← Chapters

အခန်း ၈၆၇

Vol. 58 Ch. 867

အခန်း ၈၆၇

Vol. 58 Ch. 867

အခန်း ၈၆၇ - လော့မို

လော့ဟော်အာက ထိုစကားများကို ပြောဆိုလိုက်သည့် အခါတွင် ထိုနေရာတွင် ရှိနေကြသော လူတိုင်းမှာ ဆွံ့အငြိမ်သက်သွားခဲ့ကြရတော့သည်။ ရလဒ်ကတော့ အလွန်ပင် ရှင်းလင်းလှပေသည်။ အနည်းဆုံးတော့ ယီယွင်က ဖေးသားရဲ အရိုး ဆေးရတနာတစ်ခုကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့သည်။

သို့သော်လည်း လော့ခွေ့ကမူ... သူ၏ ခမ်းနားထည်ဝါလှသော စွမ်းဆောင်ရည် ပြသမှုကြီးများ ရှိနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ပြာပုံကြီးတစ်ခုကိုသာ ဖော်စပ်ရင်းဖြင့် အဆုံးသတ်သွားခဲ့ရခြင်း ဖြစ်သည်။

မယ်တော် ရွှမ်ဟို့ကိုယ်တိုင်ပင် မည်သို့သော အရာမျိုး ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို ကောင်းကောင်း နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ သူမသည် ယီယွင်ကို အလွန်ပင် အံ့အားသင့်ဖွယ်ရာ ကောင်းလှသော အကြည့်များဖြင့် လှမ်း၍ ကြည့်လိုက်မိရင်း ယီယွင်က သူ အစကတည်းက အနိုင်ရရှိမှာ ဖြစ်ကြောင်း ကြိုတင် သိရှိနေခဲ့တာလားဆိုတာကို မသေချာ ဖြစ်နေခဲ့ရသည်။

အရာအားလုံးက တိုက်ဆိုင်မှုတစ်ခုအလား မြင်တွေ့နေရသော်လည်း ယီယွင်၏ စတင်ကတည်းက ရှိနေခဲ့သော တည်ငြိမ်အေးဆေးလှသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် သူက အရာအားလုံးကို မိမိ၏ လက်ဝါးအတွင်း၌ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

သူက ဤရလဒ်ကို အစကတည်းက ကြိုတင် မြင်တွေ့နေခဲ့တာလား။

"ဟော်အာ... ဘာတွေ ဖြစ်သွားတာလဲ။"

မယ်တော် ရွှမ်ဟို့က လော့ဟော်အာထံသို့ စိတ်ဝိညာဉ်အသံဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။

"ဟီးဟီး... မယ်တော်ကြီး၊ တကယ်တမ်း ဘာတွေ ဖြစ်သွားလဲဆိုတာကိုတော့ သမီးလည်း အသေအချာ မသိပါဘူး။ ဒါပေမဲ့ ယီယွင်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ကို ဒုက္ခရောက်အောင် ပြုလုပ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူလှပါဘူး"

ထိုနေရာတွင် ရှိနေကြသော လူများထဲတွင် လော့ဟော်အာသည် ယီယွင်ကို အသိဆုံးသော လူတစ်ဦး ဖြစ်ပေသည်။ ယီယွင်သည် အပြင်ပန်းတွင် မည်သည့် အန္တရာယ်မျိုးမျှ ရှိမနေသည့်အလား မြင်တွေ့ရသော်လည်း တကယ်တမ်းကျတော့ သူက အလွန်ပင် ကောက်ကျစ်စဉ်းလဲလှသော လူတစ်ဦး ဖြစ်ပေသည်။ သူ၏ ဦးနှောက်အတွင်း၌ ဆိုးသွမ်းလှသော စိတ်ကူးစိတ်သန်းများစွာဖြင့် အမြဲတမ်း ပြည့်နှက်နေခဲ့တာ ဖြစ်သည်။

"အို... သမီးက ယီယွင်အပေါ်မှာ ဤမျှလောက်အထိ အထင်ကြီးနေတာလား။"

မယ်တော် ရွှမ်ဟို့မှာ အတော်လေးကို အံ့အားသင့်သွားခဲ့ရတော့သည်။ သူမသည် မိမိ၏ သမီးဖြစ်သူကို အသိဆုံး ဖြစ်ပေသည်။ လော့ဟော်အာသည် ကလေးတစ်ယောက်ကဲ့သို့သော စိတ်နေသဘောထား ရှိသည်ဟု မြင်တွေ့ရသော်လည်း တကယ်တမ်းကျတော့ သူမ၏ နှလုံးသား နက်ရှိုင်းရာတွင် အလွန်ပင် မာနကြီးလှသူ ဖြစ်ပေသည်။ သူမက မည်သူ့ကိုမျှ အလေးအနက် ထားလေ့မရှိသော်လည်း ယခုအခါတွင်မူ ယီယွင်အပေါ် ဤမျှလောက်အထိ ကောင်းမွန်လှသော အကဲဖြတ်ချက်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်မယ်ဆိုလျှင်တော့ မယ်တော် ရွှမ်ဟို့အနေဖြင့် ဤလူငယ်လေးကို နောက်ထပ် တစ်ကြိမ်လောက် ထပ်မံ၍ သေသေချာချာ အကဲဖြတ်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

မယ်တော် ရွှမ်ဟို့က ထိုသို့ ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည့် အခါတွင် လော့ဟော်အာ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားခဲ့ရတော့သည်။ သူမ၏ အကဲဖြတ်ချက်က ဘယ်လိုလုပ်ပြီး မမြင့်မားဘဲ နေပါ့မလဲ။ သူမသည် တိုင်အာ နတ်ဘုရားမြို့တော်အတွင်း၌ ရှိနေခဲ့စဉ်တုန်းက ယီယွင်၏ လက်ချက်ကြောင့် အကြိမ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ဖူးသူ မဟုတ်ပါလား။

သူမကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်စွမ်း ရှိသူတစ်ဦးမှာ သေချာပေါက်ပင် အစွမ်းထက်မြက်လှသူ ဖြစ်ရပေလိမ့်မည်။ အကယ်၍ မဟုတ်ဘူးဆိုလျှင် သူမကိုယ်သူမ အသုံးမကျသူတစ်ဦးအဖြစ် သတ်မှတ်လိုက်သလိုမျိုး ဖြစ်မသွားပေဘူးလား။

သေချာတာပေါ့... အောက်မြေကမ္ဘာက မတော်တဆ ကိစ္စရပ်များ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်ကို ယီယွင်က မြင်တွေ့ခဲ့ဖူးသည့် ကိစ္စရပ်မျိုးကိုတော့ မယ်တော် ရွှမ်ဟို့ကို ဘယ်လိုမှ ပြောပြချင်မှာ မဟုတ်ချေ။ အကယ်၍ ပြောပြလိုက်မယ်ဆိုလျှင် မယ်တော် ရွှမ်ဟို့အနေဖြင့် ၎င်းနှင့် ပတ်သက်၍ ဘယ်လိုမျိုး တွေးတောသွားမလဲဆိုတာကို စဉ်းစားကြည့်ဖို့ပင် မဖြစ်နိုင်တော့ချေ။

လော့ဟော်အာက တစ်ခုခုကို ကြံစည်တွေးတောနေခဲ့စဉ်မှာပင် မယ်တော် ရွှမ်ဟို့၏ နောက်ထပ် ဆက်လက် ပြောဆိုလိုက်သော စကားစုကြောင့် လော့ဟော်အာ၏ မျက်နှာလေးမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရတော့သည်။ မယ်တော် ရွှမ်ဟို့က ပြောလိုက်သည်မှာ...

"ဟော်အာ... ခဏနေရင် သမီး အောက်မြေကမ္ဘာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို မယ်တော်ကြီးကို အားလုံး ပြောပြရမယ်နော်။"

လော့ဟော်အာ၏ မျက်ဝန်းများမှာ အကြီးအကျယ် ပြူးကျယ်သွားခဲ့ရပြီး သီးပင် သီးသွားခဲ့ရတော့သည်။ သူမက... ထိုအရာတွေကို ဘယ်လိုလုပ်ပြီး ထည့်ပြောနိုင်ပါ့မလဲ။

အဆိုးဆုံးကတော့ သူမ၏ မိခင်မှာ သူမကို အသိဆုံးသော လူတစ်ဦး ဖြစ်နေခြင်း ဖြစ်ပေသည်။ အကယ်၍ သူမက ဇာတ်လမ်းတစ်ပုဒ်ကို လိမ်ညာပြီး လုပ်ကြံဖန်တီးလိုက်မယ်ဆိုလျှင်ပင် အလွယ်တကူ ဖော်ထုတ်ခံလိုက်ရမှာ ဖြစ်သည်။ ထို့အပြင် ထိုစဉ်တုန်းက လော့ဟော်အာသည် တိုင်အာ နတ်မြို့တော်အတွင်း၌ ကျန်ရှိနေခဲ့သည့် အချိန်တွင် သူမ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တာဝန်ရှိကြသော လော့မျိုးနွယ်စုဝင်များ ရှိနေခဲ့ကြသေးသည်။

သူတို့က မည်သည့်အခါမှ လူလုံးထွက်ပြခြင်း မရှိခဲ့ကြသလို နတ်မြို့တော်အတွင်းသို့ ခြေတစ်လှမ်းပင် မနင်းခဲ့ကြဖူးသော်လည်း ကိစ္စရပ်အချို့ကိုတော့ အနည်းနှင့်အများ သိရှိထားကြမှာ သေချာလှပေသည်။

အကယ်၍ မယ်တော် ရွှမ်ဟို့သာ သူတို့ကို မေးမြန်းလိုက်ပြီး လော့ဟော်အာ ပြောသမျှနှင့် တိုက်ဆိုင်စစ်ဆေးကြည့်လိုက်မယ်ဆိုလျှင် ဘယ်အရာက အမှန်၊ ဘယ်အရာက အလိမ်ဆိုတာကို အလွယ်တကူ ခွဲခြားသိရှိသွားနိုင်မှာ ဖြစ်သည်။

ဤအချက်ကို တွေးတောမိလိုက်သည့် အခါတွင်မူ လော့ဟော်အာသည် သူမ၏ နှလုံးသားအတွင်း၌ အလွန်ပင် ခါးသီးလှသော ခံစားချက်မျိုးကို ခံစားလိုက်ရတော့သည်။

"မင်း အောက်ကို မဆင်းသေးဘူးလား။ မင်းကိုယ်မင်း အရှက်ခွဲခဲ့တာ မလုံလောက်သေးဘူးလား။"

မင်းသား ချီရှန်း၏အသံမှာ လော့ခွေ့၏ နားစည်များအတွင်းသို့ မိုးကြိုးအလား တိုးဝင်သွားခဲ့ရတော့သည်။

လော့ခွေ့သည် အလွန်ပင် ပြင်းထန်လှသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်ကာ သူ၏ ရှေးဟောင်း ဖေးမျိုးနွယ်စု သွေးမျိုးဆက်မှာလည်း ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်ပေသည်။ သူက မတည်မငြိမ်ဖြစ်စွာဖြင့် ပြန်လည် ထရပ်လိုက်ရင်း ယိုင်တိယိုင်တိုင်ဖြင့် သူ၏ ထိုင်ခုံဆီသို့ ပြန်လည် လျှောက်လှမ်းသွားခဲ့ရတော့သည်။

သူက လုံးဝ လက်မခံနိုင် ဖြစ်နေခဲ့ရသည်။

သို့သော်လည်း သူ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ကြောင်းကိုတော့ သူ ကောင်းကောင်း သိရှိထားပေသည်။

လော့ခွေ့သည် နန်းတော်အတွင်းက သူ၏ ထိုင်ခုံထက်တွင် ထိုင်နေခဲ့ရသည်မှာ ဆူးပုံကြီးပေါ်တွင် ထိုင်နေရသည့်အလား ခံစားနေရသည်။ သူ ထိုနေရာတွင် ရှိနေခဲ့သော စက္ကန့်တိုင်းတွင် သူ၏ မျက်နှာတစ်ခုလုံးမှာ အပြင်းအထန် ပူလောင်နေခဲ့ရပြီး အခြားသူများ အားလုံးက သူ့ကို လှောင်ပြောင်နေကြသည့်အလား ခံစားနေရသည်။

သို့သော်လည်း အကယ်၍ သူ ဤနေရာမှ ထွက်ခွာသွားရမယ်ဆိုလျှင်တော့ သူ အလွန်ပင် မကျေမနပ် ဖြစ်မိနေဦးမှာ ဖြစ်သည်။ သူက ယီယွင်သည် အလကားနေရင်း အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်ဟု ခံစားနေရပြီး... ယီယွင်၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ အဆင့်အတန်းနှင့်ဆိုလျှင် သူ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ အစေခံတစ်ဦးပင်လျှင် ယီယွင်ထက် ပိုမို၍ တော်လိမ့်ဦးမှာ ဖြစ်ကြောင်း တွေးတောနေမိသည်။ မိမိကိုယ်မိမိ ပြောစရာပင် မလိုချေ။

ထို့ကြောင့် မည်မျှပင် အရှက်ရစရာ ကောင်းလှသည်ဖြစ်စေ လော့ခွေ့သည် သူ၏ ထိုင်ခုံထက်တွင် ဆက်လက် ထိုင်နေရန် ဇွတ်အတင်း ဆုံးဖြတ်ထားခဲ့ပြီး ယီယွင် အပြင်းအထန် နှိပ်စက်ခြေမှုန်းခံရမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့တော့သည်။

လော့ခွေ့သည် သူ၏ နှာခေါင်းနှင့် နားစည်နှစ်ဖက်ဆီမှ စီးကျနေခဲ့သော သွေးစက်များကို သုတ်လိုက်ရင်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မင်းသား ချီရှန်းခင်ဗျာ... ကျွန်တော်မျိုးကတော့ အရှက်ရခဲ့ပါပြီ... ဒါပေမဲ့... ဒါပေမဲ့ ထိုကောင်က တကယ့်ကိုပဲ အမှိုက်တစ်စတစ်ယောက် ဖြစ်နေတာပါ။ မင်းသားအနေနဲ့ ဤအခြေအနေကို သေချာပေါက် ပြန်လည် ကယ်တင်ပေးရပါလိမ့်မယ်။"

"မင်း ရဲ့ မဆုံးနိုင်တဲ့ စကားတွေကို ဆက်ပြီး ပြောမနေနဲ့တော့။ ငါ ဘာလုပ်ရမလဲဆိုတာ ငါ ကောင်းကောင်း သိတယ်" မင်းသား ချီရှန်းက ယွမ်ချီစွမ်းအင်အသံဖြင့် ပြန်လည် ပြောဆိုလိုက်သည်။

သူက လော့ခွေ့ကို လုံးဝ ဂရုမစိုက်ဘဲ ပစ်ပယ်ထားချင်စိတ် ပေါ်ထွက်နေခဲ့သော်လည်း လော့ခွေ့ ပြောသွားခဲ့သည်မှာ မှန်ကန်လှပေသည်။ သူ ဤအခြေအနေကို ပြန်လည် ကယ်တင်ရန် လိုအပ်ပေသည်။ အကယ်၍ မဟုတ်ဘူးဆိုလျှင် သူ သေချာပေါက်ပင် တော်ဝင်မြို့တော်တစ်ခုလုံး၏ လှောင်ပြောင်စရာ အကြောင်းအရာတစ်ခု ဖြစ်လာတော့မှာ ဖြစ်သည်။

အကယ်၍ လော့ဧကရာဇ်မင်းမြတ်သာ ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ကြားသိသွားခဲ့မယ်ဆိုလျှင်... သူ မင်းသား ချီရှန်းအပေါ် ဘယ်လိုမျိုး တွေးတောသွားမလဲဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ချေ။

မင်းသား ချီရှန်းက ယီယွင်ကို လှမ်း၍ ကြည့်လိုက်သည့် အခါတွင် သူ၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းလှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ရတော့သည်။

သူက အရာအားလုံးကို ယီယွင်က နောက်ကွယ်ကနေ ကြံစည်ဖန်တီးထားခဲ့ခြင်း ဖြစ်သည်ဟု မယုံကြည်ချေ။ အဓိက အကြောင်းပြချက်မှာ ယီယွင်တွင် ဤကဲ့သို့သော အရည်အချင်းမျိုး ရှိနေလိမ့်မည်ဟု သူ သံသယဖြစ်မိနေသောကြောင့် ဖြစ်သည်။

အကယ်၍ တစ်ချက်မျှ လျှော့တွေးကြည့်လိုက်ပြီး... ယီယွင်က ဤကိစ္စရပ်အတွင်း၌ တစ်နည်းနည်းဖြင့် ပတ်သက်မှု ရှိနေခဲ့သည် ဖြစ်စေဦးတော့... သူ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အလွန်ပင် အကန့်အသတ် ရှိနေဆဲ ဖြစ်မှာ သေချာလှပေသည်။

ယီယွင်၏ အသက်အရွယ်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြပေသည်။ မင်းသား ချီရှန်းအနေဖြင့် ယီယွင်၏ အဆင့်အတန်းမှာ လော့ခွေ့၏ ဆယ်ပုံတစ်ပုံမျှပင် ရှိလိမ့်မည်မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထားခဲ့သည်။

မင်းသား ချီရှန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း မယ်တော် လော့ကို လှမ်း၍ ကြည့်လိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့်မူ မယ်တော် လော့သည် အလွန်ပင် တည်ငြိမ်နေခဲ့ဆဲ ဖြစ်ပေသည်။ သူမက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရုံမျှဖြင့်တင် အရာအားလုံးကို မင်းသား ချီရှန်းထံသို့သာ လွှဲအပ်ထားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။

ဤတည်ခင်းဧည့်ခံပွဲကြီးကို မင်းသား ချီရှန်းအတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်ပြီး သူ ထီးနန်းဆီသို့ လျှောက်လှမ်းမည့် လမ်းစကို ခင်းကျင်းပေးနေခြင်း ဖြစ်သည်။

ယခုအခါတွင် တည်ခင်းဧည့်ခံပွဲကြီးအတွင်း၌ မျှော်လင့်မထားသော မတော်တဆ ကိစ္စရပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သဖြင့် မင်းသား ချီရှန်းကိုယ်တိုင်ပင် ၎င်းကို ဖြေရှင်းရန် လိုအပ်ပေသည်။

မင်းသား ချီရှန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းသွားခဲ့ရပြီးနောက်... သူ၏ မျက်ဝန်းများမှာ ဘေးဘက်သို့ ရောက်ရှိသွားခဲ့ရကာ မြေခွေးဖြူမင်းသမီး ကို ဖြတ်သန်းကြည့်ရှုလိုက်မိသည်။

မြေခွေးဖြူမင်းသမီးသည် သူမ၏ ထိုင်ခုံထက်တွင် တည်ငြိမ်စွာဖြင့် ထိုင်နေခဲ့သည်မှာ ဖြူစင်လှသော နှင်းကြာပန်းတစ်ပွင့်အလား ဖြစ်ပေသည်။ ပြိုင်ပွဲ၏ ရလဒ်ထွက်ပေါ်လာခဲ့ခြင်းကပင် သူမကို အနည်းငယ်မျှ စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ချေ။

မင်းသား ချီရှန်းသည် မြေခွေးဖြူမင်းသမီး၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ မျိုးဆက်သစ် လူငယ်များကြားတွင် အတုမရှိလှအောင် မြင့်မားလှကြောင်း သိရှိထားပေသည်။ အကယ်၍ သူမသာ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုလျှင်တော့ လော့ဟော်အာတစ်ယောက်တည်းသာ သူမ၏ ပြိုင်ဘက် ဖြစ်လာရန် ထိုက်တန်မှာ ဖြစ်သည်။

မြေခွေးဖြူမင်းသမီးအနေဖြင့် ယီယွင်ကဲ့သို့သော လူတစ်ယောက်တည်းကို ဖြေရှင်းရန်အတွက် ရှေ့သို့ ထွက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ ၎င်းက သူမ၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်သည်။

"လော့မို"

မင်းသား ချီရှန်း၏ ယွမ်ချီအသံမှာ နန်းတော်ကြီး၏ အပြင်ဘက်ဆီသို့ တိုက်ရိုက် ပျံ့လွင့်သွားခဲ့ရတော့သည်။

မိနစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက်တွင်တော့ ခန့်ညားထွားကျိုင်းလှသော လူငယ်တစ်ဦးမှာ ပင်မခန်းမကြီးအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဆံပင်ရှည်များကို နောက်ကျောဘက်တွင် သေသေချာချာ စည်းနှောင်ထားခဲ့ခြင်း ဖြစ်ကာ သူက အဖြူနှင့် အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

သူ၏ ဝတ်စုံထက်တွင်မူ သိမ်မွေ့လှပလှသော ရှုခင်းပုံရိပ်များစွာကို ရေးဆွဲ ပုံဖော်ထားခဲ့သည်။ သူက မည်သည့် တိုက်ခိုက်ရေးသမားတစ်ဦးနှင့်မျှ တူညီခြင်း မရှိခဲ့ဘဲ အနုပညာရပ်များကို လေ့လာလိုက်စားနေခဲ့သော ပညာတတ် စာပေပညာရှင်တစ်ဦးနှင့်သာ ပိုမို၍ တူညီလှပေသည်။

"သခင်လေး လော့မိုလား။"

ထိုခန့်ညားထွားကျိုင်းလှသော လူငယ်လေး ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင်ပဲ တစ်စုံတစ်ဦးက ချက်ချင်းပင် လော့မို၏ နာမည်ကို အော်ဟစ်လိုက်ကြတော့သည်။

သူကတော့ လော့မို ဖြစ်ပေသည် တော်ဝင်မြို့တော်က မျိုးဆက်သစ် လူငယ်များကြားတွင် နံပါတ်တစ် ပါရမီရှင်ကြီးဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်ပေသည်။

လော့မိုသည် တော်ဝင်မြို့တော်၏ လေးပါးသော သခင်လေးကြီးများထဲတွင် ပါဝင်ခြင်း မရှိခဲ့ချေ။ အဓိက အကြောင်းပြချက်မှာ သူ၏ နောက်ခံအသိုင်းအဝိုင်းမှာ ကြီးမားထင်ရှားလှခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူက လော့မျိုးနွယ်စု၏ အရေးမပါလှသော မျိုးနွယ်စုခွဲတစ်ခုမှသာ ဆင်းသက်လာခဲ့သူ ဖြစ်သော်လည်းသူက ထင်ရှားလှသော နောက်ခံအသိုင်းအဝိုင်းမျိုး မရှိခဲ့ပါဘဲလျက်နှင့် တော်ဝင်မြို့တော်အတွင်း၌ အလွန်ပင် ကျော်ကြားလှသူ ဖြစ်ပေသည်။

သူ့ကို ပါရမီရှင် ဟု သတ်မှတ်ရခြင်း၏ အကြောင်းပြချက်မှာ မတူညီလှသော ကဏ္ဍအသီးသီးတွင် သူ၏ ပါရမီ အရည်အချင်းများမှာ ထူးခြားမြင့်မားလှသောကြောင့် ဖြစ်သည်။

သာမန် တိုက်ခိုက်ရေးသမားတစ်ဦးအတွက်ဆိုလျှင်မူ ကိုယ်ခံပညာရပ်ဆိုင်ရာ ပါရမီ အရည်အချင်း ရှိနေရုံမျှဖြင့်တင် လုံလောက်လှပြီ ဖြစ်သော်လည်း လော့မိုအတွက်မူ သူ၏ ကိုယ်ခံပညာရပ်ဆိုင်ရာ ပါရမီ အရည်အချင်းမှာ ထူးခြားလှရုံတင်မကဘဲ ဂီတအတတ်၊ စစ်တုရင်အတတ်၊ ကဗျာစာပေအတတ်နှင့် ပန်းချီအတတ်ပညာရပ်များတွင်ပါ အလွန်ပင် ကျွမ်းကျင်နှံ့စပ်လှသူ ဖြစ်ပေသည်။

ထို့အပြင် သူက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်အပေါ်မှာပါ အလွန်ပင် မြင့်မားလှသော အောင်မြင်မှုများကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။

တိုက်ခိုက်ရေးသမားများ၏ ကမ္ဘာကြီးအတွင်း၌ ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီအတတ်ပညာရပ်များကို ဖျော်ဖြေရေး သက်သက်အတွက်သာ အသုံးပြုလေ့ ရှိကြပြီး ၎င်းတို့ကို အဓိက ဘဝရှင်သန်မှု လမ်းစဉ်တစ်ခုအဖြစ် သတ်မှတ်လေ့ မရှိကြချေ။

သို့သော်လည်း လော့မိုကမူ ထိုဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီအတတ်ပညာရပ်များမှတစ်ဆင့် မိမိ၏ ကိုယ်ပိုင် ကိုယ်ခံပညာရပ် လမ်းစဉ်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေရာ ၎င်းက တကယ့်ကို အံ့ဩဖွယ်ရာ ကောင်းလှသော စွမ်းဆောင်ရည်တစ်ခု ဖြစ်ပေသည်။

ထို့အပြင် သူ၏ ထူးခြားလှသော ပါရမီ အရည်အချင်းများနှင့် သူ၏ ခန့်ညားလှပလှသော ရုပ်ရည်ကြောင့်လည်း... လော့မိုသည် အမျိုးသမီးများစွာ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။ တော်ဝင်မြို့တော်အတွင်း၌ ကောင်းမွန်လှသော မိသားစု နောက်ခံများ ရှိကြသည့် အမျိုးသမီးများစွာမှာ သူ့ကို လက်ထပ်နိုင်ရန်အတွက် အလုအယက် ကြိုးစားနေခဲ့ကြတာ ဖြစ်သည်။

"လော့မိုကလည်း တည်ခင်းဧည့်ခံပွဲကြီးမှာ ရောက်ရှိနေခဲ့တာလား... ဒါပေမဲ့ ဘာဖြစ်လို့ ဘယ်သူကမှ သူ့ကို သတိမထားမိခဲ့ကြတာလဲ။"

မျိုးဆက်သစ် လူငယ် ပါရမီရှင်များစွာမှာ အတော်လေးကို အံ့အားသင့်သွားခဲ့ကြရတော့သည်။ လော့မိုကဲ့သို့သော လူသိများထင်ရှားလှသော လူတစ်ဦးအတွက်ဆိုလျှင်မူ... သူသာ ပေါ်ထွက်လာခဲ့မယ်ဆိုရင် သေချာပေါက်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ခံရမှာ ဖြစ်ပြီး အလင်းရောင် အားလုံးကို သိမ်းပိုက်သွားမှာ သေချာလှပေသည်။

"သူက ဘေးခန်းတွေထဲက တစ်ခုခုထဲမှာ ရှိနေခဲ့တာ ဖြစ်ရမယ်။ ဘေးခန်းတွေထဲမှာလည်း သေးငယ်တဲ့ တည်ခင်းဧည့်ခံပွဲတွေ ရှိနေခဲ့ပြီး ၎င်းတို့ရဲ့ ဝန်ဆောင်မှု အဆင့်အတန်းက အလွန်ပင် မြင့်မားလှတာ ဖြစ်တယ်။ ငါ ထင်မမှားဘူးဆိုရင်တော့ ဘေးခန်းတွေထဲမှာ အရေးကြီးလှတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ရမယ်။ ၎င်းတို့က မယ်တော် လော့နဲ့ မင်းသား ချီရှန်းတို့ရဲ့ လက်အောက်က ပါရမီရှင်တွေ ဖြစ်နိုင်ပါတယ်။"

လူအများစုက ဝိညာဉ်စွမ်းအင်အသံများဖြင့် အော်ဟစ်ဆွေးနွေးလိုက်ကြတော့သည်။

ထိုသို့ ပြောဆိုလိုက်ပြီးသည့်နောက်တွင်တော့ လူတိုင်းက ချက်ချင်းပင် သဘောပေါက်သွားခဲ့ကြရတော့သည်။

အခြေအနေက ဤသို့ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။ မယ်တော် လော့သည် ဤတည်ခင်းဧည့်ခံပွဲကြီးကို မကောင်းမွန်လှသော ရည်ရွယ်ချက်များဖြင့် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူမက အကယ်၍ မိမိတို့၏ အင်အားစု အပြည့်အစုံကို ထုတ်ဖော်ပြသလိုက်မယ်ဆိုလျှင် ၎င်းက အလွန်ပင် သန်မာလွန်းလှသဖြင့် မယ်တော် ရွှမ်ဟို့ကို အကြီးအကျယ် ထိတ်လန့်သွားစေမှာ ဖြစ်ပြီး ရှေ့သို့ တိုးမလာဝံ့ဘဲ ရှိနေမှာကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်မယ်ဆိုလျှင် မယ်တော် ရွှမ်ဟို့အနေဖြင့် ယှဉ်ပြိုင်ရန် ငြင်းဆိုလိုက်ရင်း တိုက်ပွဲဝင်ရန် ကြောက်ရွံ့နေခဲ့သည်ဟူသော ဂုဏ်သတင်းကိုသာ ခံစားရမှာ ဖြစ်သည်။ သူမက ဆိုးရွားလှသော ရှုံးနိမ့်မှုကြီးကို ခံစားရမှာ သေချာလှသဖြင့် ဘယ်လိုလုပ်ပြီး သဘောတူညီပါ့မလဲ။

ထို့ကြောင့် မယ်တော် လော့သည် အစီအရင် မန္တန်များဖြင့် ဖုံးကွယ်ထားခဲ့သော ဘေးခန်းတစ်ခုအတွင်း၌ လူအချို့ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ မယ်တော် ရွှမ်ဟို့သာ ပြိုင်ပွဲကို သဘောတူညီခဲ့မယ်ဆိုလျှင် မယ်တော် လော့က မိမိ၏ လူများကို တစ်ယောက်ပြီးတစ်ယောက် ထွက်လာအောင် ခေါ်ယူနိုင်မှာ ဖြစ်သည်။ ထိုမျှလောက်အထိ ထူးချွန်လှသော အင်အားစုများနှင့်ဆိုလျှင် သူမက မယ်တော် ရွှမ်ဟို့ကို အပြင်းအထန် ခြေမှုန်းပစ်နိုင်မှာ ဖြစ်သည်။

သို့သော်လည်း မယ်တော် လော့အနေဖြင့် မျှော်လင့်မထားခဲ့သည်မှာ မယ်တော် ရွှမ်ဟို့သည် မိမိ၏ မိသားစု နောက်ခံမှ မည်သူ့ကိုမျှ ခေါ်ဆောင်လာခဲ့ခြင်း မရှိသဖြင့် သူမ၏ အင်အားကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိခဲ့ချေ။

သူမသည် နောက်ဆုံးတွင် ထွားကျိုင်းလှသော လော့ခွေ့ကို အသုံးပြုပြီး မယ်တော် ရွှမ်ဟို့ကို ပြိုင်ပွဲအတွင်း ဝင်ရောက်လာအောင် ပြုလုပ်နိုင်ခဲ့သော်လည်း... နောက်ဆုံးတွင်တော့ ယီယွင်ကဲ့သို့သော အံ့ဖွယ် အခြင်းအရာတစ်ခုနှင့် ဆုံတွေ့လိုက်ရခြင်း ဖြစ်ပေသည်။ ချက်ချင်းပင် မယ်တော် လော့၏ အစီအစဉ်များ အားလုံးမှာ အကြီးအကျယ် ရှုပ်ထွေး ပျက်စီးသွားခဲ့ရတော့သည်။

ယခုအခါတွင်မူ မင်းသား ချီရှန်းသည် ဆက်လက်၍ စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့ချေ။ လော့မိုကို ထွက်လာအောင် ခေါ်ယူလိုက်ခြင်းအားဖြင့် သူက လော့မိုကို အသုံးပြုပြီး ယီယွင်ကို အပြင်းအထန် ခြေမှုန်းပစ်ရန်အတွက် စီစဉ်လိုက်ခြင်း ဖြစ်ပေတော့သည်။

All Chapters