← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉)

မြင်း ပင်ပန်းနေတယ်

ဆိုင်ရှင် သတိကြီးစွာ မေးလိုက်၏။

“သမီး... ပုစွန်ထုပ်ကလေးတွေကို ဒီလောက်အများကြီး သိုလှောင်ထားတာလား”

“မဟုတ်ပါဘူး”

ဆိုင်ရှင်၏ လေသံမှာ အနည်းငယ် ပြေလျော့သွားပြီး ပြန်ပြော၏။

“စကားများတယ်လို့တော့ မထင်နဲ့နော်၊ သမီး နေ့ဘက်က ဦးလေးတို့ဆိုင်ကို လွှဲယူလိုက်တာ တွေ့လို့လေ၊ လတ်ဆတ်တဲ့ ရေထွက်ပစ္စည်းတွေ ရောင်းဖို့ လုပ်နေတာလားလို့ စိုးရိမ်မိလို့ပါ။ အဲဒါက လုပ်ရတာ တကယ့်ကို ခက်တယ်လေ”

“မဟုတ်ပါဘူး၊ ကျွန်မမှာ မုန့်ဆိုင်ရှိတယ်လေ။ အွန်လိုင်းကနေ အော်ဒါအချို့ လက်ခံထားလို့ ပုစွန်တွေကို ပြင်ဆင်ပြီး ရောင်းမလို့ပါ”

“ဒါဆိုရင်တော့ ကောင်းတာပေါ့၊ လူငယ်တွေကတော့ နည်းလမ်းတွေ ရှိသားပဲ၊ သမီး... ဦးလေးဆိုင်မှာ ပုစွန်ဆေးတဲ့စက် တစ်လုံးရှိတယ်။ သမီးသုံးလို့ရရင် ယူသွားလိုက်လေ”

ပုစွန်ဆေးသည့်စက်မှာ ပန်းကန်ဆေးစက်ထက် ပို၍ ထိရောက်မှုရှိရာ ဟွာကျွင်း အလွန်ဝမ်းသာသွား၏။

“ကောင်းတာပေါ့၊ ကျွန်မ တကယ့်ကို လိုအပ်နေတာ၊ ဦးလေး ကူဆေးပေးမယ့်သူရော ရှိမလား။ လုပ်အားခ ပေးပါ့မယ်။ ဒီပုစွန်တွေအကုန် ဆေးပြီးရင် ယွမ်နှစ်ထောင် ပေးမယ်လေ”

ဆိုင်ရှင်မှာလည်း အားနေသည်ဖြစ်ရာ စက်လည်းရှိ၊ ဟွာကျွင်းထံတွင် ကုန်တင်စက် လည်းရှိသဖြင့် မပင်ပန်းဘဲ ပိုက်ဆံရမည်ဖြစ်ရာ သူက အလွယ်တကူ သဘောတူလိုက်ပြီး သူ့ဇနီးကိုပါ အကူအညီပေးရန် ခေါ်လာခဲ့သည်။

ထို့နောက် ဟွာကျွင်းသည် ပုစွန်ထုပ်ကလေးချက်သည့် အမွှေးအကြိုင်ဘူး အချို့ကိုပါ ယူလာရန် မှာကြားပြီး ဖုန်းချလိုက်၏။

ပုစွန်များအားလုံးကို ရေထွက်ပစ္စည်းဆိုင်သို့ ပို့ဆောင်ကာ ဆေးကြောပြီးနောက် မုန့်ဆိုင်၏ နောက်ဖေးခြံဝင်းသို့ သယ်ယူလာခဲ့သည်။

ဤနေရာတွင် ဒယ်အိုးကြီး သုံးလုံးဖြင့် တစ်ပြိုင်နက် စတင်ချက်ပြုတ်တော့သည်။ အလုပ်များလွန်းသဖြင့် ခေါင်းပင် မူးနောက်နေသော်လည်း ရှေ့ဘက်ရှိ ဖောက်သည်များ စားသောက်ရန်ကိုမူ မနှောင့်နှေးစေခဲ့ပေ။

ဆိုင်ရှေ့တွင်လည်း အလွန်စည်ကားနေပြီး၊ ဖောက်သည်များသည် ပုစွန်နွှာသည့် အဆင့်မြင့်နည်းစနစ်များကို အချင်းချင်း နှီးနှောဖလှယ်နေကြသလို ‘မင်းရဲ့ ကြက်သွန်ဖြူအရသာက အရသာရှိရဲ့လား’ သို့မဟုတ် ‘သူ့ရဲ့ အစပ်အရသာက ဆိတ်သားကင်တွေလို စပ်ရဲ့လား’ စသည်ဖြင့် အချင်းချင်း မေးမြန်းနေကြ၏။

အရောင်းရဆုံး အရသာမှာ ‘(၁၃) မျိုးဟင်းခတ်အမွှေးအကြိုင်’ အရသာပင် ဖြစ်သည်။ ၎င်းမှာ အနှစ်ဆိမ့်ပြီး မစပ်လှသဖြင့် ယနေ့ဆိုင်၏ အဓိက အကြံပြုထားသော အရသာလည်း ဖြစ်သည်။

ဘယ်အရသာပဲဖြစ်ဖြစ် သူတို့၏ အရသာခံဖုများကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်၏။ အနံ့ရရုံနှင့်တင် သူတို့ ပါးစပ်ထဲတွင် သွားရည်များ တောက်လျှောက် ကျလာရသည်။

သူတို့တွင် ကိုယ်ပိုင် ပုစွန်စားနည်းများ ရှိကြသည်။ ပထမဆုံး ပုစွန်အခွံကို လျှာဖြင့် လျက်၍ သန့်စင်လိုက်ပြီးမှ အခွံနွှာကြသည်။

လတ်ဆတ်သော ပုစွန်များမှာ အသား ကျစ်လျစ်ပြီး ချိုမြိန်လှ၏။ အခွံမှာ ထူသော်လည်း အရသာများက အတွင်းထိ စိမ့်ဝင်နေပြီဖြစ်သည်။ သို့သော် သူတို့က အားမရသေးသဖြင့် နွှာပြီးသား အသားများကို အိုးထဲသို့ ပြန်ထည့်ကာ ဆော့စ်အနှစ်များ အပြည့်အဝ ကပ်သွားအောင် ခဏလောက် ထားပြီးမှ စားကြသည်။

ပုစွန်တစ်လုပ်၊ ဝိုင်တစ်ငုံဖြင့် တကယ်ကို နတ်သုဒ္ဓါပင်။

သည်းခံနိုင်သူအချို့လည်း ရှိ၏၊ သူတို့ ပုစွန်များကို တစ်ကောင်ချင်းစီ အကုန်နွှာပြီးမှ အိုးထဲသို့ အကုန် ပြန်ထည့်လိုက်ကြသည်။ ထို့နောက် မော့ချွမ်းထံမှ အသင့်စားခေါက်ဆွဲတစ်ပွဲ တောင်းကာ၊ ရောထည့်ပြီး တစ်ဝကြီး စားလိုက်ကြသည်။

ဤကဲ့သို့သော အမွှေးအကြိုင်များကြောင့် ပုံမှန်ဆိုလျှင် ရိုးအီစရာကောင်းသော သခွားသီးပင် ယခုအချိန်တွင် အလွန်အရသာရှိနေတော့၏။

စားပွဲတိုင်းရှိ ဧည့်သည်များ ပြန်သွားသောအခါ သူတို့၏ ပန်းကန်များမှာ ပြောင်စင်နေပြီး ဆော့စ်တစ်စက်ပင် ကျန်မနေခဲ့ချေ။

မုန့်ဆိုင်တွင် ပုစွန်ထုပ်ကလေးများကို အကန့်အသတ်မရှိ ရောင်းချနေသည်ဟူသော သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အပြင်ဘက်တွင် လူများ ပိုမိုစုရုံးလာကြသည်။

၎င်းသည် အိမ်နီးချင်းဆိုင်များ၏ စီးပွားရေးကိုပင် ထိခိုက်စေသဖြင့် ဒေါ်လေးပန်း နှင့် တခြားသူများသည် သူတို့ဆိုင်များကို ပိတ်ကာ မုန့်ဆိုင်အတွင်းသို့ ဝင်၍ ကူညီပေးကြသည်။

ဝိုင်းကူမည့်သူများ များလာသဖြင့် မော့ချွမ်းမှာ အားသွားတော့သည်။

သူသည် ဆိုင်အတွင်းမှ အပြင်သို့ လျှောက်သွားကာ တစ်ယောက်ကို ပုစွန်ခေါင်းတွေ မစားရန် ပြောလိုက် နောက်တစ်ယောက်ကို ဘီယာတွေ အပြည့်ကြီး မငှဲ့ရန် ပြောလိုက်နှင့် လုပ်နေ၏။ သူ အားနေသည်ကို မြင်သောအခါ ဟွာကျွင်း ပုစွန်ထုပ်ကလေး အချို့ကို အမြန်ကြော်လိုက်ပြီး မြို့ထဲသို့ သွားပို့ရန် ခိုင်းလိုက်သည်။

“ဒီ ကြက်သွန်ဖြူအရသာက စစ်သူကြီးလုရဲ့ အိမ်တော်ကို ပို့ပေး၊ ဒီ အစပ်အရသာက မြို့ဝန်မင်း ကျောက်ဆီကို ပို့ပေး၊ ဒီ ‘(၁၃) မျိုးဟင်းခတ်အရသာ’ ကတော့ စုအိမ်တော်ကို ပို့ပေးပါ...”

သူ မှားပို့မည်စိုးသဖြင့် ဟွာကျွင်းက စာလေးများပင် ရေးကပ်ပေးလိုက်၏။

“ကျွန်တော် တကယ် သွားပို့ချင်ပါတယ်၊ ဒါပေမဲ့... ကျွန်တော့်မြင်းက ဒီနေ့ နည်းနည်း ပင်ပန်းနေတယ်လို့ ပြောတယ်”

“ရှင်ကတော့ အားလွန်းလို့ အမြင်တွေ မှားနေပြီ ထင်တယ်”

မော့ချွမ်းက တဟဲဟဲ ရယ်လျက် မေး၏။

“ကျွန်တော် လျှပ်စစ်စကူတာနဲ့ သွားလို့ရမလား”

“ရှင် ရူးနေတာလား၊ ပြဿနာတွေ မရှာစမ်းပါနဲ့”

“ကျွန်တော် သေချာစဉ်းစားထားပြီးပြီ၊ အဝတ်အမည်းနဲ့ အုပ်သွားမယ်၊ ပြီးတော့ လမ်းကြားလေးတွေကနေ သွားမယ်၊ ကျွန်တော် အဲဒီလမ်းတွေကို ကျွမ်းပါတယ်။ မြို့ထဲအထိ မဝင်ဘူး၊ မြို့အဝင်မှာပဲ ရပ်လိုက်မယ်...”

ဟွာကျွင်း သဘောမတူမည်စိုးသဖြင့် သူက ထပ်မံပြော၏။

“ကျွန်တော် ကတိပေးပါတယ်၊ ဘယ်သူမှ မြင်မှာမဟုတ်ဘူး၊ ခင်ဗျား စိတ်ညစ်ရမယ့်ကိစ္စ ဘာမှမလုပ်ဘူးလို့ ကျိန်ရဲတယ်”

ဟွာကျွင်းမှာ အလုပ်များနေသဖြင့် သူနှင့် စကားများရန် အချိန်မရှိချေ။ မော့ချွမ်းမှာ အမြဲတမ်း ပါးနပ်သူဖြစ်ပြီး တစ်ခါမှ အမှားမလုပ်ဖူးသဖြင့် သူမက ပြင်းပြင်းထန်ထန် သတိပေးပြီးမှ သဘောတူလိုက်၏။

မော့ချွမ်းသည် တကယ်ပင် အဝတ်အမည်းဖြင့် အုပ်ကာ လျှပ်စစ်စကူတာကို မီးဖိုချောင်မှတစ်ဆင့် အပြင်သို့ သယ်ထုတ်သွား၏။ သူ မစီးရဲသဖြင့် ဟွာကျွင်းနှင့် သူ နှစ်ယောက်သား ဆိုင်အပြင်သို့ မ ပြောင်းကြရသည်။

သူသည် လျှပ်စစ်စကူတာပေါ်တွင် ထိုင်ကာ ပုစွန်ထုပ်ကလေးများကို သေသေချာချာ တင်လိုက်ပြီးနောက်၊ ဟွာကျွင်းကို လက်ပြကာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

ဘယ်နှစ်ဝိုင်းစာ ဧည့်သည်များ ပြန်သွားသည်မသိသော်လည်း တံခါးဝတွင် တန်းစီနေသူများမှာမူ လျော့မသွားချေ။ မီးဖိုချောင်အသေးလေးမှာ မချက်နိုင်တော့သဖြင့် သူမသည် အားမန်နှင့် ဒေါ်လေးပန်းကို ပုစွန်အများစုအား တည်းခိုခန်း သို့ သယ်သွားပြီး ထိုနေရာတွင် ချက်ရန် ပြောလိုက်၏။

မော့ချွမ်းမှာ အလွန်လျင်မြန်စွာပင် ပျော်ပျော်ရွှင်ရွှင် ပြန်ရောက်လာ၏။

သူ ပြုံးရွှင်လျက် ဟွာကျွင်းကို ပြောလိုက်သည်။

“ခင်ဗျား ဘာလို့ မြင်းစီးသင်ချင်တာလဲ ကျွန်တော် နားမလည်တော့ဘူး၊ လျှပ်စစ်စကူတာစီးရတာက ပိုပြီး မိုက်သေးတယ်”

“ရှင်က အရင်တုန်းက အဝတ်အစားကောင်းတွေဝတ်ပြီး မြင်းကောင်းစီးခဲ့တာ မဟုတ်လား၊ အခုတော့ ဂျာကင်ဝတ်ပြီး စကူတာစီးတဲ့သူ ဖြစ်တော့မှာလား”

မော့ချွမ်းက သူမ၏ နောက်ပြောင်မှုကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ ပြန်ပြော၏။

“ကျွန်တော်တို့ ပစ္စည်းပို့တဲ့ ဝန်ဆောင်မှု စတင်သင့်တယ်လို့ ထင်တယ်။ ဒါဆိုရင် ကျွန်တော် နေ့တိုင်း လျှပ်စစ်စကူတာနဲ့ အစားအစာတွေ လိုက်ပို့လို့ရပြီ”

ဟွာကျွင်း ပြန်ချေပ၏။

“ကျွန်မတို့ဆီမှာ Delivery မရှိတာက သယ်ယူပို့ဆောင်ရေးကြောင့်လို့ ထင်နေတာလား၊ လာစမ်းပါ၊ ဟိုမှာကြည့်ဦး၊ ဆိုင်မှာ လာစားတဲ့သူတွေကိုတောင် မချက်ပေးနိုင်တော့ဘူး၊ ရှင်က အပြင်မှာ လျှောက်သွားဖို့ပဲ စဉ်းစားနေတယ်”

မော့ချွမ်း ပခုံးလေးတွန့်ကာ ပုစွန်ကြော်သည့်အလုပ်သို့ အမြန်ပြန်သွားတော့သည်။

ဖောက်သည်များ တဖြည်းဖြည်း နည်းပါးသွား၏။ နောက်ဆုံးစားပွဲမှ လူများ ထရပ်ကာ ဟွာကျွင်းကို နှုတ်ဆက်ပြီး ထွက်သွားသောအခါမှ သူတို့ ခုံပေါ်သို့ ပစ်လဲကာ နားနိုင်တော့သည်။

ထိုအခါ ဟွာရှန့် ပြောလိုက်၏။

“သမီးကိုယ်တိုင် ပုစွန်အနှစ်ထဲ စိမ်ထားခံရသလိုပဲ၊ တစ်ကိုယ်လုံး ပုစွန်နံ့တွေ နံနေပြီ”

မော့ချွမ်းလည်း ဝင်ပြော၏။

“ကျွန်တော်တို့ အရင်စတိုင်အတိုင်းပဲ ပြန်လုပ်သင့်တယ်လို့ ထင်တယ်၊ နောက်ဆိုရင်တော့ အကန့်အသတ်နဲ့ပဲ ရောင်းကြရအောင်”

ဟွာကျွင်းက ဟွာရှန့်ကို ပြောလိုက်သည်။

“သမီး ဒီနေ့ တကယ် ပင်ပန်းသွားပြီ၊ အမြန်သွားနားတော့”

ထိုသို့ ပြောပြီးနောက် မော့ချွမ်းကို ကန်လိုက်သည်။

“ရှင်တော့ နားလို့မရသေးဘူး၊ ထပြီး ပုစွန်တွေ ဆက်ကြော်ဦး”

မော့ချွမ်းမှာ မှင်တက်သွားတော့၏။

“ဘာလို့လဲ ဖောက်သည်တွေမှ မရှိတော့တာ”

“မီးဖိုချောင်ထဲက ဒီပုစွန်တွေအကုန်လုံးကို ဆိုင်မပိတ်ခင် ကြော်ရမယ်။ မြန်မြန်လုပ်”

မော့ချွမ်းသည် မီးဖိုချောင်ထဲတွင် ကျန်နေသော ပုစွန် ကတ်တီ လေးငါးရာခန့်ကို ကြည့်ကာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ချေ။

“ဒေါ်လေးရယ်၊ ဒီပုစွန်တွေက မနက်ဖြန်အထိ ထားလည်း မသေပါဘူး ဘာလို့ ကျွန်တော့်ကို ဒီလို နှိပ်စက်ရတာလဲ”

“ဒါတွေက မနက်ဖြန် ရောင်းဖို့ မဟုတ်ဘူး။ ရွာသားတွေကို မြည်းကြည့်ဖို့အတွက် ပေးချင်လို့”

“ဒါဆိုရင် သူတို့ကို အရှင်တွေပဲ လာယူခိုင်းပြီး ကိုယ့်ဘာသာကိုယ် ကြော်စားခိုင်းလိုက်ပါလား”

“မဖြစ်ဘူး၊ ရှင် ကျူးကျော်မျိုးစိတ် အကြောင်း သိလား၊ ပုစွန်အရှင်တွေ လွတ်သွားရင် ပြဿနာတက်လိမ့်မယ်”

မော့ချွမ်းသည် လက်လျှော့ကာ မီးဖိုချောင်သို့ တရွတ်တိုက် သွားတော့သည်။

ဟွာရှန့်လည်း ထရပ်ကာ ပြောလိုက်၏။

“အားလုံး အလုပ်ရှုပ်နေကြတာပဲ၊ သမီးလည်း မနားတော့ဘူး”

မော့ချွမ်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်ရည်ပင် ဝဲလာ၏။

“ငါ့ညီမလေးကတော့ အကောင်းဆုံးပ!”

“သမီး မမအားမန်ကို သွားကူလိုက်ဦးမယ်”

မော့ချွမ်း “...”

ဟွာကျွင်းလည်း ညီအစ်မနှစ်ဖော်ဖြစ်သော ကျန်းကျန်းနှင့် ကျူးကျူးတို့ကို သွားကြည့်ချင်သဖြင့် ဟွာရှန့်နှင့်အတူ တည်းခိုခန်းသို့ သွားခဲ့သည်။

တည်းခိုခန်း ဖွင့်လှစ်ပြီးကတည်းက ဧည့်သည်များ နေ့တိုင်းရှိသဖြင့် အခြေအနေကောင်းလှ၏။ ဤအချိန်တွင်လည်း ဧည့်ခန်းမဆောင်၌ ဖောက်သည် နှစ်ဝိုင်း သုံးဝိုင်းခန့် စားသောက်နေကြသည်။

ဟွာကျွင်း အနီးသို့ ရောက်သွားသောအခါ သူတို့မှာ ပုစွန်ထုပ်ကလေး တစ်အိုးနှင့် ဟင်းလျာအသေး နှစ်မျိုးကို အားရပါးရ စားသောက်နေကြသည်ကို တွေ့ရ၏။

သူမသည် အပေါ်ထပ်ရှိ ညီအစ်မနှစ်ယောက်၏ အခန်းသို့ အရင်သွားရာ လီနျန်လည်း ထိုနေရာတွင် ရှိနေသည်။

ကျူးကျူး၏ မျက်နှာမှာ သွေးရောင် ပြန်တက်လာပြီး ပို၍ပင် တက်ကြွလာကာ ချစ်စရာကောင်းနေ၏။ သူမသည် ဟွာကျွင်းကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ခုန်ထလိုက်သည်။

“မမဟွာ မမဟွာ ညီမလေး မမကို သိပ်သတိရတာပဲ”

ဟွာကျွင်း သူမ၏ ဆံပင်များကို ပွတ်သပ်ပေးကာ မေးလိုက်၏။

“ကျူးကျူးလေး လိမ္မာရဲ့လား”

သူမ ခေါင်းကို အားရပါးရ ညိတ်ပြသည်။

“လိမ္မာပါတယ် ကျူးကျူး ဒီနေ့ သိပ်လိမ္မာခဲ့တာ”

သူမ ဟွာကျွင်း၏ ခါးကို ဖက်ကာ အနည်းငယ် ဝမ်းနည်းသည့်လေသံဖြင့် ပြောတော့၏။

“မမဟွာ... ဒီမှာ နေရတာ သိပ်သိပ်ကောင်းတာပဲ။ ညီမလေး ဒီမှာ တစ်သက်လုံး နေလို့ရမလား၊ မြေအောက်ခန်းထဲကို ဘယ်တော့မှ မပြန်ချင်တော့ဘူး၊ ညီမလေး ကြောက်တယ်...”

All Chapters