← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၇၉

စုန့်ရွှယ်၏ နီမြန်းသော ပါးပြင်လေးများသည် ပန်းတစ်ပွင့်ပွင့်လာသကဲ့သို့ တောက်ပနေသည်။

သူမသည် သတင်းကောင်းကို ပြောပြရန် မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်သွားတော့သည်။

ဟဲချွန်းဟွာသည် ဟင်းရွက်ကြော်နေရင်း သမီးဖြစ်သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ပေါင်ကို ရိုက်လိုက်သည်။

"ငါတို့ပြောနေတဲ့ ဒီလူက တစ်ယောက်တည်းမှန်းသာ သိရင် နင့်အစ်ကိုကို မရွေးခိုင်းနေပါဘူး။ မဟုတ်ရင် သူနဲ့ လန်ယန်တို့ ဆုံဖြစ်သွားမှာလေ။"

စုန့်ရွှယ် - "အမေကလည်း အဲဒီတုန်းက သေသေချာချာမှ မပြောတာ၊ အစ်ကို့ကို ခြောက်လှန့်ပြီး မောင်းထုတ်လိုက်သလို ဖြစ်သွားတာပေါ့။"

ဟဲချွန်းဟွာ - "နင်ကလည်း အမြဲတမ်း မမလှလှလို့ပဲ ခေါ်နေတာကိုး၊ အဲဒါ လန်ယန် ဖြစ်နေမယ်မှန်း ငါက ဘယ်လိုလုပ် သိမှာလဲ။"

စုန့်ရွှယ် - "အမေကလည်း လန်ယန်လို့ မပြောဘဲ ဟိုမိန်းကလေး၊ ဒီမိန်းကလေးနဲ့ပဲ ပြောနေတာကိုး။"

သားအမိနှစ်ယောက်မှာ အခေါ်အဝေါ် ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် အငြင်းပွားနေကြသည်မှာ မပြီးနိုင်မစီးနိုင် ဖြစ်နေတော့သည်။

မီးဖိုချောင်တံခါးဝတွင် ရပ်နေသော ထျဲလန်ယန် - ........

ဒီသားအမိကတော့ သူမကို တကယ့်ကို လူစိမ်းလို မဆက်ဆံကြပါလား။

"အဟမ်း... အဒေါ်ဟဲ၊ အိုးထဲက ဟင်းရွက်တွေ တူးနေပြီထင်တယ်..."

"အမလေး... ဟုတ်သားပဲ။" ဟဲချွန်းဟွာသည် အဝတ်စကို အမြန်ဆွဲယူကာ သံအိုးကို မီးဖိုပေါ်မှ ချလိုက်သည်။

"တော်သေးတာပေါ့ လန်ယန် သတိပေးလို့၊ မဟုတ်ရင်တော့ ဒီဝက်သားဟင်းအိုးလေး နှမြောစရာတွေ ဖြစ်တော့မှာ။"

သူမသည် ထျဲလန်ယန်ကို ကျွေးမွေးရန်အတွက် ယနေ့တွင် သမဝါယမဆိုင်မှ ဝက်သားကို အထူးတလည် ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။

"ပြီးပြီ။" စုန့်ရွှယ်က တခစ်ခစ်ရယ်ရင်း ထျဲလန်ယန်၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။ "မမလှလှရေ... သွားကြရအောင်။"

သူတို့ ထမင်းစားခန်းသို့ ရောက်လာကြသည်။

စုန့်ရွှယ်သည် ချက်ချင်းပင် သကြားညိုရည်နွေးနွေးတစ်ခွက် ဖျော်ပေးကာ ပြောလိုက်သည်။ "အစ်မကြီး... သောက်ပါဦး။"

ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "ကျေးဇူးပဲနော်။"

ထို့နောက် သူမသည် ကိတ်မုန့်ကို စားပွဲပေါ်တင်လိုက်သည်။

"ဒါက ကျွန်မ ဝယ်လာတဲ့ ကိတ်မုန့်ပါ၊ အဒေါ်ဟဲနဲ့ ညီမလေးအတွက် ယူလာတာ၊ ဖွင့်စားကြည့်ကြပါဦး။"

စုန့်ရွှယ်သည် ထိုအိတ်ကို စောစောကတည်းက မြင်သော်လည်း မမေးခဲ့ပေ။

ထျဲလန်ယန်က ထိုသို့ပြောသောအခါ သူမက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "အမေလာမှ အတူတူ စားပါ့မယ်။"

ကိတ်မုန့်က အဖိုးတန်သည့်အရာမို့လို့ သူမ ခပ်ပေါ့ပေါ့ မစားရဲပေ၊ မဟုတ်လျှင် သူမအမေက ဝါးခြမ်းပြားဖြင့် ရိုက်လိမ့်မည်။

ခဏအကြာတွင် ဟဲချွန်းဟွာသည် ဟင်းပန်းကန်တစ်လုံးကို ကိုင်ကာ ပြုံးရွှင်စွာ ထွက်လာသည်။

"လန်ယန်... ထမင်းစားလို့ရပြီ၊ စောင့်နေရတာ ကြာသွားလား။"

စုန့်ရွှယ် အမြန်ပြောလိုက်သည်။ "အမေ... ဒါက မမလှလှကပေးတဲ့ ကိတ်မုန့်တဲ့။"

ဟဲချွန်းဟွာက မျက်မှောင်ကြုတ်လိုက်သည်။ "လန်ယန်... ထမင်းစားလာတာကို ဒါတွေ ဘာလို့ ယူလာရတာလဲ၊ ဈေးကြီးလိုက်တာ၊ မင်းပဲ ပြန်ယူသွားပြီး စားပါ။"

ထျဲလန်ယန် - "ရပါတယ် အဒေါ်ဟဲ၊ ကျွန်မမှာ အများကြီး ကျန်ပါသေးတယ်။"

ဟဲချွန်းဟွာ - "မရပါဘူး၊ ပြန်ယူသွားပါ၊ အရမ်း ဈေးကြီးလွန်းတယ်။"

ထျဲလန်ယန် - "အဒေါ်က ဒီလောက်အထိ အားနာနေမယ်ဆိုရင် နောက်ခါ ကျွန်မ မလာတော့ဘူးနော်..."

"အိုး... ဒီကလေးမလေးကတော့ တကယ်ပဲ၊ နောက်ခါဆို ဒီလို မလုပ်နဲ့တော့နော်။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "ဟုတ်ကဲ့ပါ။"

စုန့်ရွှယ်က တခစ်ခစ်ရယ်နေသည်။ သူမသည် ဘယ်ညာလှည့်ကြည့်နေပြီး သူမ၏ ပါးစပ်လေးမှာ လခြမ်းပုံလေးကဲ့သို့ ကွေးညွှတ်နေတော့သည်။

ဟဲချွန်းဟွာက သမီးဖြစ်သူ၏ ခေါင်းကို အသာအယာပုတ်ကာ ပြောလိုက်သည်။ "အူကြောင်ကြောင်နဲ့ ရယ်မနေနဲ့၊ လာ... ဟင်းတွေ ကူချပေးဦး။"

ထျဲလန်ယန် ထရပ်လိုက်သည်။ "ကျွန်မလည်း ကူပါ့မယ်။"

ဟဲချွန်းဟွာ - "မင်း ထိုင်နေစမ်းပါ၊ မင်းက ဧည့်သည်ပဲလေ၊ ဧည့်သည်ကို ဟင်းချခိုင်းလို့ ဘယ်ဖြစ်မလဲ။"

မကြာမီတွင် ဟင်းအားလုံး ပြင်ဆင်ပြီးစီးသွားခဲ့သည်။

ဟဲချွန်းဟွာသည် ယနေ့တွင် ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုး၊ စုစုပေါင်း ဟင်းလေးမျိုး ချက်ထားသည်။

ငရုတ်ပွ ဝက်သားကြော်၊ ကြက်သွန်မြိတ် ကြက်ဥကြော်၊ ငါးအနံ့အရသာ ဝက်သားမျှင်ကြော်နှင့် မုန်လာဥဖြူစွပ်ပြုတ်တို့ ဖြစ်သည်။

ဟင်းအရောင်အသွေးများမှာ တောက်ပလှပနေပြီး ကြည့်ရုံနှင့်ပင် စားချင်စဖွယ် ကောင်းလှသည်။

ဟဲချွန်းဟွာက ထျဲလန်ယန်ကို တိုက်တွန်းလိုက်သည်။ "မြန်မြန်စား၊ ပူတုန်းလေး စားနော်၊ အားမနာနဲ့။"

ထျဲလန်ယန်က ဝက်သားမျှင်တစ်ဖတ်ကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်ပြီး ခေါင်းညိတ်လိုက်မိသည်။

"အဒေါ်ဟဲ... အဒေါ့်လက်ရာက တကယ်ကို ကောင်းတာပဲ။"

ဟဲချွန်းဟွာ ပြုံးပြီး ဝက်သားတစ်ဖက်ကို ပန်းကန်ပေါ် တင်ပေးလိုက်သည်။ "ကြိုက်ရင် ပိုစား!"

ထျဲလန်ယန် ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မက အစားလည်း အတော်ကြီးတယ်။"

ဟဲချွန်းဟွာ - "ရပါတယ်၊ ဒီနေ့ ထမင်းတွေ အများကြီး ချက်ထားတယ်။"

စုန့်ရွှယ်လည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် အစ်မ၊ စိတ်ကြိုက်သာ စား။"

၁၀ မိနစ်ခန့် ကြာပြီးနောက်…

ထျဲလန်ယန်၏ လေးလုံးမြောက် ထမင်းပန်းကန်ကို ကြည့်ရင်း ဟဲချွန်းဟွာနှင့် စုန့်ရွှယ်တို့မှာ ကြောင်အသွားကြတော့သည်။

ဒါ... ဒါက စားနိုင်လွန်းတယ်လေ။

"ဘာလို့ မစားကြတာလဲ၊ ကျွန်မ အများကြီး စားမိသွားလို့လား။"

သူတို့နှစ်ယောက်စလုံး ထမင်းပန်းကန်ကို ကိုင်ပြီး မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ထျဲလန်ယန်သည် အားနာစွာဖြင့် သူမ၏ ထမင်းစားတူကို ချလိုက်သည်။

ဟဲချွန်းဟွာ - "ရပါတယ်... စားပါ၊ အဒေါ်တို့က သိပ်မဆာလို့ပါ။"

စုန့်ရွှယ် - "ဟုတ်တယ်၊ သမီးတို့ မဆာဘူး။"

"ဒါဆိုရင်တော့ ကျွန်မ အားမနာတော့ဘူးနော်။"

ထျဲလန်ယန်သည် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ဆင်မြန်းလျက် ထမင်းစားတူကို ပြန်ကောက်ကိုင်လိုက်သည်။

သူမ တမင်လုပ်ခြင်း ဖြစ်သည်။

သူမ ဤမျှအထိ အစားကြီးသည်ကို မြင်လျှင် သူတို့ ရွံရှာသွားကြမည်မှာ သေချာသည်။

ဒါဆိုရင်တော့ သူတို့သားနဲ့ မိတ်ဆက်ပေးဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးပေါ့။

ထိုသို့ စဉ်းစားနေစဉ်မှာပင် သူမ၏ ပန်းကန်ထဲသို့ ဝက်သားတုံးတစ်တုံး ရောက်လာခဲ့သည်။

သူမ မော့ကြည့်လိုက်ရာ ပြုံးရွှင်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

ဟဲချွန်းဟွာ - "လန်ယန်... မင်း ထမင်းစားတာ ကြည့်ရတာ အဒေါ်တကယ် သဘောကျတယ်၊ မြန်မြန်စားနော်။"

စုန့်ရွှယ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ အစ်မကြီးစားတာ ကြည့်ရုံနဲ့တင် သမီး ဗိုက်ဝနေပြီ၊ ဟီးဟီး။"

သားအမိနှစ်ယောက်မှာ သူမ၏ ဘေးတစ်ဖက်စီတွင် ထိုင်ကာ မျက်လုံးလေးများ တောက်ပလျက် မေးလေးကို လက်ဖြင့်ထောက်ကာ သူမကို ငေးကြည့်နေကြတော့သည်။

ထျဲလန်ယန် - .....

အဒေါ်တို့ နှစ်ယောက်က ကျွန်မကို စားပြတဲ့ အစီအစဉ်တစ်ခုလို သဘောထားနေကြတာပဲ။

ထမင်းစားပွဲ၏ ပထမပိုင်းမှာ မြိန်ယှက်သော်လည်း ဒုတိယပိုင်းမှာတော့ အလွန်နေရခက်လှသည်။

ထျဲလန်ယန်သည် သူမ၏ လေးလုံးမြောက် ထမင်းပန်းကန်ကို အမြန်ကုန်အောင်စားပြီး ထမင်းစားတူကို ပြန်မကိုင်တော့ပေ။

သူမ ရပ်လိုက်သည်ကို မြင်သောအခါ ဟဲချွန်းဟွာက အမြန်တိုက်တွန်းခဲ့သည်။ "စားလေ... ဘာလို့ ရပ်လိုက်တာလဲ။"

ထျဲလန်ယန်က ယဉ်ကျေးသော်လည်း အနေရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး

"ကျွန်မ ဗိုက်ဝသွားပါပြီ။"

"အို..." ဟဲချွန်းဟွာနှင့် သမီးဖြစ်သူတို့ နှစ်ယောက်စလုံး စိတ်ပျက်သွားသည့် ပုံစံများ ပေါ်လာကြသည်။

ဟဲချွန်းဟွာ - "ဒီမှာ စွပ်ပြုတ်တွေ ကျန်သေးတယ်လေ၊ သောက်ပါဦးလား၊ တစ်ပန်းကန်လုံး ခပ်ပေးမယ်လေ။"

ထျဲလန်ယန် - …

"အဒေါ်ဟဲ... ကျွန်မ လုပ်စရာရှိတာ သတိရလို့၊ ဗိုက်လည်း တကယ်ဝနေပြီဆိုတော့ အရင်သွားတော့မယ်နော်။"

ထျဲလန်ယန်သည် ချက်ချင်းပင် ထရပ်ကာ ပြေးထွက်လာခဲ့တော့သည်။

ဒီမိသားစုရဲ့ တက်ကြွလွန်းတဲ့ နွေးထွေးမှုကို သူမ မခံနိုင်တော့ပေ။

သူမ ထွက်သွားသည်နှင့် ဟဲချွန်းဟွာနှင့် စုန့်ရွှယ်တို့သည် ထမင်းစားတူများကို အမြန်ကောက်ကိုင်ကာ စားကြတော့သည်။

စုန့်ရွှယ်က ထမင်းကို အငမ်းမရ စားရင်း ပြောလိုက်သည်။ "ဗိုက်ဆာလိုက်တာ၊ အရမ်း ဆာနေပြီ။"

ဟဲချွန်းဟွာက ပြုံးလျက် ကြက်ဥတစ်ဖတ် ထည့်ပေးကာ ပြောလိုင်သည်။ "လန်ယန်စားတာ ကြည့်ရုံနဲ့ ဗိုက်ဝတယ်ဆို၊ အခုကြတော့ ဘာလို့ ဆာနေရတာလဲ။"

စုန့်ရွှယ်က ထမင်းကို ပလုတ်ပလောင်း စားရင်း ပြောလိုင်သည်။ "အဲဒါက မမလှလှ အားမနာအောင်လို့ပါ၊ အစ်မကြီး အစားကြီးတာကို ကြည့်ပြီး ကြောက်သွားတယ်လို့ ပြောလို့မှ မရတာ။"

ဟဲချွန်းဟွာ - "လန်ယန်စားတာကိုကြည့်ပြီးရင် အခု ငါ့ရဲ့စားချင်စိတ်က ပိုကောင်းလာတယ်လို့ ပြောရမယ်။"

"ဟုတ်တယ်။"

စုန့်ရွှယ် ခေါင်းညိတ်လိုက်သည်။ "သမီး အခုတော့ နွားတစ်ကောင်လုံးကိုတောင် စားပစ်နိုင်သလိုပဲ။"

ဟဲချွန်းဟွာ ရယ်မောလိုက်မိသည်။ "ဒီကလေးမလေးကတော့... လျှောက်ပြောနေပြန်ပြီ။"

စုန့်ရွှယ်က တခစ်ခစ် ရယ်နေသည်။

ဟဲချွန်းဟွာ - "မြန်မြန်စား၊ စားပြီးရင် မြို့ထဲသွားပြီး စစ်တပ်ထဲက နင့်အစ်ကိုဆီ ဖုန်းဆက်ရမယ်။"

စုန့်ရွှယ်က နားမလည်သလို ခေါင်းလေးစောင်းကာ ပြောလိုက်သည်။ "ဘာလို့ ဖုန်းဆက်မှာလဲ၊ သူက တာဝန်နဲ့ အပြင်ရောက်နေတာလေ၊ စစ်တပ်ထဲမှာ ရှိမှာမဟုတ်ဘူး။"

ဟဲချွန်းဟွာ - "ရပါတယ်၊ မှာစရာရှိတာ မှာထားခဲ့မှာပေါ့။"

မြူဆိုင်းသော ညချမ်းအချိန်၊ စစ်တပ်ဝင်းအတွင်း၌ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။

သူ အိပ်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ဘေးခန်းမှ ရဲဘော်တစ်ဦး ခေါင်းပြူထွက်လာခဲ့သည်။

"ဗိုလ်ကြီးစုန့်၊ ပြန်ရောက်ပြီလား။ မနေ့က ခင်ဗျားအမေ ဖုန်းဆက်တယ်၊ တစ်ခုခု မှာထားတယ်"

စုန့်ပိုင်ယွမ် ခြေလှမ်း ရပ်လိုက်သည်။ "ဘာတဲ့လဲ။"

ရဲဘော် - "သူပြောတဲ့ မိန်းကလေးနဲ့ ခင်ဗျားညီမပြောတဲ့ မိန်းကလေးက တစ်ယောက်တည်းပဲတဲ့၊ အခွင့်အရေးရရင် အိမ်ပြန်လာခဲ့ဖို့ မှာလိုက်တယ်။"

စုန့်ပိုင်ယွမ် - "အင်း... သိပြီ။"

ရဲဘော် - "ခင်ဗျား တာဝန်ပြီးခါနီးတာကို ခင်ဗျားအမေက သိနေတယ်။ သူမကတော့ မနက်ဖြန် ဖုန်းထပ်ဆက်ပြီး အဖြေတောင်းမယ်တဲ့၊ သတိထားနေဦးနော်။"

စုန့်ပိုင်ယွမ် - "မနက်ဖြန်မနက် ကျွန်တော် အပြင်သွားစရာ ရှိတယ်၊ ခင်ဗျားပဲ ကျွန်တော့်ကိုယ်စား ပြန်ပြောပေးလိုက်ပါ။"

ရဲဘော် - "ဘာပြောရမလဲ။"

စုန့်ပိုင်ယွမ် - "ကျွန်တော့်အမေကို ပြောပေးပါ... ကျွန်တော် ပြန်မလာတော့ဘူးလို့။"

All Chapters