← Chapters

အခန်း ၁၅၉၅

Vol. 107 Ch. 1595

အခန်း ၁၅၉၅

Vol. 107 Ch. 1595

Chapter 1595 အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်

အောက်ထပ်တွင် ကောကျီက ကောင်တာ၌ အိပ်ပျော်နေဆဲ ဖြစ်သည်ကို ယဲ့ဖန်နှင့် လီဝေ့တို့ တွေ့လိုက်ရသည်။

“ဒီအနက်ရောင်ဆိုင်က တစ်ဦးတည်းသော လူကောင်းကို ပြပါဆိုရင် သူပဲ ဖြစ်လိမ့်မယ်”

ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ အနောက်မှ လိုက်လာသော လီဝေ့သည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေကာ ခပ်တောင့်တောင့် ခေါင်းညိတ်ပြသည်။

ဆေးရေးထားသော ပန်းချီကားထဲ၌ ကျားရိုးဆွဲဖို့ ခက်သကဲ့သို့ အဝတ်အစားကလည်း လူကို ကွာခြားစေ၏။

လူဆိုးနှင့်တူသော လူများသည် သေချာပေါက် လူဆိုး မဟုတ်နိုင်သလို လူကောင်းဟု ထင်ရသော လူများကလည်း သေချာပေါက် လူကောင်း မဖြစ်နိုင်ချေ။

“ဖြန်း”

ယဲ့ဖန်က စားပွဲကို ရိုက်၍ အော်လိုက်သည်။

“ဟေ့ကောင်လေး ငါ့အတွက် စားစရာ ပြင်ပေးစမ်း”

ကောကျီ တုန်လှုပ်သွားပြီး ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်း အော်ငေါက်လာသည်။

“ခင်ဗျားပဲလား၊ ခင်ဗျားက မနက်စာစားဖို့ စဉ်းစားနေသေးတာလား၊ ခင်ဗျားအမေကြီးရဲ့ ခေါင်းကိုပဲ သွားစား၊ ဒီသခင်လေး အိပ်နေတာကို လာမနှောင့်ယှက်နဲ့၊ မဟုတ်လို့ကတော့ ခင်ဗျားကို ဓားချက် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်”

“ဟားဟားဟား”

ယဲ့ဖန် စိတ်မဆိုးဘဲ ရယ်ရုံသာရယ်၍ တံခါးဘက်သို့ လျှောက်သွားသည်။ ကောကျီ စိတ်ရှုပ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ငေါက်လေတော့သည်။

“အရူးပဲ”

လီဝေ့က အနောက်မှ လိုက်သွားပြီး ပြုံးနေမိသည်။ ဤလောက၏ အမှောက်ဘက်ခြမ်းကို မြင်ပြီးနောက် ဤထိုင်းမှိုင်းသော ဆိုင်အကူကောင်လေးကို ကြည့်ပြီး အနည်းငယ် ချစ်စရာကောင်းသည်ဟု ထင်မိသွားသည်။

*ယဲ့ဖန်လည်း အဲ့လို တွေးမိတယ်နဲ့ တူတယ်*

*လူ့သဘာဝကို သူ မျှော်လင့်ချက်မမဲ့သွားလို့ တော်သေးတယ်*

……

ထိုအခိုက်တွင် လျှိုကျန်းဟောင်တို့ သားအဖ၏ စံအိမ်၌ လူဆယ်ယောက်ကျော်တို့သည် ခွေးသဖွယ် သံကြိုး အချည်ခံထားရပြီး လျှိုကျန်းဟောင်တို့ သားအဖ၏ ရိုက်နှက် နှိပ်စက်ခြင်း ခံနေရသည်။

“ဟားဟားဟား ငါတို့ကို သတ်ဖို့ သွေးသန့်စင်ခြင်းနိုင်ငံအထိ လိုက်လာမယ့် လူတွေ ရှိမယ်လို့ ငါ ထင်မထားမိဘူး၊ မင်းတို့ တော်တော် ခေါင်းမာတာပဲ၊ အဝေးကြီးကနေ အသေခံဖို့ ဒီကို လာရတယ်လို့ကွာ”

သူ့အရှေ့မှ အနက်ရောင် မျက်နှာဖုံးနှင့် လူဆယ်ယောက်ကျော်သည် အရေပြားများ လန်ကာ စုတ်ပြတ်၍ သွေးများ တတောက်တောက် ကျနေသည်။

သို့သော် သူတို့သည် လျှိုကျန်းဟောင်နှင့် သူ့သားအား အေးစက်သော အမူအရာနှင့် စူးစိုက်ကြည့်နေဆဲပင်။

“မင်းတို့ ကပ်ဆိုးအပြီး ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို ခိုးယူသွားလို့ သန်းချီတဲ့ မိသားစုတွေ သေကြေ ပျက်စီးခဲ့တာ၊ ငါတို့က မင်းတို့ကို နတ်ဆိုးမျိုးနွယ်ကိုယ်စား အပြစ်ပေးဖို့ ရောက်လာတာပဲ”

“လျှိုကျန်းဟောင်၊ ငါ့မိန်းမနဲ့ ငါ့ကလေးတွေက မင်းကြောင့် အသတ်ခံရတာကွ၊ မင်း ပိုက်ဆံ လိမ်ယူခဲ့ပြီးတော့ ဘာလို့ ငါတို့ကို လှည့်စားရတာလဲ၊ ငါတို့ကို အဲ့မှာ ရူးရူးမိုက်မိုက် စောင့်ခိုင်းထားခဲ့တယ်၊ မင်း ငါတို့ကို အဲ့မှာပဲ အေးခဲပြီး အဆာငတ်သေအောင် လုပ်ခဲ့တာ”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် အလွန် ဝမ်းနည်း၍ ဒေါသထွက်နေသော အကြည့်ဖြင့် လျှိုကျန်းဟောင်တို့ သားအဖအား စိုက်ကြည့်နေသည်။

သူတို့အားလုံးသည် နတ်ဆိုး အငွေ့အသက် အင်ပါယာမှ ပြည်သူများ ဖြစ်နေပြီး သူတို့မိသားစုများက ငတ်မွတ်ခြင်း ကပ်ဘေး၌ သေဆုံးခဲ့ရသည်။

အစက သူတို့သည် ယဲ့ဖန်က သူတို့ကို စွန့်ပစ်လိုက်သည်ဟု ထင်ခဲ့ပြီး ယဲ့ဖန်ကို မုန်းတီး၍ ဆဲဆိုပြစ်တင်ခဲ့ကြသည်။

လျှိုကျန်းဟောင်၏ တိုက်ရိုက် ထုတ်လွှင့်ခြင်းကို မြင်သောအခါမှသာ သူတို့ လူမှား၍ အပြစ်တင်ခဲ့မိကြောင်း သတိပြု မိသွားသည်။ တကယ့် လူသတ်သမားက အရှက်မဲ့သော ဤသားအဖ ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူတို့အားလုံး စုဝေး၍ လျှိုကျန်းဟောင်အား လုပ်ကြံရန် ဤနေရာသို့ လာခဲ့ကြသည်။ သို့သော် သူတုဲ့မှ အသန်မာဆုံး လူသည် ဘုရင်အဆင့်ပင် ရှိသောကြောင့် ဘယ်လိုလုပ် လျှိုကျန်းဟောင်၏ သက်တော်စောင့်များနှင့် ယှဉ်နိုင်မည်နည်း။ ထို့ကြောင့် ရောက်ရောက်ခြင်း အဖမ်းခံခဲ့ရသည်။

“ဘာလို့လဲဆို‌တော့ ပျော်စရာကောင်းလို့လေ၊ လူလိမ်ရဲ့ အောင်မြင်မှုက ခံရသူရဲ့ ဒေါသကနေ ဖြစ်လာတာ မဟုတ်လား”

လျှိုကျန်းဟောင် ရယ်နေသည်။

“ပြီးတော့ မင်းတို့က ဒေါသထွက်ရုံတင် မကဘဲ သောကပါ ရောက်နေတော့ ငါ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်ကွ”

ဤလူများ ပို၍ နာကျင်ရလေ သူ့စိတ်ထဲ၌ ပို၍ ကျေနပ်အားရလေပင်။ အခြားသူများကို ကစားရသည့် ခံစားချက်က လျှိုကျန်းဟောင်အတွက် ရပ်တန့်မရနိုင်အောင် အားရသော ခံစားချက်ပင်။

“ခွေးတိရစ္ဆာန်ကောင် မင်း သေကိုသေရမယ်ကွ”

လူတိုင်း သောကမီး တောက်လောင်နေပြီး လျှိုကျန်းဟောင်အား စူးစိုက်ကြည့်၍ နုတ်နုတ်စင်းချင်စိတ် ဝင်နေကြသည်။

“သေရမယ်ဟုတ်လား”

လျှိုကျန်းဟောင်၏ မျက်လုံးများက ရုတ်တရက် ခက်ထန်လာပြီး သူ့လူများကို အချက်ပြလိုက်သည်။

“ရွှစ်”

ထို့နောက် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ထိုစကား ပြောလိုက်သူ ချက်ချင်း ခေါင်းဖြတ်ခံ လိုက်ရပြီး သွေးများ အိုင်ထွန်းလာ၏။

“အစ်ကိုဟုန်”

ကျန်လူများ ဝမ်းနည်းကြေကွဲ၍ မခံမရပ်နိုင် အော်ဟစ်လာကြသည်။ သူတို့အရှေ့မှလူသည် သူတို့နှင့်အတူ လိုက်လာရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့မိသားစုက ဘေးကင်း လုံခြုံသောကြောင့်ပင်။ သို့ရာတွင် သူ့ညီအစ်ကိုများအတွက် ဤနိုင်ငံသို့ ခြေချရန် သူ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

ထိုသို့ ရွေးချယ်ခဲ့ရခြင်းမှာ သူ့မိသားစုက ဘေးကင်းသော်လည်း လျှိုကျန်းဟောင်ကြောင့် သူ့ညီအစ်ကိုများ ဒုက္ခတွေ့နေရသောကြောင့်ပင်တည်း။

ယခု သူသည် လျှိုကျန်းဟောင်၏ လက်ထဲ၌ ဆိုးရွားစွာ သေဆုံးခဲ့ရသည်။ သူသာ မလိုက်လာလျင် သေမည် မဟုတ်ပါ။ သို့သော် သူ့ညီအစ်ကိုများအတွက် တုံ့ဆိုင်းခြင်းမရှိ လိုက်လာခဲ့သည်။

“ဘယ်သူပဲဖြစ်ဖြစ် ငါ့ညီအစ်ကိုကို လာအနိုင်ကျင့်ရဲရင် သူ့တစ်မိသားစုလုံးကို ငါ သတ်ပစ်မယ်”

“ခွေးကောင်တွေ ငါမပါဘဲ မင်းတို့က လက်စားချေမလို့လား”

ထိုစကားများက အစ်ကိုဟုန် ဤသို့မလာခင် သူတို့ကို ပြောခဲ့သော စကားများ ဖြစ်သည်။ ယခု သူ လိုက်လာပြီးနောက် အသတ်ခံလိုက်ရလေပြီ။

ဤမြင်ကွင်းက သူတို့ကို ကြက်သေ သေသွားစေသည်။

“ဟားဟားဟား အရူးတွေ၊ မင်းတို့ သိအောင် ပြောလိုက်မယ်၊ ဒီသခင်ကြီးက မသေဘူးကွ၊ ငါက အသက် ရာချီပြီး နေနိုင်မှာကွ”

“ငါက ဝိုင်ကန်နဲ့ အသားတောထဲမှာ နေမယ်၊ မင်းတို့ကတော့ ငရဲမှာ မြည်တမ်းနေပေါ့ကွာ”

လျှိုကျန်းဟောင်သည် မောက်မာလွန်းသော စကားများကို ပြောလေသည်။ ထို့နောက် သူက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဒီအမှိုက်ကောင်တွေကို သတ်လိုက်စမ်း”

“အရှင် ယဲ့ဘုရင်က ငါတို့အတွက် သေချာပေါက် လက်စားချေလိမ့်မယ်၊ မင်း နတ်ဆိုးရဲ့ တရားစီရင်ခြင်းကို ရင်ဆိုင်ရမှာကွ”

ထိုလူများသည် အလွန် မုန်းတီးသော အကြည့်များဖြင့် လျှိုကျန်းဟောင်ကို စိုက်ကြည့်ကြသည်။ သူတို့ သေမည်ကို မကြောက်ပါ။ သူတို့မိသားစုနှင့် ညီအစ်ကိုများအတွက် လက်စားချေနိုင်ခြင်း မရှိအောင် အားနည်းလွန်းသည့် သူတို့ကိုယ်သူတို့ မုန်းတီးမိသည်။

“ယဲ့ဘုရင်လား၊ အဲ့မျိုးမစစ်ကောင်မှာ ငါ့ကို လက်စားချေရဲတဲ့ သတ္တိ ဘယ်လိုလုပ် ရှိမှာလဲ၊ အဲ့ဗွီဒီယိုကို ငါ တင်ထားတာ ကြာနေပြိ၊ သူသာ လာရဲရင် ရောက်နေလောက်ပြီပေါ့ကွ”

“အရူးတွေရာ ဝန်ခံလိုက်စမ်းပါ၊ မင်းတို့ သူ စွန့်ပစ်တာကို ခံလိုက်ရပြီ၊ သူက ငကြောက်ပဲ၊ သူ့ဒေါသကို မျိုချရုံပဲ တတ်နိုင်တာ၊ ဟားဟားဟား”

လျှိုကျားလွေ့ကလည်း ရယ်လေသည်။

“ယဲ့ဘုရင်က ဒေါသထွက်နေတော့ရော ဘာဖြစ်လဲ၊ ယဲ့ဘုရင် ဒေါသထွက်လွန်းလို့ နံရံကို ခေါင်းနဲ့တိုက်နေ လောက်ပြီလို့ ငါ ထင်တယ်၊ ဟားဟား”

“မင်းတို့တွေ အရှင် ယဲ့ဘုရင်ကို စော်ကားရဲတယ်ပေါ့လေ၊ မင်းတို့ သေသင့်တယ်ကွ”

အားလုံး ဒေါသထွက်နေပြီး အံကြိတ်လာကြသည်။ လျှိုကျန်းဟောင်နှင့် သူ့သားကို သူတို့ နုတ်နုတ်စင်း ချင်နေကြသည်။

“သူ့ကို‌ စော်ကားတယ် ဟုတ်လား၊ ငါတို့က သူ့ကို စော်ကားတယ်ဆိုတာထက်တောင် ပိုသေးတယ်၊ ငါတို့က သူ့ခေါင်းကို တက်နင်းပြီး ချေးပါချတာကွ”

လျှိုကျားလွေ့က ဂုဏ်ယူစွာ ရယ်မောနေ၏။ လျှိုကျန်းဟောင်က အေးစက်စွာ လှောင်ရယ်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။

“ငါ မင်းတို့ကို အမှန်အတိုင်း ပြောပြဦးမယ်၊ ငါ ဒီနေရာမှာ ထောင်ချောက် ဆင်ထားပြီးသား၊ ယဲ့ဘုရင် လာရဲရင် သေလိမ့်မယ်လို့ ငါ အာမခံတယ်”

သွေးသန့်စင်ခြင်းနိုင်ငံ တစ်ခုလုံးမှ မကောင်းဆိုးဝါးများသည် သွေးဝိညာဉ် တာအိုကျောင်းတော်ကို ကိုးကွယ်သူများ ဖြစ်သည်။ ယဲ့ဖန်က သူ့ကို ဤနိုင်ငံအတွင်း၌ သတ်ချင်လျင် အိပ်မက်ထဲမှာသာ ရပေလိမ့်မည်။

“သတင်းပို့ပါတယ်၊ မကောင်းတဲ့ကိစ္စကြီး ရှိလာလို့ပါ”

ရုတ်တရက် တံခါးအပြင်ဘက်မှ စိုးရိမ်တကြီး အော်ပြောသံ ထွက်ပေါ်လာပြီး အစေခံတစ်ယောက် ယိုင်ထိုး ယိုင်ထိုးဖြင့် ဝင်လာသည်။

လျှိုကျန်းဟောင် မျက်နှာ မည်းမှောင်သွားသည်။

“မင်း ဘာတွေလာအော်နေတာလဲ”

“ဘော့စ် ယဲ့ ယဲ့ ယဲ့ … ယဲ့ဘုရင် ဒီရောက်လာပြီ”

*ဘာ*

ထိုစကားသံ ထွက်လာသည်နှင့် ဘေးလူများအားလုံး ထိတ်လန့်သွားကြသည်။ လျှိုကျန်းဟောင်နှင့် လျှိုကျားလွေ့တို့ ရုတ်တရက် မျက်နှာပျက်သွားသည်။

*အဲ့လူ တကယ် ရောက်လာပြီပဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူ ရူးနေတာလား*

*ဒါ သွေးသန့်စင်ခြင်း နိုင်ငံလေ၊ ငါတို့ကို သူ ဒီနေရာမှာ သတ်နိုင်မယ်လို့ သူ ထင်နေတာလား*

*အိပ်မက်မက်နေတာပဲ*

“ဟားဟားဟား လျှိုကျန်းဟောင် ငါ ဘာပြောခဲ့လဲ၊ မင်း ဝဋ်ပြန်လည်တော့မယ်ကွ”

“ငါတို့ သေရတော့မှာက နှမြောစရာပဲ၊ မဟုတ်ရင် အရှင် ယဲ့ဘုရင် မင်းခေါင်းကို ဆွဲဖြုတ်မယ့် မြင်ကွင်းကို မြင်ရမှာပဲ”

“လျှိုကျန်းဟောင် လျှိုကျားလွေ့ ငါတို့ အရင်သွားနှင့်ပြီ၊ တမလွန်လမ်းမှာ မင်းတို့ကို စောင့်နေမယ်”

နတ်ဆိုးမျိုးနွယ်များသည် အားပါးတရ ရယ်မောကြပြီး သူတို့၏ စကားများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။

လျှိုကျန်းဟောင်၏ လက်များသည်လည်း တုန်ယင်နေသည်။ အပေါ်ယံ၌ သူ ယဲ့ဖန်ကို မကြောက်ဘူးဟု ပြောနေသော်လည်း တကယ်တမ်းတွင် နတ်ဆိုး၏ ရူးသွပ်မှုကို သူ မြင်ဖူးပြီး စိတ်ထဲ၌ ခြောက်လှန့်နေလေသည်။

“ဝဋ်လည်တယ် ဟုတ်လား၊ ငါတော့ သူ အသေခံဖို့ လာတယ်လို့ ထင်တာပဲ”

လျှိုကျားလွေ့က အေးစက်စွာ ပျက်ရယ်ပြုလိုက်သည်။

“ယဲ့ဘုရင်က တကယ်ကို အရူးပဲ၊ နိုင်ငံတစ်ခုလုံးကို သူ ယှဉ်နိုင်မယ်လို့ ကတယ် ထင်နေတာလား၊ သူ ဒီကို မရောက်ခင် လမ်းမှာတင် ဆိုးဆိုးရွားရွား သေသွားမှာ စိုးရတယ်”

လျှိုကျန်းဟောင်ကလည်း ပြုံးရယ်၍ ပြောလိုက်သည်။

“ယဲ့ဘုရင်က မင်းတို့ကို ကယ်နိုင်တယ်လို့ ယုံကြည်နေမှတော့ ယဲ့ဘုရင် ငါ့လက်ထဲမှာ ဘယ်လို သေမလဲ မင်းတို့ မြင်အောင် ပြရသေးတာပေါ့”

“ဝှစ်”

ရုတ်တရက် တစ်လောကလုံးကို ဖိနှိပ်နိုင်သည်ဟု ထင်မှတ်ရသော လူသုံးယောက် ပေါ်လာသည်။

“အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လား”

ဤမြင်ကွင်းက နတ်ဆိုးမျိုးနွယ်များကို စိတ်ဓာတ်ကျသွားစေသည်။

“တစ္ဆေဘုရင် တစ္ဆေအားလုံးကို စုပ်ယူပြီး အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်ရောက်ဖို့ ငရဲမှာ ကျင့်ကြံခဲ့တဲ့လူ၊ သံသရာစက်ဝန်းကို ချိုးဖျက်ပြီး‌ လောကထဲ ပြန်ရောက်လာတဲ့လူ”

“မောခူပူစာ၊ ဗုဒ္ဓလမ်းစဉ်ကို သိမြင်အောင် ကြိုးစားရင်း လမ်းလွဲပြီး မိစ္ဆာလမ်းစဉ်ထဲ ရောက်ခဲ့သူ၊ ဘုန်းတော်ကြီး သုံးသောင်းနဲ့ ဘာသာဝင်တွေကို သတ်ဖြတ်ပြီး ဗုဒ္ဓရဲ့ ရန်သူ ဖြစ်လာသူ”

“ယွိရွှယ်လုံချန် သွေးဝိညာဉ် တာအိုကျောင်းတော်က သွေးနတ်ဘုရားရဲ့ ညီငယ်၊ သူ့ခွန်အားက ကျောင်းတော် အရှင်သခင်နဲ့ တန်းတူနီးပါးပဲ”

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်တောင် ဒီမှာ ရှိနေပါလား*

*ပြီးတော့ အဲ့လူတွေကလည်း ရက်စက်ကြမ်းကြုတ်တဲ့ လူတွေ*

*အရှင် ယဲ့ဘုရင် ပိုက်ကွန်ထဲ တိုးဝင်လာသလို ဖြစ်မနေဘူးလား*

“ဟားဟားဟား အရူးတွေ မင်းတို့ မြင်ပြီလား၊ သူတို့သုံးယောက်လုံးက သွေးဝိညာဉ် တာအိုကျောင်းတော်က အင်မော်တယ် ဧကရာဇ်အဆင့်တွေ၊ ယဲ့ဖန်ကို သတ်ဖို့ ရောက်လာတာလေ၊ သူ သေပြီပဲ”

“ဒါ ဘယ်လိုဖြစ်ရတာလဲ …”

နတ်ဆိုးများအားလုံး၏ မျက်နှာတွင် ကြံရာမရဟန် ပေါ်လာသည်။ အစက ယဲ့ဖန်သည် သူတို့အားလုံး၏ မျှော်လင့်ချက် ဖြစ်ခဲ့သည်။ သို့သော် ယခုမြင်ကွင်းက သူတို့ကို ဆောက်တည်ရာမရ ဖြစ်စေလေသည်။

သူတို့စိတ်ထဲတွင် ယဲ့ဘုရင် မည်မျှ သန်မာပါစေ၊ သူက တစ်ယောက်တည်းသာ ဖြစ်သည်။ တစ်ဖက်လူက သွေးဝိညာဉ် တာအိုကျောင်းတော်မှ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက် ဖြစ်နေ၏။

ထို့အပြင် ကြမ်းကြုတ်သော မကောင်းဆိုးဝါးက တစ်သန်းမျှ ရှိနေသေးသည်။ ယဲ့ဖန်တွင် ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိမည်နည်း။

လက်ရှိတွင် သူတို့ ယဲ့ဖန်ကို ဤသို့ မလာစေချင်ပါ။ ဤသည်က ကိုယ့်ကိုယ်ကိုယ် အရှုံးခံသလို ဖြစ်နေ၏။

“ယဲ့ဘုရင်က ငါ့ကို သတ်လိမ့်မယ်လို့ မင်းတို့ ပြောနေတာ မဟုတ်ဘူးလား၊ မင်းတို့ ယုံကြည်ချက်တွေ ဘာဖြစ်သွားတာလဲ၊ ဘာလို့ မရယ်တော့တာလဲ”

လျှိုကျန်းဟောင် ရယ်မောနေပြီး မျက်နှာတွင် ဂုဏ်ယူဟန်အပြည့်နှင့် ဖြစ်နေသည်။ နတ်ဆိုးများအားလုံး အံကြိတ်ထားသောကြောင့် သွားများ ကြေမွလုနီးပါး ဖြစ်လာသည်။ သူတို့၏ အမုန်းတရားက မိုးအထိ တိုးမြင့်နေ၏။

လျှိုကျန်းဟောင် အေးစက်စွာ ခနဲ့လိုက်ပြီးနောက် သူတို့ကို မကြည့်တော့ဘဲ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်ကို လှည့်၍ ဦးညွှတ် အရိုအသေ ပေးလေသည်။

“စီနီယာတို့ သုံးယောက်ကို ယဲ့ဖန်ကို သတ်ပေးဖို့ တောင်းဆိုပါတယ်”

ထိုစကားကိုကြားသောအခါ နတ်ဆိုးများ ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး မျက်နှာတွင် ဝမ်းနည်းရိပ်များ သန်းလာသည်။ ယဲ့ဘုရင်၏ ကံကြမ္မာကို သူတို့ ကြိုမြင်နေသည့်ပုံပင်။

“တစ်ဖက်လူက တစ်ယောက်တည်းကို ငါတို့သုံးယောက်ကို ပြိုင်တူ တိုက်ဖို့ ပြောနေတာလား၊ ကြက်ကို နွားသိုးနဲ့ တိုက်ခိုင်းသလိုပဲ၊ သွေးသန့်စင်ခြင်းနိုင်ငံက မကောင်းဆိုးဝါးတွေကို အရင် တိုက်ခိုင်းလိုက်”

ယွိရွှယ်လုံချန်က အထင်သေးသော မျက်နှာနှင့် ပြောလာသည်။

“မကောင်းဆိုးဝါးတွေကို အရင် တိုက်ခိုင်းမယ်ဟုတ်လား၊ ဒါပေမဲ့ ယဲ့ဘုရင်က အင်မော်တယ် ဧကရာဇ်အဆင့်လေ၊ သူတို့ကို တိုက်ခိုင်းရင် သူတို့ပဲ အထိနာမှာ မဟုတ်ဘူးလား”

လျှိုကျန်းဟောင် တအံ့တဩ ပြောလိုက်သည်။

“အထိနာတော့ရော ငါတို့နဲ့ ဘာဆိုင်လို့လဲ”

ယွိရွှယ်လုံချန်က ခံစားချက် ကင်းမဲ့နေဆဲပင်။

“အာ”

လျှိုကျန်းဟောင် ကြက်သေ သေသွားပြီး ပြန်ပြောလိုက်သည်။

“သူတို့က ခင်ဗျားတို့ရဲ့ နောက်လိုက်တွေ မဟုတ်ဘူးလား”

“နောက်လိုက် ဟုတ်လား”

ယွိရွှယ်လုံချန်တို့ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လုံးက ကျယ်လောင်စွာ ရယ်မောလေသည်။

“နောက်လိုက်ဖြစ်တော့ရော ဘာဖြစ်လဲ၊ ပုရွက်ဆိတ်တစ်သိုက်ပဲ မဟုတ်ဘူးလား၊ သူတို့က ငါတို့အတွက် အသေခံချင်နေမှတော့ ငါတို့က အဲ့ဆန္ဒကို မဖြည့်ဆည်းပေးဘဲ နေနိုင်ပါမလား”

ထိုစကားကိုကြားသော် လျှိုကျန်းဟောင် ကြက်သီးထသွားသည်။ သူက ယုတ်မာသောလူမှန်း သိသော်လည်း သူ့အရှေ့မှ သုံးယောက်နှင့် ယှဉ်လိုက်လျင် သူက ဘာမှမဟုတ်တော့ချေ။

သူတို့သုံးယောက်က ယဲ့ဖန်ကို ရှင်းနိုင်မှန်း သိသာသော်လည်း သူတို့က နောက်လိုက်များကို သေတွင်းထဲ တွန်းပို့နေသေးသည်။ ရက်စက်လွန်းလှသည်။

“ကျွန်တော် သွားမယ်”

ရုတ်တရက် အသံတစ်သံ ထွက်လာ၏။

All Chapters