← Chapters

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း ၁၅၈၅

Vol. 106 Ch. 1585

Chapter 1585 သူ့က ငါ့ခွေးတွေထဲက တစ်ကောင်ပဲ

ချက်ချင်းဆိုသလိုပင် သူတို့တွင်လည်း ယုံကြည်မှု ရှိလာသည်။ ထိုအခိုက်တွင် သူတို့သည် ချမ်ရှုံးထောင်အား သူတို့၏ အသန်မာဆုံး နောက်ခံအဖြစ် သတ်မှတ်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် ချမ်ရှုံးထောင်က ကျိုးကျစ်ကော်နှင့် ပတ်သက်၍ လုံးဝ မစိုးရိမ်သောကြောင့်ပင်။

…“ချမ်ရှုံးထောင်၊ ခင်ဗျားကြီး အသက် ဘယ်လောက် ရှိပြီလဲ၊ ဒီသခင်လေးကိုများ နှင်ထုတ်ချင်နေတာလား၊ ခင်ဗျားက အဆင့်ရှိလို့လား”

ကျိုးကျစ်ကော်က လှောင်ရယ်၍ ပြောလာသည်။

“ရှေ့တန်းမှာ အထင်အမြင်သေးခံရတဲ့ ခွေးအိုကြီးကများ၊ ခင်ဗျားမှာ သွားတွေ ရှိသေးတာနဲ့ ကိုက်နိုင်သေးတယ် ထင်နေလား၊ လှုပ်နိုင်သေးတယ် ထင်နေတယ်ပေါ့လေ”

“မင်း”

ချမ်ရှုံးထောင် ဒေါသထွက်သွားပြီး ကျိုးကျစ်ကော်အား စူးစူးရဲရဲ စိုက်ကြည့်လာသည်။

“”ကောင်စုတ်လေး မင်းအဖေက ကျိုးလန်လင် ဖြစ်နေတာနဲ့ ငါ မင်းကို မထိရဲဘူးလို့ ထင်နေတယ် မဟုတ်လား”

ကျိုးလန်လင်က စစ်နယ်ရှင် တစ်ယောက် ဖြစ်သော်လည်း ချမ်ရှုံးထောင်၏ အနောက်၌ ကျန်းကျန့်ရမ် ရှိသည်။

သို့သော် သူ့စကားကို ကြားပြီး ကျိုးကျစ်ကော်က ပို၍ ကျယ်လောင်စွာ ရယ်မောလာ၏။

“ကျုပ်အဖေကို ခင်ဗျား ဂရုမစိုက်ဘူးဆိုရင်၊ ခင်ဗျားရဲ့ ဗိုလ်မှူးကြီး ကျန်းကိုရော ဘယ်လိုလဲ၊ ခင်ဗျား သူ့ကို ဂရုမစိုက်ဘူးလား”

ထိုကားကြောင့် ချမ်ရှုံးထောင်၏ မျက်နှာ ရုတ်တရက် မည်းမှောင်သွားသည်။

“မင်း ဘာပြောချင်တာလဲ”

“ဘာပြောချင်တာလဲ ဟုတ်လား၊ ပြောချင်တာကတော့ ကျုပ်အဖေက ကျန်းကျန့်ရန်နဲ့ ပူးပေါင်းမှု သဘောတူညီချက် ရသွားပြီ၊ အခု နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ထူထောင်ထားပြီ၊ တကယ်လို့ တစ်ယောက်ယောက်က ကျုပ်ကို ရန်စရင် ကျန်းကျန့်ရန်ကို ရန်စတာနဲ့ အတူတူပဲ”

ကျိုးကျစ်ကော်က ခပ်မာမာ ပြောလိုက်သည်။

*ဘာ*

ချမ်ရှုံးထောင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး စိတ်လေးလံလာသည်။ သူ့စိတ်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းကျန့်ရန်က ဘယ်သူမို့လို့လဲ၊ ယနေ့ အင်ပါယာတွင်း၌ အင်အားအကြီးဆုံးဟု ပြော၍ အရနိုင်ဆုံးသူ၊ စစ်သည်များစွာကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာ ရှိသည်။ သူ့လို ဘာမဟုတ်သော ဗိုလ်ဟောင်းက ဘယ်လိုလုပ် ရန်စနိုင်ပါ့မလဲ။

“မင်း … မင်း ဗိုလ်မှူးကြီးကျန်းကို ဘယ်လို အာခံမလဲ”

ချမ်ရှုံးထောင်က တူကြီး လီထိုက်နှင့် အခြားသူများကို မသိမသာ မကျေနပ်ဟန်ဖြင့် ကြည့်လာသည်။ သူ နောက်ဆုတ်တော့မှာ သိသာနေသည်။

သူ ယခုမှ ရောက်ချင်သော နေရာကို ရောက်ရသည်။ ယခု သူ နေ့တိုင်း ဝိုင်သောက်ပြီး တေးဂီတကို နားဆင်နိုင်သည်။ လတိုင်း အလွန် များသော လစာကိုလည်း ရသေးသည်။

ယခုအဖြစ်က သူ့လက်ရှိဘဝကို လက်လျှော့၍ ကျန်းကျန့်ရန်ကို စိန်ခေါ်အောင် ပြုလုပ်နေသည်။ သူ ဘယ်လိုလုပ် လုပ်ချင်ပါမည်နည်း။

“ငါတို့ ကြိုမသိနိုင်ဘူးလေ”

တူကြီး လီထိုက်က ခုခံပြောဆိုလေသည်။

“သူတို့ ဗိုလ်မှူးကြီးကျန်းနဲ့ ပူးပေါင်းလိုက်တော့ ဘာဖြစ်လဲ၊ အဲ့တော့ သူတို့က မဟုတ်တာ ဘာမဆို လုပ်လို့ရသွားပြီလို့ ဆိုလိုတာလား၊ ဗိုလ်မှူးကြီးကျန်းက အဲ့လောက် ကျိုးကြောင်း မကြည့်တတ်တဲ့လူ မဟုတ်ဘူးလို့ ငါ ထင်တယ်”

“တော်လောက်ပြီ မပြောနဲ့တော့”

ချမ်ရှုံးထောင်က စိတ်မရှည်သလို လက်ကာပြလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“သခင်လေးကျိုးကို တောင်းပန်လိုက်”

ထိုစကားကိုကြားသော် တူကြီး လီထိုက်နှင့် အခြားသူများ ချက်ချင်း မပျော်မရွှင် ဖြစ်သွားကြသည်။

“သူက အရင် ရန်ရှာပြီး ငါတို့ကို တမင် အရှက်ရအောင် လုပ်တာလေ၊ ဘာလို့ ငါတို့က သူ့ကို တောင်းပန်ရမှာလဲ”

“သူ့အဖေက ကျန်းကျန့်ရန်ရဲ့ စီးပွားဖက် ဖြစ်နေလို့ပဲ၊ ကျန်းကျန့်ရန်က ဘယ်သူလဲ မသိဘူးလား၊ ယဲ့ဘုရင်ရဲ့ ဗိုလ်မှူးကြီး၊ အင်ပါယာရဲ့ အသန်မာဆုံးနီးပါး ဖြစ်တဲ့လူကွ၊ သူသာ ငါတို့ကို ဖျက်သိမ်းချင်ရင် အလွယ်လေးပဲကွ”

ချမ်ရှုံးထောင် မကျေမနပ် ပြောလိုက်သည်။

*ဒီကောင်တွေ အခုထိ အခြေအနေကို နားမလည်သေးဘူးလား*

*ဘာလို့လဲ မသိသေးဘူးလား၊ ဒီလူတွေက မင်းတို့ထက် ပိုပြီး သန်မာတယ်လေ*

*ဒုက္ခိတတစ်သိုက်က လုပ်ပိုင်ခွင့် ရှိတဲ့သူကို စိန်ခေါ်ဖို့ ကြိုးစားချင်တာလား*

*အရူးတွေပဲ*

“ကျန်းကျန့်ရန်က ကျိုးကြောင်းမကြည့်တတ်တဲ့လူ မဟုတ်ဘူးလို့ ကျွန်မ ယုံတယ်၊ ဘာဖြစ်ခဲ့သလဲဆိုတာကိုသာ သူ သိရင် သူ ကျွန်မတို့ကို အရှက်ရအောင် လုပ်မှာ မဟုတ်ဘူး*

လီဝေ့က ပြောလာသည်။

“ဟုတ်တယ် မစ္စတာချမ်၊ ခင်ဗျား ကျန်းကျန့်ရန်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားသင့်တယ်၊ သူ သေချာပေါက် ကျုပ်တို့ဘက်မှာ နေမှာပါ”

တူကြီး လီထိုက်နှင့် အခြားသူများလည်း ထိုနည်းတူ ခံစားမိသည်။ သူတို့အားလုံးသည် တော်လှန်ရေး တပ်သားများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။

သို့သော် ချမ်ရှုံးထောင်က ငြိမ်ကျသွားပြီး သူ့မျက်နှာတွင် ချီတုံချတုံ ဖြစ်ဟန် ပေါ်နေသည်။

*ကျန်းကျန့်ရန်နဲ့ ညှိနှိုင်း ဟုတ်လား*

*ငါ့နောက်ခံက ဘာမို့လို့လဲ၊ ပြီးတော့ ငါ့မှာ ဘာအရည်ချင်းရှိလို့ သူနဲ့ ညှိနှိုင်းလို့ရမှာလဲ*

*ပြီးတော့ ကျန်းကျန့်ရန်သာ သဘောမတူရင် ငါ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူးလား*

ချမ်ရှုံးထောင်သည် သူ၏ လက်ရှိ သက်တောင့်သက်တာ ဘဝနှင့် ရင်း၍ ထိုသို့ စွန့်စားမှု မလုပ်ချင်ပါ။ ယခု သူသည် မြင့်မားသော အဆင့်အတန်းတစ်ခု၌ ရှိနေပြီး ပိုက်ဆံလည်း အများကြီး ရှိနေပြီ ဖြစ်သည်။ ယခင်ကလို သူ့ခေါင်းပေါ် စွန့်စားမှုကြီးများ ထမ်းမတင်ထားချင်တော့ပါ။

ပိုက်ဆံ များများ ရှိလာလေ ပို၍ သတ္တိနည်းလာလေပင်။

“မစ္စတာချမ်၊ ရှင် တစ်ခုခု ပြောသင့်တယ်”

လီဝေ့နှင့် အခြားသူများက ချမ်ရှုံးထောင်အား စိုးရိမ်တကြီး ကြည့်နေကြသည်။

“ဟုတ်တယ် မစ္စာတာချမ် ခင်ဗျား တစ်ခုခု ပြောဦးမှပေါ့”

ကျိုးကျစ်ကော်ကလည်း မထီမဲ့မြင် ရယ်နေသည်။ ချမ်ရှုံးထောင်၏ မျက်နှာကိုကြည့်၍ ဆုံးဖြတ်ချက်ကို သူ ကြိုခန့်မှန်းမိပြီးသားပင်။

ချမ်ရှုံးထောင်၏ မျက်နှာက ပြာနှမ်းနေသည်။ သူ အလွန် အပြစ်ရှိသလို ခံစားရသော်လည်း ငြင်းပယ်ရန်သာ ရွေးချယ်ခဲ့သည်။ သူ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ငါ ဗိုလ်မှူးကြီးကျန်းဆီ မသွားဘူး၊ မင်းတို့ မြန်မြန် တောင်းပန်သင့်တယ်”

“ချမ်ရှုံးထောင်၊ ခင်ဗျား ကျုပ်တို့ကို ရောင်းစားတာလား*

လူတိုင်း အံ့ဩသွားသည်။ ချမ်ရှုံးထောင်၏ ချီတုံချတုံ ဖြစ်နေသော အမူအရာကို ကြည့်ပြီး သူ ဘာတွေးနေသလဲ သူတို့ မသိတော့ပေ။

*သူ ကျန်းကျန့်ရန်ကို အာခံမိမှာကို စိုးနေတာလား*

“ငါက ဘာလို့ မင်းတို့အားလုံးကို ရောင်းစားရမှာလဲ၊ သူတို့က ဗိုလ်မှူးကြီးကျန်းနဲ့ ပတ်သက်နေမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ၊ မင်းတို့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ငါ့အနာဂတ်ကို ပျက်စီးမခံနိုင်ဘူး၊ ဟုတ်ပြီလား”

ချမ်ရှုံးထောင်၏ မျက်နှာတွင် အထင်သေးမှုတို့ ပြည့်နှက်လာသည်။

*မင်းတို့ သေချင်ရင်လည်း ကိုယ့်ဘာသာကိုယ် သေလေ၊ ဘာလို့ ငါ့ကိုပါ လာဆွဲထည့်နေတာလဲ၊ ငါ့ကို ငတုံးများ မှတ်နေလား*

ချက်ချင်းဆိုသလိုပင် လီဝေ့နှင့် အခြားသူများ၏ မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်လာသည်။ ချမ်ရှုံးထောင်ကို သူတို့၏ ကျောထောက်နောက်ခံဟု သူတို့ တွေးထားခဲ့သည်။ ချမ်ရှုံးထောင်က ကြွက်တစ်ကောင်လို အလွန် ကြောက်တတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအခိုက်တွင် ယဲ့ဖန်က ချမ်ရှုံးထောင်ကို အထင်သေးစွာ ကြည့်လာသည်။

“မင်း ချလိုက်တဲ့ ဆုံးဖြတ်ချက်က မှန်တယ်လို့ တွေးကောင်း တွေးနေလိမ့်မယ်၊ ဒါပေမဲ့ မကြာခင် မင်း အဲ့အတွက် နောင်တ ရလာလိမ့်မယ်လို့ ငါ အာမခံတယ်”

အင်ပါယာက ချမ်ရှုံးထောင်ကဲ့သို့သော မန်နေဂျာများကို ထောက်ပံ့ရန် ငွေများစွာ သုံးထားခြင်းက သူ့ကို နေရာတွင် အခန့်သားထိုင်၍ အောင်မြင်မှုကို ခံစားစေရန် မဟုတ်ပါ။

ချမ်ရှုံးထောင်အား စစ်သည်တော်တစ်ယောက်ဟုပင် မခေါ်ထိုက်တော့ဘဲ စီးပွားရေးသမားဟု ပြောလျင် ပိုသင့်တော်ပေမည်။

အံ့ဩစရာပင်။

ထိုစကားကိုကြားသော် ချမ်ရှုံးထောင် ချက်ချင်း ဒေါသထွက်သွားပြီး ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ကျိန်ဆဲလေသည်။

“မင်း ဘာပြောနေတာလဲ မျိုးမစစ်ကောင်၊ မင်း သေချင်တာလား၊ ယုံချင်ယုံ မယုံချင်နေ၊ ငါ မင်းကို ချက်ချင်း သတ်ပစ်လိုက်လို့ ရတယ်”

ယဲ့ဖန်သည် ထိုစကားကြောင့် နှစ်ကြိမ်မျှ လှောင်ရယ်လိုက်ပြီး ချမ်ရှုံးထောင်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

“လီဝေ့ ငါတို့ တောင်းပန်ကြမလား”

ဘာမျှော်လင့်ချက်မှ မရှိတော့သည်ကို မြင်သောအခါ တူကြီး လီထိုက်နှင့် အခြားသူများ အနည်းငယ် စိတ်ဓာတ်ကျ လာသည်။

“ဟေ့ တောင်းပန်ရုံနဲ့ မလုံလောက်ဘူး၊ သူ ငါနဲ့ တစ်ညလုံး အိပ်ရမယ်၊ ပြီးတော့ မင်းတို့အားလုံးက ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ်”

ကျိုးကျစ်ကော်က အထက်စီးဖြင့် ပြောလိုက်ပြီး လီဝေ့က မကောင်းသော အကြည့်ဖြင့် ကြည့်နေသည်။ ချမ်ရှုံးထောင်ကလည်း ဝင်ကူ၍ ပြောလေသည်။

“လီဝေ့ မင်းကံတရားကို လက်ခံလိုက်၊ ဒီလောကမှာ အားကြီးသူက အားနည်းသူကို စားမှာပဲ၊ မင်း လိမ်လိမ်မာမာနဲ့ နာခံဖို့ ငါ အကြံပေးလိုက်မယ်၊ မင်းလည်း သွေးထွက်သံယို နည်းတာပေါ့”

လီဝေ့က ယဲ့ဖန်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။

“မင်း တောင်းပန်ဖို့ မလိုဘူး”

ယဲ့ဖန်က အေးစက်စက် မျက်နှာနှင့် ထရပ်၍ ပြောလာသည်။

“ဒီလောကက ကျိုးကြောင်းဆင်ခြင်နိုင်မှုအတွက် နေရာမရှိဘူးလို့ ငါ မယုံဘူး”

“ယီးကို ကျိုးကြောင်းဆင်ခြင်နေလိုက်၊ လက်သီးကသာ အမာကြောဆုံး အမှန်တရားပဲ၊ မင်း အသက်က ဘယ်လောက်မို့လို့ ဒီလောက် တုံးအရတာလဲ”

ချမ်ရှုံးထောင်က အထင်သေးစွာ ပြုံး၍ လီဝေ့ကို ပြောလိုက်သည်။

“လီဝေ့ မင်းကို သတိမပေးဘူးလို့ အဆိုးမဆိုနဲ့၊ ဒီအရူးပြောတာကို မင်း နားထောင်ရင် သူ့ကြောင့် အနှေးနဲ့အမြန် မင်း အသတ်ခံရလိမ့်မယ်၊ ကျန်းကျန့်ရန်မှာ စစ်အင်အားနဲ့ နောက်ကွယ်မှာ ယဲ့ဘုရင် ရှိတယ်၊ သူ့မှာ ဘာရှိလို့လဲ၊ ပါးစပ်လား”

သို့သော် လီဝေ့က ယဲ့ဖန်ဘေး၌ အခိုင်အမာရပ်၍ ကျိုးကျစ်ကော်နှင့် ချမ်ရှုံးထောင်တို့အား အေးစက်စက် ကြည့်လာသည်။

“ရှင် နောင်တရလာလိမ့်မယ်”

ထိုစကားကြောင့် ချမ်ရှုံးထောင် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် မျက်နှာ သုန်မှုန်သွားလေသည်။

“ကောင်းပြီလေ ကောင်းပြီ၊ မင်းက သေဖို့ဆုံးဖြတ်ထားမှတော့ မင်းက ဒါနဲ့ပဲ ထိုက်တန်တယ်လို့ ပြောရမှာပေါ့”

“အသက်မရှင်ချင်တော့တဲ့ မိန်းမပျက်ဘဲ၊ ဒီလိုအခြေနေမှာတောင် ခေါင်းမာရဲတာပဲ၊ မင်း သေချင်နေပြီနဲ့တူတယ်”

ကျိုးကျစ်ကော်၏ မျက်လုံးများက ခက်ထန်လာပြီး ယခုကိစ္စ ပြီးသည်နှင့် လီဝေ့ကို ဘယ်လို နှိပ်စက်ရမလဲ သူ တွေးနေလေသည်။

“သခင်လေးကျိုး ခင်ဗျားမှာ မိန်းကလေးတွေ အများကြီး ရှိတာပဲ၊ ဘာလို့ မိန်းကလေးတစ်ယောက်အတွက် ဒုက္ခခံနေတာလဲ၊ ဒါ မိန်းမတစ်ယောက်ပဲကို၊ ခင်ဗျား အစွမ်းအစနဲ့ဆို ဘယ်လိုမိန်းမမျိုးကို မရနိုင်ဘဲ ရှိမလဲ၊ ဘာလို့ သူ့ကိုမှ စွဲလမ်းနေတာလဲ”

တူကြီး လီထိုက်က ပြုံး၍ ရှေ့တိုးလာပြီး ကျိုးကျစ်ကော်အား ဖျောင်းဖျရန် ကြိုးစားလေသည်။ ထိုသို့မလုပ်ပါက လီဝေ့ ဘဝပျက်သွားပေလိမ့်မည်။

“ရွှစ်”

ထို့နောက်တွင်မူ ငွေးများ ငေါခနဲ ပန်းထွက်လာ၏။ တူကြီး လီထိုက်၏ ခန္ဓာကိုယ်မှ ပန်းထွက်လာသော သွေးများ ဖြစ်လေသည်။

တူကြီး လီထိုက်၏ လက်မောင်းတစ်ဖက်က ကျိုးကျစ်ကော်၏ ဓားကြောင့် ပြတ်ထွက်သွားပြီး ကြမ်းပြင်ပေါ် ဘုတ်ခနဲ ကျသွားသည်။

“အား…”

တူကြီး လီထိုက်သည် သွေးထွက်နေသော နေရာအား အုပ်၍ နာကျင်စွာ အော်ဟစ်လေသည်။ သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။

“ဒုက္ခိတကများ ငါ့ကိစ္စကို ဝင်ပါရဲတယ်ပေါ့လေ၊ မင်း အသက်မရှင်ချင်တော့ဘူးလား”

ကျိုးကျစ်ကော်က သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်ပြီး အထင်သေးစွာ ပြုံးနေသည်။ လူတိုင်း ထိတ်လန့် သွားပြီးနောက် မျက်လုံးတွင် ဒေါသမီးများ တောက်လောင်လာသည်။

“မင်း … ကျိုးကျစ်ကောင် … သေသင့်တဲ့ကောင်”

ဤသည်ကိုမြင်သော် လီဝေ့ အံကြိတ်လာပြီး ဒေါသက ထိန်းမရအောင် တိုးလာသည်။

“သေသင့်တယ် ဟုတ်လား၊ ဒါဆို မင်းမှာ ငါ့ကို သေစေနိုင်တဲ့ အစွမ်းအစ ရှိလား”

ကျိုးကျစ်ကော်က အထင်အမြင်သေးစွာ ကြည့်၍ ငေါက်ငမ်းလိုက်သည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ ဒူးထောက်ပြီး ငါ့ကို တောင်းပန်”

ဝမ်မင်ကျီနှင့် အခြားသူများ၏ မျက်နှာများ သုန်မှုန်လာသည်။ တော်လှန်ရေးတပ်ထဲ ရှိစဉ်အခါမှ ယခုအထိ သူတို့ တစ်ခါမှ ဤသို့ အလှောင်မခံရဖူးပါ။

သူတို့ ချီတုံချတုံ ဖြစ်နေချိန်တွင် ယဲ့ဖန်က ထပ်ပြောလာသည်။

“မင်းတို့က စစ်သူရဲကောင်းတွေ၊ မင်းတို့ ဒူးထောက်လို့ မရဘူး၊ အခုချိန်ကစပြီး ယဲ့ဘုရင်တောင်မှ မင်းတို့ကို ဒူးထောက်ခိုင်းဖို့ မထိုက်တန်ဘူး”

*ဘာ*

လူတိုင်း ထိတ်လန့်ကာ မျက်နှာဖြူရော်သွားပြီး ယဲ့ဖန်အား မယုံနိုင်စွာ ကြည့်လာသည်။

*ယဲ့ဖန်တောင်မှ သူတို့ကို ဒူးထောက်ခိုင်းဖို့ မထိုက်တန်ဘူးတဲ့လား၊ ဒါ တော်တော်လေး လေကျယ်သွားပြီ မဟုတ်လား*

“မဟုတ်တမ်းတရားတွေ မပြောနဲ့”

“အရှင် ယဲ့ဘုရင်ကို အာမခံနဲ့”

ကျိုးကျစ်ကော် ဘာမှမပြောနိုင်ခင်မှာပင် ဝမ်မင်ကျီနှင့် အခြားသူများက ယဲ့ဖန်ကို အရင် ငေါက်ငမ်းလာ၏။

ယဲ့ဘုရင်သည် သူတို့၏ ယုံကြည်ရာ ဖြစ်သည်။ ယဲ့ဖန်က အပြောခံရပြီး နင်းချေခံရသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

“ဟားဟားဟား အရူးကောင်၊ မင်း ပြောတာကို ငါ ဗွီဒီယို ရိုက်ထားတယ်၊ ကျန်းကျန့်ရန် ရောက်လာရင် ငါ သူ့ကို ပြမယ်၊ မင်း မသေဘဲ မနေဘူးလို့ ငါ အာမခံတယ်”

ကျိုးကျစ်ကော်က ရယ်ပြီးရင်း ရယ်နေသည်။ ထိုစကားကြောင့် လူတိုင်း မျက်နှာ ပျက်သွားကြသည်။ ကျိုးကျစ်ကော်က ဤမျှ စဉ်းလဲ၍ အရှက်မဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူက ကြိုတင်၍ပင် ဗွီဒီယို ရိုက်ထားသေးသည်။

ဤကောင်လေးက သူ့သခင်ကြီးအား ဤသို့ ပြောဆိုနေသည်ကိုသာ ကျန်းကျန့်ရန် ကြားသွားပါက ဤကောင်လေး၌ အသက်ရှင်နိုင်ချေ ရှိပါဦးမည်လော။

“ဟားဟားဟား ဒီလို အရူးနဲ့ ပတ်သက်နေတာကိုက မင်းတို့ ကံဆိုးတာပဲ၊ လီဝေ့ မင်း အခုမှ နောင်တရမယ်ဆို နောက်ကျ လွန်းသွားပြီ”

ချမ်ရှုံးထောင်က လီဝေ့ကို ပျက်ရယ်ပြုလေသည်။ သို့သော် ယဲ့ဖန်၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်က ရှိနေသေးသည်။

“ကျန်းကျန့်ရန်လား၊ ကျန်းကျန့်ရန်က ငါ့ခွေးတွေထဲက တစ်ကောင်ပဲလေ၊ ခွေးတစ်ကောင်က သခင်ကို ပြန်ကိုက်ရဲလို့လား”

ထိုစကားကိုကြားသော် ဝမ်မင်ကျီနှင့် အခြားသူများသာမက ကျိုးကျစ်ကော်တောင်မှ ကြက်သေ သေသွားသည်။

*ငါတို့ ဘာကြားလိုက်တာလဲ၊ ဒီကောင်က ကျန်းကျန့်ရန်ကို ခွေးတစ်ကောင်လို့ ဘယ်လို ပြောရဲတာလဲ*

*သူ ရူးနေပြီလား*

*အခု ကျန်းကျန့်ရန်က အင်ပါယာတစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲလေ၊ ဘယ်လိုလုပ် သူက ကျန်းကျန့်ရန်ကို ဒီလို ပြောရဲတာလဲ*

ဤသည်က အဘိုးအိုကြီးတစ်ယောက်၏ မွေးနေ့၌ စိန်အဆိပ် တိုက်လိုက်သလိုပင်။

“ညီငယ်လေး မဟုတ်တာတွေ ထပ်မပြောနဲ့တော့”

“မင်း ဒီလို ပြောနေရင် ငါတို့ မင်းကို ဆက်ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ဝမ်မင်ကျီနှင့် အခြားသူများအားလုံး ဖုတ်ပူမီးတိုက် ဖြစ်နေ၏။

*တစ်ဖက်လူက ဗွီဒီယို ရိုက်နေတာတောင် မင်းက ဘယ်လိုလုပ် ဒီလို ပြောရဲသေးတာလဲ*

All Chapters