အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) အတွေ့အကြုံရင့် ကျွမ်းကျင်သူ
အရှင်မင်းကြီး စကားပြောသည့် လေသံက ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။ ပိုင်ဖင်သည် အရှင်မင်းကြီး၏ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ အနည်းငယ် တောင့်တင်းသွားခဲ့ရသည်။
သူမသည် မိမိ၏ ဆွဲဆောင်မှု စွမ်းရည်ရှိသမျှကို အကုန်ထုတ်ပြခဲ့ပါလျက် ဘာကြောင့်များ အရှင်မင်းကြီးက နည်းနည်းလေးမျှ စိတ်လှုပ်ရှားမှုမရှိသည့် ပုံစံမျိုး ဖြစ်နေရသနည်း။
ငါ့ရဲ့ အလှတရားတွေ ပျက်ပြယ်သွားလို့ အရှင်မင်းကြီးရဲ့ အချစ်တွေ လျော့ပါးသွားတာများလား… ဟု ပိုင်ဖင်က စိတ်ထဲက တွေးမိသော်လည်း ထိုသို့တော့ မဖြစ်နိုင်ဟု ပြန်လည်စဉ်းစားမိပြန်သည်။
ပိုင်ဖင်က အခြားသော ကိုယ်လုပ်တော်များဘက်သို့ မျက်လုံးဝေ့ကာ လှည့်ကြည့်လိုက်လေသည်။
ထိုသူတို့၏ အကြည့်များထဲက အားကျမှု၊ မနာလိုမှု၊ ချီးကျူးမှု စသည့် ဟန်ပန်များမှာ ယနေ့ သူမ ကပြခဲ့သော အကသည် လုံးဝကို ထူးခြားပြောင်မြောက်ကြောင်း သက်သေပြနေကြချေသည်။
သို့သော် ဘာကြောင့်များ အရှင်မင်းကြီးက ဤကဲ့သို့သော အေးစက်သည့် သဘောထားကို ပြသနေရသနည်း။
သို့သော်လည်း ပြောရမည့် စကားကိုမူ ပြောရမည်ဖြစ်ပြီး ထိန်းရမည့် သိက္ခာကိုလည်း ထိန်းရမည်သာ ဖြစ်သဖြင့် ပိုင်ဖင်က အရှင်မင်းကြီးအား ရိုသေစွာ ဂါရဝပြုလိုက်၏။
"အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်"
ကြည့်ရသည်မှာ မုလန်ချွမ်းသည်လည်း မိမိ၏ အရည်အချင်းကို ဖုံးကွယ်ထားတတ်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ လင်ဝမ်ယိက မုလန်ချွမ်းကို အစောပိုင်းက တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူမတွင် ဤမျှလောက် ပြင်းပြသော ရည်မှန်းချက်မျိုး ရှိလိမ့်မည်ဟု မရိပ်မိခဲ့ချေ။ လင်ဝမ်ယိမှာ မင်ချန်ကျိုက်သည် တကယ်ပဲ လက်ဖက်ရည်လာသောက်ပြီး ညစာစားပွဲကို လာတက်ရုံ သက်သက်ဖြစ်မည်ဟုပင် တစ်ခဏတာမျှ ထင်မှတ်သွားရသေးပြီး သူမက တုချန်ကျိုက်၏ မျက်ဝန်းထဲ၌ မနာလိုမှုကို အမြင်မှားခဲ့လေသလား ဟုပင် တွေးလိုက်မိသည်။
ယီဖေးက မုလန်ချွမ်းကို ကြည့်ကာ ပြုံးစိစိဖြင့် စကားဆိုလိုက်လေသည်။ ထိုအချိန်တွင် မုလန်ချွမ်းက အရှင်မင်းကြီးဘက်သို့ လှည့်ကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
'တင်… တင်… တင်' ဟူသော တူရိယာသံ အနည်းငယ် ထွက်ပေါ်လာသည်နှင့် နန်းဆောင်ထဲတွင် ရှိနေသော ဂီတနားလည်သူများက မုလန်ချွမ်းသည် အတွေ့အကြုံရင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ကြပေသည်။
သူတို့နှစ်ဦး ရီဟွားနန်းဆောင်တွင် အတူနေထိုင်စဉ်ကာလအတွင်းက တယောသံကို လင်ဝမ်ယိတစ်ယောက် တစ်ခါမျှ မကြားဖူးခဲ့ချေ။
ထို့ပြင် ဟယ့်နျန်ဇစ်ကလည်း လူအများရှေ့တွင် သွက်လက်သော ပေသီးခေါက်စွမ်းရည်ကို ပြသခဲ့ရာ အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းခဲ့ပေသည်။ မုလန်ချွမ်းက မတ်တပ်ရပ်ကာ တည်ငြိမ်စွာဖြင့် အရှင်မင်းကြီးအား လျှောက်တင်လိုက်၏။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ဒါက အရပ်ရှစ်မျက်နှာကို လှည့်လည်သွားလာနေတဲ့ ထူးဆန်းတဲ့သူတစ်ယောက်က မတော်တဆ ပေးခဲ့တာပါ… ကျွန်တော်မျိုးမလည်း ပုံမှန် အားနေတဲ့အချိန် ဆော့ကစားရင်း လေ့ကျင့်ထားတာမို့လို့ အကယ်၍ အရှင်မင်းကြီး သဘောကျတယ်ဆိုရင်တော့ ဒါက ဒီတေးသွားရဲ့ ကံကောင်းမှုပါပဲ"
မုလန်ချွမ်း ဖျော်ဖြေပြီးနောက်တွင်တော့ သာမန်ရိုးကျ ပြသမှုအချို့သာ ရှိတော့သဖြင့် ပျင်းစရာကောင်းလှပေသည်။ ယခုအခါ အရှင်မင်းကြီးသည် ခွန်အားအပြည့်ဝဆုံး အရွယ်ဖြစ်ရာ ဤကဲ့သို့သော အလှလေးများကို အချိန်အကြာကြီး ကြည့်ရပါက သေချာပေါက် ငြီးငွေ့လာပေလိမ့်မည်။
မုတာရင် တယောထိုးတတ်သည်ကို ပိုင်ဖင်တစ်ယောက် အနည်းငယ်မျှပင် မသိခဲ့ချေ။ လင်ဝမ်ယိကတော့ နေမကောင်းဖြစ်နေဆဲမို့ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့သဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လျက် အခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။
"ပိုင်ဖင်မယ်မယ်ရဲ့ ဒီအကက တကယ်ကြည့်ကောင်းပြီး သီချင်းသံကလည်း သာယာလိုက်တာ… အရှေ့မှာ ဒီလောက် တန်ဖိုးကြီးတဲ့ ရတနာရှိနေတော့ ကျွန်တော်မျိုးမတို့လို ညီမလေးတွေရဲ့ အရည်အချင်းက ထုတ်ပြဖို့တောင် အားနာစရာကောင်းနေပြီ"
မုလန်ချွမ်းက ပိုင်ဖင်ကို ချီးကျူးစကား ဆိုလိုက်သည်။ ယင်းကွေ့ဖင်ကမူ မိမိနှင့် မသက်ဆိုင်သကဲ့သို့ တည်ငြိမ်စွာ နေနေလေ၏။ ဤအချက်တွင် ယင်းကွေ့ဖင်က အခြားသူများထက် ပိုမိုရှင်းလင်းစွာ တွေးတောနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
စကားပြောပြီးသည်နှင့် မုလန်ချွမ်းက တယောဘေးမှ ရှေးဟောင်း တယောစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။ မိန်းမစိုး သုန်ယွီကျုံးက ထိုစာအုပ်ကို အရှင်မင်းကြီး၏ အရှေ့သို့ ယူဆောင်သွားချိန်တွင် အရှင်မင်းကြီး၏ မျက်ဝန်းထဲ၌ အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
၎င်းစာအုပ်က အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်ပြီး အပေါ်ရှိ စာလုံးများနှင့် အသံများကို ရှင်းလင်းစွာ မမြင်ရတော့သည်ကို လင်ဝမ်ယိ တွေ့လိုက်ရသည်။ မု လန်ချွမ်း တီးခတ်လိုက်သော တေးသွားမှာ ပျောက်ကွယ်သွားသည် ကြာပြီဖြစ်သော ကွမ်လင်စန်းတေးသွားပင် ဖြစ်လေသည်။ ထိုအချိန်တွင် အရှင်မင်းကြီးက မျက်နှာအမူအရာ အလွန်ကောင်းမွန်စွာဖြင့် စကားဆိုနေတော့သည်။
"ဂီတဌာနကလည်း အရင်က ကွမ်လင်စန်းတေးသွား ကို တစ်ခါတီးဖူးတယ်… ဒါပေမဲ့ ပျော့ပျောင်းတဲ့အသံတွေချည်းပဲ ဖြစ်နေပြီး အသက်ဝင်မှု နည်းနည်းလေးမှ မရှိခဲ့ဘူး… မင်းတီးတဲ့ တေးသွားကတော့ တကယ့်ကို ကောင်းတာပဲ… တယောစာအုပ်က ဘယ်ကရတာလဲ"
အရှင်မင်းကြီးက သဘောကျစွာဖြင့် မုလန်ချွမ်းကို မေးမြန်းလိုက်လေသည်။ ရုတ်တရက် အမေးခံလိုက်ရသော်လည်း မုလန်ချွမ်း၏ မျက်နှာပေါ်တွင် အကြောက်တရား မရှိခဲ့ချေ။
ဤကွမ်လင်စန်းတေးသွားက မူလကတည်းက စိတ်လှုပ်ရှားဖွယ်ကောင်းလှသဖြင့် နားလည်သူများက နားထောင်ရသည်မှာ စိတ်အားထက်သန်ဖွယ်ဖြစ်သော်လည်း နားမလည်သူများအတွက်မူ နားကွဲမတတ် ဆူညံနေသည်ဟုသာ ခံစားရပေလိမ့်မည်။
အကျိုးအကြောင်းအရ ပြောရမည်ဆိုလျှင် အရှင်မင်းကြီး ဤကဲ့သို့ ရမ္မက်ကင်းစင်နေသည်မှာ အတော်ကြာပြီဖြစ်ရာ ယခုလို စိတ်လှုပ်ရှားသွားခြင်းက မဆန်းလှချေ။
နောက်ဆုံးအချိန်တွင် တုချန်ကျိုက်က အမှတ်မထင် ဝင်ရောက်ပြောဆိုသူ ဖြစ်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ယီဖေးက တုချန်ကျိုက်ကို တစ်ချက် ကြည့်လိုက်ပြီး ဤလူက တကယ့်ကို အသုံးမကျသူတစ်ယောက်ဟု စိတ်ထဲ၌ ခံစားလိုက်ရ၏။ သူမ၏ ဘေးတွင် ထိုင်နေသော မင်ချန်ကျိုက်ကတော့ ယခင်ကအတိုင်း အရာမရောက်သူတစ်ယောက်ကဲ့သို့ပင် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်သည်။
မမျှော်လင့်ထားဘဲ အားလုံးက အရှင်မင်းကြီးထံမှ ဆုချီးမြှင့်ခြင်း ခံရလေ၏။
"အို… ကျွန်တော်မျိုးမတို့ အကုန်လုံးက အရည်အချင်းတွေ ပြသပြီးပြီ… မင်ချန်ကျိုက်ပဲ အသံမထွက်သေးတာ… အားလုံးကို ဘယ်လိုအံ့ဩသွားအောင် လုပ်ရမလဲဆိုတာ စဉ်းစားနေတာများလား"
တုချန်ကျိုက်က မင်ချန်ကျိုက်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ စကားဆိုလိုက်သည်။
"ညီမလေးက အထင်ကြီးလွန်းနေပါပြီ"
မင်ချန်ကျိုက်က မချိပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်၏။
မုလန်ချွမ်းက နေရာတွင် ပြန်လည်ထိုင်လိုက်ပြီးနောက်မှ နဖူးပေါ်မှ ချွေးစက်များကို ပဝါဖြင့် သုတ်လိုက်ရာ သူမ၏ မျက်နှာထားက သိပ်မကောင်းလှပေ။ လင်ဝမ်ယိအနေဖြင့် တီးခတ်ရာတွင် မကျွမ်းကျင်သော်လည်း နားထောင်ရန်အတွက်မူ သေချာနားထောင်နေမိသည်။
ယီဖေးက တုချန်ကျိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ဤလူက တကယ့်ကို အရူးတစ်ယောက်ဟု တကယ်ကို ခံစားလိုက်ရလေသည်။
"အရှင်မင်းကြီး ငါ့အပေါ် စိတ်မဝင်စားတာက လင်ဝမ်ယိကြောင့်များလား…" ဟု ပိုင်ဖင်က သံသယဝင်မိသော်လည်း လင်ဝမ်ယိ၏ မျက်ဝန်းထဲ၌ မိမိအပေါ် ချီးကျူးမှုများသာ ပြည့်နှက်နေပြီး အငြိုးအတေး အနည်းငယ်မျှပင် မရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ပိုင်ဖင်က ယင်းကွေ့ဖင်ကို တစ်ချက်ကြည့်လိုက်လေ၏။
ယင်းကွေ့ဖင်၏ ဗိုက်ကလေးမှာ အတော်လေးသိသာနေပြီဖြစ်ရာ ထိုထက်ပိုလာပါက အလွန်အကျွံဖြစ်သွားနိုင်ပေသည်။
တေးသွားတစ်ပုဒ်အဆုံးသတ်သွားသော်လည်း မုလန်ချွမ်း၏ အလှည့်မှာတော့ သံစဉ်တို့က လေထုထဲတွင် လွှမ်းခြုံကျန်ရစ်နေခဲ့သေးသယောင်ပင်။ မဟုတ်ပါက သာမန်ဟွိုင်ယန်စီရင်စုတရားသူကြီး၏ သမီးတစ်ယောက်မျှသာဖြစ်သော မုလန်ချွမ်းက ဘယ်လိုလုပ်ပြီး ဤမျှလောက် မြင့်မားသော ပညာရှင်၏ လမ်းညွှန်မှုပါသည့် တယောစာအုပ်ကို ရရှိနိုင်မည်နည်း။
နန်းတော်ထဲတွင် အရည်အချင်းရှိသူများ ပုန်းကွယ်နေသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ ယီဖေးဘက်မှ သဘာဝအလျောက် ဆွဲဆောင်မှုရှိသော ပိုင်ဖင်တစ်ယောက် ထွက်ပေါ်လာသလို ယင်းကွေ့ဖင်ဘက်မှလည်း မမျှော်လင့်ထားသော မုတာရင်တစ်ယောက်ကို ဖျော်ဖြေလိုက်သည် မဟုတ်လား။
တုချန်ကျိုက်က ယီဖေး၏ တင်းမာသော အကြည့်ကို ရင်ဆိုင်ရင်း ရှေ့သို့ ထွက်သွားကာ လျှောက်တင်လိုက်လေသည်။
"ယီဖေးမယ်မယ် ဒေါသထွက်တာကို လျှော့ပါဦး… ကျွန်တော်မျိုးမက မင်ချန်ကျိုက် အသံမထွက်တာကို မြင်လို့ စကားနည်းနည်း ပိုပြောလိုက်မိတာပါ"
"ဒါပေမဲ့ ကျွန်တော်မျိုးမမှာ တခြားရည်ရွယ်ချက်မရှိပါဘူး… အရင်တုန်းက မင်ချန်ကျိုက် အကလေ့ကျင့်နေတာကို တွေ့ဖူးလို့ ဒီနေ့ ဘာမှအသံမထွက်တဲ့အချိန်ကြတော့ သိချင်စိတ်နဲ့ မေးလိုက်မိတာပါ"