကို မျှဝေခံစားလို့ရတယ်… နဂါးအလောင်းကြီးရဲ့ ဧရာမ စွမ်းအားကို မင်း ထိန်းချုပ်နိုင်သွားတာနဲ့ တုပိုင်ရဲ့ ဝိညာဉ်ကို ပြန်နိုးထလာအောင် လုပ်ဖို့ သတိရနော်… မင်းရဲ့ စိတ်စွမ်းအားနဲ့ အင်အား တစ်ဝက်ကို သူနဲ့ မျှဝေပေးလိုက်ပြီး သူ့ကို မင်းရဲ့ နဂါးစီးသူရဲကောင်း ဖြစ်လာခွင့် ပေးလိုက်ပါ…”
မိုဟန် ကြောင်တောင်တောင် မျက်လုံးတို့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “အင်း…”
ရန်ယဲ့ရှောင် ရှင်းပြသည်များက သူမအတွက် အလွန်အမင်း ရှုပ်ထွေးလွန်းနေသည်။ မျှဝေခံစားသည့် စိတ်စွမ်းအားလား။
ဝိညာဉ်ကို နိုးထလာအောင် လုပ်မည်လား။
ရန်ယဲ့ရှောင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ရသည်။ “ဒဏ္ဍာရီတွေထဲမှာ ပြောထားသလို တကယ်ကို တုံးအလွန်းတာပဲ… ယောကျ်ား… ရှင်က ဒီကိစ္စကို အရမ်း ခက်ခဲအောင် လုပ်ထားတာပဲ… ရှင်က အခု လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တစ်ကောင် ဖြစ်နေပြီး ဒီအစီအစဉ် တစ်ခုလုံးကို တုံးအတဲ့ ဘုရင်မလေးဆီမှာ အပ်နှင်းထားခဲ့တဲ့လား”
သက်ပျင်းချလိုက်ရင်း ရန်ယဲ့ရှောင်က မိုဟန်ကို ပို၍မြန်မြန် ဆွဲခေါ်သွားလိုက်သည်။ နဂါးကျောင်းတော်က အရှေ့ဘက် တည့်တည့်တွင် ရှိနေ၏။
ရန်ယဲ့ရှောင် မေးသည်။ “ရိုးရိုးလေးပဲ ပြောရအောင်… ခဏနေရင် မင်းက နဂါးကြီးထဲကို ဝင်လိုက် ၊ ပြီးရင် တုပိုင်ဆီကို ပျံသွားပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်… ဒါဆို သူ ပြန်နိုးလာလိမ့်မယ်… မင်း နားလည်လား…”
ထိုအခါ မိုဟန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ “အို… ဟုတ်တယ်… အဲဒါကို ဘယ်လိုလုပ်ရမလဲ ငါသိတယ်…” သူမ စိတ်လှုပ်ရှားသွား၏။ နဂါးကြီးထဲ ဝင်ပြီး တုပိုင်ကို နမ်းမည်။ ထိုစကားကြောင်း နှစ်ကြောင်းက လုံးဝ ရိုးရှင်း၏။ မျှဝေခံစားသည့် စိတ်စွမ်းအားနှင့် ဝိညာဉ်ကို နိုးထလာအောင် လုပ်မည်ဆိုသည်များထက် များစွာ ရိုးရှင်းလှသည်။
“ရွှီး…” ရန်ယဲ့ရှောင်နှင့် မိုဟန်တို့မှာ အလင်းတန်း နှစ်တန်းအဖြစ် ပြောင်းလဲသွားပြီး နဂါးကျောင်းတော် အတွင်းသို့ တိုက်ရိုက် ထိုးဆင်းသွားကြသည်။
တစ်ချိန်တည်းမှာပင်။
“ဝုန်းးးး ဝုန်းးးး ဝုန်းးးး”
နန်းတော်၏ အလယ်ဗဟို၌ နဂါးစွမ်းအင်အကာအကွယ်၏ ပင်မထိန်းချုပ်ခန်းသည် နောက်ဆုံးတွင် ဖောက်ထွင်းခံလိုက်ရပြီ ဖြစ်သည်။
ရုတ်တရက် မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ကာကွယ်ပေးထားသည့် ဧရာမ စွမ်းအင်အကာအကွယ်ကြီးမှာ အကြမ်းပတမ်း လိမ်ကောက်သွားပြီးနောက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့၏။
အကာအကွယ် မရှိတော့သဖြင့် မိစ္ဆာတပ်မတော်မှ သန်းနှင့် ချီသည့် မိစ္ဆာများက အလုံးအရင်းဖြင့် ဝင်ရောက်လာကြရာ သူတို့၏ များပြားလှသည့် အရေအတွက်က ကောင်းကင်ယံကို ပိတ်ဆို့သွားစေပြီး ကမ္ဘာလောကကြီးကို အမှောင်ထုအတွင်းသို့ ဆွဲချသွားတော့သည်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ တုန်လှုပ်သွားရပြီး သူ၏ အမြင်အာရုံများပင် မှောင်မိုက်သွားရသည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ဝိညာဉ်ကိုယ်ပွားက အိမ်ရှေ့စံမင်းသားကို စိုက်ကြည့်လိုက်ပြီး ရယ်မေယလိုက်သည်။
သူ၏ မိစ္ဆာဆန်ဆန် ရယ်မောသံကြီးက ကောင်းကင်ယံကြီးကိုပင် တုန်ခါသွားစေ၏။
“ဟား… ဟား… ဟား… ဟား… မင်းတို့ ပြီးသွားပြီ… နဂါးသွေးနွယ်ဖွား ယဉ်ကျေးမှုလည်း ပြီးဆုံးသွားပြီပဲ…”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၉) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(တစ်ပိုင်းအကြွေး မှတ်ထားပေးဦးနော်။ မနက်ဖြန် ပြန်ဆပ်မယ်ဗျ။ 😔)