အခန်း ၁၅၈၃
Vol. 106 Ch. 1583
Chapter 1583 ရက်စက်ခြင်း၊ လူသားစားခြင်း
“ဘာလဲ ငါ ပြောတာမှားလား၊ မင်းတို့က နံစော်နေတဲ့ သူတောင်းစားတစ်သိုက် မဟုတ်လို့လား”
ကျိုးကျစ်ကော်၏ စကားများက ပို၍ ပြင်းထန်လာသည်။
“ဒုက္ခိတတစ်သိုက်က သိပ်တော်နေတော့ ငါတို့ လန်လင် စစ်တပ်ရဲ့ ရန်ပုံငွေကို မလိုတော့တာလား၊ ငါတို့ လန်လင် စစ်တပ်ရဲ့ ထောက်ပံ့မှုသာ မရှိရင် မင်းတို့ တစ်ပတ်မပြည့်ခင် အဆာလွန်ပြီး သေလိမ့်မယ်လို့ ငါ အာမခံတယ်”
“ပါးစပ်ပိတ်ထား၊ သူတို့က သူတောင်းစားတွေ မဟုတ်ဘူး၊ သူတို့က စစ်သူရဲကောင်းတွေ”
လီဝေ့ ဒေါသထွက်သွားသည်။ ဤနေရာသို့ ရောက်နေသော လူများသည် တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာ ခံခဲ့သော သူများ ဖြစ်သည်။ သူတို့က ဤသို့ စော်ကားခံသင့်ပါသလော။
သူတို့အားလုံးက သက်ရှိထင်ရှားရှိနေသော အာဇာနည်များပင်။
“စစ်သူရဲကောင်း ဟုတ်လား၊ ငါတော့ ဝက်ဝံနဲ့တူတယ်လို့ ထင်တာပဲ၊ မနိုင်မန်း သိတာတောင် အသေခံနေကြတာ၊ အရူးတွေပဲပေါ့”
ကျိုးကျစ်ကော်က သရော်လေသည်။
“အဆုံးသတ်မှာ ယဲ့ဘုရင်ရဲ့ ကိုယ်ပိုင်အစွမ်းအစကြောင့် အခြေအနေသာ မပြောင်းခဲ့ဘူးဆိုရင် မင်းတို့ အမှိုက်ကောင်တွေက ဘာလုပ်နိုင်လို့လဲ”
စစ်ပြန်များအားလုံး မခံမရပ်နိုင်ဖြစ်ကြောင်း ပြသော်လည်း ငြိမ်မြဲငြိမ်နေကြသည်။ သူတို့ အံကိုကြိတ်ထားကြပြီး ဝေဒနာက ခံရခက်လှပေသည်။
“သူတို့ ပြည်သူတွေအတွက် အဖိုးတန်တဲ့အချိန်တွေ ပေးခဲ့တယ်လေ”
ထိုစဉ် ထောင့်နားမှ အလေးအနက်ပြောသော အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း ဘေးသို့ ငဲ့ကြည့်လိုက် သောအခါ အဖွဲ့၏ မထင်ပေါ်ဆုံးဖြစ်သော ယဲ့ဖန်က ရပ်တည် ပြောဆိုသည်ကို တွေ့လိုက်ရသည်။
ကျိုးကျစ်ကော်က တစ်ချက်ကြည့်လိုက်ပြီးနောက် သရော်လေသည်။
“ဒီမျက်စိကန်းနေတဲ့ လမ်းဘေးခွေးက ဘယ်ကလာတာလဲ၊ ဒါ မင်းလိုကောင် ဝင်စကားပြောလို့ရတဲ့ နေရာလား”
ယဲ့ဖန်နှင့် ကျိုးကျစ်ကော်တို့က အချင်းချင်း စိုက်ကြည့်နေကြသည်။
“မင်း ပြောတာ မှားတယ်လို့ ငါ တွေးမိရုံသက်သက်ပဲ၊ သူတို့သာ မရှိရင် အင်ပါယာရဲ့ ပြည်သူအားလုံး ယဲ့ဘုရင် ပြန်မလာခင် မိစ္ဆာတွေ စားတာ ခံနေရလောက်ပြီ”
“သူတို့က အင်ပါယာက ပြည်သူအားလုံးရဲ့ အသက်အတွက် တန်ဖိုးရှိတဲ့ အချိန်ကို ဆွဲဆန့်ပေးနိုင်ခဲ့တယ်။ သူတို့သာ မရှိရင် ယဲ့ဘုရင် ပြန်လာရင်တောင်မှ ပြည်သူတွေ သေတာ ကြာပြီ၊ အဲ့ဒါကြောင့် သူတို့က ယဲ့ဘုရင်ထက် ပိုပြီးတော့ သူရဲကောင်းလို့ အခေါ်ခံထိုက်တယ်လို့ ငါ ထင်တယ်”
ထိုစကားကိုကြားသော် တူကြီး လီထိုက်နှင့် အခြားစစ်ပြန်များအားလုံး အံ့ဩသွားသည်။ ထို့နောက် သူတို့မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပြလာပြီး ခါးများ မတ်လာကြသည်။
ယဲ့ဖန်၏ အားပေးမှုအောက်၌ သူတို့သည်လည်း သူတို့၏ ကိုယ်ပိုင်တန်ဖိုးကို နားလည်လာကြသည်။ သူတို့သည် အမှိုက်များ မဟုတ်ပါ။
“ပြီးတော့ ငါ သိသလောက်ဆို မင်းက ပြန်လည်တည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံပြီး စစ်ပြန်တွေကို ထောက်ပံ့ပေးတာပဲ။ဒါပေမဲ့ မင်းက ယဲ့ဘုရင် မင်းတို့ကို ကာကွယ်မှု ပေးတာကို လိုချင်ရုံသက်သက်ပဲ။ ဤစစ်ပြန်သမားတွေကို မင်း စော်ကားခဲ့တာကို သူ သိသွားရင် ကာကွယ်ပေးဖို့ နေနေသာသာ မင်း ဘယ်လို ခံရမလဲ၊ လန်လင်စစ်တပ်က နတ်ဆိုး အငွေ့အသက် အင်ပါယာကနေ ပြန်မထွက်နိုင်မှာတောင် စိုးရတယ်”
ယဲ့ဖန်က အပြုံးနှင့် ပြောလိုက်သည်။ ထိုစကားကြောင့် စစ်ပြန်များ ပို၍ ယုံကြည်ချက် ရှိလာပြီး ကျိုးကျစ်ကော်က ထီမထင်သည့် အကြည့်ဖြင့် ကြည့်လာပြီး အားပါးတရ ပြုံးလာသည်။
“မင်းကိုယ်မင်း ဘာထင်နေလဲ၊ ဒီသခင်လေးရဲ့ ကိစ္စမှာ ဝင်ပါရဲတယ်ပေါ့၊ မင်း အသက်မရှင်ချင်ဘူးနဲ့ တူတယ်”
ကျိုးကျစ်ကော် ရုတ်တရက် ဒေါသထွက်လာသည်။
“သူ့ကို ရိုက်ချိုးပစ်စမ်း”
ချက်ချင်းဆိုသလိုပင် ကျိုးကျစ်ကော်က သူ့လက်အောက်မှ သူတော်စင်သခင်အဆင့်အား အမိန့်ပေးလိုက်သည်။
“ကျိုးကျစ်ကော် မင်း ပြဿနာ မရှာဖို့ ငါ သတိပေးလိုက်မယ်၊ ဒါ ချမ်ရှုံးထောင်ရဲ့ နေရာ”
လီဝေ့က ကျိုးကျစ်ကော်ကို သတိပေးလိုက်သည်။
“ချမ်ရှုံးထောင်လား, ငါ ဒီမှာ ပြဿာနာ ရှာရုံမပြောနဲ့ ဒီနေရာကို ဖျက်ဆီးရင်တောင် သူ လေမကျယ်ရဲဘူး”
ကျိုးကျစ်ကော်က မောက်မာစွာ ပြောလာသည်။
“လီဝေ့ မင်းက ချီးမြှောက်တာကို မခံချင်မှတော့ ငါ့ကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”
“ဒီည ဒီကောင့်ကို သတ်ပြီးရင် ငါ မင်းကို အနေအထားပေါင်း ဆယ့်ရှစ်ခု လုပ်ခိုင်းပြီး ငါ့ကို ကစားပေးဖို့ တောင်းဆိုလာအောင် လုပ်မယ်ကွ၊ ဟားဟားဟား”
*ဟိုတယ်ပိုင်ရှင် ချမ်ရှုံးထောင်ကိုတောင်မှ အရေးမလုပ်ဘူးလား*
*ဒီကောင် အတည်ပြောနေတာလား*
*ဒီဟိုတယ်ကို ထိန်းချုပ်နေတာက အင်ပါယာရဲ့ ဗိုလ်မှူးကြီးဆိုတာကို သိရဲ့လား*
*ငါ့အရှေ့က ကောင်က ဘယ်သူလဲ၊ သူကများ ငါ့ကို ဒီလို ပြောရဲတယ်ပေါ့လေ*
*ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်ပြီး မောက်မာနေတာပဲ*
“ငါ ရှိနေသရွေ့ လီဝေ့ရဲ့ ဆံပင်တစ်ချောင်းကိုတောင်မှ ထိဖို့ မကြိုးစားနဲ့”
တူကြီး လီထိုက်က တူနှင့်အတူ ထရပ်လာပြီး ကျိုးကျစ်ကော်အား စူးစိုက်ကြည့်၏။ သူတို့ တစ်ယောက် ချင်းစီအားလီဝေ့ စစ်မြေပြင်မှ ခေါ်လာပြီး ဤဟိုတယ်တွင် နေရာချပေးခဲ့သည်။ သို့မဟုတ်ပါက သူတို့ လမ်းပေါ်မှ အဆာလွန်၍ သေနေလောက်သည်။
လီဝေ့က သူတို့၏ ကျေးဇူးရှင်ပင်။ သူတို့က မသန်စွမ်းများ ဖြစ်သော်လည်း စစ်သည်တော်၏ စိတ်ဓာတ် ဆုံးရှုံးသွားသည်ဟု မဆိုလိုပါ။
သူတို့ ကျေးဇူးရှင် နှိပ်စက်ညှဉ်းပန်းခံနေရသည်ကို မသိသယောင်ပြု၍ ကြည့်နေလျင် လူမှ ဟုတ်ပါဦးမည်လော။
“မြေနိုး”
သို့သော် ကျိုးကျစ်ကော်က တူကြီး လီထိုက်၏ ဗိုက်ကိုကန်လိုက်သဖြင့် ကြမ်းပြင်ပေါ် လဲကျကာ သွေးအန် သွားသည်။
ကျိုးကျစ်ကော်က မခိုးမခန့် ရယ်လေသည်။
“ဒုက္ခိတကများ မာန်တက်နေသေးတယ်၊ မင်းကများ လာပြီး ဟန်ထုတ်ရဲတယ်ပေါ့လေ၊ မင်း အသက်ရှင် နေရတာ ပင်ပန်းနေပြီလား၊ ငါ သူ့ကို ထိရုံတင်မကဘူး သူ့ကို ဒီမှာတင် -ိုးမယ်ဆိုရင်တောင်မှ မင်းလို ဒုက္ခိတက ဘာလုပ်နိုင်မှာလဲ ဟမ်”
ထိုစကားကိုကြားသော် တူကြီး လီထိုက်၏ မျက်နှာ မည်းမှောင်သွားသည်။ သူ ကျိုးကျစ်ကော်ကို မုန်းသည်။ ထို့ထက် အသုံးမကျသူ ဖြစ်နေသည့် သူ့ကိုယ်သူ ပိုမုန်းမိသည်။ သူ့ကျေးဇူးရှင်ကို ကယ်နိုင်သည့် အစွမ်းအစမျိုး သူ့တွင် မရှိပေ။
“တူကြီး လီထိုက် ထစမ်း၊ ငါတို့က ဒုက္ခိတ ဖြစ်နေရင်တောင်မှ ငါတို့က စစ်သူရဲကောင်းတွေပဲ”
ဝမ်မန်ကျီက အော်ပြော၍ တူကြီး လီထိုက်ကို ထူလိုက်သည်။
“ဟုတ်တယ် ငါက စစ်သူရဲကောင်းတစ်ယောက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ငါ ဒီပုံစံ ဖြစ်လာခဲ့တာ”
လီထိုက်၏ အကြည့်များက ခိုင်မာပြတ်သားလာသည်။ မသန်စွမ်း တော်လှန်ရေးတပ် စစ်သားဟောင်းများ အားလုံး ရှေ့သို့ ပြိုင်တူ တက်လာပြီး အေးစက်စွာ ကြည့်လာကြသည်။
“ငါတို့အားလုံးက စစ်သူရဲကောင်းတွေ”
တက်ကြွသော စိတ်ဓာတ်က အားလုံး၏ ကိုယ်တွင်း၌ စီးဆင်းနေသည်။ လက်ရှိတွင် သူတို့ စိတ်အား ထက်သန်နေပြီး သွေးပွက်ပွက်ဆူကာ စစ်မြေပြင်သို့ ပြန်ရောက်သွားပြီး သူတို့ ညီအစ်ကိုများနှင့် ယှဉ်တွဲ တိုက်ခိုက်နေသလို ခံစားလာရသည်။
ကျိုးကျစ်ကော် ပထမ၌ အံ့ဩနေပီးမှ ခက်ထန်စွာ စိုက်ကြည့်လာသည်။
“မင်းတို့ သေချင်နေတာပဲ”
မည်သူမှ သူ့ကို ဤသို့ အာမခံရဲပါ။ အရှင်သခင်တစ်ယောက်၏ သားဖြစ်သောကြောင့် ကျိုးကျစ်ကော်သည် သူ သတ်ချင်သော မည်သူကိုမဆို အမြဲ သတ်ခဲ့ပြီး ဤကဲ့သို့ အမှိုက်ကောင်များ၏ အထင်သေးခြင်းကို တစ်ခါမှ မခံရဖူးချေ။
“မင်းမှာ အရည်အချင်း ရှိရင် ငါတို့ကို လာသတ်လေ၊ ငါတို့က စစ်သူရဲကောင်းတွေ၊ ငါတို့အားလုံးကို သတ်လိုက်ရင် မင်း သတင်းထဲ ပါလာမှာပဲ။ မင်းတို့ လန်လင်တပ်တစ်ခုလုံး ငါတို့နဲ့အတူ ကျဆင်းသွားမှာ”
တူကြီး လီထိုက်က အထင်သေးသော အကြည့်ဖြင့် သရော်လိုက်သည်။
“ဟုတ်တယ် အရှင် ယဲ့ဘုရင်က ဥပုသ်စောင့်တဲ့သူ မဟုတ်ဘူး၊ ငါတို့ကို မင်း တိုက်ခိုက်ရဲရင် သူ မင်းကို အလွတ်မပေးမှာ သေချာတယ်”
ဝမ်မင်ကျီကလည်း ထောက်ခံသည်။ သူတို့စိတ်ထဲ၌ ယုံကြည်မှု ရှိသည်။ ထိုယုံကြည်မှုအား ယဲ့ဘုရင်ဟု ခေါ်လေသည်။
သူတို့သည် ယဲ့ဘုရင်၏ လူများဖြစ်သည်။ သူတို့သည် နတ်ဆိုးများသာ။ သူတို့ကို သတ်ခြင်းက ယဲ့ဘုရင်၏ မျက်နှာကို ဖြတ်ရိုက်ခြင်းနှင့် အတူတူပင်။ ယဲ့ဘုရင်က လုံးဝ ငြိမ်ကြည့်နေမည် မဟုတ်ပါ။
“ဟီးဟီး … ဟားဟားဟား …”
သို့သော် ထိုအချိန်တွင် သူရူးသဖွယ် လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာ၏။ ကျိုးကျစ်ကော်က ဝါးလုံးကွဲမတတ် ရယ်မောနေပြီး မျက်ရည်များပင် ထွက်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူ့ပုံစံက ရူးနေသလိုပင်။
ဤမြင်ကွင်းက သူတို့ကို အံ့ဩသွားစေသည်။
*ကျိုးကျစ်ကော်က ရယ်နိုင်သေးတာလား၊ သူ ရူးနေတာလား”
“မင်းတို့အားလုံးကို ငါ သတ်တော့ ဘာဖြစ်လဲ၊ ငါ သတ်ပါတယ်လို့ ဘယ်သူက သိမှာလဲ”
ကျိုးကျစ်ကော်က အားလုံးကို ခက်ထန်သော အမူအရာဖြင့် ကြည့်နေသည်။
*ဘာ*
ထိုစကားကိုကြားသောအခါ လူတိုင်း မျက်နှာပျက်သွားလေသည်။
*ဒီလူ တော်တော် ရူးနေပါလား*
ကျိုးကျစ်ကော်၏ ခက်ထန်သော အမူအရာက သူ နောက်နေခြင်း မဟုတ်မှန်း သိသာစေသည်။
*ဒီကောင့်မှာ အကြံရှိပြီးသားပဲ*
*ဒီနေ့မှ ပထမဆုံး မြင်ဖူးတာတောင် ဒီက အားလုံးကို သတ်ချင်နေပါလား*
*ရက်စက်တယ်ဆိုတဲ့ စကားနဲ့တောင် မဖော်ပြနိုင်တော့ဘူး၊ ဒါက လူမဆန်တာ*
“အခု မင်းတို့မှာ အခွင့်အရေး တစ်ခု ရှိသေးတယ်၊ မင်းတို့ ငါ့ကို ဒူးထောက်ပြီး အရိုအသေပေးပြီး လူးလိမ့်ပြရင် ငါ မင်းတို့လို ခွေးတွေရဲ့ အသက်ကို ချမ်းသာပေးမယ်”
ကျိုးကျစ်ကော်က စဉ်းလဲစွာ ပြုံး၍ ပြောလိုက်သည်။
“လီဝေ့ မင်းမိတ်ဆွေတွေကို ခေါ်သွားတော့၊ ဒါကို ငါတို့တာဝန် ထားလိုက်”
တူကြီး လီထိုက်က အော်ပြောလာပြီးနောက် စစ်ပြန်များကို ဦးဆောင်လိုက်သည်။
“သွား ဟုတ်လား၊ ကျွန်မတို့ သွားဖို့ မလိုဘူး”
လီဝေ့ လှောင်ရယ်လိုက်သည်။ လီထိုက်က ငအကောင်ပင်။ သူတို့က အဘယ်ကြောင့် ပြေးရန် လိုမည်နည်း။
“လီဝေ့ ပြဿနာ မရှာနဲ့၊ သူ့အနားမှာ သူတော်စင်သခင်အဆင့်တွေ အများကြီး ရှိနေတာ မမြင်ဘူးလား”
ဝမ်မန်ကျီက လီဝေ့အား ဒေါသတကြီး ကြည့်လေသည်။
*ဒီကောင်မလေးလည်း ရူးသွားတာလား*
သူတို့က ကျိုးကျစ်ကော်၏ ပြိုင်ဘက်များ မဟုတ်ကြောင်း သူတို့လည်း သိကြပါသည်။ သူတို့သည် လီဝေ့နှင့် အခြားသူများ အသက်ရှင်နိုင်မည့် အခွင့်အရေး ရရန် သူတို့ကိုယ်သူတို့ အသေခံခြင်းသာ။
“ဒါဆို ကျွန်မ ပိုပြီးတောင် မသွားနိုင်ဘူး”
လီဝေ့က ပျက်ရယ်ပြုလိုက်သည်။ ဤအရူးများ ဘာတွေတွေးနေလဲ သူမ မသိဘဲ မနေပါ။
“ခေါင်းမာမနေနဲ့၊ နင် ဒီမှာနေရင် ငါတို့အားလုံး သေလိမ့်မယ်၊ နင် ထွက်ပြေးနိုင်သရွေ့ သူ ငါတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး”
တူကြီး လီထိုက် စိုးရိမ်စွာ ချွေးပြန်နေ၏။ အသက်ရှင်နေသော လူတစ်ယောက် ထွက်ပြေးနိုင်သရွေ့ ဤသတင်းကို အပြင်သို့ ပျံ့အောင် လုပ်နိုင်ပေမည်။ ကျိုးကျစ်ကော်က သူတို့ကို သတ်ရဲလိမ့်မည်ဟု သူ မယုံပါ။
“မပြောနဲ့တော့၊ ကျွန်မ ထွက်သွားဖို့ မလိုဘူး၊ ကျွန်မမိတ်ဆွေတွေက သူတို့ကို ရှင်းလိမ့်မယ်”
လီဝေ့က တူကြီး လီထိုက်နှင့် အားလုံး၏ အကြံကို လျစ်လျူရှုလိုက်သည်။ တူကြီး လီထိုက်နှင့် အခြားသူများ ဆွံ့အသွားသည်။
*ဒီကောင်မလေး တကယ် ဦးနှောက်ပျက်နေတာလား*
*သူတော်စင်သခင်အဆင့်ကို ရှင်းဖို့ ဒီလူလေးကို အားကိုးရမယ်ပေါ့၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လီဝေ့၏ ယုံကြည်ချက်က ဘယ်ကလာလဲ သူတို့ မသိပေ။
“ပြေးမယ် ဟုတ်လား၊ ပြေးဖို့ မကြိုးစားနဲ့၊ သူတို့ကို သတ်လိုက်စမ်း”
ကျိုးကျစ်ကော်က မာမာထန်ထန် အော်ဟစ်လိုက်သည်။ သူ့စကားကြောင့် သူတော်စင်သခင်အဆင့်များက လီဝေ့နှင့် ယဲ့ဖန်တို့၏ ပြေးပေါက်ကို ပိတ်ဆို့လာ၏။
*သွားပြီ*
*ပြီးသွားပြီ*
တူကြီး လီထိုက်၏ မျက်နှာတွင် ကူကယ်ရာမဲ့ဟန် ပေါ်လာသည်။ သူ ထွက်သွားရန် ပြောခဲ့သော်လည်း ယခု ပြေးချင်ရင်တောင်မှ မပြေးနိုင်တော့ချေ။
“အဲ့ကောင်ရဲ့ လျှာကို အရင်ဆွဲထုတ်လိုက်”
ကျိုးကျစ်ကော်က ရုတ်တရက် ယဲ့ဖန်ကို လက်ညှိုးထိုး၍ ကောက်ကျစ်စွာ ရယ်လေသည်။
*မင်း လေကြီးလေကျယ် ပြောရတာ ကြိုက်တာမလား*
*မင်း ဘယ်လို စကားများဦးမလဲ ငါ ကြည့်ဦးမယ်*
သူတော်စင်သခင်အဆင့် တစ်ယောက်က ယဲ့ဖန်ထံ ပြေးလာပြီး လက်ငါးချောင်းက ချွန်ထက်သော ချိတ်ကောက်များသဖွယ် ယဲ့ဖန်အား ဖမ်းချုပ်ရန် ပြင်လာသည်။
“ညီငယ်လေး ပြေးတော့”
တူကြီး လီထိုက်က ယဲ့ဖန်ကို အော်၍ သတိပေးလိုက်သည်။ သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသယောင်ပြု၍ ပြန်ထိုင်ကာ လက်ဘက်ရည် ဆက်သောက်နေသည်။
*သောက်ကျိုးနည်း*
*ဟိုက မင်းကို သတ်ချင်နေတာကို မင်းက လက်ဘက်ရည် သောက်နေသေးတာလား*
*အမေရေ သူက ဘာလို့ ဒီလောက် ရူးနေတာလဲ*
သို့သော် ထိုအခိုက်တွင် ကြမ်းကြုတ်သော လက်ကြီးတစ်ဖက်က ထိုသူတော်စင်သခင်အဆင့်၏ လည်မျိုကို ဖမ်းချုပ်လာ၏။ တိတ်ဆိတ်၍ လျင်မြန်လွန်းလှသည်။
ထိုသူတော်စင်သခင်အဆင့် တုံ့ပြန်ချိန်မရဘဲ ချုပ်နှောင်ခံလိုက်ရသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအခိုက်တွင် လူတိုင်း အံ့ဩသွားသည်။ ထိုသို့ တိုက်ခိုက်လာသောလူအား သူတို့ မယုံနိုင်သလို ကြည့်လိုက် ကြသည်။
တိုက်ခိုက်လာသူသည် သန်မာကြမ်းကြုတ်ပြီး ဆာလောင်နေသော ကျားတစ်ကောင်နှင့် တူလေသည်။
ချုံးချီက အလွန် ကြမ်းကြုတ်သည်ကို မြင်သောအခါ တူကြီး လီထိုက်နှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားသည်။
သူတို့ အထင်မှန်ခဲ့လေသည်။ သူတို့အရှေ့မှ ထွားကြိုင်းသော လူသည် အလွန် ရက်စက်သောလူပင်။ သို့သော် ပို၍ ထူးဆန်းသောအဖြစ် ရောက်လာရန် လိုပေသေးသည်။
ချုံးချီက ထိုသူတော်စင်သခင်အဆင့်၏ လက်မောင်းတစ်ဖက်ကို ကိုင်၍ ဆတ်ခနဲ ဆွဲဖြုတ်လိုက်ပြီးနောက် သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
“ဂျွတ်”
အလွန် ကြောက်မက်ဖွယ်ကောင်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
သူတို့အရှေ့မှလူက ရက်စက်သော လူဖြစ်ရုံသာမက စိတ္တဇသမားလည်း ဖြစ်နေ၏။
ဘယ်လိုလုပ် သာမန်လူတစ်ယောက်က လူ့အသားကို စားနိုင်ပါမည်နည်း။
လူတိုင်း တဆတ်ဆတ် တုန်သွားကြပြီး စိတ်ကရော ကိုယ်ကပါ လက်ခံနိုင် ဖြစ်သွားလေသည်။