← Chapters

အခန်း ၈၅၈

Vol. 58 Ch. 858

အခန်း ၈၅၈

Vol. 58 Ch. 858

အခန်း ၈၅၈ - ကြီးမြတ်သော သခင်လေးပါး

လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော်သည် အလွန်ပင် ကျယ်ပြောလှသော ဧရိယာကို လွှမ်းခြုံထားသည်။ တော်ဝင်မြို့တော်၏ မြောက်ဘက်တွင် ပေပေါင်းတစ်သိန်း မြင့်မားလှသော၊ ဆီးနှင်းများ ဖုံးလွှမ်းနေသည့် တောင်တန်းကြီးတစ်ခု ရှိနေခဲ့သည်။ ထိုတောင်ထိပ်ကြီးမှာ တိမ်တိုက်များဖြင့် ဝန်းရံနေပြီး ပြာလွင်လှသော ဆီးနှင်းများက တောင်ထိပ်ပေါ်တွင် ပုံကျနေခဲ့သည်။

ထိုနေရာတွင် ကျယ်ပြောလှသော ဆီးနှင်းပြင်ကြီးများ ပြည့်နှက်နေသဖြင့် ၎င်းမှာ နတ်ဘုရားများ နေထိုင်ရာ နိဗ္ဗာန်ဘုံတစ်ခုအလား ထင်မှတ်ရပေသည်။

ထိုကျယ်ပြောလှသော ဆီးနှင်းပင်လယ်ကြီး၏ အလယ်ကောင်တွင် ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့် နန်းတော် မြောက်မြားစွာ ရှိနေခဲ့သည်။

နန်းတော်တိုင်းတွင် အစီအရင် မန္တန်များဖြင့် အားဖြည့်ပေးထားသဖြင့် အပြင်ဘက် ပတ်ဝန်းကျင်မှာ ဆီးနှင်းများ ဖုံးလွှမ်းနေခဲ့သည်ဆိုဦးတော့နန်းတော်၏ အတွင်းပိုင်း ပတ်ဝန်းကျင်ကိုမူ တစ်နှစ်ပတ်လုံး သက်တောင့်သက်သာ ရှိလှသော အပူချိန်ဖြင့် ထိန်းညှိပေးထားခဲ့ကာ စိမ်းလန်းစိုပြည်လှသော မြက်ခင်းပြင်များနှင့် ဖူးပွင့်ဝေဆာနေကြသော ပန်းပင်များဖြင့် အလွန်ပင် လှပလွန်းလှပေသည်။

ထိုတောင်ထိပ်၏ အလယ်ဗဟိုတွင် ရာသီဥတု ဘယ်လောက်ပင် အေးစက်နေပါစေဦးတော့ ဘယ်သောအခါမှ ခဲသွားခြင်း မရှိသည့် ရေပူစမ်းတစ်ခု ရှိနေခဲ့သည်။ ထိုရေပူစမ်းကို ကြည်လဲ့သော လော့ ရေပူစမ်း ဟု အမည်ပေးထားခဲ့ပြီး ၎င်း၏ အပူချိန်မှာ အလွန်ပင် သင့်တင့်မျှတလှပေသည်။

ကြည်လဲ့သော လော့ ရေပူစမ်းသည် တစ်နှစ်ပတ်လုံး ထူထပ်လှသော ရေနွေးငွေ့များဖြင့် ဖုံးလွှမ်းနေခဲ့ပြီး စမ်းရေမှာ ကောင်းကင်ဘုံမှ နတ်သုဒ္ဓါများအလား ထင်မှတ်ရပေသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သဖြင့် သာမန်လူတစ်ယောက်အနေဖြင့် ၎င်းကို တစ်ငုံမျှ သောက်ရုံမျှဖြင့်တင် တစ်နှစ်ခန့် ပိုမို ငယ်ရွယ်သွားစေနိုင်ပြီး တစ်အိုးစာ သောက်မည်ဆိုပါက ဆယ်နှစ်ခန့် ပိုမို ငယ်ရွယ်သွားစေနိုင်စွမ်း ရှိပေသည်။

သာမန်လူများအတွက် ဤမျှလောက်အထိ အံ့ဩဖွယ်ကောင်းသော အာနိသင် ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း... အတော်အတန် မြင့်မားလှသော ကျင့်ကြံခြင်းအဆင့် ရှိကြသည့် သိုင်းပညာရှင်များအတွက်ပင်လျှင် ကြည်လဲ့သော လော့ ရေပူစမ်းက သူတို့ကို ရှားပါးလှသော အကျိုးကျေးဇူး မြောက်မြားစွာကို ပေးစွမ်းနိုင်ဆဲ ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် မြေကမ္ဘာများစွာ ရှိနေသော လော့မျိုးနွယ်စု၏ တော်ဝင်ဝင်းအတွင်းမှာပင် ဤကြည်လဲ့သော လော့ ရေပူစမ်းမှာ အလွန်ပင် ကျော်ကြားလှသော နေရာတစ်ခု ဖြစ်ပေသည်။

ကြည်လဲ့သော လော့ ရေပူစမ်းတစ်ခုလုံးကို ကြည်လဲ့သော လော့ နန်းတော် ဟု အမည်ရသည့် နန်းတော်ကြီးတစ်ခုဖြင့် ဝန်းရံထားခဲ့သည်။ ထို့အပြင် ၎င်းမှာ ယနေ့တွင် မိဖုရားခေါင်ကြီး လော့က သူမ၏ တည်ခင်းဧည့်ခံပွဲကို ကျင်းပမည့် နေရာလည်း ဖြစ်ပေသည်။

ထိုတည်ခင်းဧည့်ခံပွဲသို့ ဖိတ်ကြားခြင်း ခံထားရသူများမှာ လော့မျိုးနွယ်စုအတွင်းရှိ အရေးပါလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

ထိုနေရာတွင် မယ်တော် ရွှမ်ဟို့၊ မင်းသမီး ခရမ်းပြာဝိညာဉ်၊ လော့မျိုးနွယ်စု တော်ဝင်တရားရုံး၏ အမတ်ဟောင်းကြီးများ၊ တော်ဝင်မြို့တော်အတွင်းရှိ ထင်ရှားကျော်ကြားလှသော ပုဂ္ဂိုလ်များနှင့်၊ စုပေါင်းလေ့ကျင့်မှုတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြပြီး လော့နတ်ဘုရားခန်းမ စမ်းသပ်မှုတွင် ထင်ပေါ်ကျော်ကြားလာရန် မျှော်လင့်ခြင်း ခံထားရသည့် လူငယ် အထက်တန်းလွှာ ပါရမီရှင်များပါဝင်ကြသည်။

ဤလူငယ် ပါရမီရှင်များကို ရွေးချယ်သည့် စံနှုန်းမှာ အလွန်ပင် မြင့်မားလှပေသည်။ အချို့သော ပြည်နယ်များတွင်ဆိုပါက တစ်ယောက်မျှပင် ရွေးချယ်ခြင်း မခံခဲ့ရချေ။ ဥပမာအားဖြင့် ယီယွင်သည် မီးလျှံတိမ်တိုက်ပြည်နယ်မှ ရွေးချယ်ခြင်း ခံခဲ့ရသည့် တစ်ဦးတည်းသော လူ ဖြစ်ပေသည်။

ရွေးချယ်ခြင်း ခံခဲ့ရသည့် လူငယ် ပါရမီရှင်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

ဤတည်ခင်းဧည့်ခံပွဲသည် သူတို့၏ ဘဝတွင် အရေးအကြီးဆုံးသော အခွင့်အရေးများထဲမှ တစ်ခု ဖြစ်လာနိုင်သည် မဟုတ်လား။ အကယ်၍ သူတို့သာ ကံကောင်းခဲ့မည်ဆိုပါက လော့မျိုးနွယ်စု၏ အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည် ဖြစ်ပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိသွားကြပေလိမ့်မည်။

တည်ခင်းဧည့်ခံပွဲ မစတင်မီ နှစ်နာရီခန့် အလိုမှာပင်... ယီယွင်သည် ဖိတ်စာကို လက်တွင် ကိုင်ဆောင်ထားရင်း ကြည်လဲ့သော လော့ နန်းတော်ဆီသို့ ရောက်ရှိလာခဲ့ပြီး ဖိတ်စာတစ်စောင် ရရှိထားခဲ့သည့် လော့ထျန် နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိုက်ရသည်။

ဖီးနစ်ပြည်နယ်မှ လော့ထျန်သည်လည်း တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရသည်ဆိုသော်လည်း သူ၏ ထိုင်ခုံနေရာမှာမူ ကြည်လဲ့သော လော့ နန်းတော်၏ အပြင်ဘက်တွင် တည်ရှိသည့် စားပွဲအကြီးကြီးများထဲမှ တစ်ခုတွင် ဖြစ်သည်။ သူက အရေအတွက် ပြည့်မီအောင် လာရောက်ရုံမျှသာ ဖြစ်ပေသည်။

ထိုနေရာတွင် ထိုင်နေရခြင်းက သူ့အတွက် အသိအမှတ်ပြုခံရရန် အခွင့်အရေး လုံးဝ မရှိနိုင်ချေ။ သူသည် မိဖုရားခေါင်ကြီး လော့ကိုပင် မြင်တွေ့ခွင့် ရရှိလိမ့်မည် မဟုတ်ဘဲ တကယ့်ကို အရေးကြီးလှသော ပုဂ္ဂိုလ်ကြီးများအားလုံးမှာ အတွင်းဆောင်ထဲတွင် ထိုင်နေကြမှာ ဖြစ်သည်။

လော့ထျန်သည် ယီယွင်ကို မြင်တွေ့လိုက်ရသောအခါ သူ့အား အိုးတိုးအန်းတန်း အပြုံးကလေးတစ်ခု ပြုံးပြလိုက်သည်။

ယီယွင်က ကောင်းကင်တက်လှမ်းခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ပေကိုးရာ ကိုးဆယ့်ကိုး ရှိသည့် မဟာဥပဒေသသစ်ပင်ကို ရရှိခဲ့သည့် အချိန်မှစ၍ လော့ထျန်သည် ယီယွင်နှင့် ပြိုင်ဆိုင်လိုစိတ် လုံးဝ မရှိတော့ချေ။ သူက ယီယွင်၏ ရှေ့မှောက်၌ သူ၏ အားနည်းမှုကို ဝန်ခံလိုက်ပြီ ဖြစ်သည်။

ယီယွင်က သူ့ကို ခေါင်းတစ်ချက် ခပ်ဖွဖွလေး ညိတ်ပြလိုက်ပြီးနောက် နန်းတော်အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။ ဤမြင်ကွင်းကို ကြည့်ရင်း လော့ထျန်မှာ အလွန်ပင် အားကျမနာလို ဖြစ်သွားရတော့သည်။ သူသည်လည်း အတွင်းဆောင်ထဲသို့ ဝင်ရောက်ချင်နေခဲ့သော်လည်း သူက ထိုသို့ ဝင်ရောက်ရန်အတွက် အရည်အချင်း မပြည့်မီသေးချေ။

အတွင်းဆောင်ထဲတွင် ထိပ်သီး ပုဂ္ဂိုလ်ကြီးများဖြင့် ပြည့်နှက်နေခဲ့သည်။ ယနေ့တွင် မင်းသမီး ခရမ်းပြာဝိညာဉ် ကိုယ်တိုင်ပင် ကြွလှမ်းလာလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ အကယ်၍ တစ်ဦးတစ်ယောက်ကသာ အတွင်းဆောင်ထဲသို့ ဝင်ရောက်နိုင်ခဲ့မည်ဆိုပါက မင်းသမီး ခရမ်းပြာဝိညာဉ်၏ အလှတရားကို ဖူးမြော်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

မင်းသမီး ခရမ်းပြာဝိညာဉ်ကို လော့မျိုးနွယ်စု တော်ဝင်မြို့တော်တစ်ခုလုံးတွင် အတောက်ပဆုံးသော ပုလဲရတနာတစ်ပွင့်အဖြစ် သတ်မှတ်ထားကြသည်။ ကြီးမားလှသော မိသားစုကြီးများမှ သမီးပျိုများ ဖြစ်စေ၊ ကွဲပြားခြားနားလှသော ပြည်နယ်များမှ အမျိုးသမီး အထက်တန်းလွှာများ ဖြစ်စေ မည်သူမျှ မင်းသမီး ခရမ်းပြာဝိညာဉ်နှင့် ပြိုင်ဆိုင်နိုင်စွမ်း မရှိကြချေ။ သူမက လုံးဝကို အဆင့်အတန်း မတူညီသည့် အဆင့်တစ်ခုတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

သူမ၏ ရုပ်ရည်နှင့် မိသားစုနောက်ခံကို ထည့်မတွက်ဘဲ သူမ၏ ရှေးဟောင်းဖေး သွေးမျိုးဆက်၏ ထူးခြားဆန်းပြားလှသော စွမ်းအားများကြောင့် ဖြစ်ပေါ်လာခဲ့သည့် သူမ၏ ကိုယ်ပိုင် ပါရမီတစ်ခုတည်းနှင့်တင် အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။

မင်းသမီး ခရမ်းပြာဝိညာဉ်သည် ရှေးဟောင်းဖေးတစ်ဦး ဝင်စားလာခဲ့သည့်အလား ရှေးဟောင်းဖေး၏ သွေးမျိုးဆက်ကို ဆက်ခံထားခဲ့ခြင်း ဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ အသက်ဆယ်နှစ် အရွယ်မှာပင် သူမသည် သူမ၏ ရှေးဟောင်းဖေး သွေးမျိုးဆက်ကို နှိုးဆွနိုင်ခဲ့ပြီး ကောင်းကင်နီမင်းသားကိုပင် အပြတ်အသတ် ကျော်လွန်သွားခဲ့သည် မဟုတ်လား။

မင်းသမီး ခရမ်းပြာဝိညာဉ်ကြောင့်ပင် လော့ဧကရာဇ်မင်းမြတ်သည် ထီးနန်းဆက်ခံမည့်သူကို ရွေးချယ်ရန်အတွက် အချိန်အတော်ကြာအောင် စဉ်းစားတွေးတောနေခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ မဟုတ်ပါက... လော့မျိုးနွယ်စု၏ အသက်ကြီးသူကို ဦးစားပေးသည့် ရိုးရာဓလေ့ထုံးတမ်းများအရော၊ ကောင်းကင်နီမင်းသား ထိန်းချုပ်ထားခဲ့သည့် အင်အားစုများနှင့် သူရရှိထားခဲ့သည့် ပံ့ပိုးကူညီမှုများက မင်းသမီး ခရမ်းပြာဝိညာဉ်ထက် အဆပေါင်းများစွာ ပိုမို သာလွန်နေခဲ့သဖြင့် သူက ထီးနန်းကို လွယ်ကူစွာပင် ဆက်ခံနိုင်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။

လော့ထျန်အနေဖြင့် သူ၏ ပါရမီနှင့် အဆင့်အတန်းအရ သူ၏ ဘဝတွင် မင်းသမီး ခရမ်းပြာဝိညာဉ်နှင့် ဘယ်သောအခါမှ ဆုံတွေ့နိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိထားသည်ဆိုသော်လည်း... သူမကို တစ်ကြိမ်တစ်ခါမျှ ဖူးမြော်ခွင့် ရရှိရုံမျှဖြင့်တင် သူက အလွန်ပင် တင်းတိမ်ရောင့်ရဲသွားနိုင်စွမ်း ရှိပေသည်။

ကံဆိုးစွာဖြင့်ပဲ... သူတို့ ပိုင်ဆိုင်ထားကြသည့် အဆင့်အတန်းများမှာ ကောင်းကင်နှင့် မြေကမ္ဘာအလား ကွာခြားလွန်းလှပေသည်။ သူတို့က မတူညီသည့် ကမ္ဘာနှစ်ခုက လူသားများ ဖြစ်ကြသည် မဟုတ်လား။

သေချာတာကတော့ ယီယွင်သည် လော့ထျန် ဘာတွေ တွေးတောနေလဲဆိုတာကို မသိရှိချေ။ တကယ်တော့ အကယ်၍ လော့ထျန်သာ ဒါကို အော်ပြောခဲ့မည်ဆိုလျှင်ပင်... ယီယွင်အနေဖြင့် သူ တိုင်အာနတ်ဘုရားမြို့တော်တွင် ဆုံတွေ့ခဲ့ရဖူးသည့် ပြဿနာရှာတတ်သော မိန်းကလေးမှာ ဤမျှလောက်အထိ မြင့်မားလှသော၊ မမှီနိုင်လောက်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။

သူ ကြည်လဲ့သော လော့ နန်းတော်၏ အတွင်းဆောင်ထဲသို့ ခြေလှမ်းလှမ်းလိုက်သည့် ခဏမှာပင်ပတ်ဝန်းကျင်၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။ အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ယီယွင်သည် အတွင်းဆောင်၏ အလယ်ကောင်တွင် တည်ရှိနေသည့် ကြည်လဲ့သော လော့ ရေပူစမ်းကို သတိပြုမိလိုက်သည်။

ကြည်လဲ့သော လော့ ရေပူစမ်းထက်တွင် စမ်းရေများက တလိပ်လိပ် တက်နေခဲ့ပြီး ရေကန်၏ အထက်တွင် ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့် ပြာသာဒ်ဆောင်ကလေးတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ထိုပြာသာဒ်ဆောင်ကလေးထက်တွင်မူ ဝတ်စုံဖြူများကို ဆင်မြန်းထားကြသည့် မိန်းကလေးများက ကပြဖျော်ဖြေနေကြသည်။

ဤမိန်းကလေးများမှာ ကမ္ဘာပေါ်တွင် အလှဆုံး အပွင့်လန်းဆုံးသော မိန်းကလေးများထဲမှ အထူး ရွေးချယ်ခံထားရသူများ ဖြစ်ကြသည်။ သူတို့တွင် ကောင်းကင်ဖေး သွေးမျိုးဆက် ရှိကြပြီး သူတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားမှာမူ အပြစ်ပြောစရာ မရှိလောက်အောင်ပင် ပြည့်စုံလှပေသည်။

ကြည်လဲ့သော လော့ ရေပူစမ်းထက်တွင် ကပြဖျော်ဖြေခွင့် ရရှိရန်ဆိုသည်မှာလည်း သာမန်မိန်းကလေးတစ်ဦးအနေဖြင့် ဘယ်သောအခါမှ ရရှိနိုင်မည့် အခွင့်အရေးမျိုး မဟုတ်ချေ။

ထိုအချိန်၌ ကြည်လဲ့သော လော့ ရေပူစမ်း၏ ဘေးပတ်ပတ်လည်တွင် လူအတော်များများ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့်တင် ထိုနေရာတွင် လူငယ် ပါရမီရှင် အထက်တန်းလွှာ မြောက်မြားစွာ ရှိနေခဲ့ကြသော်လည်း အသက်ကြီးပိုင်း အရေးပါလှသော ပုဂ္ဂိုလ်ကြီးအချို့ကမူ ရောက်ရှိလာခြင်း မရှိကြသေးချေ။

ယီယွင်သည် မည်သူ့ကိုမျှ မသိရှိသဖြင့် ကျပန်း ထိုင်ခုံတစ်ခုကို ရှာဖွေကာ ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်သုံးနေခဲ့သည်။

ယီယွင်က သီးသန့်ဆန်ဆန် နေထိုင်နေခဲ့သည်ဆိုသော်လည်း... သူ့ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှသော အရာအားလုံးမှာ သူ၏ စိတ်အာရုံခံစားမှုအတွင်း၌ ရှိနေခဲ့သည်။

ကြည်လဲ့သော လော့ ရေပူစမ်းနှင့် မလှမ်းမကမ်းတွင် သေးငယ်လှသော နေရာကူးအစီအရင်တစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။ ၎င်းကို ကြည်လဲ့သော လော့ နန်းတော်၏ အတွင်းပိုင်း၌ တိုက်ရိုက် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သဖြင့် အနည်းငယ် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

ထိုအချိန်၌ ထိုနေရာကူးအစီအရင်သည် ရုတ်တရက် လင်းထိန်သွားခဲ့ရပြီ ဖြစ်သည်။

ချက်ချင်းပင် ခန်းမကြီးအတွင်းရှိ လူတိုင်း၏ အကြည့်များမှာ နေရာကူးအစီအရင်ဆီသို့ ကျရောက်သွားခဲ့ကြသည်။ ကြည်လဲ့သော လော့ နန်းတော်သည် ပေပေါင်းတစ်သိန်း မြင့်မားလှသော ကြည်လဲ့သော လော့ တောင်တန်းကြီးပေါ်တွင် တည်ရှိနေခြင်း ဖြစ်ကြောင်း ပြောရန် လိုအပ်မည် မဟုတ်ချေ။

တောင်ခြေမှ တောင်ထိပ်သို့ သွားရောက်မည့် ခရီးစဉ်မှာ မိုင်ပေါင်းများစွာ ရှည်လျားလှပေသည်။ တော်ဝင်မိသားစုဝင်များမှလွဲ၍ မည်သူမျှ ကြည်လဲ့သော လော့ တောင်တန်းပေါ်တွင် ပျံသန်းခွင့် မရှိကြချေ။

သူတို့က လမ်းလျှောက်၍သာ တက်လှမ်းနိုင်ကြသဖြင့် သိုင်းပညာရှင်များအနေဖြင့် မြန်ဆန်စွာ ဖြတ်သန်းနိုင်ကြသည်ဆိုဦးတော့... အပြေးအလွှား လမ်းလျှောက်ရသည့် ကန့်သတ်ချက်များအောက်တွင် တောင်ပေါ်သို့ တက်လှမ်းရသည့် ခရီးစဉ်မှာ အချိန်အတော်အတန် ပေးရဆဲ ဖြစ်သည်။

ကြည်လဲ့သော လော့ နန်းတော်အတွင်း၌ နေရာကူးအစီအရင်တစ်ခုကို တည်ဆောက်ထားခဲ့သည်ဆိုသော်လည်း... အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြသူများသာ နန်းတော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်ရန်အတွက် ၎င်းကို အသုံးပြုခွင့် ရှိကြခြင်း ဖြစ်သည်။

"အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် လာနေပြီပဲ။ ဘယ်သူ ဖြစ်မလဲဆိုတာ ငါ တကယ် သိချင်မိတယ်... "

လူများက ထိုနေရာကူးအစီအရင်က တဖျတ်ဖျတ် လင်းထိန်နေသည်ကို ကြည့်ရင်း စတင် ဆွေးနွေးလိုက်ကြပြီး မကြာခင်မှာပင် လူနှစ်ယောက်မှာ နေရာကူးအစီအရင်အတွင်း၌ ယှဉ်တွဲလျက် ပေါ်ထွက်လာခဲ့ကြသည်။

ဘယ်ဘက်က လူမှာ သာမန်ပြာလွင်လှသော ဝတ်စုံကို ရိုးရှင်းစွာ ဆင်မြန်းထားခြင်း ဖြစ်သည်။ သူက သာမန် လူသားပညာရှိတစ်ဦးအလား ထင်မှတ်ရပြီး သူ့ကိုယ်ထက်မှ မည်သည့် စွမ်းအင်လှိုင်းထွက်ပေါ်မှုကိုမျှ ခံစားရခြင်း မရှိချေ။

အခြားတစ်ယောက်ကမူ ထိုပညာရှိနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ သူက ပိုးထည်ဝတ်စုံများနှင့် ကျောက်စိမ်းရတနာများကို ဆင်မြန်းထားခြင်း ဖြစ်သည်။ သူ၏ ဝတ်စုံထက်က ပိုးထည်များမှာ သက်တံနတ်ဘုရား ပိုးကောင်များဆီမှ ထွက်ရှိသည့် တန်ဖိုးဖြတ်မရနိုင်လှသော သက်တံပိုးထည်များဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။

သူစီးထားခဲ့သည့် ဖိနပ်တစ်စုံမှာ ထိပ်သီးအဆင့် ဖေးသားရဲတိရစ္ဆာန်များ၏ သားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ၏ ဝတ်စုံနှင့် ဖိနပ်တစ်စုံ၏ တန်ဖိုးတစ်ခုတည်းနှင့်တင် ကမ္ဘာဦးကျောက်တုံး အနည်းငယ်မျှ မရှိဘဲနှင့် ဝယ်ယူနိုင်ရန် မဖြစ်နိုင်ချေ။

ထိုနေရာတွင် ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင် မြောက်မြားစွာမှာ ကြည်လဲ့သော လော့ နန်းတော်၏ တည်ခင်းဧည့်ခံပွဲသို့ ဖိတ်ကြားခြင်း ခံထားရသည်ဆိုသော်လည်း... သူတို့အားလုံးက ဤမျှလောက်အထိ ချမ်းသာကြွယ်ဝကြသည် မဟုတ်ချေ။

ထိုလူ၏ ဝတ်စုံတစ်ခုတည်း၏ တန်ဖိုးကတင် ထိုနေရာတွင် ရှိနေကြသော လူအချို့၏ ပိုင်ဆိုင်မှုအားလုံးထက် ပိုမို တန်ဖိုးကြီးမားနေခဲ့ပြီ ဖြစ်သည်။

ထိုလူနှစ်ယောက် ပေါ်ထွက်လာခြင်းက ထိုနေရာတွင် ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင်အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်လိုက်တော့သည်။

ထိုလူနှစ်ယောက်စလုံးမှာ ပိုးထည်ဝတ်စုံနှင့် လူငယ် ဖြစ်စေ၊ ပြာလွင်လှသော ဝတ်စုံနှင့် ပညာရှိ ဖြစ်စေ... သူတို့ကိုယ်ထက်မှ မြင့်မြတ်လှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

လော့မျိုးနွယ်စုအတွင်းရှိ ရှေးဟောင်း မိသားစုကြီးများ၏ အမွေအနှစ်များမှာ သူတို့၏ အရှိန်အဝါများထက်တွင် ပေါ်လွင်နေခဲ့သည် မဟုတ်လား။

"တုန်းလင်းယု နဲ့ ရန်ရွှဲ့ယီ ပဲ လော့မျိုးနွယ်စု တော်ဝင်မြို့တော်ရဲ့ ကြီးမြတ်တဲ့ သခင်လေး လေးပါးထဲက နှစ်ယောက်ပေါ့" လူအုပ်ကြီးထဲက တစ်ဦးတစ်ယောက်က သူတို့၏ အမည်ကို အော်ပြောလိုက်တော့သည်။

လော့မျိုးနွယ်စု တော်ဝင်မြို့တော်တစ်ခုလုံးတွင် ကြီးမြတ်သော သခင်လေး လေးပါးထဲမှ တစ်ဦးအဖြစ် ဘွဲ့အမည် အပ်နှင်းခြင်း ခံရရန်အတွက် ထိုက်တန်သော လူများမှာ သေချာပေါက် ပါရမီရှင်များထဲကမှ အထူးချွန်ဆုံးသော ထိပ်သီး ပါရမီရှင်များ ဖြစ်ကြပေလိမ့်မည်။

တုန်းလင်းယုသည် တုန်းလင်းမိသားစုစုစုမှ လာခဲ့ခြင်း ဖြစ်ပြီး ရန်ရွှဲ့ယီမှာမူ ရွှီရွှေရန်မျိုးနွယ်စုမှ လာခဲ့ခြင်း ဖြစ်သည်။ သူတို့က လော့မျိုးနွယ်စု၏ ထိပ်သီး မိသားစုကြီး ဆယ်စုအတွင်း၌ ရပ်တည်နေကြသည့် ကြီးမားလှသော မိသားစုကြီးများ ဖြစ်ကြသည်။

ထိုမိသားစုကြီး နှစ်ခု၏ ပိုင်နက်နယ်မြေ တစ်ခုတည်းတင် မီးလျှံတိမ်တိုက်ပြည်နယ်ထက် ဆယ်ဆခန့် ပိုမို ကြီးမားလှပေသည်။

ထိုမိသားစုကြီး နှစ်ခု၏ ဘိုးဘေးများသည် ယခင်က လော့မျိုးနွယ်စုကို စတင် တည်ထောင်ခဲ့သည့် ဧကရာဇ်မင်းမြတ်နှင့်အတူ ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ကြသည်။

သူတို့သည် ထူးချွန်ပြောင်မြောက်လှသော စစ်မှုထမ်းကောင်း အောင်မြင်မှုများကို ရရှိခဲ့ကြသဖြင့် လော့မျိုးနွယ်စုကို တည်ထောင်ပြီးနောက်တွင် သူတို့က အသီးသီး ဘုရင်ဘွဲ့အမည်များကို အပ်နှင်းခြင်း ခံခဲ့ရပြီး သူတို့၏ မျိုးနွယ်စုမှာ ယနေ့အထိ တည်တံ့နေခဲ့ခြင်း ဖြစ်သည်။

သူတို့က လော့တော်ဝင်မိသားစုကဲ့သို့ပင် ရှေးဟောင်းအကျဆုံး ဖြစ်ကြသည်။

ထို့အပြင် တုန်းလင်းမျိုးနွယ်စု ဖြစ်စေ၊ ရွှီရွှေရန်မျိုးနွယ်စု ဖြစ်စေ... မျိုးဆက်တိုင်းတွင် ပါရမီရှင် မြောက်မြားစွာကို မွေးထုတ်ပေးလေ့ ရှိကြသည်။ အချို့ကို တော်ဝင်မြို့တော်အတွင်း၌ အရေးပါလှသော ရာထူးနေရာများ ပေးအပ်ထားခဲ့ပြီး အချို့ကိုမူ ပြည်နယ် ၁၉၆ ခုထဲမှ တစ်ခုခုတွင် အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။

တုန်းလင်းယုနှင့် ရန်ရွှဲ့ယီတို့မှာမူ ထိုမိသားစုကြီး နှစ်ခုလုံး၏ အထူးချွန်ဆုံးသော မျိုးဆက်သစ် လူငယ်နှစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော မိသားစုကြီးများအတွက်မူ သူတို့ အလေးအနက်ဆုံး ထားရှိကြသည့် မျိုးဆက်သစ် လူငယ်များကို သူတို့၏ ကိုယ်ပိုင် မိသားစုအတွင်း၌သာ သီးသန့် ပြုစုပျိုးထောင်ပေးလေ့ ရှိကြသည်။

အကယ်၍ ရန်ရွှဲ့ယီကို ရန်ယွီနှင့် နှိုင်းယှဉ်မည်ဆိုပါက... သူတို့၏ အဆင့်အတန်း ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကမ္ဘာအလား ဖြစ်ပေလိမ့်မည်။ သူတို့ကို နှိုင်းယှဉ်ရန် နည်းလမ်း လုံးဝ မရှိချေ။

"အစ်ကို ရန်... ကြွပါဗျာ။"

ပညာရှိတစ်ဦးအလား ထင်မှတ်ရသည့် ပြာလွင်လှသော ဝတ်စုံနှင့် လူက သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ သူက တုန်းလင်းယု ဖြစ်ပေသည်။

"အစ်ကို တုန်းလင်း... ကြွပါဗျာ" ဟု ပိုးထည်ဝတ်စုံနှင့် လူငယ်က ပြန်လည် တုံ့ပြန်လိုက်သည်။

ရန်ရွှဲ့ယီ၏ ဝတ်စုံမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်ဆိုသော်လည်း သူ့ထံမှ မာနထောင်လွှားလှသော အရှိန်အဝါမျိုး လုံးဝ ထွက်ပေါ်နေခြင်း မရှိချေ။ သူ၏ အပြုအမူနှင့် စကားလုံးတိုင်းမှာ နွေဦးရာသီက လေပြေညင်းတစ်ခုအလား ညင်သာလှသဖြင့် သူသည် ကြီးမြတ်သော သခင်လေး လေးပါးထဲမှ တစ်ဦးဟူသော ဘွဲ့အမည်နှင့် တကယ်ကို ထိုက်တန်လှပေသည်။

ထိုအချိန်၌ မျက်နှာတွင် စိမ်းဖတ်ဖတ် အရောင် ရှိနေပြီး ကြီးမားလှသော စွယ်စွယ်ကြီးများ ရှိနေသည့် သန်မာထွားကျိုင်းလှသော လူတစ်ယောက်က အရှေ့သို့ လှမ်းတက်လာခဲ့ပြီး ပိုးထည်ဝတ်စုံနှင့် လူငယ်ကို သူ၏ ထိုင်ခုံနေရာဆီသို့ ဦးဆောင် ခေါ်ယူသွားခဲ့သည်။

ထိုသန်မာလှသော လူကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရတော့သည်။

"ဖေးမိစ္ဆာ ပဲ"

ဖေးတစ်သောင်းကောင်းကင်ဘုံ အတွင်းရှိ ဖေးမိစ္ဆာ မျိုးနွယ်စု ဆိုသည်မှာ ဖေးနှင့် မိစ္ဆာတို့ကြားက ပေါင်းစပ်ထားသည့် ကောင်းကင်ကပြား မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့၏ အရေအတွက်မှာ နည်းပါးလှသည်ဆိုသော်လည်း သူတို့တွင် ရှည်လျားလှသော သက်တမ်း ရှိကြသည်။

သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပြီး သူတို့က မွေးရာပါ စစ်သည်တော်များ ဖြစ်ကြသည်။

အကယ်၍ ဖေးမိစ္ဆာတစ်ဦးကို သစ္စာရှိလှသော စစ်သည်တစ်ဦးအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့မည်ဆိုပါက သူက မိသားစုတစ်ခုအတွက် တန်ဖိုးအရှိဆုံးသော အကာအကွယ် အင်အားစုတစ်ခု ဖြစ်လာမှာ သေချာလှသည်။ ဤဖေးမိစ္ဆာမှာ ရွှီရွှေရန်မျိုးနွယ်စုမှ ပြုစုပျိုးထောင်ပေးထားခဲ့ခြင်း ဖြစ်ပြီး သူက ရန်ရွှဲ့ယီ၏ နောက်လိုက်တစ်ဦး ဖြစ်ပေသည်။

ရန်ရွှဲ့ယီအနေဖြင့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ရန်အတွက် နောက်လိုက်တစ်ဦးကို ခေါ်ဆောင်လာနိုင်ခြင်းအားဖြင့်... သူက ဘယ်လိုမျိုး အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားလဲဆိုတာကို ကောင်းကောင်း သဘောပေါက်နိုင်စွမ်း ရှိပေသည်။

ရန်ရွှဲ့ယီသည် ယီယွင်နှင့် မလှမ်းမကမ်းတွင် တည်ရှိနေသည့် ဂုဏ်ထူးဆောင် ထိုင်ခုံများထဲမှ တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ထိုအချိန်၌ ဖေးမိစ္ဆာသည် ရန်ရွှဲ့ယီ၏ နားနားသို့ ကပ်၍ တိုးတိုးကလေး ပြောလိုက်သည်။

ရန်ရွှဲ့ယီသည် တုန်းလင်းယုနှင့် စကားစမြည် ပြောဆိုနေခဲ့ခြင်း ဖြစ်သော်လည်း ဖေးမိစ္ဆာ၏ စကားများကို ကြားသိလိုက်ရပြီးနောက် သူက စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ် လှည့်ကာ သူ၏ အကြည့်များကို ယီယွင်၏ အပေါ်သို့ ပို့လွှတ်လိုက်တော့သည်။

ယီယွင်၏ လက်ထဲက လက်ဖက်ရည်ခွက်မှာ ခဏမျှ တုံ့ဆိုင်းသွားခဲ့ရသော်လည်း သူက လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ဆက်လက် သောက်သုံးနေခဲ့သည်။

ရန်ရွှဲ့ယီ...

ထိုနာမည်ကို ကြားလိုက်ရုံမျှဖြင့်တင် ယီယွင်သည် ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ကောင်းကောင်း သိရှိလိုက်ပြီ ဖြစ်သည်။

"အစ်ကို ရန်... ကျွန်တော် ကြားတာတော့ မကြာသေးခင်က အစ်ကိုတို့ရဲ့ ရွှီရွှေရန်မျိုးနွယ်စုမှာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်ဆို။ အစ်ကိုတို့ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ရဲ့ သွေးမျိုးဆက်က ဖျက်ဆီးခြင်း ခံလိုက်ရတယ်လို့ ကြားမိတယ်... "

ဖေးမိစ္ဆာ၏ တိုးတိုးကလေး ပြောလိုက်သော စကားများမှာ တုန်းလင်းယု၏ အာရုံမှ လွတ်ကင်းသွားခြင်း မရှိခဲ့သဖြင့် တုန်းလင်းယုသည် ရန်ရွှဲ့ယီ လှမ်းကြည့်နေသည့် လူမှာ ယီယွင် ဖြစ်ကြောင်းကို သိရှိလိုက်ပြီ ဖြစ်သည်။

မီးလျှံတိမ်တိုက်ပြည်နယ်မှ လူငယ်တပည့်တစ်ဦးသည် စုပေါင်းလေ့ကျင့်မှုတွင် ပထမနေရာကို ရရှိခဲ့သည်ဆိုဦးတော့... ၎င်းမှာ တုန်းလင်းယု အလွန်အမင်း ဂရုစိုက်ရမည့် လူမျိုး မဟုတ်ချေ။ အကယ်၍ ဒါက အခြားအချိန်မျိုးတွင်ဆိုပါက သူက တစ်ချက်မျှပင် လှည့်ကြည့်မိလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤမီးလျှံတိမ်တိုက်ပြည်နယ်မှ တပည့်က ရွှီရွှေရန်မျိုးနွယ်စု၏ မျက်နှာကို ဖြတ်ရိုက်ခဲ့ခြင်း ဖြစ်သည်။ ရွှီရွှေရန်မျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းဖေး မိသားစုကြီးတစ်ခုမှ လူတစ်ယောက်၏ သွေးမျိုးဆက် ဖျက်ဆီးခံလိုက်ရခြင်းမှာ အလွန်ပင် ကြီးမားလှသော ကန့်သတ်ချက်တစ်ခု ဖြစ်ပေသည်။

ဤသေးငယ်လှသော ဖြစ်ရပ်ကလေး၏ သတင်းမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တုန်းလင်းယုသည် ထိုမျှလောက်အထိ ကြီးမားလှသော မိသားစုကြီးကို ရန်စဝံ့သည့် ယီယွင်အပေါ် အနည်းငယ်မျှ အာရုံစိုက်မိခြင်း ဖြစ်သည်။

ဤကဲ့သို့သော လူမျိုးများသည် များသောအားဖြင့် စိတ်လိုက်မာန်ပါ ပြုမူတတ်ကြပြီး ဇွတ်တရွတ် ဆန်တတ်ကြသည်။ သူတို့က ရှေးဟောင်း မိသားစုကြီးတစ်ခုက ဘယ်လောက်တောင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလဲဆိုတာကို နားမလည်ကြဘဲ သူတို့ ပိုင်ဆိုင်ထားခဲ့သည့် ပါရမီအနည်းငယ်ကြောင့် စိတ်အလိုအတိုင်း မဆင်မခြင် ပြုမူမိကြခြင်း ဖြစ်သည်။

သူတို့က အနှေးနဲ့အမြန်ဆိုသလို ခံစားရရန် ကံကြမ္မာ သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည် မဟုတ်လား။

"ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်စရာ ဖြစ်အောင် ပြုလုပ်မိလိုက်တာပါပဲ အစ်ကို တုန်းလင်း။ ဒါက တကယ်ပဲ ဖြစ်ပျက်ခဲ့တာပါ။ ဖျက်ဆီးခြင်း ခံလိုက်ရတဲ့ တပည့်က ကျွန်တော့်ရဲ့ ရွှီရွှေရန်မျိုးနွယ်စုကနေ အပြင်ဘက်မှာ တာဝန်ပေးအပ်ထားခဲ့တဲ့ တပည့်တွေထဲက တစ်ယောက်ပါ။

ကျွန်တော့်ရဲ့ ရွှီရွှေရန်မျိုးနွယ်စုက အကြီးအကဲ လေးယောက်က စည်းကမ်းချက်တွေရဲ့ အောက်ကနေ သူ့ကို သင်ခန်းစာတစ်ခုလောက်ပဲ ရိုးရိုးရှင်းရှင်း ပေးလိုက်ဖို့အတွက် ကျွန်တော့်ကို ညွှန်ကြားထားခဲ့ပါတယ်"

ရန်ရွှဲ့ယီက ဂရုမစိုက်သည့် ပုံစံဖြင့် ပြောလိုက်သည်။

သူက ထိုသို့ ပြောဆိုရာတွင် အသံလွှင့်မန္တန်ကို တမင်တကာ အသုံးပြုခဲ့ခြင်း မဟုတ်ချေ။ ၎င်းက ဘေးပတ်ပတ်လည်ရှိ လူအများစုကို ကောင်းကောင်း ကြားသွားစေခဲ့သည်။

သူတို့သည် ရန်ရွှဲ့ယီက ယီယွင်ကို ဘယ်လောက်တောင် အထင်သေးနေလဲဆိုတာကို ကြားသိလိုက်ရသဖြင့် သူတို့၏ စိတ်ထဲတွင် တိုးတိုးကလေး ထိတ်လန့်သွားခဲ့ရတော့သည်။

သူက ထိုစကားလုံးများကို အလွန်ပင် ပေါ့ပေါ့ပါးပါး ပြောဆိုသွားခဲ့ခြင်း ဖြစ်ပြီး သူပြောခဲ့သည့် သင်ခန်းစာ ဆိုသည်မှာ ဘယ်လောက်အထိ ပြင်းထန်လိမ့်မည်ဆိုတာကိုမူ မည်သူမျှ မသိရှိနိုင်ကြချေ။

All Chapters