← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၆၀

ကျန်းမန်မန်၏ မေးခွန်းကြောင့် လုဟုန်ကျွမ်း၏ မျက်နှာက တောင့်တင်းသွားပြီး အပြုံးတုတစ်ခုကို အတင်းဖန်တီးကာ ပြန်ဖြေလိုက်ရသည်။

"ဒါရိုက်တာကျိုးအတွက် နင် ထမင်းလာပို့ဖို့ မေ့နေမလားလို့ ငါကပဲ တစ်ခါတည်း အပိုယူလာပေးလိုက်တာပါ။ နင်လည်း ထမင်းယူလာပေးမယ်လို့ မထင်ထားမိဘူး... ဒါဆိုလည်း ငါ သွားတော့မယ်။"

"နေဦးလေ... ငါ့ယောက်ျားအတွက် ထမင်းချက်ပေးတဲ့အပေါ် ငါက ကျေးဇူးတောင် မတင်ရသေးဘူးပဲ။"

ကျန်းမန်မန်က ပြောပြောဆိုဆိုနှင့် ရှေ့တိုးလာပြီး လုဟုန်ကျွမ်းရဲ့ ပါးကို နှစ်ချက်ဆင့်ပြီး ရိုက်ချလိုက်သည်။

ဝင်လုဆဲဆဲ နေဝင်ရီတရော အလင်းရောင်အောက်တွင် ပါးရိုက်သံက ဟိန်းခနဲ မြည်သွား၏။

သူမက အားကုန်ရိုက်လိုက်ခြင်း ဖြစ်သောကြောင့် လုဟုန်ကျွမ်း၏ ပါးပြင်က ချက်ချင်းဆိုသလို ဖူးယောင်ပြီး နီရဲတက်လာတော့သည်။

"နင့်အတွက် သိက္ခာလေး နည်းနည်းတော့ ချန်ထားပေးချင်လို့ ပါးနှစ်ဖက်လုံး ညီအောင် မရိုက်လိုက်တာ။ နောက်ခါဆိုရင်တော့ လာပြီး အရှက်ကွဲမခံနဲ့တော့။ အရင်တုန်းက နင် ဘယ်ရောက်နေတာလဲ။ ကျိုးယဲ့ ဒီမှာရှိနေတာ တစ်နှစ်ကျော်နေပြီ၊ အဲ့တုန်းက နင် ဘာလုပ်နေတာလဲ။ အခု ငါတို့ လက်ထပ်ပြီးကာမှ သူ့နားလာပြီး ကပ်ချင်နေတာ... နင် နည်းနည်း နောက်ကျသွားတယ်လို့ မထင်ဘူးလား။"

"မိန်းမ..."

ကျိုးယဲ့က ကျန်းမန်မန်၏ အင်္ကျီလက်စကို နောက်ကနေ အသာအယာ ဆွဲလိုက်ရာ သူမက လက်ကာပြလိုက်သည်။

"ဖယ်စမ်းပါ။"

ကျိုးယဲ့က မျက်တောင်တခတ်ခတ်လုပ်ပြီးမှ အလျင်အမြန်ပင် ပြောလိုက်သည်။

"မိန်းမ...ကိုယ်ပြောချင်တာက လက်နဲ့ရိုက်ရင် လက်နာမှာစိုးလို့ အုတ်ခဲနဲ့သာ ထုလိုက်ပါလား။"

ပြောရင်းဆိုရင်း သူက အုတ်ခဲတစ်လုံးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။

"ရော့... ဒါက နံရံကနေ ကိုယ် အခုလေးတင် ခွာထားတာ၊ နွေးနေတုန်းပဲ။ ဒါကိုသာ သုံးလိုက်။"

ကျန်းမန်မန်က သူမလက်ထဲက အုတ်ခဲကိုကြည့်ပြီး ရယ်မောလိုက်ကာ လုဟုန်ကျွမ်းကို လှမ်းကြည့်လိုက်သည်။

"တွေ့လား... ငါ့ယောက်ျားက ဘယ်လောက် စိတ်ထားသိမ်မွေ့လဲဆိုတာ။ ဒါကြောင့် နောက်တစ်ခါ ငါ့ယောကျ်ားနားကို လာပြီး ကပ်မနေနဲ့။ ဒီအုတ်ခဲကတော့ နင့်ကို ညှာနေမှာ မဟုတ်ဘူးနော်။"

ပါးလည်း အရိုက်ခံရသလို၊ ကျိုးယဲ့က အုတ်ခဲတောင် ကမ်းပေးလိုက်သည်ကို မြင်လိုက်ရတဲ့အခါ လုဟုန်ကျွမ်း၏ မျက်ဝန်းထဲတွင် မျက်ရည်များ ချက်ချင်း ဝဲတက်လာတော့သည်။ သူမသည် မယုံနိုင်စွာဖြင့် မျက်လုံးပြူးကြည့်ကာ ငိုယိုပြီး ထွက်ပြေးသွားတော့၏။

အဘယ်ကြောင့်ဆိုသော် ကျန်းမန်မန်ကိုသာ သူမ ပြန်ထိလိုက်လျှင် ကျိုးယဲ့က ငြိမ်ကြည့်နေမည်မဟုတ်ဘူးဆိုသည်က်ို သူမ သိနေသောကြောင့်ပင်။ 'ဘုရားရေ... သူက အုတ်ခဲတောင် ကမ်းပေးလိုက်သေးတာလေ!'

သူမဘက်မှ ဘယ်သူမှမရှိနေသည့်အတွက် သူမ ဘယ်လိုမှ နိုင်မည်မဟုတ်မှန်း သူမ သိလိုက်သည်။

သူမ ထွက်ပြေးသွားသည်ကို ကြည့်ပြီး ကျန်းမန်မန်က အုတ်ခဲကို မြေကြီးပေါ် ပစ်ချကာ လက်ပေါ်မှ ဖုန်တွေကို ခါလိုက်ပြီး ကျိုးယဲ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

"ရှင်ကတော့ အမြဲတမ်း ပြဿနာတွေကို ဆွဲဆောင်နေတာပဲ။ မနက်ဖြန်ည အိမ်ရောက်မှတွေ့မယ်... ရှင့်ကို ကောင်းကောင်းကြီး ဆုံးမရမယ်။"

ကျိုးယဲ့က ထမင်းကို ဆက်စားရင်း တဟားဟား ရယ်နေ၏။ "မင်း ကြိုက်သလိုသာ ဆုံးမပါ မိန်းမရာ။ ကိုယ်ကတော့ ပြန်မခုခံပါဘူး။"

"ရှင်က ပြန်တောင် ခုခံချင်သေးတာလား။"

"မလုပ်ပါဘူး၊ မလုပ်ပါဘူး။ ကိုယ်က ငြိမ်ငြိမ်လေး လှဲနေပေးမယ်၊ မင်း စိတ်ကြိုက်သာ လုပ်တော့ ဟုတ်ပြီလား။"

"အဟွတ်... အဟွတ်... အဟွတ်... အစ်ကိုတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးတော့ ထိန်းကြပါဦးဗျာ။ ကျွန်တော်က လူပျိုလေးနော်။ ဒါပေမဲ့ မရီး... မရီးကတော့ တကယ်ကို မိုက်တယ်။"

ကျန်းမန်မန်က ပြုံးလိုက်သည်။ "ပြဿနာဖြစ်သွားတဲ့အတွက် အားနာပါတယ်။ ဒါပေမဲ့ ဝမ်ကျားရှင်း... နင်လည်း တစ်ယောက်ယောက်ကို ရှာတော့မယ်ဆိုရင် သေချာကြည့်ပြီးမှ ရှာဦး။ ရဲဘော်လုလို လူမျိုးကိုတော့ သွားမရွေးမိစေနဲ့။"

ပါးစပ်ထဲတွင် အရသာရှိသည့် ဝက်သား အပြည့်နှင့် ဝမ်ကျားရှင်းက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်တော့သည်။

"သိပါပြီ။ မရီးပြောတာကို နားထောင်ပါ့မယ်။ အဲဒီလို မိန်းကလေးမျိုးကိုတော့ လုံးဝ သွားမကြိုက်ပါဘူး။ ဒါနဲ့ စဉ်းစားကြည့်မှ... သူမက အရင်က ဒီလောက်အထိ လာမကပ်တတ်ပါဘူး။ အခုနောက်ပိုင်းမှ ဒီလိုတွေ ဖြစ်လာတာ၊ ထူးဆန်းတယ်နော်။"

လူငယ်ပီပီ အတွေးက မြန်လှသည်။ ထိုသို့ပြောပြီးနောက် သူက ကျိုးယဲ့ဘက်သို့ တစ်ဖန် ပြန်လှည့်လိုက်ပြန်၏။

"အစ်ကိုယဲ့... တကယ်လို့ စစ်တပ်နယ်မြေကနေ သေနတ်နဲ့ ကျည်ဆန်တွေသာ ထုတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ တောင်ပေါ်တက်ပြီး အမဲလိုက်လို့ ရပြီပေါ့ ဟုတ်လား။"

ကျိုးယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။ "ရပြီပေါ့။ တကယ်လို့ စစ်တပ်က ဆုကြေးအနေနဲ့ သေနတ်နဲ့ ကျည်ဆန် ထောက်ပံ့ပေးရင် ငါ မင်းတို့ကို တောင်ပေါ်ခေါ်သွားပြီး အမဲလိုက်ပေးမယ်။"

ကျိုးယဲ့၏ ကတိကို ရလိုက်သည့်အခါ ဝမ်ကျားရှင်းက ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူစားနေသည့် ထမင်းက ပိုလို့တောင် အရသာရှိသွားသလိုပင်။ ဘဝက တကယ်ကို မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရ၏။

ကျိုးယဲ့က ထိုသို့ပြောပြီးနောက် ကျန်းမန်မန်ကို အသနားခံသည့် အကြည့်လေးနှင့် လှမ်းကြည့်လိုက်သည်။

ကျန်းမန်မန်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ပြောလိုက်၏။ "မြန်မြန်စားစမ်းပါ။ စားပြီးရင် ထမင်းချိုင့်တွေ ပြန်သယ်သွားရဦးမှာ။ ရှင်တို့နှစ်ယောက် ညကင်းစောင့်တဲ့အခါ သတိထားကြဦး... တကယ်လို့ တောင်ပေါ်က တောကောင်တွေ ဆင်းလာရင် အန္တရာယ်ရှိနိုင်တယ်။ ဓားကိုလည်း လက်ကမချနဲ့။"

သူမ၏ ဂရုတစိုက်နှင့် စိုးရိမ်နေသည့် စကားများကို ကြားရတဲ့အခါ ကျိုးယဲ့က ပြုံးပြလိုက်ပြန်သည်။

"မိန်းမက ကိုယ့်အပေါ် တကယ်ကို ကောင်းတာပဲ။"

ကျန်းမန်မန်လည်း လိုက်ပြုံးလိုက်မိ၏။ "ရှင်က ကျွန်မ ယောက်ျားပဲလေ။ ရှင့်ကို ကျွန်မတစ်ယောက်ပဲ နှိပ်စက်လို့ရတယ်... တောကောင်တွေတောင် လာထိလို့ မရဘူး။"

"ကိုယ့်မိန်းမကတော့ တကယ့် အာဏာရှင်မလေးပဲ။"

သူတို့ စားသောက်ပြီးနောက်တွင်တော့ ကျန်းမန်မန်က ထမင်းဘူးများကို သယ်ပြီး အိမ်ပြန်လာခဲ့သည်။

အဒေါ်လျိုတို့ အိမ်ရှေ့မှ ဖြတ်သွားသည့်အခါ သူမသည် အရင်ဘဝတုန်းက သူမတို့ မိသားစု စိုက်ပျိုးခဲ့သည့် ဖရုံသီးများကို ရုတ်တရက် သတိရသွားခဲ့သည်။ ဖရုံသီးက အထွက်နှုန်း ကောင်းသလို လူစားဖို့ရော ဝက်စာအတွက်ပါ အသုံးဝင်လှသည်။

"အဒေါ်လျို... အိမ်မှာရှိလား။"

အဒေါ်လျိုတို့ မိသားစုကတော့ ရေနံဆီချွေတာသည့်အနေနှင့် အပြင်ဘက်တွင် နေ့အလင်းရောင် ကျန်နေတုန်းအချိန်၌ ထမင်းထွက်စားနေကြလေသည်။

ကျန်းမန်မန်၏ ခေါ်သံကို ကြားသည့်အခါ အဒေါ်လျိုက ထမင်းပန်းကန်ကို ကိုင်ပြီး ထွက်လာ၏။

"ပညာတတ်လူငယ်ကျန်း... ဘာကိစ္စရှိလို့လဲ။"

"အဒေါ်... အဒေါ်တို့ဆီမှာ ဖရုံစေ့ ရှိလားဟင်။"

ထိုမေးခွန်းကို ကြားသည့်အခါ အဒေါ်လျိုက ခေါင်းခါပြလိုက်သည်။

"မရှိပါဘူး။ စဉ်းစားကြည့်ရသလောက်တော့ ဒီရွာထဲမှာ ဘယ်သူမှ အဲဒါမျိုး စိုက်တာ မတွေ့ဖူးဘူး။ ဘာလို့လဲ။ မင်း လိုချင်လို့လား။ ဒါဆိုရင်တော့ ခရိုင်ဘက်က မျိုးစေ့အရောင်းဆိုင်မှာ သွားကြည့်မှ ရလိမ့်မယ်။"

ကျန်းမန်မန် ပြုံးလိုက်မိသည်။ ဒါဆို ဒီမှာ ဘယ်သူမှ ဖရုံသီး မစိုက်ကြသေးဘူးပေါ့။

ဒါက ပိုတောင် အဆင်ပြေသွားသေးသည်။

"ဟုတ်ပါပြီ အဒေါ်... အဒေါ်တို့ ထမင်း ဆက်စားကြပါဦး။ မနက်ဖြန်ကျမှ ကျွန်မ မျိုးစေ့ဆိုင်ကို သွားကြည့်လိုက်မယ်။ ဖရုံသီးက အထွက်နှုန်း အရမ်းကောင်းတယ်လို့ ကြားဖူးတယ်... အပင်တစ်ပင်တည်းကတင် အသီးအကြီးကြီးတွေ အများကြီး ထွက်တာလေ။ စားဖို့ပဲဖြစ်ဖြစ်၊ ဝက်စာကျွေးဖို့ပဲဖြစ်ဖြစ် အရမ်းအသုံးဝင်တယ်။ ဒါဆိုရင် ကျွန်မတို့ရဲ့ခြံက ဝက်တွေအတွက် ဝက်စာတွေကိုလည်း ပိုပြီး အာဟာရဖြစ်အောင် လုပ်ပေးနိုင်မှာပေါ့။"

အဒေါ်လျိုက သူ ပေါင်ကို အားရပါးရ ရိုက်လိုက်ပြီး ပြောလိုက်၏။

"အမယ်လေး... ပညာတတ်လူငယ် ကျန်းရယ်၊ မင်းကတော့ တကယ်ကို အသိအမြင် ကြွယ်ဝတာပဲ။ ဟုတ်တာပေါ့၊ အပင်တစ်ပင်တည်းကတင် အသီးတွေ အများကြီးထွက်တာလေ။ မနက်ဖြန် မျိုးစေ့ဆိုင်သွားရင် ငါ့ကိုပါ ခေါ်ဦး၊ ငါလည်း လိုက်ခဲ့မယ်။"

"ဟုတ်ပါပြီ။"

အဒေါ်လျိုတို့အိမ်မှ ထွက်လာပြီးနောက် ကျန်းမန်မန်က အိမ်ပြန်သည့်လမ်းကို ဆက်လျှောက်လာခဲ့သည်။

သူမ ခန်ခုတင်မျက်နှာပြင်ကို စမ်းကြည့်လိုက်သည်။ အပူချိန်က ၃၈°C ဝန်းကျင်မှာ ရှိနေတုန်းပင်။

အပူချိန်တိုင်းကိရိယာ မရှိခြင်းက အလုပ်လုပ်ရသည့်အပေါ် အနည်းငယ်တော့ ခက်ခဲစေသည်။

ခရိုင်မြို့ရောက်လျှင်တော့ တစ်ခုလောက် ဘယ်လိုဝယ်ရမလဲဆိုသည်ကို သူမ စဉ်းစားရပေဦးမည်။

ထို့နောက် သူမက ထိုင်ချလိုက်ပြီး တိုင်ကြားစာကို စတင်ရေးသားတော့သည်။

"လူကြီးလူကောင်းတစ်ယောက်သည် လက်စားချေရန်အတွက် ဆယ်နှစ်တိုင်တိုင် စောင့်နိုင်သည်" ဆိုသည့် စကားပုံ ရှိသည်မဟုတ်လား။

"လူကြီးလူကောင်း" တောင်မှ အငြိုးအတေးကို ဒီလောက်ကြာအောင် ထားနိုင်လျှင်၊ သူမလို မိန်းမငယ်လေးတစ်ယောက် အငြိုးထားသည်ကလည်း လုံးဝကို သဘာဝကျသည့်ကိစ္စတစ်ခုပင်။

သူမက ရှောင်ဝမ်ရွှမ်၏ မလျော်ကန်သည့် အပြုအမူများအကြောင်းကို တိုင်စာထဲမှာ ရေးလိုက်သည်။

သူသည် မူလခန္ဓာပ်ိုင်ရှင်နှင့် စေ့စပ်ထားစဉ်မှာတင် သူမ၏ ညီမဖြစ်သူနှင့် ပတ်သက်မှုရှိနေခဲ့ကြောင်း။ ဤသို့သော ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာရှိနေသူသည် စစ်သားတစ်ယောက်ဖြစ်ရန် မထိုက်တန်ကြောင်း။

ဒါတင်မကသေးဘဲ မူလခန္ဓာပိုင်ရှင်က ပေးထားသည့် အမှတ်တရလက်ဆောင်ကိုတောင် ညီမဖြစ်သူကို ပေးခဲ့သေးသည်။ သူမက ပြန်တောင်းသည့်အခါတွင်လည်း ပျောက်သွားပြီဟု လိမ်ညာခဲ့၏။

ဤသည်မှာ ဖောက်ပြန်သည့်ကိစ္စတင်မကဘဲ လူတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သည်။

ဒီလိုလူမျိုးသည် ပုဂ္ဂိုလ်ရေးကိစ္စတွင်တောင် အလွယ်တကူ လိမ်ညာနိုင်သည့်အတွက် စစ်ဆင်ရေးများတွင်သာ လိမ်ညာခဲ့မည်ဆိုလျှင် လူအများ၏ အသက်ကို အန္တရာယ်ဖြစ်စေမည် မဟုတ်လား။

ကျန်းမန်မန်က တိုင်ကြားစာကို တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် ရေးလိုက်သည်။

ဘယ်လိုဖြစ်ဖြစ်... ထိုစဉ်က ကျောက်စိမ်းဆွဲသီးကိစ္စ ပေါ်ပေါက်ခဲ့ချိန်တွေ လူအများကြီး ရှိနေခဲ့သည့်အတွက် သက်သေပြပေးနိုင်မည့်သူတွေလည်း အများကြီးရှိနေပေသည်။

ကိုယ်ကျင့်တရားပိုင်းနှင့် နေထိုင်မှုပုံစံ ညံ့ဖျင်းသူသည် စစ်သားကောင်းတစ်ယောက် မဖြစ်နိုင်ကြောင်း ဆိုကာ သူမက စာကို အဆုံးသတ်လိုက်သည်။

တိုင်ကြားစာကို ပုံစံအမျိုးမျိုးနှင့် အစောင်ရေအချို့ ရေးသားပြီး စာအိတ်ထဲ ထည့်ပိတ်လိုက်ကာ မနက်ဖြန် ခရိုင်သို့သွားလျှင် စာတိုက်ကနေ ပို့မည်ဟု သူမ စီစဉ်လိုက်သည်။

ကံကောင်းသည်မှာ မူလဝတ္ထုထဲတွင် ရှောင်ဝမ်ရွှမ်သည် မည်သည့်တပ်ရင်းထဲသို့ ဝင်သွာလဲဆိုသည်ကို သူမ မှတ်မိနေခြင်းပင်။

တကယ်တော့ ထိုဝတ္ထုက တော်တော်လေးကို ကြောင်တောင်တောင်နိုင်လှသည်။

ဘာလို့ မူလခန္ဓာကိုယ်ပိုင်ရှင်ကသာ ဒုက္ခအများကြီး ခံစားခဲ့ရပြီး၊ သူမ၏ ကောက်ကျစ်သည့် ညီမကတော့ ကျောက်စိမ်းဆွဲသီးကိုပါ အရယူသွားနိုင်ကာ ကောင်းစားနေရသည်လဲ။

ဤသည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကံကောင်းခြင်းများကို ပြောင်ပြောင်တင်းတင်း ခိုးယူနေခြင်းမဟုတ်လား။

ထို့ကြောင့်လည်း သူမက ဤဝတ္ထုကို rating 1 star သာ ပေးခဲ့သည်။

ယခုတော့ သူမ ဒီကို ရောက်နေပြီဖြစ်သည့်အတွက် ဘဝကို အကောင်းဆုံး နေထိုင်သွားမည်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် အသက်ရှင်အောင် ကြိုးစားနေထိုင်ရမည်မှာ သူမ၏ တာဝန်ပင်။

ဒီညတွင်လည်း သူမသည် ဘဲဥများ၊ ငန်းဥများကြားတွင် တစ်ယောက်တည်း အိပ်စက်ရဦးမည်။

နောက်တစ်နေ့မနက်တွင်တော့ သူမ အဒေါ်လျိုကို သွားခေါ်လိုက်၏။

ထို့နောက် သူမတို့နှစ်ဦး ခရိုင်သို့ အတူတူ ထွက်လာခဲ့ကြသည်။

"အဒေါ်... ခဏလေးစောင့်နော်။ ကျွန်မ စာတိုက်မှာ စာအရင်သွားပို့လိုက်ဦးမယ်၊ ပြီးမှ မျိုးစေ့ဆိုင်ကို သွားကြတာပေါ့။"

အဒေါ်လျိုကတော့ သူမသည် မိသားစုထံသို့ အကြောင်းကြားစာ ပို့နေသည်ဟု ထင်မှတ်ကာ နွေးထွေးစွာ ပြုံးပြလျက် ခေါင်းညိတ်ပြီး စောင့်နေပေးခဲ့လေသည်။

All Chapters