← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅)

မုသားများဖြင့် ပြည့်နှက်နေခြင်း

ကျူးကျူး၏မိထွေးနှင့် မုတ်ဆိတ်နှင့်လူကို မြေကြီးပေါ်တွင် ဖိနှိပ်ချုပ်ကိုင်ထားရာ သူတို့သည် အစမှအဆုံး အရာအားလုံးကို ရိုးရိုးသားသား ထွက်ဆိုကြတော့သည်။

ထိုအခါမှ ပဟေဠိအားလုံး ပြေလည်သွားတော့၏။

လွန်ခဲ့သော တစ်နှစ်က ကျန်းကျန်း၊ ကျူးကျူးတို့သည် သူတို့၏ဖခင်၊ မိထွေးဖြစ်သူတို့နှင့်အတူ ဤနေရာသို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က ဟွာကျွင်း၏ငွေကို သုံး၍ မိန်းကလေးငယ်များကို ဝယ်ယူနေသော လီနျန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြခြင်းဖြစ်သည်။

မိထွေးဖြစ်သူသည် ထိုညီအစ်မနှစ်ယောက်ကို အစကတည်းက မကြည်ဖြူသဖြင့် ဖခင်ဖြစ်သူ မသိအောင် ကျန်းကျန်းနှင့် ကျူးကျူးတို့ကို ခိုးရောင်းခဲ့၏။

ကျန်းကျန်းသည် ပန်းထိုးအလုပ်ရုံသို့ ရောက်ရှိလာပြီးနောက် သူမ၏ ကြိုးစားအားထုတ်မှုကြောင့် သူမနှင့် ကျူးကျူးတို့အတွက် ကောင်းမွန်သော နေ့ရက်အချို့ကို ဖန်တီးနိုင်ခဲ့သည်။

“ဒါဆို နောက်တော့ ဘာဖြစ်တာလဲ” ဟွာကျွင်း မေး၏။ “သူတို့က ရှင့်ဆီကို ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ”

ကျူးကျူး၏မိထွေးက ခေါင်းငုံ့ကာ ပြောသည်။

“နောက်တော့ သူတို့အဖေက သူများဆီမှာ အလုပ်လုပ်ရင်း ထုတ်တန်းပေါ်က ပြုတ်ကျပြီး လေဖြတ်သွားတယ်။ အဲဒါကြောင့်... အဲဒါကြောင့် ကျွန်မလည်း သူ့အဖေကို ပြုစုဖို့ ကျန်းကျန်းကို ပြန်ခေါ်လိုက်တာ...”

သူမက ခေါင်းကိုမော့ကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုပြန်၏။

“သူဌေးမဟွာ၊ ဒါကို ကျွန်မကို အပြစ်တင်လို့ မရဘူးနော်။ အဖေဖြစ်သူကို ပြုစုဖို့ သူပြန်မလာရင် ဒါဟာ မိဘအပေါ် မသိတတ်ရာ ရောက်တာပေါ့၊ အဲဒီလိုလူမျိုးက မိုးကြိုးပစ်ခံရမှာ”

ဟွာကျွင်းမှာ ထိုဆူညံသံကြောင့် ခေါင်းကိုက်သွားရသည်။ သူမသည် ထိုစကားကို ပြန်မပြောတော့ဘဲ မေးခွန်းထုတ်လိုက်၏။

“သူတို့အဖေကော ဘယ်မှာလဲ၊ ရွာထဲမှာလား”

အမျိုးသမီးက ကြောက်ကြောက်လန့်လန့်ဖြင့် ဖြေ၏။

“သူ... သူက ကံမကောင်းရှာပါဘူး။ ဆောင်းတွင်းပြီးတာနဲ့ သူ... သူ ဆုံးသွားတယ်...”

“အဲဒီတော့ ကျန်းကျန်းနဲ့ ကျူးကျူးက ရှင့်နဲ့အတူ ဆက်နေခဲ့တာပေါ့”

“ဟုတ်... ဟုတ်ကဲ့...”

ဟွာကျွင်း ဆက်မေးသည်။

“သူတို့ကို ဘယ်တုန်းက စပြီး မြေအောက်တွင်းထဲမှာ ပိတ်လှောင်ထားတာလဲ”

“လွန်ခဲ့တဲ့ လအနည်းငယ်က ကျန်းကျန်း ရုတ်တရက် မေ့လဲသွားတယ်။ အဲဒါ ကူးစက်ရောဂါ ဖြစ်မှာစိုးလို့ လူတိုင်းရဲ့ အကျိုးအတွက် သူ့ကို ပိတ်ထားတာပါ... သူဌေးမဟွာ၊ ကျွန်မ ဘာမှမမှားဘူးနော်။ အကယ်၍ ဒီရောဂါသာ ပြန့်သွားရင် တစ်ရွာလုံး ဒုက္ခရောက်ကုန်မှာ”

သူမသည် ကိုယ်ကို လှုပ်ယမ်းကာ သူမနောက်မှ လူများကို အော်ပြော၏။

“နင်တို့အားလုံး ငါ့ကို ကျေးဇူးတင်သင့်တာ”

ဤသည်မှာ ဟာသတစ်ခုပင်။ အခြေခံအသိရှိသူတိုင်း ကျန်းကျန်းမှာ ကူးစက်ရောဂါ ရှိ၊ မရှိ ခွဲခြားနိုင်ကြပါ၏။

သူမကတော့ သူမကိုယ်သူမ အလွန်မြင့်မြတ်သော အကြောင်းပြချက် ပေးနေသေး၏။

‘ဒီမိန်းမကတော့ မုသားတွေနဲ့ ပြည့်နှက်နေတာပဲ’

သူမနောက်က လူများသည်လည်း သူမ၏ အရှက်မရှိမှုကို ဒေါသထွက်ကာ ဆဲဆိုကြ၊ ခြေဆောင့်ကြတော့သည်။

“ဒါက ပလိပ်ရောဂါ ဟုတ်မဟုတ်ဆိုတာ နင့်သဘောနဲ့နင် ဆုံးဖြတ်လို့ ရတာလား”

“ကျေးဇူးတင်ရမယ် ဟုတ်လား၊ နင်က ဘယ်လိုမျက်နှာမျိုးနဲ့ ပြောတာလဲ”

ကျူးကျူး၏မိထွေး ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်မရဲ့ စေတနာက ကောင်းပါတယ်။ သတိထားတာ အမြဲတမ်း မှန်တာပဲ မဟုတ်လား”

ဟွာကျွင်း မေးလိုက်သည်။

“သူတို့ကို ပိတ်လှောင်ထားပြီးရင် ဘာလို့ ထမင်းမကျွေးတာလဲ”

“သူ သေမှမသေသေးတာ။ သူတို့ ကြိုးကျစ်ပြီး ပိုက်ဆံရှာနေတာပဲ မဟုတ်လား၊ ကျွန်မ မသိဘူး ထင်နေလား၊ သူတို့ဆီက ပိုက်ဆံမတောင်းတာပဲ ကျေးဇူးတင်ရမယ်။ ဘယ်လို အရွယ်ရောက်ပြီးသား သမီးမျိုးက အိမ်ကို မကူညီဘဲ နေမှာလဲ”

ဒေါ်လေးပန်း အော်ဟစ်လိုက်၏။

“ကြိုးကျစ်တာက ဘယ်လောက်ရလို့လဲ၊ ကလေးတစ်ယောက်နဲ့ လူမမာတစ်ယောက်၊ နှစ်ယောက်ပေါင်းမှ တစ်ရက်ကို ကြေးပြားနှစ်ပြားပဲ ရတာ။ အဲဒါကို ကျူးကျူးက မြို့ထဲအထိ တစ်နေကုန် လမ်းလျှောက်သွားရောင်းရတာ၊ မိခင်တစ်ယောက်အနေနဲ့ နင် ဘယ်လိုလုပ်ရက်တာလဲ၊ ငါထင်တာတော့ နင် သူတို့ကို ငတ်သေအောင် လုပ်ချင်နေတာပဲ”

ကြေးပြားနှစ်ပြားဆိုသည်မှာ ပေါက်စီနှစ်လုံးသာ ဝယ်နိုင်၏။ ထိုမိန်းကလေးနှစ်ဦးမှာ ပေါက်စီနှစ်လုံးကို တစ်ပတ်လုံး မျှစားခဲ့ရခြင်း ဖြစ်သည်။

အများအားဖြင့် ကျန်းကျန်းက ညီမဖြစ်သူကို ကျွေးကာ သူမကိုယ်တိုင်ကတော့ အောင့်အည်းနေခဲ့ရသည်။

ကျူးကျူး၏မိထွေးက မောက်မာစွာ ပြန်ပြော၏။

“ဒါက ကျွန်မအိမ်တွင်းရေးပဲ၊ ကျွန်မ ထမင်းကျွေး ကျွေး၊ မကျွေး မကျွေး ရှင်တို့က ဘယ်လိုသိလဲ။ ဒါ့အပြင် သူတို့က ဒီလောက် နေမကောင်းဖြစ်နေတာကို အိမ်ကနေ မနှင်ထုတ်တာပဲ တော်လှပြီ”

ဟွာကျွင်းက ပြုံးလျက် ပြန်ပြော၏။

“နှင်မထုတ်ဘူး ဟုတ်လား၊ ဟုတ်မှာပါ၊ အိမ်အတွက်ဆိုတော့ နင်တို့က ဘယ်နှင်ထုတ်ပါ့မလဲ”

သူမ စကားဆွံ့သွားပြီး ထစ်ငေါ့ထစ်ငေါ့ ပြန်ပြောလိုက်သည်။

“ဘာအိမ်လဲ ဒါ ကျွန်မအိမ်ပါ...”

ရွာလူကြီးက သတိဝင်လာပြီး ဝင်ပြော၏။

“ဟုတ်သားပဲ နင်က ငါတို့ရွာကလူ ဟုတ်လို့လား၊ ငါတို့ရွာက အိမ်မှာ ဘယ်လိုဖြစ်ပြီး နေနေတာလဲ”

သူမ ခေါင်းမာစွာ ပြန်ပြောသည်။

“ကျွန်မက ဒီရွာကပါပဲ၊ အိမ်ကိုလည်း ရွာကပဲ ချပေးတာ။ ကျွန်မမှာ အထောက်အထား ရှိတယ်...”

ရွာလူကြီးသည် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သိလိုက်ပြီး ရေရွတ်နေမိသည်။

“ဒါ မဖြစ်နိုင်ဘူး...”

ဟွာကျွင်းက ကျူးကျူး၏မိထွေးကို ပြောလိုက်သည်။

“ကျွန်မ မှတ်မိသလောက်တော့ ကျန်းကျန်းနဲ့ ကျူးကျူးကို ဝယ်ဖို့ ကျွန်မ ငွေပေးခဲ့ရတယ်။ အခု သူတို့က ရှင့်ဆီမှာ ရောက်နေတာဆိုတော့ အဲဒီငွေကို ကျွန်မဆီ ပြန်ပေးသင့်တယ် မဟုတ်လား”

လီနျန်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွား၏။ သူမသည် ဟွာကျွင်းကို တစ်ခုခု ပြောချင်သော်လည်း ဟွာကျွင်းက ခေါင်းခါပြလိုက်သည်။

ကျူးကျူး၏မိထွေးသည် ဘေးက မုတ်ဆိတ်နှင့်လူကို လှမ်းကြည့်၏။ မုတ်ဆိတ်နှင့်လူက ခေါင်းငုံ့ထားပြီး သူမကို ကြည့်ပင်မကြည့်ပေ။

သူမသည် တခြားနည်းလမ်းမရှိတော့သဖြင့် ပြောတော့သည်။

“ပိုက်ဆံက... ပိုက်ဆံက သူတို့အဖေ ရောဂါကုဖို့ သုံးလိုက်လို့ ကုန်သွားပြီ... ဘာပဲဖြစ်ဖြစ် အခု သူတို့က ရှင့်ဆီမှာပဲလေ။ အဆိုးဆုံးကတော့ ကျွန်မ သူတို့ကို အလိုမရှိတော့ဘူး၊ ရှင့်ကို ပြန်ပေးလိုက်မယ်”

“အောက်တန်းကျလိုက်တာ၊ အရှက်မရှိလိုက်တာ” ဒေါ်လေးအန်း ထိုသို့ပြော၍ တံတွေးနှင့် ထွေးလိုက်သည်။

ဟွာကျွင်း ဆက်ပြော၏။

“ဒါက ရုံးတော် မဟုတ်ဘူး၊ ကျွန်မတို့တွေက ဒါကို မစီရင်နိုင်ဘူး။ သူတို့ကို အာဏာပိုင်တွေဆီ ပို့လိုက်ကြရအောင်။ အာဏာပိုင်တွေက သေချာပေါက် စီရင်ပါလိမ့်မယ်”

သူမ ပြောပြီးသည်နှင့် အောက်က လူနှစ်ယောက်မှာ ပျာယာခတ်သွားကြသည်။ အထူးသဖြင့် ကျူးကျူး၏မိထွေးမှာ ခုန်ထပြီး အော်တော့၏။

“ကျွန်မက ဘာပြစ်မှု ကျူးလွန်လို့လဲ၊ ဘာလို့ အာဏာပိုင်တွေဆီ ပို့မှာလဲ”

“နင်က ကျန်းကျန်းကို တရားမဝင် ပိတ်လှောင်ထားပြီး သူတို့နှစ်ယောက်လုံးကို နှိပ်စက်ခဲ့တယ်။ အဲဒါ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးလား”

“ရှင်တို့ပြောတဲ့ တရားမဝင် ပိတ်လှောင်တာမျိုး ကျွန်မ မလုပ်ဘူး။ ကျွန်မ ပြောပြီးပြီလေ၊ သူ ကူးစက်ရောဂါ ရှိတယ်ထင်လို့ ပိတ်ထားတာလို့၊ အဆိုးဆုံးကတော့ ကျွန်မမှာ အသိပညာနည်းတာပဲ ရှိမယ်၊ ပြီးတော့ နှိပ်စက်တာလည်း မလုပ်ဘူး။ ရှင်တို့... ရှင်တို့မှာ အထောက်အထား မရှိဘူး”

မုတ်ဆိတ်နှင့်လူကလည်း ဝင်ပြော၏။

“ငါက ပိုတောင် မတရားခံရသေးတယ်။ အိမ်ထဲမှာ နေနေတာကို ခင်ဗျား တို့က ရုတ်တရက် လာဖမ်းတယ်။ ငါ မင်င်တို့ကို တရားပြန်စွဲမယ်။ ဟိုကောင်လေးက ငါ့ကို ကြိုးကွင်းစွပ် သတ်မလို့ လုပ်ခဲ့ပြီး ငါ့ကို အကြောင်းမရှိ ရိုက်နှက်ခဲ့တယ်။ ဟုတ်တယ်၊ ငါ သူ့ကို အရင်ဆုံး တရားစွဲမယ်”

ရုတ်တရက် ပြန်လည် တရားစွဲမည်ဟု ပြောသဖြင့် အားလုံးမှာ သူတို့၏ အရှက်မရှိမှုကို အံ့ဩသွားကြ၏။

အထူးသဖြင့် မုတ်ဆိတ်နှင့်လူက လက်ညှိုးထိုးပြသော ကောင်လေးမှာ လက်မောင်းကို ပင့်တင်ကာ သူ့ကို ထပ်ရိုက်ရန် အသင့်ဖြစ်နေ၏။

“အာချင်း၊ ခဏစောင့်ဦး” လီနျန် လှမ်းခေါ်လိုက်သည်။

ဒေါ်လေးပန်း ဆဲလိုက်၏။

“နင်တို့ပြောပုံအရဆိုရင် ငါတို့ကတောင် နင်တို့ကို ပြန်လျော်ပေးရဦးမှာလား”

လီနျန်က ရှေ့သို့ လျှောက်လာပြီး ဟွာကျွင်းကို တိုးတိုးလေး မေးလိုက်သည်။

“သူဌေးမဟွာ၊ သူပြောတာလည်း မှန်နေသလိုပဲ... ကျွန်မတို့တွေက ဘယ်လို အကြောင်းပြချက်နဲ့ အာဏာပိုင်တွေကို တိုင်မလဲ”

‘သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရမလား၊ ဒါဆို ကျန်းကျန်းနဲ့ ကျူးကျူးတို့ ခံစားခဲ့ရတာတွေက အလကား ဖြစ်သွားမှာလား’

ဟွာကျွင်း ပြန်ပြော၏။

“ဒီမှာ တရားမဝင် ပိတ်လှောင်မှုဆိုတဲ့ ပြစ်မှု မရှိဘူးလား”

သူမက မော့ချွမ်းကို ကြည့်လိုက်သည်။

“နှိပ်စက်ညှဉ်းပန်းမှု ပြစ်မှုလည်း မရှိဘူးလား”

လီနျန်က ခေါင်းခါပြပြီး မော့ချွမ်းကလည်း ခေါင်းခါပြသည်။

မော့ချွမ်း တိုးတိုးလေး ကပ်ပြော၏။

“သူပြောတာ မမှားဘူး။ ဒါက တကယ်ပဲ ဖြစ်နေပြီး လူသေဆုံးတာမျိုး မရှိဘူး။ ပုံမှန်အားဖြင့် အာဏာပိုင်တွေက ဒီလိုကိစ္စမျိုးကို ကိုင်တွယ်လေ့ မရှိဘူး”

ဟွာကျွင်းမှာ ရင်ထဲတွင် ငိုချင်သွားသည်။ သူမ ဤအချက်ကို မစဉ်းစားမိခဲ့ပေ။

သူတို့၏ စိတ်ပျက်နေသော အမူအရာကို မြင်သောအခါ မုတ်ဆိတ်နှင့်လူမှာ ပို၍ မောက်မာလာ၏။

“ငါ့ကို တရားမစွဲစေချင်ရင် မြန်မြန်လွှတ်ပေးပြီး ငါ့ကို ငွေနဲဘ လျော်ကြေးပေး။ ငါ လိုချင်တာ... ငွေတေး တစ်ရာပဲ”

ဆိုင်ထဲတွင် ချက်ချင်း ဆူညံသွားသည်။

“နင်က ဘယ်သူမလို့ ငွေတေးတစ်ရာ တောင်းရတာလဲ”

“မိန်းကလေး နှစ်ယောက်ကို ပိတ်လှောင်ပြီး သတ်လုနီးပါး လုပ်ထားတာတောင် ငွေတောင်းရဲသေးတယ်ပေါ့၊ အရှက်မရှိလိုက်တာ”

“တောက် မတားနဲ့၊ ဒီလူယုတ်မာတွေကို ငါ ရိုက်သတ်ပစ်မယ်”

မော့ချွမ်း ဟွာကျွင်းဘက်ကို ကိုင်းညွတ်ပြီး ပြောလိုက်၏။

“သူ့ကို အရင် ငွေတစ်ရာ ပေးလိုက်ရင်ကော၊ သူတို့ ထွက်သွားပြီးမှ ကျွန်တော် သူတို့ကို တစ်နေရာမှာ စီရင်ပြီး ငွေပြန်ယူလိုက်မယ်”

ဟွာကျွင်းက မော့ချွမ်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ မော့ချွမ်းက ခေါင်းညိတ်ပြပြီး သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ပုတ်ပြလိုက်၏။

ဟွာကျွင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။

“မော့ချွမ်း၊ မြန်မြန်သွားပြီး အာဏာပိုင်တွေကို သတင်းပို့လိုက်ပါ”

မော့ချွမ်း မေးသည်။

“ဟို... တကယ်ပဲ သွားတိုင်မှာလား၊ ဘာပြောရမလဲ”

မုတ်ဆိတ်နှင့်လူက အော်ဟစ်တော့သည်။

“ဘာလို့ အာဏာပိုင်တွေကို တိုင်နေသေးတာလဲ၊ ငါပြောပြီးပြီလေ၊ အာဏာပိုင်တွေ ဒါကို မကိုင်တွယ်ဘူးလို့၊ အဲဒီလိုဆိုရင် ငါ တစ်ရာတည်းနဲ့ မကျေနပ်တော့ဘူးနော်”

ကျူးကျူး၏မိထွေးကလည်း ဝိုင်းအော်၏။

“တိုင်စမ်း၊ တိုင်စမ်း၊ အာဏာပိုင်တွေက ငါ့ကို ဖမ်းမလား၊ နင်တို့ကို ဖမ်းမလားဆိုတာ ကြည့်ကြတာပေါ့”

All Chapters