← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) အရှင်မင်းကြီး၏ အချစ်တော်အသစ်

တုချန်ကျိုက်၏ ထိုစကားက မူလက အနည်းငယ် စိတ်ဓာတ်ကျနေသော ပိုင်ဖင်၏ စိတ်ကို ချက်ချင်းပင် ပြန်လည် တက်ကြွလာစေခဲ့သည်။

အကပညာ ဟုတ်လား… အဲဒါဆို ငါနဲ့ တူနေတာပေါ့ … ကြည့်ရတာ ငါ့အကကို မြင်ပြီးတော့ ထပ်ကဖို့ အားနာသွားတာ ထင်တယ်

သူတစ်ပါးကို နင်းခုံအဖြစ် အသုံးချရသည်ကို အနှစ်သက်ဆုံး ဖြစ်သော သူမ အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးကောင်းမျိုးကို ဘယ်လိုလုပ် အလွတ်ခံနိုင်မည်နည်း။ ထို့ကြောင့် ပါးစပ်ဟကာ မီးထိုးပေးလိုက်လေ၏။

"မင်ချန်ကျိုက် ပြင်ဆင်ထားတာလည်း အကပဲ ဆိုတာ ငါ တကယ် မသိခဲ့ဘူး… ညီမလေးက အနောက်မြောက်ဒေသမှာ မွေးဖွားပြီး တိန့်ကျိုး မှာ ကြီးပြင်းလာတယ်လို့ ကြားဖူးတယ်… စဉ်းစားကြည့်ရုံနဲ့ ဒေသနှစ်ခုလုံးရဲ့ အငွေ့အသက်တွေ အကုန်လုံး ပေါင်းစပ်နေလောက်ပြီ… ဒီနေ့တော့ သေချာလေး ကပြပေးပါဦး ငါလည်း မြင်ဖူးချင်လို့"

စကားပြောရင်းနှင့် အရှင်မင်းကြီး ဘက်သို့ လှည့်ကာ အနည်းငယ် အချွဲတိုက်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"အရှင်မင်းကြီး… ကျွန်တော်မျိုးမက ငယ်ငယ်ကတည်းက သီချင်းဆို အကအခုန် ဝါသနာပါတယ်… တကယ်လို့ ဒီနေ့သာ မင်ချန်ကျိုက်လို စိတ်တူကိုယ်တူ သူငယ်ချင်းကို ရခဲ့မယ်ဆိုရင် နောင်ကြရင် အရှင်မင်းကြီးအတွက် ပိုကောင်းတဲ့ အကတွေ တီထွင်ပြီး ဖျော်ဖြေနိုင်မှာပါ"

သူမ၏ ဤလိုစကား ထွက်ပေါ်လာသည်နှင့် မင်ချန်ကျိုက် အနေဖြင့် မကပြလျှင် မရတော့ပေ။ မဟုတ်ပါက ပိုင်ဖင်က မလေးစားမှု ဆိုသော ခေါင်းစဉ်ကို တပ်ပေးလိုက်မည် မဟုတ်လား။ ဤ နေရာတွင် ရှိနေသော ကိုယ်လုပ်တော်များက အရှင်မင်းကြီးအပေါ် ထားရှိသည့် ဤ 'အချစ်' တွင် ဘယ်နှယောက်ကများ စစ်မှန်သော ရိုးသားမှု ရှိကြပါသနည်းဆိုသည်ကို ယခုအချိန်တွင် သူမ နားလည်သွားခဲ့ပြီ။

ဤအခိုက်အတန့်တွင် ဧကရာဇ် တစ်ပါး ဖြစ်လာလျှင်လည်း ဧကရာဇ်၏ မတတ်သာမှုများ ရှိနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရလေသည်။ သို့သော် ကိုယ်လုပ်တော်တွေတိုင်းက သူမကို ကြည့်လာကြရာတွင် သနားစရာကောင်းသည်ဟူသော ခံစားချက်များကို ထုတ်လွှတ်နေကြသည်ကို တွေ့လိုက်ရမှသာ သူမ သတိပြန်ဝင်လာခဲ့၏။ အချိန်အတော်ကြာမှသာ အရှင်မင်းကြီး ဖြေလိုက်သည့် အသံကို ကြားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ ဘယ်ညာ ကြည့်လိုက်ပါက မင်ချန်ကျိုက် ၏ အရှေ့ရှိ ပစ္စည်းများမှာ လုံးဝ မထိထားကြောင်း တွေ့ရမည် ဖြစ်သည်။ ချက်ချင်းပင် နောက်ပြောင်ကာ ပြောလိုက်လေ၏။ အနည်းငယ် စိတ်လှုပ်ရှားသလို မျှော်လင့်ချက်များဖြင့် အရှင်မင်းကြီးကို ကြည့်နေလေသည်။ သူမ၏ လှုပ်ရှားမှုများက ပိုင်ဖင်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပို၍ ကြမ်းတမ်းသဖြင့် ပို၍ ပင်ပန်းပေလိမ့်မည်။

ဝန်ခံရမည်ဆိုလျှင် အကဝတ်စုံကို လဲလှယ်ပြီးနောက် မင်ချန်ကျိုက်မှာ အခြားတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ စောစောက အရှက်သည်းနေသော ကိုယ်လုပ်တော်လေး တစ်ယောက်မျှသာ ဖြစ်ခဲ့လျှင် ယခုအခိုက်အတန့်တွင်မူ အနောက်ဘက်ဒေသမှ ရောက်ရှိလာသော မိန်းမပျိုလေး တစ်ယောက်နှင့်ပင် တူမည်မဟုတ်ချေ။ ယင်းကွေ့ဖင် နှင့် မုတာရင် တို့မှာ မူလကတည်းက သူမနှင့် အတော်လေး ရင်းနှီးကြသဖြင့် လက်ခုပ်တီး၍ အားပေးနေကြသည်။

သူမ၏ အကသည် ပိုင်ဖင်၏ သေချာ စိတ်ကူးယဉ် ဖန်တီးထားသည် အကနှင့် အနည်းငယ်မျှပင် ယှဉ်နိုင်စွမ်း မရှိသည်မှာ သိသာနေပါသော်လည်း ဘာကြောင့်များ အရှင်မင်းကြီးက သူမကို ကြည့်ပြီး မျက်စိမခွာနိုင် ဖြစ်နေရသနည်း။ အရှင်မင်းကြီးကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ရာ သူ၏ အကြည့်များက မင်ချန်ကျိုက် အပေါ်တွင်သာ ကပ်ငြိနေသည်ကို တွေ့လိုက်ရလေ၏။ ပိုင်ဖင်၏ မျက်နှာသာပေးခံရမှုက ဤအချိန်၌ စိတ်အားထက်သန်မှု ကုန်ဆုံးသွားသည်နှင့် လိုက်ပါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမည်။

ယနေ့ ပြီးသွားပါက ဤနာမည်မထင်ရှားသော မင်ချန်ကျိုက် သည် အချစ်တော်အသစ် ဖြစ်လာတော့မည်မှာ အသေအချာပင်။

မင်ချန်ကျိုက် သည် ကိုယ်လုပ်တော်များ ကြားတွင် ညပ်နေသဖြင့် သတိထားစရာပင် မလိုချေ။ သို့သော် သူမ၏ အားသာချက်ကို လူတိုင်းက ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့ခြင်းပင် ဖြစ်သည်။ လင်ဝမ်ယိက ဘေးမှနေ၍သာ စောင့်ကြည့်နေလိုက်သည်။ လင်ဝမ်ယိသည် ဘိုးဘိုးနှင့်အတူ နေရာအနှံ့ သွားလာခဲ့ဖူးသော်လည်း ဤကဲ့သို့သော ပြင်ဆင်မှုနှင့် အကဟန်မျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေ၏။ ကြည့်ရင်းနှင့်ပင် အကတစ်ပုဒ် ပြီးဆုံးသွားခဲ့လေပြီ။ သို့သော် သူတို့နှစ်ဦး၏ လှပမှုကတော့ အစွန်းနှစ်ဖက်ကဲ့သို့ ကွာခြားနေလေသည်။

တစ်ယောက်က အပြည့်အဝ ဆွဲဆောင်မှု ရှိပြီး နောက်တစ်ယောက်က အပြည့်အဝ လှပချောမောနေလေ၏။

မင်ချန်ကျိုက်သည်လည်း ဆုချီးမြှင့်ခံရရုံမျှသာ ဖြစ်သော်လည်း သူမ နေရာတွင် ဝင်ထိုင်သည့် အချိန်အထိ အရှင်မင်းကြီး၏ အကြည့်များက သူမဆီသို့ တစ်လျှောက်လုံး လိုက်ပါနေခဲ့လေ၏။ အရှင်မင်းကြီးကို မမြင်ရသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ လူတိုင်းက မိမိသာ ကံကောင်းသူ ဖြစ်ချင်ကြပြီး ယနေ့တွင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရချင်နေကြသည်။

ထိုအရာက ကိုယ်လုပ်တော် အတော်များများကို ဒေါသထွက်လွန်း၍ အံကြိတ်သွားစေခဲ့လေ၏။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းက မင်ချန်ကျိုက် ကို ကြည့်နေကြလေသည်။ လူများ၏ အာရုံစိုက်မှုကို ရရှိရန် ထိုစကားများကို တမင်တကာ ပြောဆိုနေခြင်း ဖြစ်၏။ ရှက်ကိုးရှက်ကန်း ပြုံးကာ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။

လင်ဝမ်ယိမှာ ကြည့်လေကြည့်လေ ပို၍ ထူးဆန်းသည်ဟု ခံစားလာရသည်။ ဘာကြောင့်များ သာမန်မျှသာ ဖြစ်သော မင်ချန်ကျိုက် သည် လင်ကွေ့ဖေး ၏ အားထားရသူ တစ်ယောက် ဖြစ်လာနိုင်ရသနည်း။ လင်ဝမ်ယိသည် သူမတို့နှစ်ဦးကို သတိထားမိခဲ့ခြင်းမှာ သူမ၏ နေရာက သူမတို့နှင့် ပိုမို နီးကပ်နေခြင်းကြောင့်သာ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် သံသယများ အားလုံးက ရင်ထဲသို့ ဝင်ရောက်လာပြီး မင်ချန်ကျိုက် ကို မျက်လုံးပြူးကျယ်လုမတတ် စိုက်ကြည့်နေမိလေတော့သည်။ မင်ချန်ကျိုက် ကတော့ တဖြူးဖြူး အသက်ရှူနေလေ၏။

သူမ နန်းတွင်းသို့ ဝင်ရောက်လာသည့် နေ့မှစ၍ မိမိသည် အရှင်မင်းကြီး၏ များပြားလှသော အမျိုးသမီးများထဲမှ တစ်ယောက်သာ ဖြစ်မည်ကို သိရှိထားသဖြင့် အလွန်အကျွံ မျှော်လင့်ချက်များ ထားရှိမည် မဟုတ်ပေ။ ယနေ့၏ အဓိက ဇာတ်ဆောင်မှာ မူလကတည်းက သူမ မဟုတ်ချေ။ ဤပုံစံအတိုင်းဆိုလျှင် ဇာတ်ကွက်ကြီးက ယခုမှ စတင်တော့မည် ဖြစ်ပေလိမ့်မည်။ သူမသည်လည်း အနောက်ဘက်တွင် ရှိနေပြီး အရှင်မင်းကြီးနှင့် တန်းတန်းမတ်မတ် ဖြစ်နေသည် မဟုတ်လား။

ထို့နောက် တရုတ်တယောသံ ထွက်ပေါ်လာသည်နှင့် မင်ချန်ကျိုက် က မီးတောက်များကဲ့သို့ စိတ်အားထက်သန်စွာဖြင့် ကခုန်တော့လေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံကမူ အတော်လေး ထူးခြားပြီး အနောက်ဘက်ဒေသမှ ရောက်ရှိလာသည့်ပုံ ပေါ်နေ၏။

အရောင်အသွေး တောက်ပနေသည်သာမက မျက်ခုံးနှင့် မျက်လုံးကြားရှိ အလှပြင်ဆင်မှုများကပါ အသစ်တစ်ဖန် ပြောင်းလဲသွားခဲ့လေပြီ။ အရှင်မင်းကြီး ရှိနေသည့် နေရာသို့ အချစ်များ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေလေ၏။ တကယ်ပဲ နုပျိုမှုက အရာရာကို အနိုင်ယူနိုင်တာလား။ လင်ဝမ်ယိ၏ ရင်ထဲတွင် တစ်ခဏတာမျှ သဝန်တိုစိတ် ဖြစ်ပေါ်လာခဲ့သော်လည်း အလျင်အမြန်ပင် ပြန်လည် ဖြေလျှော့လိုက်နိုင်လေသည်။ သို့သော် ပိုင်ဖင်ကဲ့သို့ တန်ဖိုးကြီးမားသော ရတနာကြီး အရှေ့တွင် ရှိနေသဖြင့် မင်ချန်ကျိုက် က ဘယ်လို အကမျိုးကို ကမှ အရှင်မင်းကြီးကို အထင်ကြီးသွားစေနိုင်မည်နည်း။ ပိုင်ဖင်မှာ ကြည့်ရင်းနှင့်ပင် ဒေါသထွက်လာလေ၏။

အကစွမ်းရည်ကို ပြောရမည်ဆိုပါက သူမ၏ အကက ပိုင်ဖင်ကဲ့သို့ နူးညံ့သွယ်လျမှု မရှိချေ။ တုချန်ကျိုက် က နှုတ်ခမ်းထောင့်တွင် ဒေါသကို ဖိနှိပ်ထားသော်လည်း နှာခေါင်းမှ ထွက်ပေါ်နေသော အသက်ရှူသံများက လင်ဝမ်ယိကို သူမ၏ ဒေါသကို ခံစားသိရှိသွားစေလေသည်။

သာမန် အိမ်ထောင်စုများတွင်ပင် မယားကြီးမယားငယ်များ ရှိနေကြသေးရာ တစ်နိုင်ငံလုံးကို အုပ်စိုးနေသော ဧကရာဇ် တစ်ပါး ဆိုလျှင်တော့ ပြောစရာပင် လိုမည်မထင်ချေ။

ပိုင်ဖင်က သူမ၏ အစွမ်းအစကို ပေါ်လွင်စေရန် မင်ချန်ကျိုက် အရှက်ကွဲမည့်အချိန်ကို စောင့်နေခြင်း ဖြစ်၏။ သို့သော် အရှင်မင်းကြီးက တိတ်ဆိတ်စွာဖြင့် စကားတစ်ခွန်းမျှ မပြောသည်ကို တွေ့လိုက်ရလေသည်။

"ကောင်းတယ်… ဒီအကက တကယ်ကို ကောင်းကောင်း ဖန်တီးထားတာပဲ"

တစ်ခဏအတွင်းမှာပင် လက်ခုပ်သံများ ဆူညံသွားသော်လည်း လူတိုင်း၏ မျက်နှာထားက သိပ်မကောင်းလှချေ။

မင်ချန်ကျိုက် ပြန်ရောက်လာသည်ကို နောက်တစ်ကြိမ် မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ မျက်နှာဖုံးပါးပါးလေး တစ်ခု တပ်ဆင်ထားလေ၏။

အပြင်ဘက်ရှိ လရောင် ကုန်ဆုံးချိန်တွင်တော့ ဤညစာစားပွဲက တရားဝင် ပြီးဆုံးသွားခဲ့လေ၏။ ညစာစားပွဲ ပြီးဆုံးချိန်တွင် အရှင်မင်းကြီးက သူမကိုပင် သတိမရဘဲ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့လေ၏။ အရှင်မင်းကြီးက တိုင်းပြည်အရေးကို အကြောင်းပြကာ ရှန့်ကျင့်စံအိမ် မှ အရင် ထွက်ခွာသွားပြီး ဇယ့်ဖင်ကျွန်း သို့ ပြန်သွားခဲ့လေ၏။

"လရောင်က နည်းနည်း မှိန်လာပြီဆိုတော့… ညီမလေး ပြန်ရတာ အဆင်ပြေရဲ့လား… မဟုတ်ရင် အစ်မ လူလွှတ်ပြီး ထမ်းစင် သွားခေါ်ခိုင်းလိုက်ရမလား”

"လရောင်က တကယ်ကောင်းနေတာပဲ… ကျွန်တော်မျိုးမ ဟွေ့ဖန်းယာခြံဝင်း ထဲကနေ မထွက်ရတာ အတော်ကြာပြီဆိုတော့ အခု လမ်းလျှောက်ရင်း လမင်းကြီးကို ကြည့်သွားလိုက်ပါ့မယ်… အစ်မ စိတ်ချပါ"

ထို့နောက် ရှအန်းကို လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်လေသည်။

"အပြင်ဘက်မှာ ချိုးကုန်းကုန်း နဲ့ ရှောင်လုကျစ် တို့က ကျွန်တော်မျိုးမကို စောင့်နေကြသေးတယ်… သူတို့ မီးအိမ် ကိုင်ပေးထားရင် ဘာအန္တရာယ်မှ ဖြစ်မှာ မဟုတ်ပါဘူး"

လင်ဝမ်ယိ၏ သဘောထားက အတော်လေး ပြတ်သားနေသည်ကို တွေ့လိုက်ရသဖြင့် ယင်းကွေ့ဖင် လည်း အတင်းအကျပ် မတိုက်တွန်းတော့ချေ။

All Chapters