← Chapters

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀ - အချည်းနှီး ဖြစ်သွားခဲ့ရသော ဇာတ်ညွှန်း

ယီယွင်က လူအတစ်ယောက်မို့လို့လား။ သူက ဘာဖြစ်လို့ မင်းသမီး ခရမ်းပြာဝိညာဉ်အပေါ်မှာ ဒီလောက်တောင် ရိုသေလေးစားမှု မရှိရဲရတာလဲ။

သူက အရိုအသေပြုတဲ့နေရာမှာ နှေးကွေးခဲ့ရုံတင်မကဘဲ မင်းသမီး ခရမ်းပြာဝိညာဉ်ကိုလည်း စိုက်ကြည့်နေခဲ့သည်။ ဒါ့အပြင် သူက အဲဒီလိုမျိုး ထူးဆန်းလှတဲ့ အမူအရာမျိုးကိုပါ ပြုလုပ်နေခဲ့သေးသည် မဟုတ်လား။

"စည်းကမ်းတွေကို ဒီလောက်တောင် မသိနားမလည်တာကိုကြည့်ရင် သူက တကယ့်ကို အောက်မြေကမ္ဘာကလာတဲ့ တောသားပဲ" ဟု ရန်ရွှဲ့ယီက သူ၏ စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။

ထိုနေရာတွင် ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင်များအားလုံးမှာ မင်းသမီး ခရမ်းပြာဝိညာဉ်အပေါ် ကောင်းမွန်သော အစွဲအလမ်းတစ်ခု ချန်ထားခဲ့နိုင်ရန်အတွက် သူတို့၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချနေခဲ့ကြသော်လည်း ယခု ယီယွင်ကမူ ဤမျှလောက်အထိ ထူးဆန်းစွာ ပြုမူနေသဖြင့် သူက လူအတစ်ယောက်အလား ဖြစ်နေခဲ့သည်။

သူက မင်းသမီးကို စော်ကားမိလိုက်ပြီ ဖြစ်သည်။

မင်းသမီး ခရမ်းပြာဝိညာဉ်ထံမှ ဤကဲ့သို့သော အမူအရာ ထွက်ပေါ်လာခြင်းမှာသူမသည် ယီယွင်၏ အပြုအမူများကြောင့် အစော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရခြင်းကြောင့် ဖြစ်မှာ သေချာလှပေသည်။

၎င်းမှလွဲ၍ ရန်ရွှဲ့ယီအနေဖြင့် အခြားသော ဖြစ်နိုင်ခြေကို တွေးတော၍ မရနိုင်ချေ။ အကယ်၍ တစ်ဦးတစ်ယောက်ကသာ မင်းသမီး ခရမ်းပြာဝိညာဉ်သည် ဤနိမ့်ပါးလှသော လူသားကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်ဟု ပြောမည်ဆိုပါက ၎င်းမှာ ရယ်စရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ရန်ရွှဲ့ယီက ယီယွင်ကို ခပ်ဖွဖွလေး ပြုံးရင်း လှမ်းကြည့်လိုက်ပြီး သူ လူပြက်တစ်ယောက်အဖြစ် ပြုလုပ်မိတော့မည့် အခြေအနေကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း မင်းသမီး ခရမ်းပြာဝိညာဉ်ထံမှ ထွက်ပေါ်လာခဲ့သည့် စကားတစ်ခွန်းတည်းနှင့်တင် ရန်ရွှဲ့ယီ၏ မျက်နှာထက်က အပြုံးများမှာ ချက်ချင်းပင် ခဲသွားခဲ့ရတော့သည်။

"တကယ်ပဲ မင်း ဖြစ်နေတာပဲ... မင်းက တကယ်ပဲ ဖေးတစ်သောင်းကောင်းကင်ဘုံကို ရောက်လာခဲ့တာလား။"

လော့ဟော်အာသည် ယီယွင်ကို မြင်တွေ့လိုက်ရပြီးနောက် တကယ့်ကို အံ့အားသင့် ဆွံ့အသွားခဲ့ရသည်။

သူမက အပြင်ပန်းတွင် တည်ငြိမ်ပြီး ယဉ်ကျေးကျော့ရှင်းလှသော အမူအရာကို ထိန်းသိမ်းထားနိုင်ခဲ့သည်ဆိုသော်လည်း... သူမ၏ နှလုံးသား အောက်ခြေတွင်မူ ရွှံ့နွံများ ပေကျံနေသည့် ခွာများ ရှိကြသော ရှေးဟောင်းဖေး သားရဲ တိရစ္ဆာန် တစ်သောင်းခန့်က နင်းခြေ ဖြတ်သန်းသွားခဲ့သည့်အလား တုန်လှုပ်ခြောက်ခြားနေခဲ့ရပြီ ဖြစ်သည်။

ဒါက ဘာတွေ ဖြစ်ပျက်နေတာလဲ။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ယီယွင်သည် အောက်မြေကမ္ဘာ၏ သေးငယ်လှသော နယ်မြေကလေးတစ်ခုက တောသားကလေးတစ်ဦးမျှသာ ဖြစ်ကြောင်းကို သူမ ကောင်းကောင်း သိရှိထားသည်။ သူ၏ ခွန်အား ဖြစ်စေ၊ ဗဟုသုတ ဖြစ်စေ ယီယွင်အနေဖြင့် ဖြစ်နိုင်ချေရှိသော အချက်အလက်တိုင်းတွင် ထိုကမ္ဘာ၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ရန် နည်းလမ်း လုံးဝ မရှိခဲ့ချေ။

သူက ဘယ်လိုမျိုး နည်းလမ်းဖြင့် ဤမျှလောက်တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ဖေးတစ်သောင်းကောင်းကင်ဘုံသို့ တစ်ဦးတည်း ရောက်ရှိလာနိုင်ခဲ့ရုံတင်မကဘဲစုပေါင်းလေ့ကျင့်မှုတွင်ပါ အဝေးကြီးကနေ ဖြတ်ကျော်ပြီး ပထမနေရာကို ရရှိသွားနိုင်ခဲ့ရခြင်းနည်း။

စုပေါင်းလေ့ကျင့်မှုတွင် ပထမနေရာ ရရှိခြင်းက ကြီးမားလှသော ကိစ္စမျိုး မဟုတ်သော်လည်းလွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ယီယွင်၏ ဘဝအစပြုရာ နေရာကို ပြန်လည် တွေးတောမိလိုက်သည့် အခါတွင်မူ ၎င်းမှာ တကယ့်ကို တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသော သိရှိနားလည်မှုတစ်ခု ဖြစ်ပေသည်။

သူ၏ ကျင့်ကြံခြင်း အရှိန်အဝါနှင့် ဥပဒေသများကို နားလည်သဘောပေါက်မှု အရှိန်အဝါမှာ အလွန်ပင် မြန်ဆန်လွန်းလှပေသည်။ ဤမျှလောက်အထိ မြင့်မားလှသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာနိုင်ရန်အတွက် ၎င်းက ဘယ်လိုမျိုး ထူးဆန်းလှတဲ့ ပါရမီမျိုးကို ပိုင်ဆိုင်ထားရခြင်းနည်း။

၎င်းက တကယ်ကို ထူးဆန်းလှပေသည်။ ဤမင်းသမီးသည် လော့မျိုးနွယ်စုတစ်ခုလုံးတွင် အင်အားအကြီးမားဆုံးသော ရှေးဟောင်းဖေး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူမတွင် အလွန်ပင် မြင့်မားလှသော အာရုံခံစားမှုလည်း ရှိနေခဲ့သည် မဟုတ်လား။

သို့သော်လည်း သူမက ဘာဖြစ်လို့ ဤလူသားကို မြင်တွေ့လိုက်ရသည့် ခဏမှာပင် ချက်ချင်း အဖိနှိပ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရခြင်းနည်း။

ယခင် တိုင်အာနတ်ဘုရားမြို့တော်တွင် ရှိစဉ်က လော့ဟော်အာ၏ ပျက်စီးခြင်းကောင်းကင်အတတ်ပညာ မှာ ယီယွင်၏ အောက်၌သာ ရှိနေခဲ့သည်။ သူမ၏ မယ်တော်က သူမအား လော့မျိုးနွယ်စု၏ အတတ်ပညာများကို အသုံးပြုခွင့် ပိတ်ပင်ထားခဲ့ခြင်းကြောင့် ထိုအချက်ကို လျစ်လျူရှုထားနိုင်စွမ်း ရှိပေသည်။

သူမက အောက်မြေကမ္ဘာက ပျက်စီးခြင်းကောင်းကင်အတတ်ပညာများကိုသာ အချိန်တိုအတွင်း လေ့လာသင်ယူခဲ့ရခြင်း ဖြစ်သဖြင့် သူမ၏ စွမ်းဆောင်ရည်များက သူမ၏ စစ်မှန်သော ပါရမီကို ထင်ဟပ်စေခြင်း မရှိခဲ့ချေ။

သူမအနေဖြင့် ပျက်စီးခြင်းကောင်းကင်အတတ်ပညာကို လျစ်လျူရှုထားနိုင်သည်ဆိုသော်လည်းလော့ဟော်အာ တစ်ဦးတည်း ကျင့်ကြံခြင်း အခန်းအတွင်း၌ ကျင့်ကြံနေခဲ့စဉ်က ယီယွင်သည် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို မြင်တွေ့ခဲ့ရဖူးသည်။

၎င်းက လော့ဟော်အာ၏ ဘဝတွင် အမုန်းတီးဆုံးနှင့် အံကြိတ်ရဆုံးသော အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။

နောက်ပိုင်းတွင် လော့ဟော်အာသည် ထိုလူသားအတွက် ထောင်ချောက်တစ်ခု ဆင်ခဲ့သော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ထိုထောင်ချောက်မှာ သူမ၏ အပေါ်သို့သာ ပြန်လည် သက်ရောက်လာခဲ့သည် မဟုတ်လား။

မကြာသေးမီကပင် လော့ဟော်အာသည် သူမ၏ မယ်တော်ကို အောက်မြေကမ္ဘာသို့ သွားရောက်ခွင့် တောင်းခံပြီး ထိုတောသားကလေးကို ဤကမ္ဘာသို့ ခေါ်ဆောင်လာကာ သူ၏ အမြင်အာရုံများကို ကျယ်ပြန့်စေရန်နှင့် သူမ သူ့ကို ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းမှာ သူမက လုံးဝ အလေးအနက် မထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိသွားစေရန်အတွက် စဉ်းစားတွေးတောနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူတို့သာ တကယ် တိုက်ခိုက်ကြမည်ဆိုပါက သူမက သူ့ကို ချက်ချင်းပင် အမှုန့်ခြေပစ်နိုင်စွမ်း ရှိပေသည်။

လော့ဟော်အာသည် ယီယွင်ကို လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော်ဆီသို့ ခေါ်ဆောင်လာပြီး ၎င်း၏ ခမ်းနားထည်ဝါမှုနှင့် စည်ကားသိုက်မြိုက်မှုများကို ပြသသည့် အခါတွင် ဖြစ်ပေါ်လာမည့် ယီယွင်၏ တုန်လှုပ်ခြောက်ခြားသွားမည့် အမူအရာကို အလွန်ပင် မြင်တွေ့ချင်နေခဲ့သည်။

အထူးသဖြင့် ယီယွင်အနေဖြင့် သူမ၏ အဆင့်အတန်းမှာ တော်ဝင်မြို့တော်အတွင်း၌ အမြင့်မားဆုံးသော အဆင့်အတန်းရှိသည့် မင်းသမီးတစ်ပါး ဖြစ်ကြောင်း သိရှိသွားရသည့် အခါတွင် သူက သူမ၏ ရှေ့မှောက်၌ ဒူးထောက် အရိုအသေပြုပြီး သူမ၏ နောက်လိုက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုလာလိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ယခုအချိန်၌မူ သူမက ဇာတ်ညွှန်းတစ်ခုကို သေသေချာချာ ရေးသားထားခဲ့သည်ဆိုသော်လည်း မည်သည့် ဇာတ်တိုက်လေ့ကျင့်မှုမျှ မပြုလုပ်ရသေးမီမှာပင် ပြဇာတ်၏ လိုက်ကာကြီးမှာ ပိတ်သိမ်းသွားခဲ့ရပြီ ဖြစ်သည်။

ဤလူသားက ဤနေရာသို့ သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့်တင် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်သည် မဟုတ်လား။

သူက ဒါကို ဘယ်လိုမျိုး ပြုလုပ်နိုင်ခဲ့တာလဲ။

အထူးသဖြင့် ထိုလူသား၏ မျက်နှာထက်က အမူအရာကို မြင်တွေ့လိုက်ရပြီးနောက် လော့ဟော်အာသည် သူမ၏ နှလုံးသားကို ရွှံ့နွံများ ပေကျံနေသည့် ခွာများ ရှိကြသော ရှေးဟောင်းဖေး သားရဲ တိရစ္ဆာန် တစ်သောင်းခန့်က နင်းခြေသွားခဲ့သည့်အလား တကယ်ကို ခံစားလိုက်ရတော့သည်။

သူ၏ ထူးဆန်းလှသော အမူအရာမှာ သူမအား လူအများအလယ်တွင် အရှက်မကွဲစေချင်သဖြင့် သူက အောင့်အီးထားရသည့် ရယ်ချင်စိတ်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။

သေချာတာကတော့ သူမ၏ မင်းသမီးဟူသော အဆင့်အတန်းမှာ ယီယွင်၏ တွေးထင်ထားမှုအတွင်း၌ ရှိနေခဲ့ပြီးသား ဖြစ်သည်။ သူက ဒါကို စောစောစီးစီးကတည်းက သိရှိထားခဲ့ခြင်း ဖြစ်ရမည်။

လော့ဟော်အာသည် ယီယွင်အနေဖြင့် ကိစ္စရပ်များကို သိရှိသွားရသည့် အခါတွင် အလွန်ပင် အံ့အားသင့်သွားပြီး သူမ၏ ရှေ့မှောက်၌ ပျပ်ဝပ်ဦးတိုက်လိမ့်မည်ဟု ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။

အဆုံးသတ်တွင်မူ ယီယွင်က ပျပ်ဝပ်ဦးတိုက်ခြင်း မရှိခဲ့ရုံတင်မကဘဲ သူက ရယ်မောရန်အတွက်ပင် တွေးတောနေခဲ့သည် မဟုတ်လား။

သေချာတာကတော့ ယီယွင်သည် လော့ဟော်အာက ဘယ်လိုမျိုး လူစားမျိုးလဲဆိုတာကို ကောင်းကောင်း သိရှိထားသည်။ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့်တင် သူသည် လော့ဟော်အာ၏ ယဉ်ကျေးကျော့ရှင်းမှုနှင့် သိက္ခာရှိမှုတို့မှာ ဟန်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သိရှိလိုက်ပြီ ဖြစ်သည်။

လော့ဟော်အာသည် ဤကဲ့သို့သော လူအများအပြား ပါဝင်သည့် တည်ခင်းဧည့်ခံပွဲများကို အမုန်းတီးဆုံး ဖြစ်သည်။ သို့သော်လည်း သူမ၏ မယ်တော်အတွက်မူ သူမသည် သူမ၏ ပုံရိပ်ကို ထိန်းသိမ်းထားရမည် ဖြစ်ပြီး သူမ ပြုလုပ်ရန် အမုန်းတီးဆုံးသော အရာကို ဟန်ဆောင် သည်းခံနေခဲ့ရခြင်း ဖြစ်သော်လည်း ယခု ဤလူသားကမူ သူမကို လှောင်ပြောင်နေခဲ့ပြီ ဖြစ်သည်။

၎င်းက တကယ်ကို ဒေါသထွက်စရာ ကောင်းလှပေသည်။

သူမ၏ အတွင်းစိတ်ကို အကဲခတ်မိသွားခြင်း ခံလိုက်ရသဖြင့် လော့ဟော်အာသည် ဆက်လက်၍ ဟန်ဆောင်နေရန်အတွက် စိတ်ကူး လုံးဝ မရှိတော့ချေ။ သူမသည် တစ်ဦးတစ်ယောက်ကို ရိုက်နှက်ချင်နေသည့် စိတ်အလိုကို အတင်းအကြပ် ထိန်းချုပ်လိုက်ရင်း ယီယွင်ကို ပြုံးလျက် ပြောလိုက်သည်။

"ယီယွင်... တကယ်ပဲ မင်း ဖြစ်နေတာပဲ။ တကယ်ကိုပဲ မတွေ့ရတာ ကြာလှပြီနော်။"

ယီယွင်သည် သူ၏ ရယ်ချင်စိတ်ကို အတင်းအကြပ် အောင့်အီးထားလိုက်ရင်း သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပြုလိုက်သည်။ သူက တည်ငြိမ်လှသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

"ယီယွင်က မင်းသမီးကို နှုတ်ဆက် အရိုအသေပြုပါတယ်ခင်ဗျာ။ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီပဲ။ ယနေ့မှာ မင်းသမီး ခရမ်းပြာဝိညာဉ်နဲ့ ဆုံတွေ့ရတာကတော့မင်းသမီးက တကယ်ကိုပဲ အနှိုင်းမဲ့ အလှတရားနဲ့ဆွဲဆောင်မှုအပြည့်ရှိနေခဲ့တာပါပဲ။"

ယီယွင်၏ စကားလုံးများမှာ အလွန်ပင် ရိုသေလေးစားလှသည်ဆိုသော်လည်း သူ၏ မျက်ဝန်းများထဲက ရယ်မောလိုသည့် အရိပ်အယောင်များကို လော့ဟော်အာအနေဖြင့် ဘယ်လိုမျိုး လွတ်ကင်းသွားနိုင်ပါ့မလဲ။ သေချာတာကတော့ ဤလူသားသည် သူမ၏ မင်းသမီးဟူသော အဆင့်အတန်းကြောင့် မည်သည့် ကြောက်ရွံ့ရိုသေလှသော အရိပ်အယောင်မျိုးကိုမျှ ပြသခြင်း မရှိခဲ့ချေ။

သူတို့၏ စကားပြောဆိုမှုမှာ ခွဲခွာနေခဲ့ကြရသည့် မိတ်ဆွေကောင်းများ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည် ဆုံတွေ့ကြရသည့် ပျော်ရွှင်စရာ အခိုက်အတန့်မျိုး လုံးဝ ရှိမနေခဲ့ချေ။ သို့သော်လည်း ဤစကားပြောဆိုမှုမှာ အခြားသော လူများ၏ နားထဲတွင်မူ လုံးဝကို ကွဲပြားခြားနားစွာ ကြားသိလိုက်ရတော့သည်။

လော့မျိုးနွယ်စုအတွင်းရှိ အထက်တန်းလွှာ ပါရမီရှင်တိုင်းမှာ ရန်ရွှဲ့ယီနှင့် တုန်းလင်းယုတို့ အပါအဝင် အားလုံး ဆွံ့အမှင်သက်သွားခဲ့ရတော့သည်။

မင်းသမီးက ဤလူသားကို သိရှိနေခဲ့တာပဲ...

ဒါ့အပြင် သူတို့က တကယ်ကို ရင်းနှီးကျွမ်းဝင်နေကြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လေ။

ဒါက ဘယ်လိုမျိုး ဖြစ်နိုင်မှာလဲ။ မင်းသမီး ခရမ်းပြာဝိညာဉ်က ဘယ်လောက်တောင် မြင့်မြတ်လှတဲ့ အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတာလဲ။ သူမက မည်သည့် နောက်ခံနောက်ကြောင်းမျှ ရှိမနေခဲ့သည့် နိမ့်ပါးလှသော လူသားကောင်ကလေးတစ်ဦးကို ဘယ်လိုမျိုး နည်းလမ်းဖြင့် သိရှိနေခဲ့ရခြင်းနည်း။

မင်းသမီး ခရမ်းပြာဝိညာဉ်အနေဖြင့် မတွေ့ရတာ ကြာလှပြီနော် ဟူသော စကားလုံးကို ရင်းနှီးကျွမ်းဝင်လှသော ပုံစံမျိုးဖြင့် ပြောဆိုသွားခဲ့ခြင်းအားဖြင့် ယီယွင်သည် မင်းသမီး ခရမ်းပြာဝိညာဉ်၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်းကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။

လူသားတစ်ယောက်က မင်းသမီး ခရမ်းပြာဝိညာဉ်၏ မိတ်ဆွေတစ်ဦး ဖြစ်လာခဲ့တာလား။ ၎င်းက တကယ်ကို မတွေးဝံ့စရာ ကောင်းလှပေသည်။

ထိုအချိန်၌ မင်းသမီး ခရမ်းပြာဝိညာဉ်၏ ဘေးတွင် ရပ်နေခဲ့သော ရန်ရွှဲ့ယီ၏ မျက်နှာမှာ အဆိုးရွားဆုံး ဖြစ်နေမှာ သေချာလှပေသည်။ ယီယွင်နှင့် လော့ဟော်အာတို့က တကယ်ကိုပဲ အချင်းချင်း သိရှိနေကြတာပဲ ဒါ့အပြင် လော့ဟော်အာသည် ယီယွင်၏ စည်းကမ်းမဲ့လှသော အပြုအမူများကိုလည်း အပြစ်ရှာ အရေးယူခြင်း မရှိခဲ့ချေ။

ရန်ရွှဲ့ယီ၏ စိတ်ကူးထဲတွင်မူ မင်းသမီး ခရမ်းပြာဝိညာဉ်သည် အမြဲတမ်း တည်ငြိမ်ရင့်ကျက်လှသူ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ ယီယွင်နှင့် ဆုံတွေ့လိုက်ရပြီးနောက် သူမ၏ တည်ငြိမ်မှုများမှာ ရှားရှားပါးပါး ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ၎င်းက ထင်ထင်ရှားရှား မရှိခဲ့သည်ဆိုသော်လည်း ရန်ရွှဲ့ယီမှာမူ နီးကပ်လှသော အကွာအဝေးကြောင့် ၎င်းကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။

အဓိပ္ပာယ် မြောက်မြားစွာ ဖော်ဆောင်နေသည့် မင်းသမီး ခရမ်းပြာဝိညာဉ်၏ မျက်ဝန်းအစုံထဲတွင် အံ့အားသင့်မှုများနှင့်၊ ချစ်စနိုး စိတ်ကောက်လိုသည့် အမူအရာများ တဖျတ်ဖျတ် လက်သွားခဲ့သည် မဟုတ်လား။

မင်းသမီး ခရမ်းပြာဝိညာဉ်ကို ဤမျှလောက်အထိ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်စွမ်းရှိသည့် ဤလူသားကောင်ကလေးက ဘယ်သူ ဖြစ်ရမလဲ။

"ယီယွင်... မင်း ဒီစားပွဲမှာပဲ ဝင်ထိုင်လိုက်ပါ"

လော့ဟော်အာက စားပွဲတစ်ခုကို ညွှန်ပြလိုက်ရင်း ရင်းနှီးလှသော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစားပွဲကို မြင်တွေ့လိုက်ရသောအခါ ရန်ရွှဲ့ယီ၏ နှုတ်ခမ်းထောင့်စွန်းများမှာ တုန်လှုပ်သွားခဲ့ရတော့သည်။ တုန်းလင်းယုသည်လည်း သူ၏ မျက်နှာထက်တွင် အိုးတိုးအန်းတန်း အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။

ဤစားပွဲမှာ လော့ဟော်အာ၏ ထိုင်ခုံနေရာနှင့် အနီးကပ်ဆုံးသော စားပွဲ ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ကြည်လဲ့သော လော့ ရေပူစမ်းအတွင်း၌ စားပွဲများ၏ အစီအစဉ် အခင်းအကျင်းမှာ နိုင်ငံရေး လှည့်ကွက်များ၏ သရုပ်ပြမှုတစ်ခု ဖြစ်ပေသည်။ စားပွဲက အလယ်ဗဟိုနှင့် ပိုမို နီးကပ်လေလေ ထိုင်ခုံနေရာက ပိုမို မြင့်မြတ်လေလေ ဖြစ်သည်။

ရန်ရွှဲ့ယီနှင့် တုန်းလင်းယုတို့မှာ အလယ်ဗဟိုနှင့် အတော်အတန် နီးကပ်လှသော နေရာတွင် ရှိနေကြပြီ ဖြစ်သည်ဟု သတ်မှတ်နိုင်သော်လည်း ယခု ယီယွင်၏ ထိုင်ခုံနေရာမှာမူ သူတို့ထက်ပင် ပိုမို၍ နီးကပ်နေခဲ့ပြီ ဖြစ်သည် မဟုတ်လား။

ရန်ရွှဲ့ယီအနေဖြင့် ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။

သူက တော်ဝင်မြို့တော်၏ ကြီးမြတ်သော သခင်လေး လေးပါးထဲမှ တစ်ဦး ဖြစ်သည်။ သို့သော်လည်း ယခု လူသားကောင်ကလေးတစ်ဦးက ရောက်ရှိလာခဲ့ပြီး သူတို့ထက်ပင် အလယ်ဗဟိုနှင့် ပိုမို နီးကပ်လှသော နေရာတွင် ဝင်ထိုင်လိုက်ပြီ ဖြစ်သည်။ ၎င်းက မင်းသမီး ခရမ်းပြာဝိညာဉ်နှင့် ပိုမို၍ပင် နီးကပ်နေခဲ့သေးသည် မဟုတ်လား။ ဒါက ဘာသဘောလဲ။

"ကျွန်တော့်ကို ထိုင်ခုံနေရာ ပေးအပ်တဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။"

ယီယွင်သည် ဒါကို အများကြီး တွေးတောမနေခဲ့ဘဲ အားနာစရာမလိုဘဲ သတ်မှတ်ပေးထားသည့် ထိုင်ခုံနေရာတွင် ဝင်ထိုင်လိုက်တော့သည်။

ဤအရာက ထိုနေရာတွင် ရှိနေကြသော လူငယ် ပါရမီရှင် အထက်တန်းလွှာအားလုံးကို ချက်ချင်းပင် အားကျမနာလို ဖြစ်သွားစေခဲ့သည်။

သူတို့က ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နောက်ဆုံးတွင် သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။

မင်းသမီး ခရမ်းပြာဝိညာဉ်နှင့် ထိုလူသားကောင်ကလေးတို့ကြားတွင် သာမန်မဟုတ်လှသော ဆက်ဆံရေးတစ်ခု ရှိနေမှာ သေချာလှပေသည်။ ယီယွင်နှင့် နှိုင်းယှဉ်မည်ဆိုပါက သူတို့အားလုံးမှာ ဘာမှမဟုတ်သည့် လမ်းသွားလမ်းလာများမျှသာ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။ သူမက သူတို့ကို တစ်ချက်မျှပင် လှည့်ကြည့်ခဲ့ခြင်း မရှိချေ။

လွန်ခဲ့သော ခဏကလေးကတင် သူတို့အားလုံးက ယီယွင်သည် ရွှီရွှေရန်မျိုးနွယ်စုနှင့် ရန်ရွှဲ့ယီကို ဆန့်ကျင်ဝံ့သည့် သူ၏ မဆင်မခြင် ပြုမူမှုများနှင့်၊မိုက်မဲလှသော အပြုအမူများကြောင့်လှောင်ပြောင် သရော်နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့်. တကယ့်ကို မိုက်မဲနေခဲ့ကြသူများမှာ သူတို့ကိုယ်တိုင်သာ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။

ဒါက ဖြစ်နိုင်ပါ့မလား မင်းသမီး ခရမ်းပြာဝိညာဉ်က ယီယွင်၏ နောက်ကွယ်က ကျောထောက်နောက်ခံ ဖြစ်နေခဲ့တာလား။

၎င်းက တကယ်ကို မယုံနိုင်စရာ ကောင်းလှပေသည်။ အကယ်၍ ထိုလူသားသည် မင်းသမီး ခရမ်းပြာဝိညာဉ်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တကယ် ပိုင်ဆိုင်ထားခဲ့မည်ဆိုပါက ထိုအချက်တစ်ခုတည်းနှင့်တင် သူ ပိုင်ဆိုင်ထားခဲ့သည့် နောက်ခံနောက်ကြောင်းမှာ အခြားသော လူအများစုထက် အများကြီး ပိုမို သာလွန်နေခဲ့ပြီ ဖြစ်သည် မဟုတ်လား။

ယီယွင် ဝင်ထိုင်လိုက်သည်ကို ကြည့်ရင်း လော့ဟော်အာသည် အပြုံးတစ်ခုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ အပြင်ပန်းတွင်မူ သူမသည် ယီယွင်ကို ဆက်လက်၍ ကြည့်ရှုခြင်း မရှိတော့သော်လည်း သူမ၏ ယွမ်ချီအသံပို့လွှတ်မှုမှာမူ ယီယွင်၏ နားထဲတွင် ဟိန်းထွက်လာခဲ့တော့သည်။

"မဆိုးဘူးပဲ... ယွင်လေး... မင်းက ဒီနေရာအထိ ရောက်လာနိုင်တဲ့ စွမ်းရည် ရှိနေတာပဲ။ မင်းက စုပေါင်းလေ့ကျင့်မှုမှာတောင် ပထမနေရာကို ရရှိခဲ့သေးတယ်ပေါ့။ မင်းရဲ့ အတောင်ပံတွေက တကယ်ကိုပဲ စုံလင်လာခဲ့ပြီပဲ။ ကဲ... မင်း ဒီဖေးတစ်သောင်းကောင်းကင်ဘုံကို ဘယ်လိုမျိုး ရောက်လာခဲ့လဲဆိုတာ မင်းရဲ့ အမကြီးကို သေသေချာချာ ပြောပြစမ်းပါ။"

လော့ဟော်အာ၏ စကားလုံးများကြောင့် ယီယွင်မှာ အနည်းငယ်မျှ ဆွံ့အသွားခဲ့ရတော့သည်။ လော့ဟော်အာသည် အသက်ကလေး ရလာခဲ့ပြီ ဖြစ်သည်ဆိုသော်လည်း သူမက စကားလုံးများနှင့် ပတ်သက်လာလျှင်မူ သာလွန်လှသော အဆင့်တစ်ခုကို ရရှိရန်အတွက် အမြဲတမ်း ဇွတ်တရွတ် ပြုလုပ်တတ်ဆဲ ဖြစ်ပေသည် တကား။

All Chapters