← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၅၇

အဖွဲ့ခေါင်းဆောင်က ကျိုးယဲ့နှင့် ဆွေးနွေးနေရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီဝံပုလွေက တကယ်ကို အန္တရာယ်များတယ်၊ ငါတို့သာ သူ့ကို အပြတ်မရှင်းနိုင်ဘူးဆိုရင် နောက်တစ်ခါ တောင်ပေါ်ကနေ ဘယ်တော့ ပြန်ဆင်းလာဦးမလဲဆိုတာ ဘယ်သူမှမသိဘူး။ ဒါက ငါတို့အားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။"

ကျိုးယဲ့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်... ဒါကို အထက်လူကြီးတွေဆီ အကြောင်းကြားမှ ဖြစ်မယ်။ သူတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရအောင်။ ရွာသားတွေချည်းပဲဆိုရင် အဲဒီ မြည်းမျက်နှာနဲ့ ဝံပုလွေကို ရှင်းဖို့က ခက်လိမ့်မယ်။ ကောမာဇီ ပြောပုံအရဆိုရင် အဲဒီကောင်က တော်တော်ကြီးတယ်— ကျားတစ်ကောင်ရဲ့ တစ်ဝက်လောက်တောင် ရှိတယ်တဲ့။ အခုက ဝက်ခြံကို လာတာ၊ နောက်တစ်ခါ လူတွေရှိတဲ့ အိမ်ထဲအထိ ဝင်လာမယ်ဆိုရင်... ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို တွေးကြည့်လို့တောင် ရပါတယ်။"

အဖွဲ့ခေါင်းဆောင်လည်း ဝက်ခြံသည် ရွာရှိအိမ်များနှင့် ဝေးနေ၍သာ တော်သေးသည်ဟု တွေးမိလိုက်တော့သည်။ မဟုတ်ပါက ရွာထဲသို့ တိုက်ရိုက်ဝင်လာနိုင်ပေသည်။

"ကောင်းပြီလေ။ မနက်ဖြန် မနက်စောစောကျရင် ငါ အထက်ကို သွားတင်ပြလိုက်မယ်။ မင်းလည်း ငါနဲ့ လိုက်ခဲ့ဦး။"

စကားပြောပြီးချိန်တွင်တော့ မှောင်ရီပျိုးစပြုနေလေပြီ။ ကျိုးယဲ့သည် ကျန်းမန်မန်၏ လက်ကိုဆုပ်ကိုင်ကာ ညအမှောင်အောက်တွင် ရွာလမ်းအတိုင်း ပြန်လာခဲ့ကြ၏။ လမ်းတွင် ရွာသားအချို့နှင့် ဆုံခဲ့ကြပြီး သူတို့ဇနီးမောင်နှံနှစ်ဦး လက်တွဲလျက် ပြန်လာသည်ကို မြင်သောအခါ အားလုံးက နွေးထွေးစွာ ပြုံးပြကြသည်။

တစ်စုံတစ်ယောက်က နောက်ပြောင်လိုက်၏။ "ဒါရိုက်တာကျိုး... မင်းရဲ့စောင့်ရှောက်မှုအောက်မှာ ရဲဘော်ကျန်း ပိုပိုပြီး ပိန်မသွားအောင် ဂရုစိုက်ဦးနော်။"

ကျိုးယဲ့လည်း ပြောစရာစကား ပျောက်သွားပြီး ကျန်းမန်မန်ကိုသာ လှည့်ကြည့်မိလိုက်တော့သည်။

အိမ်ပြန်ရောက်သောအခါ ထန်ရှောင်မင်က အိမ်ရှေ့တွင် ရေနံဆီမီးခွက် ထွန်းထားပြီးဖြစ်သည်။ သူတို့ကို မြင်သည်နှင့် သူမက မေးလိုက်၏။

"ဝက်ခြံမှာ ဘာတွေဖြစ်သွားတာလဲ။"

"ဝက်တစ်ကောင် သေသွားတယ်။ လျိုကျန့်ယဲ့ရဲ့ ခြေထောက်လည်း ဒဏ်ရာရသွားလို့ မြို့နယ်ဆေးခန်းကို ခေါ်သွားကြပြီ။"

"ဟာ... တကယ်ပဲ အဲဒီ ဝံပုလွေလား။"

"အင်း...ကောမာဇီတို့ အသေအချာ မြင်လိုက်တာ။ အဲဒီ မြည်းမျက်နှာနဲ့ကောင်ပဲ။ ရွာထဲအထိတော့ ဝင်လာမှာ မဟုတ်ပေမဲ့ ညဘက်တွေ သတိထားနေတာကတော့ အကောင်းဆုံးပဲ။"

ကျန်းမန်မန်သည် သူမ၏ အတိတ်ဘဝက ရှန်နွန်ကျားဒေသတွင် ထူးဆန်းသော သတ္တဝါများ ရှိတတ်ကြောင်း ကြားဖူးသော်လည်း မည်သည့်အကောင်မှ အရှင်အမိခံရဖူးခြင်း မရှိပေ။ ထိုအရာများမှာ ပျောက်ကွယ်သွားခြင်း သို့မဟုတ် လူသားများက မဖမ်းဆီးနိုင်ခြင်းတို့ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ညရောက်သောအခါ သူတို့နှစ်ဦးလုံး ရေမိုးချိုးပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ကြသည်။ ကျိုးယဲ့က သူမကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်၏။

"မနက်ဖြန်ကစပြီး ဝက်စာမြက်သွားမရိတ်နဲ့တော့။ အိမ်မှာပဲ နေပြီး ဥတွေကိုပဲ သားဖောက်နေလိုက်လေ။ မင်းမှာ ဘဲဥ ၃၀ နဲ့ ငန်းဥ ၁၀ လုံး ရှိတာဆိုတော့ တစ်လလောက် အချိန်ယူရမှာ။ အဲဒီအချိန်အတွင်းမှာ ဒီဝံပုလွေကို အမိဖမ်းတာ ဖြစ်ဖြစ်၊ သတ်တာဖြစ်ဖြစ် လုပ်နိုင်မှာပါ။ ကိုယ် မင်းကို အန္တရာယ်ထဲ မရောက်စေချင်ဘူး။"

သူ၏ပုံစံက အလွန်လေးနက်နေသည်ကို မြင်သောအခါ ကျန်းမန်မန် စိတ်ထဲ၌ နွေးထွေးသွားရသည်။

သူမက လက်လှမ်းပြီး သူ၏ပါးကို ဆွဲလိမ်လိုက်ကာ ဆိုလိုက်သည်။

"အမယ်... အိမ်ထောင်ဦးစီးက တော်တော်လေး ကာကွယ်ပေးချင်နေတာပေါ့။ ကျွန်မလည်း နည်းနည်းတော့ ကြောက်ပါတယ်။ ဒါပေမဲ့ ကျွန်မသာ မြက်သွားမရိတ်ဘူးဆိုရင် ကျန်တဲ့ အဒေါ်ကြီး လေးယောက်က ဘယ်လိုထင်မလဲ။ တခြားလူတွေကလည်း ကျွန်မ အိမ်မှာပဲ နေနေတာ မြင်ရင် သူတို့လည်း မြက်မရိတ်တော့ဘဲ နေကြလိမ့်မယ်။ အဲဒါဆိုရင် ဘယ်သူမှ အလုပ်လုပ်ချင်တော့မှာ မဟုတ်ဘူးလေ။ ဥဖောက်တဲ့အချိန်ကျရင် မီးဖိုထဲမှာ ထင်းတုံးအကြီးကြီး ထည့်ထားလိုက်မယ်၊ အပူချိန်က မှန်နေမှာပဲ။ ဒါဆိုရင် အိပ်ရာက အမြဲတမ်း နွေးနေမှာပေါ့။ စိတ်မပူပါနဲ့၊ ကျွန်မတို့ အဝေးကြီး မသွားပါဘူး။ တောင်ခြေနားမှာတင် ရိတ်ကြမှာပါ။ ပြီးတော့ အုပ်စုလိုက် သွားကြမှာဆိုတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စောင့်ရှောက်လို့ ရပါတယ်။"

ထိုစကားများကို ကြားရသော်လည်း ကျိုးယဲ့မှာမူ စိတ်မအေးနိုင်သေးပေ။

"ကောင်းပြီလေ... သေချာ ဂရုစိုက်ပါ။ ဓားမတစ်လက်ပါ တစ်ခါတည်း ယူသွားနော်။ ကိုယ် အဖွဲ့အစည်းကို ခဏသွားပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်။"

ကျန်းမန်မန်က သူ့ကို အသာအယာ တွန်းထုတ်လိုက်ပြီး ပြောလိုက်၏။ "စကားပြောရင် ဒီအတိုင်းပြောလို့ မရဘူးလား။ ဘာလို့ ကျွန်မကိုယ်ပေါ်ကို အုပ်မိုးနေရတာလဲ။"

ကျိုးယဲ့သည် သူမကို နက်ရှိုင်းသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေမိသည်။ ထိုအကြည့်တို့သည် သူမကို ဝါးမြိုတော့မည့်အလားပင်။

ထို့နောက်တွင်တော့ သူ၏ အနမ်းတို့က ညဉ့်ဦးယံတွင် တိုက်ခတ်လာသော နွေဦးလေပြေကဲ့သို့ နူးညံ့အိစက်စွာ ကျရောက်လာသည်မှာ ရုတ်တရက် သစ်ပင်ထက်၌ ပန်းများ အစီအရီ ပွင့်လန်းသွားသကဲ့သို့ပင်။

"စောစောက မြန်လွန်းသွားတယ်။ အဲဒါက ကိုယ့်ရဲ့ စွမ်းဆောင်ရည်အစစ်အမှန် မဟုတ်သေးဘူး။ နောက်တစ်ကြိမ်လောက်နော်။"

"ဟားဟား။ ဖယ်စမ်းပါ။ ကျွန်မ ပြောပြီးသားလေ... စက်ဘီးစီးရင် ဦးထုပ် ဆောင်းရမယ်လို့၊ မဟုတ်ရင် အန္တရာယ်ရှိတယ်။"

"ဒါဆိုရင်လည်း အပြင်မှာပဲ နေပါ့မယ်။ ဦးထုပ်မလိုပါဘူး။ လာပါ... မိန်းမရယ်၊ နောက်တစ်ကြိမ်လောက်ပဲ အခွင့်အရေးပေးပါဦးနော်။"

သူ၏ ချွဲနွဲ့သော စကားကြောင့် ကျန်းမန်မန်မှာ အစက ငြင်းဆန်ရန် ဆုံးဖြတ်ထားသည့်တ်ိုင် သူမ၏ ခန္ဓာကိုယ်ကမူ စကားနားမထောင်ဘဲ သူ ဦးဆောင်ရာနောက်သို့ လိုက်ပါသွားမိတော့သည်။

မုန်တိုင်းများ ငြိမ်သက်သွားသည့်အခါ...

အရသာသိသွားသူမှာမူ ထပ်မံ၍ မြည်းစမ်းချင်နေပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ကျန်းမန်မန်က အလျှော့မပေးတော့ဘဲ တွန်းထုတ်လိုက်၏။

"တော်တော့နော်။ အခွင့်အရေး မယူနဲ့တော့။ အိပ်တော့။ မနက်ဖြန် မနက်စောစော အထက်ကလူတွေနဲ့ သွားတွေ့ရဦးမှာ။"

ကျိုးယဲ့က သနားစဖွယ် မျက်နှာလေးဖြင့် ပြောလိုက်၏။

"မိန်းမ... တွေ့လားး ဦးထုပ်မပါဘဲ စီးလည်း အဖမ်းမခံရပါဘူးဆိုတာ။"

ကျန်းမန်မန်၏ လက်ကလေးက သူ၏ ရင်ဘတ်ပေါ်မှ သန်မာသော ကြွက်သားများဆီသို့ ရောက်သွားကာ ထိတွေ့မိလိုက်သည်။ သူမ၏ လက်သည် အလိုအလျောက် အောက်သို့ ဆင်းသွားမိသော်လည်း သတိပြန်ဝင်လာကာ သူ့ကို ခပ်ပြင်းပြင်း တွန်းလိုက်၏။

"ကျွန်မ ခါးတွေ နာနေပြီ။ ရှင့်ကိုယ်ရှင် နည်းနည်းလောက် ထိန်းလို့ မရဘူးလား။ မနက်ဖြန်... မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။"

ကျိုးယဲ့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး ပြောလိုက်၏။

"မနက်ဖြန်လား။ ဒါဆို မနက်ဖြန်ကျရင် နှစ်ကြိမ်နော်။"

ကျန်းမန်မန် သူ့ကို မျက်စောင်းထိုးလိုက်သဖြင့် သူလည်း အမြန်ပင် စကားပြင်လိုက်ရသည်။

"ဟုတ်ပါပြီ... ဒါဆို ဒီနေ့ တစ်ကြိမ်၊ မနက်ဖြန် တစ်ကြိမ်ပေါ့။"

ကျန်းမန်မန် - "ရှင် ဒီနေ့ နှစ်ကြိမ်တောင် လုပ်ပြီးသွားပြီလေ။"

ကျိုးယဲ့ - "ဒါဆို ဒီနေ့ နောက်ထပ် တစ်ကြိမ်တည်းနဲ့ မနက်ဖြန် တစ်ကြိမ်ပေါ့။ ဒါမှမဟုတ် မနက်ဖြန် နှစ်ကြိမ်၊ ဘယ်လိုလဲ။"

ကျန်းမန်မန်သည် သူမ၏ ယခင်ဘဝတွင် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ အမျိုးသားအားလုံးသည် ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု တွေးမိကာ သူမလည်း အလျှော့ပေးလိုက်တော့၏။

"အင်းပါ၊ အင်းပါ... မနက်ဖြန်ကျမှ မနက်ဖြန်အကြောင်း စဉ်းစားကြတာပေါ့။ အခုတော့ အိပ်တော့။"

နေ့ဘက်တွင် တောင်ပေါ်၌ ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး ညဘက်တွင်လည်း အိပ်ရာပေါ်၌ ထပ်မံအားစိုက်နေရသည်။ ဤကဲ့သို့သာ ဆက်သွားနေမည်ဆိုလျှင် ကိုယ်အလေးချိန် မကျဆင်းသွားပါက ထူးဆန်းနေပေလိမ့်မည်။

နောက်တစ်နေ့ မနက်တွင်တော့ ကျန်းမန်မန်သည် ပြောင်းဖူးမှုန့် ဆန်ပြုတ်ကို ချက်ပြုတ်လိုက်သည်။

ပြောင်းဖူးကို ကြိတ်ထားသည့် အမှုန့်မှာ အကြမ်းဖြစ်လျှင် ပြောင်းဖူးဆန်ကြမ်းပြုတ်ဟု ခေါ်ပြီး၊ အမှုန့်ကို အလွန်ညက်အောင် ကြိတ်ထားပါက ပြောင်းဖူးမှုန့်ဆန်ပြုတ် ဟု ခေါ်ကြသည်။

၎င်းသည် သောက်ရသည်မှာ ပို၍ ချောမွေ့ပြီး အရသာလည်း ပိုရှိသည်။ ကျန်းမန်မန်ကတော့ ထိုဆန်ပြုတ်ကို ငါးခြောက်လေးဖြင့် တွဲဖက်စားရသည်ကို အလွန်နှစ်သက်သည်။ ထိုအရသာမှာ သူမအတွက်တော့ အခြားအရာများနှင့် နှိုင်းယှဉ်၍မရလောက်အောင် ထူးကဲလွန်းနေသည်။

ဤသို့ တွေးမိလိုက်သည်နှင့် သူမ တကယ်ကို စားချင်လာတော့သည်။

ထို့ကြောင့် ယနေ့ မြစ်ထဲသို့သွားကာ ငါးဖမ်းပြီး ဆားနယ်ကာ ငါးခြောက်လုပ်ရန် သူမ ဆုံးဖြတ်လိုက်လေသည်။

သူမနှင့် ထန်ရှောင်မင်တို့ အတူတူ ထွက်လာခဲ့ကြပြီး ထန်ရှောင်မင်က သူမ နေ့လယ်ပိုင်းတွင် မြို့နယ်ဘက်သို့ သွားရန်ရှိကြောင်း ပြောပြလာသည်။ ပြီးခဲ့သည့်အကြိမ်က သူမ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိပြီး ကျန်းမန်မန် စိတ်မအေးနိုင်ဖြစ်လာပြန်၏။

"နင် တကယ်ကို သတိထားရမယ်နော်။ နေ့လယ်လောက်အထိ စောင့်ကြည့်ပါဦး၊ ကျိုးယဲ့ ပြန်ရောက်လာရင် ငါတို့စက်ဘီးကို ယူသွားလိုက်။ အလုပ်ကို မြန်မြန်လက်စသတ်ပြီး အမြန်ပြန်လာခဲ့။"

ထန်ရှောင်မင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။။

"မန်မန်... ကျေးဇူးပါပဲ"

"ကျေးဇူးတင်မနေပါနဲ့။ ငါတို့အားလုံးက ဒီကို အတူတူ ဆင်းလာကြတဲ့ ပညာတတ်လူငယ်တွေပဲဟာ၊ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ အားနာမနေပါနဲ့။"

ထန်ရှောင်မင် ပြုံးလိုက်မိသည်။ ကျေးလက်တောရွာမှ ဘဝသည် ခက်ခဲပင်ပန်းသော်လည်း ကျန်းမန်မန်ကဲ့သို့ သူငယ်ချင်းမျိုး ရှိနေခြင်းက အရာအားလုံးကို ရင်ဆိုင်ရကျိုးနပ်စေသည်။

"မနေ့ညက အဲဒီဝံပုလွေ ရောက်လာတယ်လို့ ကြားတယ်။ တောဝက်တစ်ကောင်ကို သတ်ပြီး လျိုကျန့်ယဲ့ကိုပါ ကိုက်သွားတယ်ဆိုတာ တကယ်ပဲလား။"

ဝမ်တန်တန်က ထိုသို့မေးလာသည့်အတွက် ကျန်းမန်မန်က ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ။ ဒါကြောင့် ဝက်စာမြက်သွားရိတ်ရင် အဝေးကြီးမသွားနဲ့နော်။"

ထိုစကားကို ကြားလိုက်ရသောအခါ အုပ်စုထဲမှ မည်သူကမျှ အဝေးသို့ မသွားရဲကြတော့ပေ။ ဝံပုလွေ ရုတ်တရက် တိုက်ခိုက်လာမည်ကို အားလုံး ကြောက်ရွံ့နေကြသည်။

လျိုကျန့်ယဲ့နှင့် မတူသည်မှာ သူမတို့တွင် ပြုစုစောင့်ရှောက်မည့် မိဘ သို့မဟုတ် မိသားစုဝင်များ မရှိကြပေ။ ဒဏ်ရာရလျှင် သူမတို့ဘာသာသူမတို့သာ ရင်ဆိုင်ရပေလိမ့်မည်။

သူမတို့လေးဦးနှင့် ဝက်စာကျွေးသည့် အဒေါ်ကြီးလေးဦးတို့သည် ဝက်စာမြက်ရိတ်ရန် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ အလုပ်လုပ်နေစဉ်အတွင်း ဘာမှမဖြစ်ခဲ့သော်လည်း သူမတို့အားလုံးသည် တစ်ချိန်လုံး စိုးရိမ်ထိတ်လန့် နေခဲ့ကြရသည်။

အလုပ်ပြီးသည်နှင့် ခြင်းတောင်းများ ကိုယ်စီထမ်းကာ အလျင်အမြန် ပြန်ဆင်းလာခဲ့ကြတော့၏။

သူမတို့ ပြန်ဆင်းလာချိန်တွင် ကျိုးယဲ့လည်း ပြန်ရောက်နေပြီ ဖြစ်သည်။

သူသည် စက်ဘီးကို ဝက်ခြံတွင် ထားခဲ့ပြီး ကျန်းမန်မန်တို့ အန္တရာယ်ရှိနေမည်ကို စိုးရိမ်သဖြင့် တောင်ပေါ်သို့ ချက်ချင်း လိုက်တက်လာခဲ့သည်။

တောင်ပေါ်တွင် သူမတို့ကို လှမ်းမြင်လိုက်ရသည်နှင့် ကျိုးယဲ့၏ မျက်နှာအမူအရာမှာ သိသိသာသာကို ပျက်ယွင်းသွားတော့သည်။

သူသည် ကျန်းမန်မန်ရှိရာသို့ အမြန်ပြေးသွားလိုက်၏။

အကြောင်းမှာ သူမတို့၏ အနောက်ဘက်တွင် တောရိုင်းတိရစ္ဆာန်တစ်ကောင်သည် တိတ်တဆိတ် လိုက်ပါလာပြီး သူမတို့နှင့်အတူ တောင်အောက်သို့ ဆင်းလာနေသောကြောင့်ပင်။

ထိုတောရိုင်းကောင်၏ ခန္ဓာကိုယ်မှာ မြေပြင်နှင့် ကပ်နေပြီး အချိန်မရွေး ခုန်အုပ်နိုင်ရန် အသင့်ဖြစ်နေသည့် အနေအထားတွင် ရှိနေလေသည်။

All Chapters