← Chapters

အခန်း ၁၅၈၂

Vol. 106 Ch. 1582

အခန်း ၁၅၈၂

Vol. 106 Ch. 1582

Chapter 1582 သူရဲကောင်းများ

ရက်အနည်းငယ်ကြာသော် ယဲ့ဖန် ရှုကျိုးသို့ ရောက်လာသည်။ ဤနေရာက သူ ရင်းနှီးသော နေရာ ဖြစ်ပြီး ကပ်ဆိုးမှ ပြန်လည် ထူထောင်ခြင်းအား စမည်ဆိုလျင် ဤနေရာမှ စသင့်သည်။

ယဲ့ဖန် ပထမဆုံးသွားသည့် နေရာက လီဝေ့၏ လက်ဝှေ့ခန်းမ ဖြစ်သည်။ လီဝေ့က ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်း ကြက်သေ သေသွားသည်။ ယဲ့ဖန် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူမ မယုံနိုင် ဖြစ်နေသည့်ပုံပင်။

သူမ တစ်ခဏမျှ နေရာတွင် မှင်တက်၍ ယဲ့ဖန်အား အကြောင်သား ငေးကြည့်နေသည်။

“နင်”

ခဏအကြာတွင် လီဝေ့က မယုံသလို ပြောလာသည်။ သူမဘဝတွင် ယဲ့ဖန်နှင့် မည်သို့သော ပတ်သက်မှုမှ မရှိနိုင်တော့ဟု သူမ အစက ထင်ခဲ့မိသည်။

ယဲ့ဖန်က ယဲ့ဘုရင်ဆိုတာကို သိလိုက်သည့်အချိန်မှစ၍ သူမတို့က ကမ္ဘာခြားနေသော လူများဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

ယဲ့ဖန်က ကောင်းကင်ယံမှ နတ်ဘုရား ဖြစ်ပြီး သူမက သေးနုပ်သော ပုရွက်ဆိတ် တစ်ကောင်သာ။

အထူးသဖြင့် ယဲ့ဖန်က မြေအောက်လောက ဘုရင်မအား သူ့ကိုယ်ပိုင်အစွမ်းဖြင့် သတ်လိုက်ကြောင်း သူမ သိလိုက်ရသောအခါ သူမ ယဲ့ဖန်ကို ဘယ်သောအခါမှ ထပ်မတွေ့နိုင်တော့ကြောင်း ပိုပို၍ သေချာသွားသည်။

အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်က ဘယ်လိုလုပ် သာမန်လူများနှင့် မိတ်ဆွေ ဖြစ်ပါမည်နည်း။

ထို့ကြောင့် လီဝေ့ အချိန်အတော်ကြာအောင် စိတ်ပျက်ခဲ့ရပြီး ပြီးခဲ့သော နှစ်များအတွင်း သူ့ကို မရည်ရွယ်ပါဘဲ အမြဲ တွေးနေမိသည်။

အစက အချိန်ကြာသွားလျင် သူနှင့်ပတ်သက်သော မှတ်ဉာဏ်က ပိုပို၍ ဝေဝါးသွားလိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ တကယ်တမ်း၌ ထိုသို့မဟုတ်ဘဲ ယဲ့ဖန်၏ ပုံရိပ်က အမှတ်တံဆိပ်သဖွယ် သူမစိတ်ထဲ၌ ပြင်းထန်စွာ ရိုက်နှိပ်ထားသလို ဖြစ်နေပြီး ယနေ့အထိ ရှင်းလင်းစွာ မှတ်မိနေသည်။

ယဲ့ဖန် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဟု ထင်ထားခဲ့သော်လည်း လက်ရှိတွင် သူမ အိပ်မက်များ မက်နေသလားဟု သံသယ ဝင်နေမိသည်။

“ဘာလို့လဲ၊ ငါတို့ အချင်းချင်း မသိကြလို့လား”

ယဲ့ဖန် နောက်လိုက်သည်။ လီဝေ့ အသိဝင်လာပြီး ပါးပြင်နှစ်ဖက်လုံး နီမြန်းသွားပြီး ခပ်တိုးတိုး မေးလေသည်။

“ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ”

“ကပ်ဆိုးအပြီး ပြန်တည်ထောင်ခြင်းကို ငါ ရှုကျိုးကနေ စဖို့ စဉ်းစားထားတယ်၊ ဒါပေမဲ့ ငါ ဒီကို မရောက်တာ သုံးနှစ်ရှိပြီလေ၊ ငါ ဒီနေရာနဲ့ မရင်းနှီးသလို ဖြစ်နေပြီ၊ အဲ့ဒါကြောင့် ငါက မိတ်ဆွေဟောင်းတစ်ယောက်ကို အကူအညီ တောင်းချင်လို့”

“ကျွန်မက ရှင့်မိတ်ဆွေလား”

လီဝေ့ မယုံနိုင်သလို မေးလိုက်သည်။ ယဲ့ဖန်က သူမကို မိတ်ဆွေဟု သတ်မှတ်သည်တဲ့လား။ သူမမှာ ဘာအရည်အချင်း ရှိ၍ ယဲ့ဖန်၏ မိတ်ဆွေ ဖြစ်နိုင်ပါမည်နည်း။

သူမက ယဲ့ဖန်၏ ဘဝတွင် သာမန် ကြုံကြိုက်တွေ့ဆုံခဲ့သောသူဟု ထင်ထားခဲ့ပြီး ယဲ့ဖန်က သူမနာမည်ကိုပင် မှတ်မိပါ့မလားဟု သံသယ ဝင်ခဲ့သည်။

“မဟုတ်ဘူးလား”

ယဲ့ဖန်က လီဝေ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။ ထိုစကားက လီဝေ့ကို ငိုကြွေးလုနီးပါး ဖြစ်သွားစေသည်။

“ဟုတ်တယ်၊ ဟုတ်တာပေါ့”

လီဝေ့က မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်၍ ခေါင်းညိတ်လိုက်သည်။ ထိုညတွင် လီဝေ့က ယဲ့ဖန်နှင့် အခြားသူများကို ညစာ လိုက်ကျွေးလေသည်။

“ဒီဟိုတယ်က သူရဲကောင်းတွေအတွက် အထူး ပြင်ဆင်ထားတာ၊ မိစ္ဆာတွေကို တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းတွေကို ဒီဟိုတယ်က ထောက်ပံ့ပေးပြီး သူတို့ရဲ့ အမြဲတမ်း ဧည့်သည်တော်အဖြစ် သတ်မှတ်ထားတယ်လေ”

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး လက်မောင်းများ၊ ခြေထောက်များ ပြတ်နေသည့် မသန်မစွမ်းဖြစ်နေသူများစွာ ဝင်ထွက် သွားလာနေသည်ကို တွေ့လိုက်ရသည်။

နိုင်ငံနှင့် လူမျိုးအတွက် သူတို့အသက်ကို သူတို့ စတေးခဲ့ကြောင်း သိသာလှပေသည်။

ဤလူတော်တော်များများသည် လက်ထပ်ခြင်း မပြုရသေးသလို ကလေးလည်း မရှိကြချေ။ စစ်ပွဲအပြီး၌ သူတို့ဘဝ စားဝတ်နေရေးနှင့် ပတ်သက်၍ ဒုက္ခကြုံတွေ့ရကြသည်။

“ဒီဟိုတယ်ကို ဗိုလ်မှူးကြီး ကျန်းကျ့န်ရန်က ရှင့်နာမည်နဲ့ တည်ဆောက်ထားထားပြီးတော့ အခု ရှုကျိုးမှာ ဒိလိုနေရာတွေ အများကြီးပဲ၊ နောက်ဆို တစ်နိုင်ငံလုံးမှာအထိ ဖြန့်ကျက်နိုင်လောက်တယ်”

လီဝေ့က ရှင်းပြသည်။

ဤသုံးနှစ်အတွင်း တော်လှန်ရေးတပ်ကို ကျန်းကျန့်ရန် ဦးဆောင်ခဲ့သည့် ကျေးဇူးကြောင့် တော်လှန်ရေးတပ်သည် အားကြီးသူကို အားနည်းစွာ ရင်ဆိုင်ရသော အခြေအနေ၌ အကြီးအကျယ် ထိခိုက်ရှုံးနိမ့်သွားခြင်း မရှိခဲ့ချေ။ စစ်ပွဲ အပြီး၌ သူ့အား ဗိုလ်မှူးကြီးအဖြစ် ချီးကျူးတင်မြှောက်ခဲ့ပြီး အင်ပါယာ၏ စစ်တပ်တစ်ခုလုံးကို အုပ်ချုပ်စေသည်။

ယခု ကျန်းကျန့်ရန်သည် အင်ပါယာတစ်ခုလုံး၌ အသန်မာဆုံးလူဟု ပြောနိုင်ပေသည်။ သူ့၌ စစ်သည်များစွာကို ထိန်းချုပ်နိုင်သည့် အင်အားရှိပြီး သူ့လက်အောက်တွင် လူတစ်သောင်းကျော် ရှိလေသည်။

“အဲ့ကောင်လေးက စိတ်ဝင်စားစရာ ကောင်းသားပဲ”

ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။

“ဒီကလူတိုင်းက ရှင့်ကို နတ်ဘုရားလို သဘောထားကြတာ၊ ကျန်းကျန့်ရန်က ရှင့်နာမည်နဲ့ သူတို့အတွက် နေစရာ ဆောက်ပေးတော့ ဒီရူးသွပ်လေးစားမှုက မထင်မှတ်ထားလောက်အောင် ကြီးလာတာပဲ”

လီဝေ့က ပျော်ရွှင်စွာ ပြောလိုက်ပြီး ယဲ့ဖန်အား စိတ်မရှည်စွာ ဆွဲခေါ်၍ ဟိုတယ်အတွင်းသို့ ဝင်သွားသည်။ ထို့နောက်တွင်မူ ယဲ့ဖန် အံ့ဩသွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ယဲ့ဘုရင်၏ ရုပ်တုများစွာနှင့် ဓာတ်ပုံများစွာ ရှိနေသည်ကို သူ တွေ့လိုက်ရ သောကြောင့်ပင်။

ပုံအများစုက ဝါးတားတား ဖြစ်သော်လည်း ယင်းက ဤစစ်ပွဲအပြီး ရှင်ကျန်သော သူရဲကောင်းများ၏ လေးစားချစ်ခင်စိတ်အပေါ် သက်ရောက်မှု မရှိချေ။

သူ့ရုပ်တုအား လူများစွာက အမွှေးနံ့သာများ ပူဇော်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။

“တွေ့လား၊ ရှင် ဒီအတိုင်း သူရဲကောင်းတစ်ယောက်တင် မဟုတ်ဘူး၊ ရှင်က သူတို့ရဲ့ ယုံကြည်ရာပဲ၊ ရှင့်ကို လေးစားစိတ်သာ မရှိခဲ့ဘူးဆိုရင် သူတို့ မျှော်လင့်ချက် မဲ့နေခဲ့တာ ကြာနေလောက်ပြီ”

လီဝေ့က ယဲ့ဖန်ကို ရှင်းပြနေသည်။ ယဲ့ဖန် စိတ်ထဲ လေးလံလာသလို ခံစားရပြီး ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး ငါက သူရဲကောင်းမဟုတ်ဘူး၊ သူတို့ကမှ သူရဲကောင်းတွေ”

သူတို့ ဤတိုက်ပွဲကို မနိုင်နိုင်မှန်း သိသော်လည်း သူတို့ ထကြွ၍ ခုခံကြပြီး နတ်ဘုရားများကို သေမျိုးတို့၏ ခွန်အားလေးဖြင့် အစွမ်းကုန် ခုခံကြသည်။ သူတို့ကသာ အသက်ကိုရင်း၍ စတေးခဲ့သော တကယ့် သူရဲကောင်းများပင်တည်း။

နှိပ်စက်ခံရသော လူများစွာ ရှိခဲ့သော်လည်း လူပေါင်းမည်မျှများများက ရပ်တည်၍ ခုခံခဲ့ကြသနည်း။ လီဝေ့ ပြောတာ မှန်ပေသည်။ ဤနေရာက သူရဲကောင်းများ စုဝေးနေသော နေရာပင်။

“လီဝေ့ ဒီမှာဟေ့”

ထိုစဉ် လူတစ်စုက လီဝေ့ကို လက်လှမ်းပြလာသည်။

“တူကြီး လီထိုက်၊ ဝမ်မန်ကျီ၊ ဒီနေ့ မနက်ခင်း လက်ဘက်ရည် လာသောက်တာ စောလှချည်လား”

လီဝေ့က ပြုံး၍ ပြောလိုက်သည်။ စစ်ပွဲအတွင်း သူတို့သည် အချင်းချင်း မှတ်မိလွယ်အောင် နာမည်ပြောင်များ ပေးကြပြီး စစ်ပွဲပြီးသွားသော်လည်း ပြန်ပြောင်းခြင်း မရှိကြပေ။

ဤလူများကလည်း အတိတ်မှ လွတ်မြောက်ချင်နေပုံရသည်။ နာမည်အရင်းကို အခေါ်မခံချင်သကဲ့သို့ အတိတ်ကိုလည်း ပြန်သတိမရချင်ကြချေ။

“သူတို့က …”

တူကြီး လီထိုက်နှင့် အခြားသူများက ယဲ့ဖန်တို့ကို ကြည့်လာသည်။

“သူတို့အားလုံးက ငါ့မိတ်ဆွေတွေ”

လီထိုက်က အပြုံးနှင့် ပြောပြလာပြီး သူတို့အား သိနေတယ်ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“နင်တို့ ပြောချင်တဲ့ အကြောင်းရာတွေ တူနေမယ်လို့ ငါ ပြောရဲတယ်”

ထိုစကားကိုကြားသော် ထိုမသန်စွမ်း စစ်ပြန်များအားလုံးက ယဲ့ဖန်တို့ကို ကြည့်လာသည်။

ယဲ့ဖန်သည် ဤခရီး၌ ချုံးချီနှင့် ကြက်ကတုံးတို့ကို ခေါ်လာခဲ့ပြီး နှစ်ယောက်လုံးက လူအသွင်ပြောင်း ထားကြသည်။

ချုံးချီသည် ယခု ထွားကြိုင်းသော အမျိုးသားတစ်ယောက် ဖြစ်နေပြီး သုံးမီတာနီးနီး မြင့်ကာ ကိုယ်အပေါ်ပိုင်းကို ဗလာထားထားသဖြင့် ကြေးနီရောင် အသားအရေနှင့် ကြွက်သားအဖုအထစ်များ ပေါ်လွင်နေကာ ခက်ထန်သော မျက်နှာနှင့် သုန်မှုန်သော အကြည့်တို့ကြောင့် အလွန် သန်မာကြောင်း သိသာလှသည်။

စစ်မြေပြင်မှာပင် သေမည်ကို မကြောက်ခဲ့သော ဤစစ်ပြန်များသည် သူနှင့် အကြည့်ဆုံသောအခါ တုန်လှုပ်သလို ခံစားလာရသည်။ ဤလူသည် လူသတ်ဖူးပြီး တစ်ယောက်ပင် မကဟု သူတို့၏ မသိစိတ်က ပြောနေလေသည်။

တစ်ဖက်မှ ကြက်ကတုံးမှာမူ သူသည် ချင်းလွမ်မျိုးနွယ်၏ အခံ့ညားဆုံးလူဟု ပြောခဲ့သည့်အတိုင်းပင်။ လူ့အသွင် ပြောင်းထားချိန်တွင် အလွန် ခံ့ညားချောမောနေပြီး ဖော်မပြနိုင်သော အရှိန်အဝါတစ်ခု ရှိလေသည်။

ဟိုတယ်များ အမျိုးသမီးများသည် သူ့အား စိုက်ကြည့်နေကြပြီး မသိလျင် ဝါးစားချင်နေသလိုပင်။

သူတို့နှစ်ယောက်၏ နောက်ခံနှင့်ယှဉ်လျင် ယဲ့ဖန်က ဘာမှမထူးခြားဘဲ သာမန်လူတစ်ယောက်သာ ဖြစ်နေသည်။

ထို့နောက်တွင် ချုံးချီအား အမျိုးသားများက သောက်စားရန် ဆွဲခေါ်သွားပြီး ကြက်ကတုံးအား အမျိုးသမီးများက ဆွဲခေါ်သွားကာ ရေလာမြောင်းပေး လုပ်လေတော့သည်။

ယဲ့ဖန်တစ်ယောက်တည်းသာလျင် ဘေး၌ ကျန်ခဲ့လေသည်။ ဤမြင်ကွင်းက လီဝေ့ကို စိတ်လည်းတိုစေ ရယ်လည်း ရယ်ချင် ဖြစ်စေသော်လည်း သူမ မရယ်မိအောင် ထိန်းနေရသည်။

ယဲ့ဖန်ကလည်း နှာခေါင်းကိုပွတ်၍ ရယ်နေမိသည်။ ဤလူများက သူ့အား အလွန် လေးစားသော်လည်း သူ ရောက်နေမှန်း မည်သူမှ မသိကြပါတကား။

*ဟူး ... ပရိသတ်အတုတွေပါလား*

“ရောင်းရင်း မင်းမှာ ဘာဝါသနာ ရှိလဲ”

တူကြီး လီထိုက်က အရင်စ၍ ချုံးချီနှင့် စကားပြောလေသည်။ ချုံးချီက သူ့အား တစ်ချက်ကြည့်၍ ဘွင်းဘွင်းရှင်းရှင်း ပြောချလိုက်သည်။

“လူသားစားတာ”

“...”

“ကိုယ့်လူ၊ ဘာလို့ မင်းကို ရင်းနှီးသလို ဖြစ်နေတာလဲ၊ ငါတို့ အရင်က မြင်ဖူးလား”

ထိုစဉ် အားလုံး၏ အာရုံက ယဲ့ဖန်ထံ ကျရောက်လာသည်။

“မင်းပြောမှ ငါလည်း သူ့ကို မြင်ဖူးတယ်လို့ ထင်နေတယ်”

သူတို့အားလုံး ယဲ့ဖန်ကို ဖန်သားပြင်မှ မြင်ဖူးသော်လည်း ယဲ့ဖန် ပေါ်လာသော အချိန်က တိုလွန်းသည့်အပြင် ယဲ့ဖန်က သူတို့အရှေ့၌ ပေါ်လာလိမ့်မည်ဟု မယုံကြချေ။ ထို့ကြောင့် ယဲ့ဖန်အား နာမည်ကျော် ပုဂ္ဂိုလ်ဟု မသတ်မှတ်ကြချေ။

လီဝေ့သည် ရယ်ချင်စိတ်ကို ထိန်းမနိုင်တော့သဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ နင်တို့ကို ထပ်မစတော့ဘူး၊ တကယ်တော့ သူက ...”

သို့သော် ထိုအခိုက်တွင် တံခါးအပြင်ဘက်မှ ညီညာသော ခြေသံများ ထွက်ပေါ်လာပြီး လူတစ်စု ဝင်လာသည်။

လူတိုင်းက မောက်မာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ရှိပြီး လွှမ်းမိုးနိုင်သော ဖိအားများ ထုတ်လွှတ်လျက် ရှိသည်။

သူတော်စင်သခင်အဆင့်များ ဖြစ်နေပါတကား။

သူတို့အရှေ့တွင် ဗိုလ်မှူးကြီးတစ်ယောက်ကဲ့သို့ စစ်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက် ရှိပြီး သူ့မျက်နှာတွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု တွဲခိုနေ၏။

ထိုလူကို မြင်လိုက်သည့်အခိုက်တွင် လီဝေ့၏ မျက်နှာ မည်းမှောင်သွားသည်။

“လီဝေ့ ငါ မင်းနဲ့ ချိန်းတွေ့ဖို့ ပြောထားတာကို မေ့နေပြီလား”

ထိုလူက လီဝေ့အနားသို့ လျှောက်လာပြီး လှောင်ရယ်လေသည်။

“ကျိုးကျစ်ကော် ငါ မမေ့ဘူး၊ ငါ မတွေ့ဘူးလို့ နင့်ကို အတိအလင်း ပြောထားပြီးပြီလို့ ငါ ထင်တယ်”

လီဝေ့က အေးစက်စွာ ပြောလိုက်သည်။

“လီဝေ့ မင်း ငါ့စိတ်ရှည်မှုကို ဒီလို မစမ်းသပ်သင့်ဘူး၊ ငါက အရမ်း စိတ်ရှည်တဲ့လူ မဟုတ်တာကို မင်း သိသင့်တယ်၊ ငါ့ကို စိတ်ပျက်အောင်လုပ်ရင် အကျိုးဆက်က ဘာဖြစ်မလဲ သိလား၊ မင်း မသိဘူးလား”

ကျိုးကျစ်ကော်က အသာပြုံးနေပြီး သူ့စကားများက ခြိမ်းခြောက်ဟန် ပြလာသည်။ သူသည် လီဝေ့ကို စိတ်ဝင်စားနေပြီး လီဝေ့အား အချိန်အတော်ကြာ၌ ကပ်နေခဲ့သည်။ သို့သော် လီဝေ့က သူ့ကို ဘယ်လို အသိအမှတ် ပြုသင့်လဲ မသိဘဲ အကြိမ်ကြိမ် ငြင်းပယ်ခဲ့လေသည်။

“တောင်းပန်ပါတယ်၊ ငါ တကယ် မသိဘူး”

လီဝေ့က ခေါင်းမာစွာ ပြောလိုက်သည်။ ယခင်က သူမ ကျိုးကျစ်ကော်ကို ဤသို့ မပြောရဲသော်လည်း အခု မတူတော့ချေ။ သူ့ဘေး၌ ယဲ့ဘုရင် ရှိနေလေပြီ။

သူမသည် ယဲ့ဘုရင်၏ မိတ်ဆွေ ဖြစ်သည်။ မည်သူက သူမကို ထိရဲမည်နည်း။

ကျိုးကျစ်ကော်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် မျက်နှာ သုန်မှုန်လာ၏။

“ကောင်းပြီလေ ဒီရှုကျိုးမှာ ငါ့ကို ဘယ်သူမှ ဒီလို မပြောရဲကြဘူး”

“ငါက မင်းလို မိန်းမပျက်အပေါ် သိပ်ကောင်းပြနေခဲ့တော့ မင်းက ဘယ်လောက်တောင် အဆင့်မရှိသလဲ ဆိုတာကို မသိတော့ဘူးနဲ့ တူတယ်”

“နင်”

လီဝေ့ အလွန် ဒေါသထွက်သွားသည်။ သူမသည် ယခုအထိ အပျိုစင် မိန်းမသားတစ်ဦး ဖြစ်သော်လည်း တစ်ဖက်လူက သူမကို အဖိုးမတန်သလို စော်ကား ပြောဆိုနေ၏။

“ဟေ့ကောင် မင်း ဘာစကား ပြောတာလဲ”

“မင်းပါးစပ်က စောက်ရမ်းနံတယ်၊ မင်း ချီးစားလာတာလား”

ဟိုတယ်ထဲမှ စစ်ပြန်များ ဒေါသတကြီး အော်ငေါက်လာပြီး ကျိုးကျစ်ကော်အား စူးစိုက်ကြည့်လာကြသည်။

“ယီးပဲ”

ဤသည်ကိုမြင်သော် ကျိုးကျစ်ကော် ချက်ချင်း ဒေါသထွက်သွားပြီး ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုလေသည်။

“မသာတွေနဲ့ ဒုက္ခိတ အမှိုက်ကောင်တစ်သိုက်ကများ၊ ခင်ဗျားတို့ကို ပြောခွင့်ပေးထားလား၊ ဒီသခင်လေးက ဘယ်သူလဲ သိလား၊ ငါက လန်လင်စစ်တပ်က သခင်လေးပဲ၊ မင်းတို့ အမှိုက်ကောင်တွေအားလုံးက ငါတို့ မိသားစုက ဟာတွေနဲ့ စားသောက် နေထိုင်ပြီးတော့ ငါ့ကို ဒီလို ပြောရဲတယ်ပေါ့လေ”

လန်လင် စစ်တပ်သည် ဒေသခံ ခေါင်းဆောင်အဖွဲ့အစည်း ဖြစ်ပြီး အင်ပါယာ၏ မည်သည့်ဘက်တွင်မှ မပါဝင်ပေ။ သို့သော် စစ်ပွဲပြီးမှ အင်ပါယာထဲ ဝင်လာခြင်း ဖြစ်လေသည်။

ထို့နောက် ၎င်းသည် နတ်ဆိုး အငွေ့အသက် အင်ပါယာနှင့် ပူးပေါင်းလိုက်ပြီး အင်ပါယာ၏ ပြန်လည်တည်ဆောက်ရေးအား ကူညီရန် ရန်ပုံငွေများ ထည့်ဝင်ထားသည်။ အပြန်အလှန်အနေဖြင့် အင်ပါယာက သူတို့ကို အကာအကွယ် ပြန်ပေးလေသည်။

တစ်နည်းအားဖြင့်ဆိုလျင် လန်လင် စစ်တပ်က နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ လက်အောက်ခံ စစ်တပ်တစ်ခု ဖြစ်လာခြင်းပင်။

*လန်လင် စစ်တပ်လား*

စစ်ပြန်များအားလုံး အံ့ဩသော အမူအရာများ ဖြစ်သွားကြပြီးနောက် အသိပြန်ဝင်လာသည်။ သူတို့အား နေစရာနှင့် စားစရာများ ထောက်ပံ့နေသည်က တကယ်ပင် လန်လင် စစ်တပ် ဖြစ်လေသည်။

ထိုအခိုက်တွင် သူတို့ တစ်ခွန်းမှ မပြောနိုင်ကြတော့ချေ။ ကျွေးသောလက်ကို ပြန်ကိုက်သည်က မှန်ကပ်သော လုပ်ရပ် မဟုတ်ချေ။

သို့သော် ငြိမ်သွားသော စစ်ပြန်များအား ကျိုးကျစ်ကော်၏ မောက်မာမှုက မီးတောက်လောင်အောင် ပြုလုပ်လာ၏။

“ဒုက္ခိတတစ်သိုက်ကများ၊ နံ့စော်နေတဲ့ သူတောင်းစားတွေ၊ ငါတို့ ထောက်ပံ့မှု မရှိရင် မင်းတို့ လမ်းဘေးမှာ အိပ်ရပြီး ဗိုက်ဆာလို့ သေနေလောက်ပြီ၊ မင်းတို့က ငါတို့ခွေး ဖြစ်လာမှတော့ သခင်ကို ခွေးတစ်ကောင်က ကြည့်သလို ကြည့်သင့်တာပေါ့”

“မင်း”

စစ်ပြန်များအားလုံး ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်သွားကြသည်။ သူတို့သည် စစ်သူရဲကောင်းများ ဖြစ်သော်လည်း သူတောင်းစားများ၊ ခွေးများဟု အခေါ်ခံရသည်တဲ့လား။

ဤသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

All Chapters