← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆)

စာရင်းဟောင်းတွေကို ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့

“ရှင်တို့ကတော့ နံရံနဲ့ ခေါင်း မတိုက်မိသရွေ့ နောင်တရမယ့်ပုံ မပေါ်ဘူးပဲ၊ ကျွန်မ မေးမယ်။ ရှင်တို့ ကျန်းကျန်းနဲ့ ကျူးကျူးကို ကျွန်မဆီ ရောင်းခဲ့တာ မဟုတ်လား”

“ရောင်းတော့ ဘာဖြစ်လဲ၊ အခုပဲ ရှင့်ဆီ ပြန်ရောက်သွားပြီ မဟုတ်လား”

“ရှင်တို့ ရောင်းခဲ့တဲ့အတွက် သူတို့က ကျွန်မလူတွေ ဖြစ်သွားပြီ။ အခု ကျွန်မလူတွေကို ရှင်တို့က ခိုးယူသွားတာ တစ်နှစ်ခွဲတောင် ရှိပြီ။ ကျွန်မ ပန်းထိုးအလုပ်ရုံက ဘယ်လောက် အရောင်းသွက်တယ်ဆိုတာ ရှင်တို့ သိလား။ ဒီကိစ္စကြောင့် ကျွန်မအလုပ်ရုံမှာ ဘယ်လောက်အထိ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရသလဲဆိုတာ ရှင်တို့ သိလား”

“တစ်ယောက်ကို တစ်လ အဝတ်အစား လေးစုံနှုန်းနဲ့ တွက်ရင် တစ်နှစ်ခွဲမှာ (၂၄) စုံ ရှိတယ်။ ကျွန်မအလုပ်ရုံက အဝတ်အစား တစ်စုံကို ငွေ (၁၃) တေး ရောင်းရတာ။ ဒါကြောင့် ရှင်တို့ ကျွန်မကို ငွေ (၃၁၂) တေး ပြန်ပေးရမယ်”

“ညီမလေး ထွက်သွားတုန်းက ကျန်းမာရေး အကောင်းကြီး၊ အခု ပြန်ရောက်တော့ တစ်ပိုင်းသေသလို ဖြစ်နေပြီ။ ပစ္စည်းတစ်ခု ပျက်စီးသွားရင်တောင် လျော်ကြေးပေးရသေးတာပဲ မဟုတ်လား။ ကျွန်မလူကို ဒီလိုမျိုး ဖျက်ဆီးပစ်တာဆိုတော့ လျော်ကြေးပေးဖို့က တရားမျှတပါတယ်နော်”

“ကျန်းကျန်းရဲ့ တစ်နေ့လုပ်အားခက ကြေးပြား (၅၀)၊ အဲဒီတော့ ဒီထိခိုက်နစ်နာကြေးက ကြေးပြား (၃၀၀၀) ဖြစ်မယ်”

“ပြီးတော့ ညီမလေးတို့ အလုပ်ပြန်မလုပ်နိုင်ခင် ကျွန်မတို့ဆီမှာ တစ်နှစ်ခွဲလောက် အနားယူရဦးမယ်။ ဒီတစ်နှစ်ခွဲစာ အာဟာရဖိုး၊ ဆေးဝါးဖိုး၊ တည်းခိုဖိုး ဝင်ငွေမဲ့နစ်နာကြေးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ပေးရတဲ့ လုပ်အားခ အကုန်လုံးကို ရှင်တို့ ပေးရမယ်”

“ခုနကတင် သမားတော်ကို ဆေးဖိုးနဲ့ အခဖိုး ငွေ (၆) တေး ပေးလိုက်ရတယ်။ တစ်လတစ်ခါ ဆရာဝန်ပြမယ်ဆိုရင် တစ်နှစ်ခွဲအတွက် ငွေ (၃၆) တေး ကျမယ်”

“အာဟာရကလည်း မရှိမဖြစ်ပဲ။ ကလေးနှစ်ယောက်အတွက် နေ့တိုင်း ကြက်ဥ၊ နို့၊ ဆန်ချော၊ အမဲသားနဲ့ ဂျုံမှုန့် အကောင်းစားတွေ ကျွေးမယ်ဆိုရင် တစ်လမှာ တစ်ယောက်ကို ငွေ (၁၀) တေး ကုန်မယ်။ အဲဒါကြောင့် ငွေ တေး (၆၀) ပေးရမယ်”

“ပြုစုစောင့်ရှောက်ဖို့ကျတော့ တခြားသူတွေက အလုပ်များနေကြသလို ကျွန်မကလည်း စိတ်မချဘူး။ ဒါကြောင့် ကျွန်မကိုယ်တိုင်ပဲ ကြည့်ပေးရမယ်။ ကျွန်မရဲ့ အချိန်က ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ ရှင်တို့ သိလား။ ကျွန်မက တစ်နာရီချင်းစီ အခကြေးငွေ ယူတာ”

“တစ်နာရီကို ငွေ (၅) တေး၊ တစ်နေ့ကို (၈) နာရီ ပြုစုမယ်ဆိုရင် တစ်နေ့ကို ငွေ တေး (၄၀) ကျမယ်။ တစ်နှစ်ခွဲစာအတွက်ဆိုရင် ရှင်တို့ ကျွန်မကို ငွေ တေး (၇၂၀၀) ပေးရမယ်”

“ဒါ့အပြင် ဒီအိမ်က ကျန်းကျန်းနဲ့ ကျူးကျူးအတွက် ချပေးထားတာ။ ရှင်တို့က သူတို့ကို ရောင်းစားခဲ့ပြီးပြီဆိုတော့ သူတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး။ ရှင်တို့က အိမ်ကို တစ်နှစ်ခွဲနီးပါး အပိုင်စီးထားတာဆိုတော့ အာဏာပိုင်တွေက ကျွန်မကို ဖြေရှင်းချက်တစ်ခု ပေးလိမ့်မယ်လို့ ထင်တယ်”

“ကျွန်မတို့ရွာက မြေတစ်လက်မဟာ ရွှေတစ်လက်မလောက် တန်ဖိုးရှိတယ်ဆိုတာ သိလား။ ဒီတစ်နှစ်ခွဲစာ တည်းခိုဖိုးတွေကို ကျွန်မ ရှင်တို့နဲ့ ဖြည်းဖြည်းချင်း တွက်မယ်”

“ကျွန်မ ရှင်တို့ကို မလိမ်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်နီးချင်းခရိုင်မှာ လီသူဌေးက အခန်းနှစ်ခန်းပါတဲ့ အိမ်ကို တစ်လ ငွေ တေး (၃၀) နဲ့ ငှားချင်လို့ လာပြောသေးတယ်။ အဲဒီနှုန်းနဲ့ဆိုရင် ရှင်တို့ ကျွန်မကို ငွေ တေး (၁၈၀) ပေးရမယ်”

“ရှင်တို့ နေသွားတဲ့ အိမ်ကိုလည်း ကျွန်မ ပြန်ပြင်ရဦးမှာ မဟုတ်လား၊ အဲဒါက နောက်ထပ် ငွေ တေး (၃၀) ကုန်မယ်”

“အကုန်ပေါင်းလိုက်ရင် ငွေ တေး (၈၁၃၃) ကျမယ်။ တွက်ရတာ လွယ်သွားအောင် (၈၁၃၀) ပဲ ထားလိုက်တော့”

ဤကဲ့သို့ စာရင်းတွက်ချက်ပြီးနောက် မုန့်ဆိုင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ဒေါ်လေးပန်းမှာလည်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေချေပြီ။

‘တကယ့်ကို စာရင်းအကြီးအကျယ် တွက်ချက်မှုပဲ’

ဟွာကျွင်းက အခကြေးငွေများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ပြောဆိုလိုက်ရာ စုစုပေါင်း ငွေတေး (၈၁၀၀) ကျော်အထိ ရှိသွားသည်။

မယုံနိုင်လောက်သည့် ပမာဏကြီးပင်။ ခုနက မုတ်ဆိတ်နှင့်လူ တောင်းဆိုခဲ့သည့် ငွေ တေး (၁၀၀) ဆိုသည်မှာ ဘာမှမဟုတ်တော့ဟု အားလုံးက ခံစားလိုက်ရသည်။

မော့ချွမ်းကတော့ ထိုလူနှစ်ယောက်ကိုပင် သနားမိသွား၏။ သူတို့ကို ချက်ချင်း သတ်ပစ်လိုက်တာကမှ ပိုသက်သာဦးမည်ဟု တွေးမိလိုက်သည်။

ကျူးကျူး၏မိထွေးနှင့် မုတ်ဆိတ်နှင့်လူမှာ အတန်ကြာ မှင်တက်နေပြီးမှ သတိဝင်လာကြသည်။

မိထွေးဖြစ်သူ ပြောလိုက်၏။

“နင်... နင်ပြောချင်ရာတွေ လျှောက်ပြောနေတာလား၊ နင်ဘာတွေ ပြောနေတာလဲဆိုတာ ငါ တစ်ခုမှ နားမလည်ဘူး...”

မုတ်ဆိတ်နှင့်လူကလည်း အော်လိုက်သည်။

“နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ၊ ငါတို့ နင့်ကို အဲဒီလောက် ပိုက်ဆံအကြွေး မတင်ထားဘူး”

ဟွာကျွင်းက နှာခေါင်းရှုံ့လျက် ပြန်ပြော၏။

“ကျွန်မတွက်ချက်တာတွေ အကုန်လုံးက ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိသလို ဈေးနှုန်းတွေကလည်း ရှင်းရှင်းလင်းလင်း ရှိတယ်။ စိတ်မပူပါနဲ့၊ ဒါတွေကို တစ်ခုချင်းစီ ရေးမှတ်ပြီး မြို့ဝန်မင်း ကျောက် ကို နောက်ဆုံး ဆုံးဖြတ်ခိုင်းပါ့မယ်”

ထိုလူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နဖူးမှ ချွေးစေးများပင် စီးကျလာတော့သည်။

စကားတွေ အများကြီး ပြောလိုက်ရသဖြင့် ဟွာကျွင်းလည်း ပင်ပန်းသွားကာ မော့ချွမ်းကို မှာလိုက်၏။

“သူတို့ကို ခဏ ချုပ်ထားလိုက်ပါ။ ရုံးတော်ကလူတွေ လာခေါ်တဲ့အထိ စောင့်ကြတာပေါ့။”

မော့ချွမ်း စကားမပြောရသေးခင်မှာပင် ကင်းသမားများက “ဟုတ်ကဲ့ပါ” ဟု တညီတညွတ်တည်း ပြန်ထူးကာ ထိုလူနှစ်ဦးကို မလိုက်ကြသည်။

ထိုအခါမှ ထိုသူနှစ်ဦးမှာ ကြောက်လန့်တကြား အော်ဟစ်တော့၏။

“လျော်ကြေး မလိုချင်တော့ပါဘူး၊ ဟို ငွေ တေး (၁၀၀) ကိုလည်း မတောင်းတော့ပါဘူး...”

ကင်းသမားများက သူတို့ပါးစပ်ကို ပိတ်ကာ အပြင်သို့ အမြန်ဆွဲထုတ်သွားကြသည်။

ဟွာကျွင်း အားလုံးကို ပြောလိုက်၏။

“အားလုံးကို ကျေးဇူးတင်ပါတယ်၊ တကယ့်ကို ပင်ပန်းသွားကြပါပြီ။ လီနျန် ဒီနေ့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ လူအားလုံးရဲ့ နာမည်ကို မှတ်ထားပေးပါ။ လကုန်ရင် အားလုံးကို ဆုကြေးငွေ ပေးပါ့မယ်”

သူတို့ လက်မခံရဲပေ။

“သူဌေးမဟွာ၊ ဒါက ကျွန်တော်တို့တွေ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ”

ထို့နောက် လက်ခါပြကြ၏။

“ဒီလောက် လူအကြီးကြီး နှစ်ယောက်ကို ကျွန်တော်တို့မျက်စိအောက်မှာ တစ်နှစ်ခွဲလုံး ပိတ်လှောင်ထားတာကိုတောင် သတိမထားမိခဲ့ဘူး။ ကျွန်တော်တို့တွေ ရှက်တောင် ရှက်မိပါတယ်။ ဘယ်လိုလုပ်ပြီး ပိုက်ဆံ ယူရဲမှာလဲ။ ဒါကကျွန်တော်တို့တွေကို လှောင်ပြောင်နေသလို ဖြစ်မှာပေါ့”

ရွာလူကြီး ရုတ်တရက် ရှေ့သို့ တုန်တုန်ရင်ရင်ဖြင့် တိုးလာပြီး ဟွာကျွင်းရှေ့တွင် ဒူးထောက်လိုက်ကာ နောင်တကြီးစွာ ပြောလိုက်၏။

“သူဌေးမဟွာ ကျွန်တော် ရွာလူကြီးတစ်ယောက်အနေနဲ့ အရမ်းရှက်ဖို့ ကောင်းပါတယ်။ ဒီနေ့ကစပြီး ဒီတာဝန်ကနေ နှုတ်ထွက်ပါရစေ”

ဟွာကျွင်း သူ့ကို အမြန်ထူပေးလိုက်သည်။

“ရွာလူကြီး၊ လူတစ်ယောက်ကို ဖုံးကွယ်ထားဖို့ဆိုတာ မခက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့”

“ဒါတင်မကဘူး၊ အိမ်တွေ ချပေးတုန်းက အထောက်အထားတွေကို သေသေချာချာ စစ်ဆေးခဲ့ရင် သူတို့ ကျန်းကျန်းနဲ့ ကျူးကျူးရဲ့ အိမ်တွေကို အပိုင်စီးနိုင်မှာ မဟုတ်ဘူး”

လီနျန်ကလည်း ရှေ့တိုးလာပြီး ပြော၏။

“သူဌေးမဟွာ၊ ကျွန်မမှာ ပိုပြီး အပြစ်ရှိပါတယ်”

“ညီအစ်မနှစ်ယောက်ကို လွယ်လွယ်နဲ့ ထွက်သွားခွင့် မပေးသင့်သလို၊ သူတို့ ထွက်သွားပြီးနောက်မှာလည်း သူတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ပြန်သိမ်းဖို့ မေ့သွားခဲ့တယ်။ အဲဒါကြောင့် ဒီပြဿနာတွေ အကုန်ဖြစ်လာတာပါ”

ဤရွာတွင် ဒုက္ခသည်အဖြစ် အိမ်ထောင်စုစာရင်း ရထားသူဖြစ်စေ၊ ဝယ်ယူထားသူဖြစ်စေ ရွာက ကိုယ်ပိုင် ထုတ်ပေးထားသော အထောက်အထား စာရွက်စာတမ်းများ ရှိကြသည်။ ထိုစာရွက်စာတမ်းများ ရှိမှသာ ရွာကပေးသော အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်၏။ ဥပမာ မြေရယူခြင်း၊ မျိုးစေ့ရယူခြင်း၊ မူလတန်းကျောင်းတက်ခြင်း သို့မဟုတ် အိမ်ရရှိခြင်း စသည်တို့ ဖြစ်သည်။

ကျူးကျူး၏မိထွေးမှာ သူတို့ကို ရောင်းစားရန် ပြင်နေစဉ်မှာပင် ရွာမှ အိမ်များချပေးခြင်းနှင့် တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။

အထောက်အထား စာရွက်စာတမ်း ပြနိုင်ရုံနှင့် အိမ်ရနိုင်သည်ကို သူမ သိသွားခဲ့၏။ ထို့ပြင် ကျန်းကျန်းတွင် စာရွက်နှစ်စောင် ရှိသည်ကိုလည်း သူမ သိနေသဖြင့် ထိုစာရွက်များကို လုယူကာ အိမ်ကို အပိုင်စီးလိုက်ခြင်း ဖြစ်သည်။

ဟွာကျွင်း ပြောလိုက်သည်။

“အဲဒီလိုဆိုရင်တော့ ကျွန်မရဲ့ အမှားက အကြီးဆုံးပေါ့။ ဒီလောက် အချိန်အကြာကြီး ရွာရဲ့အရေးကိစ္စတွေကို တစ်ချက်ကလေးတောင် မမေးမိခဲ့ဘူး”

သူမ ဆက်ပြော၏။

“လီနျန် အဲဒီအချိန်တုန်းက ပန်းထိုးအလုပ်ရုံက အခုမှ တည်ထောင်ခါစပဲ ရှိသေးသလို အစီအစဉ်တွေကလည်း မကျသေးဘူးလေ။ အမှားအယွင်းရှိတာ သဘာဝပါပဲ။ ရွာလူကြီး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့။ ကျွန်မတို့တွေ အားလုံးက ဒါမျိုးကို ပထမဆုံး ကြုံဖူးတာပဲလေ။ ဘယ်သူကများ အိမ်ကို ဒီလို လိမ်ယူမယ်လို့ ထင်မှာလဲ”

“ဒါပေမဲ့ ဒီကိစ္စက ရွာရဲ့ စီမံခန့်ခွဲမှုမှာ ဟာကွက်တွေ ရှိနေတာကို ဖော်ပြလိုက်တာပဲ။ အတွေ့အကြုံကနေ သင်ခန်းစာရတာပေါ့။ နောက်တစ်ခါတော့ ဒါမျိုး ထပ်မဖြစ်စေရဘူး”

ရွာလူကြီးကတော့ နှုတ်ထွက်ဖို့ပဲ ဇွတ်လုပ်နေ၏။

“ကျွန်တော်က အိုပါပြီ၊ ဒီအလုပ်တွေကို မလုပ်နိုင်တော့ဘူး ထင်တယ်။ လယ်ပဲ ပြန်လုပ်တာက ပိုပြီး စိတ်အေးရလိမ့်မယ်”

“ရွာလူကြီး၊ အခုလို ရုတ်တရက်ကြီး နှုတ်ထွက်လိုက်ရင် ဘယ်သူက ဆက်လုပ်မှာလဲ၊၊ ခဏလောက်တော့ ဆက်လုပ်ပေးပါဦးလား”

ထို့သို့ ဟွာကျွင်း ပြောလိုက်ရာ ရွာလူကြီးက သက်ပြင်းချရင်း ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။

၎င်းက ဟွာကျွင်းကို စိုးရိမ်စေခဲ့၏။ ရွာလူကြီးက တကယ်ပင် အိုမင်းနေပြီဖြစ်ရာ အလုပ်အကြာကြီး မလုပ်နိုင်တော့ချေ။ တစ်စုံတစ်ယောက်ကို ရှာဖွေပြီး အစားထိုးရပေမည်။

ဤဖြစ်ရပ်ပြီးနောက် ဟွာကျွင်းသည် ဤမျှကြီးမားသော ရွာကြီးကို စီမံခန့်ခွဲရန် အတွေ့အကြုံရှိသူတစ်ဦး လိုအပ်ကြောင်း သိလိုက်ရသည်။ သို့သော် ထိုကဲ့သို့သောသူကို ဘယ်မှာ သွားရှာရမည်နည်း။

ရုံးတော်ကလူများ ရောက်လာပြီး ဟွာကျွင်း၏ စကားကို ကြားသောအခါ ငွေတေး ထောင်ချီသည့် ပမာဏကြောင့် သူတို့လည်း ထိတ်လန့်သွားကြသည်။

တခြားအရာများမှာ ဆွေးနွေးလို့ ရသော်လည်း ဟွာကျွင်း၏ ကိုယ်ပိုင်လုပ်အားခကို တစ်နာရီချင်း တွက်ချက်ထားသည့် ငွေတေး ထောင်ချီသည့်ကိစ္စမှာ အဓိကပင်။

သို့သော် သေသေချာချာ စဉ်းစားကြည့်လျှင်လည်း ကျိုးကြောင်းဆီလျော်နေပြန်၏။

‘သူဌေးမဟွာဆိုတာ ဘယ်လိုလူမျိုးလဲ။ သူမ တစ်နာရီအတွင်းမှာ ‘ဗုဒ္ဓနရံပေါ်ခုန်ပျံကျော်’ ဘယ်နှစ်ပွဲ လုပ်နိုင်သလဲ၊ သူမကို သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့ ရပါ့မလား’

ထို့အခါ ရုံးတော်ကလူတစ်ဦးက မေးလိုက်သည်။

“အကယ်၍ သူတို့မှာ ဒီငွေတွေကို ပေးဖို့ မတတ်နိုင်ရင် ဘာဆက်လုပ်သင့်လဲ”

All Chapters