← Chapters

အခန်း ၁၅၉၁

Vol. 107 Ch. 1591

အခန်း ၁၅၉၁

Vol. 107 Ch. 1591

Chapter 1591 အနက်ရောင်ဆိုင်

လူမိုက်တစ်စုက ငရဲဘုရင်နှင့် လာရန်ဖြစ်လျင် ဘာဖြစ်လာမည်နည်း။

မကြာခင်မှာပင် ယဲ့ဖန်က ထိုမေးခွန်းကို အချက်အလက်ဖြင့် ဖြေလာသည်။ ဓားသည် မြေဆီလွှာအား တုန်ခါသွားစေပြီး ဓားချီစွမ်းအင် ပျံ့လွင့်လာလေသည်။

ဓားစွမ်းအင်က မုန်တိုင်းတိုက်ချိန်တွင် ကမ်းခြေအား ရိုက်ခတ်လာသော လှိုင်းလုံးများသဖွယ် လူမိုက်များထံ ရိုက်ခတ်သွားသည်။

ထိုလူမိုက်များအားလုံး လေထဲ၌ တောင့်ခနဲ ဖြစ်သွားကြသည်။

“ရွှစ် ရွှစ်”

ထို့နောက် သူတို့၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။ နံရိုးကြား၊ ချိုင်းကြား၊ ရင်ဘတ် စသည်ဖြင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း၌ ဓားချက် အနည်းဆုံး အချက်တစ်ရာမျှ ထိမှန်သွားသည်။

သူတို့၏ ခန္ဓာကိုယ်က ကွဲအက်သွးသော ကြွေထည်များကဲ့သို့ တစ်စစီ ဖြစ်သွားသည်ကို လူတိုင်း တွေ့လိုက်သည်။ နောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်များ နုတ်နုတ်စင်းခံလိုက်ရပြီး မြေကြီးပေါ် ပြုတ်ကျကုန်၏။

ထိုအခါ သွေးနံ့များက ထောင်းခနဲ ထွက်ပေါ်လာသည်။ ဒါဇင်ချီသော လူမိုက်များ ချက်ချင်း သေဆုံးသွားကြသည်။ ဤမြင်ကွင်းက ရက်စက်လှပေသည်။

သူတို့၏ ရက်စက်ကြမ်းကြုတ်မှုဖြင့် နာမည်ကျော်သော မကောင်းဆိုးဝါးများတောင်မှ သူတို့၏ တစ်ပြည် တည်းသားများ ဆယ်ယောက်ကျော်တို့ ယဲ့ဖန်ကြောင့် သေသွားသည်ကိုမြင်သောအခါ ကြက်သေ သေသွားကြသည်။

သူတို့အားလုံး၏ မျက်နှာတွင် ကြောက်လန့်မှင်တက်ဟန်များ ပေါ်နေသည်။

ဘယ်လိုလုပ် ဤပြည်ပသားက သူတို့ထက် ပိုရက်စက်နေရသနည်း။

*ဓားကိုဆွဲမထုတ်ဘဲနဲ့ လူဆယ်ယောက်ကျော်ကို သတ်လိုက်တယ်တဲ့လား၊ ဘယ်လိုလုပ်လိုက်တာလဲ*

ထိုအဖြစ်ပြီးနောက် မည်သူမှ ရှေ့တိုး၍ သေတွင်းမတူးရဲတော့ချေ။ သို့သော် သူတို့ လက်မလျှော့ချင်သဖြင့် ယဲ့ဖန်၏ အနောက်မှ တစ်ယောက်ပြီး တစ်ယောက် လိုက်လာသည်။

မြွေပွေးတစ်ကောင်ကဲ့သို့ အခွင့်အရေးကို စောင့်နေကြသည်။ သူတို့ လက်မလျှော့ချင်ပေ။ သူတို့ လီဝေ့အား ဖျက်ဆီးချင်နေသေးသည်။

လမ်းတစ်လျှောက်တွင် အမျိုးသမီးများစွာတို့သည် လူရမ်းကားများ၏ မုဒိမ်းကျင့်ခြင်း ခံရပြီး ဆိုးရွားစွာ အဆုံးသတ်သွားသည်ကို ယဲ့ဖန် တွေ့နေရသည်။

ပို၍ ထူးဆန်းသည်မှာ သူတို့အားလုံးက ဤသို့ မတရားခံရခြင်းအား တရားသည်ဟု ထင်နေကြကာ နည်းနည်းလေးမှ ပြောဆိုခြင်းမရှိသလို ခုခံခြင်းလည်း မရှိကြချေ။

မတရားစော်ကားခံရပြီးနောက် သူမတို့က ပြန်ထ၍ အဝတ်အစား ပြန်ဝတ်ကာ ဘာမှမဖြစ်သကဲ့သို့ ထွက်သွားကြသည်။

ဤနိုင်ငံက အနိဋ္ဌာရုံကို စွဲလမ်းသော နိုင်ငံဖြစ်သောကြောင့် လူတွေကလည်း ရူးသွပ်နေသလိုပင်။

ဤနေရာမှ အရာအားလုံးက လီဝေ့အား အော့အန်ချင်သလို ခံစားရစေသည်။ ဤနေရာ၌ လူသားတို့၏ အမှောင်ဘက်ခြမ်းကို အတိအလင်း မြင်နေရသည်။

ဘယ်လောက် ကြာသွားမှန်း မသိလိုက်သော်လည်း သူမဘေးပတ်ဝန်းကျင်၌ ထိုမကောင်းဆိုးဝါးများ၏ အရိပ်အယောင် မရှိတော့သည်ကို လီဝေ့ တွေ့လိုက်ရသည်။

“ဘာလို့ သူတို့ လိုက်မလာတာလဲ”

လီဝေ့က မသင်္ကာဟန်ဖြင့် မေးလာသည်။ မကောင်းဆိုးဝါး အမျိုးသားများက သူမကို စားတော့ဝါးတော့မတတ် ကြည့်နေခဲ့သည် မဟုတ်ပါတကား။

ဆာလောင် တပ်မက်နေသဖြင့် ရပ်သွားမည့် အကြောင်းရင်း မရှိပေ။

ယဲ့ဖန်က ခေါင်းမော့၍ ပြောလိုက်သည်။

“ဒါကြောင့် ဖြစ်ချင်ဖြစ်မှာပေါ့”

“အနက်ရောင်ဆိုင်”

လီဝေ့ ချက်ချင်း အံ့ဩသွားသည်။ အပေါ်၌ အနက်ရောင်ဆိုင်ဟူသော စကားလုံးအား ခပ်ကြီးကြီးရေး၍ ချိတ်ဆွဲ ထားသည်။

*ဒါက အရမ်း ပွင့်လင်းလွန်းနေတယ် မဟုတ်လား*

*ဒါက တစ်ခြားလူတွေကို ငါ မင်းကို လိမ်စားတော့မယ်လို့ ပေါ်တင် ပြောနေသလိုပဲလေ*

*ဒီလို ထူးဆန်းတဲ့ဆိုင်က ဘယ်လိုလုပ် ရှိနေတာလဲ*

“ကျွန်မတို့ ဝင်မှာလား၊ မဝင်ဘူးလား”

လီဝေ့ ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။

“သွားမယ်၊ ငါလည်း ဒီအနက်ရောင်ဆိုင်က ဘယ်လို မှောင်မိုက်မလဲ သိချင်သား”

ယဲ့ဖန်က အပြုံးနှင့် ပြောလိုက်သည်။

*မကောင်းဆိုးဝါးတွေအားလုံး ရှောင်သွားကြတယ်ဆိုတော့ အထဲမှာ ဘာတွေများ ရှိနေမလဲ*

ဆိုင်ထဲ၌ ကောင်တာတွင် အိပ်ပျော်နေသော ဆိုင်အကူတစ်ယောက်သာ ရှိပြီး ယင်ကောင်များ အုံနေသည်။

*ဒီလို မသန့်ရှင်းတဲ့ နေရာမျိုးမို့ မလာချင်ကြတာလား*

“ဟဲလို ငါ ဒီဆိုင်မှာ နေချင်လို့”

ယဲ့ဖန်က ကောင်တာကို ခေါက်လိုက်သည်။ ဆိုင်အကူက သူ့ကို မော့ကြည့်လာပြီး မကျေမနပ် တောက်ခေါက်၍ ဆက်လှဲကာ အိပ်နေသည်။

ယဲ့ဖန် အံ့ဩသွားသည်။

*ပိုက်ဆံမလိုချင်ဘူးလား*

နောက်ဆုံးတစ်ခေါက် အနေဖြင့် သူ ကောင်တာကို ထပ်ခေါက်လိုက်သည်။

“ငါ ဒီဆိုင်မှာ တည်းချင်တယ်၊ မင်း စီစဉ်ပေးနိုင်မလား”

ဆိုင်အကူက ထခုန်လာပြီး ယဲ့ဖန်အား အခါသုံးရာ ထချတော့မည့်ပုံဖြင့် အော်ဟစ်လေသည်။

“မင်း ငါတို့ဆိုင်နာမည်ကို မမြင်ဘူးလား”

“မြင်တယ်၊ အနက်ရောင်ဆိုင်လေ”

ဆိုင်အကူ ကောင်လေးက ယဲ့ဖန်အား လည်ပင်းထညှစ်ချင်နေဟန်ဖြင့် အထူးအဆန်း ကြည့်နေသည်။

“ခင်ဗျားက အမြင်မကောင်းရုံတင်မကဘဲ ဦးနှောက်လည်း မရှိဘူးထင်တယ်”

“ဟဲ့ နင် ဘာပြောတာလဲ၊ နင် စီးပွားရေး မလုပ်ဘူးလား”

လီဝေ့ ဒေါသတကြီး မေးလိုက်သည်။

*ဘယ်လိုလုပ် ဒီလိုဆိုင်မျိုး ရှိနေတာလဲ*

“ရို့ အလှလေး … ငါနဲ့အတူ ကားလိုက်စီးချင်လား”

ဆိုင်အကူ ကောင်လေးက လျှာသပ်၍ မဖွယ်မရာ အမူအရာမျိုး လုပ်ပြလာသည်။

“နင်”

လီဝေ့သည် တစ်ဖက်လူ၏ ညစ်ပတ်သော အမူအရာကြောင့် ဒေါသထွက်သွားပြီး သူနှင့် ထရန်ဖြစ်ဟန် ပြင်လေသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က သူမကို ဆွဲလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“မင်း ငါ့ကို ဆိုင်မှာ မတည်းစေချင်ဘူးဆိုတော့ ငါ မင်းကို တစ်ခြားဟာ မေးလို့ရလား”

“မရဘူး မင်းက ဒီသခင်ကြီး အိပ်နေတာကို နှောင့်ယှက်တယ်၊ အခု ဒီသခင်ကြီး မပျော်တော့ဘူး၊ မြန်မြန် ထွက်သွား မဟုတ်ရင် ဒီသခင်ကြီးက တစ်သက်လုံး သင်လာတဲ့ ပညာကို ထုတ်သုံးရင် ဖြစ်လာမယ့် အကျိုးဆက်က မင်းထိုက်နဲ့ မင်းကံပဲ”

ယဲ့ဖန် ပိုပို၍ ရယ်ရမလား ငိုရမလားမသိ ဖြစ်လာသည်။

“ကောင်စုတ်လေး၊ ဒီဆိုင်စုတ်မှာ ဖောက်သည်မရှိတာ နှစ်ဝက်ရှိနေပြီ၊ အခု စီးပွားရေး လုပ်လို့ရတော့မယ်လည်း ဆိုရော နင်က ငါ့စီးပွားရေးကို လာဖျက်နေတယ်၊ နင် အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

ထိုစဉ် တက်ကြွသော အမျိုးသမီးအသံတစ်သံက ယဲ့ဖန်၏ အနောက်မှ ထွက်ပေါ်လာသည်။ နှစ်လိုဖွယ်ကောင်းသော အသွင်အပြင်နှင့် မြွေတစ်ကောင်လို သေးသွယ်သော ခါးပိုင်ရှင် အမျိုးသမီးက တစ်လှမ်းချင်း လျှောက်လာပြီး ရဲတင်း၍ သွေးဆူစေသော အဝတ်အစားကို ဝတ်ထားသည်။ သူမသည် တစ်ကိုယ်လုံး၌ အတွင်းခံသာသာမျှသာ ဝတ်စားထားပြီး တင်ကိုယိမ်း၍ လျှောက်လာပုံက အလွန် မြူဆွယ်လွန်းလှသည်။

သူမ၏ အဝတ်အစားက မိန်းမသားဖြစ်သော လီဝေ့ကိုပင် ရှက်ရွံ့သွားစေသည်။ သူမ တည့်တည့်ပင် မကြည့်ရဲချေ။

ဤအမျိုးသမီးက အလှအပ၌ လီဝေ့လောက် မလှသော်လည်း မြူဆွယ်ဖြားယောင်းမှုတွင်မူ လီဝေ့က သူမလောက် မတတ်ပါ။

ဤအမျိုးသမီး၏ လှုပ်ရှားမှုတိုင်းက ပုရိသတစ်ယောက်၏ စိတ်ဆန္ဒအား နှိုးဆွနေသည်။

ယဲ့ဖန်သည်လည်း သူမကို ကြည့်လိုက်သည်။ ဤသို့ ဖြားယောင်းမြူဆွယ်နိုင်သော အမျိုးသမီး ဖြစ်သော်လည်း ထိုလူမိုက်များ သူမကို ရန်မလုပ်သဖြင့် သူမက လှပသော မြွေပွေးတစ်ကောင် ဖြစ်ပေလိမ့်မည်။

“မဒမ်၊ ခင်ဗျား တစ်ရေးအိပ်နေတာ မဟုတ်ဘူးလား”

ဆိုင်အကူကောင်လေး မျက်နှာပျက်သွားပြီး ကြောက်ကြောက်ရွံရွံ့ မေးလိုက်သည်။

“အန္တရာယ်များလွန်းလို့ ငါ မအိပ်ဖြစ်တာ၊ မဟုတ်ရင် ငါ့ချမ်းသာခြင်း နတ်ဘုရားက နင့်ကြောင့် နှင်ထုတ်ခံရမှာ မဟုတ်လား”

ဆိုင်ရှင်က အကူကောင်လေးအား တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ကိုယ်လုံး ယဲ့ဖန်ထံ ပစ်မှီလာသည်။

“ကောင်ချောလေး မင်းက ဆိုင်မှာ တည်းချင်တာလား”

ထိုအပြုအမူကြောင့် လီဝေ့ မျက်မှောင်ကြုတ်သွားသည်။ ယဲ့ဖန်က ပြုံး၍ မေးလိုက်သည်။

“ခင်ဗျားမှာ အခန်းရှိသေးလား”

“အင်း တစ်ညကို ရွှေဒင်္ဂါးတစ်သောင်း”

“ရွှေဒင်္ဂါး တစ်သောင်း ဟုတ်လား၊ ရှင် ဓားပြပဲ တိုက်လိုက်ပါတော့လား”

လီဝေ့ အံ့ဩသွားသည်။ လောက၌ ဈေးအကြီးဆုံး ဟိုတယ်ပင် တစ်ညကို ရွှေဒင်္ဂါး သုံးထောင်သာ ပေးရသည်။

ဤဆိုင်စုတ်လေးက ဘယ်လိုတောင် ရွှေဒင်္ဂါး တစ်သောင်း တောင်းရသနည်း။

ဆိုင်ရှင်အမျိုးသမီးက တခစ်ခစ် ရယ်၍ ပြုံးကာ ပြောလိုက်သည်။

“ဒါက အနက်ရောင်ဆိုင်ဆိုတာကို မေ့နေတာလား၊ ငါ့ဆိုင်နာမည်နဲ့ လိုက်အောင် လုပ်ရမှာပေါ့၊ ဒီဆိုင်ကို ဖွင့်လာတာ ဆယ်နှစ်ရှိပြီး အမြဲ နာမည်ကောင်းနဲ့ ရှိနေတာ”

သူမက အနိုင်ကျင့်နေခြင်း မဟုတ်ပေ။ အနက်ရောင်ဟု ပြောလျင် အနက်ရောင်နှင့် လိုက်အောင် လုပ်ရမည်သာ။

“ဒါဆို ငါတို့ မနေတော့ဘူး”

လီဝေ့က ယဲ့ဖန်ကိုဆွဲ၍ ထွက်သွားရန် ပြင်လေသည်။

“ချွမ် ချွမ်”

ထိုအခိုက်တွင် ဓားဆွဲထုတ်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဆိုင်၏ ထောင့်တိုင်းမှ လူမိုက်များ ထွက်လာ၏။

“ဒါက အနက်ရောင်ဆိုင်လို့ ငါ ပြောခဲ့တယ်လေ၊ ဝင်လာပြီး ပိုက်ဆံမပေးဘူးဆိုရင် ရင်စန်းနျန်းဆိုတဲ့ ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ”

ရင်စန်းနျန်းက နှစ်လိုဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြုံးကာ ပြောလာသည်။ သူမ၏ နီရဲနေသော နှုတ်ခမ်းထက်မှ အပြုံးကမူ အေးစက်၍ သုန်မှုန်နေသည်။

“ရွှစ် ရွှစ် ရွှစ်”

ထိုသို့သောအချိန်၌ မြားငယ်သုံးခုက ယဲ့ဖန်ထံ ပစ်ခွင်းလာ၏။ အရေးပါသော နေရာများကို ချိန်ရွယ်၍ ပစ်ခတ်လာသဖြင့် ယဲ့ဖန်အား အရင် ထိခိုက်အောင် လုပ်ပြီးမှ ပိုက်ဆံကို အတင်းတောင်းရန် ကြံစည်ထားပုံ ရသည်။

သို့သော် ယဲ့ဖန်က လက်ကို အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ ထိုမြားငယ်သုံးခုသည် လေထဲ၌ အမှုန့်ဖြစ်သွားပြီး အစအနမရှိ ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းက ရင်စန်းနျန်းနှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။

တိုက်ခိုက်လိုက်သူက လီလျန့်ဖြစ်ပြီး လက်နက်ပုန်း ထူးချွန်သူ ဖြစ်သည်။ သူသည် သွေးသန့်စင်ခြင်း နိုင်ငံ၏ လက်နက်ပုန်းဘုရင် ဖြစ်ကာ သူတော်စင်သခင်အဆင့်လည်း ဖြစ်သည်။

သို့သော် သူ၏ တိုက်ခိုက်မှုက တစ်ဖက်လူ၏ အသာ လက်ဝှေ့ယမ်းမှု၌ ပျက်စီးသွားသည်တဲ့လား။

*ဘာတွေဖြစ်နေတာလဲ*

သူတို့၏ မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နှက်လာသည်။ ရူးချင်စရာ ကောင်းလောက်အောင် ကြောက်စရာ ကောင်းလှသည်။

ရင်စန်းနျန်းတောင်မှ မျက်မှောင်ကြုတ်နေသည်။ သူမရှေ့မှလူက ထင်ထားသကဲ့သို့ ရိုးစင်းပုံ မရချေ။

“ဆိုင်ရှင် ပိုက်ဆံလေးအတွက်နဲ့ ခင်ဗျား သေတွင်းမတူးသင့်ဘူးထင်တယ် ဟုတ်တယ်မလား”

ယဲ့ဖန် ပြုံးလိုက်ပြီး ပြဿနာ မဖြစ်ချင်သောကြောင့် ရွှေဒင်္ဂါးများပါသော အိတ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

ရင်စန်းနျန်းက အိတ်ကိုယူလိုက်ပြီးနောက် နှစ်ဆလေးနေသည်ကို သိလိုက်သောအခါ အမူအရာက ချက်ချင်း သုံးရာ့ခြောက်ဆယ် ဒီဂရီ ပြောင်းလဲသွားသည်။

“ဧည့်သည်လေး ခဏလောက် စောင့်ပေးပါ၊ ကျွန်မ ရှင့်အတွက် အကောင်းဆုံးအခန်းကို ချက်ချင်း ပြင်ပေးပါ့မယ်”

ချက်ချင်းဆိုသလိုပင် သူမက ဆိုင်အကူကို ကန်ထုတ်လေသည်။

“အသုံးမကျတဲ့ ဆန်ကုန်မြေလေး မြန်မြန် သော့မပေးသေးဘူးလား”

ထပ်ကြည့်လိုက်သော လူမိုက်များအားလုံး အစအနမရှိ ပျောက်ကုန်သည်။ ယဲ့ဖန် ရယ်လိုက်မိသည်။ သူ ထင်ထားသည့် အတိုင်း၌ ဆိုင်ငယ်လေး သူတော်စင်သခင်အဆင့် ဆယ်ယောက်‌ကျောက် ရှိနေသည် မယုံနိုင်စရာပင်။

ဤဖြားယောင်းနိုင်သော မိန်းကလေးသည် ရက်စက်သော်လည်း သူတော်စင်သခင်အဆင့်သာ ရှိသေးသူ ဖြစ်သည်။ သူမက ဤလူများကို ထိန်းချုပ်နိုင်သည်က မယုံနိုင်စရာ ကောင်းလှသည်။ သူမအနောက်၌ တစ်စုံတစ်ယောက် ရှိနေသည့်ပုံပင်။

ရုတ်တရက် အပြင်ဘက်မှ အော်သံများနှင့် မြင်းခွာသံများ ထွက်ပေါ်လာကာ ဆိုင်နှင့် နီးသထက် နီးလာပြီး နောက်ဆုံး၌ ဆိုင်တံခါးဝရှေ့တွင် ရပ်သွားသည်။

ရင်စန်းနျန်းက ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။ ဘာဖြစ်နေသလဲ နားလည်သွားသည့်ပုံပင်။ သူမ ပြုံး၍ ပြောလိုက်သည်။

“သခင်လေး ရှင်က မီးလောင်လွယ်တဲ့ မီးအိမ် ဖြစ်နေတဲ့ပုံပဲ”

တစ်ဖက်လူက ယဲ့ဖန်ကို လာရှာမှန်း သူမလည်း ရိပ်မိနေ၏။

*အန္တရာယ်ကြီးတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို သိနေတာတောင် ဒီလိုအေးအေးလူလူ နေရဲတာ သတ္တိရှိတယ် ခေါ်မလား မိုက်ရူးရဲဆန်တယ်လို့ ပြောရမလား”

“ဘာလဲ မင်းဆိုင်က လက်မခံရဲဘူးလား၊ မင်း မလုပ်ရဲရင် ငါ တစ်ခြားနေရာမှာ ပြောင်းနေလိုက်မယ်”

ယဲ့ဖန်က ရင်စန်းနျန်းအား လက်ဖြန့်ပြ၍ ရွှေဒင်္ဂါး ပြန်ပေးရန် အချက်ပြသည်။ ရင်စန်းနျန်းက ရွှေဒင်္ဂါးအိတ်ကို အလိုလို တင်းနေအောင် ကိုင်ထားမိပြီး နှစ်လိုဖွယ်ကောင်းသော အပြုံးနှင့် ပြောလိုက်သည်။

“သခင်လေး ဘာတွေပြောနေတာလဲ၊ ဒီရင်စန်းနျန်း လက်မခံရဲတဲ့လူဆိုတာ မရှိပါဘူး”

သူမ ပြောနေစဉ်မှာပင် မြင်းခွာသံများ ရပ်သွားသည်။ ထို့နောက် ဓားဆွဲထုတ်လိုက်သံများ ထွက်လာပြီး မုတ်ဆိတ်မွေးများနှင့် လူမိုက်များက ဆိုင်ထဲ ဝုန်းခနဲ ဝင်လာကာ အော်ငေါက်လေသည်။

“ငါ့ညီကို ဘယ်သူ သတ်တာလဲ၊ ထွက်လာခဲ့စမ်း”

“မြွေနဂါးအဖွဲ့လား”

ရင်စန်းနျန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ယဲ့ဖန်အား မတတ်သာသော အကြည့်ဖြင့် ကြည့်လာ၏။

“သခင်လေး ရှင်က သတ္တိကောင်းတာလား ဒါမှမဟုတ် စိတ်မရှည်တတ်တာလား ကျွန်မ မသိတော့ဘူး”

ဤမြွေနဂါးအဖွဲ့သည် ဒေသခံ လူမိုက်အဖွဲ့ဖြစ်ပြီး အရူးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကာ သူမတောင်မှ ဒုက္ခတွေ့သလို ခံစားရသည်။

ယဲ့ဖန် ရယ်လိုက်သည်။

“အဲ့ဒါက ဆိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ အရည်အချင်းပေါ် မူတည်တယ်”

ရင်စန်းနျန်း သက်ပြင်းချလိုက်သည်။

“ဒီရွှေဒင်္ဂါးတစ်သောင်းက လွယ်လွယ်နဲ့ မရဘူးဆိုတာ ငါ သိနေတယ်၊ သခင်လေး ရှင်က ကျွန်မထက် ပိုအကျင့်ယုတ်တာပဲ”

သူမတို့ နှစ်ယောက်၏ စကားအရ ထိုလူမိုက်များ ဘာဖြစ်နေသလဲ သိသွားပြီး ယဲ့ဖန်အား စိုက်ကြည့်လာသည်။

ရှေ့ဆုံးမှ အမာရွတ်နှင့်လူက အေးစက်စွာ ကြိမ်းမောင်းလေသည်။

“ငါ့ညီကို သတ်လိုက်တာ မင်းလား”

“သူတို့က ငါ့အမျိုးသမီးကို ထိချင်တာလေ၊ ငါ မတတ်သာဘဲ လုပ်လိုက်ရတာပါ”

ယဲ့ဖန်က အပြစ်မရှိသော အမူအရာနှင့် ပြောလိုက်သည်။

“ဟမ်”

ထိုလူက လီဝေ့ကို ချက်ချင်း လှမ်းကြည့်လာပြီး သူမ၏ သိမ်မွေ့နူးညံ့သော အသွင်အပြင်ကြောင့် သဘောကျ သွားပြီး ရယ်မောလာသည်။

“မဆိုးဘူး၊ အဲ့ခွေးမသားတွေက အမြင်တော့ ရှိသားပဲ”

“ဟေ့ကောင် မင်းမိန်းမကို ငါ့ကို ပေးလိုက်၊ ဒါဆို မင်း ငါ့ညီကို သတ်လိုက်တဲ့ ကိစ္စကို မရှိသလို ထားပေးမယ်”

ညီအစ်ကို သံယောဇဉ်က သူတို့လိုလူများအတွက် သိပ်အရေးမပါချေ။ လှပသော အမျိုးသမီးကို မြင်သည်နှင့် သူ့ညီအတွက် လက်စားချေရန်ပင် မေ့သွားလေသည်။

ယဲ့ဖန်က ဓားရိုးကို စည်းချက်ကျကျ လက်ဖြင့် တောက်နေပြီး သုန်မှုန်စွာ ပြုံးလာသည်။

“တစ်နည်းပြောရရင် မင်းလည်း မင်းညီလို သေချင်တာလား”

All Chapters