အခန်း ၁၅၉၂
Vol. 107 Ch. 1592
Chapter 1592 ငါ အမှိုက်ကောင်တွေကို မကြောက်ဘူး
*ဘာ*
မြွေနဂါးအဖွဲ့မှ လူမိုက်များ အံ့ဩသွားကြသည်။
*ဒီကောင်က ငါတို့ ဒုသခင်ကြီး လာတာကို မြင်တာတောင် မောက်မာလွန်းတယ် မဟုတ်လား*
*အသက်ကို အပိုပါတယ်များ မှတ်နေလား*
ဒုသခင်ကြီး ဒေါသထွက်သွားသည်။ သူ ယခင်က ဤသို့ တစ်ခါမှ ခြိမ်းခြောက်မခံရဖူးပါ။ ချက်ချင်းဆိုသလိုပင် သူ ဓားထုတ်၍ ယဲ့ဖန်ထံ လျှောက်သွားလေသည်။
ထိုစဉ် ရင်စန်းနျန်းက ထရပ်လာပြီး အေးစက်မာကြောသော လေသံဖြင့် ပြောလိုက်သည်။
“ဒုသခင်ကြီး ကျွန်မရဲ့ အနက်ရောင်ဆိုင်က စည်းကမ်းတွေကို ရှင် မေ့သွားပြီလား”
“လမ်းဖယ်စမ်း”
လူတော်တော်များများက ဤသေစေနိုင်သော အမျိုးသမီးကို ကြောက်ကြသော်လည်း သူကတော့ မကြောက်ပါ။ ဤလူက သူ့အား စော်ကားရဲလျင် သေကိုသေရပေမည်။
သို့သော် လူသတ်ချင်နေသော ဒုသခင်ကြီး၏ ပုံစံကို မြင်သော်လည်း ရင်စန်းနျန်း၏ မျက်နှာတွင် တစ်စက်ကလေးမျှ ကြောက်ဟန်မပြဘဲ မချိုမချဉ်အပြုံးနှင့် ပြောလိုက်သည်။
“ဒီအစေခံရဲ့ မိသားစုက မိန်းမသားတွေမို့ အပြောချိုပါတယ်၊ အဲ့ဒါကြောင့် ကျွန်မစကားက ဒုသခင်ကြီးရဲ့ လေးစားရတဲ့ နားထဲ ရောက်ဖို့ခက်နေတယ်နဲ့ တူတယ်၊ ကျွန်မ ဘော့စ်ကို ခေါ်ပြီး ရှင်နဲ့ ပြောခိုင်းရမလား”
ထိုစကားကိုကြားသော် ဒုသခင်ကြီး ထိတ်လန့်သွားပြီး အမူအရာက သွေးပျက်ဟန် ပေါ်လာသည်။
အနက်ရောင်ဆိုင်၏ ဘော့စ်သည် ရက်စက်သော အကျင့်စရိုက်ရှိသူ ဖြစ်ပြီး သူတို့၏ သခင်ကြီးတောင်မှ တလေးတစား ပြောဆိုရသည်။
ထို့အပြင် သူသည် ရေးမထားသော စည်းကမ်းတစ်ခုကိုလည်း ချမှတ်ထားသည်။ ၎င်းမှာ ဤဆိုင်အတွင်း၌ ပြဿာရှာရဲသော မည်သူမဆို သေရမည် ဖြစ်သည်။
အနက်ရောင်ဆိုင်၏ ပိုင်ရှင်သည် သွေးဝိညာဉ် တာအိုကျောင်းတော်၏ အရှင်သခင်နှင့် စိန်ခေါ်ဖူးသည်ဟု ဆိုကြသည်။ သို့သော် သူ၏ မောက်မာမှုနှင့် ရန်စမှုတို့ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး ဤဆိုင်ငယ်လေး၏ ဆိုင်ရှင်အဖြစ် နိမ့်ကျစွာ နေခဲ့ရသည်။
သို့သော် ပိန်ချုံးသော ကုလားအုတ်ပင် မြင်းထက် ကြီးသေးသည်ဟူသော စကားလိုပင်။
သူသည် သွေးဝိညာဉ် တာအိုကျောင်းတော်၏ အရှင်သခင်ကို စိန်ခေါ်နိုင်စွမ်း ရှိပြီး ဒဏ်ရာ အပြင်းအထန် ရသော်လည်း မသေဘဲ ထွက်ပြေးနိုင်သည်ဆိုကလည်းက သူသည် သာမန်လူ မဖြစ်နိုင်ကြောင်း သက်သေ ပြနေ၏။
ထိုအချိန်တွင် ဒါဇင်ချီသော ကြမ်းကြုတ်သည့် လူသတ်လိုသော အငွေ့အသက်က ဒုသခင်ကြီးကို လွှမ်းခြုံလာသည်။
ဒုသခင်ကြီး၏ မျက်နှာ မည်းမှောင်သွားပြီး မကျေမနပ် ပြောလိုက်လေသည်။
“ရင်စန်းနျန်း မင်း ငါ့မြွေနဂါးအဖွဲရဲ့ ကိစ္စကို ဝင်ပါချင်တာ သေချာပြီလား”
“သေခါနီး အဘိုးကြီး၊ အဘွားကြီးတွေလို ငေါက်မနေနဲ့၊ ငါ ဒီကိစ္စကို ဝင်ပါချင်တယ်၊ နင် ဘာလုပ်ချင်လဲ”
ရင်စန်းနျန်းက ခါးတစ်ဖက်ထောက်၍ ဒုသခင်ကြီးအား လက်ညှိုးထိုးကာ ကျယ်လောင်စွာ ကျိန်ဆဲလေသည်။
“မင်း”
ဒုသခင်ကြီး၏ မျက်နှာ ပျက်ယွင်းသွားသည်။
“နင် ပါးစပ်ပိတ်ထားပါလား၊ နင့်ပါးစပ်က နံတယ်၊ ဘာတွေ အဲ့လောက်တောင် စားထားတာလဲ”
“ကောင်းပြီလေ၊ မင်း တော်တော် သတ္တိကောင်းတာပဲ၊ ငါတို့ ဒီကိစ္စကို မှတ်ထားမယ်”
ဒုသခင်ကြီးက ရင်စန်းနျန်းအား ခက်ထန်စွာ ကြည့်ပြီး လှည့်ထွက်သွားရန် ပြင်လေသည်။
“ဖြောင်း ဖြောင်း ဖြောင်း”
ထိုစဉ် ရင်စန်းထျန်းက ဒုသခင်ကြီး၏ မျက်နှာကို ပါးသုံးချက် ချလိုက်သည်။
ထိုအခိုက်တွင် လီဝေ့တောင်မှ မှင်တက်သွားရသည်။ ဤဆိုင်ရှင် အမျိုးသမီးက လူပုံအလယ်၌ အခြားသူကို ရိုက်နှက်ရဲသည်အထိ သတ္တိကောင်းလိမ့်မည်ဟု သူမ မယုံနိုင် ဖြစ်နေ၏။
“မင်း”
ဒုသခင်ကြီးသည် မျက်နှာကို လက်ဖြင့်အုပ်ထားပြီး သတ်ဖြတ်ချင်စိတ် ပြည့်နေသော အကြည့်များဖြင့် ရင်စန်းနျန်းအား စူးစိုက်ကြည့်လာသည်။
“ဘာလုပ်နေတာလဲ၊ ငါ့ရှေ့က မြန်မြန်ထွက်သွားစမ်း”
ရင်စန်းနျန်းက တန်း၍ ငေါက်ထုတ်ပြီးနောက် ကျန်လူမိုက်များကို စိုက်ကြည့်လေသည်။ ဒုသခင်ကြီးက ဘာတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
ထိုအခါ ရင်စန်းနျန်းက ပြုံးသွားပြီး ယဲ့ဖန်တို့နှစ်ယောက်ကို လှည့်ကြည့်လေသည်။
“ရှင်တို့နှစ်ယောက် ဒီမှာ နေချင်သလောက် နေလို့ရတယ်၊ ကျွန်မဆိုင်မှာ မြွေနဂါးအဖွဲ့တောင်မှ နတ်ပြည်ကို အရောက်ပို့လိုက်လို့ရတယ်၊ သူတို့ ရှင်တို့ ဆံပင်တစ်ချောင်းတောင် ထိနိုင်မှာ မဟုတ်ဘူး
“ဒါဆိုလည်း ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ်”
ယဲ့ဖန်က ယဉ်ကျေးစွာ ပြုံးနေသည်။ သို့သော် ထိုအပြုံးနောက်ကွယ်တွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေပုံ ရသည်။
“ကောကျီ နင် ဧည့်သည်တွေကို သူတို့အခန်းဆီ ခေါ်မသွားသေးဘူးလား”
ရင်စန်းနျန်းက ဆိုင်အကူ ကောင်လေးအား ထပ်မံ၍ စိတ်ဆိုးမာန်ဆိုး ကန်ထုတ်လေသည်။ ကောကျီက အလျင်အမြန် ရှေ့မှဦးဆောင်၍ လမ်းပြပြီး ယဲ့ဖန်တို့က သူ့အနောက်မှ လိုက်သွားသည်။
သို့သော် ထိုအချိန်အတွင်းတွင် ရင်စန်းနျန်းက တမင်ရည်ရွယ်သည်လား၊ မရည်ရွယ်သည်လား မသိသော မျက်လုံးများ၏ ယဲ့ဖန်၏ လက်ထဲမှ စကြဝဋ္ဌာဓားပေါ် အကြည့်ရောက်နေသည်။
“ဆိုင်ရှင်အမျိုးသမီးက လူကောင်းဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ သူက အတော်လေး ဖြောင့်မတ်တာပဲ”
လီဝေ့က အခန်းထဲရောက်သည်နှင့် ခပ်တိုးတိုး ပြောလာသည်။
“လူကောင်း ဟုတ်လား၊ မင်း တကယ် အဲ့လိုထင်တာလား”
ယဲ့ဖန်က အပြုံးမမည်သာသော အပြုံးနှင့် ပြန်ပြောလိုက်သည်။
လီဝေ့ ချက်ချင်း အံ့ဩသွားသည်။
*ယဲ့ဖန်က ဘာပြောချင်တာလဲ*
“ခဏလောက် အိပ်ကြတာပေါ့၊ ညရောက်ရင် အလုပ်များတော့မှာ”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီမှာ ခုတင်က တစ်လုံးပဲ ရှိတာလေ”
လီဝေ့က တစ်ခုတည်းသော ကြီးမားသည့် ခုတင်ကို ကြည့်ပြီး ရှက်နေသော အမူအရာနှင့် ပြောလာသည်။
“အိပ်လေ၊ ငါ မအိပ်ချင်သေးဘူး”
ယဲ့ဖန်က ပြောပြီးသည်နှင့် ထိုင်ချကာ တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးကို မှိတ်လိုက်သည်။
“အိုး”
လီဝေ့က နှုတ်ခမ်းလေး စူကာ သဘောတူလိုက်ပြီး စိတ်ထဲ၌ မသိမသာ မကျေနပ်သလို ခံစားလိုက်ရသည်။
“ငါ မင်းကို မိတ်ဆွေလို သဘောထားပင်မယ့် မင်းက ငါနဲ့ အိပ်ချင်နေတာပဲ”
ရုတ်တရက် အခန်းထဲ၌ ထိုစကားသံ ထွက်ပေါ်လာသည်။ လီဝေ့က ယဲ့ဖန်ကို အလန့်တကြား ကြည့်လိုက်သောအခါ ညစ်ကျယ်ကျယ် ပြုံးနေသည်ကို တွေ့လိုက်ရသည်။
“ရှင် အသေပဲမှတ်”
လီဝေ့ စိတ်ဆိုးသွားပြီး ခေါင်းအုံးကိုကိုင်၍ ယဲ့ဖန်ကို ရိုက်နှက်လေသည်။
ညတာသို့ ရောက်သောအခါ ကောကျီက ယဲ့ဖန်၏ အခန်းဝသို့ ရောက်လာပြီး တံခါးခေါက်ကာ ယဲ့ဖန်တို့အား ညစာဆင်းစားရန် ပြောလာသည်။
ထိုအခါ ယဲ့ဖန်သည်လည်း ဤဆိုင်၏ ဆိုင်ရှင်အစစ်နှင့် တွေ့ရလေသည်။ အပြာရောင် ရှပ်အင်္ကျီနှင့် အမျိုးသားတစ်ယောက်က ထောင့်၌ ရပ်နေသည်။ သူ့ပုံစံက ဆရာတစ်ယောက်ကဲ့သို့ စာဖတ်ဝါသနာကြီး၍ ရည်မွန်ပုံ ပေါ်သည်။
သူ့လက်ထဲတွင် လက်ကိုင်ပုဝါ ကိုင်ထားပြီး အချိန်တိုင်း နှစ်ခါမျှ ချောင်းဆိုးနေ၏။ သူ၏ မျက်နှာက ဖြူရော်နေကာ လူမမာနှင့် တူနေသည်။
“သခင်လေး ဒါ ကျွန်မမိသားစုရဲ့ ခေါင်းဆောင် ဝူမန်ပါ”
ရင်စန်းနျန်းက အရင်မိတ်ဆက်လာသည်။ ယဲ့ဖန် ပြုံးပြလိုက်သည်။ ဝူမန်ကလည်း ယဲ့ဖန်ကို ခေါင်းညိတ်၍ နှုတ်ဆက်လေသည်။
သို့သော် ယဲ့ဖန် ခေါင်းငုံ့၍ စားသောက်တော့မည့်အချိန်တွင် ဝူမန်၏ မျက်လုံးများက ယဲ့ဖန် စားပွဲပေါ် တင်ထားသော စကြဝဋ္ဌာဓားကိုသာ စိုက်ကြည့်နေ၏။
ညစာစားပြီးနောက် ယဲ့ဖန်တို့နှစ်ယောက်သည် အခန်းထဲ ပြန်နားလေသည်။ တစ်ခဏကြာသော် သူတို့ မီးများကို မှိတ်လိုက်သည်။
ထို့နောက် အနက်ရောင်ဆိုင်သည်လည်း မီးများ ပိတ်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။ သို့သော် အရိပ်သုံးခုက လှုပ်ရှားလာသည်။
ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်လှိုင်းတစ်ခုက အနက်ရောင်ဆိုင် ပတ်လည်သို့ ပျံ့လွင့်လာ၏။
၎င်းက လေတိုးသကဲ့သို့ အနက်ရောင်ဆိုင်၏ တံခါးများ၊ ပြတင်းပေါက်များနှင့် ခေါင်မိုးကို ဖြတ်၍ တိုးဝင်လာသည်။ အေးစက် သော ဓားအလင်းသည်လည်း အလွန် လျင်မြန်သော နှုန်းဖြင့် ယဲ့ဖန်ရှိရာ အခန်းသို့ ကျရောက်လာသည်။
ထို့နောက် အကြမ်းကြုတ်ဆုံး ဓားချက်ဖြင့် အခန်းထဲမှ ခုတင်ကြီးကို ခုတ်ပိုင်းလိုက်သည်။ ထိုအခါ ခုတင်ကြီးက ချက်ချင်း ပြတ်ထွက်သွားလေသည်။
ထိုစဉ် အမှောင်ထဲ၌ လူတစ်စု ပေါ်လာ၏။ သူတို့သည် မြွေနဂါးအဖွဲ့မှ လူများ ဖြစ်လေသည်။ ဒုသခင်ကြီး၏ မျက်နှာတွင် ခက်ထန်သော အမူအရာ ပေါ်နေပြီး အားပါးတရ ရယ်မောလာ၏။
“ခွေးကောင် ငါ့ကို စိန်ခေါ်ရဲတယ် မဟုတ်လား၊ ငါ မင်းကို အလောင်းတောင် မစုံအောင် သတ်ပစ်မယ်ကွ”
“မီးဖွင့်လိုက်စမ်း”
ဒုသခင်ကြီးက အော်လိုက်သည်။ လက်အောက်ငယ်သားများက ချက်ချင်း မီးဖွင့်လာသည်။ ထိုအခါ သူတို့အားလုံး ပင့်သက်ရှိုက်မိသွားသည်။
အဘယ်ကြောင့်ဆိုသော် ကြမ်းပြင်တွေ လူနှစ်ယောက် ရှိမနေဘဲ အပိုင်းပိုင်း ဖြစ်နေသော သစ်သားများကိုသာ တွေ့လိုက်ရသောကြောင့်ပင်။
“လူက ဘယ်ရောက်သွားတာလဲ”
ဒုသခင်ကြီး ရုတ်တရက် ချောက်ချားသွားသည်။ တစ်ဖက်လူက ယနေ့ည သူတို့ ဝင်စီးမည်ကို ဘယ်လိုလုပ် သိနေသနည်း။
လူမိုက်များသည်လည်း အချင်းချင်း ပြန်ကြည့်နေကြသည်။
“မင်းတို့ ငါ့ကို ရှာနေတာလား”
ရုတ်တရက် နောက်တောက်တောက် စကားသံတစ်သံ ထွက်ပေါ်လာသည်။ ဒုသခင်ကြီးနှင့် အခြားသူများ အသံလာရာသို့ အလန့်တကြား ကြည့်လိုက်သောအခါ ယဲ့ဖန်နှင့် လီဝေ့တို့က ပြတင်းပေါက်ခုံ၌ ရပ်နေပြီး သူတို့အား ပြုံးကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ဒုသခင်ကြီးနှင့် အခြားသူများ ကြက်သေ သေသွားသည်။
*ဒီနှစ်ယောက်က ငါတို့လာမှာကို ဘယ်လိုလုပ် သိနေတာလဲ*
မကြာခင်မှာပင် ဒုသခင်ကြီးက အပြုံးကြီး ပြုံးလာသည်။
“မင်းက အလာကြီးပဲ၊ ငါ မင်းကို သတ်ဖို့လာမယ်ဆိုတာကို သိရင် ဘာလို့ ထွက်မပြေးတာလဲ”
ထိုအခါ ယဲ့ဖန်က ဒေါသမီးကို တောက်စေသော စကားကို ပြောလိုက်သည်။
“ငါ အမှိုက်ကောင်တွေကို မကြောက်ဘူး”
*အမှိုက်ကောင် ဟုတ်လား*
*ဒီမျိုးမစစ်ကောင်က ငါတို့ကို ခွေးမသားလို့ ပြောရဲတာလား*
ဒုသခင်ကြီးနှင့် အခြားသူများသည် ထိုစကားကို ကြားပြီး ဒေါသူပုန်ထလာကြသည်။
“ကောင်းပြီလေ မင်းကို ငါ နုတ်နုတ်စင်းတဲ့အခါကျရင် မောက်မာနိုင်ဦးမယ်လို့ ငါ မျှော်လင့်ပါတယ်”
သွေးသန့်စင်ခြင်းနိုင်ငံ တစ်ခုလုံးတွင် သူတို့၏ မြွေနဂါးအဖွဲ့ကို အထင်သေးရဲသူ တစ်ယောက်မှ မရှိပါ။
“သူ့ကို နုတ်နုတ်စင်းပစ်”
ဒုသခင်ကြီးက ကြုံးဝါးလာသည်။ လူသတ်ချင်သော အငွေ့အသက်က အပြင်းအထန် ထွက်ပေါ်လာသည်။ သို့သော် လူမိုက်များက တစ်စက်ကလေးမျှ လှုပ်ရှားမလာချေ။
*ဟမ်*
ဒုသခင်ကြီး အံ့ဩသွားပြီး သူ့လူများအား စိုက်ကြည့်လေသည်။
“မင်းတို့ နားလေးနေလား၊ သူ့ကို နုတ်နုတ်စင်းဖို့ ပြောနေတယ်လေ”
သို့သော် အလွန် ကြောက်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့လူများ၏ လည်ပင်းတွင် သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်နေပြီး သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရ သောကြောင့်ပင်တည်း။
ဖြတ်တောက်မှုက သေသပ်တိကျလှသည်။ ဓားချက်မှန်း သိသာလှပေသည်။
ဒုသခင်ကြီး မျက်လုံးပြူးသွားသည်။
*ဘာတွေဖြစ်ကုန်တာလဲ*
*ဒီလူနှစ်ယောက်က လှုပ်တောင်မလှုပ်တာ ဘာလို့ သူတို့က ငါ့လူတွေကို …*
“မင်း … မင်း ဘာလုပ်လိုက်တာလဲ”
ဒုသခင်ကြီးက ယဲ့ဖန်ကို ကြောက်ရွံ့စွာ ကြည့်လာသည်။ သူသည် သူတော်စင်သခင်အဆင့် ဖြစ်သည်။ သို့သော် ယဲ့ဖန်က ဘယ်လို တိုက်ခိုက်လိုက်သနည်း။ သူတောင်မှ သတိမထားမိပေ။ အံ့ဩဖွယ်ကောင်းလိုက်လေခြင်း။
ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“ငါ သူတို့ကို အလောင်း အပြည့်အစုံ ထားထားပေးလို့ သူတို့ ဝမ်းသာသင့်တယ်၊ အရင်တုန်းက လူတွေဆို အလောင်းတောင် မစုံဘဲ သေသွားတာ”
ဒုသခင်ကြီး မျက်နှာပျက်သွားသည်။ ယခုအချိန်၌ နံရံကို သူ ကန်မိကြောင်း အရူးပင် သိနိုင်လေသည်။
သူ့လူများကို တစ်ခဏအတွင်း သတ်ပစ်လိုက်နိုင်သဖြင့် ဤလူသာ သူ့ကို တိုက်ခိုက်လာလျင် သူ့၌ တားဆီးနိုင်မည့် အရည်အချင်း ရှိပါမည်လော။
ဒုသခင်ကြီး အတော်လေး မသင်္ကာ ဖြစ်နေသည်။
“ဘာတွေဖြစ်နေတာလဲ”
ထိုအခိုက်တွင် ရင်စန်းနျန်း အပြေးရောက်လာပြီး ရှုပ်ပွနေသော အခြေအနေကို မြင်သောအခါ မျက်နှာ ဖြူရော်သွားသည်။ ထို့နောက် သူမမျက်နှာက ရုတ်တရက် သုန်မှုန်သွားပြီး ဒုသခင်ကြီးအား စိုက်ကြည့်လာသည်။
နင် ဒီကို ခိုးဝင်တယ်ပေါ့လေ၊ နင် ငါ့နယ်မြေကို တကယ် ဖျက်ဆီးရဲတာပဲ၊ နင် သေပြီသာမှတ်၊ သူ့ကို ရှင်းကြစမ်း”
“သရုပ်ဆောင်ချင်နေသေးတာလား”
ယဲ့ဖန်က လှောင်ရယ်၍ ရင်စန်းနျန်းက ဆိုးရွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရင်စန်းနျန်းသည်လည်း မျက်နှာ အမူအရာ မသိမသာ ပြောင်းလဲသွားပြီး အပြုံးနှင့် ပြန်ပြောလာသည်။
“သခင်လေး ဘာကိုပြောချင်တာလဲ”
“ပြောချင်တာက မင်း အစကတည်းက ငါ့ကို ဝင်နှောင့်ယှက်စေချင်နေတာ မဟုတ်လား”
*ဝင်နှောင့်ယှက်တာ*
*မြေအောက်လောကရဲ့ သတ်ချင်တာကို တစ်ဖက်လှည့်ပြောတာပဲ*
ထိုစကားကြောင့် ရင်စန်းနျန်း အကြီးအကျယ် မျက်နှာပျက်သွားသည်။
*ဒီလူ ဘာပြောတာလဲ၊ ဒီနေ့ ပြောလိုက်တဲ့ စကားတွေကို သူ လုံးဝ နားလည်နေတာလား*
“ထိုင်ကြည့်နေမှာ မဟုတ်ဘူးဆိုတာက ဟန်လုပ်နေတာ၊ ဝင်ပါမယ်လို့ ပြောတာက ပူးပေါင်းမယ်လို့ဆိုတာ ပြီးရင် ငါ့ပိုက်ဆံကို ခွဲယူပြီး ဓားကိုသိမ်းချင်နေတာ”
“မင်းက သူ့ကို လူခေါ်လာခိုင်းပြီးတော့ ငါတို့ကို သတ်ပြီးရင် ပစ္စည်းကို အညီအမျှ ခွဲဝေယူချင်နေတာ၊ မင်း သူ့ကို ပါးစပ်ပိတ်ထားလို့ ပြောတာက သူ့ကို သေနတ်ယူမလာခိုင်းဘဲ ဓားကို ယူလာခိုင်းတာပဲ၊ သူ့ကို ပါးသုံးချက် ချတာက ညသန်းခေါင်မှ လှုပ်ရှားဖို့ ပြောလိုက်တာလေ”
ယဲ့ဖန်၏ စကားလုံးတိုင်းက လီဝေ့အား ရင်တုန်သွားစေသည်။ ဤအနက်ရောင်ဆိုင်က လူသတ်ပြီး ပစ္စည်းခိုးသည်ကို ယဲ့ဖန် အစကတည်းက သိနေသည်ပဲ။
ရင်စန်းနျန်းနှင့် ဒုသခင်ကြီး၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကိုပင် ထိုးထွင်သိမြင်နေ၏။ သူမ၏ လုပ်ရပ်များ ပေါ်လာသောအခါ ရင်စန်းနျန်းက ဖုံးမထားတော့ဘဲ တခစ်ခစ် ရယ်လေသည်။
“သခင်လေးက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ၊ ဒီအမျိုးသမီး ရှင့်ကို သတ်ဖို့တောင် ဝန်လေးမိပြီ”