အခန်း ၈၆၈
Vol. 58 Ch. 868
အခန်း ၈၆၈ - ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ
"အားလုံးပဲ... ကျွန်တော်မျိုး မိတ်ဆက်ပေးပါရစေ။ သူကတော့ သခင်လေး လော့မို ဖြစ်ပါတယ်။"
မင်းသား ချီရှန်းက မတ်တတ်ထရပ်လိုက်ရင်း လှမ်း၍ လော့မိုကို အရက်ခွက်ဖြင့် ဂုဏ်ပြုလိုက်သည်။
ဤရိုးရှင်းလှသော လုပ်ဆောင်ချက်ကပဲ လော့မိုသည် သူ၏ လူများထဲက တစ်ဦး ဖြစ်ကြောင်းကို ဖော်ပြညွှန်ပြနေခဲ့ခြင်း ဖြစ်ပေသည်။
လော့မိုက မင်းသား ချီရှန်းကို အသာအယာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် လက်ထဲတွင် အရက်ခွက်ကို ကိုင်ဆောင်ထားရင်းဖြင့် တစ်ငုံတည်းဖြင့် မော့သောက်လိုက်တော့သည်။
လော့မို၏ ပြုမူပုံရိပ်များမှာ အလွန်ပင် လွတ်လပ်ပေါ့ပါးပြီး ဖော်ပြမတတ်အောင် ဆွဲဆောင်မှု ရှိလှပေသည်။ ထိုနေရာတွင် ရှိနေကြသော အမျိုးသမီးငယ်များစွာမှာ လော့မိုကို မြင်တွေ့လိုက်ရသည့် အခါတွင် ၎င်းတို့၏ မျက်ဝန်းများအတွင်း၌ ထူးခြားလှသော အလင်းရောင်များ တောက်ပသွားခဲ့ကြရတော့သည်။
သူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပြည်နယ်များတွင် ရှိနေခဲ့ကြစဉ်တုန်းကလည်း လော့မို၏ နာမည်ကို ကြားသိဖူးကြပေသည်။ သူတို့အနေဖြင့် သူ့ကို အကြီးအကျယ် ကိုးကွယ်အားကျနေသည့်အဆင့်အထိ မရောက်ရှိခဲ့ကြသော်လည်း တော်ဝင်မြို့တော်အတွင်း၌ လှိုင်းတံပိုးများစွာ ထမင်းထကြွအောင် ပြုလုပ်နိုင်စွမ်း ရှိသော ဤမျှလောက်အထိ ခန့်ညားလှပလှသည့် အမျိုးသားတစ်ဦးနှင့် ဆုံတွေ့လိုက်ရသည့် အခါတွင်မူ သူတို့၏ နှလုံးသားအတွင်း၌ ဂယက်လှိုင်းငယ်လေးများ ဖြတ်သန်းသွားခဲ့ကြရသည်မှာ ခံစားချက် မရှိဘဲ မနေနိုင်ချေ။
အရက်ကို သောက်သုံးပြီးသည့်နောက်တွင်တော့ လော့မို၏ အကြည့်များမှာ ယီယွင်ထက်သို့ ကျရောက်သွားခဲ့ရတော့သည်။ သူက ဝိညာဉ်စွမ်းအင်အသံမှတစ်ဆင့် လက်ရှိ အခြေအနေများကို ကြားသိနားလည်ထားခဲ့ပြီး ဖြစ်သဖြင့် မင်းသား ချီရှန်းက သူ့ကို ဘာဖြစ်လို့ ခေါ်ယူလိုက်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ကောင်းကောင်း သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
"မိတ်ဆွေ... ငါက လော့မိုပါ။"
လော့မိုက ယီယွင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ယီယွင်။"
သူ၏ ရှေ့တွင် ရှိနေသော လူမှာ ရန်သူတစ်ဦး ဖြစ်ကြောင်းကို သိရှိထားသော်လည်း ယီယွင်က မည်သည့် ယဉ်ကျေးပျူငှာမှုမျိုးကိုမျှ ပျက်ကွက်ခြင်း မရှိခဲ့ချေ။
"ဒါဆိုရင် သခင်လေး ယီယွင်ပေါ့။ ငါက ပွင့်ပွင့်လင်းလင်း ပြောရတာကို သဘောကျတယ်။ မင်းက လော့ခွေ့ကို ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အနိုင်ယူခဲ့တယ်လို့ ငါ ကြားသိခဲ့ရတယ်။ မင်း ဒါကို ဘယ်လိုမျိုး ပြုလုပ်ခဲ့သလဲဆိုတာကို ငါ အလွန်ပင် သိချင်မိပါတယ် ငါ့ကို နည်းနည်းလောက် သင်ပြပေးလို့ ရမလား။"
လော့မိုသည် ယီယွင်က တစ်စုံတစ်ရာသော မသိရှိရသေးသည့် နည်းလမ်းများကို အသုံးပြုပြီး လော့ခွေ့ကို ဒုက္ခရောက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယီယွင်က လော့မိုကို ဘာကို ပြောပြပါ့မလဲ။ သူက ပြုံးလျက်ဖြင့် ပြောလိုက်သည်။
"အဲ့ဒါကို စိတ်ဝင်စားစရာ ကောင်းတယ်လို့တော့ ငါ မခေါ်ချင်ပါဘူး။ ငါ အသုံးပြုခဲ့တာက ၃၆ ပါးသော အခြေခံ လက်မုဒြာ တံဆိပ်များ လို့ ခေါ်တဲ့ နည်းစနစ်တစ်ခုပါ။ အောက်မြေကမ္ဘာမှာတော့ ဒါက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ရဲ့ အခြေခံအကျဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်။ သူ့ရဲ့ နာမည်ထဲက အခြေခံ ဆိုတဲ့ စကားလုံးကိုတော့ အထင်မသေးလိုက်ပါနဲ့။ တကယ်တမ်းကျတော့ ရာပေါင်းများစွာသော ပြောင်းလဲမှုတွေ ပါဝင်နေခဲ့တာပါ။
ဘာလဲ... သခင်လေး လော့က အောက်မြေကမ္ဘာရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တွေကို စိတ်ဝင်စားလို့လား။ အကယ်၍ မင်း သေသေချာချာ လေ့လာဖတ်ရှုချင်တယ်ဆိုရင်တော့ ငါ မင်းကို ငှားရမ်းပေးလို့ ရပါတယ်"
ယီယွင်က အလွန်ပင် သဘောထားကြီးစွာဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ လူတိုင်းက ထိုစကားကို ကြားလိုက်ရသည့် အခါတွင် သူတို့၏ မျက်လုံးများကိုသာ အပေါ်သို့ လှန်လိုက်မိကြတော့သည်။
ဘယ်ကောင်ကများ မင်းရဲ့ အောက်မြေကမ္ဘာက ၃၆ ပါးသော အခြေခံ လက်မုဒြာ တံဆိပ်များ ကို လေ့လာချင်မှာလဲ။ အဲ့ဒါက ကလေးတွေကို သင်ကြားပေးတဲ့ နေရာမှာ အသုံးပြုတဲ့ အရာတစ်ခုပဲ မဟုတ်ပါလား။ ၎င်းက အလကား ပေးမယ်ဆိုရင်တောင်မှ သူတို့ လိုချင်ကြမှာ မဟုတ်ချေ။
ရာပေါင်းများစွာသော ပြောင်းလဲမှုတွေ ဟုတ်လား။ ရာပေါင်းများစွာသော အမွှေးပဲ မဟုတ်ပါလား။ ၎င်းက နောက်ဆုံးတွင်တော့ ညံ့ဖျင်း တဲ့ အရည်အသွေးရှိတဲ့ ဆေးရတနာတစ်ခုကိုသာ ဖော်စပ်နိုင်ခဲ့တာ မဟုတ်ဘူးလား။
မျိုးနွယ်စုကြီးများစွာမှာ လော့မို၏ ဝန်ဆောင်မှုကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်းတို့၏ အကောင်းမွန်ဆုံးသော ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ အမွေအနှစ်များကိုပင် သဘောတူလိုလိုဖြင့် ထုတ်ပေးချင်နေကြတာ ဖြစ်သော်လည်း လော့မိုကမူ ၎င်းတို့ကိုပင် အထင်ကြီးချင်မှ ကြီးနေမှာ ဖြစ်သည်။
"သခင်လေး ယီယွင်... မင်းက တကယ့်ကို နောက်ပြောင်ရတာကို သဘောကျတာပဲ။"
လော့မိုသည် အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး စာပေတတ်မြောက်သူတစ်ဦး ဖြစ်သော်လည်း... ယီယွင်၏ အဓိပ္ပာယ်မရှိလှသော စကားများကို ကြားလိုက်ရသည့် အခါတွင်မူ... သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ်မျှ တွန့်ကွေးသွားခဲ့ရကာ စကားလုံးမဲ့သွားခဲ့ရတော့သည်။
သူက ယီယွင်က တမင်တကာပင် လူအအယောင် ဆောင်နေခြင်း ဖြစ်နိုင်ကြောင်းကိုပင် သံသယ ဝင်မိသွားခဲ့ရသည်။ ထို့ကြောင့် သူက ယီယွင် ယခုလေးတင် ဖော်စပ်ထားခဲ့သော တတိယအဆင့် ရှိသည့် ဆေးရတနာထံသို့ ချက်ချင်းပင် လှမ်း၍ ကြည့်လိုက်မိတော့သည်။
၎င်းက မီးခိုးရောင် ရှိနေခဲ့သော ဆေးရတနာတစ်ခု ဖြစ်ပြီး မြောင်းတစ်ခုထဲကနေ တူးဖော်ရရှိလာခဲ့သော ဖန်လုံးတစ်လုံးနှင့် အလွန်ပင် တူညီလှပေသည်။
သူက ၎င်းထဲတွင် ထူးခြားလှသော အရာတစ်ခုခုကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူ မည်မျှပင် သေသေချာချာ စစ်ဆေးကြည့်ရှုပါစေဦးတော့ ၎င်းက အခြေခံအကျဆုံးသော ညံ့ဖျင်း တဲ့ အရည်အသွေးရှိသည့် ဆေးရတနာတစ်ခုသာ ဖြစ်ပေသည်။ ၎င်းထဲက အညစ်အကြေးများကိုပင် သေသေချာချာ သန့်စင်ဖယ်ရှားထားခြင်း မရှိခဲ့ချေ။
လော့မိုသည် အလွန်ပင် စိတ်ပျက်သွားခဲ့ရတော့သည်။ ဤကဲ့သို့သော လူတစ်ယောက်နှင့် ပြိုင်ဆိုင်ရခြင်းအပေါ် သူက ဘာဖြစ်လို့ စိတ်ဝင်စားမှု ရှိနေပါ့မလဲ။ ၎င်းက လူကြီးတစ်ယောက်က ကလေးတစ်ယောက်နှင့် ယှဉ်ပြိုင်ကစားနေသလိုမျိုး ဖြစ်ပေသည်။ ၎င်းနှင့် ပတ်သက်၍ ပြောစရာ စကား သိပ်မရှိလှဘဲ... သူ အနိုင်ရရှိခဲ့လျှင်ပင် လူအများက သူ့ကို ကလေးကို နှိပ်စက်ညှဉ်းပန်းသူတစ်ဦးအဖြစ်သာ ပြောဆိုကြမှာ ဖြစ်သည်။
"သခင်လေး လော့... မင်း ဤဆေးရတနာအပေါ်မှာ ဘယ်လိုမျိုး ထင်မြင်မိလဲ။"
တစ်စုံတစ်ဦးက လော့မို၏ အမူအရာကို သတိထားမိသွားခဲ့ကြရပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းလှသော အကြည့်များဖြင့် လှမ်း၍ မေးမြန်းလိုက်ကြသည်။
လော့မိုက သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။
"အကယ်၍ ဒါကို နွားတွေကို ကျွေးဖို့အတွက် ရည်ရွယ်တာဆိုရင်တော့... အတော်လေးကို အဆင်ပြေပါတယ်"
လော့မိုက ထိုသို့ ပြောဆိုလိုက်သည့် အခါတွင်မူ လူများစွာမှာ မရယ်မောဘဲ မနေနိုင် ဖြစ်သွားခဲ့ကြရတော့သည်။
လော့မိုက ယီယွင်ကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်ရင်း... ယီယွင်အနေဖြင့် ဝမ်ဖေးကောင်းကင်ဘုံကြီး၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ အဆင့်အတန်းမှာ မည်မျှလောက်အထိ ထိတ်လန့်ဖွယ်ရာ ကောင်းလှသလဲဆိုတာကို အမှန်တကယ်ပင် သိရှိထားခြင်း မရှိသေးတာ ဖြစ်နိုင်ကြောင်း ခံစားလိုက်မိသည်။
သို့သော်လည်း ယီယွင်နှင့် သူ၏ ပြိုင်ပွဲမှာ မင်းသား ချီရှန်းကိုယ်တိုင် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သဖြင့် သူ ဘယ်လိုမှ ငြင်းဆို၍ မရနိုင်ချေ။
သူ၏ လက်ချောင်းများကို တစ်ချက်မျှ တောက်ခေါက်လိုက်သည့် အခါတွင်မူ ရွှေရောင် ပျက်စီးခြင်းကောင်းကင် ဆေးဖော်စပ်ခြင်း ဖိုကွဲလေးတစ်ခုမှာ သူ၏ လက်ဝါးအလယ်ဗဟိုဆီမှ ချက်ချင်းပင် ခုန်ထွက်လာခဲ့ပြီ ဖြစ်သည်။ ၎င်းက ကြက်ဥတစ်လုံးခန့်သာ အရွယ်အစား ရှိသော သေးငယ်လှသည့် ရွှေရောင် ဖိုကွဲလေးတစ်ခု ဖြစ်ကာ သူ၏ လက်ချောင်းထိပ်ဖျားထက်တွင် အလွန်ပင် တက်ကြွစွာဖြင့် လည်ပတ်နေခဲ့တော့သည်။
ထိုပျက်စီးခြင်းကောင်းကင် ဖိုကွဲလေးကို ထုတ်ယူလိုက်ခြင်းအားဖြင့် သူက သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသတော့မှာ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
လူတိုင်းက ချက်ချင်းပင် အလွန်အမင်း စိတ်ဝင်စားသွားခဲ့ကြရတော့သည်။ လော့မိုသည် ဂီတနှင့် ပန်းချီအတတ်ပညာရပ်များကို ကိုယ်ခံပညာ လမ်းစဉ်၏ အခြေခံအဖြစ် အသုံးပြုခဲ့သူ ဖြစ်ပေသည်။ သူ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ အောင်မြင်မှုများမှာ အလွန်ပင် ထူးခြားမြင့်မားလှပေသည်။
သူ၏ အသက်အရွယ်နှင့်ဆိုလျှင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသူမှာ အလွန်ပင် နည်းပါးလှပြီး လော့ခွေ့နှင့် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလျှင်တော့ လော့မိုက အများကြီး ပိုမို၍ တော်လိမ့်ဦးမှာ သေချာလှပေသည်။
အကယ်၍ လော့မိုကဲ့သို့သော လူတစ်ဦးနှင့် ပြိုင်ဆိုင်ရမှာဆိုလျှင်တော့ ၎င်း၏ ဆန့်ကျင်ဘက်တွင် ရှိနေသူမှာ မင်းသမီး ခရမ်းပြာဝိဉာဉ် ကိုယ်တိုင် ဖြစ်နေခဲ့လျှင်ပင် သူမ၏ အဆင့်အတန်းကို ထိခိုက်ကျဆင်းစေမှာ မဟုတ်ချေ။
သို့သော်လည်း အကယ်၍ ၎င်းက ယီယွင်သာ ဖြစ်မယ်ဆိုလျှင်တော့ လူတိုင်းက ယီယွင်ကို ထူးဆန်းလှသော အကြည့်များဖြင့်သာ လှမ်း၍ ကြည့်လိုက်မိကြတော့သည်။
ယီယွင်ကလည်း မည်သည့် အဓိပ္ပာယ်မရှိလှသော စကားများကို ဆက်လက်၍ ပြောဆိုနေရခြင်းကို သဘောမကျသော လူတစ်ဦး ဖြစ်ပေသည်။ လော့မိုက သူ၏ ကိရိယာကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည့် အခါတွင် ယီယွင်ကလည်း သူ၏ ပျက်စီးခြင်းကောင်းကင် အစီအရင် ကျောက်ပြားဝိုင်း ကို အလွန်ပင် သဘာဝကျစွာဖြင့် ထုတ်ယူလိုက်တော့သည်။
လော့မိုသည် ယီယွင်၏ ပျက်စီးခြင်းကောင်းကင် အစီအရင် ကျောက်ပြားဝိုင်းကို မြင်တွေ့လိုက်ရသည့် အခါတွင် အနည်းငယ်မျှ ဆွံ့အမှင်တက်သွားခဲ့ရသည်။ သူက ယီယွင်က လော့ခွေ့အပေါ် အနိုင်ရရှိခဲ့သည့် အကြောင်းအရာကို အကျဉ်းချုပ်မျှသာ ကြားသိထားခဲ့ခြင်း ဖြစ်ပေသည်။
ယီယွင်က ဤကဲ့သို့သော အမြင့်မြတ်ဆုံး အဆင့်ရှိသည့် ကိရိယာမျိုးကို အသုံးပြုနေခဲ့တာ ဖြစ်ကြောင်းကို သူ မသိရှိထားခဲ့ချေ။
ဒါကြီးကို အသုံးပြုမှာလား။
လော့မို၏ စိတ်ထဲတွင် ထိုအစီအရင် ကျောက်ပြားဝိုင်းနှင့် ပတ်သက်၍ ထင်မြင်မိသည်မှာ... အကယ်၍ ၎င်းကို သူ့ထံသို့ အလကား ပေးအပ်ခဲ့မယ်ဆိုလျှင်ပင် သူက ၎င်းကို သူ၏ အစေခံထံသို့သာ ပေးအပ်လိုက်မှာ ဖြစ်ပြီး အမှိုက်များကို ပစ်ထုတ်ရန်အတွက် ဂေါ်ပြားတစ်ခုအဖြစ်သာ အသုံးပြုခိုင်းမှာ သေချာလှပေသည်။
"ငါတို့ ဘာကို ပြိုင်ကြမလဲ။"
ယီယွင်က လော့မို၏ ထူးဆန်းလှသော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။
"ဘာမဆို အဆင်ပြေပါတယ်။"
လော့မိုက သိပ်ပြီး စိတ်ဝင်စားမှု မရှိလှသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မင်းကို တစ်ချက်တော့ ကြိုတင် သတိပေးထားပါရစေ။ အကယ်၍ မင်းက ငါ့ကို ဆေးရတနာ ဖော်စပ်နေတဲ့ အချိန်မှာ ဖိုကွဲ ပေါက်ကွဲအောင် ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်ဆိုရင်တော့အဲ့ဒါက လုံးဝ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။"
ယီယွင်က ရယ်မောလိုက်သည်။ သူကလည်း လော့မို၏ ဖိုကွဲကို ပေါက်ကွဲအောင် ပြုလုပ်ရန်အတွက် အစီအစဉ် ရှိမနေခဲ့ချေ။ လော့မို၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အလွန်ပင် သန်မာလှကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။
သူက အပြည့်အဝ သတိထားနေခဲ့သည့် အခြေအနေမျိုးတွင် လော့မို၏ ပျက်စီးခြင်းကောင်းကင် ဖိုကွဲအတွင်းက စွမ်းအင် တည်ဆောက်ပုံကို သွားရောက် ထိခိုက်နှောင့်ယှက်ရန်ဆိုတာ ဘယ်လိုမှ မလွယ်ကူလှချေ။ ထို့အပြင် အကယ်၍ သူသာ ဤနည်းလမ်းကို ထပ်ခါတလဲလဲ အသုံးပြုနေခဲ့မယ်ဆိုလျှင် ၎င်းက အခြားသူများ၏ သံသယ ဝင်ခြင်းကို ခံရမှာ သေချာလှပေသည်။
ထို့ကြောင့် ယီယွင်က စတင်ကတည်းက လော့မိုနှင့် မျှတစွာဖြင့်သာ ယှဉ်ပြိုင်ရန်အတွက် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူက ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ ဝမ်ဖေး ကောင်းကင်ဘုံကြီးရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နဲ့ပဲ ပြိုင်ကြရအောင်"
အို.........
ယီယွင်က ထိုသို့ ပြောဆိုလိုက်သည့် အခါတွင်မူ ထိုနေရာတွင် ရှိနေကြသော လူတိုင်းမှာ အံ့အားသင့် ဆွံ့အသွားခဲ့ကြရတော့သည်။ ဝမ်ဖေး ကောင်းကင်ဘုံကြီး၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နှင့် ပြိုင်မလို့လား။
ယီယွင်က ၎င်းကို တကယ်ပဲ တတ်ကျွမ်းနားလည်နေတာလား။
သူတို့တစ်တွေ တစ်ခုခု မှားယွင်းတွေးတောမိနေခဲ့ကြတာ ဖြစ်နိုင်မလား။ ယီယွင်က တကယ်ပဲ ကျားတစ်ကောင်ကို စားပစ်ဖို့အတွက် ဝက်တစ်ကောင်အသွင် ဟန်ဆောင်နေခဲ့တာလား။
ယီယွင်က ပြုံးလျက်ဖြင့် ပြောလိုက်သည်။ "တကယ်တော့ ငါက ဝမ်ဖေး ကောင်းကင်ဘုံကြီးရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နဲ့ ပတ်သက်ပြီး တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို သိရှိထားပါတယ်။ အရင်တုန်းက ငါ မီးလျှံတိမ်တိုက် ပြည်နယ် ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်တုန်းက ကောင်းကင်မီးလျှံ ခန်းမဆောင် က တပည့်တစ်ယောက်ရဲ့ တောင်ပေါ်မှာ တာဝန်ပေးအပ်ခြင်း ခံခဲ့ရဖူးတယ်။
ထိုနေရာမှာ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို လေ့ကျင့်နေတဲ့ ထောင်အာ လို့ ခေါ်တဲ့ အစေခံ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး နေရာမှာတင် ငါက လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း စာအုပ်ကို ဖတ်ရှုခဲ့ဖူးပါတယ်။
ငါတို့တွေ လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ၇၂ ပါးသော နည်းစနစ်တွေကို အသုံးပြုပြီး ပြိုင်ဆိုင်ကြရအောင်... ပြီးတော့ နောက်ဆုံး ထွက်ပေါ်လာတဲ့ ဆေးရတနာရဲ့ အရည်အသွေးအပေါ် မူတည်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။"
ယီယွင်သည် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်၏ မည်သည့် အဆင့်မြင့်လှသော နည်းလမ်းမျိုးကိုမျှ မလေ့လာခဲ့ဖူးသဖြင့်... အကယ်၍ သူသာ ထိုအဆင့်မြင့် နည်းလမ်းများကို အသုံးပြုပြီး လော့မိုနှင့် ပြိုင်ဆိုင်ရမယ်ဆိုလျှင်တော့ ၎င်းက လုံးဝ လက်တွေ့မကျလှသော အရာတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အရင်တုန်းက သူသည် ဖုန်းလင်တောင် ပေါ်တွင် သာမန် အခြေခံ အစေခံ တပည့်တစ်ဦးအဖြစ်သာ ရှိနေခဲ့စဉ်တုန်းက သူက ဒဏ်ရာများကို ပြန်လည် ကုသနေခဲ့ရင်းဖြင့် ထောင်အာကို ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နှင့် ပတ်သက်၍ လဝက်ခန့် ကြာမြင့်အောင် လမ်းညွှန်ပြသပေးခဲ့ဖူးသည်။
ယီယွင်သည် ထောင်အာ လေ့ကျင့်ခဲ့သော ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နှင့် ပတ်သက်သမျှ အရာအားလုံးကို မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ယီယွင်သည် ထို ၇၂ ပါးသော အခြေခံ မိတ်ဆက်ခြင်း နည်းလမ်းများကို အပြည့်အဝ နားလည်သဘောပေါက်ထားခဲ့ခြင်း ဖြစ်သည်။
သူက အစေခံ မိန်းကလေးတစ်ယောက်နဲ့အတူ လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း စာအုပ်ကို လေ့လာဖတ်ရှုခဲ့တာ ဟုတ်လား။
ယီယွင်က ၎င်းကို အသုံးပြုပြီး ပြိုင်ဆိုင်လိုကြောင်း ကြားလိုက်ရသည့် အခါတွင်မူ မျိုးဆက်သစ် လူငယ် ပါရမီရှင်ကြီးများစွာ၏ မျက်နှာထက်တွင် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်မိသလိုမျိုး ခံစားချက်မျိုး ပေါ်ထွက်လာခဲ့ကြရတော့သည်။
ယီယွင်တွင် မည်သည့် လျှို့ဝှက်ချက် စွမ်းရည်မျိုး ရှိနေမလဲဆိုတာကို သူတို့တစ်တွေ တွေးတောမိနေခဲ့ကြတာကိုပဲ ကြည့်ဦး တကယ်တမ်း ယီယွင် ပြောဆိုလိုက်သည့် အရာက လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း စာအုပ်မျှသာ ဖြစ်နေခဲ့ရခြင်း ဖြစ်ပေသည်။
ဝမ်ဖေး ကောင်းကင်ဘုံကြီး၏ နက်ရှိုင်းလှသော ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်များနှင့် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလျှင်တော့ ထို ၇၂ ပါးသော အခြေခံ မိတ်ဆက်ခြင်း နည်းလမ်းများမှာ သမုဒ္ဒရာကြီးထဲက ရေတစ်စက်မျှပင် ရှိနေခဲ့ခြင်း မဟုတ်ချေ။
ယီယွင်က အခြေခံ မိတ်ဆက် စာအုပ်တစ်အုပ်ကို ဖတ်ရှုပြီးသည့်နောက်တွင်မှ သူက တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို သိရှိထားသည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုဝံ့ခြင်း ဖြစ်ပေသည်။
၎င်းကို အတင်းအကျပ် ဖိအားပေး၍ မရနိုင်ချေ။ ယီယွင်၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင်တော့ သူက တကယ်ပဲ လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း နှင့်သာ ထိုက်တန်လှပေသည်။
သို့သော်လည်း လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း ထဲတွင် ဖော်ပြထားခဲ့သော နည်းလမ်းများမှာ အလွန်ပင် လွယ်ကူလှသော်လည်း ဆေးရတနာကို သန့်စင်ဖော်စပ်နိုင်စွမ်းမှာမူ အလွန်ပင် အကန့်အသတ် ရှိလှပေသည်။
သို့သော်လည်း ယခုအခါတွင်မူ ယီယွင်က လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း ထဲတွင် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုပြီး တတိယအဆင့် ရှိသော ဖေးသားရဲ အရိုးကို သန့်စင်ဖော်စပ်လိုကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
၎င်းက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။