← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၇၃

တစ်နာရီအကြာတွင် မြို့နယ်မှောင်ခိုဈေး၌။

ထျဲလန်ယန်သည် ဝင်ကြေးပေးပြီးနောက် ပြီးခဲ့သည့်တစ်ခေါက်က ဟင်းသီးဟင်းရွက် ရောင်းခဲ့သော အဒေါ်မာ၏ ဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ယခင်က စကားပြောဖြစ်ခဲ့စဉ်တွင် မှောင်ခိုဈေး၏ ခေါင်းဆောင်မှာ တံမြက်စည်းလှည်းနေသည့် ဖော်ရွေသော အဘိုးကြီးတစ်ဦး ဖြစ်ကြောင်း သူမ သိရှိခဲ့သည်။

အဒေါ်မာမှာ ထိုအဘိုးကြီး၏ ဇနီးပင် ဖြစ်သည်။

"အစ်မဟူ... မင်္ဂလာပါ၊ ကျွန်တော့်အစ်မက လွှတ်လိုက်တာပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်အကြောင်း ပြောထားတယ် မဟုတ်လား။"

ထျဲလန်ယန်သည် အသံကိုနှိမ့်ကာ အဒေါ်မာ၏ ဆိုင်နားသို့ ယဉ်ကျေးစွာ ချဉ်းကပ်လိုက်သည်။

ဤစကားကို ကြားသောအခါ အဒေါ်မာ၏ မျက်လုံးများ အရောင်တောက်သွားသည်။

"အို... မင်းက ပြီးခဲ့တဲ့တစ်ခေါက်က အစ်မကြီးရဲ့ မောင်လေးပဲလား။ ငါ့ယောင်္ကျားကို ပြောထားပြီးပြီ၊ မင်းက သူနဲ့ စီးပွားရေးအကြောင်း ပြောချင်တာ မဟုတ်လား။"

ထျဲလန်ယန် - "ဟုတ်ကဲ့ အစ်မ... ကျွန်တော့်ကို ရှောင်နန်လို့ပဲ ခေါ်ပါ။"

"အေးအေး ရှောင်နန်... ငါ သွားခေါ်လိုက်ဦးမယ်။ ငါ့ဆိုင်ကို ခဏကြည့်ပေးထားဦး။"

အဒေါ်မာသည် ချက်ချင်းထကာ ပြေးထွက်သွားပြီး ထျဲလန်ယန်ကို တစ်ယောက်တည်း ထားရစ်ခဲ့သည်။

ထျဲလန်ယန် - ........

ဒီအစ်မကတော့ တကယ့်ကို အားမနာတတ်ဘူးပဲ၊ ဆိုင်ပေါ်မှာ ဟင်းသီးဟင်းရွက်တွေ အများကြီးကို ဒီအတိုင်း ထားပစ်ခဲ့တာပဲ။

ခဏအကြာတွင် အဒေါ်မာသည် အဘိုးကြီးဖန်နှင့်အတူ ပြန်ရောက်လာသည်။

"ဒါဆို... ငါနဲ့ စီးပွားရေးလုပ်ချင်တဲ့ ကောင်လေးက မင်းပေါ့လေ။ မင်းရဲ့ ပိန်ပိန်ညှောင်ညှောင် လက်မောင်းတွေနဲ့ မင်းလုပ်မယ့် စီးပွားရေးကရော စိတ်ချရပါ့မလား။"

"ငါ့ကို လာနောက်နေတာမျိုးဆိုရင်တော့ ငါ့မှာ မင်းနဲ့ စကားပြောနေဖို့ အချိန်မရှိဘူးနော်။"

အဒေါ်မာက သူ့ခေါင်းကို ရိုက်လိုက်သည်။ "ရှင်ကလည်း ဘာလို့ ကလေးကို လာခြောက်နေတာလဲ။ ကောင်းကောင်း ပြောစမ်းပါ။"

အဘိုးကြီးဖန်က ခေါင်းကိုပွတ်ရင်း အားငယ်သလိုမျက်နှာဖြင့် ပြောလိုက်သည်။ "မိန်းမရာ... ငါ ဘာမှမပြောရသေးပါဘူး။"

သူက သတိပေးရုံတင်ပါ၊ ဒါက ခြောက်တာမှ မဟုတ်ဘဲ။

"ငါက အချိန်မဖြုန်းချင်ရုံတင်ပါ၊ ဘာပဲဖြစ်ဖြစ် ငါ့အချိန်တွေက တန်ဖိုးရှိတယ်လေ..."

အဒေါ်မာက ခါးထောက်ကာ သူ့အကြောင်းကို မညှာမတာ ဖော်ကောင်လုပ်တော့သည်။ "တန်ဖိုးရှိတယ်ဟုတ်လား၊ ဘာတွေ တန်ဖိုးရှိနေတာလဲ။"

"ကျွန်မသာ ဒီမှောင်ခိုဈေးမှာ ရှင့်ကို တံမြက်စည်းမလှည်းခိုင်းထားရင် ရှင်က ငါးသွားမျှားဖို့ ခိုးထွက်ဦးမှာပဲ။"

"ငါးမျှားတာ ဘာများပျော်စရာကောင်းလဲ မသိဘူး၊ တစ်နေကုန် ငါးမျှားတံအစုတ်နဲ့ ဟိုလုပ်ဒီလုပ်လုပ်ပြီး ငါးတစ်ကောင်တောင် မမိဘဲ ပုံးအလွတ်ကြီးနဲ့ နေ့တိုင်း ပြန်လာတာတောင် ရှင့်မှာ လုပ်ရဲတဲ့ သတ္တိရှိသေးတယ်။"

အဘိုးကြီးဖန်က နဖူးကိုလက်နှင့်အုပ်ရင်း ပြောလိုက်သည်။ "...မိန်းမရာ... ငါ့မျက်နှာလေးကိုတော့ နည်းနည်း ထောက်ပါဦး၊ ဟုတ်ပြီလား။"

ထျဲလန်ယန် မအောင့်နိုင်ဘဲ ရယ်မိသွားသည်။ ဒီဇနီးမောင်နှံကတော့ တကယ့်ကို ရယ်ရသည်။

အဘိုးကြီးဖန်က သူမကို စိုက်ကြည့်လိုက်သည်။ "ဘာရယ်နေတာလဲ၊ သွားစိထားစမ်း။"

အဒေါ်မာ - "ရှင်ကလည်း ဘာလို့ သူ့ကို အော်နေတာလဲ။ သူက မရယ်ရဘူးလား။"

အဘိုးကြီးဖန် ပခုံးတွန့်သွားခဲ့သည်။ "မိန်းမ... ငါ မှားသွားပါတယ်။"

သူက ထျဲလန်ယန်ဘက် လှည့်လိုက်သည်။ "ကောင်လေး... ရယ်လို့ရတယ်၊ ကျယ်ကျယ်သာ ရယ်လိုက်။"

သူ့အသံကတော့ ခြိမ်းခြောက်သံ အပြည့်ပင် ဖြစ်နေသည်။

"ငါပြောသလို မလုပ်ရင် မင်းကို ချေမှုန်းပစ်မယ်" ဆိုသည့် ခံစားချက်မျိုး ပေါ်လွင်နေသည်။

ထျဲလန်ယန်က ပြုံးပြီး တကယ်ပဲ အားမနာတမ်း အော်ရယ်ပစ်လိုက်သည်။

အဘိုးကြီးဖန် - ဒီကောင်လေးကတော့ တစ်ခုခုတော့ တစ်ခုခုပဲ၊ နောက်မှ သူ့ကို သေချာ ပညာပေးရမယ်။

နာရီဝက်ခန့် ကြာပြီးနောက်။

ထျဲလန်ယန်၏ ပစ္စည်းပမာဏကို သိလိုက်ရသောအခါ အဘိုးကြီးဖန် မှင်တက်သွားတော့သည်။

"မင်း ဘာပြောလိုက်တယ်။ မင်းဆီမှာ ဆန်ချောနဲ့ ဂျုံမှုန့်ဖြူ ၁၀၀၀၀ ကျင်းတောင် ရှိတယ်ဟုတ်လား။ နောက်ပြီး သစ်သီး ၅၀၀၀ ကျင်းလည်း ရှိသေးတယ်။"

အဘိုးကြီးဖန် မယုံနိုင်ဘဲ ထပ်မေးခဲ့သည်။ "ကောင်လေး... မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။"

ထျဲလန်ယန် - "ဦးလေးဖန်... ကျွန်တော်တို့အားလုံးက စီးပွားရေးသမားတွေပဲ၊ ကျွန်တော် ကြွားမနေပါဘူး။ မယုံဘူးဆိုရင် ဒီည ပစ္စည်းလာစစ်လို့ ရပါတယ်။"

အဘိုးကြီးဖန် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ "ညီလေး၊ ငါ့ရဲ့ ညီလေးကောင်းလေး။ ငါ နောက်ဆုံးတော့ မင်းကို စောင့်နေခဲ့ရတာပဲ။"

လွန်ခဲ့သည့် တစ်စက္ကန့်၌။

အဘိုးကြီးဖန် - ဒီစကာနားမထောင်တဲ့ကောင်ကို ငါ ပညာပေးရမယ်။

နောက်တစ်စက္ကန့်၌။

အဘိုးကြီးဖန်က ဒူးထောက်မတတ် ပျာယာခတ်သွားခဲ့သည်။ "ညီလေးရာ... မင်းက ငါ့ရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲ။"

ထျဲလန်ယန် - ........

All Chapters