← Chapters

အခန်း ၁၅၈၄

Vol. 106 Ch. 1584

အခန်း ၁၅၈၄

Vol. 106 Ch. 1584

Chapter 1584 ချမ်ရှုံးထောင်

ထိုအသံက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

*လူသားစားတယ်*

*ဒီမိစ္ဆာကောင်က တကယ် လူသားစားတာပဲ*

တူကြီး လီထိုက်နှင့် အခြားသူများအားလုံး ကြက်သေ သေသွားကြသည်။ ချုံးချီ နောက်နေသည်ဟု သူတို့ ထင်ထားခဲ့သော်လည်း သူက သူတော်စင်သခင်အဆင့်၏ လက်မောင်းကို ဆွဲဖြုတ်၍ သူတို့ရှေ့၌ တကယ် ဝါးစားနေသည်။

*ကြောက်စရာကောင်းလိုက်တာ*

*ဒီလူက လူမဟုတ်ပါလား*

“ကျွိကျွိ”

အသံက ကြက်သီးထစရာပင်။

ချုံးချီ၏ သွေးပေနေသော ပါးစပ်ကို ကြည့်ပြီး လူတိုင်း ကြောက်လန့်နေကြသည်။ ရက်စက်ခက်ထန်သော ကျိုးကျစ်ကော်တောင်မှ ဤမြင်ကွင်းကို မြင်ပြီး ကြောက်ရွံ့ဟန် ပေါ်နေပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

“အား….”

ထိုသူတော်စင်သခင်အဆင့်က ဝက်တစ်ကောင်သဖွယ် အော်ဟစ်၍ ရုန်းကန်လေသည်။ အထူးသဖြင့် ချုံးချီက သူ့လက်မောင်းအား စားနေသည်ကို မြင်သောအခါ သူ အကြောက်လွန်လုနီးပါး ဖြစ်သွားရသည်။

*ဒီနတ်ဆိုးက*

*သူက ငါ့ကိုတောင် ပြုံးပြနေသေးတယ်*

ဤသည်က သူ့ကို ရူးမတတ် ဖြစ်သွားစေသည်။

“မင်းက တော်တော် နားညည်းဖို့ ကောင်းတာပဲ”

ချုံးချီက ပြောပြီးသည်နှင့် သူတော်စင်သခင်၏ ဦးခေါင်းကို ဂျွတ်ခနဲ ချိုးလိုက်ပြီးနောက် ဆက်၍ ဝါးစား လေသည်။ ထိုဦးခေါင်းက စက္ကန့်ပိုင်းအတွင်း သွေးအလိမ်းလိမ်းဖြစ်ကာ ကြောက်စရာ ကောင်းလှသည်။

ဤမြင်ကွင်းက ကျိုးကျစ်ကော်နှင့် အခြားသူများ အသိစိတ်လွတ်မတတ် ကြောက်လန့်လုနီးပါး ဖြစ်သွားစေသည်။

*ကြောက်စရာကောင်းလိုက်တာ*

“ဂျွတ် ဂျွတ်”

တစ်ချိန်တည်းမှာပင် နောက်ထပ် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ကြက်ကတုံးကလည်း လှုပ်ရှားလာပြီး သူတော်စင်သခင်အဆင့် နှစ်ယောက်၏ ဦးခေါင်းကို ဆွဲဖြုတ်လိုက်ပြီးနောက် ကျိုးကျစ်ကော်ကို ပြုံးပြကာ သုန်မှုန်သော အကြည့်ဖြင့် ကြည့်လာသည်။

လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။

*ဒီလူနှစ်ယောက်က သူတော်စင်သခင်အဆင့် နှစ်ယောက်ကို တကယ် တိတ်တဆိတ် သတ်နိုင်ပါလား*

*အရမ်း လွယ်ကူပြီး သက်တောင့်သက်သာ ရှိလွန်းတယ်*

*ပုရွက်ဆိတ်ကို ဖိသတ်လိုက်သလိုကို လွယ်လွန်းနေတာ*

ကျိုးကျစ်ကော် မှင်တက်သွားသည်။ အခြားသူများသည်လည်း အံ့အားသင့်သွားကြသည်။ လီဝေ့ ခေါ်လာသော မိတ်ဆွေများက ဤသို့ ကြောက်စရာကောင်းသော အကျင့်စရိုက်များ ရှိလိမ့်မည်ဟု သူတို့ မယုံကြည်နိုင် ဖြစ်နေလေသည်။

ဤသူတော်စင်သခင်အဆင့်များ၏ ဆိုးရွားသော သေဆုံးပုံကို ကြည့်ပြီး သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ထင်နေကြသည်။

“မင်းက ငါ့အသက်ကို ယူချင်တာလား”

ယဲ့ဖန်က လက်ဘက်ရည်ကို တစ်ငုံသောက်ပြီး ကျိုးကျစ်ကော်အား အပြုံးနှင့် ကြည့်လိုက်သည်။

“မင်း အရည်အချင်း မပြည့်မီသေးဘူး”

လူတိုင်း တုန်လှုပ်သွားပြီး ယဲ့ဖန်အား အလန့်တကြား ကြည့်လာသည်။ အထူးသဖြင့် တူကြီး လီထိုက်နှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်နေကြသည်။

ယဲ့ဖန်က မထင်ရှားဆုံးသူဟု သူတို့ ထင်ထားခဲ့သော်လည်း သူက သုံးယောက်ထဲ၌ အရှင်သခင် ဖြစ်နေ၏။

လက်ရှိတွင် ယဲ့ဖန်က သုံးယောက်ထဲ၌ အဆင့်အတန်း အမြင့်ဆုံးတစ်ယောက် ဖြစ်သည်ကို သူတို့ သိလိုက်ရသည်။ သို့မဟုတ်ပါက ယခု ထရပ်၍ လှုပ်ရှားသူက ယဲ့ဖန် ဖြစ်နေပေလိမ့်မည်။

“မင်း … မင်းတို့က ဘယ်သူတွေလဲ”

ကျိုးကျစ်ကော်၏ မျက်နှာက အလွန် ကြည့်ရဆိုးလာသည်။ ထိုအခိုက်တွင် သူ နံရံကို ကန်မိပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

“မင်း ရန်စလို့မရနိုင်တဲ့ လူတွေပေါ့”

ကြက်ကတုံးက သရော်လေသည်။

*ဘာ*

ကျိုးကျစ်ကော် မျက်နှာ မည်းမှောင်သွားပြီးနောက် အေးစက်စက် ကြည့်လာသည်။

“မင်းက ငါ့ကို ဒီလို ပြောရဲတယ်ပေါ့၊ ငါ ဘယ်သူလဲ မင်း သိလား”

သူ ကလေးဘဝကတည်းက သူ့ကို ဘယ်သူမှ ဤသို့ မပြောရဲချေ။

*ဒီလူတွေက သေချင်နေတာပဲ*

“မင်း မကြာခင် မသာဖြစ်တော့မယ့်လူ ဆိုတာကိုတော့ ငါ သိတယ်”

ချုံးချီက လူ့အသားကို စားရင်း ပြုံး၍ ပြောလိုက်သည်။

“ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့”

ကျိုးကျစ်ကော်၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် သူ့လက်အောက် ငယ်သားများကို မျက်ရိပ်ပြလိုက်သည်။

ထိုအခါ သူတော်စင်သခင်အဆင့်များ၏ လက်ထဲတွင် ထူးဆန်းသော ပုံစံများရှိသည့် သေနတ်များ ပေါ်လာသည်။

“နတ်စက်သေနတ်”

ဤလက်နက်ကို မြင်သော် လီဝေ့နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ ဤသည် နိုင်ငံကြီး တစ်နိုင်ငံက ထုတ်လုပ်ထားသော နောက်ဆုံးပေါ် လျှို့ဝှက်လက်နက် ဖြစ်သည်ဟု ဆိုသည်။ နာမည်တွင် နတ်ဟူသော စကားလုံး ပါသဖြင့် ယင်းသည် နတ်ဘုရင်အဆင့်၏ စွမ်းအားဖြင့် သွန်းလုပ်ထားသော လက်နက် ဖြစ်လေသည်။

ဤလက်နက်သည် နတ်ဘုရင်အဆင့် တိုက်ခိုက်သည်နှင့် ညီမျှသည်။

“သေစမ်း”

တူကြီး လီထိုက်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး အသည်းအသန် အော်ပြောလိုက်သည်။

“ထွက်ပြေးကြ”

“ထွက်ပြေး ဟုတ်လား၊ မင်းတို့ ပြေးနိုင်လို့လား”

ကျိုးကျစ်ကော်က ကျယ်လောင်စွာ ရယ်မော၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒိုင်း ဒိုင်း ဒိုင်း”

နတ်စက်သေနတ်က အဆက်မပြတ် ပစ်ခတ်လာ၏။ ကြောက်စရာကောင်းသော ကျည်ဆန်များက ချုံးချီထံ အဆက်မပြတ် တိုးဝင်သွားသည်။

ထိုအချိန်တွင် အားလုံး အကြောက်ဆုံးသူက ချုံးချီပင်။ ထို့ကြောင့် သူတို့ အသတ်ချင်ဆုံးလူကလည်း သူပင်။ ကြောက်စရာကောင်းသော တိုက်စစ်က ချုံးချီထံ သည်းကြီးမည်းကြီး ကျရောက်နေ၏။

သို့သော် ချုံးချီက တူကြီး လီထိုက်၏ အော်သံကို ဂရုမစိုက်သကဲ့သို့ မကြားချင်ယောင်ဆောင်ထားသည်။

“ခွေးမသား၊ အဲ့ဒါ နတ်ဘုရင်အဆင့် လက်နက်နဲ့ ပစ်တာကွ၊ မင်း မပြေးရင် သေလိမ့်မယ်”

ဝမ်မင်ကျီနှင့် အခြားသူများ အလွန် စိုးရိမ်လွန်းသဖြင့် အသံပင် ပြောင်းနေသည်။

“ဒိုင်း ဒိုင်း ဒိုင်း”

ပစ်ခတ်မှုများက ချုံးချီ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသဖြင့် ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ် လာသည်။

မီးခိုးငွေ့များ တထောင်းထောင်းထ၍ ဘေးဘီသို့ ပျံ့လွင့်နေသည်။

*သွားပြီ*

လီထိုက်နှင့် အခြားသူများ ကြောက်လန့်သော အမူအရာများ ဖြစ်နေကြသည်။ ဤသို့ ကြောက်စရာကောင်းသော စွမ်းအားက တစ်ဖက်လူအား ရစရာမရှိအောင် သတ်ပစ်လိုက်မည်ကို စိုးရိမ်နေလေသည်။

“ဟားဟားဟား ငါ့ကို စားရဲတဲ့ကောင် မြင်လား၊ ဒီသခင်ကြီးက မင်းကို တစ်စစီ လုပ်ပစ်လိုက်ပြီကွ”

“စိတ်မပူနဲ့ မကြာခင် မင်းတို့အလှည့် ရောက်လာမှာ”

ကျိုးကျစ်ကော်က အားပါးတရ ရယ်မော၍ လူတိုင်းကို ခက်ထန်သော အကြည့်ဖြင့် ကြည့်နေသည်။

တူကြီး လီထိုက်နှင့် အခြားသူများ ပြင်းစွာ တုန်လှုပ်သွားကြသည်။ ဤသို့ ကြီးမား‌သော အဖျက် စွမ်းအင်နှင့်ဆိုလျင် သူတို့ကဲ့သို့ လူများ မဆိုထားနှင့် သူတော်စင်သခင်အဆင့်ပင် သေပေလိမ့်မည်။

သို့သော် ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းက ကျိုးကျစ်ကော်၏ အပြုံးကို အေးခဲသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ချုံးချီက နေရာ၌ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်နေသည်ကို သူတို့ ထူးဆန်းစွာ တွေ့လိုက်ရ သောကြောင့်ပင်တည်း။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူ့ကို ဒီလောက် များတဲ့ နတ်စက်သေနတ်နဲ့ ပစ်ထားတာကို၊ သူတော်စင်သခင်အဆင့်ဆို အသာလေး တစ်စစီ ဖြစ်ပြီး နတ်ဘုရင်အဆင့်တောင် ဒဏ်ရာ အပြင်းအထန် ရနိုင်တာလေ*

*ဒီလူက ဘာမှမဖြစ်ဘူးတဲ့လား*

“မြတ်စွာဘုရား”

လူတိုင်း ပင့်သက်ရှိုက်သွားကြသည်။ နတ်စက်သေနတ်က မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။ ၎င်း၏ စွမ်းအားက လောကကိုပင် ဖျက်ဆီးနိုင်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့် ချုံးချီ၏ ကိုယ်ပေါ်၌ ဒဏ်ရာ တစ်ခုလေးတောင် မရှိရသနည်း။

*ဒီလူ လူမှ ဟုတ်ရဲ့လား*

လူတိုင်း မှင်တက်ကာ အမြင်မှားနေသလားဟု တွေးနေကြသည်။

ထိုစဉ် မီးခိုးငွေ့များ လွင့်ပြယ်သွားပြီး သူ့ရင်ဘတ်ကိုပုတ်၍ ကျိုးကျစ်ကော်ကို စိုက်ကြည့်လာ၏။

“မင်းကြောင့် ငါ့အစာ ပျက်စီးသွားပြီ၊ မင်း ပြန်ပေးဆပ်ရမယ်”

ကျိုးကျစ်ကော်နှင့် အခြားသူများ ကြက်သီးတဖြန်းဖြန်းထသွားပြီး သူတို့၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားတော့မယောင် ဖြစ်သွားလေသည်။

*ဘာမှမဖြစ်ဘူး*

*ဘာထိခိုက်မှုမှ မရှိဘူး*

*ဒါက နတ်စက်သေနတ်လေ*

*ဒီကောင်က ဒါကို တကယ် သူ့ကိုယ်နဲ့ပဲ ခုခံနိုင်တာလား*

ထိုလူက ရပ်မြဲရပ်၍ သူတို့ကို တိုက်ခိုက်ခွင့် ပေးထားသော်လည်း သူတို့က အထိနာအောင် မလုပ်နိုင်ချေ။ အလွန် သေစေနိုင်သော နတ်စက်သေနတ်အား သုံးပါသော်လည်း အချည်းနှီးပင်။

*ဒီလူက လူရေခြုံထားတဲ့ စက်ရုပ်လား*

ချုံးချီသည် လူရေခြုံထားတဲ့ စက်ရုပ် မဟုတ်ပေ။ သို့သော် သူသည် ထို့ထက် ပိုကြောက်စရာ ကောင်းပေ၏။

တူကြီး လီထိုက်နှင့် အခြားသူများမှာမူ မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေကြသည်။ ချုံးချီက ကြောက်စရာ ကောင်းမှန်း သူတို့ သိသော်လည်း အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

စစ်မြေပြင်တွင် သုံးနှစ်တာ တိုက်ပွဲဝင်ခဲ့ပြီးနောက် သူတို့သည် ပြင်းထန်ကြမ်းကြုတ်သော မြင်ကွင်းမျိုးနှင့်လည်း အသားကျနေပြီ ဖြစ်သည်။ သို့ရာတွင် ချုံးချီကဲ့သို့ ရက်စက်သော လူတစ်ယောက်နှင့် တစ်ခါမှ မကြုံဖူးချေ။ နတ်စက်သေနတ်ကိုတောင်မှ ဖြုံပင်မဖြုံချေ။

“သခင်လေး ကျွန်တော်တို့ ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

သူတော်စင်သခင်အဆင့် တစ်ယောက်က ကျိုးကျစ်ကော်ကို တီးတိုး ပြောလာသည်။

ထိုအခိုက်တွင် သူတို့သည် အရှေ့မှ မကောင်းဆိုးဝါး၏ ပြိုင်ဘက်များ မဟုတ်ကြောင်း သိလိုက်လေပြီ။ ကျိုးကျစ်ကော်၏ အမူအရာက တောင့်တင်းကာ လမ်းပျောက်သလို ဖြစ်နေသည်။

“ခေါင်းဆောင်ကို အသိပေးချင်ပါသလား”

“ဟုတ်တယ် ငါ့အဖေကို အသိပေးလိုက်၊ ချက်ချင်း ငါ့အဖေကို အသိပေးလိုက်”

ထိုစကားက ကျိုးကျစ်ကော်ကို ချက်ချင်း သတိဝင်လာစေသည်။ သူ့အဖေ ရောက်လာသရွေ့ ဤလူက မည်မျှ သန်မာနေပါစေ သေလမ်းတစ်လမ်းသာ ရှိပေလိမ့်မည်။

*ခေါင်းဆောင်*

*အဖေ*

တူကြီး လီထိုက်နှင့် အခြားသူများ၏ မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။

“မင်းအဖေက ကျိုးလန်လင်လား”

ကြောက်ရွံ့နေသော အကြည့်များစွာ ကျိုးကျစ်ကော်၏ ခန္ဓာကိုယ်ပေါ် စုပုံ ကျရောက်လာလေသည်။

*ဒီကောင်က စစ်နယ်ရှင်ရဲ့ သားလား*

“ဟုတ်တယ် ငါ့အဖေက ကြီးမြတ်တဲ့ စစ်နယ်ရှင် ကျိုးလန်လင်ပဲ”

ကျိုးကျစ်ကော်က ဂုဏ်ယူစွာ ပြောလေသည်။

“မင်းတို့မျိုးမစစ်ကောင်တွေ၊ ငါ့စစ်သားတွေကို သတ်ရဲတယ်မလား၊ မင်းတို့အားလုံး သေပြီသာမှတ်”

“ဘာတွေဖြစ်ကုန်တာလဲ”

စစ်ပြန်များ သွေးပျက်လာကြသည်။ သူတို့အရှေ့မှလူက ကျိုးလန်လင်၏ သားဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

လန်လင်တပ်သည် လက်ရှိတွင် နတ်ဆိုး အငွေ့အသက် အင်ပါယာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပြီး လက်ရှိတွင် ဗိုလ်မှူးကြီး ကျန်းကျန့်ရန်နှင့် ပူးပေါင်းမှု ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းနေ၏။

ကျိုးကျစ်ကော်က လန်လင်တပ်၏ သာမန် အရာရှိ ဖြစ်နေလျင် အဆင်ပြေလောက်သော်လည်း ကျိုးလန်လင်၏ သား ဖြစ်နေသည်။

အားလုံး ဇာတ်သိမ်းလေပြီ။

ကျိုးလန်လင်နှင့် ကျန်းကျန့်ရန်ကြားမှ ပတ်သက်မှုအရဆိုလျင် သူတို့ဘက်မှ အလေးသာရန် ဖြစ်နိုင်ချေ မရှိချေ။

“မြန်မြန် မစ္စတာချမ်ကို သွားခေါ်လာခဲ့”

ဝမ်မင်ကျီက အော်ပြောလာသည်။ လက်ရှိတွင် ချမ်ရှုံးထောင်သာလျင် ဤကိစ္စကို ချောမွေ့အောင် လုပ်ဆောင်နိုင် ပေတော့မည်။ သူက တော်လှန်ရေးတပ်၏ ဗိုလ်ကြီး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါတကား။

ကျိုးလန်လင်၏ သားကို သူတို့ ရန်စရန် မတတ်နိုင်ချေ။

“တုန်နေလိုက်၊ အဲ့မှာ ကြောက်နေလို့၊ သောက်အလကားကောင်တွေ၊ နောက်ကျလွန်းသွားပြီကွ”

ကျိုးကျစ်ကော်က အားပါးတရ ရယ်နေပြီး အားလုံး၏ ကြောက်လန့်နေသော အမူအရာကို ကြည့်ကာ ကျေနပ်နေ၏။

သူတို့ ပိုသွေးပျက်လေ၊ သူ ပိုပျော်လေပင်။ ဤမျိုးမစစ်ကောင်များ သူ့ကို အာခံရဲသည့်အတွက် ပြန်ပေးဆပ်ရအောင် သူ လုပ်ပစ်မည်။

တူကြီး လီထိုက်နှင့် အခြားသူများ၏ မျက်နှာ ပြာနှမ်းသွားပြီး ကြောက်ရွံ့ဟန်များ ပေါ်လွင်လာကြသည်။ အကြောင်းမှာ သူတို့ ရန်မစသင့်သော လူတစ်ယောက်ကို သူတို့ ရန်စမိသွားမှန်း သူတို့ သိသွားသောကြောင့်ပင်။ သူတို့ ဇာတ်သိမ်းရပေတော့မည်။

ဆောက်တည်ရာမရစိတ်က သူတို့ကို စိုးမိုးလာသည်။ ၎င်းက အိပ်မက်ဆိုးသဖွယ် သူတို့ကို ခြောက်လှန့်နေ၏။

ကျိုးကျစ်ကော်က ကျိုးလန်လင်၏ သားဖြစ်မည်ဟု မည်သူက တွေးမိမည်နည်း။ သူတို့အတွက် ယင်းက သတင်းဆိုးပင်။

ထိုစဉ် ချမ်ရှုံးထောင်လည်း ရောက်လာသည်။ သူသည် အဝါရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်ခြောက်ဆယ်ကျော်နေသူ ဖြစ်ပြီး ပိန်ပါးသော ခန္ဓာကိုယ် ရှိပြီး လက်ပိုက်ထားပုံက သူဌေးတစ်ယောက်နှင့် တူလေသည်။

“မစ္စတာချမ် …”

စစ်ပြန်များ တစ်ယောက်ပြီး တစ်ယောက် ထရပ်လာကာ ချမ်ရှုံးထောင်အား လေးစားမှုဖြင့် ကြည့်လာကြသည်။ ချမ်ရှုံးထောင်က လက်ကာပြ၍ ပြောလိုက်သည်။

“မစိုးရိမ်နဲ့၊ ငါ ဒီကိစ္စကို သိပြီးပြီ၊ ဘာကြီးပဲဖြစ်နေပါစေ ငါ့ကို လူလေးစားရစမြဲပဲ”

ထို့နောက် သူ ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ့မြေမှာ ဘယ်သူ လာပြဿနာ ရှာရဲတာလဲ”

ချမ်ရှုံးထောင်က မာန်အပြည့်ဖြင့် ကြိမ်းမောင်းလာသည်။ သူ့အပြုအမူကြောင့် တူကြီး လီထိုက်နှင့် အခြားသူများ စိတ်အေးသလို ဖြစ်လာသည်။

“ငါပဲ၊ ခင်ဗျား ဘာပြောချင်လဲ”

ကျိုးကျစ်ကော်က အထင်သေးသော အမူအရာနှင့် ချမ်ရှုံးထောင်အား မောက်မာစွာ ပြောလိုက်သည်။ ဤနယ်ခံမြွေအား သူ လုံးဝ မကြောက်သည့်ပုံပင်။

ချမ်ရှုံးထောင်က နယ်ခံမြွေဆိုလျင် သူက နယ်ကူးလာသော မြွေပြင်းသာ။

“ကျိုးကျစ်ကော်လား”

ကျိုးကျစ်ကော်ကို မြင်သည်နှင့် ချမ်ရှုံးထောင်၏ မျက်နှာက သိပ်မကောင်းတော့ချေ။

*ဘယ်လိုလုပ် ဒီကောင် ဖြစ်နေတာလဲ*

သူ ကျိုးကျစ်ကော်နှင့် သိပ်မသိသော်လည်း သွားဆွရန် လွယ်ကူသူ မဟုတ်ကြောင်း သူလည်း သိပါသည်။

ကျိုးကျစ်ကော်သည် မောက်မာ၍ မာနကြီးသူ၊ ရက်စက်ယုတ်မာသူပင်။

ချက်ချင်းဆိုသလိုပင် ချမ်ရှုံးထောင်က ပျက်ရယ်ပြုလိုက်သည်။

“ကျိုးကျစ်ကော် အခြားသူတွေက မင်းကို ကြောက်ပင်မယ့် ငါ မင်းကို မကြောက်ဘူး၊ မင်းက ကျိုးလန်လင်ရဲ့ သားဖြစ်နေတာနဲ့ ရှုကျိုးမှာ လုပ်ချင်သလို လုပ်လို့ရမယ် မထင်နဲ့။ ရှုကျိုးက မင်းတို့ ကျိုးသားအဖရဲ့ နယ်မြေ မဟုတ်ဘူး၊ ငါ သည်းခံနေမှာ မဟုတ်ဘူးကွ”

တူကြီး လီထိုက်နှင့် အခြားသူများ စိတ်လှုပ်ရှားသွားကြသည်။

*ဒါ လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းတယ် မဟုတ်လား*

ဤအအိုးအိုသည် တော်လှန်ရေးတပ်၏ ဒုဗိုလ်ကြီး ဖြစ်ထိုက်ပေသည်။ သူက ရောက်လာသည်နှင့် အထက်စီးဖြင့် ချုပ်ကိုင်နိုင်ပုံကို ပြသနေ၏။

All Chapters